**တထေဝေကဿ ကလျာဏန္တိ ** ဣဒံ၊ တထေဝေကဿ ကလျာဏံအစရှိသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ကောသလရညော၊ ကောသလမင်း၏။
အသိလက္ခဏပါဌကံ ဗြာဟ္မဏံ၊ သံလျက်လက္ခဏာဖတ်တတ်သော ပုဏ္ဏားကို ။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ကမ္မာရေဟိ ရညော၊ ပန်းပဲ သမားတို့သည် ကောသလမင်းအတွက်။
အသီနံ အာဟဋကာလေ၊ သံလျက်တို့ကို ဆောင်ယူခဲ့ရာကာလ၌။
သော အသိ ဥပသိယိတွာ၊ ထိုပုဏ္ဏားသည် သံလျက်ကို နမ်းရှူ၍။
အသိံ လက္ခဏံ ဥဒါဟရတိ ကိရ၊ သံလျက်လက္ခဏာကို ထုတ်ဖေါ် ပြောဆို သတဲ့။
ယေသံ ဟတ္ထတော၊ အကြင်ပန်းပဲသမားတို့၏ လက်မှ။
သော လာဘံ လဘတိ၊ ထိုပုဏ္ဏားသည် လာဘ်ကို ရ၏။
တေသံ အသိ၊ ထိုလာဘ်ပေးကြသူ ပန်းပဲသမားတို့၏ သန်လျက်ကို။
လက္ခဏသမ္ပန္နော၊ သန်လျက် လက္ခဏာပြည့်စုံ၏။
မင်္ဂလသံယုတ္တောတိ ၀ဒတိ၊ မင်္ဂလာနှင့်စပ်ယှဉ်၏ဟု ပြောဆို၏။
ယေသံ ဟတ္ထ တော၊ အကြင်ပန်းပဲသမားတို့၏ လက်မှ။
လာဘံ န လဘတိ၊ လာဘ်ကို မရ။
တေသံ အသိ၊ လာဘ်မပေးသူ ထိုပန်းပဲသမားတို့၏ သန်လျက်ကို။
အံ၀လက္ခ ဏောတိ ဂရဟတိ၊ မကောင်းသော လက္ခဏာရှိ၏ဟု ကဲ့ရဲ့၏။
အထ ဧကော ကမ္မာရော၊ ထိုအခါ တစ်ယောက်သော ပန်းပဲသမားသည်။
အသိံ ကတွာ၊ သန်လျက် ကို ပြုလုပ်ပြီး၍။
သုခုမံ မရိစစုဏ္ဏံ၊ လှစွာသော ငရုပ်နံ့ကို။
ကောသိယံ ပက္ခိပိတွာ၊ သန်လျက်အိမ်၌ ထည့်၍။
ရညာ အသိ အာဟရိ၊ ကောသလမင်းအတွက် သန်လျက်ကို ဆောင်ယူခဲ့ပြီ။
ရာဇ ဗြာဟ္မဏံ ပက္ကောသာပေတွာ၊ ကောသလ မင်းသည် ပုဏ္ဏားကို ခေါ်စေ၍။
အသိ ဝီမံသာတိ အာဟ၊ သန်လျက်ကို စုံစမ်း ပါလော့ဟု ပြောပြီ။
အသိံ အာကမိတွာ၊ သန်လျက်ကို ဆွဲငင်ထုတ်၍။
ဥပသိင်္ဃန္တဿ ဗြာဟ္မဏဿ၊ နမ်းရှူသော ပုဏ္ဏား၏။
နာသံ မရိစစုဏ္ဏာနိ ပဝိသိတွာ၊ နှာခေါင်း တွင်းသို့ ငရုပ်တို့သည် ဝင်သွား၍။
ခိပိတုကာမတံ ဥပ္ပါဒေသုံ၊ ခြေဆတ်လိုသူ အဖြစ် ကို ဖြစ်စေကုန်ပြီ။
ခိပန္တဿ တဿ နာသိကာ၊ ခြေဆတ်သော ထိုပုဏ္ဏား၏ နှာခေါင်း သည်။
အသိဓာရာယ ပဋိဟတာ၊ သန်လျက်သွားသည် ထိခိုက်အပ်၍။
ဒွိဓာ ဆိဇ္ဇိ၊ နှစ်ပိုင်းပြတ်သွားပြီ။
တဿ ဧဝံ၊ ထိုပုဏ္ဏား၏ ဤကဲ့သို့။
နှာသိကာယ ဆိန္နဘာဝေါ၊ နှာခေါင်း၏ ပြတ်သွားကြောင်းသည်။
ဘိက္ခုသံယေ ပါကဋော ဇာတော၊ ရဟန်း သံဃာ၌ ထင်ရှားသည် ဖြစ်ပြီး။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်းတို့သည်။
