**အပိ ပဿေန သေမာနော**တိ ဣဒံ၊ အပိ ပဿေန သေမာနော စသော ဤတရားဒေသနာကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဩဿဋ္ဌဝီရိယံ ဘိက္ခုံ၊ စွန့်လွှတ်အပ်ပြီးသော ဝီရိယရှိသော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တသ္မိံ သမယေ သတ္ထာ၊ မှန်၏ ထိုအခါ၌ ဘုရားရှင်သည်။
တံ ဘိက္ခုံ အာမန္တေတွာ၊ ထိုရဟန်းကို ခေါ်တော်မူ၍။
"ဘိက္ခု ပုဗ္ဗေ ပဏ္ဍိတာ၊ ရဟန်း ရှေးကပညာရှိတို့သည်။
အနာယတနေပိ ဝီရိယံ အကံသု၊ မရပ်တည်နိုင်သော အခြေအနေ၌သော်မှလည်း ဝီရိယကို ပြုကြကုန်ပြီ။
ပဟာရံ လဒ္ဓါပိ၊ ထိခိုက်ဒဏ်ရာကို သေလုနီးရ၍သော်မှလည်း။
နေဝ ဩဿဇိံသူတိ ဝတွာ၊ ဝီရိယမစွန့်ကြပြီဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော ဘောဇာဇာနီယသိန္ဓဝကုလေ နိဗ္ဗတ္တော၊ ဘုရားလောင်းသည် ဘောဇမည်သောအာဇာနည် သိန္ဓောမြင်းမျိုး၌ ဖြစ်၍။
ဗာရာဏသိရညော၊ ဗာရာဏသီမင်း၏။
သဗ္ဗာလင်္ကာရသမ္ပန္နော မင်္ဂလဿော အဟောသိ၊ အဆင်းတန်ဆာအားလုံး ပြည့်စုံသော မင်္ဂလာမြင်းတော်သည် ဖြစ်ပြီ။
သော သတသဟဿဂ္ဃနိကာယ သုဝဏ္ဏပါတိယံ ယေဝ၊ ထိုဘုရားလောင်း ဘောဇာဇာနီယသိန္ဓောမြင်းသည် အဖိုးတစ်သိန်းထိုက်သော ရွှေခွက်၌သာ။
နာနဂ္ဂရသသမ္ပန္နံ၊ အမျိုးမျိုးမြတ်သော အရသာနှင့် ပြည့်စုံသော။
တိဝဿိကဂန္ဓသာလိဘောဇနံ ဘုဉ္ဇတိ၊ သုံးနှစ်တိုင် နံ့သာထုံအပ်သော သလေးဆန်ဘောဇဉ်ကို စားရ၏။
စာတုဇ္ဇာတိကဂန္ဓူပလိတ္တာယမေဝ ဘူမိယံ တိဋ္ဌတိ၊ ကုင်္ကုမံ, လေးညှင်း, တောင်ဇလပ်, ကမျဉ်း, နံ့သာလေးမျိုး လိမ်းကျံအပ်သည်သာဖြစ်သော မြေ၌ တည်နေရ၏။
တံ ဌာနံ ရတ္တကမ္ဗလသာဏိပရိက္ခိတ္တံ၊ ထိုဘောဇာဇာနီယသိန္ဓောမြင်းနေသော နေရာသည် ကမ္ဗလာနီတင်းတိမ် ကာရံအပ်သည်။
ဥပရိ သုဝဏ္ဏတာရကခစိတစေလဝိတာနံ၊ အထက်၌ ရွှေကြယ်စီခြယ်အပ်သော မျက်နှာကြက်ရှိသည်။
သမောသရိတဂန္ဓဒါမမာလာဒါမံ၊ စုဝေးသော နံံသာဆိုင်း, ပန်းဆိုင်းရှိသည်။
