Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[44] 4. Makasajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**သေယျော အမိတ္တော**တိ ဣဒံ၊ သေယျော အမိတ္တော စသော ဤတရားဒေသနာတော်ကို။ သတ္ထာ မဂဓေသု၊ ဘုရားရှင်သည် မဂဓတိုင်းတို့၌။ စာရိကံ စရမာနော၊ ဒေသစာရီကြွချီခြင်းကို ကြွချီလတ်သော်။ အညတရသ္မိံ ဂါမကေ၊ မထင်ရှားသော ရွာကလေးက။ ဗာလဂါမိကမနုဿေ အာရဗ္ဘ ကထေသိ၊ ဖျင်းအလွန်းသော ရွာသားလူတို့ကို အကြောင်းပြု၍ ဟောတော်မူပြီ။
ကိရ၊ တစ်ဆင့်စကား ကြားရဖူးသည်ကား။ တထာဂတော ဧကသ္မိံ သမယေ၊ ဘုရားရှင်သည် တစ်ပါးသော အခါ၌။ မဂဓရဋ္ဌံ ဂန္တွာ၊ မဂဓတိုင်းသို့ ကြွတော်မူ၍။ တတ္ထ စာရိကံ စရမာနော၊ ထိုမဂဓတိုင်း၌ ခရီးဒေသစာရီကို ကြွချီတော်မူသော်။ အညတရံ ဂါမကံ သမ္ပါပုဏိ၊ မထင်ရှားသော ရွာကလေးသို့ ကောင်းစွာဆိုက်ရောက်တော်မူပြီ။
သော စ ဂါမကော ယေဘုယျေန၊ ထိုရွာကလေးသည်လည်း များသောအားဖြင့်။ အန္ဓဗာလမနုဿေဟိယေဝ ဥဿန္နော၊ မိုက်ကန်းသော လူတို့ဖြင့်သာ ပြည့်၏။
တတ္ထေ ဧကဒိဝသံ၊ ထိုရွာကလေးငယ် တစ်နေ့၌။ တေ အန္ဓဗာလမနုဿာ သန္နိပတိတွာ၊ ထို မိုက်ကန်းသူတို့သည် စုဝေးကြ၍။ "ဘော အရညံ ပဝိသိတွာ၊ အိုအချင်းတို့ တောသို့ ဝင်၍။ ကမ္မံ ကရောန္တေ အမှေ၊ အလုပ်ကို လုပ်ကုန်သော ငါတို့ကို။ မကသာ ခါဒန္တိ၊ ခြင်တို့သည် ကိုက်ကုန်၏။ တပ္ပစ္စယာ အမှာကံ၊ ထိုခြင်ကိုက်ခြင်းကြောင့် ငါတို့၏။ ကမ္မစ္ဆေဒေါ ဟောတိ၊ အလုပ်ဖြတ်ခြင်း အလုပ်ပျက်ခြင်းသည် ဖြစ်၏။ သဗ္ဗေဝ၊ ရွာသားအားလုံးတို့သည်ပင်။ ဓနူနိ စေဝ အာဝုဓာနိ စ၊ လေးတို့ကိုလည်းကောင်း, လက်နက်တို့ကိုလည်းကောင်း။ အာဒါယ ဂန္တွာ၊ ယူ၍ သွား၍။ မကသေဟိ သဒ္ဓိံ ယုဇ္ဈိတွာ၊ ခြင်တို့နှင့်အတူ စစ်တိုက်၍။ သဗ္ဗမကသေ ဝိဇ္ဈိတွာ ဆိန္ဒိတွာ စ၊ ခြင်အားလုံးတို့ကို ပစ်ခတ်၍လည်းကောင်း ခုတ်ဖြတ်၍လည်း‌ကောင်း။ မာရေဿာမာတိ မန္တယိတွာ၊ သတ်ကုန်အံံ"ဟု တိုင်ပင်ကြ၍။ အရညံ ဂန္တွာ၊ တောသို့ သွား၍။ "မကသေ ဝိဇ္ဈိဿာမာတိ၊ ခြင်တို့ကို ပစ်ခတ်ကုန်အံ့"ဟု တွေး၍။ အညမညံ ဝိဇ္ဈိတွာ စ ပဟရိတွာ စ၊ အချင်းချင်း ပစ်ခတ်၍လည်းကောင်း ရိုက်ပုတ်၍ လည်းကောင်း။ ဒုက္ခပ္ပတ္တာ အာဂန္တွာ၊ ဒုက္ခရောက်ကြ၍ လာကြ၍။ အန္တော ဂါမေ စ ဂါမမဇ္ဈေ စ၊ ရွာတွင်း၌လည်းကောင်း, ရွာလယ်၌လည်းကောင်း။ ဂါမဒွါရေ စ နိပဇ္ဇိံသု၊ ရွာတံခါးနား၌လည်းကောင်း အိပ်ကြပြီ။
