**ယတ္တေ'ကော လဘတေ ဗဗ္ဗူ** တိ ဣဒံ၊ ယတ္ထေ'ကော လဘတေ ဗဗျ အစ ရှိသော ဤတရားဒေသနာ တော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင် သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ကာဏမာတုသိက္ခာပဒံ၊ ကာဏမာတုသိက္ခာပုဒ်ကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ သာဝတ္ထိယဉှိ၊ ချဲ့ပြောရသော် သာဝတ္ထိမြို့၌။
မီတုဝသေန ပါကဋနာမာ၊ သမီး၏ အစွမ်းဖြင့် ထင်ရှားသော နာမည်ရှိသော။
ကာဏမာတာ နာမ၊ ကာဏာ၏ မိခင်မည်သော။
သောတာပန္နာ အရိယသာဝိကာ၊ သောတာပန်ဖြစ်သော အရိယာတပည့်မဖြစ်သော။
ဥပါသိကာ အဟောသိ၊ ဥပါသိကာမရှိပြီ။
သာ ဂီတရံ ကာဏံ၊ ထိုဥပါသိကာမသည် သမီးဖြစ်သော ကာဏာကို။
အညတရသ္မိံ ဂါမကေ၊ အညတရဖြစ်သော ရွာငယ်က။
သမာနဇာတိကဿ၊ တူသော မျိုးရိုးဇာတ်ရှိသော။
ပုရိသဿ အဒါသိ၊ ယောက်ျားအား ပေးစားပြီ။
ကာဏာ ကေနစိဒေဝ ကရဏီယေန၊ သမီးကာဏာသည် တစ်စုံတစ်ခုသာလျှင် ဖြစ်သော ပြုဖွယ်ကိစ္စဖြင့်။
မာတုဃရံ အဂမာသိ၊ မိခင်၏အိမ်သို့ သွားပြီ။
အဿာ သာမိကော၊ ထိုအခါ ထိုကာဏာ၏ လင်သည်။
ကတိပါဟစ္စယေန၊ နှစ်ရက်သုံးရက်ကျော်သဖြင့်။
“ကာဏာ အာဂစ္ဆတု၊ ကာဏာသည် လာခဲ့ပါ။
ကာဏာယ အာဂမနံ၊ ကာဏာ၏ လာခြင်းကို။
ဣစ္ဆာမိ ဣတိ၊ လိုလား၏”ဟု။
ဒူတံ ပါဟေသိ၊ တမန်ကို စေလိုက်ပြီ။
ကာဏာ ဒူတဿ၊ ကာဏာသည် တမန်၏။
ဝစနံ သုတွာ၊ စကားကို ကြားရ၍။
အမ္မ ဂမိဿာမီတိ၊ အို. အမေ သွားမည်ဟု။
မာတရံ အာပုစ္ဆိ၊ မိခင်ကို ပန်ကြားပြီ။
ကာဏမာတာ၊ ကာဏာ၏မိခင်သည်။
“ဧတ္တကံ ကာလံ ဝသိတွာ၊ ဤမျှရှိသော ကာလပတ်လုံး နေပြီး၍။
တုစ္ဆဟတ္ထာဝ၊ အချီးနှီးသော လက်ရှိသည်သာဖြစ်၍။
ကထံ ဂမိဿသီတိ၊ ဘယ်မှာ သွားရ မည်နည်း”ဟုတွေး၍။
ပူဝံ ပစိ၊ မုန့်ကို ကြော်ပြီ။
တသ္မိံယေဝ ခဏေ၊ မုန့်ကြော်ရာ ထိုခဏမှာပင်။
ပိဏ္ဍစာရိကော ဧကော ဘိက္ခု၊ ဆွမ်းခံလှည့်လည်သော တစ်ပါး သော ရဟန်းသည်။
တဿာ နိဝေသနံ အဂမာသိ၊ ထိုကာဏမိခင်၏ အိမ်သို့ ရောက်သွားပြီ။
ဥပါသိကာ တံ၊ ကာဏမိခင်ဥပါသိကာမသည် ထိုဆွမ်းခံရဟန်းကို။
နိသီဒါပေတွာ၊ ထိုင်နေစေ၍။
ပတ္တပူရံ ပူဝံ ဒါပေသိ၊ သပိတ်အပြည့်ဖြစ်သော မုန့်ကို လှူစေပြီ။
သော ဘိက္ခု နိက္ခမိတွာ၊ ထိုရဟန်းသည် အိမ်မှထွက်ခဲ့၍။
အညဿ အာစိက္ခိ၊ အခြားဆွမ်းခံ ရဟန်းအား ပြောကြားပြီ။
တဿပိ တထေဝ ဒါပေသိ၊ ထိုနောက်ရဟန်းအားလည်း ထို့အတူပင် သပိတ်အပြည့် လှူစေပြီ။
သောပိ နိက္ခမိတွာ၊ ထိုရဟန်းသည်လည်း အိမ်မှထွက်ခဲ့၍။