အဝိဇဟိတဂန္ဓတေလပဒီပံ ဟောတိ၊ မစွန့်လွှတ်အပ်သောနံံ့သာဆီးမီးရှိသည် ဖြစ်၏။
ပန ဗာရာဏသိရဇ္ဇံ အပတ္ထေန္တာ၊ ဆက်ပြောရသော် ဗာရာဏသီမင်းအဖြစ်ကို မတောင့်တကုန်သော။
ရာဇာနော နာမ နတ္ထိ၊ မင်းတို့မည်သည် မရှိကုန်။
ဧကံ သမယံ သတ္တရာဇာနော၊ အခါတစ်ပါး၌ ခုနစ်ပြည်ထောင်မင်းတို့သည်။
ဗာရာဏသိံ ပရိက္ခိပိတွာ၊ ဗာရာဏသီမြို့ကို ဝိုင်းရံ၍။
"အမှာကံ ရဇ္ဇံ ဝါ၊ ငါတို့အား မင်းအဖြစ်ကိုသော်လည်းကောင်း။
ယုဒ္ဓံ ဝါ ဒေတု ဣတိ၊ စစ်တိုက်ခြင်းကိုသော်လည်းကောင်း ပေးလော့"ဟု။
ဗာရာဏသိရညော ပဏ္ဏံ ပေသေသုံ၊ ဗာရာဏသီမင်းအား သဝဏ်လွှာကို ပို့စေကုန်ပြီ။
ရာဇာ အမစ္စေ သန္နိပါတေတွာ၊ ဗြဟ္မဒတ်မင်းသည် အမတ်တို့ကို ကောင်းစွာစည်ဝေးစေ၍။
တံ ပဝတ္တိံ အာစိက္ခိတွာ၊ ထိုအကြောင်းကို ပြောကြား၍။
"ဣဒါနိ ကိံ၊ ယခု ဘယ်လို။
ကရောမ တာတာတိ ပုစ္ဆိ၊ ငါတို့လုပ်ကြမည်လဲ ချစ်သားတို့"ဟု မေးပြီ။
ဒေဝ တုမှေဟိ၊ အရှင်မင်းကြီး အရှင်မင်းကြီးတို့သည်။
အာဒိတောဝ ယုဒ္ဓါယ၊ အစကပင် စစ်တိုက်ခြင်းငှာ။
တာဝ န ဂန္တဗ္ဗံ၊ ဦးဦးဖျားဖျား မသွားသင့်ပါ။
အသုကံ နာမ အဿာရောဟံ ပေသေတွာ၊ ထိုမည်သော မြင်းစီးသူရဲကို စေလွှတ်၍။
ယုဒ္ဓံ ကာရေထ၊ တိုက်ခိုက်မှုကို ပြုခိုင်းတော်မူပါကုန်။
တသ္မိံ အသက္ကောန္တေ၊ ထိုမြင်းစီးသူရဲသည် မစွမ်းနိုင်သော်။
ပစ္ဆာ ဇာနိဿာမာတိ၊ နောက်၌ သိကြပါအံ့ဟု လျှောက်ကုန်ပြီ။
ရာဇာ တံ ပက္ကောသာပေတွာ၊ ဗြဟ္မဒတ်မင်းသည် ထိုမြင်းစီးသူရဲကို အခေါ်ခိုင်း၍။
"တာတ သတ္တဟိ ရာဇူဟိ သဒ္ဓိံ၊ ချစ်သား ခုနစ်ပြည်ထောင်မင်းတို့နှင့် ရင်ဆိုင်အတူ။
ယုဒ္ဓံ ကာတုံ၊ စစ်တိုက်မှုကို ပြုခြင်းငှာ။
သက္ခိဿသီတိ၊ စွမ်းနိုင်အံ့လော"ဟုမေးပြီ။
ဒေဝ သစေ၊ အရှင်မင်းကြီး အကယ်၍။
ဘောဇာဇာနီယသိန္ဓဝံ လဘာမိ၊ ဘောဇာဇာနီယသိန္ဓောမြင်းကို စီးခွင့်ရအံ့။
