**ရုဒံ မနုညန္တိ** ဣဒံ၊ ရုဒံ မနုညံ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဗဟုဘဏ္ဍိကံ ဧကံ ဘိက္ခုံ၊ များစွာသော ပစ္စည်းရှိသော တစ်ပါးသော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဝတ္ထု ဟေဋ္ဌာ ဒေဝဓမ္မဇာတကေ၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းသည် ရှေးခေါ်အောက် ဒေဝဓမ္မဇာတ်၌။
ဝုတ္တသဒိသမေဝ၊ ဆိုအပ်ခဲ့ပြီးသည်နှင့် တူသည်သာတည်း။
သတ္ထာ တံ ဘိက္ခုံ၊ ဘုရားရှင်သည် ထိုရဟန်းကို။
"ဘိက္ခု တွံ၊ အိုရဟန်း သင်သည်။
ဗဟုဘဏ္ဍော ကိရ၊ ပစ္စည်းများစွာရှိသတဲ့။
ဣတိ သစ္စံ၊ ဤသို့ ကြားရသည်ကား မှန်သလော"။
ဣတိ ပုစ္ဆိ၊ ဤသို့ မေးတော်မူပြီ။
အာမ ဘန္တေတိ၊ မှန်ပါဘုရားဟု ဖြေပြီ။
"ဘိက္ခု တွံ ကိံကာရဏာ၊ အိုရဟန်း သင်သည် အဘယ်အကြောင်းကြောင့်။
ဗဟုဘဏ္ဍော ဇာတော၊ ပစ္စည်းများစွာရှိသူသည် ဖြစ်သည်။
အသီတိ၊ ဖြစ်ရသနည်း"ဟု မိန့်ပြီ။
သော ဧတ္တကံ သုတွာဝ၊ ထိုရဟန်းသည် ဤမျှသာ ရှိသော စကားကို ကြားရ၍ပင်။
ကုဒ္ဓေါ၊ စိတ်ဆိုး၍။
နိဝါသနပါရုပနံ ဆဍ္ဍေတွာ၊ သင်းပိုင်ဧကသီကို စွန့်ပစ်၍။
"ဣဒါနိ ဣမိနာ နီဟာရေန၊ ယခု ဤနည်းဖြင့်။
ဝိစရာမီတိ၊ လှည့်လည်အံ့"ဟု ပြော၍။
သတ္ထု ပုရတော၊ ဘုရားရှင်၏ ရှေ့တော်၌။
နဂ္ဂေါ အဋ္ဌာသိ၊ အဝတ်မစည်းဘဲ တည်ပြီ။
မနုဿာ ဓီ ဓီတိ အာဟံသု၊ လူတို့သည် ထွီထွီဟု ဆိုကုန်ပြီ။
သော တတော ပလာယိတွာ၊ ထိုရဟန်းသည် ထိုနေရာမှ ထွက်ပြေး၍။
ဟီနာယ အာဝတ္တော၊ ယုတ်သော လူ့ဘောင်သို့ လည်ပြီ (လူထွက်ပြီ)။
ဘိက္ခူ ဓမ္မသဘာယံ သန္နိသိန္နာ၊ ရဟန်းတို့သည် တရားသဘင်၌ ထိုင်နေကြလျက်။
"သတ္ထု ပုရတော၊ ဘုရားရှင်၏ ရှေ့တော်၌ပင်။
ဧဝရူပံ ကရိဿတိ နာမတိ၊ ဤသို့ သဘောရှိသော အမှုကို ပြုရဲဘိ၏"ဟု။
တဿ အဂုဏကထံ ကထေသုံ၊ ထိုရဟန်း၏ ကျေးဇူးမဲ့ စကားကို ပြောကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။
