**အဘိတ္ထနယ ပဇ္ဇုန္နာ** တိ ဣဒံ၊ အဘိတ္ထနယ ပဇ္ဇုန္နစသော ဤတရားဒေသနာ တော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အတ္တနာ ဝဿာပိတဝဿံ၊ ကိုယ်တော်မြတ်သည် ရွာစေအပ်သော မိုးကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဧကသ္မိံ သမယေ ကောသလ၊ တစ်ပါးသော အခါ၌ ကောသလတိုင်း၌။
ဒေဝေါ န ကိရ၊ မိုးသည် မရွာပြီတဲ့။
သဿာနိ မိလာယန္တိ၊ စပါးကိုမှတ် အရပ်ရပ်သော သီးနှံတို့သည် ညှိုးနွမ်းကုန်၏။
တေသု တေသု ဌာနေသု၊ ထိုထိုဌာနတို့၌။
တဠာက ပေါက္ခရုဏိသရာနိ သုဿန္တိ၊ တစ်ဘက်ဆည်ကန်, လေးထောင့်ကန်, ရေအိုင် တို့သည် ခန်းခြောက်ကုန်၏။
ဇေတဝနဒွါရကောဋ္ဌကသမီပေ ဇေတဝနပေါက္ခ ရဏိယာပိ၊ ဇေတဝန်ကျောင်းတံခါးမုခ်အနီးက ဇေတဝန်ရေကန်၌လည်း။
ဥဒကံ ဆိဒ္ဓိ၊ ရေသည် ပြတ်ပြီ။
ကလလဂဟနံ ပဝိသိတွာ၊ ညွန်ထဲသို့ ဝင်၍။
နိပန္နေမစ္ဆကစ္ဆပေ၊ အိပ်နေကုန်သော ငါး, လိပ်တို့ကို။
ကာကကုလလာဒယော၊ ကျီး စွန်ရဲ စသည်တို့သည်။
ကဏယဂ္ဂသဒိသေဟိ တုဏ္ဍေဟိ၊ ခက်ရင်းဖျားနှင့်တူ ကုန်သော နှုတ်သီးတို့ဖြင့်။
ကောဋေတွာ နီဟရိတွာ နီဟရိတွာ၊ ထိုးဆိတ်၍ ထုတ်ဆောင်၍ ထုတ်ဆောင်၍။
ဝိဇ္ဖမာနေ ခါဒန္တိ၊ တစ်ဖျတ်ဖျတ် တုန်လှုပ် နေသည်တို့ကို ထိုးဆိတ်စားကုန်၏။
မစ္စကစ္ဆပါနံ တံ ဗျသနံ၊ ငါးလိပ်တို့၏ ထိုပျက်စီးမှုကို။
သတ္ထာ ဒိသွာ၊ ဘုရားရှင်သည် မြင်တော်မူ၍။
မဟာကရုဏာယ ဥဿာဟိတဟဒယော၊ ကြီးစွာသော သနားခြင်းသည် တိုက်တွန်းအပ်သော စိတ်နှလုံးရှိတော်မူ၍။
“အဇ္ဇ မယာ၊ ယနေ့ ငါဘုရားသည်။
ဒေဝံ ဝဿာပေတုံ ဝဋတီတိ၊ မိုးကို ရွာစေခြင်းငှါ သင့်၏”ဟု တွေးတော်မူ၍။
ရတ္တိယာ ပဘာတာယ၊ ညဉ့်သည် လင်းလတ်သော်။
သရီရပဋိဇဂ္ဂနံ ကတွာ၊ ကိုယ်လက်သုတ်သင်မှုကို ပြုတော်မူ၍။
ဘိက္ခာစာရဝေလံ သလ္လက္ခေတွာ၊ ဆွမ်းခံလှည့်လည်ရာ အခါကို ကောင်းစွာမှတ်သားတော်မူ၍။
မဟာဘိက္ခုသင်္ဃပရိဝုတော ဗုဒ္ဓလီလာယ၊ များစွာသော ရဟန်းအပေါင်း ခြံရံအပ်လျက် ဘုရားတို့တင့်တယ်စံပယ်ခြင်းဖြင့်။ သာဝတ္ထိ ပိဏ္ဍာယ ပဝိသိတွာ= သာဝတ္ထိမြို့၌ ဆွမ်းအကျိုးငှာ ဝင်တော်မူ၍။
ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်း၏နောက်အဖို့၌ ဆွမ်းခံရွာမှ ဖဲတော်မူ၍။
