Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[13] 3. Kaṇḍijātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဓိရတ္ထု ကဏ္ဍိနံ သလ္လန္တိ** ဣဒံ၊ ဓိရတ္ထု ကဏ္ဍိနံ သလ္လံ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ပုရာဏဒုတိယိကာပလောဘနံ အာရဗ္ဘ ကထေသိ၊ မယားဟောင်း ဖြားယောင်းမှုကို အကြောင်းပြု၍ ဟောတော်မူပြီ။
တံ အဋ္ဌကနိပါတေ၊ ထိုမယားဟောင်းဖြားယောင်းမှုသည် အဋ္ဌကနိပါတ်၌။ ဣန္ဒြိယဇာတကေ အာဝိဘဝိဿတိ၊ ဣန္ဒြိယဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။
ဘဂဝါ ပန တံ ဘိက္ခုံ၊ ဘုရားရှင်သည်ကား မယားဟောင်းဖြားယောင်းခံရသော ထိုရဟန်းကို။ "ဘိက္ခု ပုဗ္ဗေပိ တွံ၊ ရဟန်း ရှေး၌လည်း သင်ရဟန်းသည်။ ဧတံ မာတုဂါမံ နိဿာယ၊ ဤမာတုဂါမကို မှီ၍။ ဇီဝိတက္ခယံ ပတွာ၊ အသက်ကုန်ခြင်းသို့ ရောက်၍။ ဝီတစ္စိတေသု အင်္ဂါရေသု ပက္ကောတိ၊ ကင်းသောအလျှံရှိကုန်သော မီးကျီခဲတို့၌ ကျက်ရပြီ (ကျက်အောင် အကင်ခံရပြီ)"ဟူသော။ ဧတံ အဝေါစ၊ ဤစကားကို မိန့်တော်မူပြီ။
ဘိက္ခူ တဿတ္ထဿ အာဝိဘာဝတ္ထာယ၊ ရဟန်းတို့သည် ထိုအကြောင်းအရာ၏ ထင်စွာဖြစ်ခြင်းအကျိုးငှာ။ ဘဂဝန္တံ ယာစိံသု၊ ဘုရားရှင်ကို တောင်းပန်ကုန်ပြီ။ ဘဂဝါ ဘဝန္တရေန၊ ဘုရားရှင်သည် ဘဝတစ်ပါးဖြင့်။ ပဋိစ္ဆန္နကာရဏံ ပါကဋံ အကာသိ၊ ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်ရှားစွာ ပြုတော်မူပြီ။
ပန ဣတော ပရံ၊ မှာထားပါရစေ ဤကဏ္ဍိဇာတ်မှ နောက်၌ကား။ ဘိက္ခူနံ ယာစနံ၊ ရဟန်းတို့၏ ဟောရန်တောင်းပန်မှုကိုလည်းကောင်း။ ဘဝန္တရပဋိစ္ဆန္နတဉ္စ အဝတွာ၊ ဘဝတစ်ပါးဖုံးလွှမ်းအပ်သည်၏ အဖြစ်ကိုလည်းကောင်း မဆိုမူ၍။ အတီတံ အာဟရီတိ၊ အတိတ်အကြောင်းအရာကို ဆောင်ပြဟောတော်မူပြီဟူသော။ ဧတ္တကမေဝ ဝက္ခာမ၊ ဤမျှကိုသာ ငါ့တို့ဆိုကုန်အံ့။ ဧတ္တကေ ဝုတ္တေပိ၊ ဤမျှကို ဆိုအပ်သော်လည်း။ ယာစနဉ္စ ဝလာဟကဂဗ္ဘတော၊ ဟောဖို့ ရဟန်းတို့ တောင်းပန်ခြင်းကိုလည်းကောင်း တိမ်တိုက်တွင်းမှ။ စန္ဒနီဟရဏူပမာယ၊ လမင်းကို ထုတ်ဆောင်သော ဥပမာဖြင့်။ ဘဝန္တရပဋိစ္ဆန္နကာရဏဘာဝေါ စ၊ ဘဝတစ်ပါးဖုံးလွှမ်းအပ်သော အကြောင်းအရာအဖြစ်ကိုလည်းကောင်း။ ဣတိ သဗ္ဗံ ဧတံ၊ ဤသို့စသော အလုံးစုံသော ထိုအကြောင်းအရာကို။ ဟေဋ္ဌာ ဝုတ္တနယေနေဝ၊ အောက်ခေါ်သော ရှေးက ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်သာလျှင်။ ယောဇေတွာ ဝေဒိတဗ္ဗံ၊ ယှဉ်စပ်၍ သိပါလေ။
အတီတေ မဂဓရဋ္ဌေ၊ လွန်လေပြီးသောအခါ မဂဓတိုင်းနိုင်ငံ၌။ ရာဇဂဟေ မဂဓရာဇာ၊ ရာဇဂြိုဟ်မြို့၌ မဂဓမင်းသည်။ ရဇ္ဇံ ကာရေသိ၊ မင်းအဖြစ်ကို ပြုပြီ။
မဂဓဝါသိကာနံ သဿသမယေ၊ မဂဓတိုင်းနေလူတို့၏ ကောက်စပါးမှည့်ရာအခါ၌။ မိဂါနံ မဟာပရိပန္ထော ဟောတိ၊ သားသမင်တို့အား ကြီးစွာသော ဘေးသည် ဖြစ်၏။
တေ အရညေ၊ ထိုသားသမင်တို့သည် တောက။ ပဗ္ဗတပါဒံ ပဝိသန္တိ၊ တောင်ခြေသို့ ဝင်ကုန်၏။
တတ္ထ ဧကော၊ ထိုသမင်တို့တွင် တစ်ကောင်သော။ အရညဝါသီ ပဗ္ဗတေယျမိဂေါ၊ တော၌သာ နေလေ့နေထရှိသော တောင်ခြေပေါက်ဖွားသော သမင်သည်။ ဧကာယ ဂါမန္တဝါသိနိယာ၊ တစ်ကောင်သော ရွာနီးချုပ်စပ်၌ နေလေ့နေထရှိသော။ မိဂပေါတိကာယ သဒ္ဓိံ၊ သမင်မကလေးနှင့် အတူ။ သန္ထဝံ ကတွာ၊ ပေါင်းဖော်မှုကို ပြု၍။ တေသံ မိဂါနံ၊ ရွာနီးချုပ်စပ် နေလေ့နေထရှိကြသော ထိုသမင်တို့၏။ ပဗ္ဗတပါဒတော ဩရုယှ၊ တောင်ခြေမှ ဆင်း၍။ ပုန ဂါမန္တံ ဩတရဏကာလေ၊ တစ်ဖန် ရွာနီးချုပ်စပ်သို့ သက်ဆင်းရာကာလ၌။ မိဂပေါတိကာယ ပဋိဗဒ္ဓစိတ္တတ္တာ၊ သမင်မကလေး၌ စွဲလမ်းသော စိတ်ရှိသည့် အဖြစ်ကြောင့်။ တေဟိ သဒ္ဓိံယေဝ ဩတရိ၊ ထိုရွာနီးချုပ်စပ်နေလေ့ရှိသော သမင်တို့နှင့်အတူသာ ဆင်းလိုက်လာပြီ။
အထ နံ သာ၊ ဆင်းလိုက်လာရာ ထိုအခါ၌ ထိုတောင်ခြေဖွားသမင်ကို ထိုရွာနီးချုပ်စပ်နေလေ့ရှိသော သမင်မလေးသည်။
