Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[118] 8. Vaṭṭajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**နာစိန္တယန္တော ပုရိသော** တိ ဣဒံ၊ နာစိန္တယန္တော ပုရိသောစသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ ဥတ္တရသေဋ္ဌိပုတ္တံ၊ ဥတ္တရသူဌေးသားကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိယံ မဟာဝိဘဝေါ၊ သာဝတ္ထိမြို့၌ များသောစည်းစိမ်ဥစ္စာရှိသော။ ဥတ္တရသေဋ္ဌိ နာမ အဟောသိ ကိရ၊ ဥတ္တရသူဌေးမည်သည် ရှိသတဲ့။
တဿ ဘရိယာယ ကုစ္ဆိယံ၊ ထိုဥတ္တရသူဌေး၏ မယား၏ ဝမ်း၌။ ဧကော ပုညဝါ သတ္တော၊ တစ်ယောက်သော ဘုန်းကံကြီးမား သော သတ္တဝါသည်။ ဗြဟ္မလောကာ စပိတွာ၊ ဗြဟ္မာ့ပြည်မှ စုတေ၍။ ပဋိသန္ဓေိံ ဂဟေတွာ၊ ပဋိသန္ဓေကို ယူ၍။ ဝယပ္ပတ္တော အဘိရူပေါ၊ အရွယ်ရောက်သော် အလွန်အဆင်းလှသည်။ ပါသာဒိကော ဗြဟ္မဝဏ္ဏီ အဟောသိ၊ စိတ်နှလုံးကြည် လင်မှုဖြစ်စေတတ်သည် မြတ်သောအဆင်းရှိသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ သာဝတ္ထိယံ၊ ထိုအခါ တစ်နေ့၌ သာဝတ္ထိမြို့၌။ ကတ္တိကဆဏေ နက္ခတ္တေ ယုဋ္ဌေ၊ ကြတ္တိကာပွဲဟူသော နက္ခတ်ပွဲကို ကြွေးကြော်အပ်သော် (ကြော်ငြာအပ်သော်)။ သဗ္ဗော လောကော၊ အလုံးစုံသော လူ့လောကသည်။ နက္ခတ္တနိဿိတော အဟောသိ၊ နက္ခတ်ပွဲကိုမှီသည် ဖြစ်ပြီ။
တဿ သဟာယကာ၊ ထိုဥတ္တရသူဌေး သား၏ သူငယ်ချင်းဖြစ်ကုန်သော။ အညေ သေဋ္ဌိပုတ္တာ၊ အခြားကုန်သော သူဌေး သားတို့သည်။ သပဇာပတိကာ အဟေသုံ၊ မယားရှိကြသည် ဖြစ်ကုန်ပြီ။
ဥတ္တရ သေဋ္ဌိပုတ္တဿ ပန ဒီဃရတ္တံ၊ ဥတ္တရသူဌေးသား၏ကား နေ့ညဉ့်ရှည်စွာ။ ဗြဟ္မ လောကေ ဝသိတတ္တာ၊ ဗြဟ္မာ့ပြည်၌ နေခဲ့သည့် အဖြစ်ကြောင့်။ ကိလေသေသု စိတ္တံ န အလ္လိယတိ၊ ကိလေသာတို့၌ စိတ်သည် မကပ်ငြိ။
အထ အဿ သဟာယ ကာ၊ ထိုအခါ ထိုဥတ္တရသူဌေးသား၏ သူငယ်ချင်းတို့သည်။ “ဥတ္တရသေဋ္ဌိ ပုတ္တဿပိ၊ ဥတ္တရသူဌေးသားအတွက်လည်း။ ဧကံ ဣတ္ံ အာနေတွာ၊ တစ်ယောက်သော အမျိုးသမီးကို ဆောင်ယူ၍။ နက္ခတ္တံ ကီဠိဿာမာတိ၊ နက္ခတ် ပွဲကို ကစားကြအံ”ဟု။ သန္တယိတွာ၊ တိုင်ပင်ကြ၍။ တံ ဥပသင်္ကမိတွာ၊ ထိုဥတ္တရ သူဌေးသားသို့ ချဉ်းကပ်၍။ “သမ္မ ဣမသ္မိံ နဂရေ၊ အို မိတ်ဆွေ ဤသာဝတ္ထိမြို့၌။ ကတ္တိကဆဏော ဃုဋ္ဌော၊ ကြတ္တိကာနက္ခတ်ပွဲကို ကြော်ငြာအပ်ပြီ။ တုယှမ္ပိ ဧကံ ဣတ္ထိ၊ သင့်အတွက်လည်း တစ်ယောက်သော အမျိုးသမီးကို။ အာနေတွာ နက္ခတ္တံ၊ ဆောင်ယူ၍ နက္ခတ်ပွဲကို။ ကီဠိဿာမာတိ အာဟံသု၊ ကစားကြမည်”ဟု ပြောကုန် ပြီ။
