**န ဝေ အနတ္ထကုသလေနာ**တိ ဣဒံ၊ န ဝေ အနတ္ထကုသလေန အစရှိသော ဤတရားဒေသနာတော်ကို။
သတ္ထာ အညတရသ္မိံ ကောသလဂါမကေ ဝိဟရန္တော၊ ဘုရားရှင်သည် မထင်ရှားသော ကောသလတိုင်း ရွာကလေး၌ နေတော်မူစဉ်။
ဥယျာနဒူသကံ အာရဗ္ဘ ကထေသိ၊ ဥယျာဉ်ဖျက်ဆီးသူကို အကြောင်းပြု၍ ဟောတော်မူပြီ။
သတ္ထာ ကောသလေသု၊ ဘုရားရှင်သည် ကောသလတိုင်းတို့၌။
စာရိကံ စရမာနော၊ ဒေသစာရီကို လှည့်လည်တော်မူသော်။
အညတရံ ဂါမကံ သမ္ပါပုဏိ၊ တစ်ခုသော ရွာကလေးသို့ ကောင်းစွာ ဆိုက်ရောက်တော်မူပြီ။
တတ္ထေ ဧကော ကုဋုမ္ဗိကော၊ ထိုရွာကလေး၏ တစ်ယောက်သော သူကြွယ်သည်။
တထာဂတံ နိမန္တေတွာ၊ ဘုရားရှင်ကို ပင့်ဖိတ်၍။
အတ္တနော ဥယျာနေ နိသီဒါပေတွာ၊ မိမိ၏ ဥယျာဉ်၌ နေစေ၍။
ဗုဒ္ဓပ္ပမုခဿ သံဃဿ၊ ဘုရားအမှူးရှိသော သံဃာတော်အား။
မဟာဒါနံ ဒတွာ၊ အလှူကြီးကို ပေးလှူ၍။
"ဘန္တေ ယထာရုစိယာ၊ အို အရှင်ဘုရားတို့ အလိုရှိသလို။
ဣမသ္မိံ ဥယျာနေ ဝိစရထာတိ အာဟ၊ ဤဥယျာဉ်၌ လှည့်လည်တော်မူကြပါ"ဟု လျှောက်ထားပြီ။
ဘိက္ခူ ဥဋ္ဌာယ၊ ရဟန်းတို့သည် ထ၍။
ဥယျာနပါလံ ဂဟေတွာ၊ ဥယျာဉ်မှူးကို ခေါ်ယူ၍။
ဥယျာနေ ဝိစရန္တာ၊ ဥယျာဉ်ထဲ၌ လှည့်လည်ကြသော်။
ဧကံ အင်္ဂဏဋ္ဌာနံ ဒိသွာ၊ တစ်ခုသော ကွင်းပြင်နေရာကို တွေ့၍။
"ဥပါသက ဣမံ ဥယျာနံ၊ အို ဥပါသကာ ဤဥယျာဉ်သည်။
အညတ္ထ သန္ဒစ္ဆာယံ၊ အခြားနေရာ၌ ထူထဲသောအရိပ် ရှိ၏။
ဣမသ္မိံ ပန ဌာနေ ကောစိ၊ ဤနေရာ၌ကား တစ်စုံတစ်ခုသော။
ရုက္ခော ဝါ ဂစ္ဆော ဝါ န အတ္ထိ၊ သစ်ပင်သည် လည်းကောင်း ချုံပင်သည်လည်းကောင်း မရှိ။
ကာရဏံ ကိံ နု ခေါ ဣတိ၊ အကြောင်းကား အဘယ်ပါနည်း"ဟု။
ဥယျာနပါလံ ပုစ္ဆိံသု၊ ဥယျာဉ်မှူးကို မေးကြပြီ။
ဘန္တေ ဣမဿ ဥယျာနဿ ရောပနကာလေ၊ အို အရှင်ဘုရားတို့ ဤဥယျာဉ်ကို စိုက်ရာကာလ၌။
ဧကော ဂါမဒါရကော ဥဒကံ သိဉ္စန္တော၊ တစ်ယောက်သော ရွာသားကလေးသည် ရေကို လောင်းသော်။
ဣမသ္မိံ ဌာနေ ရုက္ခပေါတကေ၊ ဤနေရာ၌ အပင်ငယ်တို့ကို။
ဥမ္မူလံ ကတွာ၊ အထက်၌ အမြစ်ရှိသည်ကို (နုတ်သည်ကို) ပြု၍။
မူလပ္ပမာဏေန ဥဒကံ သိဉ္စိ၊ အမြစ်ပမာဏဖြင့် ရေကို လောင်းပြီ။
တေ ရုက္ခပေါတကာ မိလာယိတွာ မတာ၊ ထိုအပင်ငယ်တို့သည် ညှိုး၍ သေကြပြီ။