"အယျ တွံ ခေါ၊ အရှင် အရှင်သည်ကား။ ပဗ္ဗတေယျော ဗာလမိဂေါ အသိ၊ တောင်ခြေဖွား၍ ရွာနီးချုပ်စပ် နားမလည်သောသမင်သည် ဖြစ်၏။ ဂါမန္တော စ နာမ သာသင်္ကော သပ္ပဋိဘယော၊ ရွာနီးချုပ်စပ်မည်သည်လည်း သံသယရှိရာ၏ ဘေးအန္တရာယ် ရှိ၏။ အမှေဟိ သဒ္ဓိံ၊ ကျွန်မတို့နှင့်အတူ။ မာ ဩတရီတိ အာဟ၊ ဆင်းမလိုက်ပါနှင့်"ဟု ပြောပြီ။
သော တဿာ ပဋိဗဒ္ဓစိတ္တတ္တာ၊ ထိုတောင်ခြေဖွား သမင်သည် ထိုသမင်မလေး၌ စွဲလမ်းသော စိတ်ရှိသည့်အဖြစ်ကြောင့်။ အနိဝတ္တိတွာ သဒ္ဓိံယေဝ အဂမာသိ၊ နောက်ပြန်မဆုတ်မူ၍ အတူသာ လိုက်သွားပြီ။
မဂဓဝါသိနော၊ မဂဓတိုင်းနေလူတို့သည်။ ဣဒါနိ မိဂါနံ၊ ယခုအခါ သားသမင်တို့၏။ ပဗ္ဗတပါဒါ ဩတရဏကာလောတိ ဉ တွာ၊ တောင်ခြေမှ ဆင်းရာအခါတည်းဟု သိ၍။ မဂ္ဂေ ပဋိစ္ဆန္နကောဋ္ဌကေသု တိဋ္ဌန္တိ၊ သမင်တို့ဆင်းလာရာလမ်း၌ ဖုံးကွယ်ရာချုံပုတ်တို့၌ တည်နေကုန်၏။
တေသမ္ပိ ဒွိန္နံ အာဂမနမဂ္ဂေ၊ ထိုသမင်နှစ်ကောင်တို့၏လည်း လာရာလမ်း၌။ ဧကော လုဒ္ဒကော ပဋိစ္ဆန္နကောဋ္ဌကေ၊ မုဆိုးတစ်ယောက်သည် ဖုံးကွယ်ရာ ချုံပုတ်၌။ ဌိတော ဟောတိ၊ တည်နေသည် ဖြစ်၏။
မိဂပေါတိကာ မနုဿဂန္ဓံ ဃာယိတွာ၊ သမင်မလေးသည် လူအနံ့ကို နံ့၍, ရ၍။ ဧကော လုဒ္ဒကော ဌိတော ဘဝိဿတီတိ၊ မုဆိုးတစ်ယောက်သည် တည်နေသည် ဖြစ်လိမ့်မည်ဟု တွေး၍။ တံ ဗာလမိဂံ ပုရတော ကတွာ၊ ရွာနီးချုပ်စပ်နားမလည်သော ထိုသမင်ကို ရှေ့မှပြု၍။ သယံ ပစ္ဆတော အဟောသိ၊ ကိုယ်တိုင်ကား နောက်မှ ဖြစ်ပြီ။
လုဒ္ဒကော ဧကေနေဝ သရပ္ပဟာရေန၊ မုဆိုးသည် တစ်ချောင်းတည်းသာ ဖြစ်သော ပစ်ခတ်အပ်သော မြားဖြင့်။ မိဂံ တတ္ထေဝ ပါတေတိ၊ တောင်ခြေဖွားသမင်ကို မြားမှန်ရာ ထိုအရပ်၌ပင် လဲကျစေ၏။
မိဂပေါတိကာ တဿ၊ သမင်မလေးသည် ထိုတောင်ခြေဖွားသမင်၏။ ဝိဒ္ဓဘာဝံ ဉ တွာ၊ မြားမှန်ကြောင်းကို သိ၍။ ဥပ္ပတိတွာ ဝါတဂတိယာဝ ပလာယိ၊ ခုန်လွှား၍ လေအသွားဖြင့်သာလျှင် ပြေးပြီ။