သတ္တ ရာဇာနော တိဋ္ဌန္တု၊ ခုနစ်ပြည်ထောင်မင်းတို့သည် ရှိကြစေဦးတော့။
သကလဇမ္ဗုဒီပေ ရာဇူဟိပိ သဒ္ဓိံ၊ ဇမ္ဗူဒိပ်ကျွန်းအားလုံးက မင်းတို့နှင့်သော်မှလည်း ရင်ဆိုင်အတူ။
ယုဇ္ဈိတုံ သက္ခိဿာမီတိ၊ စစ်တိုက်ခြင်းငှာ စွမ်းနိုင်ပါ၏ဟု လျှောက်ပြီ။
တာတ ဘောဇာဇာနီယသိန္ဓဝေါ ဝါ၊ ချစ်သား ဘောဇာဇာနီယသိန္ဓောမြင်းသည်သော်လည်းကောင်း။
အညော ဝါ ဟောတု၊ အခြားမြင်းသည်သော်လည်းကောင်း ဖြစ်ပါစေ ရှိပါစေ။
ယံ ဣစ္ဆသိ၊ အကြင်မြင်းကို စီးချင်၏။
တံ ဂဟေတွာ၊ စီးချင်သည့် ထိုမြင်းကို ယူစီး၍။
ယုဒ္ဓံ ကရောဟီတိ၊ စစ်တိုက်မှုကို ပြုလော့ဟု မိန့်ပြီ။
သော သာဓု ဒေဝါတိ၊ ထိုမြင်းစီးသူရဲသည် ကောင်းပါပြီ အရှင်မင်းကြီးဟု လျှောက်၍။
ရာဇာနံ ဝန္ဒိတွာ၊ မင်းကြီးကို ရှိခိုး၍။
ပါသာဒါ ဩရုယှ၊ နန်းပြာသာဒ်မှ ဆင်းခဲ့၍။
ဘောဇာဇာနီယသိန္ဓဝံ အာဟရာပေတွာ၊ ဘောဇာဇာနီယသိန္ဓောမြင်းကို ဆောင်ယူစေ၍။
သုဝမ္မိတံ ကတွာ၊ ချပ်ဝတ်တန်ဆာကောင်းစွာ ဝတ်အပ်သည်ကို ပြု၍။
အတ္တနာပိ သဗ္ဗသန္နာဟသန္နဒ္ဓေါ၊ ကိုယ်တိုင်လည်း ချပ်ဝတ်တန်ဆာ အားလုံးမြဲစွာ ဖွဲ့အပ်သည် ဖြစ်၍။
ခဂ္ဂံ ဗန္ဓိတွာ၊ သန်လျက်ကို ဖွဲ့၍ လွယ်၍။
သိန္ဓဝပိဋ္ဌိဝရဂတော နဂရာ နိက္ခမ္မ၊ ဘောဇာဇာနီယသိန္ဓောမြင်းကျောမြတ်ပေါ် စီးလျက် ဗာရာဏသီမြို့မှ ထွက်ခဲ့၍။
ဝိဇ္ဇုလတာ ဝိယ စရမာနော၊ လျှပ်စီးကဒ့သို့ လှည့်လည်လျက်။
ပဌမံ ဗလကောဋ္ဌကံ ဘိန္ဒိတွာ၊ ရှေးဦးစွာသော ဗိုလ်ပါအထုကို ဖောက်ခွဲ၍။
ဧကံ ရာဇာနံ ဇီဝဂ္ဂါဟမေဝ၊ မင်းတစ်ပါးကို အရှင်ဖမ်းခြင်းကိုသာ။
ဂဟေတွာ အာဂန္တွာ၊ ဖမ်းယူ၍ လာ၍။
ဗလဿ နိယျာဒေတွာ၊ မိမိဘက် ဗိုလ်ပါအား အပ်နှင်းခဲ့၍။
ပုန ဂန္တွာ၊ တစ်ဖန် သွား၍။
ဒုတိယံ ဗလကောဋ္ဌကံ ဘိန္ဒိတွာ၊ ဒုတိယဖြစ်သော ဗိုလ်ပါထုကို ဖောက်ခွဲ၍လည်းကောင်း။
တတိယံ တထာ၊ တတိယဗိုလ်ထုကို ထို့အတူ ဖောက်ခွဲ၍လည်းကောင်း။