အညဿ အာစိက္ခိ၊ အခြားဆွမ်းခံရဟန်းအား ပြောကြားပြန်ပြီ။
တဿပိ တထေဝ၊ ထိုဆွမ်းခံ ရဟန်းအားလည်း ထိုရှေးအတူပင်။
(ဒါပေသိ၊ သပိတ်အပြည့် လှူစေပြီ)။
ဣတိ ဧဝံ စတုန္န၊ ဤကဲ့သို့ လေးပါးကုန်သော။
ဇနာနံ ဒါပေသိရဟန်းတို့အား လှူစေပြီ။
ယထာပရိယတ္တံ ပူဝံ၊ အကြင်အကြင်စီရင်အပ်ပြီးသော မုန့်သည်။
ပရိက္ခယံ အဂမာသိ၊ ကုန်ခြင်းသို့ ရောက်သွားပြီ။
ကာဏာယ ဂမနံ န သမ္ပဇ္ဇိ၊ ကာဏာ၏ လင်အိမ်ပြန်သွားခြင်းသည် မဖြစ်ပြီ။
အထ အဿာ သာမိကော၊ ထိုအခါ ထိုကာဏာ၏ လင်သည်။
ဒုတိယမ္ပိ တတိယမ္ပိ၊ ဒုတိယအကြိမ်လည်းကောင်း တတိယအကြိမ်လည်းကောင်း။ ဒူ
တံ ပါဟေသိတမန်ကို စေပြီ။
တတိယံပါဟေန္တော စ၊ တတိယအကြိမ် တမန်စေသော်ကား။
“ကာဏာ သန္ဓေ နာဂစ္ဆိဿတိ၊ ကာဏာသည် အကယ်၍ မလာအံ့။
အဟံ အညံ ပဇာပတိ၊ ငါသည် အခြားသော မယားကို။
အာနေဿာမီတိ ပါဟေသိ၊ ဆောင်ယူမည်”ဟု။
တယော ဝါရေပိ၊ သုံးကြိမ်တို့တိုင်တိုင်လည်း။
တေနေဝ ဥပါယေန၊ စေလိုက်ပြီ။ ထိုနည်းဖြင့်ပင်။
ဂမနံ န သမ္ပဇ္ဇိ၊ သွားခြင်းသည် မဖြစ်ပြီ။
ကာဏာယ သာမိကော၊ ကာဏာ၏ လင်သည်။
အညံ ပဇာပတိ အာနေသိ၊ အခြားသော‘မယားကို ဆောင်ယူပြီ။
ကာဏာ တံ ပဝတ္ံ သုတွာ၊ ကာဏာသည် ထိုအဖြစ်ကို ကြားရ၍။
ရောဒမာနာ အဋ္ဌာသိ၊ ငိုလျက် တည်ပြီ။
သတ္ထာ တံ ကာရဏံ ဉတွာ၊ ဘုရားရှင်သည် ထိုအကြောင်းကို သိတော်မူ၍။
ပုဗ္ဗဏှသမယံ နိဝါသေတွာ၊ နံနက်အခါ၌ သင်းပိုင်ကို ပြင်ဝတ်တော်မူ၍။
ပတ္တစီဝရံ အာဒါယ၊ သပိတ်သင်္ကန်းကို ယူတော်မူ၍။
ကာဏမာတာယ နိဝေသနံ ဂန္တွာ၊ ကာဏာ၏မိခင်၏ အိမ်သို့ ကြွတော်မူ၍။
ပညတ္တာသနေ နိသီဒိတွာ၊ ခင်းထား အပ်သော နေရာ၌ ထိုင်တော်မူပြီး၍။
“ကိဿ အယံ ကာဏာ၊ အဘယ့်ကြောင့် ဤကာဏာသည်။
ရောဒတီတိ၊ ငိုနေရသနည်း”ဟု။
ကာဏမာတရံ ပုစ္ဆိ၊ ကာဏာ၏မိခင်ကို မေးတော်မူပြီ။
ဣမိနာ နာမ ကာရဏေနာတိ စ သုတွာ၊ ဤမည်သော အကြောင်းကြောင့်ပါဟုလည်း ကြားရ၍။
ကာဏမာတရံ သမဿာသေတွာ၊ ကာဏာ၏မိခင်ကို သက်သာရာရစေ၍။
ဓမ္မိ ကထံ ကထေတွာ၊ တရားရှိသော စကားကို ဟောကြားတော်မူ၍။
အာသနာ ဥဋ္ဌာယ၊ နေရာမှ ထတော်မူ၍။
ဝိဟာရံ အဂမာသိ၊ ကျောင်းတော်သို့ ကြွတော်မူပြီ။
အထ စတုန္နံ တေသံ ဘိက္ခူနံ၊ ထိုအခါ လေးပါးကုန်သော ထိုရဟန်းတို့၏။
တယော ဝါရေ၊ သုံးကြိမ်တို့တိုင်တိုင်။
ယထာပဋိယတ္တပူဝံ ဂဟေတွာ၊ အကြင် အကြင် စီရင်အပ်ပြီးသော မုန့်ကို အလှူခံ၍။
ကာဏာယ ဂမနဿ၊ ကာဏာ၏ လင့် အိမ်သွားမှု၏။
