**ယဒါ ယဒါ**တိ ဣဒမ္ပိ၊ ယဒါ ယဒါ စသော ဤတရားဒေသနာတော်ကိုလည်း။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဩဿဋ္ဌဝီရိယံ ဘိက္ခုံ ဧဝံ၊ စွန့်လွှတ်အပ်သော ဝီရိယရှိသော ရဟန်းကိုပင်။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တံ ပန ဘိက္ခုံ သတ္ထာ အာမန္တေတွာ၊ ထိုရဟန်းကိုကား ဘုရားရှင်သည် ခေါ်တော်မူ၍။
"ဘိက္ခု ပုဗ္ဗေ ပဏ္ဍိတာ၊ အိုရဟန်း ရှေးက ပညာရှိတို့သည်။
အနာယတနေပိ လဒ္ဓပ္ပဟာရာ ဟုတွာပိ၊ ထောက်တည်ရာ မရှိသောအခါ၌သော်မှလည်း ရအပ်သော ထိခိုက်မှု, ဒဏ်ရာရှိကုန်သည် ဖြစ်ကုန်၍သော်မှလည်း။
ဝီရိယံ အကံသူတိ ဝတွာ၊ ဝီရိယကို ပြုဖူးကြပြီးဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်အကြောင်းအရာကို ဆောင်ယူပြတော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ပုရိမနယေနေဝ သတ္တရာဇာနော၊ ရှေးဘောဇာဇာနီယဇာတ်လာနည်းဖြင့်ပင် ရန်သူမင်းခုနစ်ပါးတို့သည်။
နဂရံ ပရိဝါရယိံသု၊ ဗာရာဏသီမြို့ကို ဝိုင်းကြပြီ။
အထ ဧကော ရထိကယောဓော၊ ထိုအခါ ရထားစီးသူရဲကောင်းတစ်ယောက်သည်။
ဒွေ ဘာတိကသိန္ဓဝေ ရထေ ယောဇေတွာ၊ သိန္ဓောမြင်းညီနောင် နှစ်ကောင်တို့ကို ရထား၌ က၍။
နဂရာ နိက္ခမ္မ၊ ဗာရာဏသီမြို့မှ ထွက်၍။
ဆဗလကောဋ္ဌကေ ဘိန္ဒိတွာ၊ ဗိုလ်ပါ အထု ၆-ထပ်တို့ကို ဖောက်ခွဲ၍။
ဆ ရာဇာနော အဂ္ဂဟေသိ၊ ရန်သူမင်း ၆-မျိုးတို့ကို အရှင်ဖမ်းယူပြီ။
တသ္မိံ ခဏေ ဇေဋ္ဌကအဿော၊ ၆-ပါးမြောက်မင်း ဖမ်းယူရာ ထိုအခါ၌ အစ်ကိုသိန္ဓောမြင်းသည်။
ပဟာရံ လဘိ၊ ထိခိုက်ဒဏ်ရာကို ရပြီ။
ရထိကော ရထံ ပေသေန္တော၊ ရထားစီးသူရဲကောင်းသည် ရထားကိုမောင်းလျက်။
ရာဇဒွါရံ အာဂန္တွာ၊ နန်းတံခါးသို့ လာ၍။
ဇေဋ္ဌဘာတိကံ ရထာ မောစေတွာ၊ အစ်ကိုကြီး သိန္ဓောမြင်းကို ရထားမှ လွတ်စေ၍, ချွတ်၍။
သန္နာဟံ သိထိလံ ကတွာ၊ ချပ်ဝတ်တန်ဆာကို လျော့သည်ကို ပြု၍။
ဧကေနေဝ ပဿေန နိပဇ္ဇာပေတွာ၊ တစ်ဖက်သော နံပါးဖြင့်သာ အိပ်စေ၍, သိပ်၍။
အညံ အဿံ သန္နယှိတုံ အာရဒ္ဓေါ၊ အခြားမြင်းကို ချပ်ဝတ်တန်ဆာဖွဲ့ခြင်းငှာ အားထုတ်ပြီ။
ဗောဓိသတ္တော တံ ဒိသွာ၊ ဘုရားလောင်း အစ်ကိုသိန္ဓောမြင်းသည် ထိုချပ်ဝတ်တန်ဆာ မြဲစွာဖွဲ့နေခြင်းကို မြင်၍။