ဣတိ ဧဝံ ပဉ္စရာဇာနော၊ ဤပုံဤနည်း မင်းငါးပါးတို့ကို။
ဇီဝဂ္ဂါဟံ ဂဟေတွာ၊ အရှင်ဖမ်းယူခြင်းကို ဖမ်းယူပြီး၍။
ဆဋ္ဌံ ဗလကောဋ္ဌကံ ဘိန္ဒိတွာ၊ ၆-ခုမြောက်သော ဗိုလ်ထုကို ဖောက်ခွဲ၍။
ဆဋ္ဌဿ ရညော ဂဟိတကာလေ၊ ၆-ပါးမြောက်ဖြစ်သော မင်းကို ဖမ်းယူရာအခါ၌။
ဘောဇာဇာနီယော ပဟာရံ လဘတိ၊ ဘောဇာဇာနီယသိန္ဓောမြင်းသည် ထိခိုက်ဒဏ်ရာကို ရရှိ၏။
လောဟိတံ ပဂ္ဃရတိ၊ သွေးသည် ယိုစီး၏။
ဗလဝတိယော ဝေဒနာ ဝတ္တန္တိ၊ အားကြီးကုန်သော ဆင်းရဲဝေဒနာတို့သည် ဖြစ်ကုန်၏။
အဿာရောဟော တဿ၊ မြင်းစီးသူရဲသည် ထိုဘောဇာဇာနီယသိန္ဓောမြင်း၏။
ပဟဋဘာဝံ ဉတွာ၊ ထိခိုက်ဒဏ်ရာရကြောင်းကို သိ၍။
ဘောဇာဇာနီယသိန္ဓဝံ ရာဇဒွါရေ နိပဇ္ဇာပေတွာ၊ ဘောဇာဇာနီယသိန္ဓောမြင်းကို မင်းနန်းတော်တံခါးအနီး၌ အိပ်စေ၍။
သန္နာဟံ သိထိလံ ကတွာ၊ ချပ်ဝတ်တန်ဆာကို လျော့သည်ကို ပြု၍။
အညံ အဿံ သန္နယှိတုံ အာရဒ္ဓေါ၊ အခြားမြင်းတစ်စီးကို ချပ်ဝတ်တန်ဆာမြဲစွာ ဖွဲ့ခြင်းငှာ အားထုတ်ပြီ။
ဗောဓိသတ္တော မဟာဖာသုကပဿေန နိပန္နောဝ၊ ဘုရားလောင်းသည် နံပါးကြီးဖြင့် လျောင်းလျက်သာလျှင်။
အက္ခီနိ ဥမ္မိလေတွာ၊ မျက်စိတို့ကို ဖွင့်၍။
အဿာရောဟံ ဒိသွာ၊ မြင်းစီးသူရဲကို ကြည့်၍။
"အယံ အညံ အဿံ သန္နယှတိ၊ ဤမြင်းစီးသူရဲသည် အခြားမြင်းကို ချပ်ဝတ်တန်ဆာ မြဲစွာ ဖွဲ့ချည်၍။
အယဉ္စ အဿော သတ္တမံ ဗလကောဋ္ဌကံ၊ ဤမြင်းသည်လည်း ခုနစ်ခုမြောက်ဗိုလ်ထုကို။
ဘိန္ဒိတွာ သတ္တမံ ရာဇာနံ၊ ဖောက်ခွဲ၍ ခုနစ်ပါးမြောက်မင်းကို။
ဂဏှိတုံ န သက္ခိဿတိ၊ ဖမ်းယူခြင်းငှာ မစွမ်းနိုင်လတ္တံ့။
မယာ ကတကမ္မဉ္စ နဿိဿတိ၊ ငါသည် ပြုအပ်ခဲ့သော အနိုင်ရမှုသည်လည်း ပျက်စီးလတ္တံ့။
အပ္ပဋိသမော အဿာရောဟောပိ နဿိဿတိ၊ ပြိုင်ဘက်ကင်းသော မြင်းစီးသူရဲသည်လည်း ပျက်စီးလတ္တံံ့။
ရာဇာပိ ပရဟတ္ထံ ဂမိဿတိ၊ ငါ့သခင်ဗြဟ္မဒတ်မင်းသည်လည်း သူများလက်သို့ ရောက်ရလတ္တံ့။
