Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[74] 4. Rukkhadhammajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**သာဓု သမ္ဗဟုလာ ဉာတီ**တိ ဣဒံ၊ သာဓု သမ္ဗဟုလာ ဉာတိ စသော ဤတရ ဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ ဥဒကကလဟေ အတ္တနော ဉာတကာနံ၊ ရေကြောင့်ဖြစ်သော ရန်ပွဲ၌ ကိုယ်တော်မြတ်၏ ဆွေတော်မျိုးတော်တို့၏။ မဟာဝိနာသံ ပစ္စုပဋ္ဌိတံ ဉတွာ၊ ကြီးစွာသော ပျက်စီးခြင်းသို့ ရှေးရှုနီးကပ် တည်နေ သည်ကို သိတော်မူ၍။ အာကာသေန ဂန္တွာ၊ ကောင်းကင်ခရီးဖြင့် ကြွသွား၍။ ရောဟိဏီနဒိယာ ဥပရိ၊ ရောဟိဏီမြစ်၏ အထက်၌။ ပလ္လင်္ကေန နိသီဒိတွာ၊ တင်ပလ္လင်ခွေဖြင့် ထိုင်နေတော်မူ၍။ နီလရံသိ ဝိဿဇ္ဇေတွာ၊ ညိုသော ရောင်ခြည် တော်ကို လွှတ်တော်မူပြီး၍။ ဉာတကေ သံဝေဇေတွာ၊ ဆွေတော်မျိုးတော်တို့ကို ထိတ်လန့်စေ၍။ အာကာသာ ဩရုယှ၊ ကောင်းကင်မှ ဆင်းသက်တော်မူ၍။ နဒီတီရေ နိသိန္နော၊ မြစ်ကမ်းနား၌ ထိုင်တော်မူလျက်။ တံ ကလဟံ အာရဗ္ဘ ကထေသိ၊ ထိုရန်ပွဲကို အကြောင်းပြု၍ ဟောတော်မူပြီ။
အယံ ဧတ္ထ သင်္ခေပေါ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား ဤရုက္ခဓမ္မဇာတ်အဖွင့်၌ အကျဉ်းချုပ်တည်း။ ဝိတ္ထာရောပန ကုဏာလဇာတကေ၊ အကျယ်သည်ကား ကုဏာလဇာတ်အဖွင့်၌။ အာဝိ ဘဝိဿတိထင်စွာ ဖြစ်လတံ့။
တဒါ ပန သတ္တာ၊ ထိုအခါ၌ကား ဘုရားရှင် သည်။ ဉာတကေ အာမန္တေတွာ၊ ဆွေတော်မျိုးတော်တို့ကို ခေါ်တော်မူ၍။ “မဟာ ရာဇာ တုမှေ ဉာတကာ၊ မင်းမြတ်တို့ သင်တို့သည် အချင်းချင်း ဆွေမျိုးတို့တည်း။ ဉာတကေဟိ နာမဆွေမျိုးတို့မည်သည်။ သမဂ္ဂေဟိ သမ္ဗောဒမာနေဟိ၊ ညီညွတ်ကုန်သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြကုန်သည်။ ဘဝိတုံ ဝဋ္ဋတိ၊ ဖြစ်ခြင်းငှာ သင့်၏။
ဟိ ဉာတကာနံ၊ မှန်၏ ဆွေမျိုးတို့၏။ သာမဂ္ဂီယာ သတိ၊ ညီညွတ်မှုသည် ရှိသော်။ ပစ္စာမိတ္တာ ဩကာသံ န လဘန္တိ၊ ရန်သူတို့သည် အခွင့် အလမ်းကို မရကြကုန်။ မနုဿဘူတာ တာဝ တိဋ္ဌန္တု၊ လူဖြစ်၍ဖြစ်သူတို့သည် တည်ရှိကြပါစေဦး ထားလိုက်ကြပါဦး။ အစေတနာနံ ရုက္ခာနမ္ပိ၊ စိတ်စေတနာ မရှိကုန်သော သစ်ပင်တို့သည်သော်မှလည်း။ သာမဂ္ဂ လဒ္ဓံ ဝဋ္ဋတိ၊ ညီညွတ်မှုကို ရခြင်းငှာ သင့်၏။
