**အစ္စဂ္ဂတာတိဗလတာ** တိ ဣဒံ၊ အစ္စဂ္ဂတာတိဗလတာအစရှိသော ဤတရားဒေသနာတော်ကို။
သတ္တာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ကောကာလိကံ အာရဗ္ဗ ကထေသိ၊ ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူပြီ။
တဿ ဝတ္ထု၊ ထိုကောကာ လိက၏ ဝတ္ထုကြောင်းသည်။
တေရသကနိပါတေ၊ တေရသကနိပါတ်၌။
**တက္ကာရိ ယဇာတကေ**၊ တက္ကာရိယဇာတ်၌။
အာဝိ ဘဝိဿတိ၊ ထင်ရှားစွာ ဖြစ်လတံ့။
သတ္ထာ ပန၊ ဘုရားရှင်သည်ကား။
“ဘိက္ခဝေ ကောကာလိကော၊ အို. . ရဟန်းတို့ ကောကာလိကသည်။
ဣဒါနေဝ အတ္တနော ဝါစံ၊ ယခုအခါသာ မိမိ၏ စကားကို။
နိဿာယ နဋ္ဌာ န၊ အမှီပြု၍ ပျက်စီးသည် မဟုတ်သေး။
ပုဗ္ဗေပိ နန္ဒောယေဝါတိ ဝတွာ၊ ရှေးကလည်း ပျက်စီးခဲ့ဖူးသည်သာ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ဥဒိစ္စဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ၊ မြင့်မြတ်သော ပုဏ္ဏားမျိုး၌ ကာမေ ဖြစ်၍။
ဝယပ္ပတ္တော၊ အရွယ်ရောက်သော်။
တက္ကသိလာယံ၊ တက္ကသိုလ်မြို့၌ ။
သဗ္ဗသိပ္ပါနိ ဥဂ္ဂဏှိတ္တာ၊ အလုံးစုံသော အတတ်ပညာတို့ကို သင်ယူပြီး၍။
ပဟာယ၊ ကာမတို့ကို ပယ်စွန့်၍။
ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။
ပဉ္စာဘိညာ၊ အဘိညာဉ်ငါးပါးတို့ကိုလည်းကောင်း။
အဋ္ဌသမာပတ္တိ ယော၊ ရှစ်ပါးကုန်သော သမာပတ်တို့ကိုလည်းကောင်း။
နိဗ္ဗတ္တေသိ၊ ဖြစ်စေပြီ။
ဟိမဝန္တပဒေသေ၊ ဟိမဝန္တာအရပ်၌။
သဗ္ဗော ဣသိဂဏော သန္နိပတိတွာ၊ အားလုံး သော ရသေ့အပေါင်းသည် ကောင်းစွာကျရောက်စုဝေး၍။
တံ ဩဝါဒါစရိယံ၊ ထိုဘုရားလောင်းကို ဩဝါဒါစရိယကို။
ကတွာ ပရိဝါရေသိ၊ ပြု၍ ခြံရံပြီ။
သော ပဉ္စနှံ့ ဣသိသတာနံ၊ ထိုဘုရားလောင်းသည် ရသေ့ငါးရာတို့၏။
ဩဝါဒါစရိယော ဟုတွာ၊ ဩဝါဒါစရိယသည် ဖြစ်၍။
ဈာနကီဠံ ကီဠန္တော၊ ကစားသင့်ဈာန်ကို ကစားလျက်။
ဟိမဝန္တေ ဝသတိ၊ ဟိမဝန္တာ၌ နေ၏။
တဒါ စ ဧတ္ထ၊ ထိုအခါ၌လည်း ထိုရသေ့တို့တွင်။
ဧကော ပဏ္ဍုရောဂီ တာပသော၊ တစ်ပါးသော ဖျော့တော့သော ရောဂါရှိသော ရသေ့သည်။
ကုဌာရိံ ဂဟေတွာ၊ ဓားမကို ကိုင်ယူ၍။
ကဋ္ဌံ ဖာလေတိ၊ ထင်းကို ခွဲနေ၏။
အထ ဧကော မုခရတာပသော၊ ထိုအခါ တစ်ပါးသော စကား များသော ရသေ့သည်။
တဿ သန္တိကေ နိသီဒိတွာ၊ ထိုထင်းခွဲသော ရသေ့၏ အနီး၌ ထိုင်နေ၍။
“ဣဓ ပဟာရံ ဒေဟိ၊ ဤနေရာ၌ ဓားခုတ်မှုကို ပေးလော့။
ဣမ ပဟာရံ ဒေဟီတိ၊ ဤနေရာ၌ ဓားခုတ်မှုကို ပေးလော့”ဟုပြော၍။
တံ တာပသံ ရောသေသိ၊ ထိုထင်းခွဲသော ရသေ့ကို ချုပ်ချယ်ပြီ။
သော ကုဇ္ဈိတွာ၊ ထိုထင်းခွဲသော ရသေ့သည် စိတ်ဆိုး၍။
“ဒါနိ တွံ မေ၊ ယခုအခါ သင်သည် ငါ၏။
ဒါရုဖာလနသိပ္ပံ၊ ထင်းခွဲအတတ်ကို။
န သိက္ခာပနကာစရိယောတိ၊ သင်ယူစေသော ဆရာမဟုတ်” ဟုပြော၍။
တိဂုံ ကုဌာရီ ဥက္ခိပိတွာ၊ ထက်စွာသော ဓားမကို မြှောက်ချီ၍။
နံ ဧကပဟာရေနေဝ၊ ထိုစကားများသော ရသေ့ကို တစ်ချက်တည်းဖြင့်ပင်။
ဇီဝိတ က္ခယံ ပါပေသိ၊ အသက်ကုန်ခြင်းသို့ ရောက်စေပြီ။
ဗောဓိသတ္တော တဿ၊ ဘုရား လောင်းသည် ထိုကွယ်လွန်သော ရသေ့၏။
သရီရ ကိစ္စံ ကာရေသိ၊ အလောင်း ကောင်ကိစ္စကို ပြုစေပြီ။
တဒါ အဿမတော အဝိဒူရေ၊ ထိုအခါ ကျောင်းသင်္ခမ်းမှမနီးမဝေးဖြစ်သော။
ဧကသ္မိံ ဝမ္မိကပါဒေ၊ တစ်ခုသော တောင်ပို့ခြေရင်း၌။
ဧကော တိတ္တိရော ဝသတိ၊ တစ်ကောင်သော ခါသည် နေ၏။
သော သာယံ ပါတံ၊ ထိုခါသည် ညနေချမ်း၌လည်းကောင်း နံနက်ခင်း၌လည်းကောင်း။
တသ္မိံ ဝမ္မိက မတ္ထကေ ဌတွာ၊ ထိုတောင်ပို့ထိပ်၌ တည်၍။
မဟာဝဿိတံ ဝဿတိ၊ ကျယ်စွာ သော တွန်သံကို တွန်၏။
တံ သုတွာ၊ ထိုတွန်သံကို ကြားရ၍။
ဧကော လုဒ္ဒကော၊ တစ်ယောက်သော ဘဝိတဗ္ဗန္တိ ခါသည် ဖြစ်လောက်၏ဟု မုဆိုးသည်။
တိတ္တိရေန စိန္တေတွာ သဒ္ဒသညာယတွေးတော၍ အသံအမှတ်အသားဖြင့်။
တတ္ထ ဂန္တွာ၊ ထိုတောင်ပို့ခြေသို့ သွား၍။
တံ ဝမိတွာထိုခါကို သတ်၍။
အာဒါယ ဂတော၊ ယူ၍ သွားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
တဿ သဒ္ဒံ အသုဏန္တော၊ ထိုခါ၏ အသံ ကိုမကြားရကား။
“အသုကဋ္ဌာနေ တိတ္တိရော ဝသတိ၊ ထိုမည်သော တောင်ပို့ခြေရင်း ၌ ခါသည် နေ၏။
တဿ သဒ္ဓေါ၊ ထိုခါ၏ အသံကို။
ကိံ နု ခေါ န သူယတီတိ၊ အဘယ်ကြောင့် မကြားရသနည်း”ဟု။
တာပသေ ပုစ္ဆိ၊ ရသေ့တို့ကို မေးပြီ။
တေ တဿ၊ ထိုရသေ့တို့သည် ထိုဘုရားလောင်းအား။
တမတ္ထံ အာရောစေသုံ၊ ထိုအကြောင်းကို ပြောကြားကုန်ပြီ။
သော ဥဘောပိ၊ ထိုဘုရားလောင်းသည် နှစ်မျိုး လည်းဖြစ်ကုန်သော။
တာနိ ကာရဏာနိ သံသန္ဒေတွာ၊ ထိုအကြောင်းအရာတို့ကို နှီးနှောပြီး၍။
ဣသိဂဏမဇ္ဈေ၊ ရသေ့အပေါင်း အလယ်၌။
အတိဝဿိတံ တိတ္တိရံဝ၊ အလွန်တွန်ခြင်းသော ခါကိုကဲ့သို့။