“မေ ဣတ္ထိယာ န အတ္ထော၊ ငါ့အား အမျိုးသမီးဖြင့် အလိုမရှိပါ။ ဣတိ စ ဝုတ္တေပိ၊ ဤသိုလျှင် ပြောဆိုအပ်သော်လည်း။ ပုနပ္ပုနံ နိဗဇ္ဇိတွာ၊ ထပ်ခါထပ်ခါ စကားဖြင့် ဖွဲ့ချည်၍။ သမ္ပဋိစ္ဆာပေတွာ၊ လက်ခံစေ၍။ ဧကံ ဝဏ္ဏဒါသိ၊ တစ်ယောက် သော ပြည့်တန်ဆာမကို။ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတံ ကတွာ၊ အဆင်တန်ဆာ အားလုံးဖြင့် ဆင်မြန်းအပ်သည်ကို ပြု၍။ တဿ ယရံ နေတွာ၊ ထိုဥတ္တရသူဌေး သား၏ အိမ်သို့ ဆောင်ယူ၍။ “တွံ သေဋ္ဌိပုတ္တဿ၊ နင်သည် ဥတ္တရသူဌေးသား၏။ သန္တိကံ ဂစ္ဆာတိ၊ အထံသို့ သွားလော”ဟု။ သယနိယရံ ပေသေတွာ နိက္ခမိံသု၊ အိပ်ခန်းသို့ စေလွှတ်၍ ထွက်သွားကြပြီ။
တံ သယနိယရံ ပဝိဋ္ဌမ္ပိ၊ ထိုပြည့်တန်ဆာမ ကို အိပ်ခန်းသို့ ဝင်လာသော်လည်း။ သေဋ္ဌိပုတ္တော၊ ဥတ္တရသူဌေးသားသည်။ နေ ဩလောကေတိ နာလပတိ၊ ကြည့်လည်းမကြည့် စကားလည်းမပြော။
သာ၊ ထို ပြည့်တန်ဆာမသည်။ “အယံ ဧဝံ ရူပသောဘဂ္ဂပ္ပတ္တံ၊ ဤသူဌေးသားသည် ဤကဲ့သို့ ရုပ်တင့်တယ်မှု,အထွဋ်အထိပ်သို့ ရောက်သော။ ဥတ္တမဝိလာသသမ္ပန္နံ မံ၊ မြင့်မြတ်သော တင့်တယ်စံပယ်မှုနှင့်ပြည့်စုံသော ငါ့ကို။ နေဝ ဩလောကေတိ နာလပတိ၊ ကြည့်လည်းမကြည့် စကားလည်းမပြော။ ဣဒါနိ နံ အတ္တနော၊ ယခု အခါ ထိုသူဌေးသားကို မိမိ၏။ ဣတ္ထိကုတ္တလီလာယ၊ မိန်းမတို့၏ အပြုအမူ တင့်တယ်စံပယ်ခြင်းဖြင့်။ ဩလောကေဿာမီတိ၊ ကြည့်စေမည်”ဟု။ စိန္တေသိ၊ ကြံစီပြီ။ ဣတိ ဣတ္ထိလီလံ ဒန္တီ၊ ဤသို့တွေး၍ မ,၏ တင့်တယ်မှုကို ပြလျက်။ ပဋ္ဌာကာရေန အဂ္ဂဒန္တေ၊ ရယ်ရွှင်သော အခြင်းအရာဖြင့် သွားဖျားတို့ကို။ ဝိဝရိတွာ ဟသိတံ အကာသိ၊ ဖွင့်၍ ရယ်ရွှင်မှုကို ပြုပြီ။
သေဋ္ဌိပုတ္တော ဩလော ကေတွာ၊ ဥတ္တရသူဌေးသားသည် ကြည့်၍။ ဒန္တဋ္ဌိကေ နိမိတ္တံ ဂဏှိ၊ သွားရိုး၌ အဓိကနိမိတ်ကို ယူပြီ။
အထ အဿ၊ ယူပြီးရာ ထိုအခါ၌ ထိုဥတ္တရသူဌေးသား အား။ အဋ္ဌိကသညာ ဥပ္ပဇ္ဇိ၊ အရိုးစုအမှတ်သညာသည် ဖြစ်ပြီ။ သကလမ္ပိ တံ သရီရံ၊ အလုံးစုံလည်းဖြစ်သော ထိုကိုယ်သည်။ အဋ္ဌိကသင်္ခလိကာ ဝိယ ပညာယိ၊ စပ်ဆုပ်ဖွယ်အရိုးစုကဲ့သို့ ထင်လာပြီ။
