Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[5] 5. Taṇḍulanāḷijātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ကိမဂ္ဃတိ တဏ္ဍုလနာဠိကာ**တိ ဣဒံ၊ ကိ မဂ္ဃတိ တဏ္ဍုလနာဠိကာစသော ဤတရားဒေသနာကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ လာလုဒါယိတ္ထေရံ အာရဗ္ဘ ကထေသိ၊ လာလုဒါယီထေရ်ကို အကြောင်းပြု၍ ဟော‌တော်မူပြီ။
တသ္မိံ သမယေ၊ ထိုအခါ၌။ မလ္လပုတ္တော အာယသ္မာ ဒဗ္ဗော၊ မလ္လမင်းသားဖြစ်သော အရှင်ဒဗ္ဗသည်။ သံဃဿ ဘတ္တုဒ္ဒေသကော ဟောတိ၊ သံဃာတော်အား ဆွမ်းညွှန်းရဟန်းသည် ဖြစ်၏။
တသ္မိံ ပါတောဝ၊ ထိုအရှင်ဒဗ္ဗသည် စောစော၌ပင်။ သလာကဘတ္တာနိ ဥဒ္ဒိသမာနေ၊ စာရေးတံဆွမ်းတို့ကို ညွှန်းသော်။ လာလုဒါယိတ္ထေရဿ ကဒါစိ၊ လာလုဒါယီထေရ်အတွက် တစ်ရံတစ်ခါ၌။ ဝရဘတ္တံ ပါပုဏာတိ၊ ကောင်းမြတ်သော ဆွမ်းသည် ရောက်၏။ ကဒါစိ လာမကဘတ္တံ ပါပုဏာတိ၊ တစ်ရံတစ်ခါ၌ ဆွမ်းညံ့သည် ရောက်၏။
သော လာမကဘတ္တဿ ပတ္တဒိဝသေ၊ ထိုလာလုဒါယီထေရ်သည် ဆွမ်းညံ့ကိုရရာနေ့၌။ သလာကဂ္ဂံ အာကုလံ ကရောတိ၊ စာရေးတံယူရာကျောင်းကို ဆူဆူညံညံကို ပြု၏။ ဒဗ္ဗောဝ သလာကံ၊ ဒဗ္ဗသည်သာ စာရေးတံကို။ ဒါတုံ ဇာနာတိ ကိံ၊ ပေးခြင်းငှာ နားလည်သလော။ အမှေ န ဇာနာမာတိ ဝဒတိ၊ ငါတို့ကား နားမလည်ကုန်သလောဟု ပြောဆို၏။
တသ္မိံ သလာကဂ္ဂံ၊ ထိုလာလုဒါယီထေရ်သည် စာရေးတံယူရာ ကျောင်းကို။ အာကုလံ ကရောန္တေ၊ အနှောင့်အယှက်ကို ပြုသော်။ "ဟန္ဒ ဣဒါနိ၊ ရော့ ယခုအခါ၌။ တွမေဝ သလာကံ ဒေဟီတိ၊ သင်သည်သာ စာ‌ရေးတံကို ပေးလော့"ဟုပြော၍။ သလာကပစ္ဆိံ အဒံသု၊ စာရေးတံချင်းတောင်းကို ပေးကုန်ပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။ သော သံဃဿ၊ ထိုလာလုဒါယီထေရ်သည် သံဃာအား။ သလာကံ အဒါသိ၊ စာရေးတံကို ပေးပြီ။
ဒေန္တော စ ပန၊ ပေးသော်လည်း။ ဣဒံ ဝရဘတ္တန္တိ ဝါ၊ ဤကား ဆွမ်းကောင်း ဆွမ်းမြတ်ဟုလည်းကောင်း။ လာမကဘတ္တန္တိ ဝါ၊ ဆွမ်းညံ့ဟုလည်းကောင်း။ အသုကဝဿဂ္ဂေ ဝရဘတ္တန္တိ ဝါ၊ ဤမည်သော ဝါစဉ်၌ ဆွမ်းကောင်းဆွမ်းမြတ်ဟု လည်းကောင်း။ အသုကဝဿဂ္ဂေ လာမကဘတ္တန္တိ ဝါ နဇာနာတိ၊ ဤမည်သော ဝါစဉ်၌ ဆွမ်းညံ့ဟုလည်းကောင်း မသိ။ ဌိတိကံ ကရောန္တောပိ၊ ထေရ်စဉ်ဝါစဉ်ကို ပြုသော်လည်း။ အသုကဝဿဂ္ဂေ ဌိတိကာတိ၊ ဤမည်သော ဝါစဉ်၌ ထေရ်စဉ်ဝါစဉ်တည််းဟု။ န သလ္လက္ခေတိ၊ မမှတ်မိ။