သာဝတ္ထိတော ဝိဟာရံ ဂစ္ဆန္တော၊ သာဝတ္ထိမြို့မှ ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူလျက်။
ဇေတဝန ပေါက္ခရ ဏိယာ သောပါနေ ဌတွာ၊ ဇေတဝန်ရေကန်၏ စောင်းတန်းဦး၌ ရပ်တော်မူ၍။
အာနန္ဒတ္ထရံ၊ အာနန္ဒာထေရ်ကို။
“အာနန္ဒ ဥဒကသာဋိကံ အာဟရ၊ အာနန္ဒာ. ရေသနုပ်ကို ယူခဲ့။
ဇေတဝနပေါက္ခရဏိယံ နှာယိဿာမီတိ၊ အာမန္တေသိဇေတဝန် ရေကန်၌ ရေချိုးအံ့”ဟု မိန့်တော်မူပြီ။
ဘန္တေ ဇေတဝနပေါက္ခရဏိယံ၊ မြတ်စွာဘုရား ဇေတဝန်ရေကန်၌။
ဥဒကံ ဆိန္န နနု၊ ရေသည် ပြတ်နေပြီ မဟုတ်ပါလော။
ကလလ မတ္တမေဝ အဝသိဒံ နနု ဣတိ၊ ညွန်မျှသည်သာ ကြွင်းကျန်သည်မဟုတ်ပါလောဟု လျှောက်ပြီ။
အာနန္ဒ ဗုဒ္ဓဗလံ နာမ မဟန္တံ၊ အာနန္ဒာ ဘုရားတို့ စွမ်းအားမည်သည် ကြီးမားလှ၏။
တွံ ဥဒကသာဋိကံ အာဟရ ဣတိ၊ သင်သည် ရေသနုပ်ကို ဆောင်ခဲ့ ဟု မိန့်ပြီ။
ထေရော အာဟရိတွာ အဒါသိ၊ အာနန္ဒာထေရ်သည် ဆောင်ယူ၍ ဆက်ကပ်ပြီ။
သတ္ထာ ဧကေန အန္တေန၊ ဘုရားရှင်သည် တစ်ခုသော အစွန်းဖြင့်။
ဥဒကသာဋိကံ နိဝါသေတွာ၊ ရေသနုပ်ကို ဝတ်တော်မူ၍။
ဧကေန အန္တေန၊ တစ်ခုသော အစွန်းဖြင့်။
သရီရံ ပါပိတွာ၊ ကိုယ်တော်ကို ခြုံငုံ၍။
“ဇေတဝန ပေါက္ခရဏီယံ နှာယိဿာမီတိ၊ ဇေတဝန်ရေကန်၌ ရေချိုးအံ့”ဟု ကြံတော်မူ၍။
သောပါနေ အဋ္ဌာသိ၊ ရေကန် စောင်းတန်းဦး၌ ရပ်တော်မူပြီ။
တင်္ခဏည၀ သက္ကဿ၊ ထိုခဏ၌ပင် သိကြားမင်း၏။
ပဏ္ဍုကမ္ဗလသိလာသနံ ဥဏှာကာရံ ဒဿေသိ၊ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် ပူသော အခြင်းအရာကို ပြပြီ။
ကိ ဖုံ ခေါတိ၊ ဘာလဲဟု။
သော အာဝဇ္ဇန္တော၊ ထိုသိကြားမင်းသည် ဆင်ခြင်သော်။
တံ ကာရဏံ ဉတွာ၊ ဘုရားရှင် ရေချိုးလိုသော ထိုအကြောင်းကို သိ၍။
ဝဿဝလာဟကဒေဝရာဇာနံ ပတ္တောသာပေတွာ၊ မိုးတိမ်စောင့်နတ်မင်းကို ခေါ် စေ၍။
“တာတ သတ္ထာ၊ ချစ်သား ရှင်တော်မြတ်ဘုရားသည်။
ဇေတဝနပေါက္ခဏိယံ နှာယိဿာမီတိ၊ ဇေတဝန် ရေကန်၌ ရေချိုးမည်ဟု တွေး၍။
ဓုရသောပါနေ ဌိတော၊ ရေကန်စောင်းတန်းဦး၌ ရပ်တော်မူနေ၏။
သကလကောသလရဋ္ဌံ ဧကမေဃံကတွာ၊ အလုံးစုံသော ကောသလတိုင်းကို အတူမိုးရွာခြင်းရှိသည်ကို ပြု၍။
ခိပ္ပံ ဝဿာပေဟီတိ၊ လျင်စွာ မိုးရွာစေလော့”ဟု ခိုင်းပြီ။
သော သာဓူတိ သတ္တိတွာ၊ ထိုမိုးတိမ်စောင့်နတ်မင်းသည် ကောင်းပါပြီဟု ဝန်ခံ၍။
