Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[88] 8. Sārambhajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ကလျာဏိမေဝ မုဉ္စေယျာ** တိ ဣဒံ၊ ကလျာဏိမေဝ မုဉေယျစသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဩမသဝါဒ သိက္ခာပဒံ အာရဗ္ဘ ကထေသိ၊ ဩမသဝါဒသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဒွေပိ ဝတ္ထူနိ၊ အတိတ်ပစ္စုပ္ပန်ဝတ္ထု နှစ်တန်တို့သည်လည်း။ ဟေဋ္ဌာ၊ အောက်ဟုခေါ်သော ရှေး၌။ နန္ဒိဝိသာလဇာတကေ ဝုတ္တသဒိသာနေဝ၊ နန္ဒိဝိသာလဇာတ်၌ ဆိုအပ်ခဲ့ပြီးသည်နှင့် တူကုန်သည်သာတည်း။
ဣမသ္မိံ ဇာတကေ ဗောဓိသတ္တော၊ ဤသာရမ္ဘဇာတ်၌ ကား ဘုရားလောင်းသည်။ ဂန္ဓာရရဋ္ဌ တက္ကသိလာယံ၊ ဂန္ဓာရတိုင်း တက္ကသိုလ် မြို့၌။ အညတရဿ ဗြာဟ္မဏဿ၊ မထင်ရှားသော ပုဏ္ဏား၏။ သာရမ္ဘော နာမ ဗလိဗဒ္ဓေါ အဟောသိ၊ သာရမ္ဘမည်သော နွားလားသည် ဖြစ်ပြီ။
သတ္ထာ ဣဒံ အတီတဝတ္ထုံ ကထေတွာ၊ ဘုရားရှင်သည် ဤအတိတ်ဝတ္ထုကြောင်းကို ဟောတော် မူပြီး၍။ အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားသည်ဖြစ်တော် မူ၍ (ဘုရားဖြစ်တော်မူမှ)။
ကလျာဏိမေဝ မုဉ္စေယျ၊ ကောင်းသည်ကိုသာ နှုတ်မှလွှတ်ရာ၏။ ပါပိကံ မုဇ္ဈေယျ၊ မကောင်းသည်ကို နှုတ်မှမလွှတ်ရာသည်သာတည်း။
ကလျာဏိယာ မောက္ခော သာဓု၊ ကောင်းသည်ကို နှုတ်မှလွှတ်ခြင်းသည်ကောင်း၏။ ပါပိကံ မုတွာ တပ္ပတိ၊ မကောင်းသည်ကို နှုတ်မှလွှတ်မိ၍ ပူပန်ရ၏။
တတ္ထ၊ ဂါထာ၌။ **ကလျာဏိမေဝ မုဉ္စေယျာ** တိ၊ ကလျာဏိမေဝ မုဉ္စေယျ ဟူသည်ကား။ စတုဒေါသ ဝိနိမုတ္တံ ကလျာဏိံ သုန္ဒရံ၊ အပြစ်လေးမျိုးလွတ်သော ကောင်းသော။ အနဝဇ္ဇံ ဝါစမေဝ မုစ္ဆေယျ၊ အပြစ်မရှိသော စကားကိုသာ နှုတ်မှ လွှတ်ရာ၏တည်း။ ပိဿဇ္ဇေယျ ကထေယျ၊ ဖြေဆိုရာ၏တည်း ပြောရာ၏တည်း။
**န ဟိ မုယျ ပါပိကန္တိ**၊ န ဟိ မုယျ ပါပိကံဟူသည်ကား။ ပါပိယံ လာမိကံ၊ မကောင်းသော။ ပရေသံ အပ္ပိယံ အမနာပံ၊ သူတစ်ပါးတို့သည် မချစ်အပ်သော မနှစ်သက်အပ်သော စကားကို။ န မုဉ္စေယျ န ကထေယျ၊ နှုတ်မှမလွှတ်ရာတည်း မပြောရာတည်း။
**မောက္ခော ကလျာဏိယာ သာဓူ** တိ၊ မောက္ခော ကလျာဏိ သာဓု ဟူသည်ကား။ ကလျာဏဝါစာယ ဝိဿဇ္ဇနမေဝ၊ ကောင်းသော စကားကို ဖြေဆိုခြင်းသည်သာ။ ဣမသ္မိံ လောကေ သာဓု၊ ဤလောက၌ ကောင်း၏။ သုန္ဒရံ ဘဒ္ဒကံ၊ တင့်တယ်၏တည်း။
**မုတွာ တပ္ပတိ ပါပိကန္တိ**၊ မုတွာ တပ္ပတိ ပါပိကံ ဟူသည်ကား။ ပါပိကံ ဖရုသဝါစံ၊ ယုတ်မာသော ရိုင်းပြသော စကားကို။ မုဉ္ဇိတွာ ဝိဿဇ္ဇေတွာ ကထေတွာ၊ နှုတ်မှလွှတ်မိ၍ ဖြေဆိုမိ၍ ပြောမိ၍။ သော ပုဂ္ဂလော တပ္ပတိ၊ ထိုပြောမိသော ပုဂ္ဂိုလ်သည် ပူပန်ရ၏တည်း။ သောစတိ ကိလမတိ၊ စိုးရိမ်ရ၏တည်း ပင်ပန်းရ၏တည်း။ ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ သတ္ထာ၊ ဤသို့ မြတ်စွာဘုရားသည်။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ ဗြာဟ္မဏော၊ ထိုအခါက ပုဏ္ဏားသည်။ အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။ ဗြာဟ္မဏီ ဥပ္ပလဝဏ္ဏာ၊ ပုဏ္ဏေးမကား ဥပ္ပလဝဏ်ထေရီမတည်း။ သာရမ္ဘော ပန အဟမေဝ အဟောသိန္တိ၊ သာရပ္တနွားလားသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
သာရတ္တဇာတကပဏ္ဏနာ အဋ္ဌမာ၊ ရှစ်ခုမြောက်ဖြစ်သောသာရမ္ဘဇာတ်အဖွင့်တည်း။