သိလက္ခဏပါဌကော၊ သန်လျက် လက္ခဏာဖတ်,ပုဏ္ဏားသည်။
အသိ ဥပသိင်္ဃန္တော၊ သန်လျက်ကို အနီးကပ်နမ်း ရှူသော်။
နှာသိကံ ဆိန္ဒာပေသိ ကိရ၊ နှာခေါင်းကို နှစ်ပိုင်းပြတ်စေပြီတဲ့” ။
ဣတိ ကထံ သမုဋ္ဌာပေသုံ၊ ဤသို့စကားကိုဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္တနုတိ ပုန္တိတွာ၊ ဖြစ်ကြသနည်း” ဟု မေးတော်မူ၍။
“ဣမာယ နာမာတိ ပုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက်ထားအပ်သော်။
“ဘိက္ခဝေ ဣဒါနေ၀၊ အို. . ရဟန်းတို့ယခုအခါ၌သာ။
သော ဗြာဟ္မဏော အသိ ဥပသိန္တာ၊ ထိုပုဏ္ဏား သည် သန်လျက်ကို ကပ်၍ နမ်းရှူသော်။
နာသိကာဆေဒံ န ပတ္တော၊ နှာခေါင်း နှစ်ပိုင်းပြတ်ခြင်းသို့ ရောက်ဖူးသည် မဟုတ်သေး။
ပုဗ္ဗေပိ ပတ္တောလေပါ ဝတ္ထာ၊ ရှေးကလည်း ရောက်ဖူးသည် သာ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ
အသိ အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌ ။
ဗြဟ္မဒတ္တေရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်း သည် မင်းအဖြစ်ကို ပြုလတ်သော်။
လက္ခဏပါဌကော၊ ထိုဗြဟ္မဒတ်မင်းသံလျက်လက္ခဏာဖတ်တတ်သော။
ဗြာဟ္မဏော အဟောသိ၊ ပုဏ္ဏားသည် ဖြစ်ပြီ။
ဣတိ သဗ္ဗံ၊ စသောအလုံးစုံသည်။
ပစ္စုပ္ပန္နဝတ္ထုသဒိသမေ၀၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းနှင့်တူသည်သာတည်း။
ရာဇာ ပန တဿ၊ ဗြဟ္မဒတ်မင်းသည်ကား ထိုသံလျက်လက္ခဏာဖတ်,ပုဏ္ဏားအား။
၀ ဇ္ဇေ ဒတွာ၊ ဆေးသမားတို့ကို ပေး၍။
နာသိကာကောဋိံ၊ နှာခေါင်းစွန်းကို။
ဖာသုကံ ကာရာပေတွာ၊ ချမ်းသာသည်ကို ပြုခိုင်း၍။
လာခါယ ပဋိနာသိကံ ကာရေကွာ၊ ချိတ်ဖြင့် နှာခေါင်းတုကို ပြုစေ၍။
ပုန တံ၊ တစ်ဖန် ထိုပုဏ္ဏားကို။
ဥပဋ္ဌာကမေဝ အကာသိ၊ ခစားသူကိုပင် ပြုပြီ။
ဗာရာဏသိရညော ပန၊ ဗာရာဏသီမင်းအား ကား။
ပုတ္တော နတ္ထိ၊ သားသည် မရှိ။
ဧကာ ဓီ တာ စေ၀၊ တစ်ယောက်သော သမီးသည်လည်းကောင်း။
ဘာဂိနေယျော စ အဟေသုံ၊ တူသည်လည်းကောင်း ရှိကုန်ပြီ။
သော တေ ဥဘောပိ၊ ထိုဗြဟ္မဒတ်မင်းသည် ထိုသမီး,တူ နှစ်ယောက် တို့ကိုလည်း။
အတ္တနော သန္တိကေယေဝ၊ မိမိ၏ အထံ၌သာ။
ဝဍ္ဎာပေသိ၊ ကြီးပြင်း စေပြီ။
တေ ဧကတော ဝဍ္ဎန္တာ၊ ထိုသမီး,တူတို့သည် အတူတကွ ကြီးပြင်းကြသော်။