ဣမိနာ ကာရဏေန ဣဒံ ဌာနံ၊ ဤအကြောင်းကြောင့် ဤနေရာသည်။
အင်္ဂဏံ ဇာတန္တိ၊ ကွင်းပြင်သည် ဖြစ်နေပါသည်"ဟု လျှောက်ပြီ။
ဘိက္ခူ သတ္ထာရံ ဥပသင်္ကမိတွာ၊ ရဟန်းတို့သည် ဘုရားရှင်သို့ ချဉ်းကပ်၍။
ဧတမတ္ထံ အာရောစေသုံ၊ ဤအကြောင်းကို လျှောက်ထားကြပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ သော ဂါမဒါရကော၊ အို ရဟန်းတို့ ထိုရွာသားငယ်သည်။
ဣဒါနေဝ န အာရာမဒူသကော၊ ယခုအခါသာ အရာမ်ခြံကို ဖျက်ဆီးတတ်သည် မဟုတ်သေး။
ပုဗ္ဗေပိ အာရာမဒူသကောယေဝါတိ ဝတွာ၊ ရှေးကလည်း အရာမ်ခြံကို ဖျက်ဆီးဖူးသည်သာ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗာရာဏသိယံ နက္ခတ္တံ ဃောသယိံသု၊ ဗာရာဏသီမြို့၌ နက္ခတ်ပွဲကို ကြွေးကြော်ကုန်ပြီ။
နက္ခတ္တဘေရိသဒ္ဒသဝနကာလတော ပဋ္ဌာယ၊ နက္ခတ်ပွဲကြော်ငြာသည့် စည်သံကို ကြားရာအခါမှ စ၍။
သကလနဂရဝါသိနော၊ ဗာရာဏသီမြို့နေ လူအားလုံးတို့သည်။
နက္ခတ္တနိဿိတကာ ဟုတွာ ဝိစရန္တိ၊ နက္ခတ်ပွဲကို မှီကြသည် ဖြစ်၍ သွားလာလှည့်လည်ကုန်၏။
တဒါ ရညော ဥယျာနေ၊ ထိုအခါ မင်း၏ဥယျာဉ်၌။
ဗဟူ မက္ကဋာ ဝသန္တိ၊ များစွာကုန်သော မျောက်တို့သည် နေကုန်၏။
ဥယျာနပါလော၊ ဥယျာဉ်မှူးသည်။
"နဂရေ နက္ခတ္တံ ဃုဋ္ဌံ၊ မြို့ထဲ၌ နက္ခတ်ပွဲကို ကြေငြာအပ်ပြီ။
ဣမေ ဝါနရေ၊ ဤမျောက်တို့ကို။
ဥဒကံ သိဉ္စထာတိ ဝတွာ၊ ရေကို လောင်းကြဟု ပြော၍။
အဟံ နက္ခတ္တံ၊ ငါသည် နက္ခတ်ပွဲကို။
ကီဠိဿာမီတိ စိန္တေသိ ဣတိ၊ ကစားအံ့"ဟု ကြံပြီ ဤသို့ ကြံပြီး၍။
ဇေဋ္ဌကဝါနရံ ဥပသင်္ကမိတွာ၊ သင်းအုပ်မျောက်ကြီးသို့ ချဉ်းကပ်၍။
"သမ္မ ဝါနရဇေဋ္ဌက ဣမံ ဥယျာနံ၊ အို အဆွေ သင်းအုပ်မျောက်ကြီး ဤဥယျာဉ်သည်။
တုမှာကမ္ပိ ဗဟူပကာရံ၊ သင်တို့အားလည်း ကျေးဇူးများ၏။
တုမှေ ဧတ္ထ၊ သင်တို့သည် ဤဥယျာဉ်၌။
ပုပ္ဖဖလပလ္လဝါနိ ခါဒထ၊ အပွင့် အသီး ရွက်နုတို့ကို စားကုန်၏။
နဂရေ နက္ခတ္တံ ဃုဋ္ဌံ၊ မြို့ထဲ၌ နက္ခတ်ပွဲကို ကြေငြာအပ်ပြီ။
အဟံ နက္ခတ္တံ ကီဠိဿာမိ၊ ငါသည် နက္ခတ်ပွဲကို ကစားအံ့။
ယာဝ အဟံ အာဂစ္ဆာမိ၊ အကြင်မျှလောက် ငါသည် လာ၏။
တာဝ ဣမသ္မိံ ဥယျာနေ၊ ထိုငါလာသည်အထိ ဤဥယျာဉ်၌။
