**မာ မုနိကဿ ပိဟယီ**တိ ဣဒံ၊ မာ မုနိကဿ ပိဟယိ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ထုလ္လကုမာရိကာပလောဘနံ၊ အပျိုကြီး ဖြားယောင်းခြင်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တံ တေရသကနိပါတေ၊ ထိုအပျိုကြီး ဖြားယောင်းခြင်းသည် တေရသကနိပါတ်၌။
စူဠနာရဒကဿပဇာတကေ၊ စူဠနာရဒကဿပဇာတ်၌။
အာဝိ ဘဝိဿတိ၊ ထင်စွာ ဖြစ်လတ္တံ့။
သတ္ထာ ပန တံ ဘိက္ခုံ၊ ဘုရားရှင်သည်ကား ထိုရဟန်းကို။
"ဘိက္ခု တွံ၊ အိုရသန်း သင်သည်။
ဥက္ကဏ္ဌိတော အသိ ကိရ၊ ငြီးငွေ့သည် ဖြစ်သတဲ့။
ဣတိ သစ္စံတိ ပုစ္ဆိ၊ ဤသို့ ကြားရသည်ကား မှန်သလော"ဟု မေးတော်မူပြီ။
အာမ ဘန္တေတိ၊ မှန်ပါ၏ ဘုရားဟု ဖြေပြီ။
ကိံ နိဿာယာတိ၊ ဘာကို မှီ၍လဲဟု မေးတော်မူပြီ။
ထုလ္လကုမာရိကာပလောဘနံ ဘန္တေတိ၊ အပျိုကြီး ဖြားယောင်းခြင်းကိုပါ ဘုရားဟု ဖြေပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခု ဧသာ၊ အို ရဟန်း ဤအပျိုကြီးသည်။
တဝ အနတ္ထကာရိကာ၊ သင်၏ အကျိုးမဲ့ပြုတတ်၏။
ပုဗ္ဗေပိ တွံ၊ ရှေးကလည်း သင်သည်။
ဣမိဿာ ဝိဝါဟဒိဝသေ၊ ဤအပျိုကြီး၏ မင်္ဂလာဆောင်နေ့၌။
ဇီဝိတက္ခယံ ပတွာ၊ အသက်ကုန်ခြင်းသို့ ရောက်၍။
မဟာဇနဿ ဥတ္တရိဘင်္ဂဘာဝံ၊ မင်္ဂလာဆောင်လာ လူများစွာ၏ လက်သုပ်ဟင်းလျာအဖြစ်သို့။
ပတ္တောတိ ဝတွာ၊ ရောက်ဖူးပြီ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော ဧကသ္မိံ ဂါမကေ၊ ဘုရားလောင်းသည် ရွာငယ်တစ်ရွာ၌။
ဧကဿ ကုဋုမ္ဗိကဿ ဂေဟေ၊ တစ်ယောက်သော သူကြွယ်အိမ်၌။
မဟာလောဟိတောတိ နာမေန ဂေါယောနိယံ နိဗ္ဗတ္တိ၊ နွားနီကြီးဟူသော အမည်ဖြင့် နွားမျိုး၌ ဖြစ်ပြီ။
အဿ ကနိဋ္ဌဘာတာပိ၊ ထိုဘုရားလောင်း၏ ညီငယ်သည်လည်း။
စူဠလောဟိတော နာမ အဟောသိ၊ နွားနီလေးမည်သည် ဖြစ်ပြီ။
တေယေဝ ဒွေ ဘာတိကေ နိဿာယ၊ ထိုနွားညီနောင်တို့ကိုသာ မှီ၍။
တသ္မိံ ကုလေ ကမ္မဓုရံ ဝတ္တတိ၊ ထိုအမျိုး၌ အလုပ်တာဝန်သည် ဖြစ်၏။
တသ္မိံ ပန ကုလေ ဧကာ ကုမာရိကာ အတ္ထိ၊ ထိုအမျိုး၌ကား သူငယ်မတစ်ယောက်သည် ရှိ၏။
တံ၊ ထိုသူငယ်မကို။
နဂရဝါသီ ဧကော ကုလပုတ္တော၊ မြို့၌နေသော အမျိုးကောင်းသားတစ်ယောက်သည်။
အတ္တနော ပုတ္တဿ ဝါရေသိ၊ မိမိသားအတွက် တောင်းထားပြီ။
တဿာ မာတာပိတရော၊ ထိုသူငယ်မ၏ မိဘတို့သည်။
