**ဧကပဏ္ဏော အယံ ရုက္ခော** တိ ဣဒံ၊ ဧကပဏ္ဏော အယံ ရုက္ခောအစရှိသော ဤတရားဒေသနာတော်ကို။
သတ္တာ ဝေသာလိံံ ဥပနိဿာယ၊ ဝေသာလီမြို့ကို အမှီပြု၍။
မဟာဝနေ၊ မဟာဝုန်တော၌။
ကူဋာဂါရသာလာယံ ဥပနိဿာယ၊ ဘုရားရှင်သည် စုလစ်မွန်းချွန် အထွဋ်တင်သော ဇရပ်၌ နေတော်မူစဉ်။
ဝေသာလိကံ ဒုဋ္ဌလိစ္ဆဝိကုမာရံ၊ ဝေသာလီပြည်သားဖြစ်သော ဒုဋ္ဌလိစ္ဆဝီမင်းသားကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တသ္မိံ ကာလေ၊ ချဲ့ပြောရသော် ထိုအခါက။
ဝေသာလိနဂရံ၊ ဝေသာလီမြို့ကို(ဝေသာလီမြို့သည်)။
ဂါဝုတ ဂါဝုတန္တရေ၊ တစ်ဂါဝုတ် တစ်ဂါဝုတ်အတွင်း၌။
တီဟိ ပါကာရေဟိ၊ သုံးထပ် ကုန်သော တံတိုင်းတို့ဖြင့်။
ပရိက္ခိတ္တံ၊ ကာရံအပ်၏။
တီသု ဌာနေသု၊ သုံးဌာနတို့၌။
ဂေါပုရဋ္ဋာလကယုတ္တံ၊ တုရိုဏ်းတိုင်နှင့် ယှဉ်၏။
ပရမသောဘဂ္ဂပ္ပတ္တံ၊ အလွန် တင့်တယ်ခြင်းအစုသို့ ရောက်၏။
တတ္ထ နိစ္စကာလံ၊ ထိုဝေသာလီမြို့၌ အမြဲကာလ ပတ်လုံး။
ရဇ္ဇံ ကာရေတွာ၊ မင်းအဖြစ်ကို ပြု၍။
ဝသန္တာနညဝ ရာဇူနံ၊ နေသည် သာလျှင် ဖြစ်ကုန်သော မင်းတို့၏။
သတ္တသဟဿာနိ၊ ခုနစ်ထောင်တို့သည် လည်းကောင်း။
သတ္တသတာနိ၊ ခုနစ်ရာတို့သည်လည်းကောင်း။
သတ္တ ရာဇာနောစ ဟောန္တိ၊ ခုနစ်ပါးကုန်သော မင်းတို့သည်လည်းကောင်း ဖြစ်ကုန်, ရှိကုန်၏။
တတ္တကာယေဝ ဥပရာဇာနော၊ ထိုမျှလောက်သာရှိကုန်သော အိမ်ရှေ့မင်း တို့သည်လည်းကောင်း။
တတ္တကာ သေနာပတိနော၊ ထိုမျှလောက် သာ ရှိကုန်သော စစ်သူကြီးတို့သည်လည်းကောင်း။
တတ္တကာ ဘဏ္ဍာဂါရိကာ၊ ထိုမျှလောက်သာရှိကုန်သော ဘဏ္ဍာစိုးတို့သည်လည်းကောင်း။
(ဟောန္တိ၊ ဖြစ်ကုန် ရှိကုန်၏)။
တေသံ ရာဇကုမာရာနံ အန္တရေ၊ ထိုလိစ္ဆဝီမင်းသားငယ်တို့၏ အတွင်း၌။
ဧကော ဒုဋ္ဌလိစ္ဆဝိကုမာရော နာမ၊ တစ်ယောက်သော ဒုဋ္ဌလိစ္ဆဝီမင်းသားငယ် မည်သည်။
ကောဓနော စကော့၊ စိတ်ဆိုးလေ့ရှိသည် ကြမ်းတမ်းသည်။
ဖရုသော သာဟသိကော၊ ရိုင်းပြသည် အနိုင်ကျင့်တတ်သည်။
အဟောသိ၊ ဖြစ်ပြီ။
ဒဏ္ဍေန၊ ဒုတ်ဖြင့်။
ယဋိတအာသီဝိသော ဝိယ၊ ထိခိုက်ထားအပ်သော မြွေကဲ့သို့။
ကောဓန၊ ဒေါသဖြင့်။
နိစ္စံ ပဇ္ဇလိတော၊ အမြဲတောက်လောင်နေ၏။
တဿ ပုရတော၊ ထိုဒုဋ္ဌလိစ္ဆဝီမင်းသား၏ ရှေ့၌။
ဒွေ တီဏိ ဝစနာနိ၊ နှစ်ခွန်းကုန်သုံးခွန်းကုန်သော စကားတို့ကို။
ကထေတုံ သမတ္ထော နာမ၊ ပြောခြင်းငှာ စွမ်းနိုင်သူမည်သည်။