ဧကံ ဝလာဟကံ နိဝါသေတွာ၊ တစ်ထည်သော မိုးတိမ် အဝတ်ကို ကိုယ်ပေါ်နေစေ၍ ဝတ်၍။
ဧကံ ပါရုပိတွာ၊ တစ်ထည်ကို ခြုံငုံ၍။
မေဃဂီတံ ဂါယန္တော၊ မိုးသီချင်းကို သီဆိုလျက်။
ပါစီနလောကဓာတုအဘိမုခေါ ပက္ခန္ဒိ၊ အရှေ့လောကဓာတ်သို့ ရှေးရှုပြေးသွားပြီ။
ခလမဏ္ဍလမတ္တံ ဧကံ မေဃပဋလံ၊ ကောက်နယ်တလင်းဝန်း ပမာဏရှိသော တစ်ခုသော မိုးတိမ်ခဲသည်။
ပါစီန ဒိသာဘာဂေ ဥဋ္ဌာယ၊ အရှေ့အရပ်မျက်နှာအဖို့၌ ထလာ၍။
သတပဋလံ သဟဿပဋလံ ဟုတွာ၊ မိုးတိမ်ခဲအရာသည် မိုးတိမ်ခဲအထောင်သည် ဖြစ်၍။
အဘိတ္ထနန္တ ဝိဇ္ဈလတာ နိစ္ဆာရေန္တံ၊ ထစ်ချုန်းလျက် လျှပ်စစ်နွယ်တို့ကို ထွက်စေလျက်။
အဓောမုခံ ဌပိတ ဥဒကကုမ္ဘာကာရေန၊ အောက်သို့ မျက်နှာပြု၍ ထားအပ်သော ရေအိုးပုံစံဖြင့်။
ဝဿမာနံ၊ ရွာလျက်။
သကလကောသလရဋ္ဌံ၊ အလုံးစုံသော ကောသလတိုင်းကို။
မဟောယေန ဝိယ အဇ္ဈောတ္ထရိ၊ ကြီးစွာသော ရေအလျဉ်ဖြင့် ကဲ့သို့ လွှမ်းမိုးပြီ။
ဒေဝေါ အစ္ဆိန္နဓာရံ ဝဿန္တော၊ မိုးသည် မပြတ်သော ရေအလျဉ်ကို ရွာချလျက်။
မုဟုတ္တေနေဝ ဇေတဝနပေါက္ခရဏီ ပူရေသိ၊ တစ်မုဟုတ်ချင်းပင် ဇေတဝန်ရေကန်ကို ပြည့်စေပြီ။
ဓုရသောပါနံ အာဟစ္စ၊ စောင်းတန်းဦးကို ထိ၍။
ဥဒကံ အဋ္ဌာသိ၊ ရေသည် တည်ပြီ။
သတ္ထာ ပေါက္ခဏိယံ နှာယိတွာ၊ ဘုရားရှင်သည် ဇေတဝန်ရေကန်၌ ရေချိုး ပြီး၍။
သုရတ္တဒုပန္နံ နိဝါသေတွာ၊ ကောင်းစွာနီမြန်းသော နှစ်ထပ်သင်းပိုင်ကို ဝတ်တော်မူ၍။
ကာယဗန္ဓနံ ဗန္ဓတွာ၊ ခါးပန်းကြိုးကို ဖွဲ့ချည်တော်မူ၍။
သုဂတ မဟာစီဝရံ ဧကံသံ ကတွာ၊ မြတ်စွာဘုရားဧကသီတော်ကြီးကို လက်ဝဲတစ်ဖက် ပခုံးထက်၌ တင်သည်ကိုပြု၍။
ဘိက္ခုသံဃပရိဝုတော ဂန္တွာ၊ ရဟန်းအပေါင်း ခြံရံအပ်လျက် ကြွတော်မူ၍။
ဂန္ဓကုဋိပရိဝေဏေဂန္ဓကုဋီ၊ တိုက်ခန်း၌။
ပညတ္တ ဝရဗုဒ္ဓါသနေ နိသီဒိတွာ၊ ခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်၌ ထိုင်တော်မူ၍။
ဘိက္ခုသင်္ဃန ဝတ္တေ ဒဿိတေ၊ ရဟန်းအပေါင်းသည် ဝတ်ကို ပြအပ်သော်။
ဥဋ္ဌာယ မဏိသောပါနဖလကေ ဌတွာ၊ ထတော်မူ၍ ပတ္တမြား စောင်းတန်းလှေခါးထစ်၌ ရပ်တော်မူ၍။
ဘိက္ခုသင်္ဃဿ ဩဝါဒံ ဒတွာ၊ ရဟန်း အပေါင်းအား ဩဝါဒကို ပေးတော်မူ၍။
ဥယျောဇေတွာ၊ လွှတ်လိုက်တော်မူ၍။
