**မနုညမေဝ ဘာသေယျာတိ** ဣဒံ၊ မနုညမေဝ ဘာသေယျ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဆဗ္ဗဂ္ဂိယာနံ ဘိက္ခူနံ၊ ၆-ပါးအုပ်စု ဆဗ္ဗဂ္ဂီမည်ကုန်သော ရဟန်းတို့၏။
ဩမသဝါဒံ အာရဗ္ဘ ကထေသိ၊ နှုတ်လှံထိုးခြင်းကို (စိတ်ဆင်းရဲအောင် ပြောဆိုခြင်းကို) အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တသ္မိံ သမယေ ဆဗ္ဗဂ္ဂိယာ၊ ချဲ့ဦးအံ့ ထိုအခါက ၆-ပါးအုပ်စု, ဆဗ္ဗဂ္ဂီရဟန်းတို့သည်။
ကလဟံ ကရောန္တာ၊ ငြင်းခုံခြင်းကို ပြုကုန်သော်။
ပေသလေ ဘိက္ခူ၊ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို။
ခုံသေန္တိ ဝမ္ဘေန္တိ ဩဝိဇ္ဈန္တိ၊ ဆဲရေးကုန်၏ ရှုတ်ချကုန်၏ နှုတ်လှံထိုးကုန်၏။
ဒသဟိ အက္ကောသဝတ္ထူဟိ၊ ဆယ်မျိုးကုန်သော ဆဲရေးကြောင်းဝတ္ထုတို့ဖြင့်။
အက္ကောသန္တိ၊ ဆဲရေးကုန်၏။
ဘိက္ခူ ဘဂဝတော အာရောစေသုံ၊ ရဟန်းတို့သည် ဘုရားအား လျှောက်ထားကြပြီ။
ဘဂဝါ ဆဗ္ဗဂ္ဂိယေ ပက္ကောသာပေတွာ၊ ဘုရားရှင်သည် ၆-ပါးအုပ်စုရဟန်းတို့ကို ခေါ်တော်မူစေ၍။
သစ္စံ ကိရ ဘိက္ခဝေါတိ ပုစ္ဆိတွာ၊ မှန်သလော ရဟန်းတို့မှ မေးတော်မူ၍။
သစ္စန္တိ ဝုတ္တေ၊ မှန်ပါ၏ဟု လျှောက်ထားအပ်သော်။
ဝိဂရဟိတွာ၊ အထူးထူးအပြားပြား ကဲ့ရဲ့တော်မူ၍။
"ဘိက္ခဝေ ဖရုသဝါစာ နာမ၊ ရဟန်းတို့ ကြမ်းတမ်းသောစကားမည်သည်ကို။
တိရစ္ဆာနဂတာနမ္ပိ အမနာပါ၊ တိရိစ္ဆာန်တို့သည်သော်မှလည်း မနှစ်သက်အပ်။
ပုဗ္ဗေပိ ဧကော တိရစ္ဆာနဂတော၊ ရှေးကလည်း တစ်ကောင်သော တိရိစ္ဆာန်သည်။
အတ္တာနံ ဖရုသေန သမုဒါစရန္တံ၊ မိမိကိုကြမ်းတမ်းသော စကားဖြင့် ပြောဆိုသူကို။
သဟဿံ ပရာဇေသီတိ ဝတွာ၊ တစ်ထောင်ကို ရှုံးစေဖူးပြီ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဂန္ဓာရရဋ္ဌေ တက္ကသိလာယံ၊ လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း၌ တက္ကသိုလ်မြို့၌။