ဟိ အတီတသ္မိံ ဟိမဝန္တပ္ပဒေသေ၊ မှန်၏ လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်၌။ မဟာဝါတော သာလဝနံ ပဟီရိ၊ လေကြီးသည် အင်ကြင်း တောကို ရိုက်ခတ်ပြီ တိုက်ခတ်ပြီ။ တဿ သာလဝနဿ အညမညံ၊ ထိုအင်ကြင်း တော၏ အချင်းချင်း။ ရုက္ခဂစ္ဆဂုမ္ဗလတာဟိ သမ္ဗန္ဓတ္တာ ပန၊ အပင်, ခြုံ စည်ပင်သော နွယ်တို့ဖြင့် ဆက်စပ်သည်၏အဖြစ်ကြောင့်ကား။ ဧကရုက္ခမ္ပိ ပါတေတုံ အသက္ကောန္တော၊ တစ်ပင်ကိုသော်မှလည်း လဲကျစေခြင်းငှာ မစွမ်းနိုင်ဘဲ။ မတ္ထက မတ္ထကေနေဝ အဂမာသိ၊ ထိပ်ထက်, ထိပ်ထက်ဖြင့်သာ တိုက်ခတ်သွားပြီ။
အင်္ဂဏေ ဌိတံ၊ ကွင်းပြင်တည်ရှိသော။ ဧကံ မဟာရုက္ခံ ပန၊ တစ်ခုသော အပင်ကြီးကိုကား။ သာခါဝိဋပသမ္ပန္နမ္ပိ၊ အကိုင်းအခက် အခွတို့နှင့် ပြည့်စုံပါ သော်လည်း။ အညေဟိ ရုက္ခဟိ အသမ္ဗန္ဓတ္တာ၊ အခြားကုန်သော အပင်တို့နှင့် မဆက်စပ်သည့်အဖြစ်ကြောင့်။ ဥမ္မုလေတွာ၊ အထက်၌ အပြစ်ရှိသည်ကို ပြု၍ (အမြစ်ကျွမ်းထောင်အောင် ပြု၍)။ ဘူမိယံ ပါတေသိ၊ မြေပေါ်၌ လဲကျစေပြီ။ ဣမိနာ ကာရဏေန တုမှေဟိပိ၊ ဤအကြောင်းကြောင့် သင်မင်းမြတ်တို့သည် လည်း။ သမဂ္ဂေဟိ သမ္မောဒမာနေဟိ၊ ညီညွတ်ကုန်သည် အချင်းချင်း ဝမ်းမြောက် ကုန်သည်။ ဘဝိတုံ ဝဋတီတိ ဝကွာ၊ ဖြစ်ခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍။ တေဟိ ယာစိတော၊ ထိုသာကီဝင်မင်းတို့သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရနံ့ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ပဌမံ ဥပ္ပန္နော၊ ရှေးဦးစွာ ဖြစ်ခဲ့သော။ ဝေဿဝဏော မဟာရာဇာ စပိ၊ ဝေဿဝဏ်မည်သော နတ်မင်း ကြီးသည် စုတေပြီ။ သက္ကော အညံ၊ သိကြားမင်းသည် အခြားနတ်သားကို။ ဝေဿဝဏံ ဌပေသိ၊ ဝေဿဝဏ်နတ်မင်းရာထူး၌ တည်စေပြီ ထားပြီ။
ဧတသ္မိံ ဝေဿဝဏေ ပရိဝတ္တေ၊ ဤဝေဿဝဏ်နတ်မင်းရာထူးသည် ပြောင်းလဲသော်။ ပစ္ဆာ နိဗ္ဗတ္တဝေဿဝဏော၊ နောက်၌ ဖြစ်သော ဝေဿဝဏ်နတ်မင်းသည်။ “ရုက္ခဂစ္ဆဂုမ္ပလတာနံ၊ အပင်ခြုံ, စည်ပင်သော နွယ်တို့တွင်။ အတ္တနော အတ္တနော ရာနဋ္ဌာနေ၊ မိမိ မိမိ၏ နှစ်သက်ရာဌာန၌။ ဝိမာနံ ဂဏှန္တုတိ၊ ဗိမာန်ကို ယူကြ”ဟု။ သာသနံ ပေ သိ၊ သကင်းစကားကို ပို့စေပြီ ဖြန့်ဝေပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်းသည်။ ဟိမဝန္တပ္ပဒေသေ သာလဝနေ ဧကသ္မိံ၊ ဟိမဝန္တာ အရပ်၌ အင်ကြင်းတောတစ်တော၌။ ရုက္ခဒေဝတာ ဟုတွာ နိဗ္ဗတ္တိ၊ ရုက္ခစိုး နတ်သည် ဖြစ်၍ ဖြစ်ပြီ။
