**ဥတ္တမင်္ဂရုဟာ မယှန္တိ** ဣဒံ၊ ဥတ္တမင်္ဂရုဟာ မယှံစသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ လူနတ်တို့ဆရာ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
မဟာဘိနိက္ခမနံ အာရဗ္ဘ ကထေသိ၊ ကြီးကျယ်မြင့်မြတ်လှစွာသော, တောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူပြီ။
တံ ဟေဋ္ဌာ နိဒါနကထာယံ ကထိတမေဝ၊ ထိုကြီးကျယ်မြင့်မြတ်လှစွာသော တောထွက်တော်မူခြင်းကို အောက်ခေါ်သော ရှေး၌ အဝိဒူရေနိဒါန်းစကား၌ ငါအဋ္ဌကထာဆရာ ဆိုအပ်ခဲ့ပြီးသည်သာ။
တသ္မိံ ပန ကာလေ ဘိက္ခူ၊ ထိုအခါ၌ကား ရဟန်းတို့သည်။
ဒသဗလဿ နေက္ခမ္မံ၊ ဘုရားရှင်၏ တောထွက်တော်မူခြင်းကို။
ဝဏ္ဏယန္တာ နိသီဒိံသု၊ ချီးမွမ်းကုန်လျက် ထိုင်နေကုန်ပြီ။
အထ သတ္ထာ၊ ချီးမွမ်းထိုင်နေရာ ထိုအခါ၌ ဘုရားရှင်သည်။
ဓမ္မသဘံ အာဂန္တွာ၊ တရားသဘင်သို့ ကြွလာတော်မူ၍။
ဗုဒ္ဓါသနေ နိသိန္နော၊ ဘုရားတို့နေရာ၌ ထိုင်တော်မူ၍။
"ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ ယခုအခါ၌။
ကာယ ကထာယ၊ အဘယ်စကားဖြင့်။
သန္နိသိန္နာ အတ္ထ နု ဣတိ၊ ကောင်းစွာထိုင်နေကုန်သည် ဖြစ်ကြသနည်း"ဟု။
ဘိက္ခူ အာမန္တေသိ၊ ရဟန်းတို့ကို မေးတော်မူပြီ။
ဘန္တေ အညာယ ကထာယ န၊ မြတ်စွာဘုရား အခြားစကားဖြင့် မဟုတ်ပါ။
ပန တုမှာကံ ယေဝ၊ အဟုတ်သော်ကား ရှင်တော်ဘုရားတို့၏သာ။
နေက္ခမ္မံ ဝဏ္ဏယမာနာ၊ တောထွက်တော်မူမှုကို ချီးမွမ်းကြလျက်။
နိသိန္နာ အမှာတိ ဝုတ္တေ၊ ထိုင်နေကြသည် ဖြစ်ပါကုန်၏ဟု လျှောက်ထားအပ်သော်။
ဘိက္ခဝေ တထာဂတော ဧတရဟိယေဝ၊ ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာ။
နေက္ခမ္မံ န နိက္ခန္တော၊ တောထွက်မှုကို ထွက်ဖူးသည် မဟုတ်သေး။
ပုဗ္ဗေပိ နိက္ခန္တောယေဝါတိ အာဟ၊ ရှေး၌လည်း ထွက်မှုပြုခဲ့ဖူးသည်သာဟု မိန့်တော်မူပြီ။
ဘိက္ခူ တဿတ္ထဿ၊ ရဟန်းတို့သည် ထိုအကြောင်းအရာ၏။
အာဝိဘာဝတ္ထံ ဘဂဝန္တံ ယာစိံသု၊ ထင်ရှားစွာ ဖြစ်ခြင်းငှာ ဘုရားရှင်ကို တောင်းပန်ကုန်ပြီ။
