**ဗဟုစိန္တိ အပ္ပစိန္တိ** တိ ဣဒံ၊ ဗဟုစိန္တီ အပ္ပန္တိအစရှိသော ဤတရားဒေသနာ တော်ကို။
သတ္ထာ ဇေတဝနေ့ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဒွေ မဟလ္လကတ္ထေရေ၊ နှစ်ပါးကုန်သော ထေရ်အိုကြီးတို့ကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တေ ဇနပဒေ၊ ထိုမထေရ်အိုကြီး တို့သည် ဇနပုဒ်၌။
ဧကသ္မိံ အရညာဝါသေ၊ တစ်ခုသော တောရကျောင်း၌။
ဝဿံ ဝသိတွာ၊ ဝါလပတ်လုံး နေကြပြီး၍။
သတ္ထု ဒဿနတ္ထာယ၊ ဘုရားရှင်အား ဖူးမြင် ခြင်းငှာ။
ဂစ္ဆိဿာမာတိ၊ သွားကြမည်ဟု။
ပါထေယျံ သဇ္ဇေတွာ၊ လမ်းစာရိက္ခာကို စီစဉ်ကြပြီး၍။
“အဇ္ဇ ဂစ္ဆာမ၊ ယနေ့ သွားကြစို့။
သွေ ဂစ္ဆာမာတိ၊ နက်ဖန် သွားကြစို့” ဟု။
မာသံ အတိက္ကာမေတ္တာ၊ တစ်လကို ကျော်လွန်စေ၍။
ပုန ပါထေယျံ သန္ဓေ တွာ၊ တဖန် လမ်းစာရိက္ခာကို စီစဉ်ကြပြီး၍။
တထေဝ မာသံ၊ ထို့အတူသာ တစ်လ လည်းကောင်း။
ပုန မာသန္တိ၊ တဖန် တစ်လလည်းကောင်း စသည်ဖြင့်။
ဧဝံ အတ္တ နော၊ ဤကဲ့သို့ မိမိတို့၏။
ကုသီတဘာဝေန စေပ၊ ပျင်းရိကြသည့်အဖြစ်ကြောင့်လည်း ကောင်း။
နိဝါသဌာနေ အပေက္ခာယ စ၊ နေရာဌာန၌ ငဲ့ကွက်ကြ ခြင်းကြောင့်လည်း ကောင်း။
တယော မာသေ အတိက္ကာမေတွာ၊ သုံးလတို့ကို ကျော်လွန်စေ၍။
တတော နိက္ခမ္မ၊ ထိုတောကျောင်းမှ ထွက်ခဲ့၍။
ဇေတ၀နံ ဂန္တွာ၊ ဇေတဝန်ကျောင်း တော်သို့ သွား၍။
သဘာဂဋ္ဌာနေ၊ သဘာဂဖြစ်ရာဌာန၌။
ပတ္တစီဝရံ ပဋိသာမေ တွာ၊ သပိတ်သင်္ကန်းကို သိုမှီးသိမ်းဆည်း၍။
သတ္ထာရံ ပဿိသု၊ ဘုရားရှင်ကို ဖူးမြင်ကုန်ပြီ။
အထ နေ ဘိက္ခူ၊ ထိုအခါ ထိုမထေရ်အိုကြီးတို့ကို ရဟန်းတို့က။
“အာဝုသော ဗုဒ္ဓပဋ္ဌာနံ၊ အို . ငါ့ရှင်တို့ ဘုရားဆည်းကပ်ခြင်းကို။
အကရောန္တာနံ ဝေါ၊ မပြုကုန်သော သင်တို့အား။
စိရံ၊ ကြာမြင့်လှပြီ။
ကသ္မာ ဧဝံ၊ အဘယ့်ကြောင့် ဤကဲ့သို့။
စိရာယိတ္ထာတိ ပုစ္ဆိံ သု၊ ကြာရကြသနည်း”ဟု မေးကုန်ပြီ။
တေ တမတ္ထံ အာရောစေသုံ၊ ထိုမထေရ်အိုကြီးတို့သည် ထိုကြာမြင့်ခြင်းအကြောင်းကို ပြောကြား ကုန်ပြီ။