အညမညံ၊ အချင်းချင်း။
ပဋိဗဒ္ဓစိတ္တာ အဟေသုံ၊ တပ်မက်သော စိတ်ရှိကြသည် ဖြစ်ကုန်ပြီ။
ရာဇာပိ အမစ္စေ၊ ဗြဟ္မဒတ်မင်းသည်လည်း အမတ်တို့ကို။
ပက္ကောသာ ပေတွာ၊ ခေါ်စေ၍။
“မယုံ ဘာဂိနေယျောပိ၊ ငါ၏ တူသည်လည်း။
ဣမဿ ရဇ္ဇဿ သာမိကောဝ၊ ဤမင်းအဖြစ်၏ ပိုင်ရှင်သာတည်း။
ဂီတရံ ဧတသေဝ ဒတွာ၊ သမီးတော်ကို ထိုတူတော်အားသာ ပေးစားပြီး၍။
အဿ အဘိသေကံ၊ ထိုတူတော်အား အဘိသိက်သွန်းခြင်းကို။
ကရောမီတိ ဝတွာ၊ ပြုမည်”ဟု ပြောပြီး ၍။
“မယုံ ဘာဂိနေယျော၊ ငါ၏ တူတော်သည်။
သဗ္ဗထာပိ ဉာတကောယေဝ၊ ဘက်စုံအားဖြင့်လည်း ဆွေမျိုးသာတည်း။
အညံ ရာဇဓီကရံ၊ အခြားသော မင်း သမီးကို။
ဧတဿ အာနေတွာ၊ ထိုတူတော်အတွက် ဆောင်ယူပြီး၍။
အဘိသေ ကံ ကတွာ၊ အဘိသိက်သွန်းမှုကို ပြု၍။
အညဿ ရညော၊ အခြားသော မင်းအား။
မီတရံ ဒဿာမိ၊ သမီးတော်ကို ပေးအံ့။
ဧဝံ နော ဉာတကာ၊ ဤသို့ပြုသော် ငါတို့ ၏ ဆွေမျိုးတို့သည်။
ဗဟူ ဘဝိဿန္တိ၊ များကုန်သည် ဖြစ်ကြလတံ့။
ဒွိန္နမ္ပိ ရဇ္ဇာနံ၊ နှစ်မျိုးလည်းဖြစ်ကုန်သော မင်းအဖြစ်တို့၏။
မယမေဝ သာမိကာ၊ ငါတို့သည်သာ ပိုင်ဆိုင်ကြသည်။
ဘဝိဿာမာတိ ပုန စိန္တေသိ၊ ဖြစ်ကြလိမ့်မည်”ဟု တစ်ဖန် တွေးမိ ပြန်ပြီ။
သော အမစ္စေဟိ သဒ္ဓိံ၊ ထိုဗြဟ္မဒတ်မင်းသည် အမတ်တို့နှင့် အတူ။
သမ္မန္တေတွာ၊ ကောင်းစွာတိုင်ပင်ပြီး၍။
“ဧတေ ဥဘောပိ၊ ဤသမီးတော် တူတော် နှစ်ယောက်တို့ကိုလည်း။
ဝိသုံ ကာတုံ ဝဋ္ဋ တီတိ၊ သီးခြားပြုခြင်းငှါ သင့်လျော်၏” ဟုတွေး၍။
ဘာဂိနေယျ အညသ္မိံ နိဝေသနေ၊ တူတော်ကို အခြားသော အိမ်တော် ၌လည်းကောင်း။
ဓီ တရံ အညသ္မိံ ဝါသေသိ၊ သမီးတော်ကို အခြားအိမ်တော်၌ လည်းကောင်း နေစေပြီ။
တေ၊ ထိုတူတော်,သမီးတော်တို့သည်။
သောဠသဝဿုဒ္ဒသိကဘာဝံ ပတ္တာ၊ တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိသည် ၏အဖြစ်သို့ ရောက်ကြသော်။
အတိဝိယ၊ အလွန်သာ။
ပဋိဗုဒ္ဓစိတ္တာ အဟေသုံ၊ တပ်မက်သော စိတ်ရှိကြသည် ဖြစ်ကုန်ပြီ။
ရာဇကုမာရော၊ တူတော်မင်းသားသည်။
“ကေန ဥပါယေန၊ အဘယ်နည်းလမ်း ဖြင့်။
မာတုလမီတရံ၊ ဦးရီးတော်သမီးကို။
ရာဇဂေဟာ နီဟရာပေတုံ၊ မင်းအိမ်တော် မှ ထုတ်ဆောင်စေခြင်းငှါ။
သက္ကာ ဘဝေယျ နုခေါတိ၊ တတ်ကောင်းသည် ဖြစ်အံ့ နည်း”ဟု။
စိန္တေန္တော၊ ကြံစီသော်။