ဂန္ဓာရရာဇာ ရဇ္ဇံ ကာရေသိ၊ ဂန္ဓာရမင်းသည် မင်းအဖြစ်ကို ပြုပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်းသည်။
ဂေါယောနိယံ နိဗ္ဗတ္တိ၊ နွားမျိုး၌ ဖြစ်ပြီ။
အထ နံ၊ ထိုအခါ ထိုဘုရားလောင်းကို။
တရုဏဝစ္ဆကကာလေယေဝ ဧကော ဗြာဟ္မဏော၊ နွားကလေးအရွယ်၌ပင်လျှင် ပုဏ္ဏားတစ်ယောက်သည်။
ဂေါဒက္ခိဏာဒါယကာနံ သန္တိကာ လဘိတွာ၊ နွားအလှူ လှူသူတို့၏ အထံမှ ရ၍။
နန္ဒိဝိသာလောတိ နာမံ ကတွာ၊ နန္ဒိဝိသာလဟူသော နာမည်ကို ပြု၍(မှည့်၍)။
ပုတ္တဋ္ဌာနေ ဌပေတွာ၊ သားအရာ၌ ထား၍။
သမ္ပိယာယမာနော၊ မြတ်နိုးလှ၍။
ယာဂုဘတ္တာဒီနိ ဒတွာ ပေါသေသိ၊ ယာဂု, ထမင်းစသည်တို့ကိုပေး၍ (ကျွေး၍) မွေးမြူပြီ။
ဗောဓိသတ္တော ဝယပ္ပတ္တော၊ ဘုရားလောင်း နန္ဒိဝိသာလသည် အရွယ်ရောက်သော်။
"အဟံ ဣမိနာ ဗြာဟ္မဏေန၊ ငါ့ကို ဤပုဏ္ဏားသည်။
ကိစ္ဆေန ပဋိဇဂ္ဂိတော၊ ပင်ပန်းစွာ မွေးမြူရပြီ။
မယာ စ သဒ္ဓိံ၊ ငါနှင့်လည်း အတူ။
သကလဇမ္ဗုဒီပေ အညော၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ ငါမှ တစ်ပါးသော။
သမဓုရော ဂေါဏော နာမ နတ္ထိ၊ ထပ်တူထပ်မျှ ဝန်ကိုရွက်ဆောင်နိုင်သော နွားမည်သည် မရှိ။
အဟံ၊ ငါသည်။
အတ္တနော ဗလံ ဒဿေတွာ၊ မိမိ၏ ခွန်အားကို ပြ၍။
ဗြာဟ္မဏဿ ပေါသာဝနိယံ၊ ပုဏ္ဏား၏ မွေးကျေးဇူးကို။
ယန္နူန ဒဒေယျန္တိ စိန္တေသိ၊ ပေးရဆပ်ရပါမူကား ကောင်းပေစွ"ဟု ကြံပြီ။
သော ဧကဒိဝသံ ဗြာဟ္မဏံ၊ ထိုဘုရားလောင်းသည် တစ်နေ့၌ ပုဏ္ဏားကို။
"ဂစ္ဆ ဗြာဟ္မဏ၊ သွားပါချေ အိုပုဏ္ဏား။
ဧကံ ဂေါဝိတ္တကသေဋ္ဌိံ ဥပသင်္ကမိတွာ၊ တစ်ယောက်သော နွားဥစ္စာရှိ သူဌေး (နွားသူဌေး)သို့ ချဉ်းကပ်၍။
မယှံ ဗလိဗဒ္ဒေါ၊ ငါ၏ နွားလားသည်။
အတိဗဒ္ဓံ သကဋသတံ၊ တစပ်တည်း ဖွဲ့ထားအပ်သော ကုန်တင်ထားသော လှည်းတရာကို။
ပဝဋ္ဋေတီတိ ဝတွာ၊ လိမ့်စေနိုင်၏, ရုန်းနိုင်၏ဟု ပြော၍။