အထ နေသံ၊ ထိုအခါ ထိုမထေရ်အိုကြီးတို့၏။
သော အာလသိယ ကုသီတဘာဝေါ၊ ထိုပျင်းသူဖြစ်ကြောင်း ဆုတ်နစ်သူဖြစ်ကြောင်းသည်။
ဘိက္ခု သံယေ ပါကဋာ ဇာတော၊ ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်ပြီ။
ဓမ္မသဘာယမ္ပိ တေသံ ဘိက္ခုနမေဝ၊ တရားသဘင်၌လည်း ထိုမထေရ်အိုကြီးတို့၏ပင်။
အာလ သိယဘာဝံ နိဿာယ၊ ပျင်းရိကြောင်းကို အမှီပြု၍။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည် သော စကားဖြင့် ကောင်းစွာထိုင် နေကြသည်။
အတ္ထနုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။
“ဣမာယ နာမာတိ ဝုတ္တေ၊ ဤ မည်သော စကားဖြင့်ပါ" ဟု လျှောက်ထားအပ်သော်။
တေ ပက္ကောသာပေတွာ၊ ထိုမထေရ်အိုကြီးတို့ကို ခေါ်စေ၍။
“ဘိက္ခဝေ တုမှေအို. . ရဟန်းတို့ သင်တို့သည်။
အလသာ ကိရ ကုသီတာ ကိရ၊ ပျင်းရိကြသတဲ့ ဆုတ်နစ်ကြသတဲ့ဟု ကြားရသည်ကား။
သစ္စန္တိ ပုစ္ဆိတွာ၊ မှန်သလော”ဟု မေးတော်မူ၍။
“သစ္စံ ဘန္တေတိ ဝုတ္တေ၊ မှန်ပါသည် ဘုရား”ဟု လျှောက်ထားအပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ယခု အခါ၌သာ။
ဧတေ န အလသာ၊ ဤမထေရ်အိုနှစ်ပါးတို့သည် ပျင်းရိကြသည် မဟုတ်သေး။
ပုဗ္ဗေပိ၊ ရှေးကလည်း။
အလသာ စေဝ၊ ပျင်းလည်း ပျင်းရိကြဖူးသည် သာ။
နိဝါသဋ္ဌာနေ၊ နေရာဌာန၌။
သာလယာ သာပေက္ခာ စ ဣတိ၊ တွယ်တာမှု ရှိ၍ ငဲ့ကွက်မှုလည်းရှိကြသည်သာ”ဟု။
ဝတွာ အတီတံ အာဟရိ၊ မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗာရာဏသိ နဒိယံ၊ ဗာရာဏသီမြစ်၌။
တယော မစ္ဆာ အဟေသုံ၊ ငါးသုံးကောင်တို့သည် ရှိကြပြီ။
ဗဟုစိန္တီ အပ္ပစိန္တီ မိတစိန္တီတိ၊ ဗဟုစိန္တီ အပ္ပစိန္တီ မိတစိန္တီ ဟူသည်တို့သည်။
တေသံ နာမာနိ၊ ထိုငါးသုံးကောင်တို့၏ နာမည်တို့တည်း။
တေ အရညတော၊ ထိုငါးသုံး ကောင်တို့သည် တောအရပ်မှ။
မနုဿပထံ အာဂမိံသု၊ လူတို့နေရာလမ်းကြောင်း သို့ လာကြပြီ။