အစ္စုဂ္ဂု အတိဗလတာ၊ အထက်စီးယူမြင့်လွန်းလှသော အထပ်ထပ်ပြောသဖြင့် လွန်ကဲ သော အားရှိသော။
အတိဝေလံ ပဘာသိတာ၊ အချိန်လွန်အောင် ပြောဆိုအပ် သော။
ဝါစာ ဒုမ္မေဓံ ဟနတိ၊ စကားသည် ပညာမဲ့သူကို သတ်တတ်၏။
တတ္ထ၊ ထိုဂါထာ၌။
**အစ္စုပ္ပတာ** ဟိ အတိဥဂ္ဂတာ၊ အစ္စဂ္ဂတာဟူသော ပုဒ်ကို အတိ+ဥဂ္ဂတာ ဟုပုဒ်ဖြတ်။
**အတိဗလတာ** တိ၊ အတိဗလတာဟူသည်ကား။
ပုနပ္ပုနံ ဘာသနေန အတိဗလသဘာဝါ၊ ထပ်ခါထပ်ခါ ပြောသဖြင့် အလွန်အား ရှိသော သဘောရှိသောတည်း။
**အတိဝေလံ ပဘာသိတာ** တိ၊ အတိဝေလီ ပဘာသိတာဟူသည်ကား။
အတိက္ကန္တဝေလာ၊ ကျော်လွန်သော အချိန်အခါရှိ သော။
ပမာဏာတိက္ကမေန ဘာသိတာ၊ ပမာဏကျော်လွန်သဖြင့် ပြောဆိုအပ်သော စကားတည်း။
**တိတ္တိရံ ဝါတိဝဿိတန္တိ**၊ တိတ္တိရံ ဝါတိဝဿိတံဟု သည်ကား။
တိတ္တိရံ အတိဝဿိတံ၊ ခါကို အလွန်တွန်ခြင်းသည်။
ဟနတိ ယတာ၊ သတ်ဘိသကဲ့သို့။
တထာ ဧဝရူပါ ဝါစာ၊ ထို့အတူ ဤသို့ သဘောရှိသော သည်။
ဒုမ္မေဓံ ဗာလပုဂ္ဂလံ၊ ပညာမဲ့သော ဗာလပုဂ္ဂိုလ်ကို။
ဟနတိ၊ သတ်တတ်၏ တည်း။
ဣတိ၊ ဤကား ဂါထာဖွင့် အပြီးတည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။
ဣသိဂဏဿ ဩဝါဒံ ဒတွာ၊ ရသေ့အပေါင်းအား ဩဝါဒကို ပေး၍။
စတ္တာရော ဗြဟ္မဝိဟာရေ ဘာဝေတွာ၊ လေးပါးကုန်သော ဗြဟ္မဝိဟာရတရားတို့ကို ဖြစ်စေ၍။
ဗြဟ္မလောကပရာယဏော အဟောသိ၊ ဗြဟ္မာ့ပြည်လျှင်လည်းလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“ဘိက္ခဝေ ကောကာလိကော၊ အို.. ရဟန်တို့ ကောကာလိကသည်။
ဣဒါနေ၊ ယခုအခါ၌သာ။
အတ္တနော ဝစနံ၊ မိမိ၏ စကား ကို။
နိဿာယ န နဋ္ဌော၊ မှီ၍ ပျက်စီးသည် မဟုတ်သေး။
ပုဗ္ဗေပိ နဋ္ဌောယေဝ၊ ရှေးကလည်း ပျက်စီးဖူးသည်သာ”။
ဣတိ ဝတွာ၊ ဤသို့ မိန့်တော်မူ၍။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ မုခရ တာပသော၊ ထိုရှေးအခါက စကားများလွန်းသော ရသေ့သည်။
ကောကာလိကော အဟောသိ၊ ကောကာလိကသည် ဖြစ်လာပြီ။
ဣသိဂဏော ဗုဒ္ဓပရိသာ၊ ရသေ့ အပေါင်းကား ငါဘုရားပရိသတ်တည်း။
ဂဏသတ္ထာ ပန၊ ဂိုဏ်းဆရာ ရသေ့သည် ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာလျှင် ဖြစ်လာပြီ” ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
တိတ္တိရဇာတကဝဏ္ဏနာ သတ္တမာ၊ ခုနစ်ခုမြောက်ဖြစ်သော တိတ္တိရဇာတ်အဖွင့်တည်း။