ဥပစ္ဆိန္နဘာဝေါ ဘိက္ခုသံယေ၊ ပြတ်စဲကြောင်းသည် ရဟန်း အပေါင်း၌။
ပါကဋာ ဇာဟော၊ ထင်ရှားသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
ဘိက္ခူ ဓမ္မသဘာယံ၊ ရဟန်းတို့သည် တရားသဘင်၌။
“အာဝုသော စတူဟိ ဘိက္ခုဟိ နာမ၊ အို. . ငါ့ရှင်တို့ လေးပါးကုန်သော ရဟန်းမည်သည် တို့သည်။
တယော ဝါရေ၊ သုံးကြိမ်တို့တိုင်တိုင်။
ကာဏမာတာယ၊ ကာဏာ၏ မိခင်၏။
ပက္ကပူဝံ ခါဒိတွာ၊ ကြော်ပြီးမုန့်ကို ကိုက်စားကြ၍။
ကာဏာယ၊ သမီးကာဏာ၏။
ဂမနန္တရာယံ ကတွာ၊ လင့်အိမ်သွားမှု အန္တရာယ်ကို ပြုကြ၍။
သာမိကေန ပရိစ္စတ္တံ၊ လင်သည် စွန့်ပစ်အပ်သော။
ဂီတရံ နိဿာယ၊ သမီး ကာဏာကို အမှီပြု၍။
မဟာဥပါသိကာယ၊ ဥပါသိကာမကြီးအား။
ဒေါမနဿံ ဥပ္ပါဒိတံ ဣတိ၊ စိတ်ဆင်းရဲမှုကို ဖြစ်စေအပ်ပြီ”ဟု။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ် မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြ သနည်း”ဟု မေးတော်မူ၍။
ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ ဟု လျှောက်ထားအပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. ရဟန်းတို့ ယခုအခါသာ။
စတ္တာရေ တေ ဘိက္ခု၊ လေးပါးကုန်သော ထိုရဟန်းတို့သည်။
ကာဏမာတာယ သန္တကံ ခါဒိတွာ၊ ကာဏာ၏မိခင်၏ ပစ္စည်းဖြစ်သောမုန့်ကို စားကြ၍။
တဿာ ဒေါမနဿံ၊ ထိုကာဏာ၏မိခင်အား စိတ်ဆင်းရဲ့မှုကို။
န ဥပ္ပါဒေသုံ၊ ဖြစ်စေ ကြဖူးသည် မဟုတ်သေး။
ပုဗ္ဗေပိ ဥပ္ပါဒေသုံယေဝါတိ ဝတွာ၊ ရှေးကလည်း ဖြစ်စေ ဖူးသည်သာ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်ပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဗံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ပါသာဏကောဋကကုလေ နိဗ္ဗတ္တိတွာ၊ ကျောက်ထွင်းသမား အမျိုး၌ ဖြစ်၍။
ဝယပ္ပတ္တော၊ အရွယ်ရောက်သော်။
ပရိယောဒါတသိပ္ပေါ အဟောသိ၊ ဖြူစင်သော အတတ်ပညာရှိသည် ဖြစ်ပြီ။
ကာသိရဋ္ဌေ ဧကသ္မိံ နိဂမေ၊ ကာသိတိုင်း၌ တစ်ခုသော နိဂုံး၌။
ဧကော မဟာဝိဘဝေါ၊ တစ်ယောက်သော စည်းစိမ်ဥစ္စာ များစွာရှိသော။
သေဋ္ဌိ အဟောသိ၊ သူဌေးသည် ရှိပြီ။
တဿ နိဓာနဂတာယေဝ၊ ထိုသူဌေးမှာ မြှုပ်ထားသည်သာဖြစ်ကုန်သော။
စတ္တာလီသ ဟိရညကောဋိယော အဟေသုံ၊ ရွှေကုဋေလေးဆယ်တို့သည် ဖြစ်ကုန်ပြီ။
အဿ ဘရိယာ၊ ထိုအခါ ထိုသူဌေး၏ မယားသည်။
ကာလံ ကတွာ၊ သေခြင်းကို ပြု၍။
ဓနသိနေဟေန ဂန္တွာ၊ ပစ္စည်းခင်မင်ခြင်းဖြင့် သွားရောက်၍။