မံ ဌပေတွာ အညော အဿော၊ ငါ့ကို ထား၍ အခြားမြင်းသည်။
သတ္တမံ ဗလကောဋ္ဌကံ ဘိန္ဒိတွာ၊ ခုနစ်မြောက်ဗိုလ်ထုကို ဖောက်ခွဲ၍။
သတ္တမံ ရာဇာနံ ဂဟေတုံ၊ ခုနစ်ပါးမြောက်သောမင်းကို ဖမ်းယူခြင်းငှာ။
သမတ္ထော အညော အဿော နာမ နတ္ထီတိ၊ စွမ်းနိုင်သော အခြားသော မြင်းမည်သည် မရှိ"ဟု သိ၍။
နိပန္နကောဝ အဿာရောဟံ ပက္ကောသာပေတွာ၊ လျောင်းလျက်သာ မြင်းစီးသူရဲကို ခေါ်စေ၍။
"သမ္မ အဿာရောဟ သတ္တမံ ဗလကောဋ္ဌကံ ဘိန္ဒိတွာ၊ အဆွေမြင်းစီးသူရဲ ခုနစ်မြောက်ဗိုလ်ထုကို ဖောက်ခွဲ၍။
သတ္တမံ ရာဇာနံ ဂဟေတုံ၊ ခုနစ်ပါးမြောက်မင်းကို ဖမ်းယူခြင်းငှာ။
မံ ဌပေတွာ သမတ္ထော၊ ငါ့ကို ထား၍ စွမ်းနိုင်သော။
အညော အဿော နာမ နတ္ထိ၊ အခြားမြင်းမည်သည် မရှိ။
မယာ ကတကမ္မံ၊ ငါသည် ပြုအပ်ခဲ့ပြီးသော အနိုင်ရမှုကို။
အဟံ န နာသေဿာမိ၊ ငါသည် မပျက်စေအံ့ မဖျက်အံ့။
မမညေဝ ဥဋ္ဌာပေတွာ၊ ငါ့ကိုသာ ထစေ၍ ထူပေး၍။
သန္နယှာဟီတိ ဝတွာ၊ ချပ်ဝတ်တန်ဆာ မြဲစွာဖွဲ့ချည်လော့"ဟု ပြော၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဆိုပြီ။
ဂါထာအနက်ကား--
၂၃။ သလ္လေဘိ သလ္လလီကတော၊ မြားတို့ဖြင့် အဖန်ဖန် အပစ်ခံရ၍ မြားများစွာရှိသည်ကို ပြုအပ်သော်လည်း။
ပဿေန သေမာနော အပိ၊ နံပါးကြီးဖြင့် လျောင်းနေရသော်လည်း။
ဘောဇ္ဈော ဝဠဝါ သေယျောဝ၊ ဘောဇာဇာနီယသန္ဓောမြင်းသည် အညံ့မြင်းထက် သာလွန်မြင့်မြတ်သည်သာတည်း။
သာရထိ မညေဝ ယုဉ္ဇ၊ အိုမြင်းစီးသူရဲကောင်း ငါ့ကိုသာ က,လော့ ချပ်ဝတ်တန်ဆာ မြဲစွာ ဖွဲ့ချည်လော့။
တတ္ထ၊ ထိုဂါထာ၌။
**အပိ ပဿေန သေမာနော**တိ၊ အပိ ပဿေန သေမာနောဟူသည်ကား။
ဧကေန ပဿေန သယမာနကောပိ၊ တစ်ဘက်သော နံပါးဖြင့် အိပ်နေရပါသော်လည်းတည်း။
သလ္လေဘိ သလ္လလီကတောတိ၊ သလ္လေဘိ သလ္လလီကတော ဟူသည်ကား။
သလ္လေဟိ ဝိဒ္ဓေါပိ သမာနော၊ မြားတို့ဖြင့် အဖန်ဖန် အပစ်ခံရသည် ဖြစ်သော်လည်းတည်း။