ဘိက္ခူနံ ဌိတဝေလာယ၊ ရဟန်းတို့၏ တည်ရှိရာအခါ၌။ ဣမသ္မိံ ဌာနေ အယံ ဌိတိကာ ဌိတာ၊ ဤနေရာ၌ ဤထေရ်စဉ်ဝါစဉ်သည် တည်၏။ ဣမသ္မိံ ဌာနေ အယန္တိ၊ ဤနေရာ၌ ဤထေရ်စဉ် ဝါစဉ်တည်းဟု။ ဘူမိယံ ဝါ ဘိတ္တိယံ ဝါ၊ မြေပေါ်၌သော်လည်းကောင်း နံရံ၌သော်လည်းကောင်း။ လေခံ ကဍ္ဎတိ၊ ရေးသားမှုကို ပြု၏။
ပုနဒိဝသေ သလာကဂ္ဂေ၊ နောက်နေ့၌ စာရေးတံယူရာ ကျောင်း၌။ ဘိက္ခူ၊ ရဟန်းတို့သည်။ မန္ဒတရာ ဝါ ဗဟုတရာ ဝါ ဟောန္တိ၊ အထူးနည်းကုန်သည်သော်လည်းကောင်း အထူးများကုန်သည်သော်လည်းကောင်း ဖြစ်ကုန်၏။ တေသု မန္ဒတရေသု၊ ထိုရဟန်းတို့သည် အထူးနည်းကုန်သော်။ လေခါ ဟေဋ္ဌာ ဟောတိ၊ အရေးအသားသည် အောက်၌ ဖြစ်၏။ (ရေးထားသော အမှတ်အသားနည်း၍ နိမ့်သွားသည်ဟု ဆိုသည်ထင်၏)။ ဗဟုတရေသု ဥပရိ၊ ရဟန်းတို့ အထူးများကုန်သော် အရေးအသား အထက်၌ဖြစ်၏။ (ရေးထားသော အမှတ်အသားများလာ၍ မြင့်တက်လာ၏ဟု ဆိုသည်ထင်၏)။
သော ဌိတိကံ အဇာနန္တော၊ ထိုလာလုဒါယီထေရ်သည် ထေရ်စဉ်ဝါစဉ်ကို မသိဘဲ။ လေခါသညာယ သလာကံ ဒေတိ၊ ရေးထားသော အမှတ်သညာဖြင့် စာရေးတံကို ပေး၏။
အထ နံ ဘိက္ခူ၊ ထိုအခါ၌ ထိုလာလုဒါယီထေရ်ကို ရဟန်းတို့သည်။ "အာဝုသော ဥဒါယိ လေခါ နာမ၊ ငါ့ရှင်ဥဒါယီ အရေးအသားမည်သည်။ ဟေဋ္ဌာ ဝါ ဥပရိ ဝါ ဟောတိ၊ အောက်၌သော်လည်းကောင်း အထက်၌သော်လည်းကောင်း ဖြစ်တတ်၏။ ဝရဘတ္တံ ပန အသုကဝဿဂ္ဂေ ဌိတံ၊ ကောင်းမြတ်သော ဆွမ်းသည်ကား ဤမည်သော ဝါစဉ်၌ တည်၏။ လာမကဘတ္တံ အသုကဝဿဂ္ဂေတိ အာဟံသု၊ ညံ့သောဆွမ်းသည်ကား ဤမည်သော ဝါစဉ်၌တည်းဟု ပြောကုန်ပြီ။
သော ဘိက္ခူ ပဋိပ္ဖရန္တော၊ ထိုလာလုဒါယီထေရ်သည် ပြောသော ရဟန်းတို့ကို ဆန့်ကျင်ဘက်အဖြစ် တည်လျက်။ ယဒိ ဧဝံ အယံ လေခါ၊ ယင်းသို့ဖြစ်သော် ဤရေးသားချက်သည်။ ကသ္မာ ဧဝံ ဌိတာ၊ အဘယ့်ကြောင့် ဤသို့ တည်ရှိရသနည်း။ အဟံ တုမှာကံ သဒ္ဒဟာမိ ကိံ၊ ငါသည် သင်တို့အား ယုံရမည်လော။ ဣမိဿာ လေခါယ သဒ္ဒဟာမီတိ ဝဒတိ၊ ဤရေးသားချက်အား ယုံရမည်လောဟု ပြန်ပြော၏။