ဧကော ဥပါယော၊ တစ်ခုသော နည်းလမ်းသည်။
အတ္ထိ ဣတိ၊ ရှိ၏ဟုတွေးမိ၍။
မဟာဣက္ခဏိကံ ပက္ကောသာပေတွာ၊ နတ် ကတော်မကြီးကို ခေါ်စေ၍။
တဿာ၊ ထိုနတ်ကတော်မကြီးအား။
သဟဿ ဘဏိကံ ဒတွာ၊ ငွေတစ်ထောင်ထုပ်ကို ပေးပြီး၍။
ကိံ မယာ၊ အဘယ်ကို ကျွန်တော်မျိုးမသည်။
ကတ္တဗ္ဗန္တိ ဝုတ္တေ၊ ပြုသင့်ပါသနည်း”ဟု မေးအပ်သော်။
တယိ ကရောန္တိယာ၊ အို. မယ်တော် သင်မယ်တော်သည် ပြုသော်။
အနိပ္ပတ္တိ နာမ နတ္ထိ၊ မပြီးစီးသည်မည်သည် မရှိပါ။
ကိဉ္စိဒေဝ ကာရဏံ ဝတွာ၊ တစ်စုံတစ်ခု သာလျှင်ဖြစ်သော အကြောင်းကို ပြောဆို၍။
ယထာ၊ အကြင်သို့ ပြုသော်။
မမ မာတုလော ရာဇာ၊ ကျွန်တော်၏ ဦးရီးတော်ဖြစ်သော မင်းသည်။
ဓီ တရံ အန္တော ဂေဟာ၊ သမီးတော်ကို အိမ်တော်အတွင်းမှ။
နီဟရာပေတိ၊ အပြင်ထုတ်စေ၏။
တထာ ကရောဟီတိ အာဟ၊ ထိုကဲ့သို့ သမီးတော်ကိုအပြင်ထုတ်အောင် ပြုလုပ် ပါလော့”ဟု ပြောပြီ။
သာဓု သာမိ၊ ကောင်းပါပြီ အရှင့်သား။
အဟံ ရာဇာနံ ဥပသင်္ကမိတွာ၊ ကျွန်တော်မသည် မင်းကြီးသို့ ချဉ်းကပ်ပြီး၍။
“ဒေဝ ရာဇဓီတာယ ဥပရိ၊ အို. အရှင်မင်းမြတ် မင်းသမီး၏ အပေါ်၌။
ကာဠကဏ္ဏီ အတ္ထိ၊ ကြက်သရေ ယုတ်သည် ရှိနေ၏။
ဧတ္တကံ ကာလံ နိဝတ္တိတွာ၊ ဤမျှရှိသော ကာလပတ်လုံးပြန်လှည့်၍။
ဩလောကန္တောပိ နတ္ထိ၊ ကြည့်သူသည်သော်မှလည်း မရှိ။
အဟံ ရာဇဓီတရံ၊ ကျွန်တော်မျိုးမသည် သင် မင်းကြီးသမီးတော်ကို။
အသုကဒိဝသေ နာမ၊ ထိုမည်သောနေ့၌။
ရထံ အာရောပေတွာ၊ ရထားပေါ်သို့ တင်ပြီး၍။
ဗဟု အာဝုဓဟတ္တေ ပုရိသေ အာဒါယ၊ လက်နက်များစွာ ကိုင်စွဲကုန်သော ယောက်ျား တို့ကို ခေါ်ယူ၍။
မဟန္တေန ပရိဝါရေန၊ များစွာသော အခြံအရံဖြင့်။
သုသာနံ ဂန္တွာ၊ သုသာန်သို့ သွားပြီး၍။
မဏ္ဍလပီဌိကာယ၊ ဝန်းဝိုင်းသော အင်းပျဉ်၏။
ဟေဌာမဉ္စ၊ အောက်က ညောင်စောင်းပေါ်၌။
မတမနုဿံ နိပဇ္ဇာပေကွာ၊ လူသေကောင်ကို အိပ်စေ၍။
ဥပရိမဉ္စေ၊ အထက်ညောင်စောင်းပေါ်၌။
ရာဇဓီတရံ ဌပေတွာ၊ မင်းတရားသမီးတော်ကို တင်ထားပြီး၍။
ဂန္ဓောဒကယဋာနံ၊ နံ့သာ ရေတို့၏။
အဋ္ဌုတ္တရသတေန၊ လုံးကျော်သောတစ်ရာဖြင့်(ဝါ) တစ်ရာ့ ရှစ်လုံးဖြင့်။
နှာပေတွာ ကာဠကဏ္ဏိံ၊ ရေချိုးစေ၍ ကျက်သရေယုတ်ကို ပဝါဟေဿာမီတိ= မျောပါသွားစေအံ့”ဟု။
ဧဝံ ဝက္ခာမိ၊ ဤသို့ လျှောက်ထားမည်။
ဧဝံ ဝတွာ၊ ဤသို့ လျှောက်ထားပြီး၍။
