**န ကိရတ္ထိ ရသေဟိ ပါပိယော**တိ ဣဒံ၊ န ကိရတ္ထိ ရသေဟိ ပါပိယော စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
စူဠပိဏ္ဍပါတိကတိဿတ္ထေရံ အာရဗ္ဘ ကထေသိ၊ စူဠပိဏ္ဍပါတိကတိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
သတ္ထရိ ရာဇဂဟံ ဥပနိဿာယ၊ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ကို အမှီပြု၍။
ဝေဠုဝနေ ဝိဟရန္တေ၊ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ်။
မဟာဝိဘဝဿ သေဋ္ဌိကုလဿ၊ များစွာသော စည်းစိမ်ဥစ္စာရှိသော သူဌေးမျိုး၏။
ပုတ္တော တိဿကုမာရော နာမ၊ သားဖြစ်သော တိဿမည်သော လုလင်သည်။
ဧကဒိဝသံ ဝေဠုဝနံ ဂန္တွာ၊ တစ်နေ့၌ ဝေဠုဝန်ကျောင်းတော်သို့ သွား၍။
သတ္ထု ဓမ္မဒေသနံ သုတွာ၊ ဘုရားရှင်၏ တရားဒေသနာတော်ကို ကြားနာရ၍။
ပဗ္ဗဇိတုကာမော ပဗ္ဗဇ္ဇံ ယာစိတွာ၊ အိမ်မှထွက်ခွာလို၍ (ရဟန်းပြုလို၍) အိမ်မှ ထွက်ခွာခြင်းကို (ရဟန်းပြုခွင့်ကို) တောင်းလတ်သော်။
မာတာပိတူဟိ အနနုညာတတ္တာ ပဋိက္ခိတ္တော၊ မိဘတို့သည် ခွင့်မပြုအပ်သည်၏ အဖြစ်ကြောင့် ပယ်ချအပ်သော်။
သတ္တာဟံ ဘတ္တစ္ဆေဒံ ကတွာ၊ ခုနစ်ရက်ပတ်လုံး ထမင်းဖြတ်ခြင်း (ထမင်းအငတ်ခံခြင်း)ကို ပြု၍။
ရဋ္ဌပါလတ္ထေရော ဝိယ မာတာပိတရော အနုဇာနာပေတွာ၊ ရဋ္ဌပါလထေရ်ကဲ့သို့ မိဘတို့ကို ခွင့်ပြုစေ၍။
သတ္ထု သန္တိကေ ပဗ္ဗဇိ၊ ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုပြီ။
သတ္ထာ တံ ပဗ္ဗာဇေတွာ၊ ဘုရားရှင်သည် ထိုသူဌေးသား တိဿလုလင်ကို ရှင်ရဟန်းပြုစေပြီး၍။
အဍ္ဎမာသမတ္တံ ဝေဠုဝနေ ဝိဟရိတွာ၊ လဝက်မျှ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၍။
ဇေတဝနံ အဂမာသိ၊ ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူပြီ။
တတြ အယံ ကုလပုတ္တော၊ ထိုဇေတဝန်ကျောင်းတော်၌ ဤအမျိုးကောင်းသားတိဿရဟန်းငယ်သည်။
တေရသ ဓုတင်္ဂါနိ သမာဒါယ၊ ဓုတင် ၁၃-ပါးတို့ကို ဆောက်တည်၍။
သာဝတ္ထိယံ သပဒါနံ၊ သာဝတ္ထိမြို့၌ အိမ်စဉ်အတိုင်း။
ပိဏ္ဍာယ စရမာနော၊ ဆွမ်းအလို့ငှာ လှည့်လည်လျက်။
ကာလံ ဝီတိနာမေသိ၊ အချိန်ကို ကုန်လွန်စေပြီ။
စူဠပိဏ္ဍပါတိကတိဿတ္ထေရော နာမာတိ ဝုတ္တေ၊ စူဠပိဏ္ဍပါတိကတိဿမည်သော မထေရ်ဟု ပြောဆိုအပ်သော်။
ဂဂနတလေ ပုဏ္ဏစန္ဒော ဝိယ၊ ကောင်းကင်ပြင်က လပြည့်ဝန်းကဲ့သို့။
ပါကဋော ပညာတော အဟောသိ၊ ထင်ရှားသည် လူသိများသည် ဖြစ်ပြီ။
