Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[133] 3. Ghatāsanajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ခေမံ ယဟိန္တိ** ဣဒံ၊ ခေမံ ယတိံ အစရှိသော ဤတရားဒေသနာတော်ကို။ သတ္တာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ အညတရံ ဘိက္ခုံ၊ အညတရဖြစ်သော ရဟန်းကို။ အာ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ သော ဘိက္ခု၊ ချဲ့ပြောရသော် ထိုရဟန်းသည်။ သတ္တု သန္တိကေ၊ ဘုရားရှင်၏ အထံ၌။ ကမ္မဋ္ဌာနံ ဂဟေတွာ၊ ကမ္မဋ္ဌာန်းကို ယူ၍။ ပစ္စန္တံ ဂန္တွာ၊ ပစ္စန္တရာဇ်သို့ သွား၍။ ဧကံ ဂါမကံ ဥပနိဿာယ၊ တစ်ခုသော ရွာငယ်ကို အမှီပြု၍။ အရညသေနာသနေ၊ တောရကျောင်း၌။ ဝဿံ ဥပဂဉ္ဆိ၊ ဝါသို့ ကပ်ရောက်ပြီ။
ပဌမမာသေယေဝ ပိဏ္ဍာယ၊ ဝါဆိုရာ ပဌမလ၌ပင် ဆွမ်းအကျိုးငှာ။ ပဝိဋ္ဌဿ တဿ၊ ဝင်ရောက်နေသော ထိုရဟန်း၏။ ပဏ္ဏာသာလာ ဈာယိတ္ထ၊ သစ်ရွက်မိုးကျောင်းသည် မီးလောင်ပြီ။
သော ဝသန ဌာနာဘာဝေန၊ ထိုရဟန်းသည် နေရာဌာန မရှိခြင်းကြောင့်။ ကိလမန္တော၊ ပင်ပန်းရကား။ ဥပဋ္ဌာကာနံ အာစိက္ခိ၊ အလုပ်အကျွေး လူတို့အား ပြောကြားပြီ။
တေ၊ ထိုအလုပ် အကျွေးလူတို့သည်။ “ဟောတု ဘန္တေ၊ ရှိပါစေ အရှင်ဘုရား။ ပဏ္ဏသာလံ ကရိဿာမ၊ သစ်ရွက်မိုးကျောင်းကို ပြုကြပါမည်ဘုရား။ တာဝ ကသာမ၊ ထွန်နေဆဲဖြစ်ကြပါသည်ဘုရား။ တာဝ ပါမ၊ စိုက်ပျိုးနေဆဲဖြစ်ကြပါသည်”။ ဣတိ အာဒီနိ ဝဒန္တာ၊ ဤသို့ စသည်တို့ကို ပြောကြလျက်။ တေမာသံ ဝီတိနာမေသုံ၊ ဝါတွင်းသုံးလကို ကျော်လွန်စေကုန်ပြီ။
သော၊ ထိုရဟန်းသည်။ သေနာသန သပ္ပါယာဘာဝေန၊ သေနာသနသပ္ပါယမရှိခြင်းကြောင့်။ ကမ္မဋ္ဌာနံ မတ္ထကံ၊ ကမ္မဋ္ဌာန်းတရားကို အထွဋ်အထိပ်သို့။ ပါပေတုံ နာသက္ခိ၊ ရောက်စေခြင်းငှာ မစွမ်းနိုင်ပြီ။
သော နိမိတ္တမတ္တမ္ပိ အနုပ္ပါဒေတွာ၊ ထိုရဟန်းသည် အာရုံနိမိတ်မျှကို သော်လည်း မဖြစ်စေနိုင်မူ၍။ ဝုဋ္ဌဝသော ဇေတဝနံ ဂန္တွာ၊ ဝါကျွတ်သော် ဇေတဝန် ကျောင်းသို့ သွားပြီး၍။ သတ္ထာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုး၍။ ဧကမန္တံ နိသီဒိ၊ သင့်လျော်ရာက ထိုင်နေပြီ။
သတ္ထာ တေန သဒ္ဓိံ၊ ဘုရားရှင်သည် ထိုရဟန်းနှင့် အတူ။ ပဋိသန္တာရံ ကတွာ၊ ပျူငှာလောကဝတ်ကို ပြုတော်မူသော်။ “ဘိက္ခု တေ၊ အို. . ရဟန်း သင့်အား။ ကမ္မဋ္ဌာနံ သပ္ပါယံ၊ ကမ္မဋ္ဌာန်းသည် သင့်လျော်သည်။ ဇာတံ ကိ နု ခေါတိ ပုစ္ဆိ၊ ဖြစ်ပါရဲ့လား”ဟု မေးတော်မူပြီ။