ရာဇဓီတရံ၊ မင်းသမီးကို။
သုသာနံ နေဿာမိ၊ သုသာန်သို့ ဆောင်ယူခဲ့မည်။
တွံ အမှာကံ၊ သင်မင်းသားသည် ငါတို့၏။
တတ္ထ ဂမနဒိဝသေ၊ ထိုသုသာန်သို့ သွားရာနေ့၌။
အမှေဟိ ပုရေတရမေဝ၊ ငါတို့ထက် အထူးရှေးဦးစွာသာ။
ထောကံ မရိစစုဏ္ဏံ အာဒါယ၊ အနည်းငယ်သော ငရုပ်မှုန့်ကို ယူ၍။
အာဝုဓဟမ္မေဟိ၊ လက်နက်စွဲကိုင်ကုန်သော။
အတ္တနော မနုဿဟိ၊ မိမိ၏ လူတို့သည်။
ပရိဝုတော ရထံ အဘိရုယှ၊ ခြံရံအပ်လျက် ရထားကို တက်စီးပြီး၍။
သုသာနံ ဂန္တွာ၊ သုသာန်သို့ သွားနှင့်၍။
ထံ သုသာနဒွါရေ၊ ရထားကို သုသာန်တံခါး အနီး၌။
ဧကပဒေသေ ဌပေတွာ၊ တစ်ခုသော အရပ်၌ ထားပြီး၍။
အာဝုဓဟတ္ထိ မနုဿ၊ လက်နက်ကိုင်စွဲ ကုန်သော လူတို့ကို။
သုသာနဝနံ ပေသေတွာ၊ သုသာန်ရှိရာ တောထဲသို့ စေလွှတ်ပြီး၍။
သယံ သုသာနေ၊ ကိုယ်တိုင်ကား သုသာန်ထဲ၌။
မဏ္ဍလဝီဌိကံ ပသာရေတွာ၊ ဝန်းဝိုင်းသော အင်းပျဉ်ကို ဖြန့်ခင်းပြီး၍။
မတကော ဝိယ၊ သေသူသည်ကဲ့သို့။
ပဋိကုဇ္ဇော ဟုတွာ နိပဇ္ဇ၊ မှောက်လျက်သား ဖြစ်၍ အိပ်လော့။
အဟံ တတ္ထ အာဂန္တွာ၊ ငါသည် ထိုသင်ရှိရာသို့လာ၍။
တဝဥပရိ၊ သင်မင်းသား၏ အဟံ အပေါ်၌။
မဉ္စကံ အတ္ထရိတွာ၊ ညောင်စောင်းငယ်ကို ခင်း၍။
ရာဇဓီတရံ ဥက္ခိ ပိတွာ၊ မင်းသမီးကို ချီ မ၍။
မဉ္စ သယာပေဿာမိ၊ ညောင်စောင်းပေါ်၌ အိပ်စေမည်။
တွံ တသ္မိံ ခဏေ၊ သင်မင်းသားသည် ထိုခဏ၌။
မရိစစုဏ္ဏံ၊ ငရုပ်သီးကို။
နာသိကာယ ပက္ခိပိတွာ၊ နှာခေါင်း၌ ထည့်၍။
ဒွေ တယော ဝါရေ၊ နှစ်ကြိမ် သုံးကြိမ်တို့တိုင်တိုင်။
ခိပေယျာသိ၊ ချေဆပ်ပါလော့။
တယာ ခိပိတကာလေ၊ သင်မင်းသားသည် ချေဆပ်ရာ ကာလ၌။
မယံ ရာဇဓီ တရံ၊ ငါတို့သည် မင်းသမီးကို။
ပဟာယ ပလာယိဿာမ၊ ပစ်ထားခဲ့၍ ပြေးကြပေမည်။
အထ တွံ၊ ထိုအခါ သင်မင်းသားသည်။
ရာဇဓီတရံ၊ မင်းသမီးကို။
သီသံ နှာပေတွာ၊ ဦးခေါင်းကို ရေချိုးစေ၍(ဝါ) ခေါင်းလျှော်စေ၍။
သယမ္ပိ သီသံ နှာယိတွာ၊ ကိုယ်တိုင်လည်း ခေါင်းလျှော်ပြီး၍။
တံ အာဒါယ၊ ထိုမင်းသမီးကို ခေါ်ယူ၍။
အတ္တနော နိဝေသနံ၊ မိမိ၏အိမ်တော်သို့။
ဂစ္ဆေယျာသီတိ၊ သွားလော့ဟု ပြောပြီ။
သော၊ ထိုမင်း သားသည်။
သာဓု၊ ကောင်းပါပြီ။
သုန္ဒရော ဥပါယောတိ သမ္ပဋိစ္ဆိ၊ ကောင်းသော နည်းလမ်းပါဟု လက်ခံပြီ။
သာပိ ဂန္တွာ၊ ထိုနတ်ကတော်ကြီးသည်လည်း သွား၍။