သဟဿေန အဗ္ဘုတံ၊ တစ်ထောင်ဖြင့် (တစ်ထောင်ကြေး) လောင်းမှုကို။
ကရောဟီတိ အာဟ၊ ပြုလော့"ဟု ဆိုပြီ။
သော ဗြာဟ္မဏော သေဋ္ဌိဿ သန္တိကံ ဂန္တွာ၊ ထိုပုဏ္ဏားသည် နွားသူဌေး၏ အထံသို့ သွား၍။
"ဣမသ္မိံ နဂရေ ကဿ ဂေါဏော၊ ဤတက္ကသိုလ် မြို့၌ မည်သူ၏ နွားသည်။
ထာမသမ္ပန္နောတိ၊ ခွန်အားပြည့်စုံသနည်း ခွန်အားကောင်းသနည်း"ဟု။
ကထံ သမုဋ္ဌာပေသိ၊ စကားကို ဖြစ်စေပြီ။
အထ နံ သေဋ္ဌိ၊ ထိုအခါ ပုဏ္ဏားကို နွားသူဌေးသည်။
အသုကဿ စ အသုကဿ စာတိ ဝတွာ၊ ထိုမည်သူ၏လည်းကောင်း, ထိုမည်သူ၏လည်းကောင်းဟု ပြောပြီးသော်။
သကလနဂရေ ပန၊ တက္ကသိုလ်တစ်မြို့လုံး၌ကား။
အမှာကံ ဂေါဏေဟိ၊ ငါတို့၏ နွားတို့နှင့်။
သဒိသော နာမ နတ္ထီတိ အာဟ၊ တူသောနွားမည်သည် မရှိဟု ပြောဆိုပြီ။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
"အတိဗဒ္ဓံ သကဋသတံ၊ တစ်စပ်တည်း ဖွဲ့ချည်ထားအပ်သော ကုန်တင်ထားသော လှည်းတစ်ရာကို။
ပဝဋ္ဋေတုံ သမတ္ထော၊ လိမ့်စေခြင်းငှာ စွမ်းနိုင်သော။
ဧကော ဂေါဏော၊ တစ်ကောင်သော နွားသည်။
မယှံ အတ္ထီတိ အာဟ၊ ငါ့အား ရှိ၏"ဟု ဆိုပြီ။
ဂဟပတိ သေဋ္ဌိ၊ အိမ်ကြီးရှင်ဖြစ်သော နွားသူဌေးသည်။
ဧဝရူပေါ ဂေါဏော၊ ဤသို့ သင်ပုဏ္ဏားပြောသည့်သဘော ရှိသော နွားသည်။
ကုတောတိ အာဟ၊ ဘယ်မှာရှိမှာလဲဟု ပြောပြီ။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
မယှံ ဂေဟေ အတ္ထီတိ၊ ငါ့၏ အိမ်၌ ရှိကိုရှိသည်ဟု ပြောပြီ။
တေန ဟိ အဗ္ဘုတံ ကရောဟီတိ၊ ထိုသို့ တပြီးကား (ဒီလိုဆို) လောင်းတမ်းစားတမ်းကို ပြုလော့ဟု။
(သေဋ္ဌိ အာဟ၊ နွာသူဌေးသည် ဆိုပြီ)။
သာဓု ကရောမီတိ၊ ကောင်းပြီ ပြုမည်ဟု။
(ဗြဟ္မဏော ဝတွာ၊ ပုဏ္ဏားသည် ပြော၍)။
သဟဿေန အဗ္ဘုတံ အကာသိ၊ တစ်ထောင်ဖြင့် လောင်းတမ်းစားတမ်းကို ပြုပြီ။
သော သကဋသတံ၊ ထိုပုဏ္ဏားသည် လှည်းတစ်ရာကို။