သော အာဒိတော ပဋ္ဌာယ၊ ထိုရဟန်းသည် အစမှ စ၍။ အသပ္ပါယဘာဝံ ကထေသိ၊ မလျောက်ပတ် ကြောင်းကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ဘိက္ခု ခေါ ပုဗ္ဗေ၊ အို. . ရဟန်း စင်စစ် ရှေးက။ တိရစ္ဆာနာပိ အတ္တနော၊ တိရစ္ဆာန်တို့သည်သော် မှလည်း မိမိအား။ သပ္ပါယာသပ္ပါယံ ဉတွာ၊ သင့်လျော်သည် မသင့်လျော်သည်ကို သိ၍။ သပ္ပါယကာလေ ဝသိတွာ၊ သင့်လျော်ရာအခါ၌ နေကြ၍။ အသပ္ပါယ ကာလေ၊ မသင့်လျော်ရာအခါ၌။ ဝသနဋ္ဌာနံ ပဟာယ၊ နေရာဌာနကို ပယ်စွန့်၍။ အညတ္ထ အဂမံသု၊ အခြားနေရာသို့ သွားကြကုန်ပြီ။ တွံ ကသ္မာ၊ သင်သည် ဘာ့ကြောင့်။ အတ္တနော သပ္ပါယာသပ္ပါယံ၊ မိမိအား သင့်လျော်သည် မသင့်လျော် သည်ကို။ န အညာသီတိ ဝတွာ၊ မသိရသနည်း”ဟု မိန့်တော်မူ၍။ တေန ယာစိတော၊ ထိုရဟန်းသည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ သကုဏယောနိယံ နိဗ္ဗတ္တိတွာ၊ ငှက်မျိုး၌ ဖြစ်၍။ ဝိညုတံ ပတွာ၊ သိတတ်သော အရွယ်သို့ ရောက်၍။ သောဘဂ္ဂပ္ပတ္တော၊ တင့်တယ်မှုအစုသို့ ရောက်သော။ သကုဏရာဇာ ဟုတွာ၊ ငှက်မင်းသည် ဖြစ်၍။ ဧကသ္မိံ အရညာ ယတနေ၊ တစ်ခုသော တောအုပ်ကြီး၌။ ဇာတဿရတီရေ၊ ဇာတဿရအိုင် ကမ်းနား၌။ သာခါပိဋပသမ္ပန္နံ ဗဟလပတ္တပလာသံ၊ အခက်အခွနှင့်ပြည့်စုံသော ထူထဲသော ရွက်ရင့် ရွက်နုရှိသော။ မဟာရုက္ခံ ဥပနိဿာယ၊ သစ်ပင်ကြီးကို အမှီပြု၍။ သပရိဝါရော ဝါသံ ကပွေသိ၊ အခြံအရံနှင့်တကွ နေထိုင်ခြင်းကို ပြုပြီ။
ဗဟူ သကုဏာ၊ များစွာကုန်သော ငှက်တို့သည်။ တဿ ရုက္ခဿ ဥဒကမတ္တကေ၊ ထိုသစ်ပင်ကြီး၏ ရေအထက်၌။ ပတ္ထဋသာခါသု ဝသန္တာ၊ ဖြန့်ရောက်နေသော ကိုင်းတို့၌ နေကြသော်။ သရီရဝဠဉ္ဇံ၊ ကိုယ်အညစ်အကြေးကို။ ဥဒကေ ပါတေန္တိ၊ ရေ၌ ကျစေကုန်၏။
တသ္မိံ စ ဇာတဿရေ၊ ထိုဇာတဿရအိုင်၌လည်း။ စာ နာဂရာဇာ ဝသတိ၊ ကြမ်းတမ်းသော နဂါးမင်းသည် နေ၏။
တဿ၊ ထိုနဂါးမင်း အား။ “ဣမေ သကုဏာ မယှံ နိဝါသေ၊ ဤငှက်တို့သည် ငါ၏ နေထိုင်ရာ ဖြစ်သော။ ဇာတဿရေ သရီရဝဠဉ္ဇံ ပါတေန္တိ၊ ဇာတဿရအိုင်၌ ကိုယ် အညစ်အကြေးကို ကျစေကုန်၏။ အဟံ ဥဒကတော၊ ငါသည် ရေထဲမှ။ အဂ္ဂိံ ဥဋ္ဌာပေတွာ၊ မီးကို ထတောက်စေ၍။ ရုက္ခံ ဈာပေတွာ၊ သစ်ပင်ကို လောင်ကျွမ်း စေ၍။ ဧတေ ပလာပေယျံ ယံနူန ဣတိ၊ ဤငှက်တို့ကို ပျံသွားစေရပါမူကား ကောင်းလေစွ”ဟု။ ဧတံ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။