ရညော တမတ္ထံ အာရောစေသိ၊ ဦးရီးတော် မင်းအား ထိုအကြောင်းကို လျှောက်ထားပြီ။
ရာဇာပိ သမ္ပဋိစ္ဆိ၊ ဦးရီးတော်မင်းသည်လည်း လက်ခံပြီ။
ရာဇမီတာယပိ၊ မင်းသမီး အားလည်း။
တံ အန္တရံ အာစိက္ခိ၊ ထိုအကြောင်းကို ပြောထားပြီ။
သာပိ သမ္ပဋိစ္ဆိ၊ ထိုမင်းသမီးသည်လည်း လက်ခံပြီ။
သာ နိက္ခမနဒိဝသေ၊ ထိုနတ်ကတော်ကြီး သည် သုသာန်ထွက်ရာ နေ့၌။
ကုမာရဿ သညံ ဒတွာ၊ မင်းသားအား အမှတ် သညာကို ပေးပြီး၍။
မဟန္တေန ပရိဝါရေန၊ များစွာသော အခြံအရံဖြင့်။
သုသာနံ ဂစ္ဆန္တီ၊ သုသာန်သို့ သွားသည်ရှိသော်။
အာရက္ခမနုဿာနံ ဘယဇနနတ္ထံ၊ အစောင့်အရှောက် လူတို့၏ ကြောက်ရွံ့မှုဖြစ်စေခြင်းငှါ။
အာရက္ခမနုဿာနံ၊ အစောင့်အရှောက်လူတို့အား။
“မယာ ရာဇမီတာယ၊ ငါသည် မင်းသမီးကို ။
မဉ္စေ ဌပိတကာလေ၊ ညောင်စောင်းပေါ်၌ တင်ထားရာ ကာလ၌။
ဟေဋ္ဌာမ မတပုရိသော၊ ညောင်စောင်းအောက်က အသေကောင် ယောက်ျားသည်။
ခိပိဿတိ၊ ချေဆပ်လတံ့။
ခိပတွာ စ၊ ချေဆပ်ပြီး၍လည်း။
ဟေဋ္ဌာမေဉ္ဇာ နိက္ခမိတွာ၊ ညောင်စောင်းအောက်မှ ထွက်လာ၍။
ယံ ပဌမံ ပဿတိ၊ အကြင်သူကို ရှေးဦးစွာ မြင်အံ့။
တမေဝ ဂဟေဿတိ၊ ရှေးဦးစွာမြင်သည့် ထိုသူကိုပင် ယူလိမ့်မည်။
အပ္ပမတ္တာ၊ မမေ့မလျော့ကြသည်။
ဘဝေယျာထာတိ အာဟ၊ ဖြစ်ကြလော”ဟု ပြောထားပြီ။
ရာဇကုမာရော၊ မင်းသားသည်။
ပုရေတရံ ဂန္တွာ၊ အထူးရှေးဦးစွာ သွားပြီး၍။
ဝုတ္တနယေနေဝ၊ ပြောထားအပ်ခဲ့သော နည်းဖြင့်ပင်။
တတ္ထ နိပဇ္ဇိ၊ ထိုညောင်စောင်းအောက်၌ အိပ်နေပြီ။
မဟာ ဣက္ခဏိကာ၊ နတ်ကတော်မကြီးသည်။
ရာဇဓိတရံ ဥက္ခိပိတွာ၊ မင်းသမီးကို မှ ချီ၍။
မဏ္ဍလပီဌိကာ ဌာနံ ဂစ္ဆန္တိ၊ အင်းပျဉ်ဝိုင်းရှိရာ ဌာနသို့ သွားသော်။
ဘာယီတိ သညာပေတွာ၊ မကြောက်လင့်ဟု ကောင်းစွာ သိစေ၍။
မဉ္စ ဌပေသိ၊ ညောင်စောင်းပေါ်၌ တင်ထားပြီ။
တသ္မိံ ခဏ ကုမာရော၊ ထိုအချိန်၌ မင်းသားသည်။
မရိစစုဏ္ဏ နာသာယ၊ ငရုပ်မှုန့်ကို နှာခေါင်း၌။
ပက္ခိပိတွာ၊ မိမိ ထည့်၍ချေဆပ်ပြီ။
တေန ခိပိတမတ္တေယေဝ၊ ထိုမင်းသားသည် ချေဆပ်အပ်ခါမျှ ပင်။
မဟာဣက္ခဏိကာ၊ နတ်ကတော်မကြီးသည်။
ရာဇဂီတရံ ပဟာယ တာ၊ မင်းသမီးကို ပစ်ထားခဲ့၍။
မဟာရဝံ ရဝမာနာ၊ ကျယ်စွာသော အသံကို တော် မြည်လျက်။
သဗ္ဗပဌမံ ပလာယိ၊ အားလုံးတို့ရှေးဦးစွာ ထွက်ပြေးပြီ။
တဿာ၊ ထိုနတ်ကတော်မကြီး၏။
လာတကာလတော ပဋ္ဌာယ၊ ထွက်ပြေးရာကာလမှ စ၍။