သုရဘိဂန္ဓကုဋိ ပဝိသိတွာ၊ ကောင်းသော အနံ့ရှိသော ဂန္ဓကုဋီသို့ ဝင်တော်မူ၍။
ဒက္ခိဏေန ပဿန၊ လက်ယာဖြစ်သော နံပါးဖြင့်။
သီဟသေယျံ ကပွေတွာ၊ မြတ်သော ကျိန်းစက်ခြင်းကို ပြုတော်မူ၍။
သာယနှသမယေ ဓမ္မသဘာယံ၊ ညနေ ချမ်းအခါ၌ တရားသဘင်၌။
သန္နိပတိတာနံ ဘိက္ခူနံ၊ ကောင်းစွာ ကျရောက် စုဝေးကုန်သော ရဟန်းတို့၏။
“အာဝုသော ဒသဗလဿ၊ ငါ့ရှင်တို့ ရှင်တော် ဘုရား၏။
ခန္တိမေတ္တာနုဒ္ဒယသမ္ပတ္တိ ပဿထ၊ သည်းခံခြင်း, ချစ်ခြင်း, သနားခြင်းနှင့် ပြည့်စုံမှုကို ရှုကြပါကုန်လော့။
ဝိဝိဓသဿသု မိလာယန္တေသု၊ ကောက်ပင်ကိုမှတ် အမျိုးမျိုးသော သီးနှံတို့သည် ညှိုးနွမ်းကုန်သော်။
နာနာဇလာသယေသု သုဿ န္တေသု၊ ရေ၏တည်ရာ နေရာအမျိုးမျိုးတို့သည် ခြောက်ကပ်ကုန်သော်။
မစ္ဆ ကစ္ဆပေသု မဟာဒုက္ခံ ပါပုဏန္တေသု၊ ငါးလိပ်ကိုမှတ် အရပ်ရပ်သော ရေနေ သတ္တဝါ တို့သည် ကြီးစွာသော ဆင်းရဲသို့ ရောက်ကြသော်။ ကာရုညံ ပဋိစ္စ= သနားခြင်းကို စွဲ၍။
မဟာဇနံ ဒုက္ခာ၊ သတ္တဝါပေါင်းများစွာကို ဆင်းရဲမှ။
မောစေဿာမီတိ၊ လွတ်စေအံ့ဟု ကြံတော်မူ၍။
ဥဒကသာဋိကံ နိဝါသေတွာ၊ ရေသနုပ်ကို ဝတ်တော် မူ၍။
ဇေတဝနပေါက္ခရဏိယာ၊ ဇေတ၀န်ရေကန်၏။
ဓုရသောပါနေ ဌတွာ၊ စောင်းတန်းဦး၌ ရပ်တော်မူ၍။
မုဟုတ္တေန သကလကောသလရဋ္ဌံ၊ တစ်မုဟုတ် ခြင်းဖြင့် အလုံးစုံသော ကောသလတိုင်းကို။
မဟောဃေန ဩပိလာပေန္တော၊ ဝိယကြီးစွာသော ရေအလျဉ်ဖြင့် နစ်မြုပ်စေဘိသကဲ့သို့။
ဒေဝံ ဝဿာပေတွာ၊ မိုးကိုရွာစေ၍။
မဟာဇနံ၊ သတ္တဝါပေါင်းများစွာကို။
ကာယိကစေတသိကဒုက္ခတော မောစေတွာ၊ ကိုယ်၌ဖြစ်သော ဆင်းရဲ စိတ်၌ဖြစ်သော ဆင်းရဲမှ လွတ်မြောက်စေ တော်မူ၍။
ဝိဟာရံ ပဝိဋ္ဌောတိ၊ ကျောင်းတော်သို့ ဝင်တော်မူပြီ”ဟု။
ကထာယ ဝတ္တမာနာယ၊ စကားသည် ဖြစ်လသော်။
ဂန္ဓကုဋိတော နိက္ခမိတွာ၊ ဂန္ဓကုဋိမှ ထွက်တော်မူ၍။
ဓမ္မသဘံ အာဂန္တွာ၊ တရားသဘင်သို့ ကြွလာတော်မူ၍။
“ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ ဘယ်မည်သော စကားဖြင့် ကောင်းစွာ ထိုင်နေကြသည်။
အတ္ထ နုတိ ပုတ္တိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။
ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်အပ်သော်။
“ဘိက္ခဝေ တထာဂတော၊ ရဟန်းတို့ ငါဘုရားသည်။
