**မာသု နန္ဒိဣစ္ဆတိ မန္တိ** ဣဒံ၊ မာသုနန္ဒိဣစ္ဆတိ မံစသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟာရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဏကံ ဥပါသကံ၊ တစ်ယောက်သော ဥပါသကာကို။
အာရဗ္ဘကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဧကော သာဝတ္ထိဝါသီ ဥပါသကော၊ တစ်ယောက်သော သာဝတ္ထိပြည်၌နေသော ဥပါသကာသည်။
တီသု သရဏေသု ပဉ္စသုသီလေသုစ၊ သုံးပါးကုန်သော ကိုးကွယ်ရာတို့၌ လည်းကောင်း ငါး
ပါးကုန်သော သီလတို့၌လည်းကောင်း။
ပတိဋ္ဌိတော၊ တည်၏။
ဗုဒ္ဓမာမကော ကိရ၊ ဘုရားမြတ်နိုးသတဲ့။
ဓမ္မာမာမကော ကိရ၊ တရားမြတ်နိုးသတဲ့။
သံဃမာမကော ကိရ၊ သံဃာမြတ်နိုးသတဲ့။
အဿဘရိယာ ပန၊ ထိုဥပါသကာ၏ မယားသည်ကား။
ဒုဿီလာပါပဓမ္မာ ကိရ၊ သီလမရှိယုတ်မာသော အကျင့်ရှိသတဲ့။
ယံဒိဝသံ မိစ္ဆာစာရံ စရတိ၊ အကြင်နေ့ရက်၌ မှားယွင်းသောအကျင့်ကိုကျင့်၏။
တံဒိဝသံ၊ အကျင့်မှားရာ ထိုနေ့ရက်၌။
သတကီတဒါသီဝိယ ဟောတိ၊ ငွေတစ်ရာဖြင့် ဝယ်အပ်သော ကျွန်မကဲ့သိုဖြစ်၏။
မိစ္ဆာစာရဿ အကတဒိတသေ ပန၊ မှားသောအကျင့်ကိုမပြုရာ နေ့ရက်၌ကား။
သာမိနီ ဝိယ ဟောတိ၊ သခင်မ ကဲ့သို့ဖြစ်၏။
စဏ္ဍာဖရုသာ၊ ကြမ်းတမ်း၏ ရိုင်းပျ၏။
သော တဿာ ဘာဝံ၊ ထိုဥပါသကာသည် ထိုမိန်းမ၏ သဘောဆန္ဒကို။
ဇာနိတုံ န သက္ကောတိ၊ သိခြင်းငှာ မစွမ်းနိုင်။
အထ တာယ ဥဗ္ဗာဠှော၊ ထိုအခါထိုမိန်းမသည် နှိပ်စက်အပ်သည် ဖြစ်၍။
ဗုဒ္ဓူပဋ္ဌာနံ န ဂစ္ဆတိ၊ ဘုရားခစားခြင်းငှာ မသွား။
အထနံ ဧကဒိဝသံ၊ ထိုအခါထိုဥပါသကာကို တစ်နေ့၌။
ဂန္ဓပုပ္ဖါဒီနိ အာဒါယ၊ နံ့သာပန်းစသည်တို့ကို ယူ၍။
အာဂန္တွာ ဝန္ဒိတွာ နိသိန္နံ၊ လာ၍ရှိခိုး၍ထိုင်နေသည်ကို။
သတ္ထာ၊ ဘုရားရှင်သည်။
"ဥပါသက ကိန္နု ခေါတွံ၊ ဥပါသကာ..အဘယ်ကြောင့်လျှင်သင်သည်။
သတ္တဋ္ဌ ဒိဝသေ၊ ခုနစ်ရက် ရှစ်ရက်တို့ပတ်လုံး။