ဧကောပိ ဌာတုံ၊ တစ်ယောက်သည်သော်မှလည်း ရပ်တည်ခြင်းငှာ။
သမတ္ထော နာမ ဟောတိ၊ စွမ်းနိုင်သူမည်သည် မရှိပြီ။
ဂဟိတဂဟိတာနိ၊ ကိုင်စွဲ အပ် ကိုင်စွဲအပ်ကုန်သော။
အာဝုဓာနိ ဆဍ္ဍေတွာ၊ လက်နက်တို့ကို စွန့်ပစ်၍။
သဗ္ဗေ ပလာယိံသု၊ လူအားလုံးတို့သည် ထွက်ပြေးကြပြီ။
ကုမာရော ယထာ သမ္မန္တိတံ၊ မင်းသားသည် အကြင် အကြင်တိုင်ပင်ထားအပ်ခဲ့ပြီးသော။
သဗ္ဗ ကတွာ၊ အလုံးစုံကို ပြုလုပ်၍။
ရာဇဂီတရံ အာဒါယ၊ မင်းသမီးကို ခေါ်ယူ၍။
အတ္တနော နိဝေသနံ အဂမာသိ၊ မိမိ၏ အိမ်တော်သို့ သွားပြီ။
ဣက္ခဏိကာ ဂန္တွာ၊ နတ်ကတော်မကြီးသည် သွား၍။
တံ ကာရဏံ ရညော အာရောစေသိ၊ ထိုအကြောင်းအရာကို မင်းကြီးအား လျှောက်ထားပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
“ပကတိယာပိ သာ မယာ၊ ပင်ကိုယ်အားဖြင့်လည်း ထိုသမီးတော်ကို ငါသည်။
တဿဝ အတ္ထာယ ပုဋ္ဌာ၊ ထိုတူတော်၏ပင် အကျိုးငှာ မွေးမြူအပ်ခဲ့ပြီ။
ပါယာသေ ဆဍ္ဍိတသပ္ပိ ဝိယ၊ နို့ဃနာထဲသို့ သွန်ပစ်အပ်သော ထောပတ်ကဲ့သို့။
ဇာတန္တိ သမ္ပဋိစ္ဆိတွာ၊ ဖြစ်သွားပြီ”ဟု လက်ခံ၍။
အပရဘာဂေ ဘာဂိနေယျဿ၊ နောက်အဖို့၌ တူတော်။
ရဇ္ဇံ ဒတွာ၊ မင်းအဖြစ်ကို ပေး၍။
ဂီတရံ မဟာဒေဝိံ ကာရေသိ၊ သမီးတော်ကို မိဖုရားကြီးကို မြှောက်စေပြီ။
သော တာယ သဒ္ဓိံ၊ ထိုတူတော်မောင်မင်းသည် ထိုသမီးတော် မိဖုရားကြီးနှင့်အတူ။
သမဂ္ဂဝါသံ ဝသမာနော၊ သင့်မြတ်စွာ နေထိုင်မှုကို နေထိုင်လျက်။
ဓမ္မေန ရဇ္ဇံ ကာရေသိ၊ တရားသဖြင့် မင်းအဖြစ်ကို ပြုပြီ။
သောပိ အသိလက္ခဏပါဌကော၊ ထိုသန်လျက်လက္ခဏာဖတ် ပုဏ္ဏားသည်လည်း။
တသောဝ၊ ထိုတူတော်မင်း၏ ပင်။
ဥပဋ္ဌာကော အဟောသိ၊ အလုပ်အကျွေးသည် ဖြစ်ပြီ။
တဿ ဧကဒိဝသံ၊ ထိုသန်လျက်လက္ခဏာဖတ် ပုဏ္ဏားသည် တစ်နေ့၌။
ရာဇပဋ္ဌာနံ အာဂန္တွာ၊ မင်း ခစားခြင်းငှာ ။
လာပဋိသူရိယံ ဌတွာ၊ နေနှင့် ရင်ဆိုင်၌ တည်၍။
ဥပဋ္ဌဟန္တဿ၊ ခစားစဉ်။
လာခါ ဝိလီယိ၊ ချိပ်သည် အရည်ပျော်ကျပြီ။
ပဋိနာသိကာ ဘူမိယံ ပတိ၊ နှာခေါင်းတုသည် မြေကြီးသို့ ကျသွားပြီ။
သော လဇ္ဇာယ၊ ထိုသန်လျက် လက္ခဏာဖတ်ပုဏ္ဏားသည် ရှက်သဖြင့်။
အဓောမုခေါ အဋ္ဌာသိ၊ အောက်၌ မျက်နှာရှိ၍ တည်နေပြီ။
အထ နံ၊ ထိုအခါ ထိုသန်လျက်လက္ခဏာဖတ်ပုဏ္ဏားကို။