အထ နံ ဒဟရာ စ သာမဏေရာ စ၊ ထိုအခါ၌ ထိုလာလုဒါယီထေရ်ကို ရဟန်းငယ်တို့သည် လည်းကောင်း သာမဏေတို့သည်လည်းကောင်း။ "အာဝုသော လာလုဒါယိ တယိ၊ ငါ့ရှင်လာလုဒါယီ သင်သည်။ သလာကံ ဒေန္တေ၊ စာရေးတံကို ပေးသော်။ ဘိက္ခူ လာဘေန ပရိဟာယန္တိ၊ ရဟန်းတို့သည် လာဘ်လာဘမှ ဆုတ်ယုတ်ကုန်၏။ တွံ ဒါတုံ န အနုစ္ဆဝိကော၊ သင်သည် စာရေးတံပေးခြင်းငှာ မသင့်လျော်။ ဣတော ဂစ္ဆတိ၊ ဤစာရေးတံယူရာ ကျောင်းမှ ထွက်သွားလော့"ဟု ပြောကြ၍။ သလာကဂ္ဂတော နိက္ကဍ္ဎိံသု၊ စာရေးတံ ယူရာကျောင်းမှ နှင်ထုတ်ကုန်ပြီ။
တသ္မိံ ခဏေ သလာကဂ္ဂေ၊ ထိုခဏ၌ စာရေးတံယူရာကျောင်း၌။ မဟန္တံ ကောလာဟလံ အဟောသိ၊ ကြီးစွာသော အုတ်အုတ်ကျက်ကျက်အသံသည် ဖြစ်ပြီ။
တံ သုတွာ သတ္ထာ၊ ထိုအုတ်အုတ်ကျက်ကျက်သံကို ကြားတော်မူ၍ ဘုရားရှင်သည်။ "အာနန္ဒ သလာကဂ္ဂေ၊ အိုအာနန္ဒာ စာရေးတံယူရာကျောင်းက။ ကောလာဟလံ မဟန္တံ၊ အုတ်အုတ်ကျက်ကျက်သံသည် ကျယ်လောင်၏။ ဧသော ကိံ သဒ္ဒေါ နာမေတိ၊ ဤကျယ်လောင်သော အုတ်အုတ်ကျက်ကျက်သံသည် ဘယ်မည်သော အသံနည်း"ဟု။ အာနန္ဒတ္ထေရံ ပုစ္ဆိ၊ အာနန္ဒာထေရ်ကို မေးတော်မူပြီ။
ထေရော တထာဂတဿ၊ အာနန္ဒာထေရ်သည် ရှင်တော်ဘုရားအား။ တမတ္ထံ အာရောစေသိ၊ စာရေးတံယူရာကျောင်းက ထိုအကြောင်းအရာကို လျှောက်ထားပြီ။
"အာနန္ဒ ဣဒါနေဝ၊ အိုအာနန္ဒာ ယခုအခါ၌သာ။ လာလုဒါယီ အတ္တနော ဗာလတာယ၊ လာလုဒါယီသည် မိမိ၏ မိုက်အ,သည့် အဖြစ်ကြောင့်။ ပရေသံ လာဘဟာနိံ န ကရောတိ၊ သူတစ်ပါးတို့၏ လာဘ်လာဘဆုတ်ယုတ်မှုကို ပြုသည်မဟုတ်သေး။ ပုဗ္ဗေပိ အကာသိယေဝါတိ အာဟ၊ ရှေး၌လည်း ပြုဖူးသည်သာတည်း"ဟု မိန့်တော်မူပြီ။
ထေရော တဿတ္ထဿ အာဝိဘာဝတ္ထံ၊ ရှင်အာနန္ဒာထေရ်သည် ထိုအကြောင်းအရာ၏ ထင်စွာဖြစ်ခြင်းငှာ။ ဘဂဝန္တံ ယာစိ၊ ဘုရားရှင်ကို တောင်းပန်ပြီ။
ဘဂဝါ ဘဝန္တရေန ပဋိစ္ဆန္နံ၊ ရှင်တော်ဘုရားသည် ဘဝတစ်ပါးသည် ဖုံးကွယ်ထားအပ်သော။ ကာရဏံ ပါကဋံ အကာသိ၊ အကြောင်းအရာကို ထင်ရှားစွာ ပြုတော်မူပြီ။
အတီတေ ကာသိရဋ္ဌေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ၌ ကာသိတိုင်း၌ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တော ရာဇာ အဟောသိ၊ ဗြဟ္မဒတ်မည်သော မင်းသည် ဖြစ်ပြီ။
တဒါ အမှာကံ ဗောဓိသတ္တော၊ ထိုအခါ၌ ငါတို့၏ ‌ဂေါတမဘုရားလောင်းသည်။ တဿ အဂ္ဃါပနိကော အဟောသိ၊ ထိုဗြဟ္မဒတ်မင်း၏ ရာဖြတ်ဝန်, ရာဖြတ်အမတ်သည် ဖြစ်ပြီ။