တသ္မိံ ကာလေ ရာဇဂဟေ၊ ထိုအခါ၌ ရာဇဂြိုဟ်မြို့၌။
နက္ခတ္တကီဠာယ ဝတ္တမာနာယ၊ နက္ခတ်ပျော်ပွဲသည် ဖြစ်လတ်သော်။
ထေရဿ မာတာပိတရော၊ စူဠပိဏ္ဍပါတိကတိဿထေရ်၏ မိဘတို့သည်။
"တဿ ဂိဟိကာလေ၊ ထိုစူဠပိဏ္ဍပါတိကတိဿထေရ်၏ လူ့ဘဝအခါ၌။
ယံ အာဘရဏဘဏ္ဍကံ အဟောသိ၊ အကြင်အဆင်တန်ဆာသည် ဖြစ်ပြီ။
တံ ရတနစင်္ကောဋကေ နိက္ခိပိတွာ၊ အထိုအဆင်တန်ဆာကို ရတနာပန်းတောင်း၌ ထည့်၍။
ဥရေ ဌပေတွာ၊ ရင်ခွင်၌ ထား၍။
အညာသု နက္ခတ္တကီဠာသု၊ အခြားကုန်သော နက္ခတ်ပျော်ပွဲတို့၌။
အမှာကံ ပုတ္တော၊ ငါတို့၏ သားသည်။
ဣမိနာ အလင်္ကာရေန အလင်္ကတော၊ ဤအဆင်တန်ဆာဖြင့် တန်ဆာဆင်အပ်လျက်။
နက္ခတ္တံ ကီဠတိ၊ နက္ခတ်ပွဲကို ကစားပျော်ရွှင်၏။
နော တံ ဧကံ ပုတ္တံ ဂဟေတွာ၊ ငါတို့၏ ထိုတစ်ယောက်တည်းသော သားကို ခေါ်ယူ၍။
သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
သာဝတ္ထိနဂရံ ဂတော၊ သာဝတ္ထိမြို့သို့ သွားပြီ။
သော ဧတရဟိ၊ ထိုသားသည် ယခုအခါ၌။
ကဟံ နိသိန္နော နု ခေါ၊ အဘယ်၌ ထိုင်နေလေသနည်း။
ကဟံ ဌိတော၊ အဘယ်၌ ရပ်နေလေသနည်း။"
ဣတိ ဝတွာ ရောဒန္တိ၊ ဤသို့ ပြော၍ ငိုနေကြ၏။
အထ ဧကာ ဝဏ္ဏဒါသီ၊ ငိုနေရာ ထိုအခါ၌ တစ်ယောက်သော ပြည့်တန်ဆာမသည်။
တံ ကုလံ ဂန္တွာ၊ ထိုအမျိုးသို့ သွား၍။
သေဋ္ဌိဘရိယံ ရောဒန္တိံ ဒိသွာ၊ သူဌေးကတော်ကို ငိုနေသည်ကို မြင်၍။
အယျေ ကိံ ပန ရောဒသီတိ ပုစ္ဆိ၊ အိုသခင်မ အဘယ်ကြောင့် ငိုနေသနည်းဟု မေးပြီ။
သာ တမတ္ထံ အာရောစေသိ၊ ထိုသူဌေးကတော်သည် သားကိုလွမ်း၍ ထိုငိုနေကြောင်းကို ပြောပြပြီ။
အယျေ အယျပုတ္တော၊ သခင်မ သခင်မသားသည်။
ကိံ ပန ပိယာယတီတိ၊ ဘာကိုနှစ်သက်ပါသနည်းဟု မေးပြီ။
အသုကဉ္စ အသုကဉ္စာတိ၊ ထိုမည်သော ပစ္စည်းကိုလည်းကောင်း ထိုမည်သော ပစ္စည်းကိုလည်းကောင်းတည်းဟု ပြောပြီ။
တုမှေ ဣမသ္မိံ ဂေဟေ၊ သခင်မတို့သည် ဤအိမ်က။
သဗ္ဗံ ဣဿရိယံ မယှံ သစေ ဒေထ၊ စိုးရပိုင်ဆိုင်မှုအားလုံးကို ကျွန်တော်မအား အကယ်၍ ပေးကုန်အံ့။
အဟံ ဝေါ၊ ကျွန်တော်မသည် သခင်မတို့၏။
ပုတ္တံ အာနေဿာမီတိ၊ သားကို ဆောင်ယူပေးအံ့ဟု ပြောပြီ။
သေဋ္ဌိဘရိယာ သာဓူတိ သမ္ပဋိစ္ဆိတွာ၊ သူဌေးကတော်သည် ကောင်းပြီဟု ဝန်ခံ၍။
ပရိဗ္ဗယံ ဒတွာ၊ ရိက္ခာကို ပေး၍။
မဟန္တေန ပရိဝါရေန၊ များစွာသော အခြံအရံဖြင့်။
"ဂစ္ဆ အတ္တနော ဗလေန၊ သွားပါချေ မိမိ၏ အစွမ်းဖြင့်။