ဗုဒ္ဓူပဋ္ဌာနံ၊ ငါဘုရားခစားခြင်းငှာ။
နာဂစ္ဆသီတိ အာဟ၊ မလာသနည်း"ဟုမေးပြီ။
ဘန္တေ မေဃရဏီ၊ မြတ်စွာဘုရား..တပည့်တော်၏အိမ်ရှင်မသည်။
ဧကသ္မိံ ဒိဝသေ၊ တစ်ခုသော နေ့၌။
သတကီတဒါသီ ဝိယဟောတိ၊ ငွေတစ်ရာဖြင့် ဝယ်အပ်သော ကျွန်မကဲ့သို့ ဖြစ်၏။
ဧကသ္မိံ ဒိဝသေ၊ တစ်ခု၌ကား။
သာမိနီ ဝိယ စဏ္ဍာဖရုသာ၊ သခင်မကဲ့သို့ကြမ်းတမ်း၏ ရိုင်းပျ၏။
အဟံ တဿာ ဘာဝံ၊ တပည့်တော်သည် ထိုအိမ်ရှင်မ၏ သဘောဆန္ဒကို။
ဇာနိတုံ န သက္ကောမိ၊ သိခြင်းငှာ မစွမ်းနိုင်ပါ။
သွာဟံ တာယ ဥဗ္ဗာဠော၊ ထိုတပည့်တော်သည် ထိုအိမ်ရှင်မသည် နှိပ်စက်အပ်ရကား။
ဗုဒ္ဓူပဋ္ဌာနံ နာဂစ္ဆာမီတိ၊ ရှင်တော်ဘုရားခစားခြင်းငှာ မလာဖြစ်ပါ"ဟုလျှောက်ပြီ။
အထအဿ ဝစနံ၊ ထိုအခါ ထိုဥပါသကာ၏ စကားကို။
သုတွာ သတ္ထာ၊ ကြားတော်မူ၍ ရှင်တော်ဘုရားသည်။
"ဥပါသက မာတုဂါမဿ၊ ဥပါသကာ... မာတုဂါမ၏။
ဘာဝေါ နာမ ဒုဇ္ဇာနောတိ၊ သဘောဆန္ဒမည်သည်ကို သိနိုင်ခဲ့၏"ဟု။
ပုဗ္ဗေပိ တေ၊ ရှေးကလည်းသင့်အား။
ပဏ္ဍိတာ ကထယိံသု၊ ပညာရှိတို့သည် ပြောဖူးကုန် ပြီ။
တွံ ပနတံ၊ သင်သည်ကားထိုစကားကို။
ဘဝသင်္ခေပဂတတ္တာ သလ္လက္ခေတုံ၊ ဘဝအကျဉ်းချုံးခြင်းသို့ရောက်သည့်အဖြစ်ကြောင့်
ကောင်းစွာ မှတ်သားခြင်းငှာ။
န သက္ကောသီတိ ဝတွာ၊ မစွမ်းနိုင်"ဟုမိန့်တော်မူ၍။
တေန ယာစိတော၊ ထိုဥပါသကာသည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကိုဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိ သတ္တော ဒိဿပါမောက္ခော၊ ဘုရားလောင်းသည် အရပ်မျက်နှာ အကြီးအမှူးဖြစ်သော။
အာစရိယောဟုတွာ၊ ဆရာကြီးသည်ဖြစ်၍။
ပဉ္စမာဏဝကသတာနိ၊ ငါးရာကုန်သော လုလင်တို့ကို။
သိပ္ပံ သိက္ခာပေတိ၊ အတတ်ပညာကိုသင်ယူစေ၏။
အထ ဧကော တိရော ရဋ္ဌဝါသိကော၊ ထိုအခါ တစ်ယောက်သော တိုင်းတစ်ပါးနေသော။
ဗြာဟ္မဏမာဏဝကော အာဂန္တွာ၊ ပုဏ္ဏားလုလင်သည် လာ၍။
တဿ သန္တိကေ၊ ထိုဘုရားလောင်း၏ အထံ၌။