ဟတ္ထိအဿာဒီနိ စေဝ မဏိသုဝဏ္ဏာဒီနိ စ အဂ္ဃါပေသိ၊ ဆင်မြင်းစသည်တို့ကိုလည်းကောင်း ကျောက်သံပတ္တမြားရွှေ စသည်တို့ကိုလည်းကောင်း အဖိုးထိုက်တန်စေ၏ တန်ဖိုးဖြတ်ပေးရ၏။ အဂ္ဃါပေတွာ ဘဏ္ဍသာမိကာနံ၊ တန်ဖိုးဖြတ်ပေးပြီး၍ ပစ္စည်းရှင်တို့အား။ ဘဏ္ဍာနုရူပမေဝ မူလံ ဒါပေသိ၊ ပစ္စည်းအားလျော်စွာသာ တန်ဖိုးကို ပေးစေပြီ။
ရာဇာ ပန လုဒ္ဓေါ ဟောတိ၊ ဗြဟ္မဒတ်မင်းသည်ကား လောဘကြီးသည် ဖြစ်၏။ သော လောဘပကတိတာယ၊ ထိုဗြဟ္မဒတ်မင်းသည် လောဘကြီးသောသဘောရှိသည့် အဖြစ်ကြောင့်။ "အယံ အဂ္ဃါပနိကော ဧဝံ အဂ္ဃါပေန္တော၊ ဤရာဖြတ်ဝန်သည် ဤသို့တန်ဖိုးဖြတ်သော်။ န စိရဿေဝ မမ ဂေဟေ၊ မကြာမီ၌ပင် ငါ၏နန်းတော်၌။ ဓနံ ပရိက္ခယံ ဂမေဿတိ၊ ဥစ္စာကို ကုန်ခြင်းသို့ ရောက်စေလတ္တံ့။ အညံ အဂ္ဃါပနိကံ ကရိဿာမီတိ၊ အခြားသူတစ်ယောက်ကို ရာဖြတ်ဝန်ကို ပြုအံ့, ခန့်ထားအံ့"ဟု။ ဧဝံ စိန္တေသိ၊ ဤသို့ ကြံပြီ။
သော သီဟပဉ္ဇရံ ဥဂ္ဃါဋေတွာ၊ ထိုဗြဟ္မဒတ်မင်းသည် ခြင်္သေ့ရုပ်ခံထား လေသာနန်းတံခါးကို ဖွင့်လှစ်၍။ ရာဇင်္ဂဏံ ဩလောကေန္တော၊ မင်းရင်ပြင်နန်းရှေ့ ကွင်းပြင်ကို ကြည့်သော်။ လောလဗာလံ ဧကံ ဂါမိကမနုဿံ၊ လော်လည် မိုက်အသော တောရွာသားတစ်ယောက်ကို။ ရာဇင်္ဂဏေန ဂစ္ဆန္တံ ဒိသွာ၊ မင်းရင်ပြင်ဖြင့် သွားသည်ကို တွေ့ရ၍။ ဧသော မယှံ၊ ဤသူသည် ငါ၏။ အဂ္ဃါပနိကကမ္မံ ကာတုံ သက္ခိဿတီတိ၊ ရာဖြတ်ဝန်အလုပ်ကို ပြုခြင်းငှာ စွမ်းနိုင်လိမ့်မည်ဟု တွေး၍။ တံ ပက္ကောသာပေတွာ၊ ထိုတောရွာသားကို အခေါ်ခိုင်း၍။ ဘဏေ အမှာကံ၊ အိုအချင်း ငါတို့၏။ အဂ္ဃါပနိကကမ္မံ ကာတုံ၊ ရာဖြတ်ဝန်တာဝန်ကို လုပ်ခြင်းငှာ။ သက္ခိဿသီတိ အာဟ၊ စွမ်းနိုင်အံ့လောဟု မေးပြီ။
သက္ခိဿာမိ ဒေဝါတိ၊ စွမ်းနိုင်ပါ၏ အရှင်မင်းကြီးဟု လျှောက်ပြီ။
ရာဇာ အတ္တနော ဓနရက္ခဏတ္ထာယ၊ ဗြဟ္မဒတ်မင်းသည် မိမိ၏ ပစ္စည်းစောင့်ရှောက်ရန် အကျိုးငှာ။ တံ ဗာလံ အဂ္ဃါပနိကကမ္မေ ဌပေသိ၊ ထိုမိုက်အသော တောရွာသားကို ရာဖြတ်ဝန်အမှု၌ တည်စေပြီ (ခန့်ထားပြီ)။
တတော ပဋ္ဌာယ၊ ထိုခန့်ထားရာနေ့မှ စ၍။ သော ဗာလော ဟတ္ထိ အဿာဒီနိ အဂ္ဃါပေန္တော၊ ထိုတောရွာသား အမိုက်အ,အသည် ဆင်မြင်းစသည်တို့ကို တန်ဖိုးဖြတ်သော်။ အဂ္ဃံ ဟာပေတွာ၊ တန်ဖိုးကို ယုတ်လျော့စေ၍။ ယထာရုစိယာ ကထေတိ၊ ကြိုက်သလို ပြောဆို၏။
