Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[95] 5. Mahāsudassanajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အနိစ္စာ ဝတ သင်္ခါရာ** တိ ဣဒံ၊ အနိစ္စာ ဝတ သင်္ခါရာအစရှိသော ဤတရား ဒေသနာတော်ကို။ သတ္ထာ၊ ဘုရားရှင်သည်။ ပရိနိဗ္ဗာနမဉ္စ နိပန္နော၊ ပရိနိဗ္ဗာန်ပြုရာ ညောင်စောင်း၌ လျောင်းလျက်။ အာနန္ဒ ထေရဿ၊ ရှင်အာနန္ဒာမထေရ်၏။ “ဘန္တေ ဘဂဝါ၊ အို... မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားသည်။ ဣမသ္မိံ ခုဒ္ဒကနဂရကေ၊ ဤမြို့ပေါက်စလေး၌။ မာ (ပရိနိဗ္ဗာယိ)၊ ပရိနိဗ္ဗာန်ပြုတော်မမူပါလင့်”။ ဣတျာဒိ ဝစနံ အာရဗ္ဘ ကထေသိ၊ ဤသို့စသော စကားကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တထာဂတေ၊ ချဲ့ဦးအံ့ ဘုရားရှင်သည်။ ဇေတဝနေ ဝိဟရန္တေ၊ ဇေတဝန်ကျောင်း တော်၌ နေတော်မူစဉ် ။ သာရိပုတ္တတ္ထေရော၊ ရှင်သာရိပုတ္တရာထေရ်သည်။ နာဠကဂါမကေ၊ နာဠကရွာ၌။ ဇာတောဝရကေ၊ ဖွါးတော်မူရာတိုက်ခန်း၌။ ကတ္တိကပုဏ္ဏမာယံ၊ တန်ဆောင်မုန်းလပြည့်နေ့၌လည်းကောင်း။ မဟာမောဂ္ဂလ္လာ၊ နောရှင်မဟာမောဂ္ဂလ္လာန်သည်ကတ္တိမာသဿဝတန်ဆောင်မုန်းလ၏ပင်။ ကာဠပက္ခအမာဝသိယံ၊ လဆုပ်ပက္ခ ကွယ်နေ့၌လည်းကောင်း။ ပရိနိဗ္ဗာယိ၊ ပရိနိဗ္ဗာန်ပြုပြီ။
ဧဝံ အဂ္ဂသာဝကယုဂေ ပရိနိဗ္ဗတေ၊ ဤကဲ့သို့ တပည့်မြတ်အစုံသည် ပရိနိဗ္ဗာန်ပြုပြီးသော်။ “အဟမ္ပိ ကုသိနာရာယံ၊ ငါဘုရားသည်လည်း ကုသိနာရုံ မြို့အနီး၌။ ပရိနိဗ္ဗာယိဿာမီတိ၊ ပရိနိဗ္ဗာန်ပြုတော်မူအံ့”ဟု ဆင်ခြင်တော်မူ၍။ အနုပုဗ္ဗေန စာရိကံ၊ အစဉ်အားဖြင့် ခရီးဒေသစာရီကို။ စရမာနော တတ္ထ ဂန္တွာ၊ လှည့်လည်တော်မူသော် ထိုကုသိနာရုံမြို့သို့ ရောက်သွားတော်မူ၍။ ယမက သာလာနံ အန္တရေ၊ အင်ကြင်းပင်ပျိုအစုံတို့၏ အကြား၌။ ဥတ္တရသီသကေ မဉ္စကေ၊ မြောက်ဘက်၌ ခေါင်းရင်းရှိသော ညောင်စောင်းငယ်၌။ အနုဋ္ဌာနသေယျာယနိပဇ္ဇိ၊ မထသော အိပ်ခြင်းဖြင့် လျောင်းတော်မူပြီ။