သိပ္ပံ ဥဂ္ဂဏှန္တော၊ အတတ်ပညာကိုသင်ယူနေသော်။
ဧကာယ ဣတ္ထိယာ၊ တစ်ယောက်သော မိန်းမ၌။
ပဋိဗဒ္ဓစိတ္တော ဟုတွာ၊ တပ်မက်သော စိတ်ရှိသည်ဖြစ်၍။
တံ ဘရိယံ ကတွာ၊ ထိုမိန်းမကို မယားကို ပြု၍။
တသ္မိံယေဝ ဗာရဦဏသိနဂရေ ဝသန္တော၊ ထိုဗာရာဏသီမြို့၌ပင် နေသော်။
ဒွေ တိဿော ဝေလာယော၊ နှစ်ချိန််သုံးချိန်တို့ပတ်လုံး။
အာစရိယဿ ဥပဋ္ဌာနံ န ဂစ္ဆတိ၊ ဆရာအား ခစားခြင်းငှာ မသွား။
အဿ သာဘရိယာပန၊ ထိုလုလင်၏ထိုမယားသည်ကား။
ဒုဿီလာ ပါပဓမ္မာ၊ သီလမရှိယုတ်မာသော အကျင့်ရှိ၏။
မိစ္ဆာစာရံ စိဏ္ဏဒိဝသေ၊ မှားသော အကျင့်ကို ကျင့်ရာနေ့ရက်၌ကား။
ဒါသီ ဝိယ ဟောတိ၊ ကျွန််မကဲ့သို့ဖြစ်၏။
အစိဏ္ဏဒိဝသေ၊ မကျင့်ရာနေ့ရက်၌။
သာမိနီ ဝိယ ဟောတိ၊ သခင်မကဲ့သို့ဖြစ်၏။
စဏ္ဍာဖရုသာ၊ ကြမ်းတမ်း၏ ရိုင်းပျ၏။
သော တဿာ ဘာဝံ၊ ထိုလုလင်သည် ထိုမယား၏ သဘောဆန္ဒကို။
ဇာနိတုံ အသ က္ကောန္တော၊ သိခြင်းငှာ မစွမ်းနိုင်၍။
တာယ ဥဗ္ဗာဠှော၊ ထိုမယားသည်နှိပ်စက်အပ်သည်ဖြစ်၍။
အာကုလစိတ္တော၊ ရှုပ်ထွေးသောစိတ်ရှိ၍။
အာစရိယဿဥပဋ္ဌာနံ န ဂစ္ဆတိ၊ ဆရာအား ခစားခြင်းငှာ မသွား။
အထ သတ္တဋ္ဌဒိဝသေ၊ ထိုအခါ ခုနစ်ရက်ရှစ်ရက်တို့ကို။
အတိက္ကမိတွာ အာဂတံ နံ၊ ကျော်လွန််ပြီး၍ လာသောထိုလုလင်ကို။
"မာဏဝ ကိံန ပညာယသီတိ၊ အိုလုလင်အဘယ့်ကြောင့် မထင်ရှားသနည်း"ဟု။
အာစရိယောပုစ္ဆိ၊ ဆရာသည်မေးပြီ။
သော၊ ထိုလုလင်သည်။
"အာစရိယ ဘရိယာ မံ၊ ဆရာကြီး... မယားသည် ကျွန်တော့်ကို။
ဧကဒိဝသံ ဣစ္ဆတိ ပတ္ထေတိ၊ တစ်နေ့၌ အလိုရှိ၏ တောင့်တ၏။
ဒါသီ ဝိယ နိဟတမာနာဟောတိ၊ ကျွန်မသည်ကဲ့သို့ နှိမ့်ချအပ်သော မာနရှိသည် ဖြစ်၏။
ဧကဒိဝသံ သာမိနီ ဝိယ၊ တစ်နေ့၌ သခင်မကဲ့သို့။
ထဒ္ဓါစဏ္ဍာဖရုသာ၊ ခက်ထန််၏ ကြမ်းတမ်း၏ ရိုင်းပျ၏။
အဟံ တဿာ ဘာတံ၊ ကျွန်တော်သည်ထိုမယား၏သဘောဆန္ဒကို။
ဇာနိတုံန သက္ကောမိ၊ သိခြင်းငှာ မစွမ်းနိုင်ပါ။