တဿ ဌာနန္တရေ ဌိတတ္တာ၊ ထိုတောရွာသားအမိုက်အ,အ၏ ရာဖြတ်ဝန်ရာထူး၌ တည်သည့်အဖြစ်ကြောင့်။ ယံ သော ကထေတိ၊ အကြင်တန်ဖိုးကို ထိုတောရွာသား အမိုက်အ,အသည် ပြောဆို၏။ တမေဝ မူလံ ဟောတိ၊ တောရွာသားအမိုက်အ,အ ပြောဆိုအပ်သော ထိုတန်ဖိုးသည်သာ ပစ္စည်းတန်ဖိုးသည် ဖြစ်ရ၏။
တသ္မိံ ကာလေ ဥတ္တရာပထတော၊ ထိုအခါ၌ ဥတ္တရာပထတိုင်းမှ။ ဧကော အဿဝါဏိဇော ပဉ္စအဿသတာနိ အာနေသိ၊ မြင်းကုန်သည်တစ်ယောက်သည် မြင်းငါးရာတို့ကို ယူဆောင်လာပြီ။
ရာဇာ တံ ပုရိသံ ပက္ကောသာပေတွာ၊ ဗြဟ္မဒတ်မင်းသည် ထိုတောရွာသားယောကျ်ားအမိုက်အ,အကို ခေါ်စေ၍။ အဿေ အဂ္ဃါပေသိ၊ မြင်းတို့ကို တန်ဖိုးဖြတ်ခိုင်းပြီ။
သော ပဉ္စန္နံ အဿသတာနံ အဂ္ဃံ၊ ထိုတောသား အမိုက်အ,အသည် မြင်းငါးရာတို့၏ တန်ဖိုးကို။ ဧကံ တဏ္ဍုလနာဠိကံ အကာသိ၊ ဆန်တစ်စလယ်ကို ပြုပြီ။
စ ပန ကတွာ၊ ဆက်၍ အထူးပြောစရာကား တန်ဖိုးဖြတ်မှုကို ပြုပြီး၍။ အဿဝါဏိဇဿ ဧကံ တဏ္ဍုလနာဠိကံ၊ မြင်းကုန်သည်အား ဆန်တစ်စလယ်ကို။ ဒေထာတိ ဝတွာ၊ ပေးလိုက်ကြဟု အမိန့်ချ၍။ အဿေ အဿသာလာယံ သဏ္ဌာပေသိ၊ မြင်းတို့ကို မြင်းတင်းကုတ်၌ ကောင်းစွာတည်စေပြီ (ကောင်းစွာထားခိုင်းပြီ)။
အဿဝါဏိဇော ပေါရာဏအဂ္ဃါပနိကဿ၊ မြင်းကုန်သည်သည် ရာဖြတ်ဝန်ဟောင်း ဘုရားလောင်း၏။ သန္တိကံ ဂန္တွာ၊ အထံသို့ သွား၍။ တံ ပဝတ္တိံ အာရောစေတွာ၊ မြင်းငါးရာ ဆန်တစ်စလယ်ပေးသည့် ထိုအဖြစ်ကို ပြောကြား၍။ ဣဒါနိ ကိံ ကတ္တဗ္ဗန္တိ ပုစ္ဆိ၊ ယခု ဘယ်လိုလုပ်ရမည်နည်းဟု မေးပြီ။
သော၊ ထိုဘုရားလောင်း ရာဖြတ်ဝန်ဟောင်းသည်။ "တဿ ပုရိသဿ လဉ္ဇံ ဒတွာ၊ ထိုလက်ရှိ ရာဖြတ်ဝန်ယောကျ်ားအား တံစိုးကို ပေး၍။ တာဝ အမှာကံ အဿာ၊ ရှေးဦးစွာ ငါတို့၏ မြင်းငါးရာတို့သည်။ ဧကံ တဏ္ဍုလနာဠိကံ အဂ္ဃန္တီတိ၊ ဆန်တစ်စလယ်ကို တန်ဖိုးထိုက်ကုန်၏ဟု။ ဧတံ ဉာတံ၊ ဤမြင်းငါးရာတန်ဖိုးကို သိရပါပြီ။ ပန တုမှေ နိဿာယ၊ အဟုတ်သော်ကား သင်ရာဖြတ်ဝန်ကြီးတို့ကို အမှီပြု၍။ တဏ္ဍုလနာဠိယာ အဂ္ဃံ၊ ဆန်တစ်စလယ်၏ တန်ဖိုးကို။ ဇာနိတုကာမ အမှာ၊ သိလိုကုန်သည် ဖြစ်ကုန်ပြီ။ ရညောာ သန္တိကေ ဌတွာ၊ ဗြဟ္မဒတ်မင်း၏ အထံ၌ တည်၍။ သာ တဏ္ဍုလနာဠိကာ ဣဒံ နာမ အဂ္ဃတီတိ၊ မြင်းငါးရာဖိုး ထိုဆန်တစ်စလယ်သည် ဤမျှမည်သည်ကို ထိုက်တန်၏ဟု။ ဝတ္တုံ သက္ခိဿထ နောတိ၊ ပြောခြင်းငှာ စွမ်းနိုင်ကုန်အံ့လောဟု။ ဧဝံ ပုစ္ဆထ၊ ဤသို့ မေးကြလော့။ သက္ကောမီတိ သစေ ဝဒတိ၊ တန်ဖိုးပြောစွမ်းနိုင်၏ဟု အကယ်၍ ပြောအံ့။ တံ ဂဟေတွာ၊ ထိုလက်ရှိရာဖြတ်ဝန်ကို ခေါ်ယူ၍။ ရညော သန္တိကံ ဂစ္ဆထ၊ မင်း၏အထံသို့ သွားကြ။ အဟမ္ပိ တတ္ထ အာဂမိဿာမီတိ၊ ငါသည်လည်း ထိုမင်းအထံသို့ လာခဲ့အံ့"ဟု။ အာဟ၊ ပြောပြီ။
အဿဝါဏိဇော သာဓူတိ၊ မြင်းကုန်သည်သည် ကောင်းပါပြီဟု။ ဗောဓိသတ္တဿ ဝစနံ သမ္ပဋိစ္ဆိတွာ၊ ရာဖြတ်ဝန်ဟောင်းဘုရားလောင်း၏ စကားကို ဝန်ခံ၍။ အဂ္ဃါပနိကဿ လဉ္ဇံ ဒတွာ၊ လက်ရှိရာဖြတ်ဝန်အား လာဘ်ကို ပေး၍။ တမတ္ထံ အာရောစေသိ၊ ဆန်တစ်စလယ်တန်ဖိုးဖြတ်ဖို့ ထိုအကြောင်းကို ပြောကြားပြီ။
သော လဉ္ဇံ လဘိတွာဝ၊ ထိုလက်ရှိရာဖြတ်ဝန်သည် လာဘ်ကိုရလျှင်ပင်။ တဏ္ဍုလနာဠိံ အဂ္ဃါပေတုံ သက္ခိဿာမိတိ၊ မြင်းငါးရာဖိုးရသည့် ဆန်တစ်စလယ်ကို တန်ဖိုးဖြတ်ခြင်းငှာ စွမ်းနိုင်ပါလိမ့်မည်ဟု ပြောပြီ။
တေန ဟိ ရာဇကုလံ ဂစ္ဆာမ ဣတိ၊ ထိုသို့ဖြစ်လျှင် မင်းမျိုးသို့ မင်းနန်းတော်သို့ သွားကြစို့ဟု ပြော၍။ တံ အာဒါယ၊ ထိုလက်ရှိရာဖြတ်ဝန်ကို ခေါ်ယူ၍။ ရညော သန္တိကံ အဂမာသိ၊ ဗြဟ္မဒတ်မင်း၏ အထံသို့သွားပြီ။
ဗောဓိသတ္တောပိ အညေ ဗဟူ အမစ္စာပိ အဂမိံသု၊ ဘုရားလောင်းရာဖြတ်ဝန်ဟောင်းသည်လည်း‌ကောင်း, တစ်ပါးကုန်သော များစွာကုန်သော အမတ်တို့သည်လည်းကောင်း မင်းထံသွားကုန်ပြီ။
အဿဝါဏိဇော ရာဇာနံ ဝန္ဒိတွာ၊ မြင်းကုန်သည်သည် ဗြဟ္မဒတ်မင်းကို ရှိခိုး၍။
"ဒေဝ ပဉ္စန္နံ အဿသတာနံ၊ အိုအရှင်မင်းမြတ် မြင်းငါးရာတို့၏။ ဧကံ တဏ္ဍုလနာဠိံ အဂ္ဃနကဘာဝံ ဇာနာမ၊ ဆန်တစ်စလယ်ကို ထိုက်တန်ကြောင်းကို သိရပါကုန်၏။ သာ ပန တဏ္ဍုလနာဠိ ကိံ အဂ္ဃတီတိ၊ မြင်းငါးရာဖိုး ထိုဆန်တစ်စလယ်သည်ကား ဘယ်မျှ ထိုက်တန်သနည်းဟု။ အဂ္ဃါပနိကံ ပုစ္ဆထ ဒေဝါတိ အာဟ၊ ရာဖြတ်ဝန်ကို မေးတော်မူပါကုန် အရှင်မင်းကြီး"ဟု လျှောက်ထားပြီ။
ရာဇာ တံ ပဝတ္တိံ အဇာနန္တော၊ ဗြဟ္မဒတ်မင်းသည် ထိုလာဘ်ယူထားသောအဖြစ်ကို မသိ၍။ အမ္ဘော အဂ္ဃါပနိက ပဉ္စအဿသတာနိ၊ အိုအမောင်ရာဖြတ်ဝန် မြင်းငါးရာတို့သည်။ ကိံ အဂ္ဃန္တီတိ ပုစ္ဆိ၊ အဘယ်မျှကို ထိုက်တန်ကြသနည်းဟု မေးပြီ။
