Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[129] 9. Aggikabhāradvājajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**နာယံ သိခါ ပုညဟေတူ** တိ ဣဒံ၊ နာယံ သိခါ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ ကုဟကံ ဘိက္ခုဧဝ၊ အံ့ဩဖွယ် ပြုတတ်သော ရဟန်းကိုပင်။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ အတီတသ္မိံ၊ ချဲ့ဦးအံ့ လွန်လေပြီးသော အခါ၌။ ဗာရာဏသိယံ ဗြဟ္မဒတ္တေ၊ ဗာရာဏသီမြို့၌ ဗြဟ္မဒတ်မင်းသည်။ ရဇ္ဇံ ကာရေန္တေ၊ မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ မူသိကရာဇာ ဟုတွာ၊ ကြွက်မင်းသည် ဖြစ်၍။ အရညေ ဝသတိ၊ တောထဲ၌ နေ၏။
အထ ဧကော သိင်္ဂါလော၊ ထိုအခါ တစ်ကောင်သော မြေခွေးသည်။ ဒဝဍာဟေ ဥဋ္ဌိတေ၊ တောမီးသည် ထတောက် သော်။ ပလာယိတုံ အသက္ကောန္တော၊ ပြေးခြင်းငှါ မစွမ်းနိုင်ရကား။ ဧကသ္မိံ ရုက္ခေ၊ သစ်ပင်တစ်ပင်၌။ သီသံ အာဟစ္စ အဋ္ဌာသိ၊ ဦးခေါင်းကို ထိခိုက်၍ စိုက်၍ တည်ပြီ။
တဿ သကလသရီရေ၊ ထိုမြေခွေး၏ တစ်ကိုယ်လုံး၌။ လောမာနိ ဈာယိံသု၊ အမွေးတို့သည် မီးလောင်ကုန်ပြီ။ ရုက္ခံ အာဟစ္စ၊ သစ်ပင်ကို ထိခိုက်၍ စိုက်၍။ ဌိတဋ္ဌာနေ ပန၊ တည်ရာဌာန၌ကား။ မတ္ထက စူဠာ ဝိယ၊ ငယ်ထိပ်၌ ဦးစွန်းဖုတ်ကဲ့သို့။ ထောကာနိ လောမာနိ အဋ္ဌံသု၊ အနည်းငယ်ကုန်သော အမွေးတို့သည် တည်ရှိကုန်ပြီ။
သော ဧကဒိဝသံ၊ ထိုမြေခွေးသည် တစ်နေ့၌။ သောဏ္ဍိယံ ပါနီယံ ပိဝန္တော၊ ကျောက်ရေကန်၌ သောက်ရေကို သောက်သော်။ ဆာယံ ဩလော ကေန္တော၊ အရိပ်ကို ကြည့်သော်။ စူဠ ဒိသွာ၊ ဦးစွန်းဖုတ်ကို တွေ့၍။ “ဣဒါနိ မေ၊ ယခုအခါ ငါ့မှာ။ ဘဏ္ဍမူလံ ဥပ္ပန္နန္တိ၊ အရင်းပစ္စည်းသည် ဖြစ်ပြီ ရှိပြီ”ဟုတွေး၍။ အရညေ ဝိစရန္တော၊ တောထဲ၌ လှည့်လည်သော်။ တံ မူသိကာဒရီ ဒိသွာ၊ ကြွက်တို့နေရာ ထိုချောက်ကြားကို တွေ့ရ၍။ “ဣမာ မူသိကာ ဝစ္ဆေတွာ၊ ဤကြွက် တို့ကို လိမ်ညာ၍။ ခါဒိဿာမီတိ၊ စားမည်”ဟု တွေး၍။ ဟေဋ္ဌာ ဝုတ္တနယေနေဝ၊ ရှေးခေါ်သည့် အောက်ဗိဠာရဇာတ်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ပင်။ အဝိဒူရေ အဋ္ဌာသိ၊ မနီးမဝေး၌ တည်ပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုမြေခွေးကို ဘုရားလောင်းသည်။ ဂေါစရာယ စရန္တော ဒိသွာ၊ အစာရှာခြင်းငှါ လှည့်လည်သော် တွေ့၍။ အယံ သီလဝါတိ၊ ဤမြေခွေးသည် သီလရှိ၏ဟု။ သညာယ ဥပသင်္ကမိတွာ၊ အမှတ်သညာဖြင့် ချဉ်းကပ်၍။ တွံ ကိံ နာမော၊ သင်သည် အဘယ်အမည်ရှိသည်။ အသီတိ ပုတ္တိ၊ ဖြစ်သနည်း ဟု မေးပြီ။