ဘဂဝါ ဘဝန္တရေန ပဋိစ္ဆန္နံ၊ ဘုရားရှင်သည် ဘဝတစ်ပါးဖြင့် ဖုံးကွယ်အပ်သော။
ကာရဏံ ပါကဋံ အကာသိ၊ အကြောင်းအရာကို ထင်ရှားသည်ကို ပြုတော်မူပြီ။
အတီတေ ဝိဒေဟရဋ္ဌေ မိထိလာယံ၊ လွန်လေပြီးသောအခါ၌ ဝိဒေဟတိုင်း၌ မိထိလာမြို့၌။
ဓမ္မိကော ဓမ္မရာဇာ၊ မင်းကျင့်တရားနှင့်ပြည့်စုံသော တရားသဖြင့် မင်းပြုသော။
မဃဒေဝေါ နာမ ရာဇာ အဟောသိ၊ မဃဒေဝမည်သော မင်းသည်ဖြစ်ပြီ။
သော စတုရာသီတိဝဿသဟဿာနိ၊ ထိုမဃဒေဝမင်းသည် နှစ်ပေါင်းရှစ်သောင်းလေးထောင်တို့ပတ်လုံး။
ကုမာရကီဠံ ကီဠိ၊ ကလေးဘဝကစားမှုကို ကစားပြီ။
တထာ ဩပရဇ္ဇံ၊ ထို့အတူ နှစ်ပေါင်းရှစ်သောင်းလေးထောင်တို့ပတ်လုံး အိမ်ရှေ့မင်းအဖြစ်ကို လည်းကောင်း။
တထာ မဟာရဇ္ဇံ ကတွာ၊ ထို့အတူ နှစ်ပေါင်းရှစ်သောင်းလေးထောင်တို့ပတ်လုံး မင်းကြီးအဖြစ်ကိုလည်းကောင်း ပြု၍။
ဒီဃမဒ္ဓါနံ ခေပေတွာ၊ ရှည်စွာသော အခါ၌ ကုန်စေ၍။
ဧကဒိဝသံ ကပ္ပကံ၊ တစ်နေ့သ၌ ဆေတ္တာသည်ကို။
"သမ္မ ကပ္ပက ယဒါ၊ အချင်းဆေတ္တာသည် အကြင်အခါ၌။
မေ သိရသ္မိံ၊ ငါမဃဒေဝမင်း၏ ဦးခေါင်း၌။
ပလိတာနိ ပဿေယျာသိ၊ ဆံပင်ဖြူတို့ကို တွေ့မြင်၏။
အထ မေ၊ ဆံပင်ဖြူတွေ့ရာ ထိုအခါ၌ ငါမဃဒေဝမင်းအား။
အာရောစေယျာသီ"တိ အာမန္တေသိ၊ ပြောကြားလော့"ဟု မှာထားပြီ။
ကပ္ပကောပိ ဒီဃမဒ္ဓါနံ ခေပေတွာ၊ ဆေတ္တာသည်သည်လည်း ရှည်စွာသောအခါကို ကုန်စေ၍။
ဧကဒိဝသံ ရညော၊ တစ်နေ့သ၌ မဃဒေဝမင်း၏။
အဉ္ဇနဝဏ္ဏာနံ ကေသာနံ အန္တရေ၊ မျက်စဉ်းညိုအဆင်းရှိကုန်သော ဆံပင်တို့၏အကြား၌။
ဧကမေဝ ပလိတံ ဒိသွာ၊ တစ်ချောင်းသာဖြစ်သော ဆံပင်ဖြူကို တွေ့မြင်၍။
ဒေဝ တေ ဧကံ ပလိတံ၊ အရှင်မင်းကြီး အရှင်မင်းကြီးမှာ ဆံပင်ဖြူတစ်ချောင်းကို။
ဒိဿတီတိ အာရောစေသိ၊ တွေ့မြင်ရ၏ဟု သံတော်ဦးတင်ပြီ။
သမ္မ တေန ဟိ၊ အချင်းဆေတ္တာသည် ထိုသို့ဖြစ်လျှင်။
မေ တံ ပလိတံ ဥဒ္ဓရိတွာ၊ ငါ၏ ထိုဆံပင်ဖြူကို နုတ်ယူ၍။
ပါဏိမှိ ဌပေဟီတိ စ ဝုတ္တေ၊ ငါ့လက်ပေါ်၌ ထားပါလော့ဟုလည်း ပြောအပ်သော်။
သုဝဏ္ဏသဏ္ဍာသေန ဥဒ္ဓရိတွာ၊ ရွှေမွေးညှပ်ဖြင့် နုတ်၍။