ဒေဝ တဏ္ဍုလနာဠိံ၊ အိုအရှင်မင်းကြီး ဆန်တစ်စလယ်ကို။ (အဂ္ဃန္တိ၊ ထိုက်တန်ကြ၏)။ ဣတိ၊ ဤသို့ဖြေပြီ။
ဟောတု ဘဏေ၊ ဖြစ်စေ, ရှိစေတော့ အချင်းရာဖြတ်ဝန်။ အဿာ တဏ္ဍုလနာဠိံ တာဝ အဂ္ဃန္တု၊ မြင်းငါးရာတို့သည် ဆန်တစ်စလယ်ကို ထိုက်တန်ကြစေတော့။
သာ ပန တဏ္ဍုလနာဠိကာ ကိံ အဂ္ဃတိ ဣတိ ပုစ္ဆိ၊ မြင်းငါးရာဖိုး ထိုဆန်တစ်စလယ်သည်ကား အဘယ်မျှကိုထိုက်တန်သနည်းဟု မေးပြီ။
သော ဗာလပုရိသော၊ ထိုအမိုက်အ,အ ရာဖြတ်ဝန်ယောကျ်ားသည်။ "တဏ္ဍုလနာဠိကာ သန္တရဗာဟိရံ ဗာရာဏသိံ အဂ္ဃတိ ဣတိ အာဟ၊ မြင်းငါးရာဖိုး ဆန်တစ်စလယ်သည် မြို့တွင်းမြို့ပြင်နှင့်တကွသော ဗာရာဏသီတစ်မြို့လုံးကို ထိုက်တန်၏ဟု ပြောပြီ။
သော ပုဗ္ဗေ၊ ထိုလက်ရှိရာဖြတ်ဝန်သည် ရှေးက။ ရာဇာနံ အနုဝတ္တန္တော၊ မင်းသဘောသို့ လိုက်လျက်။ အဿာနံ အဂ္ဃံ၊ မြင်းငါးရာတို့၏ တန်ဖိုးကို။ ဧကံ တဏ္ဍုလနာဠိံ အကာသိ ကိရ၊ ဆန်တစ်စလယ်ကို ပြုပြီတဲ့။
ဝါဏိဇဿ ဟတ္ထတော၊ မြင်းကုန်သည်၏ လက်မှ။ လဉ္ဇံ လဘိတွာ၊ လာဘ်ကိုရ၍။ တဿာ တဏ္ဍုလနာဠိကာယ အဂ္ဃံ၊ ထိုဆန်တစ်စလယ်၏ တန်ဖိုးကို။ သန္တရဗာဟိရံ ဗာရာဏသိံ ပုန အကာသိကိရ၊ မြို့တွင်းမြို့ပြင်နှင့်တကွသော ဗာရာဏသီမြို့ကို တစ်ဖန် ပြုပြင်သတဲ့။
တဒါ ဗာရာဏသိယာ ပါကာရပရိက္ခေပေါ ပန၊ ထိုအခါ၌ ဗာရာဏသီမြို့၏ တံတိုင်းအကာအရံသည်ကား။ ဒွါဒသယောဇနိကော ဟောတိ၊ ၁၂-ယူဇနာရှိသည် ဖြစ်၏။
ဗာဟိရံ ရဋ္ဌံ ပန တိယောဇနသတိကံ၊ မြို့တော်ပြင်ဘက်ဖြစ်သော တစ်နိုင်ငံလုံးသည်ကား ယူဇနာသုံးရာရှိ၏။ ဣတိ သော ဗာလော၊ ဤသို့လျှင် ထိုမိုက်အ,သော ရာဖြတ်ဝန်သည်။ ဧဝံ မဟန္တံ၊ သို့ကလောက် ကြီးကျယ်သော။ သန္တရဗာဟိရံ ဗာရာဏသိံ၊ မြို့တွင်း မြို့ပြင်နှင့်တကွသော ဗာရာဏသီမြို့ကို။ တဏ္ဍုလနာဠိကာယ အဂ္ဃံ အကာသိ၊ ဆန်တစ်စလယ်၏ တန်ဖိုးကို ပြုပြီ။