သတ္ထာ ဘိက္ခုသင်္ဃပရိဝုတော၊ ဘုရားရှင်သည် ရဟန်းအပေါင်းခြံရံအပ်လျက်။ တံ ဂါမံ ပိဏ္ဍာယ ပါဝိသိ၊ ထိုရွာသို့ ဆွမ်းအကျိုးငှာ ဝင်တော်မူပြီ။
အဝသေသာ ပဏ္ဍိတမနုဿာ၊ ကြွင်းကျန်ကုန်သော ပညာရှိသူလူတို့သည်။ ဘဂဝန္တံ ဒိသွာ၊ ဘုရားရှင်ကို ဖူးမြင်ရ၍။ ဂါမဒွါရေ မဏ္ဍပံ ကာရေတွာ၊ ရွာတံခါးအနီး၌ မဏ္ဍပ်ကို ဆောက်စေ၍။ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ၊ ဘုရားအမှူးရှိသော သံဃာအား။ မဟာဒါနံ ဒတွာ၊ အလှူကြီးကို ပေးလှူ၍။ သတ္ထာရံ ဝန္ဒိတွာ နိသီဒိံသု၊ ဘုရားရှင်ကို ရှိခိုး၍ ထိုင်နေကုန်ပြီ။
သတ္ထာ တသ္မိံ တသ္မိံ ဌာနေ၊ ဘုရားရှင်သည် ထိုထိုနေရာ၌။ ပတိတမနုဿေ ဒိသွာ တေ ဥပါသကေ၊ လဲနေသူတို့ကို မြင်တော်မူ၍ ထို ဥပါသကာတို့ကို။ "ဗဟူ ဣမေ မနုဿာ ဂိလာနာ၊ များစွာကုန်သော ဤလူတို့သည် နာကုန်၏။ ဧတေဟိ ကိံ ကတန္တိ ပုစ္ဆိ၊ ဤလူတို့သည် ဘာကိုပြုအပ်သနည်း"ဟု မေးတော်မူပြီ။
ဘန္တေ ဧတေ မနုဿာ၊ အို ရှင်တော်ဘုရား ဤလူတို့သည်။ "မကသယုဒ္ဓံ ကရိဿာမာ’တိ ဂန္တွာ၊ ခြင်တို့နှင့် စစ်တိုက်မှုကို ပြုကုန်အံ့"ဟု သွား၍။ အညမညံ ဝိဇ္ဈိတွာ၊ အချင်းချင်း ပစ်ခတ်၍။ သယံ ဂိလာနာ ဇာတာတိ၊ ကိုယ်တိုင် နာကုန်သည် ဖြစ်ကြပါပြီဟု လျှောက်ကြပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "မကသေ ပဟရိဿာမာတိ၊ ခြင်တို့ကို ရိုက်နှက်ကုန်အံ့ဟု တွေး၍။ အန္ဓဗာလမနုဿာ ဣဒါနေဝ၊ မိုက်ကန်းသူတို့သည် ယခုအခါ၌သာ။ အတ္တာနံ န ပဟရန္တိ၊ ကိုယ့်ကိုယ်ကို ရိုက်နှက်ကြသည် မဟုတ်သေး။ ပုဗ္ဗေပိ၊ ရှေးကလည်း။ မကသံ ပဟရိဿာမာတိ၊ ခြင်ကို ရိုက်ကုန်အံ့ဟု။ ပရံ ပဟရဏကမနုဿာ၊ အခြားသူကို ရိုက်နှက်ကြသူတို့သည်။ အဟေသုံ ယေဝါတိ ဝတွာ၊ ရှိခဲ့ကုန်ဖူးသည်သာဟု မိန့်တော်မူ၍။ တေဟိ မနုဿေဟိ ယာစိတော၊ ထိုလူတို့သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော ဝဏိဇ္ဇာယ၊ ဘုရားလောင်းသည် ကုန်သွယ်မှုဖြင့်။ ဇီဝိကံ ကပ္ပေတိ၊ အသက်မွေးမှုကို ပြု၏။
တဒါ ကာသိရဋ္ဌေ ဧကသ္မိံ ပစ္စန္တဂါမေ၊ ထိုအခါ ကာသိတိုင်း၌ တစ်ခုသော ပစ္စန္တရစ်ရွာ၌။ ဗဟူ ဝဍ္ဎကီ ဝသန္တိ၊ များစွာကုန်သော လက်သမားတို့သည် နေကုန်၏။