"ဘိက္ခဝေ ဧတရဟိ ကာယ ကထာယ၊ အိုရဟန်းတို့ ယခုအခါ ဘယ်စကားဖြင့်။
သန္နိသိန္နာ အတ္ထ နုတိ၊ ကောင်းစွာထိုင်နေကြသည် ဖြစ်ကြသနည်း"ဟု။
ဘိက္ခူ ပုစ္ဆိ၊ ရဟန်းတို့ကို မေးတော်မူပြီ။
ဘန္တေ၊ အိုရှင်တော်ဘုရား။
"ဟိ သော ဘိက္ခု၊ မှန်၏ ထိုရဟန်းသည်။
တုမှာကံ ပုရတော နာမ၊ ရှင်တော်ဘုရားတို့၏ ရှေ့တော်မည်သည်၌ပင်။
စတုပရိသမဇ္ဈေ၊ ပရိသတ်လေးပါးအလယ်၌။
ဟိရောတ္တပ္ပံ ပဟာယ၊ အရှက်အကြောက်ကို ပယ်စွန့်၍။
ဂါမဒါရကော ဝိယ၊ တောသားကလေးငယ်ကဲ့သို့။
နဂ္ဂေါ ဌတွာ၊ အဝတ်မစည်းသည် ဖြစ်၍။
မနုဿေဟိ ဇိဂုစ္ဆိယမာနော၊ လူတို့သည် စက်ဆုပ်အပ်၍။
ဟီနာယာဝတ္တိတွာ၊ လူဘောင်သို့ လည်၍ လူထွက်၍။
သာသနာ ပရိဟီနောတိ၊ သာသနာတော်မှ ဆုတ်ယုတ်ပြီဟု။
တဿ အဂုဏကထာယ၊ ထိုရဟန်း၏ ကျေးဇူးမဲ့စကားဖြင့်။
နိသိန္နာ အမှာတိ၊ ထိုင်နေကုန်သည် ဖြစ်ကြပါ၏"ဟု လျှောက်ကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ ဣဒါနေဝ၊ အိုရဟန်းတို့ ယခုအခါသာ။
သော ဘိက္ခု ဟိရောတ္တပ္ပါဘာဝေန၊ ထိုရဟန်းသည် ဟီရိဩတ္တပ္ပမရှိသည့် အဖြစ်ကြောင့်။
ရတနသာသနာ န ပရိဟီနော၊ ရတနာဖြစ်သော သာသနာတော်မှ ဆုတ်ယုတ်ဆုံးရှုံးသည် မဟုတ်သေး။
ပုဗ္ဗေ ဣတ္ထိရတနပဋိလာဘတောပိ၊ ရှေးက အမျိုးသမီးရတနာရမှုမှလည်း။
ပရိဟီနော ယေဝါတိ ဝတွာ၊ ဆုတ်ယုတ်ဆုံးရှုံးဖူးသည်သာ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ပဌမကပ္ပေ၊ လွန်လေပြီးသောအခါ ကမ္ဘာဦး၌။
စတုပ္ပဒါ သီဟံ၊ ခြေလေးချောင်းရှိ သားကောင်တို့သည် ခြင်္သေ့ကိုလည်းကောင်း။
မစ္ဆာ အာနန္ဒမစ္ဆံ၊ ငါးတို့သည် အာနန္ဒာငါးကြီးကိုလည်းကောင်း။
သကုဏာ သုဝဏ္ဏဟံသံ၊ ငှက်တို့သည် ရွှေဟင်္သာကိုလည်းကောင်း။
ရာဇာနံ အကံသု၊ မင်းကို ပြုကုန်ပြီ မင်းမြှောက်ကုန်ပြီ။
တဿ သုဝဏ္ဏဟံသရာဇဿ၊ ထိုရွှေဟင်္သာမင်း၏။
ဓီတာ ဟံသပေါတိကာ ပန၊ သမီးဖြစ်သော ဟင်္သာမငယ်သည်ကား။
အဘိရူပါ အဟောသိ၊ အလွန်လှသောအဆင်း ရှိသည် ဖြစ်ပြီ။