လုဒ္ဒကော ကောဋ္ဌကတော နိက္ခမိတွာ၊ မုဆိုးသည် ချုံပုတ်မှ ထွက်၍။ မိဂံ ဩက္ကန္တိတွာ၊ သမင်ကို အတွင်းသား ခုတ်ဖြတ်၍။ အဂ္ဂိံ ကတွာ၊ မီးကိုပြု၍, ဖို၍။ ဝီတစ္စိတေသု အင်္ဂါရေသု၊ အခိုးအလျှံကင်းကုန်သော မီးကျီးခဲတို့၌။ မဓုရမံသံ ပစိတွာ ခါဒိတွာ၊ ချိုသောအသားကို ကင်၍ စား၍။ ပါနီယံ ပိဝိတွာ၊ သောက်‌ရေကို သောက်၍။ အဝသေသံ ပဂ္ဃရန္တေဟိ လောဟိတဗိန္ဒူဟိ၊ ကျန်အသားကို တစက်စက် ယိုထွက်ကုန်သော သွေးပေါက်တို့ ရှိကုန်၍။ ကာဇေန အာဒါယ၊ ထမ်းပိုးဖြင့် ထမ်းယူ၍။ ဒါရကေ တောသေန္တော၊ သားငယ်သမီးငယ်တို့ကို နှစ်သက်စေလျက်။ ဃရံ အဂမာသိ၊ အိမ်သို့ ပြန်သွားပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ၌ ဘုရားလောင်းသည်။ တသ္မိံ ဝနသဏ္ဍေ ရုက္ခဒေဝတာ၊ ထိုတောအုပ်၌ ရုက္ခစိုးနတ်သည်။ ဟုတွာ နိဗ္ဗတ္တော ဟောတိ၊ ဖြစ်၍ ဖြစ်သည် ဖြစ်၏ (ဖြစ်မှဖြစ် မွန်ပြည်နယ်သုံး စကားလုံး)။
သော တံ ကာရဏံ ဒိသွာ၊ ထိုဘုရားလောင်း ရုက္ခစိုးနတ်သည် သမင်မလေးကို စွဲလမ်း၍ ထိုသမင် သေရကြောင်းကို တွေ့မြင်ရ၍။ "ဣမဿ ဗာလမိဂဿ မရဏံ၊ ဤသမင်အ,အ အမိုက်၏ သေရခြင်းသည်။ မာတရံ နိဿာယ နေဝ၊ အမိကို မှီ၍ မဟုတ်သည်သာ။ ပိတရံ နိဿာယ န၊ အဖကို မှီ၍ မဟုတ်။ အထ ခေါ ကာမံ နိဿာယ၊ အဟုတ်သော်ကား ကာမကို မှီ၍သာတည်း။
ဟိ ကာမနိမိတ္တံ သတ္တာ၊ မှန်၏ ကာမဟူသော အကြောင်းကြောင့် သတ္တဝါတို့သည်။ သုဂတိယံ ဟတ္ထစ္ဆေဒါဒိကံ ဒုက္ခံ၊ သုဂတိဘုံ၌ လက်ဖြတ်ခံရခြင်းစသော ဆင်းရဲသို့ လည်းကောင်း။ ဒုဂ္ဂတိယဉ္စ ပဉ္စဝိဓဗန္ဓနာဒိနာနပ္ပကာရကံ၊ ဒုဂ္ဂတိဘုံ၌ကား လက်နှစ်ဘက်, ခြေနှစ်ဘက်, ရင်ဘတ်တို့၌ လောလောပူသံစို့ ရိုက်နှက်ခြင်းဟူသော အနှောင်အဖွဲ့ငါးမျိုးရှိသည့် အထူးထူးအပြားပြားသော။ ဒုက္ခံ ပါပုဏန္တိ၊ ဆင်းရဲသို့လည်းကောင်း ရောက်ရကုန်၏။ ပရေသံ မရဏဒုက္ခုပ္ပါဒနမ္ပိ နာမ၊ သူတစ်ပါးတို့ကို သေရမှုဆင်းရဲ ဖြစ်စေခြင်းမည်သည်ကိုလည်း။ ဣမသ္မိံ လောကေ ဂရဟိတမေဝ၊ ဤလောက၌ ကဲ့ရဲ့ထိုက်သည်သာ။