ဓနပိဋ္ဌိယံ မူသိကာ၊ ပစ္စည်းပေါ်၌ ကြွက်မ၏။
ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
ဧဝံ အနုက္ကမေန၊ ဤသို့ အစဉ်အားဖြင့်။
သမ္ပိ တံ ကုလံ၊ အားလုံးလည်းဖြစ်သော ထိုသူဌေးမျိုးသည်။
အဗ္ဘတ္ထံ အဂမာသိ၊ ပျက်စီးခြင်းသို့ ရောက်ပြီ။
ဝံသော ဥပစ္ဆိဇ္ဇိ၊ အမျိုးအနွယ်သည် ပြတ်သွားပြီ။
သော ဂါမောပိ ဆဍ္ဍိတော၊ ထိုရွာသည်လည်း လူများစွန့်ပစ်အပ်၍။
အပဏ္ဏတ္တိကဘာဝံ အဂမာသိ၊ ရွာနာမည်ပျောက်သည့် အဖြစ်သို့ ရောက်သွားပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါက ဘုရားလောင်းသည်။
တသ္မိံ ပုရာဏဂါမဌာနေ၊ ထိုရွာဟောင်းနေရာဌာန၌။
ပါသာဏေ ဥပ္ပါဋေတွာ၊ ကျောက်တို့ကို ဖေါ်ထုတ်၍။
ကောဋ္ဋေတိ၊ ထွင်းထု၏။
အထ သာ မူသိကာ၊ ထိုအခါ ထိုကြွက်မသည်။
ဂေါစရာယ စရမာနာ၊ အစာရှာခြင်းငှာ လှည့်လည် သော်။
ဗောဓိသတ္တံ ပုနပ္ပုနံ ပဿန္တိ၊ ဘုရားလောင်းကို ထပ်ခါထပ်ခါ တွေ့မြင်ရ၍။
ဥပ္ပန္နသိနေဟာ ဟုတွာ၊ ဖြစ်ပေါ်လာသော ခင်မင်မှုရှိသည် ဖြစ်၍။
“မယုံ ဗဟု မနံ၊ ငါ၏ ၏ များစွာသော ပစ္စည်းသည်။
နိက္ကာရဏေန နဿိဿတိ၊ အကြောင်းမဲ့ဖြင့် ပျက်စီးလတံ့။
ဣမိနာ သဒ္ဓိံ၊ ဤကျောက်ထွင်းသမားနှင့် အတူ။
ဧကတော ဟုတွာ၊ တစ်ပေါင်းတည်းဖြစ်၍။
ဣဒံ ဓနံ ဒတွာ၊ ဤပစ္စည်းကို ပေး၍။
မံသံ ပိတ္တိဏာ ပေတွာ၊ အသားကို ဝယ်စေ၍။
ခါဒိဿာမီတိ စိန္တေသိ၊ စားမည်”ဟု တွေးတောပြီ။
သာ ဧကဒိဝသံ၊ ထိုကြွက်မသည် တစ်နေ့၌။
ဧကံ ကဟာပဏံ၊ တစ်ကျပ်ကို။
မုခေန ဍံ သိတွာ၊ ခံတွင်းဖြင့် ကိုက်ချီ၍။
ဗောဓိသတ္တဿ သန္တိကံ အဂမာသိ၊ ဘုရားလောင်း၏ အထံသို့ သွားပြီ။
သော တံ ဒိသွာ၊ ထိုဘုရားလောင်းသည် ထိုကြွက်မကို တွေ့ရ၍။
ပိယဝါစာယ သမာလပန္တော၊ ချစ်ဖွယ်စကားဖြင့် . ကောင်းစွာ ခေါ်ဆိုလျက်။
“အမ္မ ကိံ နု ခေါ၊ အို. . သမီး ဘာ့ကြောင့်။
ကဟာပဏံ ဂဟေတွာ၊ အသပြာကို ချီယူ၍။
အာဂတာ အသီတိ အာဟ၊ လာသည် ဖြစ် သနည်း”ဟု မေးပြီ။
တာတ ဣမံ ဂဟေတွာ၊ အို.. အမောင် ဤအသပြာကို ယူသွား၍။
အတ္တနာပိ ပရိဘုဉ္ဇ၊ ကိုယ်တိုင်လည်း စားသုံးပါ။
မယှမ္ပိ၊ ကျမအတွက် လည်း။
မံသံ အာဟရာတိ၊ အသားကို ဆောင်ယူခဲ့ပါဟုပြောပြီ။
သော သာဓူတိ သန္တိတွာ၊ ထိုဘုရားလောင်းသည် ကောင်းပြီဟု လက်ခံ၍။
ကဟာပဏံ အာဒါယ၊ အသပြာကို ယူ၍။
ယရံ ဂန္တွာ၊ အိမ်သို့ သွား၍။
ဧကေန မာသကေန၊ တစ်ပဲဖြင့်။
မံသံ ကိဏိတွာ အာဟရိတွာ၊ အသားကို ဝယ်၍ ဆောင်ယူခဲ့၍။
တဿာ အဒါသိ၊ ထိုကြွက်မအား ပေးပြီ။