မမ ပုတ္တံ အာနေဟီတိ၊ ငါသခင်မ၏သားကို ဆောင်ယူပါချေဟု။
တံ ဥယျောဇေသိ၊ ထိုပြည့်တန်ဆာမကို လွှတ်လိုက်ပြီ။
သာ ပဋိစ္ဆန္နယာနေ နိသိန္နာ၊ ထိုပြည့်တန်ဆာမသည် ဖုံးကွယ်အပ်သောယာဉ်၌ နေလျက်။
သာဝတ္ထိံ ဂန္တွာ၊ သာဝတ္ထိမြို့သို့ သွား၍။
ထေရဿ ဘိက္ခာစာရဝီထိယံ၊ စူဠပိဏ္ဍပါတိကတိဿထေရ်၏ ဆွမ်းခံလှည့်လည်ရာလမ်း၌။
နိဝါသံ ဂဟေတွာ၊ နေရာအိမ်ကို ယူ၍။
သေဋ္ဌိကုလာ အာဂတေ မနုဿေ၊ သူဌေးမျိုးမှ လာကုန်သော လူတို့ကို။
ထေရဿ အဒဿေတွာ၊ စူဠပိဏ္ဍပါတိကတိဿထေရ်အား မမြင်စေမူ၍။
အတ္တနော ပရိဝါရေနေဝ ပရိဝုတာ၊ မိမိ၏ အခြံအရံသည်သာ ခြံရံအပ်လျက်။
ပိဏ္ဍာယ ပဝိဋ္ဌဿ ထေရဿ၊ ဆွမ်းအကျိုးငှာ ဝင်လာသော စူဠပိဏ္ဍပါတိကတိဿထေရ်အား။
အာဒိတောဝ၊ အစဦးကပင်။
ဥဠုင်္ကယာဂုဉ္စ ရသကဘိက္ခဉ္စ ဒတွာ၊ တစ်မှုတ်မျှသော ယာဂုကိုလည်းကောင်း, အရသာရှိသော ဆွမ်းကိုလည်းကောင်း ပေးလှူ၍။
ရသတဏှာယ ဗန္ဓိတွာ၊ ရသတဏှာဖြင့် နှောင်ဖွဲ့၍။
အနုက္ကမေန ဂေဟေ နိသီဒါပေတွာ၊ တစ်စတစ်စအားဖြင့် အိမ်၌ ထိုင်စေ၍။
ဘိက္ခံ ဒဒမာနာ စ၊ ဆွမ်းကို ပေးလှူနေစဉ်မှာလည်း။
အတ္တနော ဝသံ၊ မိမိ၏ အလိုဆန္ဒသို့။
ဥပဂတဘာဝံ ဉ တွာ၊ ကပ်ရောက်လိုက်လျောကြောင်းကို သိ၍။
ဂိလာနာလယံ ဒဿေတွာ၊ ဖျားနာဟန်ကို ပြ၍။
အန္တောဂဗ္ဘေ နိပဇ္ဇိ၊ အခန်းတွင်း၌ အိပ်ပြီ။
ထေရောပိ ဘိက္ခာစာရဝေလာယ၊ စူဠပိဏ္ဍပါတိကတိဿထေရ်သည်လည်း ဆွမ်းခံလှည့်လည်ရာအခါ၌။
သပဒါနံ စရန္တော၊ အိမ်စဉ်အတိုင်း လှည့်လည်သော်။
ဂေဟဒွါရံ အဂမာသိ၊ အိမ်တံခါးသို့ ရောက်သွားပြီ။
ပရိဇနော ထေရဿ ပတ္တံ ဂဟေတွာ၊ အခြံအရံလူများသည် စူဠပိဏ္ဍပါတိကတိဿထေရ်၏ သပိတ်ကို ယူ၍။
ထေရံ ဃရေ နိသီဒါပေသိ၊ စူဠပိဏ္ဍပါတိကတိဿထေရ်ကို အိမ်၌ ထိုင်နေစေပြီ။
ထေရော နိသီဒိတွာဝ၊ စူဠပိဏ္ဍပါတိကတိဿထေရ်သည် ထိုင်ပြီး၍သာ။
ဥပါသိကာ ကဟန္တိ ပုစ္ဆိ၊ ဥပါသိကာမသည် ဘယ်မှာနည်းဟု မေးပြီ။
ဘန္တေ ဂိလာနာ၊ အရှင်ဘုရား မကျန်းမာ၍။
တုမှာကံ ဒဿနံ ဣစ္ဆတီတိ၊ အရှင်ဘုရားတို့အား ဖူးမြင်ခြင်းငှာ အလိုရှိပါ၏ဟု လျှောက်ကြပြီ။
သော ရသတဏှာယ ဗဒ္ဓေါ၊ စူဠပိဏ္ဍပါတိကတိဿထေရ်သည် ရသတဏှာ၏ အနှောင်အဖွဲ့ခံရ၍။
အတ္တနော ဝတသမာဒါနံ ဘိန္ဒိတွာ၊ မိမိသည် ဆောက်တည်အပ်သော ဝတ်အကျင့်ကို ဖောက်ဖျက်၍။
တဿာ နိပန္နဋ္ဌာနံ ပါဝိသိ၊ ထိုပြည့်တန်ဆာမ၏ အိပ်ခန်းတွင်းသို့ ဝင်သွားပြီ။
သာ အတ္တနော၊ ထိုပြည့်တန်ဆာမသည် မိမိ၏။