ဝါလုကာသက္ခရပါသာဏာနံယေဝ ပူရေတွာ၊ သဲ,ကျောက်စရစ်ခဲ, ကျောက်တို့ဖြင့် ပြည့်စေ၍။
ပဋိပါဋိယာ ဌပေတွာ၊ အစဉ်အတိုင်း တည်စေ၍,ထား၍။
သဗ္ဗာနိ အက္ခဗန္ဓနယောတ္တေန၊ လှည်းတစ်ရာလုံးတို့ကို လှည်းဝင်ရိုးချည်သော ကြိုးဖြင့်။
ဧကတော ဗန္ဓိတွာ၊ တစ်ပေါင်းတည်း ဖွဲ့ချည်၍။
နန္ဒိဝိသာလံ နှာပေတွာ၊ နန္ဒိဝသာလနွားကို ရေချိုးစေ၍။
ဂန္ဓပဉ္စင်္ဂုလိကံ ကတွာ၊ နံ့သာလက်ငါးချောင်းရာရှိသည်ကို ပြုပြီး၍။
ကဏ္ဌေ မာလံ ပိဠန္ဓိတွာ၊ လည်ပင်း၌ ပန်းကုံးကို ပန်ဆင်၍။
ပုရိမသကဋဓုရေ ဧကကမေဝ ယောဇေတွာ၊ ရှေ့ဆုံးလှည်း၏ ထမ်းပိုး၌ တစ်ကောင်တည်းကိုသာ ယှဉ်စေ၍ (က၍)။
သယံ ဓုရေ နိသီဒိတွာ၊ ကိုယ်တိုင် ထမ်းပိုးပေါ်၌ ထိုင်၍။
ပတောဒံ ဥက္ခိပိတွာ၊ ကြိမ်လုံးကို မြှောက်၍။
"ဂစ္ဆ ကူဋ၊ သွားလိုက် နွားကောက်ကြီး။
ဝဟဿု ကူဋာတိ အာဟ၊ ရွက်ဆောင်လိုက် ရုံးလိုက် နွားကောက်ကြီးဟု ပြောဆိုပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
"အယံ အကူဋံ မံ၊ ဤ ပုဏ္ဏားသည် မကောက်ကျစ်သော ငါ့ကို။
ကူဋဝါဒေန သမုဒါစရတီတိ၊ ကောက်ကျစ်၏ ဟူသော အခေါ်အဝေါ်ဖြင့် ပြောဆိုခေါ်ဝေါ်၏"ဟု တွေး၍။
စတ္တာရော ပါဒေ ထမ္ဘေ ဝိယ၊ လေးချောင်းကုန်သော ခြေတို့ကို တိုင်တို့ကိုကဲ့သို့။
နိစ္စလေ ကတွာ အဋ္ဌာသိ၊ မတုန်လှုပ်သည်တို့ကို ပြု၍ ရပ်နေပြီ။
သေဋ္ဌိ တင်္ခဏညေဝ၊ နွားသူဌေးသည် ဘုရားလောင်းရပ်နေရာ ထိုခဏ၌ပင်။
ဗြာဟ္မဏံ သဟဿံ အာဟရာပေသိ၊ ပုဏ္ဏားကို ငွေတစ်ထောင်ကို ဆောင်ယူစေပြီ ယူပေးခိုင်းပြီ။
ဗြာဟ္မဏော သဟဿပရာဇိတော၊ ပုဏ္ဏားသည် ငွေတစ်ထောင်ရှုံး၍။
ဂေါဏံ မုဉ္စိတွာ၊ နန္ဒိဝိသာလနွားကို ကြိုးဖြေလွှတ်၍။
ဃရံ ဂန္တွာ၊ အိမ်သို့ သွား၍။
သောကာဘိဘူတော နိပဇ္ဇိ၊ သောကနှိပ်စက်ခံရ၍ အိပ်ပြီ။
နန္ဒိဝိသာလော စရိတွာ အာဂတော၊ နန္ဒိဝိသာလသည် လှည့်လည်ကျက်စားပြီး၍ ပြန်လာသော်။