ရညော ပါဏိမှိ ပတိဋ္ဌာပေသိ၊ မဃဒေဝမင်းကြီး၏ လက်ဖဝါးပေါ်၌ တင်ထားပြီ။
တဒါ ရညော အာယု၊ ဆံပင်ဖြူပေါက်ရာ ထိုအခါ၌ မဃဒေဝမင်းကြီး၏ သက်တော်သည်။
စတုရာသီတိဝဿသဟဿာနိ အဝသိဋ္ဌံ ဟောတိ၊ နှစ်ပေါင်း ရှစ်သောင်းလေးထောင်တို့ပတ်လုံး ကြွင်းကျန်သေးသည် ဖြစ်၏။
ဧဝံ သန္တေပိ ပလိတံ ဒိသွာဝ၊ ဤသို့ နှစ်ပေါင်း ရှစ်သောင်းလေးထောင် အသက်ကြွင်းကျန်သည် ဖြစ်သော်လည်း ဆံဖြူတစ်ပင်ကို မြင်၍သာ။
မစ္စုရာဇာနံ အာဂန္တွာ၊ သေမင်း၏ လာ၍။
သမီပေ ဌိတံ ဝိယ၊ အနီး၌ ရပ်တည်နေခြင်းကဲ့သို့ လည်းကောင်း။
အတ္တာနံ အာဒိတ္တပဏ္ဏသာလံ၊ မိမိကိုယ်ကို ရဲရဲတောက်နေသော သစ်ရွက်မိုးအဆောက်အဦးသို့။
ပဝိဋ္ဌံ ဝိယ စ မညမာနော၊ ဝင်မိဘိသကဲ့သို့လည်းကောင်း မှတ်ထင်၍။
သံဝေဂံ အာပဇ္ဇိတွာ၊ ထိတ်လန့်ခြင်းသို့ ရောက်၍။
"ဗာလ မဃဒေဝ ပလိတဿ၊ မဃဒေဝမင်းမိုက် ဆံပင်ဖြူ၏။
ယာဝ ဥပ္ပါဒါဝ ဣမေ ကိလေသေ၊ ဖြစ်ရာကာလတိုင်အောင် ဤလေသာတို့ကို။
ဇဟိတုံ နာသက္ခီတိ စိန္တေသိ၊ ပယ်စွန့်ခြင်းငှာ မစွမ်းနိုင်"ဟုကြံပြီ။
ဧဝံ ပလိတပါတုဘာဝံ၊ ဤသို့ ဆံပင်ဖြူထင်ရှားဖြစ်ခြင်းကို။
အာဝဇ္ဇေန္တဿ တဿ၊ ဆင်ခြင်သော ထိုမဃဒေဝမင်းကြီး၏။
အန္တောဒါဟော ဥပ္ပဇ္ဇိ၊ ကိုယ်တွင်းပူလောင်ခြင်းသည် ဖြစ်ပြီ။
သရီရာ သေဒါ မုစ္စိံသု၊ ကိုယ်မှ ချွေးတို့သည် လွတ်ကုန်ပြီ ထွက်ကုန်ပြီ။
သာဋကာ ပီဠေတွာ၊ ဝတ်လဲတော်တို့သည် ညှစ်၍။
အပနေတဗ္ဗာကာရပ္ပတ္တာ အဟေသုံ၊ ပယ်အပ်သော အခြင်းအရာရောက်ကုန်သည် ဖြစ်ကုန်ပြီ။
သော၊ ထိုမဃဒေဝမင်းကြီးသည်။
"အဇ္ဇေဝ မယာ နိက္ခမိတွာ၊ ယနေ့ပင် ငါသည် တောထွက်၍။
ပဗ္ဗဇိတုံ ဝဋ္ဋတီတိ၊ ရသေ့ရဟန်းပြုခြင်းငှာ သင့်၏ဟု ကြံ၍။
ကပ္ပကဿ သတသဟဿုဋ္ဌာနကံ၊ ဆေတ္တာသည်အား အခွန်တစ်သိန်းထွက်သော။
ဂါမဝရံ ဒတွာ၊ ရွာစားဆုကို ပေး၍။
ဇေဋ္ဌပုတ္တံ ပက္ကောသာပေတွာ၊ သားတော်ကြီးကို ခေါ်စေ၍။
"တာတ မမ သီသေ၊ ချစ်သား ငါခမည်းတော်၏ ခေါင်း၌။
ပလိတံ ပါတုဘူတံ၊ ဆံပင်ဖြူသည် ထင်ရှားဖြစ်လာပြီ။
မဟလ္လကော ဇာတော အမှိ၊ ကြီးသည် ဖြစ်သည် ဖြစ်၏။
မာနုသကာ ကာမာ၊ လူတို့ဥစ္စာဖြစ်ကုန်သော ကာမတို့ကို။