အထ နံ၊ ထိုအခါ ထိုမြတ်စွာ ဘုရားကို။ အာယသ္မာ အာနန္ဒတ္ထေရော၊ အရှင်အာနန္ဒာထေရ်သည်။ “ဘန္တေ ဘဂဝါ၊ အို. . ရှင်တော်ဘုရား ရှင်တော်မြတ်ဘုရားသည်။ ဝိသမေဥဇ္ဇင်္ဂလ နဂရကေ၊ မြေမညီညာသော ရေရှားသည့်မြို့ငယ်လေးဖြစ်သော။ သာခါနဂရကေ၊ မြို့လက်တက် လေးဖြစ်သော။ ဣမသ္မိံ ခုဒ္ဒကနဂရကေ၊ ဤမြို့ပေါက်စလေး၌။ ပရိနိဗ္ဗာယိ၊ ပရိနိဗ္ဗာန်ပြုတော်မမူပါလင့်။ အညေသံ စမ္ပါရာဇဂဟာဒီနံ၊ အခြားကုန်သော စမ္ပါရာဇဂြိုဟ်အစရှိကုန်သော။ မဟာနဂရာနံ အညတရသ္မိံ၊ မြို့ကြီးပြကြီးတို့တွင် တစ်မြို့မြို့၌။ ဘဂဝါ ပရိနိဗ္ဗာယတူတိ ယာစိ၊ ရှင်တော်မြတ် ဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါ”ဟု တောင်းပန်ပြီ။
သတ္တာ၊ ဘုရားရှင်သည်။ “အာနန္ဒ ဣမံ၊ အို . အာနန္ဒာ ဤကုသိနာရုံမြို့ကို။ ခုဒ္ဒကနဂရကံ၊ မြို့ပေါက်စ ကလေး။ ဥဇ္ဈင်္ဂလနဂရကံ၊ ရေရှားသော မြို့ကလေး။ သာခါနဂရကန္တိ မာ ဝဒေဟိ၊ မြို့လက်တက်ကလေး'ဟု မပြောပါလင့်။ ဟိ အဟံ ပုဗ္ဗေ၊ မှန်၏ ငါဘုရားသည် ရှေးက။ သုဒဿနစက္ကဝတ္တိရာဇကာလေ၊ မဟာသုဒဿနစကြာမင်းလက်ထက်၌။ ဣမသ္မိံ နဂရေ ဝသိ၊ ဤကုသိနာရုံမြို့၌ နေခဲ့ပြီ။ တဒါ ဣဒံ၊ ထိုအခါက ဤကုသိနာရုံ မြို့သည်။ ဒွါဒသယောဇနိကေန၊ တစ်ဆယ့်နှစ်ယူဇနာရှိသော။ ရတနပါကာရေန ပရိက္ခိတ္တံ၊ ရတနာခုနှစ်ပါးတံတိုင်းဖြင့် ကာရံအပ်သော။ မဟာနဂရံ အဟောသီတိ ဝတွာ၊ မြို့တော်ကြီးသည် ဖြစ်ခဲ့ဖူးပြီ”ဟု မိန့်တော်မူ၍။ ထေရေန ယာစိတော၊ ရှင်အာနန္ဒာထေရ်သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရန္တော၊ ကို ဆောင်ပြတော်မူလျက်။ မဟာသုဒဿနသုတ္တံ ကထေသိ၊ မဟာသုဒဿန သုတ်တော်ကို ဟောတော်မူပြီ။
တဒါ ပန မဟာသုဒဿနံ၊ ထိုအခါ၌ကား မဟာသုဒဿနစကြာမင်းကြီးကို။ သုဓမ္မပါသာဒါ ဩတရိတွာ၊ သုဓမ္မနန်းပြာသာဒ်မှ ဆင်းသက်၍။ အပိဒူရေ၊ မနီးမဝေးဖြစ်သော။ သတ္တရတနမယေ ဟာလ၀နေ၊ ရတနာခုနှစ်ပါးဖြင့်ပြီးသော ထန်းတောဥယျာဉ်၌။ ပညတ္တသ္မိံ ကပ္ပိယမဉ္စကေ၊ ခင်းထားအပ်သော အပ်စပ်သော ညောင်စောင်းငယ်၌။ ဒက္ခိဏေန ပဿေန၊ လက်ယာဖြစ်သော နံပါးဖြင့်။ အနုဋ္ဌာန သေယျာယ နိပန္နေ ဒိသွာ၊ မထသော အိပ်ခြင်းဖြင့် လျောင်းနေသည်ကို ဖူးမြင်ရ၍။ “ဒေဝ တေ၊ အို. . အရှင်မင်းမြတ် အရှင်မင်းမြတ်၏။ ဣမာနိ စတုရာသီတိ နဂရ သဟဿာနိ၊ ဤရှစ်သောင်းလေးထောင်သောမြို့တို့သည်။ ကုသာဝတိရာဇဓာနိပ္ပမုခါနိ၊ ကုသာဝတီမင်းနေပြည်လျှင် အမွန်အမြတ်ရှိပါကုန်၏။ ဧတ္ထ ဆန္ဒ မဟာ ကရောဟီတိ၊ ဤမြို့တော်တို့၌ အလိုဆန္ဒကို ပြုတော်မူပါ”ဟု။ သုဘဒ္ဒါယ ဒေဝိယ ဝုတ္တေ၊ သုဘဒ္ဒါမည်သော မိဖုရားကြီးသည် လျှောက်ထားအပ်သော်။ သုဒဿနော၊ မဟာသုဒဿနစကြာမင်းကြီးသည်။ “ဒေဝိ ဧဝံ မာ အဝစ၊ အို ..သုဘဒ္ဒါမိဖုရား ဤသို့ မလျှောက်လင့်။ အထ ခေါ၊ အဟုတ်သော်ကား။ ဆန္ဒံ ဝိနေဟိ၊ ဤမြို့တို့၌ အလိုဆန္ဒကို ပယ်ဖျောက်တော်မူပါ။ အပေက္ခ မာ အကာသီတိ၊ ကြည့်ရှုငဲ့ကွက်မှုကို မပြုပါလင့်'ဟု။ ဧဝံ မံ၊ ဤကဲ့သို့ ငါမဟာ သုဒဿနစကြာမင်းကို။ ဩဝဒါတိ ဝတွာ၊ ဆုံးမပါ”ဟု ပြောသော်။ “က ကာရဏာ ဒေဝါတိ ပုစ္ဆိ၊ တောဘာ့ကြောင့်ပါလဲ အရှင်မင်းတရား”ဟု မေးလျှောက်အပ်သော်။ “အဇ္ဇ အဟံ၊ ယနေ့ ငါသည်။ ကာလကိရိယံ ကရိဿာမီတိ၊ နတ်ရွာစံမှုကို ပြုရလိမ့်မည်”ဟု မိန့်ပြီ။
အထ နံ၊ ထိုအခါ ထိုမဟာသုဒဿနစကြာမင်းကို။ ဒေဝီ ရောဒမာနာ၊ သုဘဒ္ဒါမိဖုရားသည် ငိုယိုလျက်။ အကွီနိ ပုဏ္ဏိတွာ၊ မျက်စိ မျက်ရည် တို့ကို သုတ်၍။ ကိစ္ဆေန ကသိရေန၊ ပင်ပန်းစွာ ဆင်းရဲစွာ။ တထာ ဝတွာ၊ ထိုမင်းကြီးပြောသည့်အတိုင်း လျှောက်ထားပြီး၍။ ရောဒိ ပရိဒေဝိ၊ ငိုယိုပြီ မြည်တမ်းပြီ။
သေသာ စတုရာသီတိသဟဿဣတ္ထိယောပိ၊ ကြွင်းကျန်ကုန်သော ရှစ်သောင်းလေးထောင်သော မောင်းမတို့သည်လည်း။ ရောဒိသု ပရိဒေဝီသု၊ ငိုယိုကုန်ပြီ မြည်တမ်းကုန်ပြီ။
အမစ္စာဒီသုပိ ဧကောပိ၊ အမတ်စသည်တို့တွင်လည်း တစ်ယောက်သည်သော်မှလည်း။ အဓိဝါသေတုံ နာသက္ခိ၊ အောင့်အီးထားခြင်းငှာ မစွမ်းနိုင်ပြီ။ သဗ္ဗေပိ ရောဒိံသု၊ အားလုံးတို့သည်လည်း ငိုယိုကြပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “အလံ ဘဏေ၊ မတော်ဘူး အချင်းတို့။ သဒ္ဒံ မာ အကတ္ထာ တိ၊ အသံကို မပြုကြလင့်”ဟု။ သဗ္ဗေ နိဝါရေတွာ၊ လူအားလုံးတို့ကို မငိုရန် တားမြစ်ပြီး၍။ ဒေဝီ အာမန္တေကွာ၊ သုဘဒ္ဒါမိဖုရားကို ခေါ်တော်မူ၍။ “ဒေဝီ တွဲ၊ အို. . မိဖုရား သင်မိဖုရားသည်။ မာ ရောဒိ မာ ပရိဒေဝီ၊ မငိုယိုလင့် မမြည်တမ်း လင့်။