ယံ ဇနပဒံ မာတုဂါမော ဝိစာရေတိ အနုသာသတိ၊ အကြင်ဇနပုဒ်ကို (တိုင်းဒေသကြီးကို) မာတုဂါမသည် စီရင်၏, ဆုံးမသင်ပြ၏။ ဣတ္ထိပရိဏာယကော သော ဇနပဒေါပိ ဂရဟိတော ယေဝ၊ မိန်းမဦးဆောင်သော ထိုဇနပုဒ်ကိုလည်း ကဲ့ရဲ့ထိုက်သည်သာ။
မာတုဂါမဿ ဝသံ၊ မာတုဂါမ၏ အလိုသို့။ ယေ သတ္တာ ဂစ္ဆန္တိ၊ အကြင်သတ္တဝါတို့သည် လိုက်သွားကုန်၏။ တေပိ ဂရဟိတာယေဝါတိ၊ မ,အလိုလိုက်သော ထိုသတ္တဝါတို့ကိုလည်း ကဲ့ရဲ့ထိုက်ကုန်သည်သာ"ဟု။ ဧကာယ ဂါထာယ၊ တစ်ဂါထာတည်းဖြင့်။ တီဏိ ဂရဟဝတ္ထူနိ ဒဿေတွာ၊ ကဲ့ရဲ့ဖွယ်အရာဝတ္ထု သုံးမျိုးတို့ကို ဖော်ပြ၍။ ဝနဒေဝတာသု သာဓုကာရံ ဒတွာ၊ တောစောင့်နတ်တို့သည် ကောင်းချီးကို ပေး၍။ ဂန္ဓပုပ္ဖါဒီဟိ ပူဇယမာနာသု၊ နံ့သာ,ပန်း စသည်တို့ဖြင့် ပူဇော်ကြကုန်သော်။ မဓုရေန သရေန၊ သာယာချိုမြိန်လှစွာသော အသံဖြင့်။ တံ ဝနသဏ္ဍံ ဥန္နာဒေန္တော၊ ထိုတောအုပ်ကို ပဲ့တင်ထပ်စေလျက်။ ဣမာယ ဂါထာယ၊ ဤဂါထာဖြင့်။ ဓမ္မံ ဒေသေသိ၊ တရားကို ဟောပြီ။ ဂါထာအနက်ကား--
၁၃။ "သလ္လံ ကဏ္ဍိနံ၊ စူးဝင်တတ်သည့် မြားရှိသော။ ဂါဠှဝေဓိနံ ပုရိသံ၊ ပြင်းထန်စွာ ပစ်ဖောက်တတ်သော ယောကျ်ား၏။ ဓီ အတ္ထု၊ စက်ဆုပ်ဖွယ်သည် ဖြစ်စွတကား။
ယတ္ထ ဣတ္ထီ ပရိဏာယိကာ၊ အကြင်ဇနပုဒ်၌ မိန်းမသည် ခေါင်းဆောင်၏။ တံ ဇနပဒံ ဓီ အတ္ထု၊ မိန်းမခေါင်းဆောင်သည့် ထိုဇနပုဒ်၏ စက်ဆုပ်ဖွယ်သည် ဖြစ်စွတကား။
ယေ ဣတ္ထီနံ ဝသံ ဂတာ၊ အကြင်သူတို့သည် မိန်းမတို့၏ အလိုသို့ လိုက်သွားကုန်၏။ တေ စာပိ သတ္တာ ဓိက္ကိတာ၊ မ,အလိုလိုက်သည့် ထိုသတ္တဝါတို့သည်လည်း ကဲ့ရဲ့ထိုက်ကုန်စွတကား"။
တတ္ထ၊ ထိုဂါထာ၌။ **ဓိရတ္ထူ**တိ၊ ဓိရတ္ထုဟူသော သဒ္ဒါသည်။ ဂရဟဏတ္ထေ နိပါတော၊ ကဲ့ရဲ့ခြင်းအနက်၌ နိပါတ်ပုဒ်တည်း။ သွာယံ ဣဓ၊ ထိုဓိရတ္ထုနိပါတ်ပုဒ်ကို ဤနေရာ၌။ ဥတ္တာသုဗ္ဗေဂဝသေန ဂရဟဏေ ဒဋ္ဌဗ္ဗော၊ ထိတ်မှု, လန့်မှု, အစွမ်းအားဖြင့် ကဲ့ရဲ့ခြင်း၌ မှတ်ထိုက်၏။
ဟိ ဥတ္တသိတုဗ္ဗိဂ္ဂေါ ဟောန္တော၊ မှန်၏ ထိတ်လန့်သည် ဖြစ်သော။ ဗောဓိသတ္တော ဧဝံ အာဟ၊ ဘုရားလောင်းရုက္ခစိုးနတ်သည် ဤသို့ ဓိရတ္ထုဟူ၍ ဆိုပြီ။
