**ယဿ မင်္ဂလာ သမူဟတာ** တိ ဣဒံ၊ ယဿ မင်္ဂလာ သမူဟတာအစရှိသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဧကံ သာဋကလက္ခဏဗြာဟ္မဏံ၊ တစ်ယောက်သော အဝတ်လက္ခဏာဖတ်ပုဏ္ဏားကို။
အာရဗ္ဘကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ရာဇဂဟပါသိကော၊ ရာဇဂြိုဟ်မြို့နေသော။
တီသု ရတနေသု အပ္ပသန္နော၊ ရတနာသုံးပါးတို့၌ မကြည်ညိုသော။
မိစ္ဆာဒိဋ္ဌိကော အာမိစ္ဆာ၊ အယူရှိသော ကြွယ်ဝသော။
မဟဒ္ဓနော မဟာဘောဂေါ၊ များသောဥစ္စာရှိသော များသော အသုံးအဆောင်ရှိသော။
ဧကော ဗြာဟ္မဏော၊ တစ်ယောက်သော ပုဏ္ဏားသည်။
ကောတုဟလမင်္ဂလိကော ကိရ၊ ကောတုဟလ မင်္ဂလာအယူရှိသတဲ့။
တဿ သမုဂ္ဂေ ဌပိတံ၊ ထိုပုဏ္ဏား၏ သေတ္တာ၌ ထားအပ် သော။
သာဋကယုဂံ မူသိကာ ခါဒိံ သု၊ အဝတ်အစုံကို ကြွက်တို့သည် ကိုက်ကုန်ပြီ။
အထ အဿ၊ = ထိုအခါ ထိုပုဏ္ဏားအား။
သီသံ နှာယိတွာ၊ ဦးခေါင်းကို ရေချိုးပြီး၍။
“သာဋကေ အာဟရထာတိ ဝုတ္တကာလေ၊ အဝတ်တို့ကို ဆောင်ယူခဲ့ကြ”ဟု ပြောရာကာလ၌။
မူသိကာယ ခါဒိတဘာဝံ၊ ကြွက်သည် တိုက်အပ်ကြောင်းကို။
အာရောစယိံ သု၊ ပြောကြားကုန်ပြီ။
သော၊ ထိုပုဏ္ဏားသည်။
မူသိကာဒဋ္ဌံ ဣဒံ သာဋကယုဂံ၊ ကြွက်ကိုက်အပ်သော ဤပုဆိုးအစုံသည်။
ဣမသ္မိံ ဂေဟေ သစေ ဘဝိဿတိ၊ ဤအိမ်၌ အကယ်၍ရှိအံ့။
မဟာဝိနာသော ဘဝိဿတိ၊ ကြီးစွာသော ပျက်စီးခြင်းသည် ဖြစ်လတံ့။
“ဟိ ဣဒံ၊ မှန်၏ ဤအဝတ်အစုံသည်။
အဝမင်္ဂလံ ကာဠကဏ္ဏသဒိသံ၊ မင်္ဂလာမရှိ ကျက်သရေ ယုတ်သူနှင့်တူ၏။
ပုတ္တမီတာဒီနံ ဝါ၊ သားသမီးစသည်တို့အားလည်းကောင်း။
ဒါသကမ္မကရာဒီနံ ဝါ၊ ကျွန်,အလုပ် သမားစသည်တို့အားလည်းကောင်း။
ဒါတုံ န သက္ကာ၊ ပေးခြင်းငှာ မသင့်။
ဟိ ယော၊ မှန်၏ အကြင်သူသည်။
ဣဒံ ဂဏိဿတိ၊ ဤအဝတ်အစုံကို ယူအံ့။
တဿ သဗ္ဗဿ၊ ထိုယူသူအားလုံးအား။
မဟာဝိနာသော ဘဝိဿတိ၊ ကြီးစွာ သော ပျက်စီးခြင်းသည် ဖြစ်လတံ့။
အာမကသုသာနေ၊ အစိမ်းသေပစ်ရာ သုသာန်၌။
တံ ဆဍ္ဍာပေဿာမိ၊ ထိုကြွက်ကိုက်အဝတ်အစုံကို စွန့်စေအံ့။
ဒါသကမ္မကရာဒီနံ ဟတ္ထ၊ ကျွန်,အလုပ်သမားစသည်တို့၏ လက်၌။
ဒါတုံ န ခေါ ပန သက္ကာ၊ ပေးခြင်းငှာ မသင့်တော်။
ဟိ တေ၊ မှန်၏ ထိုကျွန်စသည်တို့သည်။
ဧတ္ထ လောဘံ ဥပ္ပါဒေတွာ၊ ဤကြွက်ကိုက်ဝတ်စုံ၌ လိုချင်မှုကို ဖြစ်စေ၍။
ဣမံ ဂဟေတွာ၊ ဤကြွက်ကိုက်ဝတ်စုံကို ယူကြသော်။
ဝိနာသံ ပါပုဏေယျုံ၊ ပျက်စီးခြင်း သို့ ရောက်ကုန်ရာ၏။
ပုတ္တဿ ဟတ္ထိ၊ သား၏ လက်၌။