သော တဿာ၊ ထိုဥတ္တရသူဌေးသားသည် ထိုပြည့်တန်ဆာမအား။ ပရိဗ္ဗယံ ဒတွာ၊ အခစားရိက္ခာကို ပေးပြီး၍။ “ဂစ္ဆာတိ ဥယျောဇေသိ၊ သွားတော့”ဟု လွှတ်လိုက်ပြီ။
တဿ ဃရာ၊ ထိုဥတ္တရသူဌေးသား၏ အိမ်မှ။ ဩတိတ္တံ တံ၊ ဆင်းလာသော ထိုပြည့်တန်ဆာမကို။ ဧကော ဣဿရော၊ တစ်ယောက်သော အစိုးရသူသည်။ အန္တရဝီထိယံ ဒိသွာ၊ မြို့လမ်းအကြား၌ တွေ့ရ၍။ ပရိဗ္ဗယံ ဒတွာ၊ အခစားရိက္ခာကို ပေး၍။ အတ္တနော ဃရံ နေသိ၊ မိမိ၏ အိမ်သို့ ဆောင်ယူသွားပြီ။ သတ္တာဟေ ဝီတိဝတ္တေ၊ ခုနှစ်ရက်သည် ကျော်လွန်သော်။ နက္ခတ္တံ ဩသိတံ၊ နက္ခတ်ပွဲသည် ပြီးဆုံးပြီ။
ဝဏ္ဏဒါသိယာ မာတာ၊ ပြည့်တန်ဆာမ၏ မိခင်သည်။ မီတု အာဂမနံ အဒိသွာ၊ သမီး၏ ပြန်လာမှုကို မတွေ့ရ၍။ သေဋ္ဌိပုတ္တာနံ သန္တိကံ ဂန္တွာ၊ သူဌေး သားတို့၏ အထံသို့ သွား၍။ “သာ ကဟန္တိ ပုစ္ဆိ၊ ထိုငါ့သမီးသည် အဘယ်မှာနည်း” ဟု မေးပြီ။
တေ ဥတ္တရသေဋ္ဌိပုတ္တဿ၊ ထိုသူဌေးသားတို့သည် ဥတ္တရသူဌေးသား၏။ ဃရံ ဂန္တွာ၊ အိမ်သို့ သွားကြ၍။ “သာ ကဟန္တိ ပုစ္ဆိံသု၊ ထိုပြည့်တန်ဆာမသည် အဘယ်မှာနည်း”ဟု မေးကြပြီ။
တင်္ခညေဝ တဿာ၊ ထိုခဏ၌ပင် ထိုပြည့်တန်ဆာမ အား။ ပရိဗ္ဗယံ ဒတွာ၊ အခစားရိက္ခာကို ပေး၍။ ဥယျောဇေသိန္တိ၊ ငါလွှတ်လိုက်ပြီဟု ပြောပြီ။
အထ အဿာ၊ ထိုအခါ ထိုပြည့်တန်ဆာမ၏။ မာတာ ရောဒန္တီ၊ မိခင် သည် ငိုကျွေးလျက်။ “မေ မီတရံ န ပဿာမိ၊ ငါ၏ သမီးကို မတွေ့ရ။ မေ ဂီတရံ၊ ငါ၏ သမီးကို။ သမာနေထာတိ၊ ကောင်းစွာဆောင်ယူပေးကြပါ”ဟု။ ဥတ္တရ သေဋ္ဌိပုတ္တံ အာဒါယ၊ ဥတ္တရသူဌေးသားကို ခေါ်ယူ၍။ ရညော သန္တိကံ အဂမာသိ၊ ကောသလမင်း၏ အထံသို့ ရောက်သွားပြီ။
ရာဇာ အတ္ထံ ဝိနိစ္ဆနန္တော၊ ကောသလ မင်းသည် တရားကို ဆုံးဖြတ်သော်။ “တေ ဣမေ သေဋ္ဌိပုတ္တာ၊ သင့်အတွက် ဤသူဌေးသားတို့သည်။ ဝဏ္ဏဒါသိ အာနေတွာ၊ ပြည့်တန်ဆာမကို ဆောင်ယူ၍။ တုယှံ အဟံသူတိ ပုစ္ဆိ၊ သင့်အား ပေးကြပြီလား”ဟု မေးပြီ။
အာမ ဒေဝါတိ၊ မှန်ပါ ပေးကြပါ၏ အရှင်မင်းကြီးဟုဖြေကြားပြီ။
ဣဒါနိ သာ ကဟန္တိ၊ ယခု ထိုပြည့်တန် ဆာမသည် ဘယ်မှာနည်းဟု စစ်ဆေးပြီ။
န ဇာနာမိ၊ မသိပါ။ တင်္ခဏညေပ နံ၊ ခေါ်လာခဲ့ရာ ထိုခဏမှာပင် ထိုပြည့်တန်ဆာမကို။ ဥယျောဇေသိန္တိ၊ လွှတ်လိုက်ပါပြီ ဟု ဖြေပြီ။