ပုရိမနယေနေဝ စိန္တေတွာ၊ ရှေးဘောဇာဇာနီယဇာတ်လာ နည်းဖြင့်ပင် ကြံ၍။
ရထိကံ ပက္ကောသာပေတွာ၊ ရထားစီးသူရဲကောင်းကို ခေါ်စေ၍။
နိပန္နကောဝ၊ အိပ်လျက်ပင်။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဆိုပြီ။
ဂါထာအနက်ကား--
၂၄။ ယဒါ ယဒါ၊ နံနက်စသော အကြင်အကြင် အခါ၌။
ယတ္ထ၊ ခရီးလမ်းရှေ့တန်းစစ်မျက်နှာ စသော အကြင်နေရာ၌။
ယဒါ၊ အကြင်ခဏ၌။
ယတ္ထ ယတ္ထ၊ အကြင်အကြင် စစ်မြေပြင်၌။
ယဒါ ယဒါ၊ ထိခိုက်ဒဏ်ရာ ရ,မရ အကြင်အကြင် ကာလ၌။
အာဇညော၊ ရထားထိန်းစိတ်သဘောထား သိတတ်သည့် အာဇာနည်သိန္ဓောမြင်းသည်။
ဝေဂံ ကုရုတေ၊ အရှိန်အဟုန်ကို အားကုန်ထုတ်ပြုလုပ်၏။
တတ္ထ၊ ထိုအဟုန်ကို။
(ကရိယမာနေ၊ စိတ်အားအကုန်ထုတ်, ပြုလုပ်အပ်သော်)။
ဝါဠဝါ-ဝါဠဝါ၊ အညံ့မြင်းတို့သည်။
ဟာယန္တိ၊ ယုတ်လျော့ကုန်၏။
တတ္ထ၊ ထိုဂါထာ၌။
**ယဒါ ယဒါ**တိ၊ ယဒါ ယဒါ ဟူသည်ကား။
ပုဗ္ဗဏှာဒီသု၊ နံနက်ခင်း စသည်တို့တွင်။
ယသ္မိံ ယသ္မိံ ကာလေ၊ အကြင်အကြင် အခါမရွေး၌တည်း။
**ယတ္ထာ**တိ၊ ယတ္ထ ဟူသည်ကား။
မဂ္ဂေ ဝါ သင်္ဂါမသီသေ ဝါ၊ ခရီးလမ်းသော်လည်းဖြစ်သော ရှေ့တန်းစစ်မျက်နှာသော်လည်း ဖြစ်သော။
ယသ္မိံ ဌာနေ၊ အကြင်ဌာန၌တည်း။
**ယဒါ**တိ၊ ယဒါ ဟူသည်ကား။
ယသ္မိံ ခဏေ၊ အကြင်ခဏ၌တည်း။
**ယတ္ထ ယတ္ထာ**တိ၊ ယတ္ထ ယတ္ထ ဟူသည်ကား။
သတ္တန္နံ ဗလကောဋ္ဌကာနံ ဝသေန၊ ခုနစ်ထပ်ကုန်သော ဗိုလ်ပါအစု အထုအထပ်တို့၏ အစွမ်းအားဖြင့်။
ဗဟူသု ယုဒ္ဓမဏ္ဍလေသု၊ များစွာကုန်သော စစ်မြေပြင်တို့၌တည်း။
**ယဒါ ယဒါ**တိ၊ ယဒါ ယဒါ ဟူသည်ကား။
ပဟာရံ၊ ထိခိုက်ဒဏ်ရာကို။
လဒ္ဓကာလေ ဝါ အလဒ္ဓကာလေ ဝါ၊ ရအပ်သည်လည်းဖြစ်သော, မရအပ်သည်လည်းဖြစ်သော။
ယသ္မိံ ယသ္မိံ ကာလေ၊ အကြင်အကြင် ကာလ၌တည်း။
**အာဇညော ကုရုတေ ဝေဂန္တိ**၊ အာဇာနီမြင်းသည် အဟုန်ကို ပြုလုပ်၏ ဟူသည်ကား။
သာရထိဿ စိတ္တရုစိတံ ကာရဏံ၊ ရထားထိန်း၏ စိတ်ကြိုက်ဖြစ်သော အကြောင်းအရာကို။
အာဇာနနသဘာဝေါ အာဇညော ဝရသိန္ဓဝေါ၊ သိတတ်သည့် သဘောရှိသော အာဇာနည်ဖြစ်သော သိန္ဓောမြင်းမြတ်သည်။
ဝေဂံ ကရောတိ၊ အရှိန်အဟုန်ကို ပြုလုပ်၏။
ဝါယမတိ ဝီရိယံ အာရဘတိ၊ လုံ့လပြု၏ ဝီရိယကို အားထုတ်၏တည်း။