ရုက္ခပေါတကေသု ဥဒကံ သိဉ္စိတုံ၊ အပင်ငယ်တို့ကို ရေကို လောင်းခြင်းငှာ။
သက္ခိဿထာတိ ပုစ္ဆိ၊ စွမ်းနိုင်ကြအံ့လော"ဟု မေးပြီ။
သာဓု သိဉ္စိဿာမီတိ၊ ကောင်းပါပြီ လောင်းပါမည်ဟု ဖြေပြီ။
တေန ဟိ အပ္ပမတ္တာ ဟောထာတိ၊ ထိုသို့ စွမ်းနိုင်ကြလျှင် မမေ့လျော့ကြသည် ဖြစ်ကြလော့"ဟု မှာထား၍။
ဥဒကသိဉ္စနတ္ထာယ တေသံ၊ ရေလောင်းဖို့ အကျိုးငှာ ထိုမျောက်တို့အား။
စမ္မကုဋေ စ ဒါရုကုဋေ စ၊ သားရေအိုးတို့ကိုလည်းကောင်း သစ်သားအိုးတို့ကိုလည်းကောင်း။
ဒတွာ ဂတော၊ ပေးခဲ့၍ သွားပြီ။
ဝါနရာ၊ မျောက်တို့သည်။
စမ္မကုဋေ စေဝ ဒါရုကုဋေ စ ဂဟေတွာ၊ သားရေအိုးတို့ကိုလည်းကောင်း, သစ်သားအိုးတို့ကိုလည်းကောင်း ယူ၍။
ရုက္ခပေါတကေသု ဥဒကံ သိဉ္စန္တိ၊ အပင်ငယ်တို့၌ ရေကို လောင်းကုန်၏။
အထ နေ ဝါနရဇေဋ္ဌကော၊ ထိုအခါ ထိုမျောက်တို့ကို သင်းအုပ်မျောက်ကြီးသည်။
"ဘောန္တော ဝါနရာ ဥဒကံ နာမ ရက္ခိတဗ္ဗံ၊ အို မျောက်တို့ ရေမည်သည်ကို စောင့်ရှောက်ထိုက်၏။
တုမှေ ရုက္ခပေါတကေသု၊ သင်တို့သည် အပင်ငယ်တို့၌။
ဥဒကံ သိဉ္စန္တာ၊ ရေကို လောင်းကြသော်။
ဥပ္ပါဋေတွာ ဥပ္ပါဋေတွာ၊ နုတ်၍ နုတ်၍။
မူလံ ဩလောကေတွာ၊ အမြစ်ကို ကြည့်၍။
မူလေသု ဂမ္ဘီရဂတေသု၊ အမြစ်တို့သည် နက်နက်သွားကုန်သော်။
ဗဟုံ ဥဒကံ သိဉ္စထ၊ များစွာသော ရေကို လောင်းကြလော့။
အဂမ္ဘီရဂတေသု အပ္ပံ၊ နက်နက်မသွားကုန်လသော် နည်းနည်းကို။
(သိဉ္စထ၊ လောင်းကြလော့)။
ပစ္ဆာ အမှာကံ ဥဒကံ၊ နောက်၌ ငါတို့အား ရေကို။
ဒုလ္လဘံ ဘဝိဿတီတိ၊ ရခဲသည် ဖြစ်လတံ"ဟု။
ဧဝံ အာဟ၊ ဤသို့ ပြောပြီ။
တေ သာဓူတိ သမ္ပဋိစ္ဆိတွာ၊ ထိုမျောက်တို့သည် ကောင်းပါပြီဟု ဝန်ခံ၍။
တထာ အကံသု၊ ထိုသင်းအုပ်မျောက်ကြီး ပြောသည့်အတိုင်း ပြုကြပြီ။
တသ္မိံ သမယေ ဧကော ပဏ္ဍိတပုရိသော၊ ထိုအခါ တစ်ယောက်သော ပညာရှိယောကျ်ားသည်။
ရာဇုယျာနေ တေ ဝါနရေ၊ မင်းဥယျာဉ်၌ ထိုမျောက်တို့ကို။
တထာ ကရောန္တေ ဒိသွာ၊ ထိုသို့ ပြုကြသည်ကို တွေ့၍။
"ဘောန္တော ဝါနရာ ကသ္မာ၊ အို မျောက်တို့ ဘာ့ကြောင့်။
တုမှေ ရုက္ခပေါတကေ၊ သင်တို့သည် အပင်ငယ်တို့ကို။
ဥပ္ပါဋေတွာ ဥပ္ပါဋေတွာ၊ နုတ်၍ နုတ်၍။