သော တဿာ ဝရံ အဒါသိ၊ ထိုရွှေဟင်္သာမင်းသည် ထိုသမီးလှအား ဆုကို ပေးပြီ။
သာ အတ္တနော စိတ္တရုစိတံ၊ ထိုသမီးလှသည် မိမိ၏ စိတ်ကြိုက်ဖြစ်သော။
သာမိကံ ဝါရေသိ၊ လင်ကို ယူခွင့်ပေးဖို့ တောင်းပြီ။
ဟံသရာဇာ၊ ဟင်္သာမင်းသည်။
တဿာဝရံ ဒတွာ၊ ထိုသမီးလှအား ဆုကို ပေးပြီး၍။
ဟိမဝန္တေ သန္နိပါတာပေသိ၊ ဟိမဝန္တာ၌ စုဝေးစေပြီ။
နာနပ္ပကာရာ ဟံသမောရာဒယော၊ အထူးထူးအပြားပြားကုန်သော ဟင်္သာဒေါင်း စကုန်သော။
သကုဏဂဏာ သမာဂန္တွာ၊ ငှက်အပေါင်းတို့သည် ကောင်းစွာလာကြ၍။
မဟန္တေ ဧကသ္မိံ ပါသာဏတလေ၊ ကြီးသော ကျောက်ဖျာပြင်တစ်ခုပေါ်၌။
သန္နိပတိံသု၊ ကောင်းစွာ ကျရောက်စုဝေးကုန်ပြီ။
ဟံသရာဇာ၊ ဟင်္သာမင်းသည်။
"အတ္တနော စိတ္တရုစိတံ သာမိကံ၊ မိမိ၏ စိတ်ကြိုက်ဖြစ်သော လင်ကို။
အာဂန္တွာ ဂဏှာတူတိ၊ လာ၍ ယူလော့"ဟု။
ဓီတရံ ပက္ကောသာပေသိ၊ သမီးချောကို ခေါ်စေပြီ။
သာ သကုဏသင်္ဃံ ဩလောကေန္တီ၊ ထိုဟင်္သာချောမသည် ငှက်အပေါင်းကို ကြည့်သော်။
မဏိဝဏ္ဏဂီဝံ စိတြပေခုဏံ၊ ပတ္တမြားအဆင်းလည်ပင်းရှိသော ဆန်းကြယ်သော အတောင်ရှိသော။
မောရံ ဒိသွာ၊ ဒေါင်းကို မြင်၍။
"အယံ မေ၊ ဤဒေါင်းသည် ငါဟင်္သာမ၏။
သာမိကော ဟောတူတိ အာရောစေသိ၊ လင်သည် ဖြစ်စေ"ဟု ပြောကြားပြီ။
သကုဏသင်္ဃာ မောရံ ဥပသင်္ကမိတွာ၊ ငှက်အပေါင်းတို့သည် ဒေါင်းထံသို့ ချဉ်းကပ်၍။
"သမ္မ မောရ အယံ ရာဇဓီတာ၊ အဆွေဒေါင်း ဤဟင်္သာမင်းသမီးချောသည်။
ဧတ္တကာနံ သကုဏာနံ မဇ္ဈေ၊ ဤမျှ အတိုင်းအရှည်ရှိကုန်သော ငှက်တို့၏ အလယ်၌။
သာမိကံ ရောစေန္တီ၊ လင်ကို စိတ်ကြိုက်ရှာသော်။
တယိ ရုစိံ ဥပ္ပါဒေသီတိ အာဟံသု၊ သင့်အပေါ်၌ ကြိုက်နှစ်သက်မှုကို ဖြစ်စေပြီ"ဟု ပြောကြပြီ။
မောရော၊ ဒေါင်းသည်။
"အဇ္ဇာပိ မေ ဗလံ၊ ယနေ့တိုင်အောင်လည်း ငါ၏စွမ်းရည်ကို။
တာဝ န ပဿတီတိ၊ မမြင်ကြသေး"ဟု တွေး၍။
အတိတုဋ္ဌိယာ ဟိရောတ္တပ္ပံ ဘိန္ဒိတွာ၊ အလွန်နှစ်သက်သဖြင့် ဟိရီဩတ္တပ္ပကို ဖျက်၍။