သော ဉာတကေ၊ ထိုဘုရားလောင်း ရုက္ခစိုးနတ်သည် ဆွေမျိုးတို့ကို။ “တုမှေ ဝိမာနာနိ ဂဏှန္တာ၊ သင်တို့သည် ဗိမာန်တို့ကို ယူကြသော်။ အင်္ဂဏေ ဌိတရုက္ခေသု၊ ကွင်းပြင်၌ တည်ရှိသော သစ်ပင်တို့မာ ဂဏှထမယူကြလင့်။ ပန ဣမသ္မိံ သာလဝနေ၊ စင်စစ်ကား ဤအင်ကြင်းတော၌။ မယာ ဂဟိတဝိမာနံ ပရိဝါရေတွာ၊ ငါသည် ယူအပ်သော ဗိမာန်ကို ဝိုင်းရံ၍။ ဌိတ ဝိမာနာနိ ဂဏှထာတိ အာဟ၊ တည်ရှိသော ဗိမာန်တို့ကို ယူကြ”ဟု ပြောပြီ။
တတ္ထ ဗောဓိသတ္တဿ၊ ထိုဆွေမျိုးနတ်တို့တွင် ဘုရားလောင်း၏။ ဝစနကရာ ပဏ္ဍိတဒေဝတာ၊ စကားပြုကျင့်လိုက်နာကုန်သော ပညာရှိနတ်တို့သည်။ ဗောဓိ သတ္တဿ ဝိမာနံ ပရိဝါရေတွာ၊ ဘုရားလောင်း၏ ဗိမာန်ကို ဝိုင်းရံ၍။ ဌိတဝိမာနာနိ ဂဏ္ဌိသု၊ တည်ရှိသော ဗိမာန်တို့ကို ယူကြပြီ။
အပဏ္ဍိတာ ဒေဝတာ ပန၊ ပညာမရှိကုန်သော နတ်တို့သည်ကား။ “အမှာကံ အရညဝိမာနေဟိ၊ ငါတို့အား တောတွင်းဗိမာန်တို့ဖြင့်။ ကိ အတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။ မယံ မနုဿ ပထေ၊ ငါတို့သည် လူတို့သွားရာ ခရီး၌။ ဂါမနိဂမရာဇမာနိဒွါရေသု၊ ရွာ, နိဂုံး, မင်းနေပြည်တံခါးတို့၌။ ဝိမာနာနိ ဂဏိဿာမ၊ ဗိမာန်တို့ကို ယူကြအံ့။
ဟိ ဂါမာဒယော ဥပနိဿာယ၊ မှန်၏ ရွာစသည်တို့ကို မှီ၍။ ဝသမာနာ ဒေဝတာ၊ နေကြသော နတ်တို့သည်။ လာဘဂ္ဂယသဂ္ဂပ္ပတ္တာ၊ မြတ်သောလာဘ်, မြတ်သောအခြံအရံအကျော်အစော ရကြကုန်သည်။ ဟောန္တီတိ၊ ဖြစ်ကုန်၏”ဟု တွေး၍။ မနုဿပထေ အင်္ဂဏဋ္ဌာနေ၊ လူတို့သွားရာလမ်းခရီး၌ ကွင်းပြင်ဌာန၌။ နိဗ္ဗတ္တ မဟာရုက္ခေသု၊ ဖြစ်သော သစ်ပင်ကြီးတို့၌။ ဝိမာနာနိ ဂဏှိသု၊ ဗိမာန်တို့ကို ယူကြပြီ။
အထ ဧကသ္မိံ ဒိဝသေ၊ ထိုအခါ တစ်ခုသော နေ့၌။ မဟတီ ဝါတဝုဋ္ဌိ ဥပ္ပဇ္ဇိ၊ ကြီးစွာသော လေတိုက်ခြင်း မိုးရွာခြင်းသည် ဖြစ်ပြီ။
ဝါတဿ အတိဗလဝတာယ၊ လေ၏အလွန်အားကောင်းသည့် အဖြစ်ကြောင့်။ ဒဠှမူလာ ၀နဇေဋ္ဌကရုက္ခာပိ၊ ခိုင်မြဲသော အပြစ်ရှိကုန်သော တောစိုးသစ်ပင်တို့သည်သော်မှလည်း။ သံဘဂ္ဂ သာခါပိဋပါ၊ ကျိုးသောအကိုင်း, အခက်အခွရှိကြ၍။ သမူလာ နိပတိံသု၊ အမြစ်နှင့် တကွ ဖြစ်ကြ၍ လဲကုန်ပြီ။