"ကုမာရိကာယ ဝိဝါဟကာလေ၊ သူငယ်မ၏ ထိမ်းမြားရာအခါ၌။
အာဂတာနံ ပါဟုနကာနံ၊ ရောက်လာကုန်သော ဧည့်သည်တို့အတွက်။
ဥတ္တရိဘင်္ဂေါ ဘဝိဿတီတိ၊ လက်သုပ်ဟင်းလျာသည် ဖြစ်လိမ့်မည်ဟု ရည်မှန်း၍။
ယာဂုဘတ္တံ ဒတွာ၊ ယာဂုနှင့်ထမင်းကို ပေးကျွေး၍။
မုနိကံ နာမ သူကရံ ပေါသေသုံ၊ မုနိကမည်သော ဝက်ကို မွေးထားကုန်ပြီ။
တံ ဒိသွာ၊ ထိုမုနိကကို မြင်၍။
စူဠလောဟိတော၊ နွားနီလေးသည်။
"ဣမသ္မိံ ကုလေ ဝတ္တမာနံ ကမ္မဓုရံ၊ ဤအမျိုး၌ ဖြစ်ပေါ်လာသော အလုပ်တာဝန်ဟူသမျှသည်။
ဘာတိကေ ဒွေ အမှေ၊ ညီနောင်ဖြစ်ကုန်သော နှစ်ယောက်ကုန်သော ငါတို့ကို။
နိဿာယ ဝတ္တတိ၊ မှီ၍ ပြီးစီးမှုဖြစ်၏။
ပန ဣမေ၊ သို့သော်လည်း ဤလူတို့သည်။
အမှာကံ၊ နွားညီနောင် ငါတို့အား။
တိဏပလာလာဒီနေဝ ဒေန္တိ၊ မြက်ကောဝက်ရိုး စသည်တို့ကိုသာ ပေးကုန် ကျွေးကုန်၏။
သူကရံ ယာဂုဘတ္တေန ပေါသေန္တိ၊ ဝက်ကို ယာဂုထမင်းဖြင့် ကျွေးမွေးကုန်၏။
ကေန ကာရဏေန ဧသော၊ ဘယ်အကြောင်းကြောင့် ဤဝက်သည်။
ဧတံ လဘတိ နု ခေါတိ၊ ဤယာဂုထမင်းကို ရလေသနည်း"ဟု။
ဘာတရံ ပုစ္ဆိ၊ အစ်ကိုနွားနီကြီးကို မေးပြီ။
အထ အဿ ဘာတာ၊ ထိုအခါ ထိုနွားနီလေးအား အစ်ကို နွားနီကြီးသည်။
"တာတ စူဠလောဟိတ တွံ၊ အို ညီနွားနီလေး သင်သည်။
ဧတဿ ဘောဇနံ မာ ပိဟယိ၊ ထိုမုနိကဝက်၏ ဘောဇဉ်အစာကို မချစ်ခင်လင့်။
အယံ သူကရော မရဏဘတ္တံ ဘုဉ္ဇတိ၊ ဤမုနိကဝက်သည် သေရမည့် အစာထမင်းကို စားနေ၏။
ဟိ၊ မှန်၏။
ဧတိဿာ ကုမာရိကာယ ဝိဝါဟကာလေ၊ ထိုသူငယ်မ၏ ထိမ်းမြားရာအခါ၌။
အာဂတာနံ ပါဟုနကာနံ၊ ရောက်လာကုန်သော ဧည့်သည်တို့အတွက်။
ဥတ္တရိဘင်္ဂေါ ဘဝိဿတီတိ၊ လက်သုပ်ဟင်းလျာသည် ဖြစ်လိမ့်မည်ဟု ကြံ၍။
ဣမေ ဧတံ သူကရံ ပေါသေန္တိ၊ ဤအိမ်ရှင်တို့သည် ဤမုနိကဝက်ကို ကျွေးမွေးကုန်၏။
ဣတော ကတိပါဟစ္စယေန၊ ဤနေ့မှ နှစ်ရက်သုံးရက်လွန်ရာ အခါ၌။
တေ မနုဿာ အာဂမိဿန္တိ၊ ထိုဧည့်သည်လူတို့သည် လာကြလိမ့်မည်။
အထ နံ သူကရံ၊ ထိုအခါ ထိုမုနိကဝက်ကို။
ပါဒေသု ဂဟေတွာ ကဍ္ဎေန္တာ၊ ခြေတို့၌ ကိုင်၍ ဆွဲငင်ကြလျက်။
ဟေဋ္ဌာမဉ္စတော နီဟရိတွာ၊ ညောင်စောင်းအောက်မှ ထုတ်၍။
ဇီဝိတက္ခယံ ပါပေတွာ၊ အသက်ကုန်ခြင်းသို့ ရောက်စေ၍။
ပါဟုနကာနံ သူပဗျဉ္ဇနံ၊ ဧည့်သည်တို့အတွက် လက်သုပ်ဟင်းလျာကို။