အဟံ၊ ငါကား။ အဂ္ဂိကဘာရဒွါဇော နာမာတိ၊ မီးပူဇော်သည့် ဘာရဒွါဇမည်၏ဟုဖြေပြီ။
အထ ကသ္မာ၊ ထိုသို့ဖြစ်သော် အဘယ့်ကြောင့်။ အာဂတော အသီတိ၊ လာသည် ဖြစ်သနည်းဟုမေးပြီ။
တုမှာကံ ရုက္ခနတ္ထာယာတိ၊ သင်တို့ကို စောင့်ရှောက်ခြင်းငှါဟု ဖြေပြီ။
ကိန္တိ ကတွာ၊ အဘယ်ကဲ့သို့ ပြုလုပ်၍။ အမှေ ရက္ခိဿသီတိ၊ ငါတို့ကို စောင့်ရှောက်မည်နည်းဟု မေးပြီ။
အဟံ အင်္ဂုဋ္ဌဂဏနံ နာမ၊ ငါသည် မြီးထူးရေတွက်ခြင်း မည်သည်ကို။ ဇာနာမိ၊ နားလည်၏။ တုမှာကံ ပါတောဝ နိက္ခမိတွာ၊ သင်တို့၏ စောစောပင် နေရာမှ ထွက်၍။ ဂေါစရာယ ဂမနကာလေ၊ အစာရှာခြင်းငှါ သွားရာအခါ၌။ ဧတ္တကာတိ ဂဏေတွာ၊ ဤမျှရှိကုန်၏ဟု ရေတွက်၍။ ပစ္စာဂမနကာလေပိ၊ ပြန်လာရာအခါ၌လည်း။ ဂဏေဿာမိ၊ ရေတွက်အံ့။ ဧဝံ သာယံ ပါတီ၊ ဤကဲ့သို့ ညချမ်း၌လည်းကောင်း နက်ခင်း၌လည်းကောင်း။ ဂဏန္တော ရက္ခိဿာမီတိ၊ ရေတွက်လျက် စောင့်ရှောက်မည်ဟု ပြောပြီ။
မာတုလ တေန၊ အို. ဦးကြီး ထိုသို့ဖြစ်လျှင် စောင့်ရှောက်ပါဟု ပြောပြီ။
သော သာဓူတိ၊ ထိုမြေခွေးသည် ကောင်းပါပြီဟု။ သမ္ပဋိစ္ဆိတွာ၊ လက်ခံပြီး၍။ နိက္ခမနကာလေ၊ အစာရှာထွက်သော အခါ၌။ ဧကော ဒွေ တယောတိ၊ တစ်ကောင်, နှစ်ကောင်တို့ သုံးကောင်တို့ဟု။ ဂဏေတွာ၊ ရေတွက်ပြီး၍။ ပစ္စာဂမနကာလေပိ၊ ပြန်လာရာ ကာလ၌လည်း။ တထေဝ ဂဏေတွာ၊ ထို့အတူပင် ရေတွက်ပြီး၍။ သဗ္ဗပစ္ဆိမံ ဂဟေတွာ ခါဒတိ၊ ကြွက်အားလုံး နောက်ဆုံးဖြစ်သော ကြွက်ကို ဖမ်းယူ၍ စား၏။
သေသံ ပုရိမသဒိသမေဝ၊ အကြွင်းစကားသည် ရှေးဗိဠာရဇာတ်နှင့် တူသည် သာတည်း။
ဣဓ ပန မူသိကရာဇာ၊ ဤအဂ္ဂိကဘာရဒွါဇဇာတ်၌ကား ကြွက်မင်းသည်။ နိဝတ္တိတွာ ဌိတော၊ နောက်ပြန်ဆုတ်၍ ရပ်တည်လျက်။ “ဘော အဂ္ဂိကဘာရဒွါဇ၊ အို. မီးပူဇော်သည့် ဘာရဒွါဇ။ တဝ ဓမ္မသုဓမ္မတာယ၊ သင်၏ တရားအားဖြင့် အလွန်ကောင်းသောတရားရှိသည်၏အဖြစ်ကြောင့်။ မတ္ထကေ အယံ စူဠာ၊ ငယ်ထိပ်၌ ဤဦးစွန်းဖုတ်ကို။ န ဌပိတာ၊ ထားအပ်သည်မဟုတ်။ ကုစ္ဆိကာရဏာ ပန၊ ဝမ်းဗိုက်ဟူသော အကြောင်းကြောင့်ကား။ ဌပိတာတိ ဝတွာ၊ ထားအပ်ပြီဟု ပြောဆို၍။