**သေယျောဝ ဝဠဝါ ဘောဇ္ဈော**တိ၊ သေယျောဝ ဝဠဝါ ဘောဇ္ဈောပါဌ်၌။
**ဝဠဝါ**တိ၊ ဝဠဝါ ဟူသည်ကား။
သိန္ဓဝကုလေသု အဇာတော ခလုင်္ကဿော၊ သိန္ဓောမြင်းမျိုးတို့၌ မဖြစ်သော မြင်းညံ့မြင်းချာတည်း။
**ဘောဇ္ဈော**တိ၊ ဘောဇ္ဈော ဟူသည်ကား။
ဘောဇာဇာနီယသိန္ဓဝေါ၊ ဘောဇာဇာနီယသိန္ဓောမြင်းတည်း။
ဣတိ ဧတသ္မာ ဝဠဝါ၊ ဤသို့ ဤမြင်းညံ့ထက်။
သလ္လေဟိ ဝိဒ္ဓေါပိ၊ မြားတို့သည် ဖောက်ထွင်းအပ်သော်လည်း။
ဘောဇာဇာနီယသိန္ဓဝေါဝ သေယျော ဝရော ဥတ္တမော၊ ဘောဇာဇာနီယသိန္ဓောမြင်းသည်သာ အထူးချီးမွမ်းအပ် လိုလားအပ် မြတ်၏။
**ယုဉ္ဇ မညေဝ သာရထီ**တိ၊ ယုဉ္ဇ မညေဝ သာရထီ ဟူသည်ကား။
ဧဝံ ဂတောပိ အဟမေဝ၊ ဤသို့ တုံးလုံးဖြစ်နေရသော်လည်း ငါဘောဇာဇာနီယသိန္ဓောမြင်းသည်သာ။
ယသ္မာ သေယျော တသ္မာ၊ အကြင်ကြောင့် အထူးချီးမွမ်းအပ်၏ ထို့ကြောင့်။
မမညေဝ ယောဇေဟိ၊ ငါ့ကိုသာ က,ပါလော့။
မံ ဝမ္မေဟီတိ ဝဒတိ၊ ငါဘောဇာဇာနီယသိန္ဓောမြင်းကို ချပ်ဝတ်တန်ဆာ ဝတ်ပေးလော့ဟု ပြော၏။
အဿာရောဟော ဗောဓိသတ္တံ ဥဋ္ဌာပေတွာ၊ မြင်းစီးသူရဲကောင်းသည် ဘုရားလောင်း ဘောဇာဇာနီယသိန္ဓောမြင်းကို ထစေ၍ ထူပေး၍။
ဝဏံ ဗန္ဓိတွာ၊ ဒဏ်ရာအမာကို ဖွဲ့ချည်၍။
သုသန္နဒ္ဓံ သန္နယှိတွာ၊ မြဲစွာဝတ်အပ်သော ချပ်ဝတ်တန်ဆာကို မြဲစွာဝတ်ချည်ပေး၍။
တဿ ပိဋ္ဌိယံ နိသီဒိတွာ၊ ထိုဘုရားလောင်း ဘောဇာဇာနီယသိန္ဓောမြင်း၏ ကျောပေါ်၌ နေ၍ စီး၍။
သတ္တမံ ဗလကောဋ္ဌကံ ဘိန္ဒိတွာ၊ ခုနစ်ခုမြောက်သော စစ်သည်ဗိုလ်ပါအထုကို ဖောက်ခွဲ၍။
သတ္တမံ ရာဇာနံ၊ ခုနစ်ပါးမြောက်သော မင်းကို။
ဇီဝဂ္ဂါဟံ ဂဟေတွာ၊ အရှင်ဖမ်းခြင်းကို ဖမ်းယူ၍။
ရာဇဗလဿ နိယျာဒေသိ၊ ဗြဟ္မဒတ်မင်းဗိုလ်ပါအား အပ်နှင်းပြီ။
ဗောဓိသတ္တမ္ပိ ရာဇဒွါရံ အာနယိံသု၊ ဘုရားလောင်း ဘောဇာဇာနီယသိန္ဓောမြင်းကိုလည်း နန်းတော်တံခါးသို့ ဆောင်ခဲ့ကုန်ပြီ။