အာဂတကာရဏံ ကထေတွာ၊ လာခြင်းအကြောင်းကို လျှောက်ထား၍။
တံ ပလောဘေတွာ၊ စူဠပိဏ္ဍပါတိကတိဿထေရ်ကို ဖြားယောင်း၍။
ရသတဏှာယ ဗန္ဓိတွာ၊ ရသတဏှာဖြင့် နှောင်ဖွဲ့၍။
ဥပ္ပဗ္ဗာဇေတွာ၊ လူထွက်စေ၍။
အတ္တနော ဝသေ ဌပေတွာ၊ မိမိ၏ သဘောကျ၌ ထား၍။
ယာနေ နိသီဒါပေတွာ၊ ယာဉ်၌ နေစေ၍။
မဟန္တေန ပရိဝါရေန၊ များစွာသော အခြံအရံဖြင့်။
ရာဇဂဟမေဝ အဂမာသိ၊ ရာဇဂြိုဟ်မြို့သို့သာ ပြန်သွားပြီ။
သာ ပဝတ္တိ ပါကဋာ ဇာတာ၊ စူဠပိဏ္ဍပါတိကတိဿထေရ်, ထို လူထွက်သော အဖြစ်အပျက်သည် ထင်ရှားသည် ဖြစ်ပြီ။
ဘိက္ခူ ဓမ္မသဘာယံ သန္နိသိန္နာ၊ ရဟန်းတို့သည် တရားသဘင်၌ ကောင်းစွာ ထိုင်နေကြလျက်။
"စူဠပိဏ္ဍပါတိကတိဿတ္ထေရံ ဧကာ ဝဏ္ဏဒါသီ၊ စူဠပိဏ္ဍပါတိကတိဿထေရ်ကို ပြည့်တန်ဆာမတစ်ယောက်သည်။
ရသတဏှာယ ဗန္ဓိတွာ၊ ရသတဏှာဖြင့် နှောင်ဖွဲ့၍။
အာဒါယ ဂတာ ကိရာတိ၊ ယူ၍ သွားသတဲ့"ဟု။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကြပြီ။
သတ္ထာ ဓမ္မသဘံ ဥပဂန္တွာ၊ ဘုရားရှင်သည် တရားသဘင်သို့ ကပ်ရောက်တော်မူ၍။
အလင်္ကတဓမ္မာသနေ နိသီဒိတွာ၊ တန်ဆာဆင်အပ်သော တရားပလ္လင်၌ ထိုင်နေတော်မူ၍။
"ဘိက္ခဝေ ဧတရဟိ၊ အိုရဟန်းတို့ ယခုအခါ၌။
ကာယ ကထာယ သန္နိသိန္နာ၊ ဘယ်စကားဖြင့် ကောင်းစွာ ထိုင်နေကြသည်။
အတ္ထ နုတိ အာဟ၊ ဖြစ်ကြသနည်းဟု မေးတော်မူပြီ။
တေ တံ ပဝတ္တိံ ကထယိံသု၊ ထိုရဟန်းတို့သည် ထိုစူဠပိဏ္ဍပါတိကတိဿထေရ်, အဖြစ်အပျက်ကို လျှောက်ထားကုန်ပြီ။
"ဘိက္ခဝေ ဣဒါနေဝ၊ ရဟန်းတို့ ယခုအခါ၌သာ။
ဧသော ဘိက္ခု ရသတဏှာယ ဗဇ္ဈိတွာ၊ ဤစူဠပိဏ္ဍပါတိကတိဿရဟန်းသည် ရသတဏှာဖြင့် နှောင်ဖွဲ့၍။
တဿာ ဝသံ နဂတော၊ ထိုပြည့်တန်ဆာမ၏ အလိုသို့ လိုက်သွားသည် မဟုတ်သေး။
ပုဗ္ဗေပိ တဿာ၊ ရှေးကလည်း ထိုပြည့်တန်ဆာမ၏။
ဝသံ ဂတောယေဝါတိ ဝတွာ၊ အလိုသို့ လိုက်သွားဖူးသည်သာ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တဿ ရညော၊ ဗြဟ္မဒတ်မည်သော မင်း၏။
ဥယျာနပါလော သဉ္ဇယော နာမ အဟောသိ၊ ဥယျာဉ်တော်စောင့်သည် သဉ္စယမည်သည် ဖြစ်ပြီ။
အထ ဧကော ဝါတမိဂေါ၊ ထိုအခါ တစ်ကောင်သော သမင်ပျံသည်။
တံ ဥယျာနံ အာဂန္တွာ၊ ဥယျာဉ်တော်သို့ လာ၍။
သဉ္ဇယံ ဒိသွာ ပလာယတိ၊ ဥယျာဉ်တောင်စောင့် သဉ္စယကို မြင်၍ ပြေး၏။
သဉ္ဇယောပိ တံ၊ သဉ္စယသည်လည်း ထိုသမင်ပျံကို။
တဇ္ဇေတွာ န နီဟရတိ၊ ခြိမ်းခြောက်၍ မနှင်ထုတ်။