မေ ဘုတ္တာ ခေါ ပန၊ ငါသည် ခံစားအပ်ပြီးကုန်သည်သာတည်း။
ဒိဗ္ဗေ ကာမေ၊ နတ်တို့ဥစ္စာဖြစ်ကုန်သော ကာမတို့ကို။
ဣဒါနိ ပရိယေသိဿာမိ၊ ယခုအခါ၌ ရှာမှီးအံ့။
မယှံ နေက္ခမ္မကာလော၊ ငါခမည်းတော်၏ တောထွက်ရမည့်အခါတည်း။
တွံ ဣမံ ရဇ္ဇံ ပဋိပဇ္ဇ၊ သင်သားတော်ကြီးသည် ဤမင်းအဖြစ်ကို ပြုလော့။
အဟံ ပန ပဗ္ဗဇိတွာ၊ ငါသည်ကား ရသေ့ရဟန်းပြု၍။
မဃဒေဝအမ္ဗဝနုယျာနေ ဝသန္တော၊ မဃဒေဝသရက်ဥယျာဉ်တော်၌ နေလျက်။
သမဏဓမ္မံ ကရိဿာမီတိ အာဟ၊ ရဟန်းတရားကို ပြုလုပ်အားထုတ်အံ့"ဟု ပြောပြီ။
ဧဝံ ပဗ္ဗဇိတုကာမံ တံ၊ ဤသို့ ရသေ့ရဟန်းပြုလိုသော ထိုမဃဒေဝမင်းကြီးသို့။
အမစ္စာ ဥပသင်္ကမိတွာ၊ အမတ်တို့သည် ချဉ်းကပ်၍။
ဒေဝ တုမှာကံ ပဗ္ဗဇ္ဇာကာရဏံ၊ အရှင်မင်းမြတ် အရှင်မင်းမြတ်တို့၏ ရသေ့ရဟန်းပြုခြင်းအကြောင်းကား။
ကိန္တိ ပုစ္ဆိံသု၊ အဘယ်ပါနည်းဟု မေးလျှောက်ကုန်ပြီ။
ရာဇာ ပလိတံ ဟတ္ထေန ဂဟေတွာ၊ မဃဒေဝမင်းကြီးသည် ဆံပင်ဖြူကို လက်ဖြင့် ကိုင်ယူ၍။
ဣမံ ဂါထံ အမစ္စာနံ အာဟ၊ ဤဂါထာကို အမတ်တို့အား ပြောပြပြီ။ ဂါထာအနက်ကား--
၉။ "မယှံ ဝယောဟရာ၊ ငါ၏အရွယ်သုံးပါး ဆောင်ယူတတ်ကုန်သော။
ဣမေ ဥတ္တမင်္ဂရုဟာ မယှံ ဇာတာ၊ ဤဆံပင်ဖြူတို့သည် ငါ့အား ဖြစ်ပေါ် ပေါက်ရောက်ကုန်ပြီ။
ဒေဝဒူတာ ပါတုဘူတာ၊ သေမင်းတမန်, နတ်တမန်တို့သည် ထင်ရှား ဖြစ်လာကုန်ပြီ။
မမ ပဗ္ဗဇ္ဇာသမယောတိ၊ ငါ့အဖို့ ရသေ့ရဟန်းပြုရမည့် အခါတည်း"ဟု။
တတ္ထ ဥတ္တမင်္ဂရုဟာတိ ကေသာ၊ ထိုဂါထာ၌ ဥတ္တမင်္ဂရုဟာ ဟူသည်ကား ဆံပင်တို့တည်း။
ဟိ ကေသာ၊ မှန်၏ ဆံပင်တို့ကို။
ဟတ္ထပါဒါဒီနံ သဗ္ဗေသံ အင်္ဂါနံ၊ လက်ခြေစကုန်သော အင်္ဂါအစိတ်အပိုင်းအားလုံးတို့ထက်။
ဥတ္တမေ သိရသ္မိံ ရုဟတ္တာ၊ မြတ်သော ဦးခေါင်း၌ ပေါက်ကြသည့်အဖြစ်ကြောင့်။
ဥတ္တမင်္ဂရုဟာတိ ဝုစ္စန္တိ၊ ဥတ္တမင်္ဂရုဟတို့ဟူ၍ ခေါ်အပ်ကုန်၏။
ဣမေ ဇာတာ ဝယောဟရာတိ၊ ဣမေ ဇာတာ ဝယောဟရာ ဟူသည်ကား။
ပဿထ တာတာ၊ ကြည့်ကြလော့ ချစ်သားအမတ်တို့။
ပလိတပါတုဘာဝေန၊ ဆံဖြူထင်ရှား ဖြစ်သောအားဖြင့်။
