Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
元亨寺·CBETA
中文
法护-Dhammapāla
中文
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[33] 3. Sammodamānajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**သမ္မောဒမာနာ**တိ ဣဒံ၊ သမ္မောဒမာနာ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ကပိလဝတ္ထုံ ဥပနိဿာယ၊ ဘုရားရှင်သည် ကပိလဝတ်မြို့ကို အမှီပြု၍။ နိဂြောဓာရာမေ ဝိဟရန္တော၊ နိဂြောဓာရုံကျောင်းတော်၌ နေတော်မူစဉ်။ စုမ္ဗဋကကလဟံ အာရဗ္ဘ ကထေသိ၊ ခေါင်းခုအကြောင်းပြုဖြစ်သော ရန်ပွဲကို အကြောင်းပြု၍ ဟောတော်မူပြီ။
သော ကုဏာလဇာတကေ၊ ထိုရန်ပွဲသည် ကုဏာလဇာတ်၌။ အာဝိ ဘဝိဿတိ၊ ထင်စွာ ဖြစ်လတ္တံ့။
တဒါ ပန သတ္ထာ၊ ထိုအခါ၌ကား ဘုရားရှင်သည်။ ဉာတကေ အာမန္တေတွာ၊ ဆွေတော်မျိုးတော်တို့ကို သိစေတော်မူပြီး၍။ "မဟာရာဇာ ဉာတကာနံ၊ အိုမင်းမြတ်တို့ ဆွေမျိုးတို့၏။ အညမညံ ဝိဂ္ဂဟော နာမ န ယုတ္တော၊ အချင်းချင်း အယူကွဲပြား စကားများခြင်းမည်သည် မသင့်။ ဟိ တိရစ္ဆာနဂတာပိ၊ မှန်လှ၏ တိရိစ္ဆာန်တို့သည်သော်မှလည်း။ ပုဗ္ဗေ သမဂ္ဂကာလေ၊ ရှေးက ညီညွတ်ကြသောအခါ၌။ ပစ္စာမိတ္တေ အဘိဘဝိတွာ၊ ရန်သူတို့ကို လွှမ်းမိုးအနိုင်ယူ၍။ သောတ္ထိံ ပတ္တာ၊ ချမ်းသာခြင်းသို့ ရောက်ကုန်ပြီ။ ယဒါ ဝိဝါဒံ အာပန္နာ၊ အကြင်အခါ ငြင်းခုံခြင်းသို့ ရောက်ကြပြီ။ တဒါ မဟာဝိနာသံ၊ ထိုအခါ ကြီးစွာသောပျက်စီးခြင်းသို့။ ပတ္တာတိ ဝတွာ၊ ရောက်ကြရပြီ"ဟု မိန့်တော်မူသော်။ ဉာတိရာဇကုလေဟိ အာယာစိတော၊ ဆွေတော်မျိုးတော် မင်းမျိုးတို့သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဝဋ္ဋကယောနိယံ နိဗ္ဗတ္တိတွာ၊ ငုံးမျိုး၌ ဖြစ်၍။ အနေကဝဋ္ဋကသဟဿ ပရိဝါရော၊ ငုံးထောင်ပေါင်းများစွာအခြံအရံရှိသည် ဖြစ်၍။ အရညေ ပဋိဝသတိ၊ တော၌ နေ၏။