သာ တံ ဂဟေတွာ၊ ထိုကြွက်မသည် ထိုအသားကို ချီယူ၍။
အတ္တနော၊ မိမိ၏။
နိဝါသဌာနံ ဂန္တွာ၊ နေရာဌာနသို့ သွား၍။
ယထာရုစိယာ ခါဒိ၊ နှစ်သက်သည်အားလျော်စွာ စားပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
ဣမိနာဝ နိယာမေန၊ ဤနည်းဖြင့်သာ။
ဒိဝသေ ဒိဝသေ၊ နေ့တိုင်းနေ့တိုင်း၌။
ဗောဓိသတ္တဿ၊ ဘုရားလောင်းအား။
ကဟာပဏံ ဒေတိ၊ တစ်အသပြာကို ပေးပြီ။
သောပိ အဿာ၊ ထိုဘုရားလောင်းသည်လည်း ထိုကြွက်မအတွက်။
မံသံ အာဟ ရတိ၊ အသားကို ဆောင်ယူခဲ့၏။
အထ ဧကဒိဝသံ တံ မူသိကံ၊ ထိုအခါ တစ်နေ့၌ ထိုကြွက်မကို။
ဗိဠာရော အဂ္ဂဟေသိ၊ ကြောင်သည် ဖမ်းယူပြီ။
အထ နံ သာ၊ ထိုအခါ ထိုကြောင်ကို ထိုကြွက်မသည်။
“သမ္မ မံ၊ အို. . အဆွေကြောင် ကျမကို
။ မာ မာရေသီတိ၊ မသတ်ပါလင့်”ဟု။
ဧဝံ အာဟ၊ ဤသို့ ပြောပြီ။
ကိံ ကာရဏာ န မာရေဿာမိ၊ အဘယ့်ကြောင့် မသတ်ရမည်နည်း။
ဟိ အဟံံဉှိ မှန်၏ ငါသည်။
ဆာတော၊ ဆာလှပြီ။
မံသံ ခါဒိတုကာမော၊ အသားကို စားလို၏။
မယာ န မာရေတုံ၊ ငါသည် မသက်ခြင်းငှာ။
န သက္ကာ ဣတိ၊ မစွမ်းနိုင်ဟု ပြောပြီ။
ကိံ ပန၊ ဘယ်လို လည်း။
ဧကဒိဝသမေဝ၊ တစ်ရက်တည်း၌သာ။
မံသံ၊ အသားကို။
ခါဒိတုကာမော အသိ၊ စားလိုသည် ဖြစ်သလော။
ဥဒါဟု နိစ္စကာလံ ဣတိ၊ သို့မဟုတ် အမြဲပင်လောဟု မေးပြီ။
လဘမာနော နိစ္စကာလမ္ပိ၊ ရနိုင်သော် အမြဲလည်း။
ခါဒိတုကာမော အမှီတိ၊ စားလိုသည် ဖြစ်၏ဟုပြောပြီ။
ယဒိ ဧဝံ အဟံ၊ ယင်းကဲ့သို့ ဖြစ်သော် ကျမသည်။
တေ နိစ္စကာလံ၊ ရှင်,ကြောင်အား အမြဲတမ်း။
မံသံ ဒဿာမိ၊ အသားကို ပေးပါမည်။
မံ ဝိဿဟိ ဣတိ၊ ကျမကို လွှတ်ပါဟုပြောပြီ။
အထ နံ ဗိဠာရော၊ ထိုအခါ ထိုကြွက်မကို ကြောင်သည်။
“တေန ဟိ အပ္ပမတ္တာ၊ ထိုသို့ဖြစ်လျှင် မမေ့မလျော့။
ဟောဟီတိ ဝိဿဇ္ဇေသိ၊ ဖြစ်လော့”ဟုပြော၍ လွှတ်ပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
သာ အတ္တနော၊ ထိုကြွက်မသည် မိမိ။
အာဘတံ မံသံ၊ ဆောင်ယူအပ်သော အသားကို။
ဒွေ ကောဋ္ဌာသေ ကတွာ၊ နှစ်ပုံတို့ကို ပြု၍။
ဧကံ ဗိဠာရဿ ဒေတိ၊ တစ်ပုံကို ကြောင်အား ပေး၏။
ဧကံ သယံ ခါဒတိ၊ တစ်ပုံကို ကိုယ်တိုင် စား၏။
အထ နံ ဧကဒိဝသံ၊ ထိုအခါ ထိုကြွက်မကို တစ်နေ့၌။
အညော ဗိဠာရောပိ အဂ္ဂဟေသိ၊ အခြားသော ကြောင်သည်လည်း ဖမ်းယူပြီ။
တမ္ပိ တထေဝ သညာပေတွာ၊ ထိုဒုတိယဖမ်းယူသော ကြောင်ကိုလည်း ထိုရှေးကြောင်အတူသာ သိအောင် ပြောပြ၍။
အတ္တာနံ ဝိဿဇ္ဇာပေသိ၊ မိမိကိုယ်ကို လွှတ်စေပြီ။