တိဏ္ဏံ ဝယာနံ ဟရဏတော၊ အရွယ်သုံးပါးတို့ကို ဆောင်ယူတတ်သောကြောင့်။
ဣမေ ဝယောဟရာ ဇာတာ၊ အရွယ်ဆောင်ယူ ဤဆံပင်ဖြူတို့သည် ဖြစ်ပွားပေါက်ရောက်ကုန်ပြီ။
ပါတုဘူတာတိ နိဗ္ဗတ္တာ၊ ပါတုဘူတာ ဟူသည်ကား ဖြစ်ကုန်ပြီ။
ဒေဝဒူတာတိ မစ္စု၊ ဒေဝဒူတာဟူသော ပါဌ်၌ သေမင်းကို။
ဒေဝေါ ဝုစ္စတိ၊ ဒေဝဟု ခေါ်ရ၏။
တဿ ဒူတာတိ ဒေဝဒူတာ၊ ထိုသေမင်း၏ တမန်တို့တည်း ထို့ကြောင့် ဒေဝဒူတမည်ကုန်၏။
ဟိ သိရသ္မိံ၊ မှန်၏ ဦးခေါင်း၌။
ပလိတေသု ပါတုဘူတေသု၊ ဆံပင်ဖြူတို့သည် ထင်ရှားဖြစ်ကုန်သော်။
မစ္စုရာဇဿ သန္တိကေ၊ သေမင်း၏ အနီးအနား၌။
ဌိတော ဝိယ ဟောတိ၊ ရပ်တည်နေရသကဲ့သို့ ဖြစ်၏။
တသ္မာ ပလိတာနိ၊ ထို့ကြောင့် ဆံပင်ဖြူတို့ကို။
မစ္စုဒေဝဿ ဒူတာတိ ဝုစ္စန္တိ၊ သေမင်း၏ တမန်တို့ဟူ၍ ခေါ်ရကုန်၏။
ဒေဝါ ဝိယ ဒူတာ၊ နတ်တို့ကဲ့သို့ တမန်တို့တည်း။
ဣတိပိ ဒေဝဒူတာ၊ ဤသို့သော အကြောင်းကြောင့်လည်း ဒေဝဒူတမည်ကုန်၏။
ဟိ အလင်္ကတပဋိယတ္တာယ၊ ထင်ရှားအောင် ပြောရသော် တန်ဆာဆင်မှုနှင့် ယှဉ်စပ်သော။
ဒေဝတာယ အာကာသေ ဌတွာ၊ နတ်သည် ကောင်းကင်၌ တည်၍။
အသုကဒိဝသေ တွံ၊ ထိုမည်သောနေ့၌ သင်သည်။
မရိဿသီတိ ဝုတ္တေ၊ သေလိမ့်မည်ဟု ပြောဆိုအပ်သော်။
တံ တထေဝ ဟောတိ ယထာ၊ နတ်ပြောသည့် ထိုစကားသည် ထိုပြောသည့်အတိုင်းသာ ဖြစ်သကဲ့သို့။
ဧဝံ သိရသ္မိံ၊ ဤအတူ ဦးခေါင်း၌။
ပလိတေသု ပါတုဘူတေသု၊ ဆံပင်ဖြူတို့သည် ထင်ရှားဖြစ်ကုန်သော်။
ဒေဝတာယ ဗျာကရဏသဒိသမေဝ ဟောတိ၊ နတ်၏ ပြောကြားမှုနှင့်တူသည်သာ ဖြစ်၏။
တသ္မာ ပလိတာနိ၊ ထို့ကြောင့် ဆံပင်ဖြူတို့ကို။
ဒေဝသဒိသာ ဒူတာတိ ဝုစ္စန္တိ၊ နတ်နှင့်တူကုန်သော တမန်တို့ဟူ၍ ခေါ်ရကုန်၏။
ဝိသုဒ္ဓိဒေဝါနံ ဒူတာ၊ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ, ဝိသုဒ္ဓိနတ်တို့၏ တမန်တို့တည်း။
ဣတိပိ ဒေဝဒူတာ၊ ထို့ကြောင့်လည်း ဒေဝဒူတမည်ကုန်၏။
ဟိ၊ ချဲ့ပြောရသော်။
သဗ္ဗဗောဓိသတ္တာ ဇိဏ္ဏဗျာဓိမတပဗ္ဗဇိတေ ဒိသွာဝ၊ နောက်ဆုံးဘဝရောက်, ဘုရားလောင်းအားလုံးတို့သည် သူအို,သူနာ,သူသေ,ရဟန်းတို့ကို မြင်၍သာ။