တံ ဒဿာမီတိ စိန္တေသိ၊ ထိုကြွက်ကိုက်ဝတ်စုံကို ပေးအံ့”ဟု ကြံပြီ။
သော ပုတ္တံ ပက္ကောသာပေတွာ၊ ထိုပုဏ္ဏားသည် သားကို ခေါ်စေ၍။
တမတ္ထံ အာရောစေတွာ၊ ထိုအကြောင်းကို ပြောကြား၍။
“တာတ တွမ္ပိ နံ၊ အိုချစ်သား သင်သည်လည်း ထိုကြွက်ကိုက် ဝတ်စုံကို။
ဟတ္တေန အဖုသိတွာ၊ လက်ဖြင့် မထိမူ၍။
ဒဏ္ဍကေန ဂဟေတွာ၊ ဒုတ်ဖြင့် ကော်ယူ၍။
အာမကသုသာနေ ဆဍ္ဍေတွာ၊ အစိမ်းသေပစ်ရာသုသာန်၌စွန့်ပစ်၍။
သီသံ နှာယိတွာ၊ ဦးခေါင်းကို လျှော်၍။
ဧဟီတိ ပေသေသိ၊ လာခဲ့လော့”ဟု စေပြီ။
သတ္တာပိ ခေါ တံ ဒိဝသံ၊ ဘုရားရှင်သည်လည်း ထိုနေ့၌။
ပစ္စူသသမယေ၊ မိုးသောက်ထအခါ၌။
ဗောဓနေယျဗန္ဓဝေ ဩလောကေန္တော၊ ကျွတ်ထိုက်သူ သတ္တဝါတို့ကို ကြည့်တော်မူသော်။
ဣမေသံ ပိတာ ပုတ္တာနံ၊ ဤအဖနှင့်သားတို့၏။
သောတာပတ္တိဖလဿ ဥပနိဿယံ ဒိသွာ၊ သောတာပတ္တိဖိုလ်၏ အားကြီးသော မှီရာအကြောင်းကို မြင်တော်မူ၍။
မိဂဝီထိ ဂဟေတွာ မိဂလုဒ္ဒကော ဝိယ၊ သားကောင်တို့သွားရာ လမ်းကြောင်းကို ယူ၍ တည်နေသော သားမုဆိုးကဲ့သို့။
ဂန္တွာ အာမကသုသာနဒွါရေ၊ သွား၍ အစိမ်းသေပစ်ရာသုသာန်တံခါးအနီး၌။
ဆဗ္ဗဏ္ဏဗုဒ္ဓရသ္မိယော ဝိဿဇ္ဇေန္တော နိသီဒိ၊ ခြောက်မျိုးသော ဘုရားရောင်ခြည် တို့ကို လွှတ်လျက် ထိုင်နေတော်မူပြီ။
မာဏဝေါပိ ပိတု ဝစနံ သမ္ပဋိစ္ဆိတွာ၊ လုလင်သည်လည်း ဖခင်ပုဏ္ဏား၏ စကားကို ဝန်ခံ၍။
အဇဂရသပ္ပံ ဝိယ၊ စပါးကြီး မြွေကိုကဲ့သို့။
တံ ယုဂသာဋကိ၊ ထိုကြွက်ကိုက် ဝတ်စုံကို။
ယဋ္ဌိကောဋိယာ ဂဟေတွာ၊ ဒုတ်အစွန်းဖြင့် ကော်ယူ၍။
အာမကသုသာနဒွါရံ ပါပုဏိ၊ အစိမ်း သေပစ်ရာသုသာန်တံခါးသို့ ရောက်လာပြီ။
အထ နံ သတ္ထာ၊ ထိုအခါ ထိုလုလင်ကို ဘုရားရှင်သည်။
“ကံ ကရောသိ မာဏဝါတိ အာဟ၊ ဘာကို ပြုသလဲ အမောင် လုလင်”ဟု မေးတော်မူပြီ။
ဘော ဂေါတမ မူသိကာဒဋ္ဌံ၊ အို. . ရှင်ဂေါတမ ကြွက်ကိုက်အပ်သော။
ဣဒံ သာဋကယုဂံ၊ ဤအဝတ်အစုံသည်။
ကာဠကဏ္ဍိ သဒိသံ၊ ကျက်သရေယုတ်သူနှင့်တူ၏။
ဟလာဟလဝိသူပမံ၊ လတ်တလော သေစေတတ်သော အဆိပ်လျှင်ဥပမာရှိ၏။
မမ ပိတာ၊ အကျွန်ုပ်၏ ဖခင်သည်။
“အညော ဧတံ ဆဍ္ဍေန္တော၊ အခြားသူသည် ဤကြွက်ကိုက်ဝတ်စုံကို စွန့်ပစ်သော်။
လောဘံ ဥပ္ပါဒေတွာ၊ လိုချင်မှုကို ဖြစ်စေ၍။
ဂဏှေယျာတိ ဘယေန၊ ယူရာ၏”ဟု တွေးကြောက်သဖြင့်။
မံ ပဟိဏိ၊ အကျွန်ုပ်ကို စေခိုင်းပြီ။
အဟံ ဧတံ ဆန္ဒေတွာ၊ အကျွန်ုပ်သည် ဤကြွက်ကိုက်ဝတ်စုံကို စွန့်ပစ်၍။