တကော ပဌာယ၊ ထိုနေ့မှ စ၍။
တယော ကောဌာသေ ကတွာ၊ သုံးပုံတို့ကို ပြု၍။
ခါဒန္တိ၊ ကြောင်နှစ်ကောင်ကြွက်မ တို့စားကြကုန်၏။
ပုန အညော အဂ္ဂဟေသိ၊ တစ်ဖန် အခြားကြောင်သည် ဖမ်းယူပြီ။
တမ္ပိ တထေဝသညာပေတွာ၊ ထိုတတိယကြောင်ကိုလည်း ထိုရှေးအတူသာ သိအောင်ပြော၍။
အတ္တာနံ မောစာပေသိ၊ မိမိကိုယ်ကို လွတ်မြောက်စေပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
စတ္တာရော ကောဋ္ဌာသေ ကတွာ၊ လေးပုံတို့ကို ပြု၍။
ခါဒန္တိ၊ ကြောင်သုံးကောင် ကြွက်မတို့ စားကြ၏။
ပုန အညော အဂ္ဂဟေသိ၊ တစ်ဖန် အခြား ကြောင်သည် ဖမ်းယူပြီ။
တမ္ပိ တထေဝ သညာပေတွာ၊ ထိုစတုတ္ထကြောင်ကိုလည်း ထိုရှေးအတူသာ သိအောင်ပြော၍။
အတ္တာနံ မောစာပေသိ၊ မိမိကိုယ်ကို လွတ်မြောက်စေပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
ပဉ္စ ကောဋ္ဌာသေ ကတွာ၊ ငါးပုံတို့ကို ပြု၍။
ခါဒန္တိ၊ ကြောင်လေးကောင် ကြွက်မတို့စားကြ၏။
သာ ပဉ္စမံ ကောဌာသံ၊ ထိုကြွက်မသည် ငါးပုံတစ်ပုံဖြစ်သော အပုံကို။
ခါဒမာနာ၊ စားရ၍။
အပ္ပါဟာရတာယ၊ နည်းသောအစာရှိသည့်အဖြစ်ကြောင့်။
ကိလန္တာ ကိသာ၊ ပင်ပန်းသည် ပိန်သည်။
အပ္ပမံသလောဟိတာ အဟောသိ၊ နည်းသော အသား အသွေးရှိသည် ဖြစ်ပြီ။
ဗောဓိသတ္တော တံ ဒိသွာ၊ ဘုရားလောင်းသည် ထိုကြွက်မကို တွေ့ ရ၍။
“အမ္မ ကသ္မာ၊ အို. . ချစ်သမီး အဘယ့်ကြောင့်။
မိလာတာ အသီတိ ဝတွာ၊ မျက်နှာညှိုးသည် ဖြစ်ရသနည်း”ဟု မေးသော်။
ဣမိနာ နာမ ကာရဏေနာတိ ဝုတ္တေ၊ ဤမည်သော အကြောင်းကြောင့်ပါဟု ဖြေဆိုအပ်သော်။
“တွံ ဧတ္တကံ ကာလံ၊ နင်သည် ဤမျှရှိသော ကာလပတ်လုံး။
ကသ္မာ မယုံ နာစိက္ခိ၊ အဘယ့်ကြောင့် ငါ့အား မပြောသနည်း။
အဟံ ဧတ္ထ၊ ငါသည် ဤသင် ဆင်းရဲသည့်ကိစ္စ၌။
ကာတဗ္ဗံ ဇာနိဿာမီတိ၊ ပြုထိုက်သည်ကို သိရလိမ့်မည်”ဟု ပြော၍။
တံ သမဿာသေတွာ၊ ထိုကြွက်မကို နှစ်သိမ့်စေ၍။
သုဒ္ဓဖလိက ပါသာဏေန၊ စင်ကြယ်သော ဖန်သားကျောက်ဖြင့်။
ဂုဟံ ကတွာ အာဟရိတွာ၊ ဂူကို ပြု၍ ဆောင်ယူခဲ့၍။
“အမ္မ တ္တံ ဣမံ ဂုဟံ၊ အို . ချစ်သမီး နင်သည် ဤဖန်ဂူသို့။
ပဝိသိတွာ နိပဇ္ဇိတွာ၊ ဝင်ရောက်ပြီး၍ လျောင်း၍။
အာဂတာဂတာနံ၊ လာကုန် လာကုန်သော ကြောင်တို့အား။
ဖရုသာဟိ ဝါစာဟိ၊ ကြမ်းတမ်း ကုန်သော အပြောအဆိုတို့ဖြင့်။
သန္တဇ္ဇေယျာသီတိ အာဟ၊ ခြိမ်းခြောက် လေလော့”ဟု ပြောပြပြီ။
သာ ဂုဟံ၊ ထိုကြွက်မသည် ဖန်သားဂူသို့။
ပဝိသိတွာ နိပဇ္ဇိ၊ ဝင်ရောက်၍ အိပ်ပြီ။