ဗုဒ္ဓမာနသော သော၊ စိတ်ဆိုးသော ထိုနဂါးမင်းသည်။ ရတ္တိဘာဂေ သဗ္ဗေသံ သကုဏာနံ၊ ညအဖို့၌ အားလုံးကုန်သော ငှက်တို့၏။ သန္နိပတိတွာ ရုက္ခသာခါသု၊ ကောင်းစွာ ကျရောက်စုဝေးကြ၍ သစ်ကိုင်းတို့၌။ နိပန္နကာလေ ပဌမံ၊ အိပ်ရာအချိန်၌ ရှေးဦးစွာ။ ဥဒ္ဓနာရောပိတံ ဝိယ ဥဒကံ၊ ခုံလောက်ပေါ်တင်ထားအပ်သကဲ့သို့ ရေကို။ တာ၀ ပက္ကုစာပေတွာ၊ ရှေးဦးစွာ ကျိုက်ကျိုက်ဆူပွက်စေ၍။ ဒုတိယဝါရေ ဓူမံ ဥဋ္ဌာပေတွာ၊ ဒုတိယအကြိမ်၌ အခိုးကို ထစေ၍။ တတိယဝါရေ တာလ က္ခန္ဓပ္ပမာဏံ၊ တတိယအကြိမ်၌ ထန်းလုံးပမာဏရှိသော။ ဇာလံ ဥဋ္ဌာပေသိ၊ မီးလျှံကို ထတောက်စေပြီ။
ဗောဓိသတ္တော ဥဒကတော၊ ဘုရားလောင်းသည် ရေထဲမှ။ ဇာလံ ဥဋ္ဌာဟမာနံ ဒိသွာ၊ မီးလျှံကို ထတောက်နေသည်ကို တွေ့ရ၍။ “ဘော သကုဏာ အဂ္ဂိနာ၊ အို. . ငှက်အပေါင်းတို့ မီးသည်။ အာဒိတ္တံ နာမ၊ တောက်လောင်အပ်သော ပစ္စည်းမည်သည်ကို။ ဥဒကေန နိဗ္ဗာပေန္တိ၊ ရေဖြင့် ငြိမ်း စေကြကုန်၏။ ဣဒါနိ ပန၊ ယခုအခါ၌ကား။ ဥဒကမေဝ အာဒိတ္တံ၊ ရေကပင် အလျှံပြောင်ပြောင်တောက် လောင်နေပြီ။
အမှေဟိ ဣမ၊ ငါတို့သည် ဤသစ်ပင်ကြီး၌။ ဝသိတုံ န၊ နေထိုင်ခြင်းငှာ မတတ်ကောင်း။ အညတ္ထ ဂမိဿာမာတိ ဝတွာ၊ အခြားနေရာသို့ သွားကြစို့”ဟု ပြောဆို၍။
ယတိံ ခေမံ၊ အကြင်ရေအပြင်၌ မီးဘေးကုန်၏။ တတ္ထ အရီ ဥဒီရိတော၊ မီးဘေးကုန်ရာ ထိုရေပြင်၌ ရန်သူမီးသည် ထတောက်လာပြီ။ ဒကဿ မဇ္ဈေ၊ ရေ၏ အလယ်က။ ဃတာသနော ဇလတေ၊ ထောပတ်စားသည့် မီးသည် တောက်လောင်နေ၏။
မဟိယာ မဟီရုဟေ၊ မြေပေါ်က သစ်ပင်၌။ အဇ္ဇ ဝါသော န၊ ယနေ့ ငါတို့နေရာသည် မရှိပြီ။ ဒိသာ ဘဇဝှေါ၊ အရပ်မျက်နှာ တို့သို့ ဆည်းကပ်ကြကုန်လော့။ သရဏာ အဇ္ဇ ကိုးကွယ်ရာမှ ယနေ့။ နော ဘယံ၊ ငါတို့အား ဘေးသည်။ (ဇာတံ၊ ဖြစ်ပေါ်လာပြီ)။
တတ္ထ၊ ထိုဂါထာ၌။ **ခေမံ ယဟိံံ တတ္ထ အရီ ဥဒီရိတော** တိ၊ ခေမံ ယဟိံ တတ္ထ အရီ ဥဒီရိတောဟူသည်ကား။ ယသ္မိံ ဥဒကပိဋ္ဌေ၊ အကြင်ရေပြင်၌။ ခေမဘာဝေါ၊ မီးဘေးကုန်သည့်အဖြစ်သည်။ နိဗ္ဘယဘာဝေါ၊ မီးဘေးမရှိသည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ တသ္မိံ၊ ထိုရေပြင်၌။ အတ္တပစ္စတ္တိကော၊ ရေဟူသောမိမိ၏ ဆန့်ကျင်ဘက်ဖြစ်သော။ သပတ္တော ဥဋ္ဌိတော၊ ရန်သူမီးသည် ထတောက်နေပြီ။