သီသံ နှာယိဿာမီတိ၊ ဦးခေါင်းကို လျှော်မည်ဟုတွေး၍။
အာဂတော အမှိ ဘော ဂေါတမာတိ၊ လာသည် ဖြစ်၏ အရှင်ဂေါတမဟုလျှောက်ပြီ။
တေန ဟိ ဆဍ္ဍေဟီဟိ၊ ထိုသို့ဖြစ်လျှင် စွန့်ပစ် လော့ဟုမိန့်ပြီ။
မာဏပေါ ဆဍ္ဍေသိ၊ လုလင်သည် စွန့်ပစ်ပြီ။
သတ္ထာ၊ ဘုရားရှင် သည်။
“အမှာကံ ဒါနိ ပဋတီတိ၊ ငါတို့အား ယခု သင့်၏”ဟုမိန့်၍။
တဿသမ္ဗုခါဝ ဂဏှိ၊ ထိုလုလင်၏ မျက်မှောက်၌ပင် ကောက်ယူတော်မူပြီ။
“ဘော ဂေါတမ ဧတံ၊ အို. . အရှင်ဂေါတမ ဤကြွက်ကိုက်ဝတ်စုံသည်။
အဝမင်္ဂလံ၊ မင်္ဂလာမရှိ။
ကာဠကဏ္ဌိသဒိသံ၊ ကျက်သရေယုတ်သူနှင့်တူ၏။
မာ ဂဏှိ ဂဏှီတိ၊ မယူပါလင့် မယူပါလင့်”ဟု။
တသ္မိံ ဝါရယမာနေယေဝ၊ ထိုလုလင်သည် တားမြစ်နေစဉ်ပင်။
တံ ဂဟေတွာ၊ ထိုဝတ်စုံကို ကောက်ယူတော်မူ၍။
ဝေဠုဝနာ ဘိမုခေါ ပါယာသိ၊ ဝေဠုဝန်ကျောင်းတော်သို့ ရှေးရှု ကြွသွားတော်မူပြီ။
မာဏဝေါ ဝေဂန ဂန္တွာ ပိတု၊ လုလင်သည် အဟုန်ဖြင့် သွား၍ ဖခင်အား။
“တာတ မယာ၊ အို . ဖခင် ကျွန်တော်သည်။
အာမကသုသာနေ ဆဍ္ဍိတံ သာဋက ယုဂံ၊ အစိမ်းသေပစ်ရာသုသာန်၌ စွန့်ပစ်အပ်သော ကြွက်ကိုက်ဝတ်စုံကို။
သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
အမှာကံ ဝဋတီတိ၊ ငါတို့အား သင့်လျှော်၏ဟုပြော၍။
မယာ ဝါရိယမာနောပိ ဂဟေတွာ၊ ကျွန်တော်သည် တားမြစ်အပ်ပါသော်လည်း ကောက်ယူ၍။
ဝေဠုဝနံ ဂတောတိ အာရောစေသိ၊ ဝေဠုဝန်ကျောင်းသို့ ကြွသွားပါပြီ”ဟု ပြောကြားပြီ။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
“တံ သာဋကယုဂံ၊ ထိုကြွက်ကိုက်ဝတ်စုံသည်။
အဝမင်္ဂလံ၊ မင်္ဂလာမရှိ။
ကာဠကက္ကိ သဒိသံ၊ ကျက်သရေယုတ်သူနှင့်တူ၏။
တံ ဝဠဉ္ဇန္တော၊ ထိုကြွက်ကိုက်ဝတ်စုံကို ဝတ်ရုံသုံးဆောင်သော်။
သမဏောပိ ဂေါတမော နဿိဿတိ၊ ရဟန်းဂေါတမ သည်လည်း ပျက်စီးလတံ့။
ဝိဟာရောပိ နဿိဿတိ၊ ကျောင်းသည်လည်း ပျက်စီး လတံ့။
တတော၊ အမှာကံထိုသို့ပျက်စီးခြင်းကြောင့် ငါတို့အား။
ဂရဟာ ဘဝိဿတိ၊ ကဲ့ရဲ့ခံရခြင်းသည် ဖြစ်လတံ့။
သမဏဿ ဂေါတမဿ၊ ရဟန်းဂေါတမအား။
အညေ ဗဟူ သာဋကေ၊ အခြားကုန်သော များစွာကုန်သော အဝတ်တို့ကို။
ဒတွာ တံ၊ ပေးပြီး၍ ထိုကြွက်ကိုက်ဝတ်စုံကို။
ဆဍ္ဍာပေဿာမီတိ စိန္တေသိ၊ စွန့်ပစ်စေအံ့”ဟု ကြံပြီ။
သော ဗဟူ သာဋက ဂါဟာပေတွာ၊ ထိုပုဏ္ဏားသည် များစွာကုန်သော အဝတ်တို့ကို ယူစေ၍။
ပုတ္တေန သဒ္ဓိံ၊ သားနှင့် တကွ။
ဝေဠုဝနံ ဂန္တွာ၊ ဝေဠုဝန် ကျောင်းတော်သို့ သွား၍။