အထ ဧကော ဗိဠာရော၊ ထိုအခါ တစ်ကောင်သော ကြောင်သည်။
အာဂန္တွာ၊ ရောက်လာ၍။
အဇ္ဇ မေ မံသံ၊ ယနေ့ ငါ့ဖို့ အသားကို။
ဒေဟိ ဣတိ အာဟ၊ ပေးလော”ဟု ပြောပြီ။
အထ နံ မူသိကာ၊ ထိုအခါ ထိုကြောင်ကို ကြွက်မသည်။
“အရေ ဒုဋ္ဌဗိဠာရ၊ ဟယ် ကြောင်ပျက် ။
တေ အဟံ၊ သင့်အတွက် ငါသည်။
ကိ မံသဟာရိကာ၊ ဘာ့ကြောင့် အသားကို ဆောင်ယူ တေ အဟံ= ပေးရမည်နည်း။
အတ္တနော ပုတ္တာနံ၊ မိမိ၏ သားသမီးတို့၏။
မံသံ ခါဒါတိ တဇ္ဇေသိ၊ အသားကို စားချေ”ဟု ခြိမ်းခြောက်ပြီ။
ဗိဠာရော ဖလိကဂုဟာယ၊ ကြောင်သည် ဖန်ဂူ၌။
နိပန္နဘာဝံ အဇာနန္တော၊ အိပ်နေကြောင်းကို မသိရကား။
ကောဓဝသေန၊ ဒေါသအစွမ်းဖြင့်။
မူသိကံ ဂဏိဿာမီတိ၊ ကြွက်မကို ဖမ်းယူမည်ဟု တွေး၍။
သဟသာ၀ ပက္ခန္ဒိတွာ၊ အဆောတလျင်သာ ပြေးသွား၍။
ဟဒယေန၊ ရင်ဘတ်ဖြင့်။
ဖလိကဂုဟာယံ ပဟရိ၊ ဖန်ဂူ၌ ထိခိုက်မိပြီ။
တာဝဒေဝ အဿ၊ ထိခိုက်မိရာထိုခဏ၌ပင် ထိုကြောင်၏။
ဟဒယံ ဘိဇ္ဇိ၊ ရင်သည် ကွဲပြီ။
အက္ခီနိ၊ မျက်စိတို့သည်။
နိက္ခမနာကာရပတ္တာနိ ဇာတာနိ၊ ထွက်အံ့သော အခြင်းအရာ ရောက်ကုန်သည် ဖြစ်ကုန်ပြီ။
သော တစ္ဆေဝ၊ ထိုကြောင်သည် ထိုနေရာ၌ပင်။
ဇီဝိတက္ခယံ ပတွာ၊ အသက်ကုန်ခြင်းသို့ ရောက်၍။
ဧကမန္တံ၊ တစ်ခုသော နေရာ၌။
ပဋိစ္ဆန္နဋ္ဌာနေ ပတိ၊ ဖုံးကွယ်ရာဌာန၌ ကျသွားပြီ။
ဧတေန ဥပါယေန၊ ဤနည်းဖြင့်။
အပရောပိ အပရောပိ၊ အခြားကြောင်လည်းကောင်း အခြားကြောင်လည်း ကောင်း။
ဣတိ စတ္တာရော ဇနာပိ၊ ဤသို့ လေးကောင်ကုန်သော ကြောင် တို့သည်လည်း။
ဇီဝိတက္ခယံ ပါပုံသု၊ အသက်ကုန်ခြင်းသို့ ရောက်ကြပြီ။
တတော ပဋ္ဌာယ မူသိကာ၊ ထိုနေ့မှ စ၍ ကြွက်မသည်။
နိဗ္ဘယာ ဟုတွာ၊ ဘေးမရှိသည် ဖြစ်၍။
ဗောဓိသတ္တဿ ဒေဝသိကံ၊ ဘုရားလောင်းအား နေ့တိုင်း။
ဒွေ တယော၊ နှစ်ခုသုံးခုကုန်သော။
ကဟာပဏေ ဒေတိ၊ အသပြာတို့ကို ပေး၏။
ဧဝံ အနုက္ကမေန၊ ဤသို့ အစဉ်အားဖြင့်။
သဗ္ဗမ္ပိ ဓနံ၊ အားလုံးလည်းဖြစ်သော ပစ္စည်းကို။
ဗောဓိ သတ္တဝ အဒါသိ၊ ဘုရားလောင်းအားသာ ပေးပြီ။
တေ ဥဘောပိ၊ ထိုဘုရား လောင်း, ကြွက်မနှစ်ဦးတို့သည်လည်း။
ယာဝဇီဝံ မိတ္တံ အဘိန္ဒိတွာ၊ အသက်ရှည် သမျှ ကာလပတ်လုံး ခင်မင်မှုကို မဖျက်ကြမူ၍။
ယထာကမ္မံ ဂတာ၊ ကံအား လျော်စွာ လားကြကုန်ပြီ။
သတ္ထာ ဣမံ အတီတံ အာဟရိတွာ၊ ဘုရားရှင်သည် ဤအတိတ်ဝတ္ထုကြောင်း ကို ဆောင်တော်မူ၍။
အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားရှင်စင်စစ်သည် ဖြစ်တော်မူ၍။