ဣဒါနေဝ၊ ယခုအခါ၌သာ။
မဟာဇနေ ကိလမန္တေ၊ သတ္တဝါပေါင်းများစွာသည် ပင်ပန်းနေသော်။
ဒေဝံ ဝဿာပေတိ န၊ မိုးကို ရွာစေသည် မဟုတ်သေး။
ပုဗ္ဗေ တိရစ္ဆာနယောနိယံ နိဗ္ဗတ္တိတွာ၊ ရှေးက တိရစ္ဆာန်မျိုး၌ ဖြစ်၍။
မစ္ဆရာဇကာလေပိ၊ ငါးမင်းဖြစ်ရာ ကာလ၌လည်း။
ဝဿာပေတိယေဝါတိ ဝတွာ၊ ရွာစေဖူး သည်သာ” မိန့်မူ၍။
အတီတံ အာဟရိအတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဣမသ္မိယေဝ ကောသလရဋ္ဌ၊ လွန်လေပြီးသောအခါ ဤ ကောသလတိုင်း၌ပင်။
ဣမိဿာ သာဝတ္ထိယာ၊ ဤသာဝတ္ထိပြည်၏။
ဣမသ္မိံယေဝ ဇေတဝနပေါက္ခရဏိဋ္ဌာနေ၊ ဤဇေတဝန်ရေကန်ဌာန၌ပင်။
ဝလ္လိဂဟနပရိက္ခိတ္တာ၊ နွယ်အရှုပ်အထွေး ကာရံအပ်သော။
ဧကာ ကန္ဒရာ အဟောသိ၊ တစ်ခုသော ရေကျချောက်သည် ရှိပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါက ဘုရားလောင်းသည်။
မစ္ဆယောနိယံ နိဗ္ဗတ္တိတွာ၊ ငါးမျိုး၌ ဖြစ်၍။
မစ္ဆဂဏပရိဝုတော၊ ငါးအပေါင်း ခြံရံ အပ်လျက်။
တတ္ထ ပဋိဝသတိ၊ ထိုရေကျချောက်၌ အားပြုနေ၏။
ဣဒါနိ ယထာ ပန၊ ဤပစ္စုပ္ပန်အခါ၌ကဲ့သို့။
ဧဝမေဝ၊ ဤအတူပင်။
တဒါပိ တသ္မိံ ရဋ္ဌေ၊ ထိုအခါက လည်း ထိုကောသလတိုင်း၌။
ဒေဝေါ န ဝဿိ၊ မိုးသည် မရွာပြီ။
မနုဿာနံ သဿာနိ မိလာပံသု၊ လူတို့၏ ကောက်ပင်ကိုမှတ် အရပ်ရပ်သီးနှံတို့သည် ညှိုးကုန် ပြီ။
ဝါပိတဠာကကန္ဒရာဒီသု၊ မြစ်ကျိုးအင်း တစ်ဖက်ဆည်ကန် ရေကျချောက် စသည်တို့၌။
ဥဒကံ ဆိဇ္ဇိ၊ ရေသည် ပြတ်ပြီ။
မစ္ဆကစ္ဆပါ၊ ငါးလိပ်ကိုမှတ် ရေသတ္တဝါ အရပ်ရပ်တို့သည်။
ကလလဂဟနံ ပဝိသိံသု၊ နွံအရှုပ်အထွေးသို့ ဝင်ကြရကုန်ပြီ။
ဣမိဿာပိ ကန္ဒရာယဤရေကျချောက်၌လည်း။
မစ္ဆကစ္ဆပါ၊ ငါးလိပ်ကိုမှတ်ရေသတ္တဝါအရပ်ရပ်တို့သည်။
ကလလဂဟနံ ပဝိသိတွာ၊ နွံအရှုပ်အထွေးသို့ ဝင်ကြ၍။
တသ္မိံ တသ္မိံ ဌာနေ နိလီယိသု၊ ထိုထိုဌာန၌ ပုန်းအောင်းကြပြီ။
ကာကာ ဒယော၊ ကျီးစသည်တို့သည်။
တုဏ္ဍေန ကောငွေတွာ၊ နှုတ်သီးဖြင့် ထိုးဆိတ်၍။
နီဟရိတွာ ခါဒိသု၊ ထုတ်ဆောင်၍ စားကြပြီ။
ဉာတိသံဃဿ တံ ဗျသနံ၊ ဆွေမျိုး၏ ထိုပျက်စီးမှုကို။
ဗောဓိသတ္တော ဒိသွာ၊ ဘုရားလောင်းသည် တွေ့ရ၍။
“တေသံ ဣမံ ဒုက္ခံ၊ ထိုဆွေမျိုးတို့၏ ဤ ဆင်းရဲကို။
မံ ဌပေတွာ၊ ငါ့ကို ထား၍။
အညော မောစေတုံ သမတ္တော နာမ နတ္ထိ၊ အခြားသော လွတ်စေခြင်းငှာ စွမ်းနိုင်သူမည်သည် မရှိ။