သတ္ထာရံ ဒိသွာ၊ ဘုရားရှင်ကို တွေ့မြင်၍။
ဧကမန္တံ ဌိတော၊ သင့်လျော်ရာ၌ ရပ်လျက်။
“ဘော ဂေါတမ ဝေါ၊ အို. . ရှင်ဂေါတမ အရှင်တို့သည်။
အာမကသုသာနေ သာဋကယုဂံ၊ အစိမ်းသေပစ်ရာသုသာန်၌ ဝတ်စုံကို။
ဂဟိတံ ကိရ၊ ယူအပ်သတဲ့ဟု ကြားရသည်ကား။
သစ္စန္တိ၊ မှန်သလော” ဟု။
ဧဝမာဟ၊ ဤသို့ လျှောက်ထားပြီ။
သစ္စံ ဗြာဟ္မဏာတိ၊ မှန်သည် ပုဏ္ဏားကြီးဟုမိန့်ပြီ။
ဘော ဂေါတမ၊ အို. . အရှင်ဂေါတမ။
တံ သာဋကယုဂံ အဝမင်္ဂလံ၊ ထိုကြွက်ကိုက် ဝတ်စုံသည် မင်္ဂလာမရှိ။
တုမှေ တံ ပရိဘုဉ္စမာနာ၊ အရှင်ဂေါတမ တို့သည် ထိုကြွက်ကိုက်ဝတ်စုံကို ဝတ်ရုံသုံးဆောင်ကြသော်။
နဿထ၊ ပျက်စီး ကြလတံ့။
သကလဝိဟာရောပိ နဿတိ၊ တစ်ကျောင်းလုံးသည်လည်း ပျက်စီး လတံ့။
ဝေါ နိဝါသနံ ဝါ ပါရူပနံ ဝါ၊ အရှင်ဘုရားတို့အား ခါးဝတ်သည် လည်းကောင်း ကိုယ်ရုံသည်လည်းကောင်း။
သစေ နပ္ပဟောတိ၊ အကယ်၍ မလောက်အံ့။
ဣမေ သာဋကေ ဂဟေတွာ၊ ဤအဝတ်တို့ကို ယူ၍။
တံ ဆဍ္ဍာပေထာတိ၊ ထိုကြွက်ကိုက်ဝတ်စုံကို စွန့်ပစ်စေကြပါဟုလျှောက်ပြီ။
နံ သတ္ထာ၊ ထိုအခါ ထိုပုဏ္ဏားကို ဘုရားရှင်သည်။
“ဗြာဟ္မဏ မယံ ပဗ္ဗဇိတာ နာမ၊ အို. . ပုဏ္ဏား ငါတို့သည် ရှင်ရဟန်းတို့မည်၏။
အမှာကံ၊ ငါတို့အား။
အာမက သုသာနေ အန္တရဝီထိယံ၊ အစိမ်းသေပစ်ရာ သုသာန်လည်းကောင်း လမ်းကြား လည်းကောင်း။
သင်္ကာရဋ္ဌာနေ နှာနတိတ္ထေ၊ အမှိုက်ပုံလည်းကောင်း ရေချိုး ဆိပ်လည်းကောင်း ။
မဟာမဂွေ၊ လမ်းမကြီးလည်းကောင်း။
ဣတိ ဧဝရူပေသု ဌာနေသု၊ ဤသို့သဘောရှိကုန်သော ဌာနတို့၌။
ဆဍ္ဍိတာ ဝါ ပတိတာ ဝါ၊ စွန့်ပစ် အပ်သည်လည်းဖြစ်သော ကျနေသည်လည်းဖြစ်သော။
ပိလောတိကာ ဝဋတိ၊ ပုဆိုးကြမ်းသည် သင့်လျော်၏။
တွံ ပန ဣဒါနေဝ၊ သင်ပုဏ္ဏားသည်ကား ယခုအခါ၌သာ။
န ဧဝံ လဒ္ဓိကော၊ ဤသို့ အယူရှိသည်မဟုတ်သေး။
ပုဗ္ဗေပိ ဧဝံလဒ္ဓိကောယေဝ၊ ရှေးအခါကလည်း ဤသို့ အယူရှိသည်သာတည်း။
”ဣတိ ဝတွာ၊ ဤသို့ မိန့်တော်မူ၍။
တေန ယာစိတော၊ ထိုပုဏ္ဏားသည် တောင်းပန် အပ်ရကား။
အတီတံ အာဟရိအတိတ်ကို ဆောင်တော်မူပြီ။
အတီတေ မဂဓရဋ္ဌေ၊ လွန်လေပြီးသောအခါ မဂဓတိုင်း၌။
ရာဇဂဟနဂရေ ဓမ္မိကာ၊ ရာဇဂြိုဟ်မြို့၌ တရားရှိသော။
မဂဓရာဇာ ရဇ္ဇံ ကာမေသိ၊ မဂဓမင်းသည် မင်းအဖြစ်ကို ပြုပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်းသည်။
ဧကသ္မိံ ဥဒိစ္စဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ၊ တစ်ဦးသော မြင့်မြတ်သော ပုဏ္ဏားမျိုး၌ ဖြစ်၍။