ဟိ တိလဖလမတ္တောပိ၊ မှန်၏ နှမ်းစေ့မျှသော်လည်းဖြစ်သော။ နိစ္စော သင်္ခါရော နာမ၊ မြဲသော သင်္ခါရမည်သည်။ နတ္ထိ၊ မရှိ။ သဗ္ဗေပိ၊ သင်္ခါရအားလုံး တို့သည်လည်း။ အနိစ္စာ ဘေဒနဓမ္မာ ဧဝါတိ ပတွာ၊ မမြဲကုန် ပျက်စီးတတ်သော သဘောရှိကုန်သည်သာတည်း”ဟု မိန့်တော်မူ၍။ ဒေဝီ ဩဝဒန္တော၊ သုဘဒ္ဒါ မိဖုရားကို ဩဝါဒပေးလိုရကား။
သင်္ခါရာ၊ သင်္ခါရဟူသမျှတို့သည်။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောရှိကြ၍။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ (ယသ္မာ၊ အကြင့်ကြောင့်)။ နိရုဇ္ဈန္တိ၊ ချုပ်ပျက်ကုန်၏။ (တသ္မာ၊ ထို့ကြောင့်) ။ သင်္ခါရာ ဝတ အနိစ္စာ၊ သင်္ခါရ ဟူသမျှတို့သည် စင်စစ် မမြဲကြကုန်။ တေသံ၊ ထိုသင်္ခါရဟူသမျှတို့၏။ ဝူပသမော သုခေါ၊ ငြိမ်းအေးရာနိဗ္ဗာန်သည် ချမ်းသာ၏။
တတ္ထ၊ ထိုဂါထာ၌။ **အနိစ္စာ ဝတ သင်္ခါရာ** တိ၊ အနိစ္စာ ဝတ သင်္ခါရာဟူ သည်ကား။ ဘဒ္ဒ သုဘဒ္ဒါ ဒေဝိ၊ အို . ချစ်နှမ သုဘဒ္ဒါမိဖုရား။ ကေဟိစိ ပစ္စယေဟိ၊ တစ်စုံတစ်ခုကုန်သော အကြောင်းတို့သည်။ သမာဂန္တွာ ကတာ၊ ပေါင်းဆုံ၍ ပြုအပ်ကုန်သော။ ခန္ဓာယတနာဒယော၊ ခန္ဓာအာယတနအစရှိ ကုန်သော။ ယတ္တကာ သင်္ခါရာ၊ အကြင်မျှရှိကုန်သော သင်္ခါရတို့သည်။ (အတ္ထိ၊ ရှိကုန်၏)။ သဗ္ဗေ တေ အနိစ္စာယေဝ နာမ၊ အလုံးစုံကုန်သော ထိုသင်္ခါရဟူသမျှ တို့သည် မမြဲသည်သာမည်ကုန်၏။
ဟိ ဧတေသု၊ မှန်၏ ထိုသင်္ခါရတို့တွင်။ ရူပံ အနိစ္စံ၊ ရုပ်သည်လည်း မမြဲ။ (ပ) ဝိညာဏံ အနိစ္စံ၊ ဝိညာဉ်သည်လည်း မမြဲ။
စက္ခု အနိစ္စံ၊ စက္ခုသည်လည်း မမြဲ။ (ပ) ဓမ္မာ အနိစ္စာ၊ သင်္ခါရဓမ္မတို့သည်လည်း မမြဲကြကုန်။
ယံ ကိဉ္စိ သဝိညာဏကံ၊ အလုံးစုံသော သက်ရှိရတနာသည်လည်း ကောင်း။ အဝိညာဏကံ ရတနံ၊ သက်မဲ့ဖြစ်သော ရတနာသည်လည်းကောင်း (အတ္ထိ= ရှိ၏)။ သပ္ပံ တံ အနိစ္စမေဝ၊ အလုံးစုံသော ထိုသက်ရှိသက်မဲ့ရတနာသည် မမြဲသည်သာတည်း။း
ဣတိ၊ ထို့ကြောင့်။ သင်္ခါရာ ဝတ အနိစ္စာတိ ဂဏှ၊ သင်္ခါရဟူ သမျှတို့သည် စင်စစ် မမြဲကြဟု စိတ်၌ စွဲယူလော့။
ကသ္မာ၊ ဘာ့ကြောင့်နည်း။