တာယ ဥဗ္ဗာဠှော အာကုလစိတ္တော၊ ထိုမယားသည်နှိပ်စက်အပ်ရကား ရှုပ်ထွေးသော စိတ်ရှိရကား။
တုမှာကံ ဥပဋ္ဌာနံ၊ အရှင်ဆရာကြီးတို့အား ခစားခြင်းငှာ။
နာဂတော အမှီတိ၊ မလာသည်ဖြစ်ပါ၏"ဟုပြောပြီ။
အာစရိယော၊ ဆရာကြီးသည်။
မာဏဝ ဧတံဧဝံ၊ လုလင်..ဤသင်ပြောသော စကားသည် သင်ပြောသည့်အတိုင်း မှန်၏။
ဣတ္ထိယောနာမ၊ မိန်းမတို့မည်သည်။
အနာစာရံ စိဏ္ဏဒိဝသေ၊ မလျော်သော အကျင့်ကို ကျင့်ရာနေ့ရက်၌။
သာမိကံ အနုဝတ္တန္တိ၊ လင်သို့အစဥ်လိုက်ကုန်၏။
ဒါသီဝိယ၊ ကျွန်မတို့ကဲ့သို့။
နိဟတမာနာ ဟောန္တိ၊ နှိမ့်ချသောမာနရှိကုန်သည်ဖြစ်ကုန််၏။
အနာစိဏ္ဏဒိဝသေ ပန၊ မကျင့်ရာနေ့ရက်၌ကား။
မာနတ္ထဒ္ဓါ ဟုတွာ၊ မာနခက်ထန်ကုန််သည်ဖြစ်၍။
သာမိကံနဂဏေန္တိ၊ လင်ကိုအရေအတွက်ထဲမထည့်ကြကုန်။
ဧဝံ ဧတာ ဣတ္ထိယောနာမ၊ ဤကဲ့သို့ဤမိန်းမတို့မည်သည်။
အနာစာရာဒုဿီလာ၊ မလျော်သော အကျင့်ရှိကုန်၏ သီလမရှိကုန်။
တာသံ ဘာဝေါ နာမ ဒုဇ္ဇာနော၊ ထိုမိန်းမတို့၏ သဘောဆန္ဒမည်သည်ကို အသိခက်၏။
တာသု၊ ထိုမိန်းမတို့သည်။
ဣစ္ဆန္တီသုပိ အနိစ္ဆန္တီသုပိ၊ ချစ်ကြိုက်ကုန််သ်ေလည်းကောင်း မချစ်ကြိုက်ကုန်သော်လည်းကောင်း။
မဇ္ဈတ္တေနေဝ ဘဝိတဗ္ဗန္တိ၊ လျစ်လျူရှုသည်သာ ဖြစ်သင့်၏"ဟု။
ဝတွာ တဿ ဩဝါဒဝသေန၊ ပြောပြီး၍ ထိုလုလင်အားဆုံးမသည့်အစွမ်းဖြင့်။
မံ ဣစ္ဆတိ၊ ငါ့ကိုကြိုက်၏ဟုလည်း။
မာသု နန္ဒိ၊ သဘောမကျလင့်။
မ့ န ဣစ္တတိ၊ ငါ့ကိုမကြိုက်၏ဟုလည်း။
မာသု သောစိ၊ မပူလင့်။
ဥဒကေ မစ္ဆဿ ဂတံ ဣဝ၊ ရေ၌ ငါး၏ သွားခြင်းကဲ့သို့။
ထီနံ ဘာဝေါ ဒုရာဇာနော၊ မိန်းမတို့၏ သဘောဆန္ဒကိုသိနိုင်ခဲ့၏။
တတ္ထ၊ ထိုဂါထာ၌။
**မာသု နန္ဒိ ဣစ္တိတိ မန္တိ**၊ မာသု နန္ဒိဣစ္ဆတိ မံဟူသော ပါဌ်၌။
**သု** ကာရော နိပါတမတ္တံ၊ သုအက္ခရာသည် နိပါတ်မျှသာတည်း။
"အယံ ဣတ္ထိမံ၊ ဤမိန်းမသည်ငါ့ကို။
ဣစ္ဆတိ ပတ္ထေတိ၊ ကြိုက်၏ တောင့်တ၏။