ကရိယမာနံ ပဿိဿသီတိ ဝတွာ၊ ပြုခံရသည်ကို မြင်ရတွေ့ရလတ္တံ့"ဟု ပြော၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၃၀။ မုနိကဿ မာပိဟယိ၊ မုနိက၏ အစာကို မချစ်ခင်လင့်။
အာတုရန္နာနိ ဘုဉ္ဇတိ၊ ကျင်နာခံခက်, နှိပ်စက်မည့်အစာတို့ကို စားနေ၏။
အပ္ပေါဿုက္ကော ဘုသံ ခါဒ၊ ကြောင့်ကြမရှိ ဖွဲကို စားလော့။
ဧတံ ဒီဃာယုလက္ခဏံ၊ ဤဖွဲကို စားခြင်းသည် အသက်ရှည်ကြောင်းပေတည်း။
တတ္ထ၊ ထိုဂါထာ၌။
**မာ မုနိကဿ ပိဟယီ**တိ၊ မာ မုနိကဿ ပိဟယိ ဟူသည်ကား။
မုနိကဿ ဘောဇနေ၊ မုနိကဝက်၏ အစာ၌။
ပိဟံ မာ ဥပ္ပါဒယိ၊ ချစ်ခင်မှုကို မဖြစ်စေလင့်။
ဧသော မုနိကော၊ ဤမုနိက ဝက်သည်။
သုဘောဇနံ ဘုဉ္ဇတီတိ၊ ကောင်းသော အစာကို စားရ၏ဟု တွေး၍။
မုနိကဿ မာ ပိဟယိ၊ မုနိကဝက်ကို မချစ်လင့် အားမကျလင့်။
အဟမ္ပိ ကဒါ၊ ငါသည်လည်း ဘယ်အခါ၌။
ဧဝံ၊ ဤမုနိကအတူ။
သုခိတော ဘဝေယျံ နု ခေါတိ၊ ချမ်းသာသည် ဖြစ်ရပါအံ့နည်းဟု တွေး၍။
မုနိကဘာဝံ မာ ပတ္ထယိ၊ မုနိကအဖြစ်ကို မတောင့်တလင့်။
ဟိ အယံ၊ မှန်၏ ဤမုနိကဝက်သည်။
အာတုရန္နာနိ ဘုဉ္ဇတိ၊ ကျင်နာခံခက်, နှိပ်စက်မည့် အစာတို့ကို စားနေရ၏တည်း။
**အာတုရန္နာနီ**တိ မရဏဘောဇနာနိ၊ အာတုရန္နာနိ ဟူသည်ကား သေရမည့်အစာတို့ကိုတည်း။
**အပ္ပေါဿုက္ကော ဘုသံ ခါဒါ**တိ၊ အပ္ပေါဿုက္ကော ဘုသံ ခါဒ ဟူသည်ကား။
တဿ ဘောဇနေ၊ ထိုမုနိကဝက်၏ အစာ၌။
နိရုဿုက္ကော ဟုတွာ၊ ကြောင့်ကြမရှိသည် ဖြစ်၍။
အတ္တနာ လဒ္ဓံ၊ မိမိသည် ရအပ်သော။
ဘုသံ ခါဒ၊ ဖွဲကို စားလော့တည်း။
**ဧတံ ဒီဃာယုလက္ခဏန္တိ**၊ ဧတံ ဒီဃာယုလက္ခဏံ ဟူသည်ကား။
ဧတံ၊ ဤဖွဲကို စားခြင်းသည်။
ဒီဃာယုဘာဝဿ ကာရဏံ၊ အသက်ရှည်သူဖြစ်ခြင်း၏ အကြောင်းတည်း။
တတော န စိရဿေဝ၊ ထိုပြောရာနေ့မှ မကြာမီ၌ပင်။
တေ မနုဿာ အာဂမိံသု၊ ထိုဧည့်သည်လူတို့သည် လာကုန်ပြီ။
မုနိကံ ဃာတေတွာ၊ မုနိကဝက်ကို သတ်၍။
နာနပ္ပကာရေဟိ ပစိံသု၊ အထူးထူးသော အပြားတို့ဖြင့် ချက်ကုန်ပြီ။
ဗောဓိသတ္တော စူဠလောဟိတံ၊ ဘုရားလောင်း နွားနီကြီးသည် ညီနွားနီလေးကို။
"တာတ တေ၊ အို ချစ်ညီ သင်သည်။
မုနိကော ဒိဋ္ဌောတိ အာဟ၊ မုနိကကို မြင်အပ်ပြီလား မြင်ရပြီလား"ဟု မေးပြီ။
မုနိကဿ ဘောဇနဖလံ၊ မုနိကဝက်၏ အစာကောင်း စားရသောအကျိုးကို။
မေ ဒိဋ္ဌံ ဘာတိက၊ ကျွန်ုပ်ညီငယ်သည် မြင်ရပါပြီ အစ်ကိုကြီး။
ဧတဿ ဘောဇနတော၊ ထိုမုနိကဝက်၏ အစာထက်။