တဒါ ဧကော ဝဋ္ဋကလုဒ္ဒကော၊ ထိုအခါ တစ်ဦးသော ငုံးမုဆိုးသည်။ တေသံ ဝသနဋ္ဌာနံ ဂန္တွာ၊ ထိုငုံးတို့၏ နေရာဌာနသို့ သွား၍။ ဝဋ္ဋကဝဿိတံ ကတွာ၊ ငုံးတွန်သံကို ပြု၍။ တေသံ သန္နိပတိတဘာဝံ ဉ တွာ၊ ထိုငုံးတို့၏ စုမိကြောင်းကို သိ၍။ တေသံ ဥပရိ၊ ထိုငုံးတို့၏ အထက်၌။ ဇာလံ ခိပိတွာ၊ ပိုက်ကို ပစ်ချ၍။ ပရိယန္တေသု မဒ္ဒန္တော၊ ပိုက်အဖျားတို့၌ နင်းလျက်။ သဗ္ဗေ ဧကတော ကတွာ၊ ငုံးအားလုံးတို့ကို တပေါင်းတည်း ပြု၍။ ပစ္ဆိံ ပူရေတွာ၊ တောင်းကို ပြည့်စေ၍။ ဃရံ ဂန္တွာ၊ အိမ်သို့ သွား၍။ တေ ဝိက္ကိဏိတွာ၊ ထိုငုံးတို့ကို ရောင်း၍။ တေန မူလေန၊ ထို‌ရောင်းရသော အဖိုးဖြင့်။ ဇီဝိကံ ကပ္ပေတိ၊ အသက်မွေးမှုကို ပြု၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ဗောဓိသတ္တော တေ ဝဋ္ဋကေ၊ ဘုရားလောင်းသည် ထိုငုံးတို့ကို။
"အယံ သာကုဏိကော၊ ဤငုံးမုဆိုးသည်။ အမှာကံ ဉာတကေ၊ ငါတို့၏ ဆွေမျိုးငုံးတို့ကို။ ဝိနာသံ ပါပေတိ၊ ပျက်စီးခြင်းသို့ ရောက်စေ၏။ အဟံ ဧကံ ဥပါယံ ဇာနာမိ၊ ငါသည် တစ်ခုသော လွတ်ကြောင်းနည်းလမ်းကို သိ၏။ ယေန ဧသော၊ ယင်းနည်းလမ်းကြောင့် ဤမုဆိုးသည်။ အမှေ ဂဏှိတုံ န သက္ခိဿတိ၊ ငါတို့ကို ဖမ်းယူခြင်းငှာ မစွမ်းနိုင်လတ္တံ့။ ဣဒါနိ ဣတော ပဋ္ဌာယ၊ ယခု ဤနေ့မှ စ၍။ တုမှာကံ ဥပရိ၊ သင်တို့၏ အထက်၌။ ဧတေန ဇာလေ ခိတ္တမတ္တေ၊ ဤမုဆိုးသည် ပိုက်ကို ပစ်ချအပ်ကာမျှ၌။ ဧကေကော၊ တစ်ကောင်တစ်ကောင်သော ငုံးသည်။ ဧကေကသ္မိံ ဇာလက္ခိကေ၊ တစ်‌ပေါက် တစ်ပေါက်သော ပိုက်ပေါက်၌။ သီသံ ဌပေတွာ၊ ခေါင်းကို ထား၍။ ဇာလံ ဥက္ခိပိတွာ၊ ပိုက်ကို ချီ,မ၍။ ဣစ္ဆိတဋ္ဌာနံ ဟရိတွာ၊ လိုရာအရပ်သို့ ဆောင်ယူ၍။ ဧကသ္မိံ ကဏ္ဋကဂုမ္ဗေ ပက္ခိပထ၊ တစ်ခုသော ဆူးခြုံ၌ ပစ်ချကြလော့။ ဧဝံ သန္တေ ဟေဋ္ဌာ၊ ဤသို့ ပစ်ချပြီးသည် ဖြစ်သော် အောက်၌။ တေန တေန ဌာနေန၊ ထိုထိုဌာနဖြင့်။ ပလာယိဿာမာတိ အာဟ၊ ပြေးကြအံ့"ဟု ပြောပြီ။
တေ သဗ္ဗေ၊ ထိုငုံးအားလုံးတို့သည်။ သာဓူတိ ပဋိဿုဏိံသု၊ ကောင်းပြီဟု ဝန်ခံကြပြီ။