တာဝ မဟတော သကုဏသင်္ဃဿ မဇ္ဈေ၊ သို့ကလောက် များပြားသော ငှက်အပေါင်း၏ အလယ်၌။
ပက္ခေ ပသာရေတွာ၊ အတောင်တို့ကို ဖြန့်၍။
နစ္စိတုံ အာရဘိ၊ ကခြင်းငှာ အားထုတ်ပြီ။
နစ္စန္တော အပ္ပဋိစ္ဆန္နော အဟောသိ၊ ကသော် မဖုံးလွှမ်းအပ်သည် (မပေါ်သင့်သည်များ ပေါ်သည်) ဖြစ်ပြီ။
သုဝဏ္ဏဟံသရာဇာ လဇ္ဇိတော၊ ရွှေဟင်္သာမင်းသည် ရှက်၍။
ဣမဿ အဇ္ဈတ္တသမုဋ္ဌာနာ၊ ဤဒေါင်းမှာ ကိုယ်တွင်းကြောင့်ဖြစ်သော။
ဟိရီ နေဝ အတ္ထိ၊ အရှက်သည် မရှိ။
ဗဟိဒ္ဓါသမုဋ္ဌာနံ ဩတ္တပ္ပံ န၊ ပြင်ပကြောင့်ဖြစ်သော အကြောက်သည်လည်း မရှိ။
ဘိန္နဟိရောတ္တပ္ပဿ အဿ၊ ပျက်စီးသော အရှက်အကြောက်ရှိသော ဤဥဒေါင်းအား။
မမ ဓီတရံ န ဒဿာမီတိ၊ ငါ၏ သမီးချောကို မပေးအံ့"ဟု ကြံ၍။
သကုဏသင်္ဃမဇ္ဈေ၊ ငှက်အပေါင်းတို့အလယ်၌။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာ အနက်ကား--
၃၂။ ရုဒံ မနုညံ၊ တွန်သံသည် စိတ်ကို နှစ်သက်စေတတ်၏။
ပိဋ္ဌိ စ ရုစိရာ၊ ကျောပြင်သည်လည်း နှစ်သက်ဖွယ် ရှိပါပေ၏။
ဂီဝါ စ ဝေဠုရိယဝဏ္ဏူပနိဘာ၊ လည်ပင်းသည်လည်း ကျောက်မျက်ရွဲအဆင်းနှင့် တူပါပေ၏။
ပေခုဏာနိ စ ဗျာမမတ္တာနိ၊ အတောင်တို့သည်လည်း တစ်လံမျှ ရှိပါကုန်၏။
နစ္စေန တေ၊ အရှက်မဲ့စွာ ကပြခြင်းကြောင့် သင်ဥဒေါင်းအား။
ဓီတရံ နော ဒဒါမီ၊ သမီးချောကို မပေးတော့။
တတ္ထ၊ ထိုဂါထာ၌။
**ရုဒံ မနုညန္တိ**၊ ရုဒံ မနုညံ ဟူသော ပါဌ်၌။
တကာရဿ ဒကာရော ကတော၊ တအက္ခရာ၏ ဒအက္ခရာအဖြစ်ကို ပြုအပ်ပြီ။
ရုတံ မနုညံ၊ တွန်သံသည် စိတ်ကို နှစ်သက်စေတတ်၏။
ဝဿိတသဒ္ဒေါ မဓုရော၊ တွန်သော အသံသည် သာယာမှုရှိ၏။
ဣတိ အတ္ထော၊ ဤကား ရုတံ မနုညံ၏ အနက်တည်း။
**ရုစိရာ စ ပိဋ္ဌီ**တိ၊ ရုစိရာ စ ပိဋ္ဌိ ဟူသည်ကား။
တေ ပိဋ္ဌိပိ၊ သင်၏ ကျောပြင်သည်လည်း။
စိတြာ စေဝ သောဘနာ စ၊ ဆန်းလည်း ဆန်းကြယ်၏ တင့်လည်း တင့်တယ်၏တည်း။
**ဝေဠုရိယဝဏ္ဏူပနိဘာ**တိ၊ ဝေဠုရိယဝဏ္ဏူပနိဘာ ဟူသည်ကား။
ဝေဠုရိယမဏိဝဏ္ဏသဒိသာ၊ ကျောက်မျက်ရွဲအဆင်းနှင့် တူ၏တည်း။