သော ပုနပ္ပုနံ အာဂန္တွာ၊ ထိုသမင်ပျံသည် ခဏခဏ လာ၍။
ဥယျာနေယေဝ စရတိ၊ ဥယျာဉ်၌သာ လှည့်လည်ကျက်စား၏။
ဥယျာနပါလော ဥယျာနေ၊ ဥယျာဉ်စောင့်သည် ဥယျာဉ်တော်၌။
နာနပ္ပကာရာနိ ပုပ္ဖဖလာနိ ဂဟေတွာ၊ အထူးထူးအပြားပြားကုန်သော အပွင့်အသီးတို့ကို ယူဆောင်၍။
ဒိဝသေ ဒိဝသေ ရညော အဘိဟရတိ၊ နေ့တိုင်း နေ့တိုင်း မင်းတရားအတွက် ပို့ဆက်၏။
အထ နံ ဧကဒိဝသံ၊ ထိုအခါ ထိုဥယျာဉ်တော်စောင့်သဉ္စယကို တစ်နေ့သ၌။
သမ္မ ဥယျာနပါလ ဥယျာနေ၊ အချင်းဥယျာဉ်စောင့် ဥယျာဉ်တော်၌။
ကိဉ္စိ အစ္ဆရိယံ ပဿသီတိ၊ တစ်စုံတစ်ခုသော အံ့ဩဖွယ်ကို တွေ့မြင်ပါသလောဟု။
ရာဇာ ပုစ္ဆိ၊ ဗြဟ္မဒတ်မင်းသည် မေးပြီ။
ဒေဝ အညံ န ပဿာမိ၊ အရှင်မင်းကြီး အခြားအံ့ဩဖွယ်ကို မတွေ့မြင်ပါ။
ဧကော ဝါတမိဂေါ ပန အာဂန္တွာ၊ သမင်ပျံတစ်ကောင်သည်ကား လာ၍။
ဥယျာနေ စရတိ၊ ဥယျာဉ်တော်၌ လှည့်လည်ကျက်စား၏။
ဧတံ ပဿာမီတိ၊ ဤသမင်ပျံကို အထူးအဆန်း တွေ့ရပါ၏ဟု လျှောက်ပြီ။
တံ ဂဟေတုံ သက္ခိဿတိ ပနာတိ၊ ထိုသမင်ပျံကို ဖမ်းယူခြင်းငှာ စွမ်းနိုင်ပါမည်လားဟု မေးပြီ။
ထောကံ မဓုံ လဘန္တော၊ အနည်းငယ်သော ပျားရည်ကို ရသော်။
အန္တော နိဝေသနမ္ပိ နံ၊ နန်းတွင်းသို့သော်မှလည်း ထိုသမင်ပျံကို။
အာနေတုံ သက္ခိဿာမိ ဒေဝါတိ၊ ခေါ်ခဲ့ခြင်းငှာ စွမ်းနိုင်ပါလိမ့်မည် အရှင်မင်းကြီးဟု လျှောက်ပြီ။
ရာဇာ တဿ၊ ဗြဟ္မဒတ်မင်းသည် ထိုဥယျာဉ်တော်စောင့် သဉ္စယအား။
မဓုံ ဒါပေသိ၊ ပျားရည်ကို ပေးစေပြီ။
သော တံ ဂဟေတွာ၊ ထိုဥယျာဉ်တော်စောင့်သည် ထိုပျားရည်ကို ယူ၍။
ဥယျာနံ ဂန္တွာ၊ ဥယျာဉ်သို့ သွား၍။
ဝါတမိဂဿ စရဏဋ္ဌာနေ၊ သမင်ပျံ၏ စားကျက်ဌာန၌။
တိဏာနိ မဓုနာ၊ မြက်တို့ကို ပျားရည်ဖြင့်။
မက္ခေတွာ နိလီယိ၊ လိမ်း၍ ပုန်းနေပြီ။
မိဂေါ အာဂန္တွာ၊ သမင်ပျံသည် လာ၍။
မဓုမက္ခိတာနိ တိဏာနိ ခါဒိတွာ၊ ပျားရည်လိမ်းအပ်ကုန်သော မြက်တို့ကို စား၍။
ရသတဏှာယ ဗဒ္ဓေါ၊ ရသတဏှာ၏ အနှောင်အဖွဲ့ခံရ၍။
အညတြ အဂန္တွာ၊ အခြားအရပ်သို့ မသွားမူ၍။
ဥယျာနမေဝ အာဂစ္ဆတိ၊ ဥယျာဉ်တော်သို့သာ လာ၏။
ဥယျာနပါလော တဿ၊ ဥယျာဉ်တော်စောင့်သဉ္စယသည် ထိုသမင်ပျံ၏။
မဓုမက္ခိတတိဏေသု ပလုဒ္ဓဘာဝံ ဉ တွာ၊ ပျားရည်လိမ်းထားသော မြက်တို့၌ စွဲမက်သည့် အဖြစ်ကိုသိ၍။
အနုက္ကမေန အတ္တာနံ ဒဿေသိ၊ တစ်စတစ်စ မိမိကိုယ်ကို ပြပြီ။
သော တံ ဒိသွာ၊ ထိုသမင်ပျံသည် ထိုသဉ္စယကို မြင်၍။