ဝိသုတံ ပတ္တော၊ သိတတ်သူအဖြစ်သို့ ရောက်သော်။
ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။
အဘိညာ စ သမာပတ္တိယော စ၊ အဘိညာဉ်တို့ကိုလည်းကောင်း သမာပတ်တို့ကိုလည်းကောင်း။
နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။
ဟိမဝန္တေ ၀သာနာ၊ ဟိမဝန္တာ၌ နေလျက်။
ဧကသ္မိံ ကာလေ၊ တစ်ပါးသော အခါ၌။
ဟိမဝန္တတော နိက္ခမိတွာ၊ ဟိမဝန္တာမှ ထွက်ခဲ့၍။
ရာဇဂဟနဂရေ၊ ရာဇဂြိုဟ်မြို့၌။
ရာဇယျာနံ ပတွာ၊ မင်းဥယျာဉ်တော်သို့ ရောက်၍။
တတ္ထ ဝသိတွာ၊ ထိုဥယျာဉ်တော်၌ နေ၍။
ဒုတိယဒိဝသေ ဘိက္ခာစာရတ္ထာယ၊ ဒုတိယနေ့၌ ဆွမ်းခံ လှည့်လည်ခြင်းအကျိုးငှာ။
နဂရံ ပါဝိသိ၊ မြို့သို့ ဝင်ပြီ။
ရာဇာ တံ ဒိသွာ၊ မဂဓမင်း သည် ထိုဘုရားလောင်းကို ဖူးမြင်ရ၍။
ပက္ကောသာပေကွာ၊ ပင့်ခေါ်စေ၍။
ပါသာဒေ နိသီဒါပေတွာ၊ ပြာသာဒ်တော်၌ နေစေ၍။
ဘောဇေတွာ၊ ဆွမ်းကျွေး၍။
ဥယျာနေယေဝ ဝသနတ္ထာယ၊ ဥယျာဉ်တော်၌သာ နေခြင်းအကျိုးငှာ။
ပဋိညံ ဂဏှိ၊ ဝန်ခံမှုကို ယူပြီ။
ဗောဓိသတ္တော ရညော၊ ဘုရားလောင်းသည် မင်း၏။
နိဝေသနေ ဘုဉ္စိတွာ၊ အိမ်တော်၌ ဘုဉ်းပေး၍။
ဥယျာနေ ဝသတိ၊ ဥယျာဉ်တော်၌ နေ၏။
တသ္မိံ ကာလေ ရာဇဂဟနဂရေ၊ ထိုအခါ၌ ရာဇဂြိုဟ်မြို့၌။
ဒုဿလက္ခဏ ဗြာဟ္မဏော နာမ အဟောသိ၊ အဝတ်လက္ခဏာဖတ်သော ပုဏ္ဏားမည်သည် ရှိခဲ့ပြီ။
တဿ သမုဂ္ဂေ၊ ထိုပုဏ္ဏား၏ သေတ္တာ၌။
ဌပိတံ သာဋကယုဂန္တိ၊ ထားအပ် သော အဝတ်အစုံသည်။
ဣတိ သဗ္ဗ ပုရိမသဒိသမေဝ၊ ဤသို့စသော အလုံးစုံသည် ရှေးနှင့်တူသည်သာတည်း။
မာဏဝေ သုသာနံ ဂစ္ဆန္တေ ပန၊ လုလင်သည် သုသာန်သို့ သွားသော်ကား။
ဗောဓိသတ္တော ပဌမ တရံ ဂန္တွာ၊ ဘုရားလောင်းသည် အထူးရှေးဦးစွာ သွား၍။
သုသာနဒွါရေ နိသီဒိတွာ၊ သုသာန်တံခါး အနီး၌ ထိုင်နေ၍။
တေန ဆဍ္ဍိတံ၊ ထိုလုလင်သည် စွန့်ပစ်အပ်သော။
သာဋကယုဂံ ဂဟေတွာ၊ ကြွက်ကိုက်ဝတ်စုံကို ကောက်ယူ၍။
ဥယျာနံ အဂမာသိ၊ ဥယျာဉ်တော်သို့ သွားပြီ။
မာဏဝေါ ဂန္တွာ၊ လုလင်သည် သွား၍။
ပိတု အာရောစေသိ၊ အဖအား ပြောကြားပြီ။
ပိတာ၊ ဖခင်သည်။
“ရာဇကုလူပကော တာပသော နယျာတိ၊ မင်းအိမ်ကပ်သော မင်းဆရာရသေ့သည် ပျက်စီးရာ၏"ဟုတွေး၍။
ဗောဓိသတ္တဿ သန္တိကံ ဂန္တွာ၊ ဘုရားလောင်း၏ အထံသို့ သွား၍။
“တာပသ တယာ၊ အို, ရှင်ရသေ့ အရှင်ဘုရား သည်။
ဂဟိတ သာဋကေ ဆဍ္ဍေဟိ၊ ကောက်ယူအပ်သော အဝတ်တို့ကို စွန့်ပစ် ပါလော့။