**ဥပ္ပါဒဝယဓမ္မိနော**၊ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောရှိကုန်၏။ ဣတိ၊ ထို့ ကြောင့်တည်း။ ဟိ၊ ချဲ့ဦးအံ့။ သဗ္ဗေ ဧတေ၊ အလုံးစုံကုန်သော ဤသင်္ခါရတို့ သည်။ ဥပ္ပါဒဓမ္မိနော စေဝ၊ ဖြစ်ခြင်းသဘောလည်းရှိကုန်၏။ ဝယဓမ္မိနော စ၊ ပျက်ခြင်းသဘောလည်းရှိကုန်၏။ ဥပ္ပဇ္ဇဘိဇ္ဇနသဘာဝါယေဝ၊ ဖြစ်ခြင်းပျက်ခြင်းသဘောရှိကုန်သည်သာတည်း။ တသ္မာ အနိစ္စာတိ ဝေဒိတဗ္ဗာ၊ ထို့ကြောင့် မမြဲကုန် ဟု သိသင့်ကုန်၏။
ယသ္မာ စ အနိစ္စာ၊ အကြင့်ကြောင့်လည်း မမြဲကုန်။ **ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ**၊ ထို့ကြောင့် ဖြစ်ပြီး၍ ချုပ်ပျက်ကုန်၏။ ဥပ္ပဇ္ဇိတွာ ဗြိတိ၊ ဖြစ်ပြီး၍ အဖြစ်ရပ်ခြင်းသို့။ ပတ္တာပိ နိရုဇ္ဈန္တိယေဝ၊ ရောက်ပြီး၍ ပျက်ကြသည်သာ။
သဗ္ဗေဝ ဧတေ၊ မှန်၏ အလုံးစုံသာလျှင်ဖြစ်ကုန်သော ဤသင်္ခါရတို့သည်။ နိဗ္ဗတ္တမာနာ ဥပ္ပဇ္ဇန္တိ နာမ၊ ဖြစ်နေဆဲဖြစ်ကုန်သော် ဖြစ်ဆဲတို့မည်၏။ ဘိဇ္ဇမာနာ နိရုဇ္ဈန္တိ နာမ၊ ပျက်ဆဲဖြစ်ကုန်သော် ပျက်သည်တို့မည်၏။
တေသံ ဥပ္ပါဒေ၊ ထိုသင်္ခါရတရားတို့၏ ဖြစ်ခြင်းသည်။ သတိယေဝ စ၊ ရှိသော်သာလျှင်လည်း။ ဌိတိ နာမ ဟောတိ၊ အဖြစ်ရပ်ခြင်းမည်သည် ဖြစ်၏ ရှိ၏။ ဋ္ဌိတိယာ သတိယေဝ၊ အဖြစ်ရပ်ခြင်းသည် ရှိသော်သာ။ ဘင်္ဂေါ နာမ ဟောတိ၊ ပျက်ခြင်းမည်သည် ဖြစ်၏ ရှိ၏။ ဟိ အနုပ္ပန္နဿ၊ မှန်၏ ဖြစ်မနေသောတရား၏။ ဌိတိ နာမ နု၊ အဖြစ်ရပ်ခြင်းမည်သည် မရှိနိုင်မဖြစ်နိုင်။ ဌိတံ အဘိဇ္ဇနကံ နာမ၊ အဖြစ်ရပ်နေသော တရားသည် မပျက်သည်မည်သည်။ နာပိ အတ္ထိ၊ ရှိလည်းမရှိ။
ဣတိ သဗ္ဗေပိ သင်္ခါရာ၊ ဤသို့ အားလုံးလည်းဖြစ်ကုန်သော သင်္ခါရတို့သည်။ တီဏိ လက္ခဏာနိ ပတွာ၊ သုံးပါးကုန်သော ဥပါဒ်ရှီဘင်လက္ခဏာတို့သို့ ရောက်ကြ၍။ တတ္ထ တတ္ထေဝ နိရုဇ္ဈန္တိ၊ ထိုထိုခဏ၌ပင် ပျက်ကုန်၏။ တသ္မာ သဗ္ဗေပိ ဣမေ၊ ထို့ကြောင့် အလုံးစုံလည်းဖြစ်ကုန်သော ဤသင်္ခါရတို့သည်။ အနိစ္စာ၊ မမြဲကုန်။ ခဏိကာ ဣတ္တရာ၊ ခဏကလေးသာဖြစ်ကုန်၏ တိုတောင်းကုန်၏။ အဓုဝါ ပဘင်္ဂုနော၊ မခိုင်မြဲကုန် ကျိုးပျက်တတ်ကုန်၏။ စလိတာ သမီရိ၊ တုန်လှုပ်ကုန်၏ မတည် ငြိမ်ကုန်။ အနဒ္ဓနိယာ ပယာတာ၊ အရှည်မခံ့ကုန် ပြေးသွားတတ်ကုန်၏။ တာဝ ကာလိကာ နိဿာရာ၊ အခိုက်အတန့်သာ ဖြစ်ကုန်၏ အခိုင်အမာ အနှစ်သာရ မရှိကုန်။ တာဝကာလိကဋ္ဌန၊ အခိုက်တန့်ဖြစ်တတ်သော သဘောကြောင့်။ မာယာ,မရီစိ ဖေဏသဒိသာ၊ မျက်လှည့်,တံလျှပ်ရေမြုတ်နှင့်တူကုန်၏။ ဘဂ္ဂေ သုဘဒ္ဒါဒေဝိ၊ အို. . ချစ်နှမ သုဘဒ္ဒါမိဖုရား။