တတ္ထေ ဧကော ခလိတဝဍ္ဎကီ၊ ထိုရွာ၌ တစ်ယောက်သော ခေါင်းတုံးလက်သမားသည်။ ရုက္ခံ တစ္ဆတိ၊ သစ်သားကို ရွေဘော်ထိုး၏။ အထ အဿ၊ ထိုအခါ ထိုလက်သမား၏။ တမ္ဗလောဟထာလကပိဋ္ဌိသဒိသေ သီသေ၊ ကြေးနီခွက်အပြင်နှင့်တူသော ဦးခေါင်း၌။ ဧကော မကသော နိသီဒိတွာ၊ တစ်ကောင်သောခြင်သည် နား၍။ သတ္တိယာ ပဟရန္တော ဝိယ၊ လှံဖြင့် ထိုးသကဲ့သို့။ သီသံ မုခတုဏ္ဍကေန ဝိဇ္ဈိ၊ ခေါင်းကို နှုတ်သီးဖြင့် ထိုးပြီ။
သော အတ္တနော သန္တိကေ၊ ထိုလက်သမားသည် မိမိ၏ အနီး၌။ နိသိန္နံ ပုတ္တံ၊ ထိုင်နေသော သားကို။
"တာတ မယှံ သီသံ၊ အိုချစ်သား ငါ၏ ဦးခေါင်းကို။ မကသော၊ ခြင်သည်။ သတ္တိယာ ပဟရန္တော ဝိယ ဝိဇ္ဈတိ၊ လှံဖြင့် ထိုးဘိသကဲ့သို့ ကိုက်၏။ နံ ဝါရေဟိ ဣတိ အာဟ၊ ထိုခြင်ကို တားမြစ်လော့ ချောက်လော့"ဟု ပြောပြီ။
တာတ အဓိဝါသေဟိ၊ အို ဖခင် အောင့်နေပါဦးလော့။ ဧကပ္ပဟာရေနေဝ၊ တစ်ချက်တည်း ရိုက်ခြင်းဖြင့်ပင်။ တံ မာရေဿာမီတိ၊ ထိုခြင်ကို သတ်အံ့ဟု ပြောပြီ။
တသ္မိံ သမယေ ဗောဓိသတ္တောပိ၊ ထိုအခါ ဘုရားလောင်းသည်လည်း။ အတ္တနော ဘဏ္ဍံ ပရိယေသမာနော၊ မိမိအတွက် ပစ္စည်းကို ရှာဖွေလျက်။ တံ ဂါမံ ပတွာ၊ ထိုရွာသို့ ရောက်၍။ တဿာ ဝဍ္ဎကိသာလာယ နိသိန္နော ဟောတိ၊ ထိုလက်သမားတို့၏ ဇရပ်၌ ထိုင်နေသည် ဖြစ်၏။
အထ သော ဝဍ္ဎကီ ပုတ္တံ၊ ထိုအခါ ထိုလက်သမားသည် သားကို။
"တာတ ဣမံ မကသံ၊ အို ချစ်သား ဤခြင်ကို။ ဝါရေဟီတိ အာဟ၊ တားမြစ်ပါလော့ ချောက်ပါလော့"ဟု ပြောပြီ။
ဝါရေဿာမိ တာတာတိ၊ ခြောက်ပါမည် အဖေဟု ဆို၍။ တိခိဏံ မဟာဖရသုံ ဥက္ခိပိတွာ၊ ထက်စွာသော ပေါက်ဆိန်ကြီးကို ချီမ၍။ ပိတု ပိဋ္ဌိပဿေ ဌတွာ၊ ဖခင်၏ ကျောဘက်၌ တည်၍။ မကသံ ပဟရိဿာမီတိ၊ ခြင်ကို ပုတ်ခတ်အံ့ဟု တွေး၍။ ပိတုမတ္ထကံ ဒွိဓာ ဘိန္ဒိ၊ ဖခင်၏ ဦးထိပ်ကို နှစ်ခြမ်းခွဲပြီ။ ဝဍ္ဎကီ တတ္ထေဝ၊ လက်သမားသည် ထိုနေရာ၌ပင်။ ဇီဝိတက္ခယံ ပတ္တော၊ အသက်ကုန်ခြင်းသို့ ရောက်ပြီ။
ဗောဓိသတ္တော တဿ၊ ဘုရားလောင်းသည် ထိုသား၏။ တံ ကမ္မံ ဒိသွာ၊ ထိုအပြုအမူကို တွေ့မြင်ရ၍။ "ပစ္စာမိတ္တောပိ ပဏ္ဍိတောဝ သေယျော၊ ရန်သူဖြစ်သော်လည်း ပညာရှိသည်သာ မြတ်၏ ကောင်း၏။
ဟိ သော ဒဏ္ဍဘယေန၊ မှန်၏ ထိုပညာရှိသည် ဒဏ်ဘေးကြောက်သောကြောင့်။ မနုဿေ န မာရေဿတီတိ စိန္တေတွာ၊ လူတို့ကို မသတ်လတ္တံ့"ဟု တွေး၍။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား--