အဿ ကဏ္ဍံ အတ္ထိ၊ ထိုသူအား မြားသည်ရှိ၏။ ဣတိ ကဏ္ဍီ၊ ထို့ကြောင့် ကဏ္ဍီမည်၏။ တံ ကဏ္ဍိနံ၊ ထိုမြားရှိသူ၏။
တံ ပန ကဏ္ဍံ အနုပဝိသနဋ္ဌေန၊ ထိုမြားကိုကား အစဉ်တစိုက် စူးဝင်တတ်သော အနက်ကြောင့်။ သလ္လန္တိ ဝုစ္စတိ၊ သလ္လဟူ၍ ခေါ်ဆိုအပ်၏။ တသ္မာ၊ ထို့ကြောင့်။ ကဏ္ဍိနံ သလ္လန္တိ ဧတ္ထ၊ ကဏ္ဍိနံ သလ္လံ ဟူသော ဤပါဌ်၌။ သလ္လကဏ္ဍိနန္တိ အတ္ထော၊ စူးဝင်တတ်သည့် မြားရှိသောဟူသည့် အနက်သည်။ (ဟောတိ၊ ဖြစ်၏)။
ဝါ အဿ သလ္လံ၊ တစ်နည်းကား ထိုသူအား မြားသည်။ အတ္ထိ ဣတိပိ သလ္လော၊ ရှိ၏ ထို့ကြောင့်လည်း သလ္လမည်၏။ တံ သလ္လံ၊ ထိုမြားရှိသူ၏။
မဟန္တံ ဝဏမုခံ ကတွာ၊ ကြီးစွာသော အနာဝကို ပြု၍။ ဗလဝပ္ပဟာရံ ဒေန္တော၊ အားကြီးသော ထိခိုက်ခြင်းကို ပေးလျက်။ ဂါဠှံ ဝိဇ္ဈတိ၊ ပြင်းထန်စွာ ပစ်တတ်၏။ ဣတိ ဂါဠှဝေဓီ၊ ထို့ကြောင့် ဂါဠှဝေဓီမည်၏။ တံ **ဂါဠှဝေဓိနံ**၊ ထိုပြင်းထန်စွာ ပစ်တတ်သူ၏။ (ဓိရတ္ထု၊ စက်ဆုပ်ဖွယ်ဖြစ်စွတကား)။
နာနပ္ပကာရေန ကဏ္ဍေန၊ အထူးထူးအပြားပြားသော မြားနှင့်လည်းကောင်း။ ကုမုဒပတ္တသဏ္ဌာနထလေန၊ ကြာဖြူပွင့်ချပ်ပုံသဏ္ဌာန် အစွန်အဖျားရှိသော။ ဥဇုကဂမနေနေဝ သလ္လေန စ၊ ဖြောင့်ဖြောင့်သွားသည်သာ ဖြစ်သော မြားနှင့်လည်းကောင်း။ သမန္နာဂတံ၊ ပြည့်စုံသော။ ဂါဠှဝေဓိနံ ပုရိသံ၊ ပြင်းထန်စွာ ပစ်တတ်သော ယောကျ်ား၏။ ဓိရတ္ထု၊ စက်ဆုပ်ဖွယ် ဖြစ်စွတကား။ ဣတိ အယံ၊ ဤသည်ကား။ ဧတ္ထ အတ္ထော၊ ဤဂါထာ၌ အနက်တည်း။
**ပရိဏာယိကာ**တိ၊ ပရိဏာယိကာ ဟူသည်ကား။ ဣဿရာ သံဝိဓာယိကာ၊ အစိုးရ၏ စီမံ၏။
ဓိက္ကိတာတိ ဂရဟိတာ၊ ဓိက္ကိတာ ဟူသည်ကား ကဲ့ရဲ့ထိုက်ကုန်၏။
သေသံ ဧတ္ထ ဥတ္တာနတ္ထမေဝ၊ ကျန်သောပုဒ်သည် ဤနောက်ဂါထာဝက်၌ ပေါ်လွင်သော အနက်ရှိသည်သာ။
ဣတော ပရံ ပန၊ ဤကဏ္ဍိဇာတ်မှ နောက်၌ကား။ ဧတ္တကမ္ပိ အဝတွာ၊ ဤမျှကိုပင်သော်လည်း မဆိုမူ၍။ ယံ ယံ အနုတ္တာနံ၊ အကြင်အကြင်ပုဒ်သည် မပေါ်လွင်။ တံ တဒေဝ ဝဏ္ဏယိဿာမ၊ ထိုထိုမပေါ်လွင်သော ပုဒ်ကိုသာ ငါအဋ္ဌကထာဆရာတို့ ဖွင့်ကြတော့အံ့။