ကတိပါဟံ ပလာယိတွာ၊ နှစ်ရက်သုံးရက်ပြေး၍။
ပုနပ္ပုနံ ပဿန္တော၊ ခဏခဏ မြင်ရသော်။
ဝိဿာသံ အာပဇ္ဇိတွာ၊ ခင်မင်ခြင်းသို့ ရောက်၍။
အနုက္ကမေန ဥယျာနပါလဿ ဟတ္ထေ၊ အစဉ်အားဖြင့် ဥယျာဉ်တော်စောင့်၏ လက်ထဲ၌။
ဌိတတိဏာနိ ခါဒိတုံ အာရဘိ၊ တည်ရှိသော မြက်တို့ကို စားခြင်းငှာ အားထုတ်ပြီ။
သော တဿ ဝိဿာသံ၊ ထိုဥယျာဉ်တော်စောင့်သည် သဉ္စယသည် ထိုသမင်ပျံ၏ ခင်မင်ခြင်းသို့။
အာပန္နဘာဝံ ဉ တွာ၊ ရောက်ကြောင်းကို သိ၍။
ယာဝ ရာဇနိဝေသနာ ဝီထိံ၊ မင်းနန်းတော်တိုင်အောင် လမ်းခရီးကို။
ကိလဉ္ဇေဟိ ပရိက္ခိပိတွာ၊ ဖျာတို့ဖြင့် ကာ၍။
တဟိံ တဟိံ သာခါဘင်္ဂံ ပါတေတွာ၊ ထိုထိုအရပ်၌ သစ်ခက်ကျိုးကို ချ၍။
မဓုလာဗုကံ အံသေ လဂ္ဂေတွာ၊ ပျားရည်ဗူးကို ပခုံး၌ ငြိကပ်စေ၍ (လွယ်၍)။
တိဏကလာပံ ဥပကစ္ဆကေ ဌပေတွာ၊ မြက်ထုံးကို ချိုင်းကြား၌ တည်စေ၍ (ထား၍)။
မဓုမက္ခိတာနိ တိဏာနိ၊ ပျားရည်လိမ်းအပ်ကုန်သော မြက်တို့ကို။
မိဂဿ ပုရတော ပုရတော ဝိကိရန္တော၊ သမင်ပျံ၏ ရှေ့မှ ရှေ့မှ ကြဲချလျက်။
အန္တောရာဇနိဝေသနံယေဝ အဂမာသိ၊ မင်းနန်းတော်တွင်းသို့သာ သွားပြီ။
မိဂေ အန္တော ပဝိဋ္ဌေ၊ သမင်ပျံသည် နန်းတွင်းသို့ ဝင်မိသော်။
ဒွါရံ ပိဒဟိံသု၊ နန်းတံခါးကို ပိတ်ကုန်ပြီ။
မိဂေါ မနုဿေ ဒိသွာ၊ သမင်ပျံသည် လူတို့ကို တွေ့မြင်ရ၍။
ကမ္ပမာနော မရဏဘယတဇ္ဇိတော၊ တုန်တုန်လှုပ်လှုပ်် သေဘေးခြိမ်းခြောက်ခံရ၍။
အန္တောနိဝေသနင်္ဂဏေ အာဓာဝတိ ပရိဓာဝတိ၊ နန်းတွင်းကွင်းပြင်၌ တည့်တည့်လည်း ပြေး၏ ပတ်ပတ်လည်လည်း ပြေး၏။
ရာဇာ ပါသာဒါ ဩရုယှ၊ ဗြဟ္မဒတ်မင်းသည် ပြာသာဒ်မှ ဆင်းခဲ့၍။
တံ ကမ္ပမာနံ ဒိသွာ၊ ထိုသမင်ပျံကို တုန်လှုပ်နေသည်ကို မြင်ရ၍။
"ဝါတမိဂေါ နာမ မနုဿာနံ ဒိဋ္ဌဋ္ဌာနံ၊ သမင်ပျံမည်သည် လူတို့ကို မြင်ရာဌာနကို။
သတ္တာဟံ နဂစ္ဆတိ၊ ခုနစ်ရက်ပတ်လုံး မသွား။
တဇ္ဇိတဋ္ဌာနံ ယာဝဇီဝံ န ဂစ္ဆတိ၊ ခြိမ်းခြောက်ခံရသောနေရာသို့ အသက်ထက်ဆုံး မသွား။
ဧဝရူပေါ ဂဟနနိဿိတော သော ဝါတမိဂေါ၊ ဤသို့ လူကို စိမ်းသောသဘောရှိသော တောခြုံထူထပ် မှီနေတတ်သော ထိုသမင်ပျံသည်။
ရသတဏှာယ ဗဒ္ဓေါ၊ ရသတဏှာ၏ အနှောင်အဖွဲ့ခံရ၍။
ဣဒါနိ ဧဝရူပံ ဌာနံ အာဂတော၊ ယခုအခါ ဤသို့သဘောရှိသော နန်းတွင်းဌာနသို့ပင် ရောက်လာ၏။
ဘော လောကေ၊ အချင်းတို့ လောက၌။
ရသတဏှာယ ပါပတရံ နာမ နတ္တိ ဝတာတိ၊ ရသတဏှာအောက် အထူးယုတ်မာသော တရားမည်သည် မရှိစွတကား"ဟုပြော၍။