သံဝေဂံ အာပဇ္ဇိတွာ၊ ထိတ်လန့်ခြင်းသို့ ရောက်၍။
နိက္ခမ္မ ပဗ္ဗဇန္တိ၊ တောထွက်၍ ရဟန်းပြုကုန်၏။
ယထာဟ၊ အဘယ်ပုဂ္ဂိုလ် အဘယ်ကဲ့သို့ ဟောတော်မူပြီနည်း။
"ဇိဏ္ဏံ တသ္မာ ဒိသွာ စ၊ အိုသူကို ထိုသို့ မြင်မှုကြောင့်လည်းကောင်း။
ဒုခိတံ ဗျာဓိတံ တသ္မာ ဒိသွာ စ၊ ဆင်းရဲကြီးလှသော နာသူကို ထိုသို့မြင်မှုကြောင့်လည်းကောင်း။
အာယုသင်္ခယံ ဂတံ မတံ တသ္မာ ဒိသွာ စ၊ အသက်ကုန်ခြင်းသို့ ရောက်သော သေသူကို ထိုသို့မြင်မှုကြောင့်လည်းကောင်း။
ကာသာယဝတ္ထံ ပဗ္ဗဇိတံ တသ္မာ ဒိသွာ စ၊ ဖန်ရည်စွမ်းသော အဝတ်ရှိသော ရဟန်းကို ထိုသို့ မြင်မှုကြောင့်လည်းကောင်း။
အဟံ ပဗ္ဗဇိတော အမှိ ရာဇ ဣတိ၊ ငါသိဒ္ဓတ္ထမင်းသားသည် ရဟန်းပြုသည် ဖြစ်၏ ဗိမ္ဗိသာရမင်းမြတ်"ဟု ဘုရားလောင်း ရဟန်းမြတ် ဤသို့ ဟောတော်မူပြီ။
ဣမိနာ ပရိယာယေန ဝိသုဒ္ဓိဒေဝါနံ ဒူတတ္တာ၊ ဤနည်းလမ်းအားဖြင့် ဝိသုဒ္ဓိနတ်တို့၏ တမန်တို့အဖြစ်ကြောင့်။
ပလိတာနိ ဒေဝဒူတာတိ ဝုစ္စန္တိ၊ ဆံပင်ဖြူတို့ကို ဒေဝဒူတတို့ဟူ၍ ဆိုရကုန်၏။
ပဗ္ဗဇ္ဇာသမယော မမာတိ၊ ပဗ္ဗဇ္ဇာသမယော မမ ဟူသည်ကား။
ဂိဟိဘာဝတော နိက္ခန္တဋ္ဌေန၊ လူ့အဖြစ်မှ ထွက်မြောက်တတ်သော အနက်သဘောကြောင့်။
ပဗ္ဗဇ္ဇာတိ လဒ္ဓနာမဿ၊ ပဗ္ဗဇ္ဇာဟု ရအပ်သောအမည်ရှိသော။
သမဏလိင်္ဂဂဟဏဿ၊ ရဟန်းအသွင် ယူဖို့။
မယှံ ကာလောတိ ဒဿေတိ၊ ငါ့အတွက် အချိန်အခါတည်းဟု ပြ၏။
သော ဧဝံ ဝတွာ၊ ထိုမဃဒေဝမင်းကြီးသည် ဤသို့ ပြောပြီး၍။
တံ ဒိဝသမေဝ ရဇ္ဇံ ပဟာယ၊ ထိုပြောရာနေ့၌ပင် မင်းအဖြစ်ကို ပယ်စွန့်၍။
ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။
တသ္မိံယေဝ မဃဒေဝအမ္ဗဝနေ ဝိဟရန္တော၊ ထိုမဃဒေဝသရက်ဥယျာဉ်၌သာ နေလျက်။
စတုရာသီတိဝဿသဟဿာနိ၊ နှစ်ပေါင်း (၈၄၀၀၀)တို့ပတ်လုံး။
စတ္တာရော ဗြဟ္မဝိဟာရေ ဘာဝေတွာ၊ ဗြဟ္မဝိဟာရတရားလေးပါးတို့ကို ဖြစ်စေ, ပွားစေ၍။
အပရိဟီနဇ္ဈာနေ ဌိတော၊ မယုတ်သောဈာန်၌ တည်လျက်။
ကာလံ ကတွာ၊ သေခြင်းကို ပြု၍။
ဗြဟ္မလောကေ နိဗ္ဗတ္တိတွာ၊ မဟာဗြဟ္မာဘုံ၌ ဖြစ်၍။
ပုန တတော စုတော၊ တဖန် ထိုမဟာဗြဟ္မာ့ဘုံမှ စုတေခဲ့၍။