ရာဇာ တဿ ဒဿနတ္ထာယ နိက္ခမိ၊ ဗြဟ္မဒတ်မင်းသည် ထိုဘုရားလောင်းကို ရှုခြင်းငှာ ထွက်လာပြီ။
မဟာသတ္တော ရာဇာနံ၊ ဘုရားလောင်း ဘောဇာဇာနီယသိန္ဓောမြင်းသည် ဗြဟ္မဒတ်မင်းကို။
"မဟာရာဇ သတ္တရာဇာနော မာ ဃာတယိတ္ထ၊ အိုမင်းမြတ် ရန်သူမင်းခုနစ်ပါးတို့ကို မသတ်ပါကုန်လင့်။
သပထံ ကာရေတွာ ဝိဿဇ္ဇေထ၊ ကြိမ်ဆိုမှုကို ပြုခိုင်း၍ လွှတ်တော်မူပါကုန်။
မယှဉ္စ အဿာရောဟဿ စ ဒါတဗ္ဗံ ယသံ၊ အကျွန်ုပ်အားလည်းကောင်း, မြင်းစီးသူရဲကောင်းအားလည်းကောင်း ပေးထိုက်သော စည်းစိမ်အခြံအရံကို။
အဿာရောဟဿေဝ ဒေထ၊ မြင်းစီးသူရဲကောင်းအားသာ ပေးတော်မူပါကုန်။
သတ္တရာဇာနော ဂဟေတွာ၊ ရန်သူမင်းခုနစ်ပါးတို့ကို ဖမ်းယူ၍။
ဒိန္နယောဓံ နာမ နာသေတုံ န ဝဋ္ဋတိ၊ ပေးနိုင်သော သူရဲကောင်းမည်သည်ကို ပျက်စီးစေခြင်းငှာ (သတ်ဖြတ်ခြင်းငှာ) မသင့်ပါ။
တုမှေပိ ဒါနံ ဒေထ၊ သင်မင်းကြီးတို့သည်လည်း အလှူကို လှူတော်မူပါကုန်။
သီလံ ရက္ခထ၊ သီလကို စောင့်တော်မူပါကုန်။
ဓမ္မေန သမေန၊ တရားနှင့် ညီစွာ။
ရဇ္ဇံ ကာရေထာတိ၊ မင်းအဖြစ်ကို ပြုတော်မူပါကုန်"ဟု။
အာဟ၊ ပြောပြီ။
ဧဝံ ဗောဓိသတ္တေန၊ ဤသို့ ဘုရားလောင်း ဘောဇာဇာနီယသိန္ဓောမြင်းသည်။
ရညော ဩဝါဒေ ဒိန္နေ၊ ဗြဟ္မဒတ်မင်းအား ဩဝါဒကို ပေးအပ်ပြီးသော်။
ဗောဓိသတ္တဿ သန္နာဟံ မောစယိံသု၊ ဘုရားလောင်း၏ ချပ်ဝတ်တန်ဆာကို ဖြေကုန်ပြီ။
သန္နာဟေ မုတ္တမတ္တေယေဝ၊ ချပ်ဝတ်တန်ဆာကို ဖြေအပ်ပြီးကာမျှ ဖြစ်သော်သာလျှင်။
သော နိရုဇ္ဈိ၊ ထိုဘုရားလောင်း ဘောဇာဇာနီယသိန္ဓောမြင်းသည် ဇီဝိန်ချုပ်ပြီ။
ရာဇာ တဿ၊ ဗြဟ္မဒတ်မင်းသည် ထိုဘုရားလောင်း သိန္ဓောမြင်း၏။
သရီရကိစ္စံ ကာရေတွာ၊ ကိုယ်ကောင်၌ ပြုသင့်သောကိစ္စကို ပြုစေ၍။
အဿာရောဟဿ မဟန္တံ ယသံ ဒတွာ၊ မြင်းစီးသူရဲကောင်းအား စည်းစိမ်အခြံအရံများစွာကို ပေး၍။
သတ္တ ရာဇာနော၊ ရန်သူမင်းခုနစ်ပါးတို့ကို။