မယိ သိနေဟံ ကာရောတီတိ၊ ငါ့၌ချစ်ခြင်းကို ပြု၏"ဟု။
မာတုဿိ၊ မနှစ်သက်လင့်။
**မာသု သောစိ န မိစ္ဆတီ** တိ၊ မာသု သောစိ နမိစ္ဆတိဟူသည်ကား။
အယံမံ န ဣစ္ဆတီတိပိ၊ ဤမိန်းမသည်ငါ့ကိုမကြိုက်ဟုလည်း။
မာသောစိ၊ မပူလင့်။
ဣစ္ဆမာနာယ တဿာ၊ မကြိုက်သော ထိုမိန်းမ၌။
သောကံ စအကတွာ၊ ပူပန်မှူကိုလည်းကောင်း မပြုမူ၍။
မဇ္ဈတ္တောဝ ဟောဟီတိ၊ လျစ်လျူရှုသူသည်သာဖြစ်လော့ဟု။
(ဒွီဟိဝါဒေဟိ၊ ရှေ့နှစ်ပါဒတို့ဖြင့်)။
ဒီပေတိ၊ ပြ၏။
**ထီနံ ဘာဝေါ ဒုရာဇာနေ** တိ၊ ထီနံ ဘာဝေါ ဒုရာဇာနော ဟူသည်ကား။
ဣတ္ထီနံ ဘာဝေါနာမ၊ မိန်းမတို့၏ သဘောဆန္ဒမည်သည်ကို။
ဣတ္ထိမာယာယ ပဋိစ္ဆန္နတ္တာ ဒုရာဇာနော၊ မိန်းမမာယာဖြင့် ဖုံးလွှမ်းအပ်သည့် အဖြစ်ကြောင့် သိနိုင်ခဲ၏။
ယထာ ကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
**မစ္ဆဿေဝေါဒကေ ဂတန္တိ**၊ မစ္စဿေဝေါဒကေ ဂတံဟူသည်ကား။
မစ္ဆဿဂမနံ၊ ငါး၏ပြေးလွှားခြင်းကို။
ဥဒကေန ပဋိစ္ဆန္နတ္တာ၊ ရေဖြင့်ဖုံးလွှမ်းအပ်သည့်အဖြစ်ကြောင့်။
ဒုဇ္ဇာနံ ယထာ၊ သိနိုင်ခဲသကဲ့သို့တည်း။
တေနေဝ သော၊ ထို့ကြောင့်ပင်ထိုငါးသည်။
ကေဝဋ္ဋေ အာဂတေ၊ တံငါသည်သည်လာသော်။
ဂမနံ ဥဒကေန၊ သွားခြင်းကို ရေဖြင့်။
ပဋိစ္ဆာဒေတွာ ပလာယတိ၊ ဖုံးလွှမ်း၍ ပြေး၏။
အတ္တာနံ ဂဏှိတုံ န ဒေတိ၊ မိမိကိုယ်ကို ဖမ်းယူခြင်းငှာမပေး။
ဧဝမေဝ ဣတ္ထိယော၊ ဤအတူသာမိန််းမတို့သည်။
မဟန္တံ ဒုဿီလကမ္မံ ကတွာပိ၊ ကြီးမားသော သီလမရှိမှုကို ပြုပြီး၍လည်း။
"မယံ ဧဝရူပံ၊ ကျွန်မတို့သည် ဤသို့သဘောရှိသော အမှုကို။
နကရောမာတိ၊ မပြုကြရပါ"ဟု။
အတ္တနာ ကတကမ္မံ၊ မိမိသည်ပြုအပ်သော အမှုကို။
ဣတ္ထိမာယာယ ပဋိစ္ဆာဒေတွာ၊ မိန်းမမာယာဖြင့် ဖုံးလွှမ်း၍။
သာမိကေ ဝဉ္စေန္တိ၊ လင်သားတို့ကိုလှည့်ပတ်ကုန်၏။
ဧဝံ ဧတာဣတ္ထိယော နာမ၊ ဤကဲ့သို့ ဤမိန်းမတို့မည်သည်။