ယတ္ထ ဧကော၊ အကြင်ဌာန၌ တစ်ကောင်သော။
ဗဗ္ဗု လဘတေ၊ ကြောင်သည် ရ၏။
တတ္ထ၊ ကြောင်တစ်ကောင်၏ရရာ ထိုဌာန၌။
ဒုတိယော၊ ဒုတိယကြောင်သည်လည်းကောင်း။
တတိယော စ စတုတ္ထော စ၊ တတိယ ကြောင်သည်လည်းကောင်း စတုတ္ထကြောင်သည်လည်းကောင်း။
ဇာယတိ၊ စားရန်အခွင့်ရ၏။
တေ ဗဗ္ဗု ကာ၊ ထိုကြောင်လေးကောင်တို့သည်။
ဣဒံ ဗိလံ၊ ဤဖန်ဂူကို (ဥရေန ပဟရိတွာ= ရင်ဘတ်ဖြင့် ထိခိုက်မိကြ၍။
ဇီဝိတက္ခယံ ပတ္တာ၊ အသက်ကုန်ခြင်းသို့ ရောက်ကြပြီ)။
တတ၊ ထိုဂါထာ၌။
**ယတ္ထာ** တိ၊ ယတ္ထဟူသည်ကား။
ယသ္မိံ ဌာနေ၊ အကြင် ဌာန၌တည်း။
**ဗဗ္ဗူ** တိ ဗိဠာရော၊ ဗဗ္ဗူဟူသည်ကား ကြောင်တည်း။
**ဒုတိယော တတ္ထ ဇာယတီ** တိ၊ ဒုတိယော တတ္ထ ဇာယတိ ဟူသည်ကား။
ယတ္ထ ဧကော၊ အကြင်နေရာ၌ ကြောင်တစ်ကောင်သည်။
မူသိကံ ဝါ မံသံ ဝါ လဘတိ၊ ကြွက်မ ကိုလည်းကောင်း အသားကိုလည်းကောင်း စားခွင့်ရ၏။
တတ္ထ၊ ထိုနေရာ၌။
ဒုတိယောပိ ဗိဠာရော၊ ဒုတိယလည်းဖြစ်သော ကြောင်သည်။ ဇ
ာယတိ ဥပ္ပဇ္ဇတိ၊ ဖြစ်လာ၏။
တထာ၊ ထို့အတူ။
တတိယော စ စတုတ္ထော စ၊ တတိယကြောင် သည်လည်းကောင်း စတုတ္ထကြောင်သည်လည်းကောင်း။
(ဇာယတေ၊ ဖြစ်လာ၏)။
ဧဝံ တဒါ၊ ဤသို့ ထိုအခါက။
စတ္တာရော တေ ဗိဠာရာ အဟေသုံ၊ လေးကောင် ကုန်သော ထိုကြောင်တို့သည် ဖြစ်ကြပြီ။
စ ပန ဟုတွာ၊ ဆက်၍ အထူး ပြောရသော် လေးကောင်တို့ဖြစ်ကြ၍။
ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း၌။
မံသံ ခါဒန္တာ၊ အသားကို စားကြကုန်သော။
တေ ဗန္ဓုကာ၊ ထိုကြောင်လေးကောင်တို့သည်။
ဖလိကမယံ ဣဒံ ဗိလံ၊ ဖန်ဖြင့်ပြီးသော ဤတွင်းဂူကို။
ဥရေန ပဟရိတွာ၊ ရင်ဘတ်ဖြင့် ထိခိုက်မိကြ၍။
သဗ္ဗေပိ၊ ကြောင်အားလုံးတို့သည်လည်း။
ဇီဝိတက္ခယံ ပတ္တာ ဣတိ၊ အသက်ကုန်ခြင်းသို့ ရောက်ကြပြီ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤကဲ့သို့ ဘုရားရှင်သည် ဤတရား ဒေသနာကို ဆောင်တော်မူ၍။
“တဒါ စတ္တာရော ဗိဠာရာ၊ ထိုရှေးအခါက လေးကောင်ကုန်သော ကြောင်တို့သည်။
စတ္တာရော ဘိက္ခု အဟေသုံ၊ လေးပါး ကုန်သော ရဟန်းတို့သည် ဖြစ်လာကုန်ပြီ။
မူသိကာ ကာဏမာတာ၊ ကြွက်မသည် ကား ကာဏာ၏ မိခင်တည်း။
ပါသာဏကောဋကမဏိကာရော ပန၊ ကျောက် ထွင်းသည့် ကျောက်အလုပ်သမားသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရား သည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ပဗ္ဗဇာတကဝဏ္ဏနာ သတ္တမာ၊ ဗမ္ဗုဇာတ်အဖွင့်သည်သတ္တမတည်း။