တေသု သုခသညံ၊ ထိုသင်္ခါရတို့၌ ချမ်းသာ၏ဟူသော အမှတ်သညာကို။ ကသ္မာ ဥပ္ပါဒေသိအဘယ့်ကြောင့် ဖြစ် စေဘိသနည်း။ **တေသံ ဝူပသမော သုခေါ**၊ ထိုသင်္ခါရတို့၏ ငြိမ်းအေးရာ နိဗ္ဗာန် သည်ကား ချမ်းသာ၏ဟု။ ဧဝံ ပန ဂဏှဤသို့ကား စိတ်မှာစွဲမှတ်ပါလေ။ နိဗ္ဗာနံ နိဗ္ဗာန်သည်သဗ္ဗဝဋ္ဋဂူပသမနတော၊ ဝဋ်ဆင်းရဲအားလုံးကို ငြိမ်းစေတတ်ခြင်းကြောင့်။ တေသံ ဝူပသမော နာမထိုသင်္ခါရတို့၏ ငြိမ်းအေးရာမည်၏။ တဒေဝ ဧကံ၊ ထိုတစ်ခုတည်းသော နိဗ္ဗာန်သည်သာ။ ဧကန္တတော သုခံ၊ ဧကန္တအားဖြင့် ချမ်းသာ၏။ တတော အညံ၊ ထိုနိဗ္ဗာန်မှ အခြားသော။ သုခံ နာမ နတ္ထိ= ချမ်းသာ မည်သည် မရှိ။ ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ မဟာသုဒဿနော၊ ဤကဲ့သို့ မဟာသုဒဿနစကြာမင်းကြီးသည်။ အမတမဟာနိဗ္ဗာနေန၊ မသေရာနိဗ္ဗာန်မြတ်ဖြင့်။ ဒေသနာယ ကူဋံ ဂဟေတွာ၊ ဒေသနာတော်၏ အထွဋ်အထိပ်ကို ယူပြီး၍။ အဝသေသဿ မဟာဇနဿပိ၊ ကြွင်းကျန်သော လူပေါင်းများစွာအားလည်း။ “ဒါနံ ဒေထ၊ အလှူကို လှူကြ။ သီလံ ရက္ခထ၊ ငါးပါးသီလကို စောင့်ရှောက်ကြ။ ဥပေါသထကမ္မံ ကရောထာတိ၊ ဥပုသ်စောင့်မှုကို ပြုကြ”ဟု။ ဩဝါဒံ ဒကွာ၊ ဩဝါဒကို ပေး၍။ ဒေဝလောက ပရာယဏော အဟောသိ၊ နတ်ပြည်လျှင် လဲလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ သုဘဒ္ဒါဒေဝီ၊ ထိုအခါက သုဘဒ္ဒါမည်သော မိဖုရားကြီးသည်။ ရာဟုလမာတာ အဟောသိ၊ ရာဟုလာမယ်တော်သည် ဖြစ်လာ ပြီ။ ပရိဏာယကရတနံ ရာဟုလော၊ သားကြီးရတနာသည်ကား ရာဟုလာ တည်း။ သေသပရိသာ ဗုဒ္ဓပရိသာ၊ ကြွင်းကျန်သော ပရိသတ်တို့သည်ကား ငါဘုရားပရိသတ်တို့တည်း။ မဟာသုဒဿနော ပန၊ မဟာသုဒဿနစကြာမင်းကြီး သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
မဟာသုဒဿနဇာတကဝဏ္ဏနာ ပဉ္စမာ၊ ငါးခုမြောက်ဖြစ်သော မဟာသုဒဿနဇာတ်အဖွင့်တည်း။