ပုန အတ္တန္နော အဒုဗ္ဘာယ၊ တစ်ဖန် မိမိအား မပြစ်မှားခြင်းငှာ။
သပထံ ကာရေတွာ၊ ကျိန်ဆိုမှုကို ပြုစေ၍။
သကသကဋ္ဌာနာနိ ပေသေတွာ၊ မိမိ မိမိတို့နေရာတိုင်းပြည်တို့သို့ ပို့စေ၍။
ဓမ္မေန သမေန၊ တရားနှင့် ညီစွာ။
ရဇ္ဇံ ကာရေတွာ၊ မင်းအဖြစ်ကို ပြု၍။
ဇီဝိတပရိယောသာနေ ယထာကမ္မံ ဂတော၊ အသက်အဆုံး၌ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခု ဧဝံ၊ ရဟန်း ဤကဲ့သို့။
ပုဗ္ဗေ ပဏ္ဍိတာ၊ ရှေးကပညာရှိတို့သည်။
အနာယတနေပိ ဝီရိယံ အကံသု၊ ထောက်တည်ရာ မရှိသောအခါ၌သော်မှလည်း ဝီရိယကို ပြုဖူးကုန်ပြီ။
ဧဝရူပံ ပဟာရံ လဒ္ဓါပိ၊ ဤသို့ သေလောက်သော သဘောရှိသော ထိခိုက်ဒဏ်ရာကို ရပါကုန်သော်လည်း။
န ဩဿဇိံသု၊ ဝီရိယမစွန့်ဖူးကုန်။
တွံ ပန ဧဝရူပေ၊ သင်သည်ကား ဤသို့မြင့်မြတ်သော သဘောရှိသော။
နိယျာနိကသာသနေ ပဗ္ဗဇိတွာ၊ ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်သော သာသနာတော်၌ ရှင်ရဟန်းပြုပြီး၍။
ကသ္မာ ဝီရိယံ၊ အဘယ့်ကြောင့် ဝီရိယကို။
ဩဿဇသီတိ ဝတွာ၊ စွန့်ရသနည်း"ဟု မိန့်တော်မူ၍။
စတ္တာရိ သစ္စာနိ ပကာသေသိ၊ သစ္စာလေးပါးတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ၊ သစ္စာပြပြီးအဆုံး၌။
ဩဿဋ္ဌဝီရိယော ဘိက္ခု၊ စွန့်လွှတ်အပ်သော ဝီရီယရှိသော ရဟန်းသည်။
အရဟတ္တဖလေ ပတိဋ္ဌာသိ၊ အရဟတ္တဖိုလ်၌ တည်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ရာဇာ၊ ထိုအခါက ဗြဟ္မဒတ်မင်းသည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
အဿာရောဟော သာရိပုတ္တော၊ မြင်းစီးသူရဲကောင်းသည်ကား သာရိပုတ္တရာတည်း။
ဘောဇာဇာနီယသိန္ဓဝေါ ပန အဟမေဝ အဟောသိန္တိ၊ ဘောဇာဇာနီယသိန္ဓောမြင်းသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဘောဇာဇာနီယဇာတကဝဏ္ဏနာ တတိယာ**၊ **သုံးခုမြောက် ဖြစ်သော ဘောဇာဇာနီယဇာတ် အဖွင့်တည်။**