**ဟာယန္တိ တတ္ထ ဝါဠဝါ**တိ၊ ဟာယန္တိ တတ္ထ ဝါဠဝါ ဟူသည်ကား။
တသ္မိံ ဝေဂေ ကရိယမာနေ၊ ထိုအဟုန်ကို ပြုအပ်သော်။
ဣတရေ၊ ထိုအာဇာနည် သိန္ဓောမြင်းမှ အပဖြစ်ကုန်သော (သည့်ပြင် ဖြစ်ကုန်သော, ဤမှတစ်ပါး ဖြစ်ကုန်သော။)
ဝဠဝသင်္ခါတာ ခဠုင်္ကဿာ၊ မြင်းမဟု ခေါ်ဆိုထိုက်ကုန်သော မြင်းညံ့တို့သည်။
ဟာယန္တိ ပရိဟာယန္တိ၊ ဆုတ်ယုတ်ကုန်, ယုတ်လျော့ကုန်၏တည်း။
တသ္မာ ဣမသ္မိံ ရထေ၊ ထို့ကြောင့် ဤရထား၌။
မံယေဝ ယောဇေဟီတိ အာဟ၊ ငါ့ကိုပင် က,လော့ဟု ဆိုပြီ။
သာရထိ ဗောဓိသတ္တံ ဥဋ္ဌာပေတွာ၊ ရထားစီးသူရဲကောင်းသည် ဘုရားလောင်း အာဇာနီမြင်းကို ထစေ၍ ထူပေး၍။
ရထေ ယောဇေတွာ၊ ရထား၌ က,၍။
သတ္တမံ ဗလကောဋ္ဌကံ ဘိန္ဒိတွာ၊ ခုနစ်ခုမြောက်သော ဗိုလ်ထုကို ဖောက်ခွဲ၍။
သတ္တမံ ရာဇာနံ အာဒါယ၊ ခုနစ်ပါးမြောက်မင်းကို အရှင်ဖမ်းယူ၍။
ရထံ ပေသေန္တော၊ ရထားကို မောင်းလျက်။
ရာဇဒွါရံ အာဂန္တွာ၊ မင်းတံခါးသို့ လာ၍။
သိန္ဓဝံ မောစေသိ၊ အစ်ကို သိန္ဓောမြင်းကို ဖြုတ်ပြီ။
ဗောဓိသတ္တော ဧကေန ပဿေန နိပန္နော၊ ဘုရားလောင်းသိန္ဓောမြင်းသည် တစ်ဘက်သော နံပါးဖြင့် အိပ်လျက်။
ပုရိမနယေနေဝ ရညော၊ ရှေးဘောဇာဇာနီယသိန္ဓောမြင်းနည်းဖြင့်ပင် ဗြဟ္မဒတ်မင်းအား။
ဩဝါဒံ ဒတွာ နိရုဇ္ဈိ၊ ဩဝါဒကို ပေး၍ ဇီဝိန်ချုပ်ပြီ။
ရာဇာ တဿ၊ ဗြဟ္မဒတ်မင်းသည် ထိုဘုရားလောင်း အာဇာနည်သိန္ဓောမြင်း၏။
သရီရကိစ္စံ ကာရေတွာ၊ အလောင်းကောင်ကိစ္စကို ပြုစေ၍။
သာရထိဿ သမ္မာနံ ကတွာ၊ ရထားစီးသူရဲကောင်းအား ကောင်းစွာ မြတ်နိုးမှုကို ပြု၍။
ဓမ္မေန ရဇ္ဇံ ကာရေတွာ၊ တရားသဖြင့် မင်းအဖြစ်ကို ပြု၍။
ယထာ ကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ သော ဘိက္ခု၊ သစ္စာပြပြီးအဆုံး၌ ထိုစွန့်လွှတ်အပ်သော ဝီရိယရှိသော ရဟန်းသည်။
အရဟတ္တေ ပတိဋ္ဌာသိ၊ ရဟန္တာအဖြစ်၌ တည်ပြီ။
"တဒါ ရာဇာ၊ ထိုအခါက ဗြဟ္မဒတ်မင်းသည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
အဿော သမ္မာသမ္ဗုဒ္ဓေါတိ၊ အစ်ကိုကြီး အာဇာနည်သိန္ဓောမြင်းကား မှန်စွာ ကိုယ်တိုင်သိတော်မူသော ငါဘုရားတည်းဟု။
သတ္ထာ ဇာတကံ သမောဓာနေသိ၊ ဘုရားရှင်သည် ဇာတ်ကို ပေါင်းတော်မူပြီ။
**အာဇညဇာတကဝဏ္ဏနာ စတုတ္ထာ**၊ **လေးခုမြောက်ဖြစ်သော အာဇညဇာတ်အဖွင့်တည်း။**