သတဂုဏေန သဟဿဂုဏေန၊ အဆပေါင်းအရာအားဖြင့် အဆပေါင်းအထောင်အားဖြင့်။
အမှာကံ တိဏပလာလဘုသမတ္တမေဝ၊ ငါတို့၏ မြက်, ကောက်ရိုး, ဖွဲမျှသည်သာ။
ဥတ္တမဉ္စ အနဝဇ္ဇဉ္စ၊ ကောင်းမြတ်သည် လည်းကောင်း, အပြစ်မရှိသည်လည်းကောင်း။
ဒီဃာယုလက္ခဏဉ္စ၊ အသက်ရှည်ကြောင်းသည်လည်းကောင်း။
(ဟောတိ၊ ဖြစ်၏)။
ဣတိ၊ ဤသို့ နွားနီလေးက ပြန်ပြောပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခု တွံ ဧဝံ ခေါ၊ အိုရဟန်း သင်သည် ဤသို့လျှင်။
ပုဗ္ဗေပိ ဣမံ ကုမာရိကံ နိဿာယ၊ ရှေးကလည်း ဤအပျိုကြီးကို မှီ၍။
ဇီဝိတက္ခယံ ပတွာ၊ အသက်ကုန်ခြင်းသို့ ရောက်၍။
မဟာဇနဿ၊ မင်္ဂလာပွဲလာ လူများစွာ၏။
ဥတ္တရိဘင်္ဂဘာဝံ ဂတောတိ၊ လက်သုပ်ဟင်းလျာအဖြစ်သို့ ရောက်ခဲ့ရပြီဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ၊ သစ္စာပြပြီးသော အဆုံး၌။
ဥက္ကဏ္ဌိတော ဘိက္ခု၊ သာသနာတော်ငြီးငွေ့သော ရဟန်းသည်။
သောတာပတ္တိဖလေ ပတိဋ္ဌာသိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သတ္ထာ အနုသန္ဓိံ ဃဋေတွာ၊ ဘုရားရှင်သည် အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ မုနိကသူကရော၊ ထိုအခါက မုနိကဝက်သည်။
ဥက္ကဏ္ဌိတဘိက္ခု အဟောသိ၊ သာသနာ၌ ငြီးငွေ့သော ရဟန်းသည် ဖြစ်လာပြီ။
ထုလ္လကုမာရိကာ ဧသာ ဧဝ၊ အပျိုကြီးကား ထိုသူငယ်မသာတည်း။
စူဠလောဟိတော အာနန္ဒော၊ နွားနီလေးကား အာနန္ဒာတည်း။
မဟာလောဟိတော ပန၊ နွားရွှေနီကြီးသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်ပြီဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**မုနိကဇာတကဝဏ္ဏနာ ဒသမာ**၊ **ဆယ်ခုမြောက်ဖြစ်သော မုနိကဇာတ်အဖွင့်တည်း။**
**ကုရုင်္ဂဝဂ္ဂေါ တတိယော**၊ **သုံးခုမြောက်ဖြစ်သော ကုရုင်္ဂဝဂ်တည်း။**
တဿ ဥဒ္ဒါနံ၊ ထိုကုရုင်္ဂဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
ကုရုင်္ဂံ ကုက္ကုရဉ္စေဝ၊ ကုရုင်္ဂဇာတ်လည်းကောင်း, ကုက္ကုရဇာတ်လည်းကောင်း။
ဘောဇာဇာနီယဉ္စ အာဇညံ၊ ဘောဇာဇာနီယဇာတ်လည်းကောင်း, အာဇညဇာတ်လည်းကောင်း။
တိတ္ထံ မဟိဠာမုခါဘိဏှံ၊ တိတ္ထဇာတ်လည်းကောင်း မဟိဠာမုခဇာတ် အဘိဏှဇာတ်လည်းကောင်း။
နန္ဒိကဏှဉ္စ မုနိကန္တိ၊ နန္ဒိဝိသာလဇာတ် ကဏှဇာတ်လည်းကောင်း မုနိကဇာတ်လည်းကောင်း ဤသည်ပင်တည်း။