ဣဒါနိ တံ၊ ယခုအခါ ထိုပြည့်တန်ဆာမကို။ သမာနေတုံ သက္ကောသီတိ၊ ကောင်းစွာဆောင်ယူခြင်းငှာ စွမ်းနိုင်မည်လာဟုမေးပြီ။
န သက္ကောမိ ဒေဝါတိ၊ မစွမ်းနိုင်ပါ အရှင်မင်းမြတ်ဟုလျှောက်ထားပြီ။
ရာဇာ၊ ကောသလမင်းသည်။ “သမာနေတုံ၊ ကောင်းစွာဆောင်ယူပေးခြင်းငှာ။ သစေ န သက္ကောတိ၊ အကယ်၍ မစွမ်းနိုင်အံ့။ အဿ ရာဇာဏံ၊ ဥတ္တရသူဌေးသားအား မင်းအာဏာကို။ ကရောထာတိ အာဟ၊ ပြုကြ”ဟု အမိန့်ချပြီ။
အထ နံ၊ ထိုအခါ ထိုဥတ္တရသူဌေး သားကို။ ပစ္ဆာဗာဟံ ဗဇ္ဇိတွာ၊ နောက်၌ လက်မောင်းရှိအောင် ဖွဲ့ချည်၍။ ရာဇာကံ ကရိဿာမာတိ၊ မင်းအာဏာကို ပြုကြအံ့ဟု။ ဂဟေတွာ ပက္ကမိံသု၊ ခေါ်ယူ၍ ဖဲသွားကုန်ပြီ။
“ဝဏ္ဏဒါသိ သမာနေတုံ၊ ပြည့်တန်ဆာမကို ကောင်းစွာဆောင်ယူ ပေးခြင်းငှာ။ အသက္ကောန္တံ သေဋ္ဌိပုတ္တံ၊ မစွမ်းနိုင်သော ဥတ္တရသူဌေးသားကို။ ရာဇာ ရာဇာဏံ၊ ကောသလမင်းသည် မင်းအာဏာကို။ ကာရေသိ ကိရာတိ၊ ပြုစေသတဲ့” ဟု။ သကလနဂရံ၊ သာဝတ္ထိတစ်မြို့လုံးသည်။ ဧကကောလာဟလံ အဟောသိ၊ အုတ်အုတ်ကျက်ကျက်တစ်ခုတည်းရှိသည် ဖြစ်သွားပြီ။
မဟာဇနော ဥရေ၊ လူအများသည် ရင်ဘတ်၌။ ဟတ္ထ ဌပေတွာ၊ လက်တို့ကို တင်ထား၍။ “သာမိ ဧတံ ကိ နာမ၊ အို အရှင် ဤအမှုသည် ဘယ်မည်သော အမှုနည်း။ တေ အတ္တနော၊ အရှင်သူဌေးသားသည် မိမိအား။ န အနုစ္ဆဝိကံ လန္တိ ပရိဒေဝတိ၊ မလျော်သည်ကို ရအပ်ပြီးဟု ငိုကျွေး၏။
သေဌိပိ ပုတ္တဿ၊ ဖခင်သူဌေးသည်လည်း သား၏။ ပစ္စတော ပစ္စတော၊ နောက်မှ နောက်မှ။ ပရိဒေဝန္တော ဂစ္ဆတိ၊ ငိုကျွေးလျက် လိုက်သွား၏။
သေဋ္ဌိပုတ္တော၊ ဥတ္တရသူဌေးသားသည်။ “ဧဝရူပံ ဒုက္ခံ၊ ဤသို့ သဘောရှိသော ဆင်းရဲသည်။ အဂါရေ ဝသနဘာဝေန၊ အိမ်၌ နေခြင်းကြောင့်။ မယုံ ဥပ္ပန္နံ၊ ငါ့အား ဖြစ်ရ၏။
သစေ ဣတော မုစ္စိဿာမိ၊ အကယ်၍ ဤဆင်းရဲမှ လွတ်မြောက်အံ့။ မဟာဂေါတမသမ္မာသမ္ဗုဒ္ဓဿ၊ ကြီးကျယ်မြင့်မြတ်တော်မူသော ဂေါတမနွယ်ဖွား ရှင်တော်ဘုရား၏။ သန္တိကေ ပဗ္ဗဇိဿာမီတိ၊ အထံတော်၌ ရှင်ရဟန်းပြုမည်”ဟု။ စိန္တေသိ၊ တွေးပြီ။
သာပိ ဝဏ္ဏဒါသီ၊ ထိုပြည့်တန်ဆာမသည်လည်း။ တံ ကောလာ ဟလသပ္ပံ သုတွာ၊ ထိုအုတ်အုတ်ကျက်ကျက်ဖြစ်သော အသံကို ကြားရ၍။ “သော ကံ သန္ဓေါ နာမာတိ၊ ဤအသံကား ဘယ်မည်သော အသံနည်း”ဟု ။ ပုဗ္ဘိတွာ၊ မေး၍ ။ ဟံ ပဝတ္တိ သုတွာ၊ ထိုအဖြစ်ကို ကြားရ၍ ။ ဝေဂေန ဩတရိတွာ၊ အရှိန်အဟုန်ဖြင့် ဆင်းလာ၍။ “သာမီ၊ အိုအရှင်တို့။ ဥဿရဏ ဥဿရဏ၊ ဖယ်တော်မူကြပါ ဖယ်တော်မူကြပါ။ မံ ရာဇပုရိသာနံ၊ ကျွန်မကို မင်းချင်းယောက်ျား တို့အား။ ဒဋ္ဌုံ ဒေတာတိ၊ မြင်ခြင်းငှာ ပေးကြပါ”ဟုပြော၍။ အတ္တာနံ ဒဿေသိ၊ မိမိကိုယ်ကို ပြပြီ။