တတ္ထ မိတစိန္တီ၊ ထိုငါးသုံးကောင်တို့တွင် မိတစိန္တီသည်။
ဣတရေ ဒွေ၊ သည့်ပြင်အခြားကုန်သော ဗဟုစိန္တီ အပ္ပန္တိ ငါးနှစ်ကောင်တို့ကို။
“အယံ မနုဿပထော နာမ၊ ဤလူနေလမ်းမည်သည်။
သာသင်္ကော သပ္ပဋိဘယော၊ ရွံရှာဖွယ်ရှိ၏ ဘေးဘျမ်းနှင့်တကွဖြစ်၏။
ကေဝဋ္ဋာ နာနပ္ပကာရာနိ၊ တံငါသည် တို့သည် အထူးထူး အပြားပြားကုန်သော။
ဇာလကုမိနာဒီနိ ခိပိတွာ၊ ပိုက်ကွန် ပြုံးစသည်တို့ကို ပစ်ချ၍။
မစ္ဆေ ဂဏှန္တိ၊ ငါးတို့ကို ဖမ်းယူကုန်၏။
မယံ အရညမေဝ၊ ငါတို့သည် တောထဲသို့သာ။
ဂစ္ဆာမာတိ၊ သွားကြစို့”ဟု။
ဧဝမာဟ၊ ဤသို့ ပြောပြပြီ။
ဣတရေ ဒွေ ဇနာ၊ ဤမိတစိတ္တီငါးမှ အခြားကုန်သော ဗဟုစိန္တိ အပ္ပစိန္တီ ငါးနှစ် ကောင်တို့သည်။
အလသဟာယ စေဝ၊ ပျင်းရိသည့် အဖြစ်ကြောင့်လည်းကောင်း။
အာမိသဒိဒ္ဓတာယ စ၊ အစာအာမိသမက်မောသည့် အဖြစ်ကြောင့်လည်းကောင်း။
“အဇ္ဇ ဂစ္ဆာမ သွေ ဂစ္ဆာမာတိ၊ ယနေ့ သွားကြစို့ နက်ဖြန် သွားကြစို့ ”ဟု။
တယောမာသေ အတိက္ကာမေသုံ၊ သုံးလတို့ကို ကျော်လွန်စေကုန်ပြီ။
အထ ကေဝဋ္ဋာ၊ ထိုအခါ တံငါသည်တို့သည်။
နဒိယံ ဇာလံ ခိပိံသု၊ မြစ်၌ ကွန်ကို ပစ်ကြကုန်ပြီ။
ဗဟုစိန္တီ စ အပ္ပစိန္တီ စ၊ အကြံများသော ငါးသည်လည်းကောင်း အကြံနည်းသော ငါးသည်လည်းကောင်း။
ဂေါစရံ ဂဏှန္တာ၊ အစာကို ယူကြကုန်လျက်။
ပုရတော ဂစ္ဆန္တိ၊ ရှေ့မှ သွားကုန်၏။
တေ အတ္တနော အန္ဓဗာလတာယ၊ ထိုငါးနှစ်ကောင် တို့သည် မိမိ၏ ကန်းမိုက်သည့်အဖြစ်ကြောင့်။
ဇာလဂန္ဓံ အသလ္လင်္ကေတွာ၊ ပိုက်ကွန်နံ့ကို မမှတ်မိကြ၍။
ဇာလကုစ္ဆိမေဝ ပဝိံသု၊ ပိုက်ကွန်ဝမ်းထဲသို့သာ ဝင်သွားကုန်ပြီ။
မိတစိန္တိ ပစ္ဆတော အာဂစ္ဆန္တော၊ နှိုင်းချိန်စဉ်းစားတတ်သော ငါးသည် နောက်မှလာသော်။
ဇာလဂန္ဒံ သလ္လင်္ကေတွာ စ၊ ပိုက်ကွန်နံ့ ကို မှတ်မိ၍လည်း ကောင်း။
တေသံ၊ ဇာလ၌ထိုငါးနှစ်ကောင်တို့၏ ပိုက်ကွန်ဝမ်းထဲသို့။
ပဝိဋ္ဌဘာဝံ ဉတွာ စ၊ ဝင်သွားကြောင်းကို သိ၍လည်းကောင်း။