ဒုတိယဒိဝသေ၊ ဒုတိယနေ့၌။ ဥပရိ ဇာလေ ခိတ္တေ၊ အထက်၌ ပိုက်ကို ပစ်ချအပ်သော်။ ဗောဓိသတ္တေန ဝုတ္တနယေနေဝ၊ ဘုရားလောင်းသည် ပြောအပ်သော နည်းဖြင့်ပင်။ တေ ဇာလံ ဥက္ခိပိတွာ၊ ထိုငုံးတို့သည် ပိုက်ကို ချီမ၍။ ဧကသ္မိံ ကဏ္ဋကဂုမ္ဗေ ခိပိတွာ၊ တစ်ခုသော ဆူးခြုံ၌ ပစ်ချ၍။ သယံ ဟေဋ္ဌာဘာဂေန၊ မိမိတို့သည် ဆူးခြုံအောက်အဖို့ဖြင့်။ တတော တတော ပလာယိံသု၊ ထိုထိုနေရာမှ ထွက်ပြေးကုန်ပြီ။
ဂုမ္ဗတော ဇာလံ၊ ဆူးခြုံမှ ပိုက်ကို။ မောစေန္တဿေဝ၊ ဖြေနေစဉ်ပင်။ သာကုဏိကဿ ဝိကာလော ဇာတော၊ ငှက်မုဆိုးအတွက် အခါမဲ့သည် ဖြစ်ပြီ။ သော တုစ္ဆဟတ္ထောဝ အဂမာသိ၊ ထိုငုံးမုဆိုးသည် အချည်းနှီးသောလက်ရှိ၍သာ (လက်ချည်းသာ) အိမ်ပြန်သွားရပြီ။
ပုနဒိဝသတော ပဋ္ဌာယပိ၊ နောက်နေ့မှ စ၍လည်း။ ဝဋ္ဋကာ တထေဝ ကရောန္တိ၊ ငုံးတို့သည် ထို့အတူသာ ပြုကုန်၏။
သောပိ ယာဝ သူရိယတ္ထင်္ဂမာ၊ ထိုငှက်မုဆိုးသည်လည်း နေဝင်သည်တိုင်အောင်။ ဇာလမေဝ မောစေန္တော၊ ပိုက်ကိုသာ ဖြုတ်နေရလျက်။ ကိဉ္စိ အလဘိတွာ၊ တစ်စုံတစ်ခုကိုမျှ မရဘဲ။ တုစ္ဆဟတ္ထောဝ ဂေဟံ ဂစ္ဆတိ၊ လက်ချည်းသာ အိမ်သို့ ပြန်သွားရ၏။
အထ အဿ ဘရိယာ ကုဇ္ဈိတွာ၊ ထိုအခါ ထိုမုဆိုးမ၏ မယားသည် စိတ်ဆိုး၍။ "တွံ ဒိဝသေ ဒိဝသေ၊ ရှင်သည် နေ့တိုင်း နေ့တိုင်း။ တုစ္ဆဟတ္ထော အာဂစ္ဆသိ၊ လက်ချည်းဖြစ်၍ ပြန်လာ၏။ တေ အညမ္ပိ၊ ရှင့်မှာ ကျွန်မမှအခြားလည်းဖြစ်သော။ ဗဟိ ပေါသိတဗ္ဗဋ္ဌာနံ၊ ပြင်ပကျွေးမွေးဖို့နေရာသည်။ အတ္ထိမညေတိ အာဟ၊ ရှိသည် ထင်၏"ဟု ပြောပြီ။
သာကုဏိကော၊ ငှက်မုဆိုးသည်။ "ဘဒ္ဒေ မမ အညံ၊ အိုရှင်မ ငါ့မှာ ရှင်မမှ အခြားသော။ ပေါသိတဗ္ဗဋ္ဌာနံ နတ္ထိ၊ ကျွေးမွေးဖို့နေရာသည် မရှိပါ။ အပိ စ ခေါ ပန တေ ဝဋ္ဋကာ၊ သို့သော်လည်း စင်စစ် ထိုငုံးတို့သည်။ သမဂ္ဂါ ဟုတွာ စရန္တိ၊ ညီညွတ်ကြသည် ဖြစ်၍ ကျင့်ကုန်၏။ မယာ ခိတ္တမတ္တေ၊ ငါသည် ပစ်အပ်ကာမျှ၌။ ဇာလံ အာဒါယ၊ ပိုက်ကို ချီယူ၍။ ကဏ္ဋကဂုမ္ဗေ ခိပိတွာ ဂစ္ဆန္တိ၊ ဆူးခြုံ၌ ပစ်ချ၍သွားကုန်၏။ ဧတေ သဗ္ဗကာလမေဝ၊ ထိုငုံးတို့သည် အခါခပ်သိမ်းပင်။ သမ္မောဒမာနာ န ခေါ ပန ဝိဟရိဿန္တိ၊ ညီညွတ်ဝမ်းမြောက်ကြလျက် မနေကြလတ္တံ့။ တွံ မာ စိန္တယိ၊ ရှင်မသည် တွေးပူမနေလင့်။ ယဒါ တေ၊ အကြင်အခါ ထိုငုံးတို့သည်။ ဝိဝါဒံ အာပဇ္ဇိဿန္တိ၊ ငြင်းခုံခြင်းသို့ ရောက်ကြလတ္တံ့။ တဒါ တေ သဗ္ဗေဝ အာဒါယ၊ ထိုအခါ ထိုငုံးအားလုံးတို့ကိုပင် ဖမ်းယူ၍။ တဝ မုခံ ဟာသယမာနော၊ ရှင်မ၏ မျက်နှာကို ရွှင်ပျစေလျက်။ အာဂစ္ဆိဿာမီတိ ဝတွာ ဘရိယာယ၊ လာအံ့"ဟု ပြော၍ မယားအား။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား--
၃၃။ ပက္ခိနော သမ္မောဒမာနာ၊ ငုံးတို့သည် ညီညွတ်ဝမ်းမြောက်ကြလျက်။ ဇာလံ အာဒါယ ဂစ္ဆန္တိ၊ ပိုက်ကို ချီယူကြ၍ သွားကုန်၏။
ယဒါ တေ ဝိဝဒိဿန္တိ၊ အကြင်အခါ ထိုငုံးတို့သည် ငြင်းခုံကြလတ္တံ့။ တဒါ မေ ဝသံ ဧဟိန္တိ၊ ငြင်းခုံကြရာ ထိုအခါ၌ ငါမုဆိုး၏ အလိုအကြိုက်သို့ ရောက်ကုန်လတ္တံ့။
တတ္ထ **ယဒါ တေ ဝိဝဒိဿန္တီ**တိ၊ ထိုဂါထာ၌ ယဒါ တေ ဝိဝဒိဿန္တိ ဟူသည်ကား။ ယသ္မိံ ကာလေ တေ ဝဋ္ဋကာ၊ အကြင်အခါ၌ ထိုငုံးတို့သည်။ နာနာလဒ္ဓိကာ နာနာဂါဟာ ဟုတွာ၊ အမျိုးမျိုးသော ဝါဒရှိကုန်သည် အမျိုးမျိုးသော အယူရှိကုန်သည် ဖြစ်၍။ ဝိဝဒိဿန္တိ၊ ငြင်းခုံကြလတ္တံ့။ ကလဟံ ကရိဿန္တိ၊ ငြင်းခုံခြင်းကို ပြုကြလတ္တံ့။ ဣတိ အတ္ထော၊ ဤကား ယဒါ တေ ဝိဝဒိဿန္တိ၏ အနက်တည်း။
**တဒါ ဧဟိန္တိ မေ ဝသန္တိ**၊ တဒါ ဧဟိန္တိ မေ ဝသံ ဟူသည်ကား။ တသ္မိံ ကာလေ သဗ္ဗေပိ တေ၊ ငြင်းခုံကြရာ ထိုအခါ၌ အလုံးစုံလည်းဖြစ်ကုန်သော ထိုငုံးတို့သည်။ မမ ဝသံ အာဂစ္ဆိဿန္တိ၊ ငါမုဆိုး၏ အလိုအကြိုက်သို့ ရောက်ကြလတ္တံ့။
အထ အဟံ၊ ထိုအခါ ငါသည်။ တေ ဂဟေတွာ၊ ထိုငုံးတို့ကို ဖမ်းယူ၍။ တဝ မုခံ ဟာသေတွာ၊ ရှင်မ၏ မျက်နှာကို ရွှင်ပျစေ၍။ အာဂစ္ဆိဿာမီတိ၊ လာပါအံ့ဟု။ ဘရိယံ သမဿာသေသိ၊ မယားကို နှစ်သိမ့်ပြီ။