သစ္စကိရိယံ ကတွာ၊ သစ္စာဆိုမှုကို ပြု၍။
ဒေဝံ ဝဿာပေတွာ၊ မိုးကို ရွာစေ၍။
ဉာတကေ မရဏဒုက္ခာ၊ ဆွေမျိုးတို့ကို သေခြင်းဆင်းရဲမှ။
မောစေဿာမီတိ၊ လွတ်စေအံ့”ဟု တွေး၍။
ကာဠဝဏ္ဏ ကဒ္ဒမံ၊ မဲနက်သော အဆင်းရှိသော နွံကို။
ဒွိဓာ ဝိယူဟိတွာ၊ နှစ်ဖြာ ထက်ခြမ်း ယက်ထုတ်ပြီး၍။
နိက္ခမိတွာ၊ ထွက်၍။
အဉ္စနရုက္ခသာရဃဋိကဝဏ္ဏော၊ မျက်စဉ်းညို သစ်သားအနှစ် ကျည်းသားအဆင်းရှိသော။
မဟာမစ္ဆော၊ ငါးကြီး သည်။
သုဓောတလောဟိတင်္ဂမဏိဂုဠသဒိသာနိ၊ ကောင်းစွာ ဆေးကြောအပ် သော ပတ္တမြားနီရွဲလုံးနှင့်တူကုန်သော။
အကွီနိ ဥပ္ပီလေတွာ၊ မျက်စိတို့ကို ဖွင့်၍။
အာကာသံ ဥလ္လောကေတွာ၊ ကောင်းကင်ကို မော့ကြည့်၍။
ပဇ္ဇုန္နဒေဝရာဇဿ သဒ္ဒံ ဒတွာ၊ မိုးနတ်မင်းအား အသံကို ပေး၍။
“ဘော ပဇ္ဇုန္န အဟံ၊ အို. . မိုးနတ်မင်း ငါသည်။
ဉာတကေ နိဿာယ ဒုက္ခိတော၊ ဆွေးမျိုးတို့ကို မှီ၍ ဆင်းရဲ၏။
သီလ မယိ ကိလမန္တေ၊ သီလရှိသော ငါသည် ဆင်းရဲနေသော်။
တွံ ကသာ၊ မိုးနတ်မင်းသည် ဘာ့ကြောင့်။
ဒေဝံ နဝဿာပေသိ၊ မိုးကို မရွာစေသနည်း။
သမာနဇာတိကာနံ ခါဒနဋ္ဌာနေ၊ တူသော ဇာတ်ရှိသူတို့ကို စားရာဌာန၌။
မယာ နိဗ္ဗတ္တိတွာ၊ ငါသည် ဖြစ်၍။
တဏ္ဍုလပ္ပမာဏံ မစ္ဆမ္ပိ၊ ဆန်စေ့ပမာဏရှိသော ငါးကို သော်မှလည်း။
အာဒံ ကတွာ၊ အစကို ပြု၍။
ခါဒိတပုဗ္ဗော နာမ နတ္ထိ၊ စားအပ်ဖူး သည်မည်သည် မရှိ။
အညော ပါဏောပိ၊ အခြားသော သတ္တဝါကိုလည်း။
ဇီဝိတာ န ဝေါရောပိတပုဗ္ဗော၊ ငါသည် အသက်မှ မချအပ်ဖူးပေ။
ဣမိနာ သစ္စေန၊ ဤသစ္စာစကားကြောင့်။
ဒေဝံ ဝဿာပေတွာ၊ မိုးကို ရွာစေ၍။
မေ ဉာတိသံင်္ဃံ၊ ငါ၏ ဆွေမျိုးအပေါင်းကို။
ဒုက္ခာ မောစေတီတိ ဝတွာ၊ ဆင်းရဲမှ လွတ်မြောက် စေလော့”ဟု ပြော၍။
ပရိစာရကစေဋကံ အာဏာပေန္တောဝိယ၊ အလုပ်ကျွေးငယ်ကလေးကို စေခိုင်းဘိသကဲ့သို့။
ပဇ္ဇုန္နဒေဝရာဇာနံ အာလ န္တော၊ မိုးနတ်မင်းကို ခေါ် ပြောလိုရကား။
ပဇ္ဇုန္နအဘိတ္ထနယ၊ မိုးနတ်မင်း ထစ်ချုန်းရွာသွန်းပါလော့။
ကာကဿ နိမိ နာသယ၊ ကျီးအပေါင်း၏ အစာအိုးကို ဖျက်ဆီးပါလော့။
ကာကံ သောကာယ ရမ္မေဟိ၊ ကျီးအပေါင်းကို စိုးရိမ်ခြင်းငှာ ကျိုချက်ပါလော့။
မဉ္စ သောကာ ပမောစယ၊ ငါ့ကိုလည်း စိုးရိမ်ပူပန်မှုမှ လွတ်မြောက်စေပါလော့။