ရာဇပုရိသာ ဟံ ဒိသွာ၊ မင်းချင်းယောက်ျားတို့သည် ထိုပြည့် တန်ဆာမကို တွေ့ရ၍။ မာတရံ ပဋိစ္ဆာပေတွာ၊ မိခင်ကို လက်ခံစေ၍။ သေဋ္ဌိပုတ္တံ မုဉ္ဇိတွာ ပက္ကမိံသု၊ ဥတ္တရသူဌေးသားကို လွှတ်၍ ဖဲသွားကုန်ပြီ။
သော သဟာ ယကပရိဝုတောဝ၊ ထိုဥတ္တရသူဌေးသားသည် သူငယ်ချင်းများခြံရံအပ်လျက်သာ။ နဒိ ဂန္တွာ၊ မြစ်သို့ သွား၍။ သသီသံ နှာယိတွာ၊ ခေါင်းနှင့်တကွ ရေချိုး၍။ ဂေဟံ ဂန္တွာ၊ အိမ်သို သွား၍။ ဘုတ္တပါတရာသော၊ စားအပ်ပြီးသော နံနက်စာရှိသော်။ မာတာပိတရော ဝန္ဒိတွာ၊ မိဘတို့ကို ရှိခိုး၍။ ပဗ္ဗဇ္ဇီ အနုဇာနာပေတွာ၊ ရှင်ရဟန်း အဖြစ်ကို ခွင့်ပြုစေ၍။ စီဝရသာဋကေ အာဒါယ၊ သင်္ကန်းလျာပုဆိုးတို့ကို ယူဆောင်၍။ မဟန္တေန ပရိဝါရေန၊ များစွာသော အခြံအရံဖြင့်။ သတ္တု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ အထံတော်သို့ သွား၍။ ဝန္ဒိတွာ ပဗ္ဗဇ္ဇံ ယာစိတွာ၊ ရှိခိုးပြီး၍ ရှင်ရဟန်းအဖြစ်ကို တောင်းပန်ပြီး၍။ ပဗ္ဗဇ္ဇ ဥပသမ္ပဒဉ္စ လဘိတွာ၊ ရှင်အဖြစ်ကို လည်းကောင်း ရဟန်းအဖြစ်ကိုလည်းကောင်း ရပြီး၍။ အဝိဿဋ္ဌကမ္မဋ္ဌာနော၊ မစွန့်လွှတ်အပ်သော ကမ္မဋ္ဌာန်းရှိသည်ဖြစ်၍။ ဝိပဿနံ ဝတွာ၊ ဝိပဿနာကို ပွားစေ၍။ န စိရဿဝ၊ မကြာမြင့်မီပင်။ အရဟတ္တေ ပတိဋ္ဌာသိ၊ အရဟတ္တဖိုလ်၌ တည်ပြီ။
အထ ဧကဒိဝသံ ဓမ္မသဘာယံ၊ ထိုအခါ တစ်နေ့၌ တရားသဘင်၌။ သန္နိပတိ တာ ဘိက္ခူ၊ ကောင်းစွာကျရောက်စုဝေးကုန်သော ရဟန်းတို့သည်။ “အာဝုသော ဥတ္တရသေဋ္ဌိပုတ္တော၊ အို ငါရှင်တို့ ဥတ္တရသူဌေးသားသည်။ အတ္တနော ဘယေ ဥပ္ပန္နေ၊ မိမိအား ဘေးအန္တရာယ်သည် ဖြစ်ပေါ်သော်။ သာသနဿ ဂုဏံ ဇာနိတွာ၊ သာသနာတော်၏ ဂုဏ်ကျေးဇူးကို သိ၍။ “ဣမမှာ ဒုက္ခာ မုစ္စမာနော၊ ဤဒုက္ခမှ လွတ်မြောက်သော်။ ပဗ္ဗဇ္ဇိဿာမီတိ စိန္တေတွာ၊ ရှင်ရဟန်းပြုအံ့ဟု တွေးတောပြီး၍။ တေန သုစိန္တိတေန၊ ထိုကောင်းသော အတွေးအတောဖြင့်။ မရဏမုတ္တော စေဝ၊ သေးခြင်းမှလည်း လွတ်မြောက်၏။ ပဗ္ဗဇိတော အဂ္ဂဖလေ၊ ရဟန်းပြု၍ အမြတ်ဆုံး အရဟတ္တဖိုလ်၌။ ပတိဋ္ဌိတော စ ဣတိ၊ တည်လည်းတည်ရ၏"ဟု။ တဿ ဂုဏ ကထံ ကထေသုံ၊ ထိုဥတ္တရသူဌေးသား၏ ဂုဏ်နှင့်စပ်သော စကားကို ပြောဆို ကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထုနုတိ ပုတ္တိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက် ထားအပ်သော်။ “ဘိက္ခဝေ ဥတ္တရသေဋ္ဌိပုတ္တောဝ၊ အို . ရဟန်းတို့ ဥတ္တရသူဌေး သားသည်သာ။ အတ္တနော ဘယေ ဥပ္ပန္နေ၊ မိမိအား ဘေးအန္တရာယ်သည် ဖြစ်ပေါ် သော်။ ဣမိနာ ဥပါယေန၊ ဤနည်းလမ်းဖြင့်။ ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲမှ ။ မုစ္စိဿာမီတိ စိန္တေတွာ၊ လွတ်မြောက်အံ့ဟု တွေးတောကြံစီ၍။ မရဏဘယာ့ န မုတ္တော၊ သေဘေးမှ လွတ်မြောက်သည်မဟုတ်သေး။ အတီတေ ပဏ္ဍိတာပိ၊ ရှေး အခါက ပညာရှိတို့သည်လည်း။ အတ္တနော ဘယေ ဥပ္ပန္နေ၊ မိမိအား ဘေးအန္တရာယ် သည် ဖြစ်ပေါ်သော်။ ဣမိနာ ဥပါယေန၊ ဤနည်းလမ်း ဖြင့်။ ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲ မှ။ မုစ္စိဿာမာတိ စိန္တေတွာ၊ လွတ်မြောက်ကြအံ့ဟု တွေးတော၍။ မရဏဘယ၊ တောသေဘေးမှ။ မုစ္စသုယေဝါတိ ဝတွာ၊ လွတ်ဖူးကြသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ စုတိပဋိသန္ဓိဝသေန ပရိဝတ္တန္တော၊ စုတိပဋိသန္ဓေအစွမ်းအား ဖြင့် ချာချာလည်သော်။ ဝဋ္ဋကယောနိယံ နိဗ္ဗတ္တိ၊ ငုံးမျိုး၌ ဖြစ်ပြီ။
တဒါ ဧကော ဝဋ္ဋကလုဒ္ဒကော၊ ထိုအခါ တစ်ယောက်သော ငုံးမုဆိုးသည်။ အရညာ ဗဟု ဝဋ္ဋကေ၊ တောထဲမှ များစွာကုန်သော ငုံးတို့ကို။ အာဟရိတွာ ဂေဟေ ဌပေတွာ၊ ဖမ်းယူ၍ အိမ်၌ မွေးထား၍။ ဂေါစရံ ဒတွာ၊ အစာကို ကျွေး၍။ မူလံ ဂဟေတွာ၊ တန်ဖိုးကို ယူ၍။ အာဂတာဂတာနံ ဟတ္ထ၊ ဝယ်လာ ဝယ်လာသူတို့၏ လက်၌။ ဝဋ္ဋကေ ဝိက္ခိဏန္တော၊ ငုံးတို့ကို ရောင်းချလျက်။ ဇီဝိကံ ကပ္ပေတိ၊ အသက်မွေးမှု ကို ပြု၏။
သော ဧကဒိဝသံ၊ ထိုငုံးမုဆိုးသည် တစ်နေ့၌။ ဗဟိ ဝဋ္ဋကေဟိ သဒ္ဓိံ၊ များစွာကုန်သော ငုံးတို့နှင့် အတူ။ ဗောဓိသတ္တမ္ပိ ဂဟေတွာ အာနေတိ၊ ဘုရားလောင်းကိုလည်း ဖမ်း၍ ဆောင်ယူသွားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း သည်။ သစေ အဟံ၊ အကယ်၍ ငါသည်။ ဣမိနာ ဒိန္နံ ဂေါစရာ၊ ဤမုဆိုးသည် ပေးကျွေးအပ်သော အစာကိုလည်းကောင်း။ ပါနိယဉ္စ ပရိက္ခိဿာမိ၊ သောက်ရေ ကိုလည်းကောင်း စားသောက်အံ့။ အယံ မံ ဂဟေတွာ၊ ဤမုဆိုးသည် ငါ့ကို ယူ၍။ အာဝတာနံ မနုသာနံ ဒဿတိ၊ အ၀ယ်လာကုန်သော လူတို့အား ပေးလ တ္တံ။