မူလပ္ပမာဏေန ဥဒကံ သိဉ္စထာတိ၊ အမြစ်ပမာဏဖြင့် ရေကို လောင်းကြသနည်း"ဟု။
ဧဝံ အာဟ၊ ဤသို့ မေးပြီ။
ဧဝံ နော၊ ဤကဲ့သို့ ငါတို့အား။
ဝါနရဇေဋ္ဌကော ဩဝဒတီတိ၊ သင်းအုပ်မျောက်ကြီးသည် ဩဝါဒပေး၏ဟု။
တေ အာဟံသု၊ ထိုမျောက်တို့သည် ဖြေကြပြီ။
သော တံ ဝစနံ သုတွာ၊ ထိုပညာရှိယောကျ်ားသည် ထိုစကားကို ကြားရ၍။
"ဘော ဗာလာ အပဏ္ဍိတာ၊ အိုအချင်းတို့ အ,သူတို့သည် ပညာမရှိသူတို့သည်။
အဟော ဝတ၊ အံ့ဩဖွယ်ကောင်းစွတကား။
အတ္ထံ ကရိဿာမာတိ၊ ကောင်းကျိုးကို ပြုကြမည်ဟု တွေး၍။
အနတ္ထမေဝ ကရောန္တီတိ စိန္တေတွာ၊ အကျိုးမဲ့ကိုသာ ပြုမိကြ၏"ဟု တွေး၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၄၆။ အနတ္ထကုသလေန အတ္ထစရိယာ၊ မလျော်ကျွမ်းကျင် အလျော်ကျွမ်းကျင်သူသည် ကြီးပွားဖို့ ပြုကျင့်ခြင်းသည်။
ဝေ န သုခါဝဟာ၊ စင်စစ်ကောင်းကျိုး ချမ်းသာကို မဆောင်တတ်။
အာရာမိကော ကပိ ယထာ၊ အရာမ်ခြံစောင့်သော သင်းအုပ်မျောက်ကဲ့သို့။
ဒုမ္မေဓော အတ္ထံ ဟာပေတိ၊ ပညာမဲ့သူသည် အကျိုးကို ဆုတ်ယုတ်စေ, လျော့စေ၏။
တတ္ထ၊ ထိုဂါထာ၌။
ဝေတိ နိပါတမတ္တံ၊ ဝေ ဟူသည်ကား နိပါတ်မျှသာတည်း။
**အနတ္ထကုသလေနာ**တိ၊ အနတ္ထကုသလေန ဟူသည်ကား။
အနတ္ထေ အနာယတနေ ကုသလေန ဝါ၊ မလျော်သည်၌ ကျွမ်းကျင်သူသည်လည်းကောင်း။
အတ္ထေ အာယတနေ ကာရဏေ အကုသလေန ဝါ၊ လျော်သည့်၌ အကြောင်းဟုတ်သည်၌ မကျွမ်းကျင်သူသည်လည်းကောင်း။
ဣတိ အတ္ထော၊ ဤကား အနတ္ထကုသလေန၏ အနက်တည်း။
**အတ္ထစရိယာ**တိ ဝုဍ္ဎိကိရိယာ၊ အတ္ထစရိယာ ဟူသည်ကား ကြီးပွားမှုပြုခြင်းတည်း။
**သုခါဝဟာ**တိ၊ သုခါဝဟာ ဟူသည်ကား။
ဧဝရူပေန အနတ္ထကုသလေန၊ ဤသို့ သဘောရှိသော အတ္ထမကျွမ်းကျင် အနတ္ထကျွမ်းကျင်သူသည်။
ကာယိကစေတသိကသုခသင်္ခါတဿ အတ္ထဿ၊ ကိုယ်စိတ်၌ ဖြစ်သော ချမ်းသာဟု ဆိုအပ်သော အကျိုးကို။
စရိယာ န သုခါဝဟာ၊ ပြုကျင့်ခြင်းသည် ချမ်းသာကို မဆောင်တတ်။
အာဝဟိတုန္တိ န သက္ကာ၊ ဆောင်ခြင်းငှာ မစွမ်းနိုင်တည်း။
ဣတိ အတ္ထော၊ ဤကား သုခါဝဟာအနက်တည်း။
ကိံ ကာရဏာ၊ အဘယ့်ကြောင့်နည်း။
ဟိ ဧကန္တေနေဝ၊ အကြင့်ကြောင့် စင်စစ်အားဖြင့်သာလျှင်။
ဒုမ္မေဓော အတ္ထံ ဟာပေတိ၊ ပညာမဲ့သူသည် အကျိုးကို ဆုတ်ယုတ်စေ၏။