ဣမာယ ဂါထာယ ဓမ္မဒေသနံ ပဋ္ဌပေသိ၊ ဤကဗျာဖြင့် တရားဒေသနာကို ဖြစ်စေပြီ။ ဂါထာအနက်ကား--
၁၄။ "ရသေဟိ ပါပိယော န အတ္ထိ ကိရ၊ ရသတဏှာတို့အောက် ယုတ်မာသော တရားသည် မရှိဘူးတဲ့။
အာဝါသေဟိ ဝါ သန္ထဝေဟိ ဝါ ပါပိယော ကိရ၊ အာဝါသတဏှာတို့အောက်လည်းကောင်း ပုဂ္ဂိုလ်ချင်း စွဲလမ်းမှု, တဏှာတို့ အောက်လည်းကောင်း ရသတဏှာသာ ယုတ်မာသတဲ့။
ဂဟနနိဿိတံ ဝါတမိဂံ၊ တောအုပ်ထူထပ်ရာ မှီနေတတ်သော သမင်ပျံကိုပင်။
သဉ္ဇယော ရသေဟိ၊ ဥယျာဉ်တော်စောင့် သဉ္စယသည် ပျားရည်အရသာတို့ဖြင့်။
ဝသံ အာနေသီတိ၊ မိမိအလိုသို့ ဆောင်ယူပြီ"ဟု။
တတ္ထ ကိရာတိ၊ ထိုဂါထာ၌ ကိရဟူသည်ကား။
အနုဿဝနတ္ထေ နိပါတော၊ တစ်ဆင့်ကြားအနက်၌ နိပါတ်ပုဒ်တည်း။
**ရသေဟီ**တိ၊ ရသေဟိ ဟူသည်ကား။
ဇိဝှာဝိညေယျေဟိ မဓုရမ္ဗိလာဒီဟိ၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အချို, အချဉ်စသော ရသာတို့၌ဖြစ်သော တဏှာတို့အောက်။
**ပါပိယော**တိ ပါပတရေ၊ ပါပိယော ဟူသည်ကား အထူးယုတ်မာသော တရားသည်။
**အာဝါသေဟိဝ သန္ထဝေဟိ ဝါ**တိ၊ အာဝါသေဟိဝ သန္ထဝေဟိ ဝါ ဟူသော ပါဌ်၌။
ဟိ၊ အနက်ကိုချဲ့အံ့။
နိဗဒ္ဓဝသနဋ္ဌာနသင်္ခါတေသု အာဝါသေသုပိ၊ အမြဲနေရာဌာနဟု ဆိုအပ်ကုန်သော နေရာတို့၌လည်းကောင်း။
မိတ္တသန္ထဝေသုပိ၊ မိတ်ဆွေခင်မင်သူတို့၌လည်းကောင်း။
ဆန္ဒရာဂေါ ပါပကောဝ၊ စွဲလမ်းခင်မင်မှုသည် ယုတ်မာသည်သာတည်း။
ပန၊ အထူးကား။
သစ္ဆန္ဒရာဂပရိဘောဂေဟိ တေဟိ အာဝါသေဟိ ဝါ၊ စွဲလမ်းခင်မင်မှုနှင့်တကွ အသုံးပြုအပ်ကုန်သော ထိုနေရာတို့အောက်လည်းကောင်း။
တေဟိ မိတ္တသန္ထဝေဟိ ဝါ၊ ထိုမိတ်ဆွေခင်ပွန်းတို့အောက်လည်းကောင်း။
သတဂုဏေန စ သဟဿဂုဏေန စ သတသဟဿဂုဏေန စ၊ အဆရာပေါင်းများစွာအားဖြင့်လည်းကောင်း အဆထောင်ပေါင်းများစွာအားဖြင့်လည်းကောင်း အဆသိန်းပေါင်းများစွာအားဖြင့်လည်းကောင်း။
ဓုဝပဋိသေဝနဋ္ဌေန၊ အမြဲမှီဝဲရသောသဘောကြောင့်လည်းကောင်း။
အာဟာရံ ဝိနာ၊ အာဟာရကို ကြဉ်ဖယ်၍။
ဇီဝိတိန္ဒြိယပါလနာယ အဘာဝေန စ၊ ဇီဝိတိန္ဒြေကို စောင့်ရှောက်ခြင်းငှာ မဖြစ်သောကြောင့်လည်းကောင်း။
သစ္ဆန္ဒရာဂပရိဘောဂရသာဝ ပါပတရာ ဣတိ၊ ဆန္ဒရာဂနှင့်တကွ သုံးဆောင်အပ်သော အရသာတို့သည်သာ အထူးယုတ်မာကုန်၏ ဤကားအဖွင့်တည်း။
ဗောဓိသတ္တော ပန ဣမမတ္ထံ၊ ဘုရားလောင်းဗြဟ္မဒတ်မင်းသည်ကား ဤဆိုခဲ့ပြီး အနက်အဓိပ္ပါယ်ကို။