အညမညံ သံဗန္ဓနေန ဌိတံ၊ အချင်းချင်း ဆက်စပ်သဖြင့် တည်နေသော။ တံ သာလဝနံ ပတွာ ပန၊ ထိုအင်ကြင်းကောသို့ ရောက်၍ကား။ စိတော စ ဣတော စ ပဟရန္တော၊ ဤမှဤမှလည်း တိုက်ခတ်လျက်။ ဧကရုက္ခမ္ပိ ပါတေတုံ နာသက္ခိ၊ တစ်ပင်ကိုသော်မှလည်း လဲစေခြင်းငှာ မစွမ်းနိုင်ပြီ။
ဘဂ္ဂဝိမာနာ ဒေဝတာ၊ ကျိုးပျက်သော ဗိမာန်ရှိကုန်သော ရုက္ခစိုးနတ်တို့သည်။ နိပ္ပဋိသရဏာ၊ မှီရာမရှိကြဘဲ။ ဒါရကေ ဟတ္ထိသု ဂဟေတွာ၊ သားသ္မီးငယ်တို့ကို လက်တို့၌ ကိုင်ဆွဲ၍။ ဟိမဝန္တံ ဂန္တွာ၊ ဟိမဝန္တာသို့ သွား၍။ အတ္တနော ပဝတ္တိ၊ မိမိတို့၏ အဖြစ်ကို။ သာလဝနဒေဝတာနံ ကထယိံသု၊ အင်ကြင်းတောနေ နတ်တို့အား ပြောပြကုန်ပြီ။
တာသံ ဧဝံ အာဂတဘာဝံ၊ ကွင်းပြင်စသည် နေကြသော ထိုနတ် တို့၏ ဤသို့ လာကြောင်းကို။ တာ ဗောဓိသတ္တဿ အာရောစေသုံ၊ ထို အင်ကြင်းတောနတ်တို့သည် ဘုရားလောင်အား ပြောကြပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းရုက္ခစိုးသည်။ “ပဏ္ဍိတာနံ ဝစနံ အဂ္ဂဟေတွာ၊ ပညာရှိတို့၏ စကားကို မနာယူမူ၍။ နိပ္ပစ္စယဋ္ဌာနံ ဂတာ နာမ၊ ကျေးဇူးပြုမည့်သူ မရှိရာဌာနသို့ သွားကြသူတို့မည်သည်။ ဧဝရူပါဝ ဟောန္တီတိ ဝတွာ၊ ဤသို့ ဒုက္ခရောက်သော သဘောရှိကုန်သည်သာ ဖြစ်ကြရ၏”ဟု ပြော၍။ ဓမ္မံ ဒေသေန္တော၊ တရားကို ဟောလိုရကား။
ဉာတီ သမ္ဗဟုလာ သာဓု၊ ဆွေမျိုးတို့သည် လေးယောက်ကစ များကြမူ ကောင်းကုန် အားရှိကုန်၏။ အရညဇာ ရုက္ခာ အပိ၊ တော၌ဖြစ်ကုန်သော သစ်ပင်တို့သည်သော်မှလည်း။ (သမ္ဗဟုလာ သာမူ၊ လေးပင်ကစ များကြပါမူ ကောင်းကုန် အားရှိကုန်၏။ ဝါတော ဧကဋ္ဌံ၊ လေပြင်းသည် တစ်ပင်တည်း တည်နေသော။ ၀နပ္ပတိ ဗြဟန္တမ္ပိ၊ တောစိုးသစ်ပင်ကို ကြီးပင်ကြီးပါသော် လည်း။ ဝဟတိ၊ ဆောင်ယူနှိပ်စက်နိုင်၏။
တတ္ထ၊ ထိုဂါထာ၌။ **သမ္ဗဟုလာ ဉာတီ** တိ၊ သမ္ဗဟုလာ ဉာတီ ဟူသော ပါဌ်၌။ စတ္တာရော ဥပါဒါယ၊ လေးယောက်တို့ကို စ၍။ တတုတ္တရိ သတသဟဿာမ္ပိ၊ ထိုလေးယောက်ထက်အလွန် တစ်သိန်းသည်လည်း။ သမ္ဗဟုလာ နာမ၊ သမ္ဗ ဟုလတို့မည်၏။ ဧဝံ သမ္ဗဟုလာ၊ ဤသို့ လေးယောက်ကစ များကုန်သော။ အညမညံ နိဿာယ၊ အချင်းချင်း မှီ၍။ ဝသန္တာ ဉာတကာ၊ နေကြသော ဆွေမျိုး တို့သည်။ (သာဓူ၊ ကောင်းကုန်၏)။