သစေ ပန န ပရိဘုဉ္ဇိဿာမိ၊ အကယ်၍ကား မစားသောက်အံ့။ အကြံ မိလာယိဿာမိ၊ ငါသည် ညှိုးနွမ်းလိမ့်မည်။ အထ မိလာယန္တိ မံ ဒိသွာ၊ ထိုအခါ ညှိုးနွမ်းသော ငါ့ကို တွေ့မြင်၍။ မနုဿာ န ဂဏှိဿန္တိ၊ လူတို့သည် မ၀ယ်ယူကြလတံ့။
ဧဝံ မေ၊ ဤသို့မဝယ်ယူသော် ငါ့အား။ သောတ္ထိ ဘဝိဿတိ၊ ချမ်းသာ ခြင်းသည် ဖြစ်လတံ့။ ဣမံ ဥပါယံ၊ ဤနည်းလမ်းကို။ ကရိဿာမီတိ စိန္တေသိ၊ ငါပြုမည်”ဟု တွေးမိပြီ။
သော တထာ ကရောန္တော၊ ထိုဘုရားလောင်းသည် ထိုတွေးမိသည့်အတိုင်း ပြုသော်။ မိလာယိတွာ၊ ညှိုးနွမ်း၍။ အဋ္ဌိစမ္မမတော အဟောသိ၊ အရိုးအရေမျှသာရှိသည် ဖြစ်ပြီ။
မနုဿာ တံ ဒိသွာ၊ လူတို့သည် ထိုဘုရားလောင်းကို မြင်၍။ န ဂဏှိံှိံ၊ မဝယ်ယူကြပြီ။
ဗုဒ္ဓကော ဗောဓိသတ္တံ ဌပေတွာ၊ ငုံးမုဆိုးသည် ဘုရားလောင်းကို ချန်ထား၍။ သေသေသု ဝဋ္ဋကေသု ပရိက္ခိဏေသု၊ ကြွင်းကျန်ကုန်သော ငုံးတို့သည် ကုန်ခမ်းကုန်သော်။ ပစ္ဆိံ နီဟရိတွာ၊ ငုံးထည့်သည့်ခြင်းကို ထုတ်ဆောင်၍။ ဒွါရေ ဌပေတွာ၊ တံခါးပေါက်၌ ထား၍။ ဗောဓိသတ္တံ ဟတ္ထတလေ ကတွာ၊ ဘုရားလောင်းကို လက်ဝါးအပြင်၌ ထား၍။ “အယံ ဝဋ္ဋကော၊ ဤငုံးကား။ ကိံ နုခေါတိ စိန္တေတွာ၊ ဘယ်လိုလဲ ”ဟု တွေး၍။ ဩလောကေတုံ အာရဒ္ဓေါ၊ ကြည့်ခြင်းငှာ အားထုတ်ပြီ။
အထ အဿ၊ ထိုအခါ ထိုငုံးမုဆိုး၏။ ပမတ္တဘာဝံ ဉတွာ၊ မေ့လျော့ကြောင်းကို သိ၍။ ဗောဓိသတ္တော ပက္ခေ၊ ဘုရားလောင်းသည် အတောင်တို့ကို။ ပသာရေတွာ ဥပ္ပတိတွာ၊ ဖျန့်၍ ပျံသွား။ အရညမေဝ ဂတော၊ တောထဲသို့သာ သွားပြီ။
အညေ ဝဋ္ဋကာ၊ အခြားကုန်သော ငုံးတို့သည်။ တံ ဒိသွာ၊ ထိုဘုရားလောင်းကို မြင်၍။ “ကိံ နုခေါ န ပညာယတိ၊ အဘယ့်ကြောင့် မထင်ရှားသနည်း။ ကဟံ ဂတော၊ အဘယ်သို့ သွားနေသည်။ အသီတိ ပုဗ္ဘိတွာ၊ ဖြစ်သနည်း”ဟု မေးကြ၍။ “လုဒ္ဒကေန ဂဟိ တော၊ ငုံးမုဆိုးသည် ဖမ်းယူအပ်သည်။ အမှီတိ ဝုတ္တေ၊ ဖြစ်၏”ဟု ပြောအပ် သော်။ “ကိန္တိ ကတွာ၊ ဘယ်ကဲ့သို့ ပြုလုပ်။ မုတ္တော၊ လွတ်မြောက်လာသည်။ အသီတိ ပုစ္ဆိံ သု၊ ဖြစ်သနည်း”ဟု မေးကြပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “အဟံ တေန ဒိန္နံ၊ ငါသည် ထိုမုဆိုးက ပေးအပ်ကျွေးအပ်သော။ ဂေါစရံ အဂ္ဂဟေ တွာ၊ အစာကို မယူမစားမူ၍။ ပါနီယံ အပိပိတွာ၊ သောက်ရေကို မသောက်မူ၍။ ဥပါယစိန္တာယ၊ လွတ်ကြောင်းနည်းလမ်းတွေးတောခြင်းဖြင့်။ မုတ္တောတိ ဝန္ဒာ၊ လွတ်မြောက်လာ၏”ဟု ပြောပြ၍။