အနုဿဝါဂတံ ဝိယ ကတွာ၊ တစ်ဆင့်ကြား ရောက်လာသကဲ့သို့ ပြု၍။
"န ကိရတ္ထိ ရသေဟိ ပါပိယော, အာဝါသေဟိဝ သန္ထဝေဟိ ဝါတိ၊ န ကိရတ္ထိ ရသေဟိ ပါပိယော, အာဝါသေဟိဝ သန္ထဝေဟိ ဝါ"ဟူ၍ ဆိုပြီ။
တေသံ၊ ယခုအခါ၌ ထိုသစ္ဆန္ဒရာဂပရိဘောဂရသတို့၏။
ပါပိယဘာဝံ ဒဿေန္တော၊ အထူးဆိုးဝါးကြောင်းကို ပြလို၍။
**ဝါတမိဂန္တိ**အာဒိံ အာဟ၊ ဝါတမိဂံ ဤသို့စသည်ကို ဆို၏။
တတ္ထ **ဂဟနနိဿိတန္တိ**၊ ထိုဝါတမိဂံ စသောပါဌ်၌ ဂဟနနိဿိတံ ဟူသည်ကား။
ဂဟနဋ္ဌာနနိဿိတံ၊ တောအုပ်ထူထပ်ရာအရပ်၌သာ မှီနေတတ်သော သမင်ပျံတည်း။
"ရသာနံ ပါပိယဘာဝံ ပဿထ၊ အရသာတို့၏ အထူးဆိုးဝါးကြောင်းကို ကြည့်ကြပါကုန်။
အရညာယတနေ ဂဟနနိဿိတံ၊ လူသူမနီး တောကြီးထဲ၌ တောအုပ်ထူထပ်ရာ၌သာ မှီနေတတ်သော။
ဣဒံ နာမ ဝါတမိဂံ၊ ဤသမင်ပျံမည်သည်ကိုပင်။
(ကဲ့ရဲ့သောအားဖြင့် နပုံလိင်ဆိုထားသလား မသိ)
ဥယျာနပါလော သဉ္ဇယော၊ ဥယျာဉ်တော်စောင့် သဉ္စယသည်။
မဓုရသေဟိ၊ ပျားရည်အရသာတို့ဖြင့်။
အတ္တနော ဝသံ အာနေသိ၊ မိမိ၏ အလိုသို့ ဆောင်ယူပြီ။
သဗ္ဗထာပိ၊ ပုံစံပေါင်းစုံအားဖြင့်လည်း။
သစ္ဆန္ဒရာဂပရိဘောဂေဟိ ရသေဟိ၊ စွဲလမ်းသော တဏှာနှင့်တကွ အသုံးပြုအပ်ကုန်သော အရသာတို့အောက်။
အညံ ပါပတရံ၊ အခြားသော အထူးယုတ်မာသော။
လာမကတရံ နာမ နတ္ထီတိ၊ အထူးဆိုးဝါးသောအရာမည်သည် မရှိ"ဟု။
ရသတဏှာယ အာဒီနဝံ ကထေသိ၊ ရသတဏှာ၏ အပြစ်ကို ဟောပြီ။
ကထေတွာ စ ပန၊ ဟောရုံသာမက ဆက်လက်ပြုသည်ကား။
တံ မိဂံ အရညမေဝ ပေသေသိ၊ ထိုသမင်ပျံကို တောထဲသို့သာ ပို့လွှတ်စေပြီ။
သတ္ထာပိ၊ မြတ်စွာဘုရားသည်လည်း။
"ဘိက္ခဝေ သာ ဝဏ္ဏဒါသီ၊ ရဟန်းတို့ ထိုပြည့်တန်ဆာမသည်။
ဣဒါနေဝ ဧတံ၊ ယခုအခါသာ ဤစူဠပိဏ္ဍပါတိကတိဿကို။
ရသတဏှာယ ဗန္ဓိတွာ၊ ရသတဏှာဖြင့် နှောင်ဖွဲ့၍။
အတ္တနော ဝသေ န ကရောတိ၊ မိမိ၏ အလိုဆန္ဒ၌ ပြုသည်မဟုတ်သေး။
ပုဗ္ဗေပိ အကာသိယေဝါတိ၊ ရှေး၌လည်း ပြုဖူးသည်သာ"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ သဉ္ဇယော၊ ထိုအခါက ဥယျာဉ်တော်စောင့်သဉ္စယသည်။
အယံ ဝဏ္ဏဒါသီ အဟောသိ၊ ဤပြည့်တန်ဆာမသည် ဖြစ်လာပြီ။
ဝါတမိဂေါ စူဠပိဏ္ဍပါတိကော၊ သမင်ပျံကား စူဠပိဏ္ဍပါတိကတိဿတည်း။
ဗာရာဏသိရာဇာ ပန အဟမေဝ အဟောသိန္တိ၊ ဗာရာဏသီမင်းသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဝါတမိဂဇာတကဝဏ္ဏနာ စတုတ္ထာ**၊ **လေးခုမြောက် ဖြစ်သော ဝါတမိဂဇာတ်အဖွင့်တည်း။**