“ကုသီတာနံ၊ ပျင်းရိကုန်သော။
ဣမေသံ အန္ဓဗာလာနံ၊ ဤကန်းမိုက်သူတို့အား။
ဇီဝိတဒါနံ ဒဿာမီတိ၊ အသက် အလှူကို ပေးမည်”ဟု။
စိန္တေတွာ၊ တွေးတော၍။
ဗဟိပဿန၊ ပိုက်ကွန်၏ နံဘေးဖြင့်။
ဇာလကုစ္ဆိဋ္ဌာနံ ဂန္တွာ၊ ပိုက်ကွန်ဝမ်းရှိရာဌာနသို့ သွား၍။
ဇာလ၌ ဖာလေတွာ၊ ပိုက်ကွန်ဝမ်းကို ဖေါက်ခွဲ၍။
နိက္ခန္တသဒိသော ဟုတွာ၊ ထွက်လာ သည်နှင့်တူသည် ဖြစ်၍။
ဥဒကံ အာလုဠေန္တော၊ ရေကို မွှေနှောက်လျက်။ ဇာလဿ ပုရတော ပတိတွာ= ပိုက်ကွန်၏ရှေ့မှ ကျ၍။ ပုန ဇာလန္တံ ပဝိသိတွာ= တဖန် ပိုက်ကွန်ဝမ်းထဲသို့ ဝင်၍။ ပစ္ဆိမဘာဂေန ဖာလေတွာ= နောက်အဖို့ဖြင့် ပိုက်ကွန်ဖေါက်ခွဲ၍။ နိက္ခန္တသဒိသော= ထွက်လာသည်နှင့် တူသည်ဖြစ်၍။ ဥဒကံ အာလုဠေန္တော= ရေကို မွှေနှောက်လျက်။
ပစ္ဆိမဘာဂေ ပတိ၊ နောက်အဖို့၌ ကျပြီ။
ကေဝဋ္ဋာ၊ တံငါသည်တို့သည်။
“မစ္ဆာ ဇာလံ၊ ငါးတို့သည် ပိုက်ကွန်ကို။
ဖာလေတွာ ဂတာတိ၊ ဖေါက်ခွဲ၍ သွားကြပြီ”ဟု။
မညမာနာ၊ မှတ်ထင်ကြ၍။
ဇာလကောဋိယံ ဂဟေတွာ၊ ပိုက်ကွန်စွန်း၌ ကိုင်ယူ၍။
ဥက္ခိပိံသု၊ မ,ကြကုန်ပြီ။
တေ ဒွေပိ မစ္ဆာ၊ ထို ဗဟုစိန္တီ အပ္ပစိန္တငါးနှစ်ကောင်တို့သည်လည်း။
ဇာလတော မုစ္စိတွာ၊ ပိုက်ကွန်မှ လွတ်မြောက်ကြ၍။
ဥဒကေ ပတိံ သု၊ ရေ၌ ကျကြကုန်ပြီ။
ဣတိ တေဟိ၊ ဤသို့ ထိုငါးနှစ်ကောင်တို့သည်။
မိတစိန္တိံ နိဿာယ၊ မိတစိန္တိကို အမှီပြု၍။
ဇီဝိတံ လဒ္ဓံ၊ အသက်ကို ရအပ်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
ဣမံ အတီတံ အာဟရိတွာ၊ ဤအတိတ်ဝတ္ထုကြောင်း ကို ဆောင်ပြတော်မူ၍။
အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားစင်စစ်သည် ဖြစ်တော်မူ၍။
ဗဟုစိန္တီ အပ္ပစိန္တီ ဥဘော၊ အကြံများသော ငါးသည်လည်းကောင်း အကြံ နည်းသော ငါးသည်လည်းကောင်း ငါးနှစ်ကောင်တို့သည်။
ဇာလေ အဗဇ္ဈ ရေ၊ ပိုက်ကွန်ထည်း၌ ဖွဲ့မိနေကြပြီ။
မိတစိန္တီ ပမောစေသိ၊ နှိုင်းချိန်စဉ်းစား တတ်သော ငါးသည် လွတ်မြောက်စေပြီ။