၄၄။ အမိတ္တော၊ ရန်သူဖြစ်သော်လည်း။ မတိယာ ဥပေတော သေယျော၊ ဉာဏ်နှင့် ပြည့်စုံသူသည် ‌ကောင်းမြတ်၏။ မိတ္တော မတိဝိပ္ပဟီနော နတွေဝ၊ မိတ်ဆွေဖြစ်သော်လည်း ပညာမဲ့သူသည် မကောင်း, မမြတ်။
ဟိ ဧဠမူဂေါ၊ မှန်၏ တံတွေးယိုသော ခံတွင်းရှိသော လူအသည်။ ပုတ္တော၊ သားဖြစ်ပါလျက်။ မကသံ ဝဓိဿန္တိ၊ ခြင်ကို သတ်အံ့ဟု တွေး၍။ ပိတု ဥတ္တမင်္ဂံ အဗ္ဘိဒါ၊ ဖခင်၏ ဦးခေါင်းကို ထက်ခြမ်းခွဲပြီ။
တတ္ထ၊ ထိုဂါထာ၌။ **သေယျော**တိ ပဝရော ဥတ္တမော၊ သေယျော ဟူသည်ကား မြတ်၏တည်း။
**မတိယာ ဥပေတော**တိ ပညာယ သမန္နာဂတော၊ မတိယာ ဥပေတော ဟူသည်ကား ပညာနှင့် ပြည့်စုံသူတည်း။
**ဧဠမူဂေါ**တိ လာလာမုခေါ ဗာလော၊ ဧဠမူဂေါ ဟူသည်ကား တံတွေးယိုသော ခံတွင်းရှိသော လူအတည်း။
**ပုတ္တော ပိတု အဗ္ဘိဒါ ဥတ္တမင်္ဂန္တိ**၊ ပုတ္တော ပိတု အဗ္ဘိဒါ ဥတ္တမင်္ဂံ ဟူသည်ကား။ အတ္တနော ဗာလတာယ၊ မိမိ၏ အ,လွန်းသည့် အဖြစ်ကြောင့်။ ပုတ္တော ဟုတွာပိ၊ သားသည် ဖြစ်ပါလျက်လည်း။ ပိတု ဥတ္တမင်္ဂံ မတ္ထကံ၊ ဖခင်၏ ဦးခေါင်းထိပ်ကို။ မကသံ ပဟရိဿာမီတိ၊ ခြင်ကို ရိုက်အံ့ဟု တွေး၍။ ဒွိဓာ ဘိန္ဒိ၊ နှစ်ခြမ်းခွဲပြီ။
တသ္မာ ဗာလမိတ္တတော၊ ထို့ကြောင့် မိုက်အသော မိတ်ဆွေထက်။ ပဏ္ဍိတအမိတ္တောဝ သေယျောတိ၊ ပညာရှိရန်သူသည်သာ ကောင်းမြတ်၏တည်းဟု။ ဣမံ ဂါထံ ဝတွာ၊ ဤဂါထာကို ရွတ်ဆို၍။ ဗောဓိသတ္တော ဥဋ္ဌာယ၊ ဘုရားလောင်းသည် ထသွား၍။ ယထာ ကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
ဝဍ္ဎကိဿပိ သရီရကိစ္စံ၊ လက်သမား၏လည်း အလောင်းကောင်ကိစ္စကို။ ဉာတကာ အကံသု၊ ဆွေမျိုးတို့သည် ပြုကြပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "ဥပါသကာ ဧဝံ ပုဗ္ဗေပိ၊ အို ဥပါသကာတို့ ဤသို့ ရှေးကလည်း။ မကသံ ပဟရိဿာမာတိ၊ ခြင်ကို ရိုက်ကုန်အံ့ဟု တွေး၍။ ပရံ ပဟရဏကမနုဿာ အဟေသုံ ယေဝါတိ၊ အခြားလူကို ရိုက်သူတို့သည် ရှိခဲ့ကြဖူးသည်သာ"ဟု မိန့်တော်မူ၍။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။ "တဒါ ဂါထံ ဝတွာ ပက္ကန္တော၊ ထိုအခါက ဂါထာကို ရွတ်ဆို၍ ထွက်ခွါသွားသော။ ပဏ္ဍိတဝါဏိဇော ပန အဟမေဝ အဟောသိန္တိ၊ ပညာရှိကုန်သည်သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**မကသဇာတကဝဏ္ဏနာ စတုတ္ထာ**၊ **လေးခုမြောက် ဖြစ်သော မကသဇာတ်အဖွင့်တည်း။**