Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[19] 9. Āyācitabhattajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**သစေ မုစ္စေ ပေစ္စ မုစ္စေ**တိ ဣဒံ၊ သစေ မုစ္စေ ပေစ္စ မုစ္စေ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဒေဝတာနံ အာယာစနဗလိကမ္မံ၊ နတ်တို့အား တောင်းပန်မှု လွတ်ဖို့ရာပူဇော်မှုပြုခြင်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တဒါ မနုဿာ၊ ထိုဘုရားလက်ထက်တော်က လူတို့သည်။ ဝဏိဇ္ဇာယ ဂစ္ဆန္တာ၊ ရောင်းရေးဝယ်တာအလို့ငှာ သွားကြကုန်သော်။ ပါဏေ ဝဓိတွာ၊ သတ္တဝါတို့ကို သတ်၍။ ဒေဝတာနံ ဗလိကမ္မံ ကတွာ၊ နတ်တို့အား ပူဇော်ပသမှုကို ပြုကြ၍။ "မယံ အနန္တရာယေန၊ ငါတို့သည် အန္တရာယ်မရှိဘဲ။ အတ္ထသိဒ္ဓိံ ပတွာ အာဂစ္ဆန္တာ၊ လိုလားအပ်သော အကျိုးပြီးစီးခြင်းသို့ ရောက်၍ လာကုန်သော်။ ပုန တုမှာကံ၊ တစ်ဖန် သင်နတ်တို့အား။ ဗလိကမ္မံ ကရိဿာမာတိ၊ ပူဇော်ပသမှုကို ပြုကုန်အံ့"ဟု။ အာယာစိတွာ ဂစ္ဆန္တိ၊ တောင်းပန်၍ သွားကုန်၏။
တတ္တ၊ ထိုသို့တောင်းပန်မှုပြုရာ၌ (ဝါ) ထိုတောင်းပန်မှု ပြုသူတို့တွင်။ အတ္ထသိဒ္ဓိံ ပတွာ၊ လိုလားအပ်သော အကျိုးပြီးစီးခြင်းကို ရရှိ၍။ အနန္တရာယေန အာဂတာ၊ အန္တရာယ်မတွေ့ဘဲ ရောက်လာသူတို့သည်။ ဒေဝတာနုဘာဝေန ဣဒံ၊ နတ်တို့ တန်ခိုးကြောင့် ဤအကျိုးပြီးမှုရခြင်းသည်။ ဇာတန္တိ မညမာနာ၊ ဖြစ်၏ဟု မှတ်ထင်ကြ၍။ ဗဟူ ပါဏေ ဝဓိတွာ၊ များစွာကုန်သော သတ္တဝါတို့ကို သတ်ဖြတ်၍။ အာယာစနတော မုစ္စိတုံ၊ တောင်းပန်မှုမှ လွတ်ခြင်းငှာ။ ဗလိကမ္မံ ကရောန္တိ ကိရ၊ ပူဇော်ပသမှုကို ပြုကြသတဲ့။ တံ ဒိသွာ ဘိက္ခူ၊ ထိုပူဇော်ပသမှုကို တွေ့မြင်ရ၍ ရဟန်းတို့သည်။ "ဘန္တေ ဧတ္ထ၊ အိုမြတ်စွာဘုရား သတ္တဝါတို့ကို သတ်၍ ဤနတ်ပူဇော်ပသမှု၌။ အတ္ထော အတ္ထိ နု ခေါတိ၊ ကောင်းကျိုးသည် ရှိပါသလောဟု။ ဘဂဝန္တံ ပုစ္ဆိံသု၊ ဘုရားရှင်ကို မေးလျှောက်ကုန်ပြီ။
ဘဂဝါ အတီတံ အာဟရိ၊ ဘုရားရှင်သည် အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ကာသိရဋ္ဌေ ဧကသ္မိံ ဂါမကေ၊ လွန်လေပြီးသောအခါ ကာသိတိုင်း၌ ရွာငယ်တစ်ရွာ၌။ ကုဋုမ္ဗိကော ဂါမဒွါရေ ဌိတနိဂြောဓရုက္ခေ၊ သူကြွယ်သည် ရွာတံခါးအနီး၌ တည်ရှိသော ပညောင်ပင်၌။ ဒေဝတာယ ဗလိကမ္မံ ပဋိဇာနိတွာ၊ ရုက္ခစိုးနတ်မင်းအား ပူဇော်ပသမှုကို ဝန်ခံ၍။ အနန္တရာယေန အာဂန္တွာ၊ အန္တရာယ်ကင်းစွာ ရောက်လာသော်။ ဗဟူပါဏေ ဝဓိတွာ၊ သတ္တဝါများစွာတို့ကို သတ်ဖြတ်၍။ အာယာစနတော မုစ္စိဿာမီတိ၊ တောင်းပန်မှုမှ လွတ်မြောက်အံံဟု။ ရုက္ခမူလံ ဂတော၊ ပညောင်ပင်ရင်းသို့ သွားပြီ။
ရုက္ခဒေဝတာ ခန္ဓဝိဋပေ ဌတွာ၊ ရုက္ခစိုး နတ်မင်းသည် ပညောင်ပင်ခွကြား၌ တည်လျက်။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား--