မာ နဿီတိ အာဟ၊ မပျက်စီးပါလင့်"ဟု လျှောက်ပြီ။
တာပသော၊ ဘုရားလောင်းရသေ့သည်။
“သုသာနေ ဆဍ္ဍိတပိလောတိကာ၊ သုသာန်၌ စွန့်ပစ် အပ်သော ပုဆိုးကြမ်းသည်။
အမှာကံ ဝဋ္ဋတိ၊ ငါတို့အား သင့်လျှော်,အပ်စပ်၏။
မယံ န ကောတုဟလမင်္ဂလိကာ၊ ငါတို့သည် ကောတုဟလမင်္ဂလာအယူအဆမရှိကုန်။
ဧတံ ကောတုဟလမင်္ဂလံ နာမ၊ ဤကောတုဟလမင်္ဂလာမည်သည်ကို။
ဗုဒ္ဓပစ္စေကဗုဒ္ဓဗောဓိသတ္တေဟိ န ဝဏ္ဏိတံ၊ ဘုရား,ပစ္စေကဗုဒ္ဓါ ဘုရားလောင်း တို့သည် မချီးမွမ်းအပ်။
တသ္မာ ပဏ္ဍိတေန နာမ၊ ထို့ကြောင့် ပညာရှိမည်သည်။
ကောတုဟလမင်္ဂလိကေန န ဘပိတဗ္ဗန္တိ၊ ကောတုဟလမင်္ဂလာအယူရှိသူသည် မဖြစ်သင့်”ဟု။
ဗြာဟ္မဏဿ ဓမ္မံ ဒေသေသိ၊ ပုဏ္ဏားအား တရားကို ဟောပြီ။
ဗြာဟ္မဏော ဓမ္မံ သုတွာ၊ ပုဏ္ဏားသည် တရားကို နာရ၍။
ဒိဋ္ဌိံ ဘိန္ဒိတွာ၊ အယူမှား ကို ဖျက်၍။
ဗောဓိသတ္တံ သရဏံ ဂတော၊ ဘုရားလောင်းကို ကိုးကွယ်ရာဟု ဆည်းကပ်ပြီ။
ဗောဓိသတ္တောပိ အပရိဟီနဇ္ဈာနော၊ ဘုရားလောင်သည်လည်း မယုတ်သော ဈာန်ရှိ၍။
ဗြဟ္မလောကပရာယဏော အဟောသိ၊ ဗြဟ္မာ့ပြည်လျှင် လဲလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာပိ ဣမံအတီတံ အာဟရိတွာ၊ ဘုရားရှင်သည်လည်း ဤအတိတ်ဝတ္ထု ကြောင်းကို ဆောင်တော်မူ၍။
အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားသည် ဖြစ်တော်မူ၍။
ဗြာဟ္မဏဿ ဓမ္မံ ဒေသန္တော၊ ပုဏ္ဏားအား တရားကို ဟောလိုရကား။
ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည်။
မင်္ဂလာ၊ ဒိဋ္ဌမင်္ဂလာစသည်တို့ကို လည်းကောင်း။
ဥပ္ပါတာ၊ လကြတ်ခြင်း စသည်တို့ကိုလည်းကောင်း။
သုပိနာ၊ အမျိုးမျိုးတို့ကိုလည်းကောင်းလက္ခဏာ စအကောင်း,အဆိုး လက္ခဏာအမျိုးမျိုးတို့ကိုလည်းကောင်း။
သမူဟ၊ ကောင်းစွာပယ်ဖြတ် အပ်ကုန်ပြီ။
မင်္ဂလဒေါသ ဝီတိဝတ္တော၊ မင်္ဂလာ၏ အံပြစ်တို့ကို ကျော်လွန် ပြီးသော။
ယုဂယောဂါဓိဂတော၊ စုံတွဲမကောင်းတရား, ယောဂလေးပါးတို့ကို လွှမ်းမိုး၍ဖြစ်သော။
သော၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
ဇာတု၊ စင်စစ်။
န ဧတိ၊ တဖန် ဤလောကသို့ ပဋိသန္ဓေမနေလား။
တတ္ထာ၊ ထိုဂါထာ၌။
**ယဿ မင်္ဂလာ သမူဟတာ** တိ၊ ယဿ သမူဟတာဟူသည်ကား။
အရဟတော၊ ပူဇော်အထူးခံတော်မူထိုက်သော။
ယဿ ခီဏာသဝဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည်။