ဗြာဟ္မဏံ သောကာဘိဘူတံ၊ ပုဏ္ဏားကို သောကနှိပ်စက်ခံနေရသည်ကို။
ဒိသွာ၊ တွေ့မြင်၍။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
"ကိံ ဗြာဟ္မဏ နိဒ္ဒါယသီတိ အာဟ၊ ဘယ်လိုလဲ ပုဏ္ဏားကြီး အိပ်နေသလား"ဟု မေးပြီ။
သဟဿပရာဇိတဿာ မေ၊ ငွေတစ်ထောင် ရှုံးထားသော ငါ့အား။
ကုတော နိဒ္ဒါတိ၊ ဘယ်မှာ အိပ်နိုင်မည်နည်းဟု ဖြေပြီ။
ဗြာဟ္မဏ မယာ၊ အို ပုဏ္ဏား ငါသည်။
ဧတ္တကံ ကာလံ၊ ဤမျှ အတိုင်းအရှည်ရှိသော ကာလပတ်လုံး။
တဝ ဂေဟေ ဝသန္တေန၊ သင့်၏ အိမ်၌ နေစဉ်။
ကိဉ္စိ ဘာဇနံ၊ တစ်စုံတစ်ခုသော အိုးခွက်ကို။
ဘိန္ဒိတပုဗ္ဗံ ဝါ အတ္ထိ၊ ခွဲအပ်ဖူးသည်လည်း ရှိသလော။
ကောစိ မဒ္ဒိတပုဗ္ဗောဝါ၊ သက်ရှိတစ်စုံတစ်ယောက်ကို နင်းအပ်ဖူးသည်လည်း။
(အတ္ထိ၊ ရှိသလော)။
ပန အဋ္ဌာနေ၊ သည့်ပြင် မတော်ရာ၌။
ဥစ္စာရပဿာဝေါ ကတပုဗ္ဗော ဝါ၊ ကျင်ကြီးကျင်ငယ်ကို ပြုအပ်ဖူးသည်လည်း။
(အတ္ထိ၊ ရှိသလော)။
ဣတိ၊ ဤသို့ မေးပြီ။
နတ္ထိ တာတာတိ၊ မရှိပါ ချစ်သားဟု ဖြေပြီ။
အထ ကသ္မာ၊ ထိုသို့ မရှိပါဘဲလျက် အဘယ့်ကြောင့်။
တွံ မံ၊ သင် ပုဏ္ဏားသည် ငါ့ကို။
ကူဋဝါဒေန သမုဒါစရသိ၊ နွားကောက်ကြီးဟူသော စကားလုံးဖြင့် ခေါ်ဝေါ်ပြောဆိုဘိသနည်း။
ဧသော တဝေဝ ဒေါသော၊ ဤရှုံးခြင်းသည် သင်သင် ပုဏ္ဏား၏သာ အပြစ်တည်း။
မယှံ ဒေါသော နတ္ထိ၊ ငါ နိန္ဒိဝိသာလ၏ အပြစ်သည် မရှိ။
ဂစ္ဆ တေန သဒ္ဓိံ၊ သွားပါချေ ထိုနွားသူဌေးနှင့်အတူ။
ဒွီဟိ သဟဿေဟိ အဗ္ဘုတံ ကရောဟိ၊ နှစ်ထောင်တို့ဖြင့် လောင်းတမ်းကို ပြုလော့။
ကေဝလံ အကူဋံ မံ၊ ကောက်ကျစ်မှုမဖက်, သန့်ရှင်းသူသက်သက်ဖြစ်သော (ဝါ) အလျဉ်းပင် မကောက်ကျစ်သော ငါ့ကို။
ကူဋဝါဒေန မာ သမုဒါစရသီတိ၊ နွားကောက်ကြီးဟူသော စကားလုံးဖြင့် မခေါ်ပါလင့်ဟု ပြောပြီ။
ဗြာဟ္မဏော တဿ ဝစနံ၊ ပုဏ္ဏားသည် ထိုဘုရားလောင်းနွားမင်း၏ စကားကို။