ဧဝံ ဧကာယ ဂါထာယ၊ ဤသို့ တစ်ဂါထာတည်းဖြင့်။ တီဏိ ဂရဟဝတ္ထူနိ ဒဿေတွာ၊ ကဲ့ရဲ့ဖွယ် အကြောင်းအရာသုံးခုတို့ကို ဖော်ပြ၍။ ဗောဓိသတ္တော ဝနံ ဥန္နာဒေတွာ၊ ဘုရားလောင်း ရုက္ခစိုးသည် တစ်တောလုံးကို ပဲ့တင်ထပ်စေ၍။ ဗုဒ္ဓလီလာယ ဓမ္မံ ဒေသေသိ၊ ဘုရားတို့စံပယ်ခြင်းဖြင့် တရားကို ဟောပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။ သစ္စပရိယောသာနေ ဥက္ကဏ္ဌိတဘိက္ခု၊ သစ္စာပြပြီးသည့်အဆုံး၌ သာသနာတော်ဝယ် ငြီးငွေ့သော ရဟန်းသည်။ သောတာပတ္တိဖလေ ပတိဋ္ဌဟိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သတ္ထာ ဒွေဝတ္ထူနိ ကထေတွာ၊ ဘုရားရှင်သည် ဝတ္ထုနှစ်ခုတို့ကို ဟောတော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဣတော ပရံ ပန၊ ဤနေရာမှ နောက်၌ကား။ ဒွေ ဝတ္ထူနိ ကထေတွာတိ ဣဒံ အဝတွာ၊ ဒွေ ဝတ္ထူနိ ကထေတွာ ဟူသော ဤစကားကိုပင် မဆိုမူ၍။ အနုသန္ဓိံ ဃဋေတွာတိ ဧတ္တကမေဝ ဝက္ခာမ၊ အနုသန္ဓိံ ဃဋေတွာဟူသော ဤစကားမျှကိုသာ ဆိုကုန်အံ့။ ပန အဝုတ္တမ္ပိ၊ အနုသန္ဓိံ ဃဋေတွာမျှကိုသာ ဆိုသော်လည်း ဒွေ ဝတ္ထူနိ ကထေတွာကို မဆိုအပ်သော်လည်း။ ဟေဋ္ဌာ ဝုတ္တနယေနေဝ၊ အောက်ခေါ်သော ရှေး၌ဆိုအပ်သောနည်းဖြင့်သာ။ ယောဇေတွာ ဂဟေတဗ္ဗံ၊ ယှဉ်စပ်၍ ယူရမည် ယူပါလေ။
တဒါ ပဗ္ဗတေယျမိဂေါ၊ ထိုအခါက တောင်ခြေပေါက်ဖွား တောသမင်သည်။ ဥက္ကဏ္ဌိတဘိက္ခု အဟောသိ၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် ဖြစ်လာပြီ။ မိဂပေါတိကာ ပုရာဏဒုတိယိကာ၊ သမင်မလေးသည်ကား မယားဟောင်းတည်း။ ကာမေသု ဒေါသံ ဒဿေတွာ၊ ကာမတို့၌ အပြစ်ကို ပြ၍။ ဓမ္မဒေသကဒေဝတာ ပန၊ တရားဟောသော ရုက္ခစိုးနတ်သားသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီဟု ဇာတ်ပေါင်းတော်မူပြီ။
**ကဏ္ဍိဇာတကဝဏ္ဏနာ တတိယာ**၊ **သုံးခုမြောက် ဖြစ်သော ကဏ္ဍိဇာတ်အဖွင့်တည်း။**