ဥဘော တတ္ထ သမာဂတာ၊ အကြံ များ အကြံနည်း ငါးနှစ်ကောင်တို့သည် ထိုရေထဲ၌ နှိုင်းချိန်စဉ်းစားသော ငါးနှင့်ဆုံမိကုန်ပြီ။
တတ္ထ၊ ထိုဂါထာ၌။
**ဗဟုစိန္တီ** တိ၊ ဗဟုစိန္တီ ဟူသည်ကား။
ဗဟုစိန္တနတာယ၊ များစွာကြံတတ်သည့်အဖြစ်ကြောင့်။
ဝိတက္ကဗဟုလတာယ၊ ဝိတက်များသည့် အဖြစ်ကြောင့်။
ဧဝံ လဒ္ဓနာမော၊ ဤသို့ ဗဟုစိန္တီဟု ရအပ်သော အမည်ရှိသော ငါးတည်း။
ဣတရေသု ဒွီသုပိ၊ သည့်ပြင်ငါးနှစ်ကောင်တို့၌လည်း။
အယမေဝ နယော၊ ဤဆိုအပ်ခဲ့ပြီးသော နည်းပင်တည်း။
**ဥဘော တတ္ထ သမာဂတာ** တိ၊ ဥဘော တတ္ထ သမာဂတာ ဟူသည်ကား။
မိတစိန္တိံ နိဿာယ၊ မိတစိန္တငါးကို အမှီပြု၍။
လဒ္ဓဇီဝိတာ တတ္ထ ဥဒကေ၊ ရအပ်သော အသက်ရှိကြ၍ ထိုရေထဲ၌။
ဖုန ဥဘောပိ ဇနာ၊ တစ်ဖန် အကြံများ အကြံနည်း ငါးနှစ်ကောင်တို့သည်လည်း။
မိတစိန္တနာ သဒ္ဓိံ၊ နှိုင်းချိန်သော ငါးနှင့်အတူ။
သမာဂတာ ဣတိ အတ္ထော၊ ပေါင်းဆုံ မိကြပြီတည်း ဤကား စတုတ္ထပါဒအနက်တည်း။
ဧဝံ သတ္ထာ၊ ဤသို့ ဘုရားရှင်သည်။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရား ဒေသနာတော်ကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေတွာ၊ သစ္စာတို့ကို ပြတော်မူ၍။
ဇာတကံ သမောမာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
သစ္စပရိယော သာနေ၊ သစ္စာပြပြီးအဆုံး၌။
မဟလ္လကာ ဘိက္ခူ၊ မထေရ်အိုကြီး နှစ်ပါးတို့သည်။
သောတာပတ္တိဖလေ ပတိဋ္ဌတိံသု၊ သောတာပတ္တိဖိုလ်၌ တည်ကုန်ပြီ။
တဒါ ဗဟုစိန္တီ အပ္ပစိန္တီ စ၊ ထိုအတိတ်အခါက အကြံများသော ငါးသည်လည်းကောင်း အကြံနည်းသော ငါးသည်လည်းကောင်း။
ဣမေ ဒွေ အဟေသုံ၊ ဤမထေရ်အိုကြီး နှစ်ပါးတို့သည် ဖြစ်လာကုန်ပြီ။
မိတစိန္တီ ပန၊ နှိုင်းချိန်တတ်သော ငါးသည်ကား။
အဟမေဝ အဟောသီ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။
ဣတိ၊ ဤသို့ ဇာတ်ပေါင်း တော်မူပြီ။
မိတစိန္တီ ဇာတကဝဏ္ဏနာ စတုတ္ထာ၊ လေခုမြောက်ဖြစ်သော မိတစိန္ီဇာတ်အဖွင့်တည်း။