သုတွာ ဂန္တွာ၊ ကြားရ၍ သွား၍။
ဒွီဟိ သဟဿေဟိ အဗ္ဘုတံ ကတွာ၊ နှစ်ထောင်တို့ဖြင့် လောင်းတမ်းကို ပြု၍။
ပုရိမနယေနေဝ၊ ရှေးနည်းဖြင့်သာ။
သကဋသတံ အတိဗန္ဓိတွာ၊ ကုန်တင်လှည်းတစ်ရာကို တစ်စပ်တည်း ဖွဲ့ချည်၍။
နန္ဒိဝိသာလံ မဏ္ဍေတွာ၊ နန္ဒိဝိသာလကို တန်ဆာဆင်၍။
ပုရိမသကဋဓုရေ ယောဇေသိ၊ ရှေ့ဆုံးလှည်း၏ ထမ်းပိုး၌ ယှဉ်စေပြီ ကပြီ။
ကထံ ယောဇေသီတိ၊ ဘယ်သို့ ယှဉ်စေ ကစေသနည်း ဤကားအမေးတည်း။
ယုဂံ ဓုရေ၊ ထမ်းပိုးကို လှည်းဦး၌။
နိစ္စလံ ဗန္ဓိတွာ၊ မလှုပ်အောင် ဖွဲ့ချည်၍။
ဧကာယ ကောဋိယာ၊ တစ်ဘက်သော ထမ်းပိုးစွန်း၌။
နန္ဒိဝိသာလံ ယောဇေတွာ၊ နန္ဒိဝိသာလနွားကို ယှဉ်စေ၍ က၍။
ဧကံ ကောဋိံ၊ တစ်ဘက်သော ထမ်းပိုးစွန်းကို။
ဓုရယောတ္တေန ပလိဝေဌေတွာ၊ လှည်းဦးလွန်ကြိုးဖြင့် ရစ်ပတ်၍။
ယုဂကောဋိဉ္စ အက္ခပါဒဉ္စ နိဿာယ၊ ထမ်းပိုးအစွန်းကိုလည်းကောင်း, လှည်းဝင်ရိုးအခြေကိုလည်းကောင်း မှီ၍။
မုဏ္ဍရုက္ခဒဏ္ဍကံ ဒတွာ၊ အဖျားညီအောင် တုံးထားသောသစ်သားချောင်းကို ထောက်ပေး၍။
တေန ယောတ္တေန၊ ထိုလှည်းဦး လွန်ကြိုးဖြင့်။
နိစ္စလံ ဗန္ဓိတွာ ဌပေသိ၊ မလှုပ်အောင် ချည်၍ ထားပြီ။
ဟိ ဧဝံ ကတေ၊ အကျိုးပြရသော် ဤသို့ ချည်ထားမှုပြုအပ်သော်။
ယုဂံ၊ ထမ်းပိုးသည်။
ဧတ္တော ဝါ ဣတော ဝါ န ဂစ္ဆတိ၊ ထိုမှလည်းကောင်း, ဤမှလည်းကောင်း မသွားတော့။
ဧကေနေဝ ဂေါဏေန အာကဍ္ဎိတုံ၊ တစ်ကောင်တည်းသာဖြစ်သော နွားသည် ဆွဲငင်ခြင်းငှာ။
သက္ကာ ဟောတိ၊ တတ်ကောင်းသည် ဖြစ်၏။
အထ ဗြာဟ္မဏော၊ ထိုအခါ ပုဏ္ဏားသည်။
အဿ ဓုရေ နိသီဒိတွာ၊ ထိုလှည်း၏ ဦး၌ ထိုင်နေ၍။
နန္ဒိဝိသာလဿ ပိဋ္ဌိံ ပရိမဇ္ဇိတွာ၊ နန္ဒိဝိသာလနွားမင်း၏ ကျောကို ပွတ်သပ်၍။
"ဂစ္ဆ ဘဒြ၊ သွားလိုက် နွားကောင်းကြီး။
ဝဟဿု ဘန္ဒြာတိ အာဟ၊ ရွတ်ဆောင်လိုက် ရုံလိုက် နွားကောင်းကြီးဟု ဆိုပြီ။