ဒိဋ္ဌမင်္ဂလံ သုတမင်္ဂလံ မုတမင်္ဂလန္တိ၊ ဒိဋ္ဌမင်္ဂလာလည်းကောင်း သုတမင်္ဂလာလည်းကောင်း မုတမင်္ဂလာ လည်းကောင်း ဤသို့။
ဧတေ မင်္ဂလာ သမုစ္ဆိန္နာ၊ ဤမင်္ဂလာတို့ကို ကောင်းစွာဖြတ် အပ်ကုန်ပြီတည်း။
**ဥပ္ပါတာ သုပိနာ စ လက္ခဏာ စာ** တိ၊ ဥပ္ပါတာ သုပိနာ စ လက္ခဏာ စဟူသည်ကား။
“ ဧဝရူပေါ စန္ဒဂ္ဂါဟော ဘဝိဿတိ၊ ဤသို့ သဘောရှိ သော လကြတ်ခြင်းသည် ဖြစ်လတံ့။
ဧဝရူပေါ သူရိယဂ္ဂါဟော ဘဝိဿတိ၊ ဤသို့ သဘောရှိသော နေကြတ်ခြင်းသည် ဖြစ်လတံ့။
ဧဝရူပေါ နက္ခတ္တဂ္ဂါဟော ဘဝိဿတိ၊ ဤသို့သဘောရှိသော နက္ခတ်ကြတ်ခြင်းသည် ဖြစ်လတံ့။
ဧဝရူပေါ ဥက္ကာပါတော ဘဝိဿတိ၊ ဤသို့သဘောရှိသော ဥက္ကာကျခြင်းသည် ဖြစ်လတံ့။
ဧဝရူပေါ ဒိသာရာဟော ဘဝိဿတီတိ၊ ဤသို့ သဘောရှိသော အရပ်မျက်နှာ လောင်ခြင်းသည် ဖြစ်လတံ့”ဟု။
ဣမေ ပဉ္စ မဟာဥပ္ပါတာ၊ ဤငါးမျိုးကုန်သော ဥပါတ်ကြီးတို့ကိုလည်းကောင်း။
နာနပ္ပကာရာ သုပိနာ၊ အထူးထူးအပြားပြား ကုန်သော အိပ်မက်တို့ကိုလည်းကောင်း။
သုဘဂလက္ခဏံ၊ ကံကောင်းသူ လက္ခဏာလည်းကောင်း။
ဒုဗ္ဘဂလက္ခဏံ၊ ကံဆိုးသူလက္ခဏာလည်းကောင်း။
ဣတ္ထိလက္ခဏံ၊ မိန်းမလက္ခဏာလည်းကောင်း။
ပုရိသလက္ခဏံ၊ ယောက်ျား လက္ခဏာလည်းကောင်း။
ဒါသိလက္ခဏံ၊ ကျွန်မလက္ခဏာလည်းကောင်း။
ဒါသ လက္ခဏံ၊ ကျွန်ထီးလက္ခဏာလည်းကောင်း။
အသိလက္ခဏံ၊ သံလျက်လက္ခဏာ လည်းကောင်း။
ဟတ္ထိလက္ခဏံ၊ ဆင်၏လက္ခဏာလည်းကောင်း။
အဿ လက္ခဏံ၊ မြင်း၏လက္ခဏာလည်းကောင်း။
ဥသဘလက္ခဏံ၊ နွား၏လက္ခဏာ လည်းကောင်း။
အာဝုဓလက္ခဏံ၊ လေးလက်နက်၏လက္ခဏာလည်းကောင်း။
ဝတ္တလက္ခဏန္တိ၊ အဝတ်၏လက္ခဏာလည်းကောင်းဟု။
ဧဝမာဒိကာနိ၊ ဤသို့အစရှိ ကုန်သော။
လက္ခဏာနိ၊ လက္ခဏာဟူကုန်သော။
ဣမေ စ ဒိဋ္ဌိဋ္ဌာနာ၊ အယူ မှား၏ ဤအကြောင်းတို့ကိုလည်းကောင်း။
ယဿ သမူဟတာ၊ အကြင်ရဟန္တာ သည် ကောင်းစွာပယ်ဖျက်အပ်ကုန်ပြီ။
ဧတေဟိ ဥပ္ပါတာဒီဟိ၊ ဤဥပါတ်စသည် တို့ကြောင့်။
အတ္တနော၊ မိမိအတွက်။
မင်္ဂလံ ဝါ၊ မင်္ဂလာရှိမှုကိုလည်းကောင်း။
အမင်္ဂလံ ဝါ၊ မင်္ဂလာမရှိမှုကိုလည်းကောင်း။
န ပစ္စေတိ၊ မယုံကြည် ။
သော **မင်္ဂလဒေါသပီတိဝတ္တော** တိ၊ သော မင်္ဂလဒေါသဝီတိဝတ္တောဟူသည်ကား ။
သဗ္ဗမင်္ဂလဒေါသေ၊ မင်္ဂလာအားလုံးအပြစ်တို့ကို။
ဝီတိဝတ္တော၊ လွန်ပြီးသော။
ယုဂ အတိက္ကန္တော၊ ကျော်ပြီးသော။
ပဇဟိတွာ ဌိတော၊ ပယ်စွန့်ပြီး၍ တည်သော သော။
ခီဏာသဝေါ၊ ထိုရဟန္တာသည်တည်း။