အယံ သိခါ န ပုညဟေတု၊ ဤဦးစွန်းဖုတ်သည်ကား ကုသိုလ်လိုချင် သောကြောင့် မဟုတ်။ အယံ သိခါ ဃာသဟေတု၊ ဤဦးစွန်းဖုတ်သည်ကား စားချင်သောကြောင့်တည်း။ အဂုဋ္ဌိဂဏနံ န ယာတိ၊ မြီးထူး ရေတွက်ခြင်းသို့ ကြွက်များမရောက်။ အဂ္ဂိက၊ မီးပူဇော်သည့် အို. ဘာရဒွါဇ ။ အလံ တေ ဟောတု၊ အကျိုးမရှိခြင်းသည် သင်အား ဖြစ်ပါစေ။
တတ္ထ၊ ထိုဂါထာ၌။ **နာဂုဋ္ဌိဂဏနံ ယာတီ** တိ၊ နာဂုဋ္ဌီ ဂဏနံ ယာတိဟူသော ပါဌ်၌။ အင်္ဂုဋ္ဌိဂဏနာ၊ မြီးထူးရေတွက်ခြင်းကို။ အင်္ဂုဋ္ဌဂဏနာတိ ဝုစ္စတိ၊ အင်္ဂုဋ္ဌိဂဏနာဟူ၍ ခေါ်ဆိုအပ်၏။ အယံ မူသိကဂဏော၊ ဤကြွက်အုပ်သည်။ အင်္ဂုဋ္ဌဂဏနံ၊ မြီးထူးရေတွက်ခြင်းသို့။ န ဂစ္ဆတိ န ဥပေတိ၊ မကပ်ရောက်တော့။ န ပူရေတိ၊ မပြည့်တော့။ ပရိက္ခယံ ဂစ္ဆတိ၊ ကုန်ခမ်းခြင်းသို့ ရောက်၏။ ဣတိအတ္ထော၊ ဤကား တတိယပါဒ အနက်တည်း။
**အလံ တေ ဟောတု အဂ္ဂိကာ** တိ၊ အလံ တေ ဟောတု အဂ္ဂိကဟူသည်။ သိင်္ဂါလံ၊ မြေခွေးကို။ နာမေန အာလပန္တော အာဟ၊ နာမည်ဖြင့် ခေါ်ဝေါ်လျက် ပြောဆိုပြီ။
ဧတ္တာဝတာ တေ၊ ဤမျှအတိုင်း အရှည်ရှိသော စားခြင်းဖြင့် သင်မြေခွေးအား။ အလံ ဟောတု၊ အကျိုးမရှိခြင်းသည် ဖြစ်ပါစေ။ ဣတော ပရံ၊ ဤမှ နောက်၌။ မူသိကေ န ခါဒေဿသိ၊ ကြွက်တို့ကို သင်မစားရလတံ့။
တယာ သဒ္ဓိံ၊ သင်နှင့်အတူ။ အမှေဟိ ဝါ သံဝါသော၊ ငါတို့နှင့် လည်း အတူနေခြင်းသည်။ အလံ ဟောတု၊ အကျိုးမရှိခြင်းသည် ဖြစ်ပါစေ။ မယံ ဣဒါနိ၊ ငါတို့သည် ယခုအခါ၌။ တယာ၊ သင်မြေခွေးနှင့် အတူ။ န ဝသိဿာမ၊ မနေကုန်တော့အံ့။ ဣတိပိ အတ္ထော၊ ဤသည်လည်း စတုတ္ထပါဒ အနက်တည်း။
သေသံ ပုရိမသဒိသမေဝ၊ အကြွင်းစကားသည် ရှေးဂါထာဖွင့်နှင့် တူသည်သာ တည်း။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။ တဒါ သိင်္ဂါလော၊ ထိုရှေးအခါက မြေခွေးသည်။ အယံ ဘိက္ခု အဟောသိ၊ ဤအံ့ဩဖွယ်ပြုတတ်သော ရဟန်းသည် ဖြစ်လာပြီ။ မူသိကရာဇာ ပန၊ ကြွက်မင်းသည်ကား။ အာမေဝ အဟောသိန္တိ၊ ငါဘုရားသည် သာ ဖြစ်လာပြီဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
အဂ္ဂိကဘာရဒွါဇဇာတကဝဏ္ဏနာ နဝမာ၊ အဓိကဘာရဒွါဇဇာတ်အဖွင့်သည် နဝမတည်း။