ပါပဓမ္မာ ဒုရာဇာနာ၊ ယုတ်မာသောအကျင့်ရှိကုန်၏ သိနိုင်ခဲကုန်၏။
တာသု မဇ္ဈတ္တောယေဝ၊ ထိုမိန််းမတို့၌ လျစ်လျူရှုသူသည်သာ။
သုခိတော ဟောတိ ဣတိ၊ ချမ်းသာသည်ဖြစ်၏ ဤကားဂါထာဖွင့်တည်း။
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ဘုရားလောင်းသည်။
အန္တေဝါသိကဿ ဩဝါဒံ အဒါသိ၊ တပည့်အားဩဝါဒကိုပေးပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။
သော တဿာ ဥပရိ၊ ထိုလုလင်သည် ထိုမယား၏ အပေါ်၌။
မဇ္ဈတ္တောဝ အဟောသိ၊ လျစ်လျူရှုသည်သာ ဖြစ်ပြီ။
အဿ သာပိ ဘရိယာ၊ ထိုတပည့်၏ ထိုမဘားသည်လည်း။
မေဒုဿီလဘာဝေါ၊ ငါ၏သီလမရှိကြောင်းကို။
အာစရိယေန ဉာတော ကိရ ဣတိ၊ ဆရာကြီးသည် သိအပ်ပြီတဲ့ဟု ကြား၍။
တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။
အနာစာရံ နစရိ၊ မလျော်သော အကျင့်ကို မကျင့်ပြီ။
တဿ ဥပါသကဿ သာပိ ဣတ္ထီ၊ ထိုဥပါသကာ၏ ထိုမိန််းမသည်လည်း။
"မယှံ ဒုရာစာရဘာဝေါ၊ ငါ၏မကောင်းသော အကျင့်ရှိကြောင်းကို။
သမ္မာသမ္ဗုဒ္ဓေန ဉာတော ကိရ ဣတိ၊ ဘုရားရှင်သည်သိတော်မူအပ်ပြီတဲ့"ဟုကြား၍။
တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။
ပါပကမ္မံ နာမ နအကာသိ၊ မကောင်းမှုမည်သည်ကိုမပြုပြီ.
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ သော ဥပ္ပါသကော၊ သစ္စာပြပြီးအဆုံး၌ ထိုဥပါသကာသည်။
သောတာ ပတ္တိဖလေ ပတိဋ္ဌဟိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သတ္ထာ အနုသန္ဒိံ ဃဋေတွာ၊ ဘုရားရှင်သည် အနုသန္ဓေကိုစပ်တော်မူ၍။
"တဒါ ဇယမ္ပတိကာ၊ ယခုအခါ မယားလင်တို့တည်း။
အာစရိယောပန အဟမေဝ အဟောသန္တိ၊ ဆရာကြီးသည်ကား ငါဘုရားသည်သာဖြစ်လာပြီဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကိုပေါင်းတော်မူပြီ။
**ဒုရာဇာနဇာတကဝဏ္ဏနာ စတုတ္ထာ၊ လေးခုမြောက်ဖြစ်သော ဒုရာဇာနဇာတ်အဖွင့်တည်း။**