ဗောဓိသတ္တော အတိဗဒ္ဓံ သကဋသတံ၊ ဘုရားလောင်းသည် တစ်စပ်တည်း ချည်ထားအပ်သော ဝန်တင်လှည်းတစ်ရာကို။
ဧကဝေဂေနေဝ အာကဍ္ဎိတွာ၊ တစ်ဟုန်တည်းဖြင့်သာ ဆွဲငင်၍။
ပစ္ဆာ ဌိတံ သကဋံ၊ နောက်ဆုံး၌ တည်သော လှည်းကို။
ပုရတော ဌိတဿ သကဋဿ၊ ရှေ့ဆုံး၌ တည်သော လှည်း၏။
ဌာနေ ဌပေသိ၊ တည်ရာဌာန၌ ထားပြီ။
ဂေါဝိတ္တကသေဋ္ဌိ ပရာဇိတော၊ နွားသူဌေးသည် ရှုံး၍။
ဗြာဟ္မဏဿ ဒွေ သဟဿာနိ အဒါသိ၊ ပုဏ္ဏားအား ငွေနှစ်ထောင်တို့ကို ပေးပြီ။
အညေပိ မနုဿာ၊ အခြားလည်း ဖြစ်ကုန်သော လူတို့သည်။
ဗောဓိသတ္တဿ ဗဟုံ ဓနံ အဒံသု၊ ဘုရားလောင်း နန္ဒိဝိသာလနွားမင်းအား များစွာသော ဥစ္စာကို ပေးကုန်ပြီ။
သဗ္ဗံ ဗြာဟ္မဏဿေဝ အဟောသိ၊ ပေးသမျှဥစ္စာအားလုံးသည် ပုဏ္ဏားအတွက်သာ ဖြစ်ပြီ။
ဧဝံ သော၊ ဤသို့လျှင် ထိုပုဏ္ဏားသည်။
ဗောဓိသတ္တံ နိဿာယ၊ ဘုရားလောင်းကို မှီ၍။
ဗဟုံ ဓနံ လဘိ၊ များစွာသော ဥစ္စာကို ရပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ ဖရုသဝစနံ နာမ၊ ရဟန်းတို့ ကြမ်းတမ်းသော စကားမည်သည်ကို။
ကဿစိ န မနာပန္တိ၊ မည်သူသည်မျှ မနှစ်သက်အပ်"ဟု။
ဆဗ္ဗဂ္ဂိယေ ဘိက္ခူ ဂရဟိတွာ၊ ၆-ပါးအုပ်စုဖြစ်ကုန်သော ရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍။
သိက္ခာပဒံ ပညပေတွာ၊ ဩမသဝါဒသိက္ခာပုဒ်ကို ပညတ်တော်မူ၍။
အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားသည် ဖြစ်တော်မူ၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဟောတော်မူပြီ။
၂၈။ မနုညမေဝ ဘာသေယျ၊ နှစ်သက်ဖွယ်ကိုသာ ပြောဆိုရာ၏။
နာမနုညံ ကုဒါစနံ န ဘာသေယျ၊ မနှစ်သက်ဖွယ်ကိုကား တစ်ရံတစ်ခါမျှ မပြောဆိုရာ။
မနုညံ ဘာသမာနဿ၊ နှစ်သက်ဖွယ်ကို ပြောဆိုသော ပုဏ္ဏား၏။
ဂရုံ ဘာရံ ဥဒဒ္ဓရိ၊ လေးလံသော ဝန်ကို ထုတ်ဆောင်ဆွဲငင်, လိမ့်စေပြီ။
ဓနဉ္စ နံ အလာဘေသိ၊ ဥစ္စာကိုလည်း ထိုပုဏ္ဏားကို ရစေပြီ။