ကတိပါဟဿေဝ အစ္စယေန ပန၊ နှစ်ရက်သုံးရက်ကိုသာ လွန်ရာအခါ၌ကား။ ဧကော ဝဋ္ဋကော၊ တစ်ကောင်သော ငုံးသည်။ ဂေါစရဘူမိံ ဩတရန္တော၊ စားကျက်မြေပေါ်သို့ သက်ဆင်းသော်။ အသလ္လက္ခေတွာ၊ မမှတ်မိ၍။ အညဿ သီသံ အက္ကမိ၊ အခြားငုံး၏ ခေါင်းကို နင်းမိပြီ။ ဣတရော၊ ဤနင်းမိသော ငုံးမှ အခြားအနင်းခံရသာ ငုံးသည် (သည့်ပြင်ငုံးသည်)။ "ကော မံ၊ ဘယ်သူသည် ငါ့ကို။ သီသေ အက္ကမီတိ ကုဇ္ဈိံ၊ ခေါင်း၌ နင်းသနည်း"ဟု စိတ်ဆိုးပြီ။
"အဟံ အသလ္လက္ခေတွာ၊ ငါသည် မမှတ်မိ၍။ အက္ကမိံ၊ နင်းမိပြီ။ မာ ကုဇ္ဈီတိ၊ စိတ်မဆိုးပါလင့်"ဟု။ ဝုတ္တေပိ ကုဇ္ဈိယေဝ၊ ပြောဆိုတောင်းပန်အပ်သော်လည်း စိတ်ဆိုးသည်သာ။
တေ ပုနပ္ပုနံ ကထေန္တာ၊ ထိုငုံးနှစ်ကောင်တို့သည် အဖန်ဖန် ပြောကြသော်။ "တွမေဝ ဇာလံ၊ သင်သည်သာ ပိုက်ကို။ ဥက္ခိပသီ မညေတိ၊ ချီမ၏ဟု ထင်နေ၏ဟု။ အညမညံ ဝိဝါဒံ ကရိံသု၊ အချင်းချင်း ငြင်းခုံမှုကို ပြုကြပြီ။
တေသု ဝိဝဒန္တေသု၊ ထိုငုံးနှစ်ကောင်တို့သည် ငြင်းခုံကြသော်။ ဗောဓိသတ္တော၊ ဘုရားအလောင်းငုံးသည်။ ဝိဝါဒကေ သောတ္ထိဘာဝေါ နာမ နတ္ထိ၊ ငြင်းခုံတတ်သူ၌ ချမ်းသာသည့်အဖြစ်မည်သည် မရှိ။ ဣဒါနေဝ တေ၊ ယခုပင် ထိုငြင်းခုံသော ငုံးတို့သည်။ ဇာလံ န ဥက္ခိပိဿန္တိ၊ ပိုက်ကို မချီကြလတ္တံ့။ တတော၊ ထိုသို့ ပိုက်ကို မချီခြင်းကြောင့်။ မဟန္တံ ဝိနာသံ ပါပုဏိဿန္တိ၊ ကြီးစွာသော ပျက်စီးခြင်းသို့ ‌ရောက်ကြလတ္တံ့။ သာကုဏိကော ဩကာသံ လဘိဿတိ၊ ငုံးမုဆိုးသည် ဖမ်းယူခွင့်ကို ရလတ္တံ့။ မယာ ဣမသ္မိံ ဌာနေ၊ ငါသည် ဤနေရာ၌။ ဝသိတုံ န သက္ကာတိ စိန္တေသိ၊ နေခြင်းငှာ မတတ်ကောင်း မသင့်"ဟု ကြံပြီ။
သော အတ္တနော ပရိသံ အာဒါယ၊ ထိုဘုရားလောင်းငုံးသည် မိမိ၏ ပရိသတ်ကို ယူ၍။ အညတ္ထ ဂတော၊ အခြားနေရာသို့ သွားပြီ။
သာကုဏိကောပိ ကတိပါဟစ္စယေန အာဂန္တွာ၊ ငုံးမုဆိုးသည်လည်း နှစ်ရက်သုံးရက်ကျော်သဖြင့် လာ၍။ ဝဋ္ဋကဝဿိတံ ဝဿိတွာ၊ ငုံးတွန်သံကို တွန်၍။ သန္နိပတိတာနံ တေသံ ဥပရိ၊ စုဝေးမိကုန်သော ထိုငုံးတို့၏ အထက်၌။ ဇာလံ ခိပိ၊ ပိုက်ကို ပစ်ပြီ။