**ဗျာမမတ္တာနီ**တိ၊ ဗျာမမတ္တာနိ ဟူသည်ကား။
ဧကဗျာမပ္ပမာဏာနိ၊ တစ်လံပမာဏ ရှိကုန်၏တည်း။
**ပေခုဏာနီ**တိ၊ ပေခုဏာနိ ဟူသည်ကား။
ပိဉ္ဆာနိ၊ အတောင်တို့တည်း။
**နစ္စေန တေ ဓီတရံ နော ဒဒါမီ**တိ၊ နစ္စေန တေ ဓီတရံ နော ဒဒါမိ ဟူသည်ကား။
ဟိရောတ္တပ္ပံ ဘိန္ဒိတွာ၊ အရှက်အကြောက်ကို ဖျက်၍။
နစ္စိတဘာဝေနေဝ၊ ကသည်၏ အဖြစ်ကြောင့်ပင်။
ဧဝရူပဿ နိလ္လဇ္ဇဿ တေ၊ ဤသို့ သဘောရှိသော အရှက်မရှိသော သင်ဥဒေါင်းအား။
ဓီတရံ နော ဒဒါမိ၊ သမီးချောကို မပေးတည်း။
ဣတိ ဝတွာ ဟံသရာဇာ၊ ဤသို့ ပြော၍ ဟင်္သာမင်းသည်။
အတ္တနော ဘာဂိနေယျဿ ဟံသပေါတကဿ၊ မိမိ၏ တူဖြစ်သော ဟင်္သာငယ်အား။
တသ္မိံယေဝ ပရိသမဇ္ဈေ၊ ထိုပရိသတ်အလယ်၌ပင်။
ဓီတရံ အဒါသိ၊ သမီးကို ပေးပြီ။
မောရော၊ ဒေါင်းသည်။
ဟံသပေါတိကံ အလဘိတွာ လဇ္ဇိတွာ၊ ဟင်္သာချောမလေးကို မရဘဲ အရှက်ရ၍။
တတောဝ ဥပ္ပတိတွာ ပလာယိ၊ ထိုကျောက်ဖျာအပြင်မှပင် ပျံတက်၍ ပြေးပြီ။
ဟံသရာဇာပိ၊ ဟင်္သာမင်းသည်လည်း။
အတ္တနော ဝသနဋ္ဌာနမေဝ ဂတော၊ မိမိ၏ နေရာသို့ပင် သွားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ ဣဒါနေဝ ဧသော၊ အိုရဟန်းတို့ ယခုအခါသာ ဤရဟန်းသည်။
ဟိရောတ္တပ္ပံ ဘိန္ဒိတွာ၊ အရှက်အကြောက်ကို ဖျက်၍။
ရတနသာသနာ န ပရိဟီနော၊ ရတနာအစစ်ဖြစ်ကြီးဖြစ်သည့် သာသနာတော်မှ ဆုတ်ယုတ်ဆုံးရှုံးသည် မဟုတ်သေး။
ပုဗ္ဗေပိ၊ ရှေးကလည်း။
ဣတ္ထိရတနပဋိလာဘတော ပရိဟီနော ယေဝါတိ၊ မိန်းမရတနာ ရဖို့ရာမှ ဆုတ်ယုတ်ဆုံးရှုံးဖူးသည်သာ"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ မောရော၊ ထိုအခါက ဥဒေါင်းသည်။
ဗဟုဘဏ္ဍိကော အဟောသိ၊ ပစ္စည်းများစွာရှိသော ရဟန်းသည် ဖြစ်လာပြီ။
ဟံသရာဇာ ပန၊ ဟင်္သာမင်းသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**နစ္စဇာတကဝဏ္ဏနာ ဒုတိယာ**၊ **နှစ်ခုမြောက်ဖြစ်သော နစ္စဇာတ်အဖွင့်တည်း။**