အစိန္တယန္တော ပုရိသော၊ အတွေးအတောမရှိသော ယောက်ျားသည်။ ဝိသေသံ န အဓိဂစ္ဆတိ၊ ကောင်းကျိုးအထူးကို မရရှိနိုင်။ စိန္တိတဿ ဖလံ ပဿ၊ တွေးတောကြံစီမှု၏ ကောင်းကျိုးကို ရှုစမ်းပါ။ ဝဓဗန္ဓနာ မုတ္တော အသ္မိံ၊ အသတ်ခံရခြင်း အနှောင်ဖွဲ့ခံရခြင်းမှ (ငါ) လွတ်မြောက်သည် ဖြစ်၏။
တတ္ထ အယံ ပိဏ္ဍတ္တော၊ ထိုဂါထာ၌ ဤဆိုလတံ့ကား အပေါင်းဖြစ်သော အနက် အဓိပ္ပါယ်တည်း။ (ကော၊ အပေါင်းအနက်အဓိပ္ပါယ်ဟူသည် အဘယ်နည်း)။ **ပုရိသော** ဒုက္ခ ပတွာ၊ ယောက်ျားသည် ဒုက္ခသို့ ရောက်သော်။ ဣမိနာ နာမ ဥပါယေန၊ ဤမည်သော နည်းလမ်းဖြင့်။ ဣမမှာ ဒုက္ခာ၊ ဤဒုက္ခမှ။ မုစ္စိဿာမီတိ၊ လွတ်မြောက်အံ့ဟု။ **အစိန္တယန္တော**၊ မတွေးတောသော်။ အတ္တနော ဒုက္ခာ၊ မိမိ၏ ဒုက္ခမှ။ မောက္ခသင်္ခါတံ ဝိသေသံ၊ လွတ်မြောက်ခြင်းဟုဆိုအပ်သော အကျိုးထူးကို။ **နာဓိဂစ္ဆတိ**၊ မရနိုင်။
ဣဒါနိ ပန၊ ယခုအခါ၌ကား။ မယာ **စိန္တိတ** ကမ္မဿ၊ ငါသည် တွေးတောအပ်သော အမှု၏။ **ဖလံ ပဿ**၊ ကောင်းကျိုးကို ရှုစမ်းပါ။
တေနေဝ ဥပါယေန၊ ထိုနည်းလမ်းဖြင့်သာ။ **ဝဓဗန္ဓနာ**၊ အသတ်ခံရခြင်း အနှောင်အဖွဲ့ခံရ ခြင်းမှ။ မုတ္တော အသ္မိံ၊ ငါ လွတ်မြောက်သည် ဖြစ်၏။ မရဏတော စ ဗန္ဓနတော၊ သေရခြင်းမှလည်းကောင်း အနှောင်အဖွဲ့ခံရခြင်းမှလည်းကောင်း။ အဟံ မုတ္တော အသ္မိံ၊ ငါသည် လွတ်မြောက်သည် ဖြစ်၏။ ဣတိ၊ အပေါင်းအနက် အဓိပ္ပါယ်ဟု သည် ဤသည်ပင်တည်း။
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။ အတ္တနာ ကတ ကာရဏံ၊ မိမိသည် ပြုလုပ်အပ်သော အကြောင်းအရာကို။ အာစိက္ခိ၊ ပြောကြားပြီ။
သတ္တာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ မရဏမုတ္တော ဝဋ္ဋကော၊ ထိုအခါက သေမှုမှ လွတ်မြောက်သော ဗုံးသည်။ အဟမေ၀ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမာဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဝဋ္ဋဇာတက၀ဏ္ဏနာ အဋ္ဌမာ၊ ရှစ်ခုမြောက်ဖြစ်သော ဝဋ္ဋဇာတ်အဖွင့်တည်း။