တံ သုတွာ အမစ္စာ၊ ထိုတန်ဖိုးဖြတ်စကားကို ကြားရ၍ အမတ်တို့သည်။ ပါဏိံ ပဟရိတွာ ဟသမာနာ၊ လက်ခုပ်ကို တီး၍ ရယ်ကြလျက်။ "မယံ ပုဗ္ဗေ ပထဝိဉ္စ ရဇ္ဇဉ္စ၊ ငါတို့သည် ရှေးက မြေကြီးကိုလည်းကောင်း မင်းစည်းစိမ်ကိုလည်းကောင်း။ အနဂ္ဃန္တိ သညိနော အဟုမှ၊ တန်ဖိုးမဖြတ်နိုင်ဟု အမှတ်ရှိကုန်သည် ဖြစ်ခဲ့ကြပြီ။ ဧဝံ မဟန္တံ၊ သို့ကလောက် ကြီးကျယ်မြင့်မြတ်သော။ သရာဇကံ ဗာရာဏသိရဇ္ဇံ၊ မင်းနှင့်တကွသော ဗာရာဏသီမင်းစည်းစိမ်သည်။ တဏ္ဍုလနာဠိမတ္တံ အဂ္ဃတိ ကိရ၊ ဆန်တစ်စလယ်မျှကိုသာ ထိုက်တန်သတဲ့။ အဂ္ဃါပနိကဿ ဉာဏသမ္ပဒါ အဟော၊ ရာဖြတ်ဝန်၏ ဉာဏ်စုံလင်မှုသည် ‌ဪ အံ့ဖွယ် ရှိပေစွ။
ဧတ္တကံ ကာလံ အယံ အဂ္ဃါပနိကော၊ ဤမျှရှိသော ကာလပတ်လုံး ဤရာဖြတ်ဝန်သည်။ ကဟံ ဝိဟာသိ၊ အဘယ်အရပ်၌ နေလေသနည်း။ အမှာကံ ရညော ဧဝ အနုစ္ဆဝိကောတိ၊ ငါတို့၏ မင်းကြီးအားသာ သင့်လျော်၏"ဟု ပြောကြ၍။ ပရိဟာသံ အကံသု၊ ပြောင်လှောင်မှုကို ပြကုန်ပြီ။ ဂါထာအနက်ကား-
၅။ အဿာန မူလာယ၊ မြင်းငါးရာတို့၏ တန်ဖိုးအတွက်။ အယံ တဏ္ဍုလနာဠိကာ၊ ဤဆန်တစ်စလယ်သည်။ ကိံ အဂ္ဃတိ၊ အဘယ်မျှကို ထိုက်တန်ပါသနည်း။ ဝဒေဟိ ရာဇ၊ မိန့်တော်မူပါ အရှင်မင်းမြတ်။
သန္တရဗာဟိရံ ဗာရာဏသိံ၊ မြို့တွင်း မြို့ပြင်နှင့်တကွသော ဗာရာဏသီပြည်ကို။ အယံ တဏ္ဍုလနာဠိကာ အဂ္ဃတိ၊ ဤဆန်တစ်စလယ်သည် ထိုက်တန်၏။
တသ္မိံ ကာလေ ရာဇာ လဇ္ဇိတော၊ ဆန်တစ်စလယ်ကိုတန်ဖိုးဖြတ်ရာ ထိုအခါ၌ ဗြဟ္မဒတ်မင်းသည် အရှက်ရ၍။ တံ ဗာလံ နိက္ကဍ္ဎာပေတွာ၊ ထိုရာဖြတ်ဝန် အမိုက်အ,အကို နှင်ထုတ်စေ၍။ ဗောဓိသတ္တဿေဝ အဂ္ဃါပနိကဋ္ဌာနံ အဒါသိ၊ ဘုရားလောင်းအားသာ ရာဖြတ်ဝန်ရာထူးကို ပေးပြီ။
ဗောဓိသတ္တောပိ ယထာကမ္မံ ဂတော၊ ဘုရားလောင်းသည်လည်း ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။ ဒွေ ဝတ္ထူနိ ကထေတွာ၊ ပစ္စုပ္ပန်အတိတ်ဝတ္ထုနှစ်ခုတို့ကို ဟောတော်မူပြီး၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။ "တဒါ ဂါမိကဗာလအဂ္ဃါပနိကော၊ ထိုအခါက တောသားအမိုက်အ,အ ရာဖြတ်ဝန်သည်။ လာလုဒါယီ အဟောသိ၊ ယခုလာလုဒါယီသည် ဖြစ်လာပြီ။ ပဏ္ဍိတအဂ္ဃါပနိကော ပန၊ ထိုအခါပညာရှိ ရာဖြတ်ဝန်သည်ကား။ အဟမေဝ အဟောသိန္တိ၊ ယခု ငါဘုရားသည်သာ ဖြစ်လာပြီဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။ ဣတိ ဒေသနံ နိဋ္ဌာပေသိ၊ ဤသို့ဇာတ်ပေါင်းပြီး၍ တရားဟောခြင်းကို ပြီးဆုံးစေတော်မူပြီ။
**တဏ္ဍုလနာဠိဇာတကဝဏ္ဏနာ ပဉ္စမာ**၊ **ငါးခုမြောက်ဖြစ်သော တဏ္ဍုလနာဠိဇာတ်အဖွင့်တည်း။**