**ယုဂယောဂါဓိဂတော** တိ၊ ယောဂါဓိဂတောဟူသော ပါဌ်၌။
“ကောဓော စ ဥပနာဟော စ၊ စိတ်ဆိုးခြင်း လည်းကောင်း ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။
မကော စ ပဠာသော စ၊ ကျေးဇူးကန်း ခြင်းလည်းကောင်း ဂုဏ်ပြိုင်ခြင်းလည်းကောင်း။
ဣတိအာဒိနာ နယေန၊ ဤသို့ အစရှိသော နည်းဖြင့်။
ဒွေ ဒွေ ဧကတော၊ နှစ်ပါးနှစ်ပါးတို့သည် တပေါင်းတည်း။
အာဂတကိလေသာ၊ လာရှိသော ကိလေသာတို့သည်ယုဂါ နာမယုဂတို့မည် ၏။
ကာမယောဂေါ၊ ကာမယောဂလည်းကောင်း။
ဘဝယောဂေါ၊ ဘဝယောဂ လည်းကောင်း။
ဒိဋ္ဌိယောဂေါ၊ ဒိဋ္ဌိယောဂလည်းကောင်း။
အဝိဇ္ဇာယောဂေါ၊ အဝိဇ္ဇာယောဂလည်းကောင်း။
ဣတိ၊ ဤသို့။
ဣမေ စတ္တာရော၊ ဤလေးပါးတို့ သည်။
သံသာရေ ယောဇနဘာဝတော၊ သံသရာ၌ ယှဉ်စေတတ်သည့်အဖြစ် ကြောင့်။
ယောဂါ နာမ၊ ယောဂတို့မည်၏။
ယုဂေ စ၊ ထိုယုဂတို့လည်း ကောင်း။
တေ ယောဂေ စ၊ ထိုယောဂတို့လည်းကောင်း။
ဣတိ၊ ထို့ကြောင့်။
ယုဂယောဂေ၊ ယုဂ ယောဂတို့ကို။
အဓိဂတော၊ လွမ်းမိုး၍ဖြစ်သော။
အဘိဘဝိတွာ ဂတော၊ လွမ်းမိုး၍ ဖြစ်သော။
ဝီတိဝတ္တော၊ လွန်သော။
သမတိက္ကန္တော၊ ကောင်းစွာ ကျော်လွန်သော။
ခီဏာသဝေါ ဘိက္ခု၊ ရဟန္တာဖြစ်သော ရဟန်းသည်။
(န ဧတိ၊ တစ်ဖန် ပဋိသန္ဓေမနေလာ)။
န ဇာတုမေတီ တိန ဇာတုမေတိဟူသည်ကား။
ပုန ပဋိသန္ဓိဝသေန၊ တစ်ဖန် ပဋိသန္ဓေအစွမ်းဖြင့်။
ဧကံသေနေဝ၊ စင်စစ်သာ။
ဣမံ လောကံ၊ ဤလောကသို့။
န ဧဟိ န အာဂစ္ဆတိ၊ မလာ။
ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ သတ္ထာ ဣမာယ ဂါထာယ၊ ဤသို့ မြတ်စွာဘုရားသည် ဤဂါထာဖြင့်။
ဗြာဟ္မဏဿ ဓမ္မံ ဒေသေတွာ၊ ပုဏ္ဏာအား တရားကို ဟောတော်မူ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာလေးပါးတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ၊ သစ္စာ လေးပါး ပြပြီးအဆုံး၌။
ဗြာဟ္မဏော ပုတ္တေန သဒ္ဓိံ၊ ပုဏ္ဏားသည် သားနှင့်အတူ။
သောတာပတ္တိဖလေ ပတိဋ္ဌတိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သတ္ထာ ဇာတကံ သမောဓာနေသိ၊ ဘုရားရှင်သည် ဇာတ်ကို ပေါင်းတော်မူပြီ။
“တဒါ ဧတဝ ပိတာပုတ္တာ၊ ထိုအခါက ထိုအဖနှင့်သားတို့သည်ပင်။
ဣဒါနိ ပိတာပုတ္တာအဟေသုံ၊ ယခုအခါ သားနှင့်အဖတို့သည် ဖြစ်လာကုန်ပြီ။
တာပသော ပန အဟမေဝ အဟောသိန္တိ၊ ရသေ့သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
မင်္ဂလဇာတကဝဏ္ဏနာ သတ္တမာ၊ ခုနစ်ခုမြောက်ဖြစ်သောမင်္ဂလဇာတ်အဖွင့်တည်း။