တတ္ထ၊ ထိုဂါထာ၌။
**အဘိတ္ထနယ ပဇ္ဇုန္နာ** တိ၊ အဘိတ္ထနယ ပဇ္ဇုန္န ဟူသော ပါဌ်၌။
မေဃော ပဇ္ဇုန္နော ဝုစ္စတိ၊ မိုးတိမ်ကို ပဇ္ဇုန္န ခေါ်ဆိုအပ်၏။
အယံ ပန မေဃဝသေန၊ ဤဘုရားလောင်းသည်ကား မိုးတိမ်၏အစွမ်းဖြင့်။
လဒ္ဓနာမံ ဝဿဝလာဟကဒေဝရာဇာနံ၊ ရအပ်သော ပဇ္ဇုန္နအမည်ရှိသော မိုးနတ်မင်းကို။
အာလပတိ၊ ခေါ်၏။
ဒေဝေါ နာမ အနဘိတ္ထနန္တော၊ မိုးမည်သည် မထစ်ချုန်းဘဲ။
ဝိဇ္ဇုလတာ အနိစ္ဆာရေန္တော၊ လျှပ်စစ်နွယ်တို့ကို မထွက်စေဘဲ။
ဝဿန္တောပိ န သောဘတိ၊ ရွာသော်လည်း မတင့်တယ်။
တသ္မာ၊ ထို့ကြောင့်။
တွံ အဘိတ္ထနန္တော၊ သင်မိုးနတ်မင်းသည် ထစ်ချုန်းလျက်။
ဝိဇ္ဇလတာ နိစ္ဆာရေန္တော၊ လျှစ်စစ်နွယ်တို့ကို ထွက်စေလျက်။
ဝဿာပေဟီတိ၊ ရွာစေပါလော့။
ဣတိအယံ၊ ဤသည်ကား။
အဿ အဓိပ္ပါယော ကိရ၊ ထိုဘုရားလောင်း၏ ပြောလိုသော အဓိပ္ပါယ်ဖြစ်သတဲ့။
**နိဓိံ ကာကဿ နာသယာ** တိ၊ နိမိ ကာကဿ နာသယဟူသည်ကား။
ကလလံ ပဝိသိတွာ၊ နွံသို့ ဝင်၍။
ဌိတေ မစ္ဆေ၊ တည်နေကုန်သော ငါးတို့ကို။
ကာကာ တုဏ္ဍေန ကောဋ္ဋေတွာ၊ ကျီးတို့သည် နှုတ်သီးဖြင့် ထိုးဆိတ်၍။
နီဟရိတွာ ခါဒန္တိ၊ ထုတ်ဆောင်၍ စားကုန်၏။
တသ္မာ၊ ထို့ကြောင့်။
အန္တောကလလေ မစ္ဆာ၊ နွံအတွင်း က ငါးတို့ကို။
တေသံ နိဓီတိ ဝုစ္ဆန္တိ၊ ထိုကြီးတို့၏ ဥစ္စာအိုးဟူ၍ ခေါ်ဆို ထိုက်ကုန်၏။
ကာကသင်္ဃဿ တံ နိမိ၊ ကျီးအပေါင်း၏ ထိုဥစ္စာအိုးကို။
ဒေဝံ ဝဿာပေန္တော၊ မိုးကို ရွာစေလျက်။
ဥဒကေန ပဋိစ္ဆာဒေတွာ၊ ရေဖြင့် ဖုံးလွှမ်း၍။
နာသေဟိ၊ ဖျက်ဆီးပါလော့တည်း။
ဣတိ၊ ဤကား ဒုတိယပါဒအနက်တည်း။
**ကာကံ သောကာယ ရန္ဓေဟီ** တိ၊ ကာကံ သောကာယ ရန္ဓေဟိ ဟူသည်ကား။
ဣမိဿာ ကန္ဒရာယ ဥဒကေန ပုဏ္ဏာယ၊ ဤရေကျချောက်သည် ရေဖြင့် ပြည့်သော်။
ကာကသံဃော မစ္ဆေ၊ ကျီးအပေါင်းသည် ငါးတို့ကို။
အလဘမာနေ သောစိဿတိ၊ မရသော် ပူပန်လတံ့။
တွံ ဣမံ ကရံ ပူရေန္တော၊ သင်မိုးနတ်မင်းသည် ဤရေကျ ချောက်ကို ပြည့်စေလျက်။
တံ ကာက၀ဏံ သောကာယ ရမ္မေဟိ၊ ထိုကြီးအပေါင်း ကို ပူပန်စေခြင်းငှာ ကျိုချက်ပါလော့။
သောကဿ အတ္တာယ၊ ကျီးအပေါင်း သောက၏ အကျိုးငှာလည်းကောင်း။
မစ္ဆဿ အဿာသတ္ထာယ၊ ငါးအပေါင်း၏ သက်သာရာ ရခြင်းအကျိုးငှာလည်းကောင်း။