ဣတိ၊ ထို့ကြောင့်တည်း။
ဗာလပုဂ္ဂလော၊ ဖျင်းအသော ပုဂ္ဂိုလ်သည်။
အတ္ထံ ကရိဿာမီတိ၊ အကျိုးကို ပြုမည်ဟု တွေး၍။
အတ္ထံ ဟာပေတွာ၊ အကျိုးကို ဆုတ်ယုတ်စေ၍။
အနတ္ထမေဝ ကရောတိ၊ အကျိုးမဲ့ကိုသာ ပြုတတ်၏။
**ကပိ အာရာမိကော ယထာ**တိ၊ ကပိ အာရာမိကော ယထာ ဟူသည်ကား။
အာရာမေ နိယုတ္တော၊ အရာမ်ခြံ၌ ယှဉ်စပ်နေထိုင်သော။
အာရာမရက္ခနကော မက္ကဋော၊ အရာမ်ခြံ စောင့်ရှောက်ပြုပြင်သော မျောက်သည်။
အတ္ထံ ကရိဿာမီတိ၊ အကျိုးကို ပြုမည်ဟု တွေး၍။
အနတ္ထမေဝ ကရောတိ ယထာ၊ အကျိုးမဲ့ကိုသာ ပြုဘိသကဲ့သို့။
ဧဝံ၊ ဤအတူ။
ယော ကောစိ အနတ္ထကုသလော၊ အကြင် အမှတ်မထား တစ်ပါးပါးသော သူသည် အတ္ထမကျွမ်းကျင် အနတ္ထကျွမ်းကျင်၏။
တေန အတ္ထစရိယံ၊ ထိုသူသည် အကျိုး ပြုကျင့်ခြင်းကို။
အာဝဟိတုံ န သက္ကာ၊ ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင်။
သော ဧကံသေန၊ ထိုသူသည် ဧကန်အားဖြင့်။
အတ္ထံ ဟာပေတိယေဝ ဣတိ၊ အကျိုးကို ဆုတ်ယုတ်စေသည်သာတည်း ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ ပဏ္ဍိတော သော ပုရိသော၊ ဤသို့လျှင် ပညာရှိသော ထိုယောကျ်ားသည်။
ဣမာယ ဂါထာယ၊ ဤဂါထာဖြင့်။
ဝါနရဇေဋ္ဌကံ ဂရဟိတွာ၊ သင်းအုပ်မျောက်ကြီးကို ကဲ့ရဲ့၍။
အတ္တနော ပရိသံ အာဒါယ၊ မိမိ၏ ပရိသတ်ကို ခေါ်ယူ၍။
ဥယျာနာ နိက္ခမိ၊ ဥယျာဉ်မှ ထွက်သွားပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။
"ဘိက္ခဝေ ဧသော ဂါမဒါရကော၊ အိုရဟန်းတို့ ထိုရွာသားသူငယ်သည်။
ဣဒါနေဝ န အာရာမဒူသကော၊ ယခုအခါ၌သာ အရာမ်ခြံဖျက်ဆီးတတ်သည် မဟုတ်သေး။
ပုဗ္ဗေပိ အာရာမဒူသကောယေဝါတိ၊ ရှေးကလည်း အရာမ်ခြံဖျက်ဆီးတတ်သည်သာဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ ဝါနရဇေဋ္ဌကော၊ ထိုအခါက သင်းအုပ်မျောက်ကြီးသည်။
အာရာမဒူသကဂါမဒါရကော အဟောသိ၊ အရာမ်ခြံဖျက်ဆီးတတ်သော ရွာသားသူငယ်သည် ဖြစ်လာပြီ။
ပဏ္ဍိတပုရိသော ပန အဟမေဝ အဟောသိန္တိ၊ ပညာရှိသော ယောကျ်ားသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**အာရာမဒူသကဇာတကဝဏ္ဏနာ ဆဋ္ဌာ**၊ **ခြောက်ခုမြောက်ဖြစ်သော အာရာမဒူသကဇာတ် အဖွင့်တည်း။**