အထ ဧကော ဝဋ္ဋကော၊ ထိုအခါ တစ်ကောင်သော ငုံးသည်။ "ဇာလံ ဥက္ခိပန္တဿေဝ တုယှံ၊ ပိုက်ကို မ,ချီဆဲသာဖြစ်သော သင်၏။ မတ္ထကေ လောမာနိ ပတိတာနိ ကိရ၊ ခေါင်း၌ အမွေးတို့သည် ကျွတ်ကျကုန်သတဲ့။ ဣဒါနိ ဥက္ခိပါတိ အာဟ၊ ယခု ချီလော့"ဟု ပြောပြီ။
အပရော၊ အခြားငုံးသည်။ "ဇာလံ ဥက္ခိပန္တဿေဝ တုယှံ၊ ပိုက်ကို ချီဆဲသာ ဖြစ်သော သင်၏။ ဒွီသု ပက္ခေသု၊ နှစ်ဖက်ကုန်သော တောင်ပံတို့၌။ ပတ္တာနိ ပတိတာနိ ကိရ၊ အတောင်တို့သည် ကျွတ်ကုန်သတဲ့။ ဣဒါနိ ဥက္ခိပါတိ အာဟ၊ ယခု ချီလော့"ဟု ပြောပြီ။
ဣတိ တေသံ၊ ဤသို့ ထိုငုံးတို့သည်။ "တွံ ဥက္ခိပ တွံ ဥက္ခိပါတိ၊ သင်သည် ချီလော့, သင်သည် ချီလော့"ဟု။ ဝဒန္တာနညေဝ၊ ပြောနေကြစဉ်ပင်။ သာကုဏိကော ဇာလံ ဥက္ခိပိတွာ၊ ငုံးမုဆိုးသည် ပိုက်ကို ချီ၍။ သဗ္ဗေဝ တေ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော ထိုငုံးတို့ကို။ ဧကတော ကတွာ၊ တပေါင်းတည်း ပြု၍။ ပစ္ဆိံ ပူရေတွာ၊ တောင်းကို ပြည့်စေ၍။ ဘရိယံ ဟာသယမာနော၊ မယားကို ရွှင်စေလျက်။ ဂေဟံ အဂမာသိ၊ အိမ်သို့ ပြန်သွားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "မဟာရာဇာ ဧဝံ၊ အိုမင်းမြတ်တို့ ဤသို့လျှင်။ ဉာတကာနံ ကလဟော နာမ န ယုတ္တော၊ ဆွေမျိုးတို့၏ ငြင်းခုံခိုက်ရန် ဖြစ်ခြင်းမည်သည် မသင့်လျော်။ ကလဟော ဝိနာသမူလမေဝ ဟောတီတိ၊ ငြင်းခုံခိုက်ရန်ဖြစ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းရင်းသည်သာ ဖြစ်၏"ဟု မိန့်တော်မူ၍။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
တဒါ အပဏ္ဍိတဝဋ္ဋကော၊ ထိုအခါက ပညာမဲ့ငုံးသည်။ ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။ ပဏ္ဍိတဝဋ္ဋကော ပန အဟမေဝ အဟောသိန္တိ၊ ပညာရှိငုံးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**သမ္မောဒမာနဇာတကဝဏ္ဏနာ တတိယာ**၊ **သုံးခုမြောက် ဖြစ်သော သမ္မောဒမာနဇာတ်အဖွင့်တည်း။**