ရာဇာ ပရိဟသန္တော၊ တူတော်မောင်မင်းသည် ပြောင်လှောင်လိုရကား။
“အာစရိယ မာ စိန္တယိတ္ထ၊ အို. . ဆရာကြီး တွေးမပူကြပါလင့်။
ခိပိတံ နာမ ဧကဿ၊ ချေဆပ်မှု မည်သည် အချို့သူအတွက်။
ကလျာဏံ ဟောတိ၊ အကောင်းသည် ဖြစ်၏။
ဧကဿ ပါပကံ ဟောတိ၊ အချို့သူအတွက် မကောင်းသည် ဖြစ်၏။
တုမှေဟိ ခိပိတေန၊ သင်ဆရာကြီးတို့သည် ချေဆပ်ခြင်းဖြင့်။
နာသိကာ ဆီဇ္ဇီယိတ္ထ၊ နှာခေါင်းကို ဖြတ်အပ်ခဲ့ပြီ။
မယံ ပန ခိပန္တာ၊ ငါကိုယ်တော်မြတ်တို့သည်ကား ချေဆပ်ကြ၍။
မာတုလဝီတရံ လဘိတွာ၊ ဦးရီးတော်သမီးကို ရရှိ၍။
ရဇ္ဇံ ပါပုဏိမှာတိ ဝတွာ၊ မင်းအဖြစ်သို့ ရောက်ကြရပြီ”ဟု မိန့်ဆို၍။
တထေဝ ဧကဿ ကလျာဏံ၊ ထိုအမှုသည်ပင် အချို့သူအတွက် အကောင်းဖြစ်၏။
တထေဝ ဧကဿ ပါပကံ၊ ထိုအမှုသည်ပင် အချို့သူ အတွက် မကောင်းဖြစ်၏။
တသ္မာ သဗ္ဗံ န ကလျာဏံ၊ ထို့ကြောင့် လောကရေး ဟူသမျှသည် အကောင်းချည်းလည်း မဖြစ်။
သဗ္ဗံ န ပါပကံ ဝါပိ၊ လောကရေး အားလုံးသည် မကောင်းချည်းလည်း မဖြစ်။
တတ္ထ၊ ထိုဂါထာ၌။
**တထေဝေကဿာ** တိ၊ ထေကဿဟူသည်ကား။
တဒေဝေကဿ တဒေဝ တထေ ဧကဿ၊ ထိုအမှုသည်ပင် အချို့သူအတွက်တည်း ။
အယမေဝ ဝါ ပါဌော၊ တစ်နည်းကား ဤတဒေဝေကဿသည်ပင် ပါဠိတော်ရှိရင် ပါဌ်တည်း။
ဒုတိယပဒေပိ ဧသေဝနယော၊ ဒုတိယပဒလည်း ဤကဲ့သို့သော နည်းတည်း။ (ဤနည်းသာတည်း)။
ဣတိ သော ဣမာယ ဂါထာယ၊ ဤကဲ့သို့ ထိုတူတော်မောင် မင်းသည် ဤဂါထာဖြင့်။
တံ ကာရဏံ အာဟရိတွာ၊ ထိုချေဆပ်ဆတ်ခဲ့ကြောင်းကို ဆောင် ပြီး၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနစကုန်သော ကောင်းမှုတို့ကို ပြုလုပ်ပြီး၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမာယ ဒေသနာယ၊ ဘုရားရှင်သည် ဤဒေသနာတော်ဖြင့်။
လောကသမ္မတာနံ ကလျာဏပါပကာနံ၊ လောကလူများ သမုတ်ထားအပ် ကုန်သော အကောင်း အဆိုးတို့၏။
အနေကန္တိကဘာဝံ ပကာသေတွာ၊ ဧကန် မဟုတ်ကြောင်းကို ထင်ရှားပြတော်မူပြီး၍။
“တဒါ အသိလက္ခဏပါဌကောဝ၊ ထိုရှေးအခါက သန်လျက်လက္ခဏာဖတ်, ပုဏ္ဏားသည်ပင်။
ဧတရဟိ အသိလက္ခဏ ပါဌကော၊ ယခုငါဘုရား လက်ထက်၌ သန်လျက်လက္ခဏာဖတ် ပုဏ္ဏားတည်း။
ဘာဂိနေယျရာဇာပန၊ တူတော်မောင် ဗာရာဏသီမင်းသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
အသိလက္ခဏဇာတကဝဏ္ဏနာ ဆဋ္ဌာ၊ အသိလက္ခဏဇာတ်အဖွင့်သည် ဆဋ္ဌတည်း။