၁၉။ "သစေ မုစ္စေ ပေစ္စ မုစ္စေ၊ အကယ်၍ လွတ်မြောက်လိုအံ့ နောက်ဘဝ၌ပါ လွတ်မြောက်အောင် လုပ်လော့။ မုစ္စမာနော ဟိ ဗဇ္ဈတိ၊ ပါဏာတိပါတပြု, လွတ်မြောက်သူသည် အကြင့်ကြောင့် မကောင်းမှုဖြင့် ဖွဲ့မိ၏။ (တသ္မာ၊ ထို့ကြောင့်)။
ဧဝံ ဓီရာ န မုစ္စန္တိ၊ ဤသို့ ပညာရှိတို့သည် လွတ်မြောက်အောင် မပြုကုန်။ ဗာလဿ မုတ္တိ ဗန္ဓနံ၊ လူမိုက်၏ လွတ်မြောက်အောင် ပြုမှုသည် နှောင်ဖွဲ့မှုသာတည်း"။
တတ္ထ **သစေ မုစ္စေ ပေစ္စ မုစ္စေ**တိ၊ ထိုဂါထာ၌ သစေ မုစ္စေ ပေစ္စ မုစ္စေ ဟူသည်ကား။ ဘော ပုရိသ တွံ၊ အို ယောကျ်ား သင်သည်။ သစေ ယဒိ မုစ္စေ မုစ္စိတုကာမောသိ၊ အကယ်၍ လွတ်မြောက်လိုအံ့။
**ပေစ္စ မုစ္စေ**တိ၊ ပေစ္စ မုစ္စေ ဟူသည်ကား။ ယထာ ပရလောကေ န ဗဇ္ဈသိ၊ အကြင်အခြင်းအရာဖြင့်လွတ်သော် နောက်ဘဝ၌ မဖွဲ့မိ။ ဧဝံ မုစ္စာဟိ၊ ဤသို့ နောက်ဘဝမဖွဲ့မိသောအခြင်းအရာဖြင့် လွတ်မြောက်အောင် ပြုလော့။
**မုစ္စမာနော ဟိ ဗဇ္ဈတီ**တိ၊ မုစ္စမာနော ဟိ ဗဇ္ဈတီဟူသည်ကား။ တွံ ပါဏံ ဝဓိတွာ၊ သင်ယောကျ်ားသည် သတ္တဝါကို သတ်၍။ ယထာ ပန မုစ္စိတုံ ဣစ္ဆသိ၊ အကြင်အခြင်းအရာဖြင့်ကား လွတ်ခြင်းငှာ အလိုရှိ၏။ ဧဝံ မုစ္စမာနော ဟိ၊ ဤအခြင်းအရာဖြင့် လွတ်မြောက်သူသည် အကြင့်ကြောင့်။ ပါပကမ္မေန ဗဇ္ဈတိ၊ မကောင်းမှုဖြင့် ဖွဲ့မိ၏။
တသ္မာ၊ ထို့ကြောင့်။ (န မုစ္စန္တိ နှင့် တွဲစပ်ပါ။) **န ဟေဝံ ဓီရာ မုစ္စန္တီ**တိ၊ န ဟေဝံ ဓီရာ မုစ္စန္တီ ဟူသည်ကား။ ယေ ပဏ္ဍိတပုရိသာ၊ အကြင်သူတို့ကား ပညာရှိယောကျ်ားတို့တည်း။ တေ ဧဝံ၊ ထိုပညာရှိယောကျ်ားတို့ကား မကောင်းမှုဖွဲ့မိသည့် ဤအခြင်းအရာဖြင့်။ ပဋိဿဝတော န မုစ္စန္တိ၊ ဝန်ခံမှုမှ လွတ်မြောက်အောင် မပြုကုန်။
ကိံ ကာရဏာ၊ ဘာကြောင့်နည်း။
ဧဝရူပါ မုတ္တိ ဟိ၊ ဤသို့ သဘောရှိသော လွတ်မြောက်ခြင်းသည် အကြင့်ကြောင့်။ ဗာလဿ ဗန္ဓနံ၊ လူမိုက်အတွက် နှောင်ဖွဲ့မိခြင်းပင်တည်း။ ပါဏာတိပါတံ ကတွာ ဧသာ မုတ္တိ နာမ၊ ပါဏာတိပါတပြု၍ ဤလွတ်မြောက်မှုမည်သည်။ ဗာလဿ ဗန္ဓနမေဝ ဟောတိ၊ လူမိုက်အဖို့ နှောင်ဖွဲ့မိခြင်းသည်ပင် ဖြစ်၏။ (ဣတိ၊ ထို့ကြောင့်တည်း။ ကိံ ကာရဏာ အဖြေ)။ ဣတိ ဓမ္မံ ဒေသေသိ၊ ဤသို့ တရားကို ဟောပြီ။
တတော ပဋ္ဌာယ မနုဿာ၊ ထိုအခါမှ စ၍ လူတို့သည်။ ဧဝရူပါ ပါဏာတိပါတကမ္မာ ဝိရတာ၊ ဤသို့ သဘောရှိသော ပါဏာတိပါတအမှုမှ ရှောင်ကြဉ်ကြကုန်၍။ ဓမ္မံ စရိတွာ၊ တရားကို ကျင့်၍။ ဒေဝနဂရံ ပူရယိံသု၊ နတ်ပြည်ကို ပြည့်စေကုန်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။ အဟံ တေန သမယေန၊ ငါဘုရားသည် ထိုအခါက။ ရုက္ခဒေဝတာ အဟောသိန္တိ၊ ရုက္ခစိုးနတ်မင်းသည် ဖြစ်ခဲ့ပြီဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**အာယာစိတဘတ္တဇာတကဝဏ္ဏနာ နဝမာ**၊ **ကိုးခုမြောက် ဖြစ်သော အာယာစိတဘတ္တဇာတ် အဖွင့်တည်း။**