မိထိလာယံယေဝ နိမိ နာမ ရာဇာ ဟုတွာ၊ မိထိလာမြို့၌ပင် နိမိမည်သောမင်းသည် ဖြစ်၍။
အတ္တနော ဩသက္ကမာနံ ဝံသံ ဃဋေတွာ၊ မိမိ၏ ပြတ်စဲခါနီးဖြစ်သော ရဟန်းပြုမှုအနွယ်အစဉ်အဆက်ကို ဆက်စပ်၍။
တတ္ထေဝ ပဗ္ဗဇိတွာ၊ ထိုမဃဒေဝသရက်ဥယျာဉ်၌ပင် ရသေ့ရဟန်းပြု၍။
ဗြဟ္မဝိဟာရေ ဘာဝေတွာ၊ ဗြဟ္မဝိဟာရတရားတို့ကို ဖြစ်စေ, ပွားစေ၍။
ပုန ဗြဟ္မလောကူပဂေါဝ အဟောသိ၊ တဖန် မဟာဗြဟ္မာဘုံသို့ကပ်ရောက်သည်သာ ဖြစ်ပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။
"ဘိက္ခဝေ တထာဂတော ဣဒါနေဝ၊ ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာ။
မဟာဘိနိက္ခမနံ န နိက္ခန္တော၊ ကြီးကျယ်မြင့်မြတ်လှစွာသော တောထွက်မှုကို ထွက်သည် မဟုတ်သေး။
ပုဗ္ဗေပိ နိက္ခန္တော ယေဝါတိ၊ ရှေးကလည်း ထွက်ခဲ့ဖူးသည်သာ"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ ဒဿေတွာ၊ ဤတရားဒေသနာတော်ကို ဆောင်၍ ပြတော်မူ၍။
စတ္တာရိ သစ္စာနိ ပကာသေသိ၊ သစ္စာလေးပါးတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ ကေစိ၊ သစ္စာပြပြီးသည့်အဆုံး၌ အချို့တို့သည်။
သောတာပန္နာ အဟေသုံ၊ သောတာပန်တို့သည် ဖြစ်ကုန်ပြီ။
ကေစိ သကဒါဂါမိနော၊ အချို့တို့ကား သကဒါဂါမ်တို့သည်။
(အဟေသုံ၊ ဖြစ်ကုန်ပြီ)။
ကေစိ အနာဂါမိနော၊ အချို့တို့ကား အနာဂါမ်တို့သည်။
(အဟေသုံ၊ ဖြစ်ကုန်ပြီ)။
ဣတိ ဘဂဝါ၊ ဤသို့ ဘုရားရှင်သည်။
ဣမာနိ ဒွေ ဝတ္ထူနိ ကထေတွာ၊ ပစ္စုပ္ပန်အတိတ်ဤဝတ္ထု နှစ်ခုတို့ကို ဟောတော်မူပြီး၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ကပ္ပကော၊ ထိုမဃဒေဝမင်းကြီးဖြစ်ရာအခါ၌ ဆေတ္တာသည်သည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
ပုတ္တော ရာဟုလော၊ သားတော်ကြီးကား ရာဟုလာတည်း။
မဃဒေဝရာဇာပန အဟမေဝ အဟောသိန္တိ၊ မဃဒေဝမင်းကြီးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**မဃဒေဝဇာတကဝဏ္ဏနာ နဝမာ**၊ **ကိုးခုမြောက်ဖြစ်သော မဃဒေဝဇာတ်အဖွင့်တည်း။**