**သာဓူ** တိ သောဘနာ ပသတ္ထာ၊ သာဓု ဟူသည်ကား ကောင်းကုန်၏ ချီးမွမ်းအပ်ကုန်၏တည်း။ ပရေဟိ အပဓံသိယာ၊ ဆန့်ကျင်ဘက်တို့သည် မဖျက်ဆီးနိုင်ကုန်။ ဣတိ အတ္တော၊ ဤကား သာဓု၏ အဓိပ္ပါယ်နက်တည်း။
** အပိ ရုက္ခာ အရညဇာ** တိ၊ အပိ ရုက္ခာ အရညဇာ ဟူသည် ကား။ မနုဿဘူတာ တိဋ္ဌန္တု၊ လူဖြစ်၍ ဖြစ်သူတို့သည် လူသားစစ်စစ်တို့သည် တည်ရှိကြပါစေဦး။ အရညေ ဇာတရုက္ခာပိ၊ တော၌ ပေါက်ကြသော သစ်ပင်တို့ သည်သော်မှလည်း။ သမ္ဗဟုလာ၊ လေးပင်ကစ များကြမူ။ အညမညူပတ္ထမ္ဘေန ဌိတာ၊ အချင်းချင်း ထောက်ပံ့ခြင်းဖြင့် တည်ကြရကား။ သာဓုယေဝ၊ ကောင်းကြ သည်သာတည်း။
ဟိ ရုက္ခာနမ္ပိ၊ မှန်၏ သစ်ပင်တို့အားသော်မှလည်း။ သပ္ပစ္စယ ဘာဝေါ လံ ဝဋ္ဋတိ၊ ကျေးဇူးပြုတတ်သူရှိသည့်အဖြစ်ကို ရခြင်းငှါ သင့်၏။
** ဝါတော ဝဟတိ ဧကဋ္ဌ** န္တိ၊ ဝါတော ဝဟတိ ဧကဋ္ဌဟူသည်ကား။ ပုရတ္ထိမာဒိဘေဒေါ ဝါယန္တော ဝါတော၊ အရှေ့လေ စသည်အပြားရှိသော တိုက်ခတ်လာသော လေသည်။ အင်္ဂဏဋ္ဌာနေ ဌိတံ၊ ကွင်းပြင်၌ တည်ရှိသော။ ဧကန္တံ ဧကကမေဝ ဌိတံ= တစ်ပင်တည်းသာ တည်ရှိသော။ ဝနပ္ပတိံ ဗြဟန္တမ္ပိ၊ တောစိုးသစ်ပင်ကို အပင်ကြီးကိုသော်မှလည်း။ သာခါဝိဋပသမ္ပန္နံ မဟာရုက္ခမ္ပိ ဝဟတိ၊ အကိုင်း, အခက်, အခွပြည့်စုံသော သစ်ပင်ကြီးကိုသော်မှလည်း ဆောင်ယူနိုင်၏။ ဥမ္မုလေတွာ ပါတေသိ၊ အမြစ်ကျွမ်းထောင်အောင် ပြု၍ လဲကျစေနိုင်၏။ ဣတိအတ္ထော၊ ဤကား ဝဟတိ၏ အဓိပ္ပါယ်နက်တည်း။
ဗောဓိသတ္တော ဣမံ ကာရဏံ ကထေတွာ၊ ဘုရားလောင်းသည် ဤအကြောင်းကို ဟောပြော၍။ အာယုက္ခယေ ယထာကမ္မံ ဂတော၊ အသက်ကုန်သောအခါ၌ ကံအားလျော်စွာ လားပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။ “မဟာရာဇာ ဧဝံ၊ မင်းမြတ်တို့ ဤကဲ့သို့။ ဉာတကာနံ သာမဂ္ဂိယေဝ၊ ဆွေမျိုးတို့၏ ညီညွတ်မှုကိုသာ။ လံ ဝဋ္ဋတိ၊ ရခြင်းငှါ သင့်၏။ သမဂ္ဂါ သမ္ဗောဒမာနာ၊ ညီညွတ်ကြ၍ ဝမ်းမြောက်ကြ၍။ သံဝါသမေ၀ ၀သထာတိ၊ ချစ်ခင်သူတို့ အတူနေမှုကိုသာ နေကြလော့”ဟု မိန့်၍။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
“တဒါ ဒေဝတာ၊ ထိုအခါက ရုက္ခစိုးနတ်တို့ သည်။ ဗုဒ္ဓပရိသာ အဟေသုံ၊ ငါဘုရားပရိသတ်တို့သည် ဖြစ်လာကုန်ပြီ။ ပဏ္ဍိတ ဒေဂကာ ပန၊ ပညာရှိရုက္ခစိုးနတ်သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရား သည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ရုက္ခဓမ္မဇာတကဝဏ္ဏနာ စတုတ္ထာ၊ လေးခုမြောက်ဖြစ်သော ရုက္ခဓမ္မဇာတ်အဖွင့်တည်း။**