တေန စ အတ္တမနော အဟု၊ ထိုသို့ ဥစ္စာရခြင်းကြောင့်လည်း မိမိစိတ်ရှိ၍ နှစ်သက်သည် ဖြစ်ပြီ။
တတ္ထ၊ ထိုဂါထာ၌။
**မနုညမေဝ ဘာသေယျာ**တိ၊ မနုညမေဝ ဘာသေယျ ဟူသည်ကား။
ပရေန သဒ္ဓိံ ဘာသမာနော၊ သူများနှင့်တကွ ပြောသူသည်။
စတုဒေါသဝိရဟိတံ မဓုရံ၊ လိမ်ညာ, ချောပစ်, ကြမ်းတမ်း, ပြိန်ဖျင်း, အပြစ်လေးမျိုးကင်းသော ချိုမြိန်သော။
မနာပံ သဏှံ၊ နှစ်သက်ဖွယ်သော နူးညံ့သော။
မုဒုကံ ပိယဝစနမေဝ ဘာသေယျ၊ သိမ်မွေ့သော ချစ်ဖွယ်စကားကိုသာ ပြောရာ၏တည်း။
**ဂရုံ ဘာရံ ဥဒဒ္ဓရီ**တိ၊ ဂရုံ ဘာရံ ဥဒဒ္ဓရီ ဟူသည်ကား။
နန္ဒိဝိသာလော ဗလိဗဒ္ဒေါ၊ နန္ဒိဝိသာလမည်သော နွားလားသည်။
အမနာပံ ဘာသမာနဿ၊ မနှစ်သက်ဖွယ်ကို ပြောသော ပုဏ္ဏား၏။
ဘာရံ အနုဒ္ဓရိတွာ၊ ဝန်ကို မထုတ်ဆောင်မူ၍ မရုန်းမူ၍။
ပစ္ဆာ မနာပံ ပိယဝစနံ၊ နောက်၌ နှစ်သက်ဖွယ်သော ချစ်ဖွယ်စကားကို။
ဘာသမာနဿ ဗြာဟ္မဏဿ၊ ပြောသော ပုဏ္ဏား၏။
ဂရုံ ဘာရံ ဥဒ္ဓရိ၊ လေးသော ဝန်ကို ထုတ်ဆောင်ပြီ။
ဥဒ္ဓရိတွာ ကဍ္ဎိတွာ ပဝဋ္ဋေသိ ဣတိ အတ္ထော၊ ထုတ်ဆောင်ဆွဲငင်၍ လိမ့်စေပြီ ဤကား ဥဒဒ္ဓရိ၏ အနက်တည်း။
ပန ဧတ္ထ ဒကာရော၊ ဆက်ပြောရသော် ဤဥဒဒ္ဓရိပုဒ်၌ ရှေ့ဒအက္ခရာသည်။
ဗျဉ္ဇနသန္ဓိဝသေန ပဒသန္ဓိကရော၊ ဗျဉ္ဇနသန္ဓိအစွမ်းဖြင့် ဥပုဒ်, အန္ဓရိပုဒ်တို့၏ စပ်မှုပြုတတ်၏။
ဣတိ သတ္ထာ၊ ဤသို့လျှင် ဘုရားရှင်သည်။
မနုညမေဝ ဘာသေယျာတိ၊ မနုညမေဝ ဘာသေယျ စသော။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
"တဒါ ဗြာဟ္မဏော၊ ထိုအခါက ပုဏ္ဏားသည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
နန္ဒိဝိသာလောပန အဟမေဝ အဟောသိန္တိ၊ နန္ဒိဝိသာလနွားလားသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**နန္ဒိဝိသာလဇာတကဝဏ္ဏနာ အဋ္ဌမာ**၊ **ရှစ်ခုမြောက် ဖြစ်သော နန္ဒိဝိသာလဇာတ်အဖွင့်တည်း။**