**ဒကဿာ** တိ၊ ဒကဿဟူသည်။ ဥဒကဿ၊ ရေ၏တည်း။
အဂ္ဂိ၊ မီးသည်။ **ဃတာသနော** တိ၊ ဃတာသနမည်၏။
ဟိ သော၊ အကြင်ကြောင့် ထိုမီးသည်။ ဃကံ အသွာတိ၊ ထောပတ်ကို စားတတ်၏။ တသ္မာ၊ ထို့ကြောင့်။ ယတာသနော တိ ဝုစ္စတိ၊ ဃတာသနဟု ခေါ်ဆိုအပ်၏။
**န အဇ္ဇ ဝါသော** တိ၊ န အဇ္ဇ ဝါသော ဟူသည်ကား။ အဇ္ဇ နော၊ ယနေ့ ငါတို့၏။ ပါသော နတ္ထိ၊ နေရာသည် မရှိပြီတည်း။
**မဟိယာ မဟီရုဟေ** တိ၊ မဟိယာ မဟိရဟေဟူသော ပါဌ်၌။ ရုက္ခော၊ သစ်ပင်ကို ။ မဟိရုဟောတိ ဝုစ္စတိ၊ မဟိရာဟု ခေါ်ဆိုအပ်၏။ ဣမိဿာ မဟိယာ ဇာတေ၊ ဤမြေပေါ်၌ ပေါက်နေသော။ တသ္မိံ ရုက္ခေ၊ ထိုသစ်ပင်၌။ ဣတိ အတ္တော၊ ဤကား မဟိယာ မဟီရုဟေအနက်တည်း။
** ဒိသာ ဘဇဝှေါ** တိ၊ ဒိသာ ဘဇဝှေါ ဟူသည်။ ဒိသာ ဘဇထ ဂစ္ဆထ၊ အရပ်မျက်နှာတို့သို့ ဆည်းကပ်ကြလော့ သွားကြလော့တည်း။
**သရဏာဇ္ဇ နော ဘယန္တိ**၊ သရဏာ'ဇ္ဇ နော ဘယံဟူသည်ကား။ အဇ္ဇ အမှာကံ၊ ယနေ့ ငါတို့အား။ သရဏတော ဘယံ ဇာကံ၊ မှီခိုရာမှ ဘေးသည် ဖြစ်လာပြီတည်း။ ပဋိသရဏဋ္ဌာနတော ဘယံ ဥပ္ပန္န၊ မှီခိုရာဌာနမှ ဘေးသည် ဖြစ်လာပြီ။ ဣတိ အတ္ထော၊ ဤကား သရဏာဇ္ဇ နော ဘယံအနက်တည်း။
ဧဝံ ဝတွာ ဗောဓိသတ္တော၊ ဤသို့ ပြောပြီး၍ ဘုရားလောင်းသည်။ အတ္တနော ဝစနကရေ၊ မိမိ၏ ပြောစကားပြုကျင့်လိုက်နာကုန်သော။ သကုဏေ အာဒါယ၊ ငှက်တို့ကို ခေါ်ယူ၍။ ဥပ္ပတိတွာ အညတ္ထ ဂတော၊ ပျံတက်၍ အခြားနေရာသို့ သွားပြီ။
ဗောဓိသတ္တဿ ဝစနံ၊ ဘုရားလောင်း၏ ပြောစကားကို။ အဂ္ဂဟေတွာ ဌိတသကုဏာ၊ မနာယူမူ၍ တည်နေကြသော ငှက်တို့သည်။ ဇီဝိတက္ခယံ ပတ္တာ၊ အသက်ကုန်ခြင်းသို့ ရောက်ကြပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေတွာ၊ သစ္စာတို့ကို ပြတော်မူပြီး၍။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။ သစ္စပရိယောသာနေ သော ဘိက္ခု၊ သစ္စာလေးပါးပြပြီးအဆုံး၌ ထိုရဟန်းတော်သည်။ အရဟတ္တေ ပတိဋ္ဌာသိ၊ ရဟန္တာအဖြစ်၌ တည်ပြီ။
တဒါ ဗောဓိသတ္တဿ၊ ထိုရှေးအခါက ဘုရားလောင်း၏။ ဝစနကရာ သကုဏာ၊ ပြောစကားပြုတတ်ကုန်သော ငှက်တို့သည်။ ဗုဒ္ဓပရိသာ အဟေသုံ၊ ဘုရားပရိသတ်တို့သည် ဖြစ်လာကုန်ပြီ။ သကုဏရာဇာပန၊ ငှက်မင်းသည်ကား။ အဟမေဝ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။ ဣတိ၊ ဤသို့ ဇာတ်ပေါင်းတော်မူပြီ။
ဃတာသနဇာတကဝဏ္ဏနာ တတိယာ၊ ဃတာသနဇာတ်အဖွင့်သည်တတိယတည်း။