ဒေဝံ ဝဿာပေဟိ၊ မိုးကို ရွာစေပါ လော့။
ယထာ၊ အကြင်အခြင်းရာဖြင့်။
(တယိ ကရောန္တေ၊ သင်မိုးနတ်ပင်းသည် ပြုသော်) ။
အန္တောနိဇ္ဈာနလက္ခဏံ သောကံ၊ ရင်တွင်းပူပန်ခြင်း လက္ခဏာရှိသော သောကသို့။
(ကာကသံဃော၊ ကျီးအပေါင်းသည်)။
ပါပုဏာတိ၊ ရောက်၏။
ဧဝံ ကရောဟိ၊ ဤသို့ ကျီးအပေါင်း သောကရောက်အောင် ပြုပါလော့တည်း။
ဣတိ အတ္ထော၊ ဤကား တတိယပါဒအနက်တည်း။
** မဉ္စ သောကာ ပမောစယာ** တိ ဧတ္ထ၊ မဉ္စ သောကာ ပမောစယဟူသော ပါဌ်၌။
**စ** ကာရော သမ္ပဏ္ဍနတ္ထော၊ စ အက္ခရာသည် ပေါင်းခြင်းအနက်ရှိ၏။
မဉ္စ မမ ဉာတကေ စ၊ ငါ့ကိုလည်းကောင်း ငါ၏ဆွေမျိုးတို့ကိုလည်းကောင်း။
သဗ္ဗေဝ၊ အားလုံးတို့ကိုပင်။
ဣမမှာ မရဏသောကာ မောစေဟိ၊ သေရမည်တွေးသည့် ဤစိုးရိမ်မှုမှ လွတ်မြောက်စေပါလော့။
ဣတိ၊ ဤကား စတုတ္ထပါဒအနက်တည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။
ပရိစာရကစေဋကံ အာဏာ ပေန္တော ဝိယ၊ အလုပ်ကျွေးငယ်လေးကို စေခိုင်းဘိသကဲ့သို့။
ပဇ္ဇုန္နံအာလပိတွာ၊ မိုးနတ်မင်းကို ခေါ်၍။
သကလကောသလရဋ္ဌ မဟာဝဿံ ဝဿာပေတွာ၊ အလုံးစုံသော ကောသလတိုင်း၌ မိုးကြီးကို ရွာစေ၍။
မဟာဇနံ၊ သတ္တဝါပေါင်း များစွာကို။
မရဏဒုက္ခာ မောစေတွာ၊ သေမည့်ဆင်းရဲမှ လွတ်မြောက်စေ၍။
ဇီဝိတ ပရိယောသာနေယထာကမ္မံ ဂတော၊ အသက်၏ အဆုံး၌ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“ဘိက္ခဝေ တထာဂတော ဣဒါနေဝ၊ ရဟန်းတို့ ငါဘုရားသည် ယခုအခါသာ။
ဒေဝံ န ဝဿာပေတိ၊ မိုးကို ရွာစေသည် မဟုတ်သေး။
ပုဗ္ဗေ မစ္ဆယောနိယံ၊ ရှေးက ငါးမျိုး၌။
နိဗ္ဗတ္တောပိ ဝဿာပေသိယေဝါတိ ဝတွာ၊ ဖြစ်စဉ်ကလည်း ရွာစေဖူးသည်သာ”ဟု မိန့်တော်မူ၍။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
အနုသန္ဓိံဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
“တဒါ မစ္ဆဂဏာ၊ ထိုအခါက ငါးအပေါင်းတို့သည်။
ဗုဒ္ဓပရိသာ အဟေသုံ၊ ငါဘုရားပရိသတ်တို့သည် ဖြစ်လာကုန်ပြီ။
ပဇ္ဇုန္နဒေဝရာဇာအာနန္ဒော၊ မိုးနတ်မင်းကား အာနန္ဒာတည်း။
မစ္ဆရာဇာ ပန အဟမေဝ အဟောသိန္တိ၊ ငါးမင်း သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**မစ္ဆဇာတကဝဏ္ဏနာ ပဉ္စမာ၊ ငါးခုမြောက်ဖြစ်သော မစ္ဆဇာတ်အဖွင့်တည်း။**