နတ္ထိ၊ မရှိ။
တံ မာတာပိတရော၊ ထိုဒုဋ္ဌလိစ္ဆဝီမင်းသားကို မိဘတို့သည်။
သိက္ခာပေတုံ နေဝ သဒ္ဒံသု၊ သင်ယူစေခြင်းငှာ မစွမ်းနိုင်ကြပြီ။
ဉာတယော သန္ဓေသု၊ ဆွေမျိုးတို့သည်လည်း မစွမ်းနိုင်ကြပြီ။
မိတ္တသုဟဇ္ဇာ၊ မိတ်ဆွေ စိတ်ကောင်းရှိသူတို့သည်လည်း။
သိက္ခာပေတုံ န သက္ခိံသု၊ သင်ယူစေခြင်းငှာ မစွမ်းနိုင်ကြပြီ။
အထ အဿ မာတာပိတူနံ၊ ထိုအခါ ထိုဒုဋ္ဌလိစ္ဆဝီမင်းသား၏ မိဘတို့မှာ။
“အယံ ကုမာရော၊ ဤမင်းသားသည်။
အတိဖရုသော၊ အလွန် ကြမ်းတမ်း၏။
သာဟသိကော၊ အနိုင်ကျင့်တတ်၏။
သမ္မာသမ္ဗုဒ္ဓံ ဌပေတွာ၊ ရှင်တော်ဘုရားကို ချန်ထား၍။
အညော၊ အခြားသော။
ဣမံ ဝိနေတုံ၊ ဤဒုဋ္ဌလိစ္ဆဝီ မင်းသားကို ဆုံးမခြင်းငှာ။
သမတ္ထော နာမ နတ္ထိ၊ စွမ်းနိုင်သူမည်သည် မရှိ။
ဗုဒ္ဓဝေနေယျေန၊ ဘုရားရှင် ချွတ်ထိုက်သူသည်။
ဘဝိတဗ္ဗန္တိ၊ ဖြစ်လောက်၏”ဟု။
ဧတံ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။
တေ တံ အာဒါယ၊ ထိုမိဘတို့သည် ထိုဒုဋ္ဌလိစ္ဆဝီမင်းသားကို ခေါ်ယူ၍။
သတ္ထု သန္တိကံ၊ ဘုရားရှင်၏ အထံသို့။
ဂန္တွာ ဝန္ဒိတွာ၊ သွား၍ ဝပ်ချ၍။
“ဘန္တေ အယံ ကုမာရော၊ အို... မြတ်စွာဘုရား ဤမင်းသားသည်။
စဏ္ဍော ဖရုသော၊ ကြမ်းတမ်းပါ၏ ရိုင်းပြပါ၏။
ကောဓေန ပဇ္ဇလတိ၊ ဒေါသဖြင့် တောက်လောင်နေပါ၏။
ဣမဿ ဩဝါဒံ၊ ဤမင်းသားအား ဩဝါဒကို။
ဒေထာတိ အာဟံသု၊ ပေးတော်မူကြပါ”ဟု လျှောက်ထားကုန်ပြီ။
သတ္ထာ တံ ကုမာရံ၊ ဘုရားရှင်သည် ထိုဒုဋ္ဌလိစ္ဆဝီမင်းသားကို။
“ကုမာရ ဣမေသု သတ္တေသု နာမ၊ အို. . မင်းသား ဤသတ္တဝါမည်သည်တို့တွင်။
စဏ္ဍေန ဖရုသေန၊ ကြမ်းတမ်းသူသည် ရိုင်းပြသူသည်။
သာဟသိကေန၊ အနိုင်ကျင့်တတ်သူသည်။
ဝိဟေဌကဇာတိကေန၊ ညှဉ်းဆဲတတ်သောသဘောရှိသူမည်သည်။
န ဘဝိတဗ္ဗံ၊ မဖြစ်သင့်မဖြစ်ရာ။
ဖရုသဝါစော စ နာမ၊ ရိုင်းပြသော စကားရှိသူမည်သည်ကို လည်း။
ဝိဇာတမာတုယာပိ၊ မွေးမိခင်သည်လည်းကောင်း။
ပိတုနောပိ၊ မွေးဖခင်သည်လည်းကောင်း။
ပုတ္တဒါရဿပိ၊ သားသမီး သားမယားသည် လည်းကောင်း။
ဘာတိဘဂိနီနမ္မိ၊ ညီအစ်ကိုအမနှမတို့သည်လည်းကောင်း။
ပဇာပတိယာပိ၊ အိမ်ရှင်မသည်လည်းကောင်း။
မိတ္တဗန္ဓဝါနမ္ပိ၊ မိတ်ဆွေ အကျွမ်းဝင်သူတို့သည်လည်းကောင်း။
အပ္ပိယော၊ မချစ်အပ်သည်။
အမနာပေါ ဟောတိ၊ မနှစ်သက်အပ်သည် ဖြစ်၏။
ဍံသိတုံ အာဂစ္ဆန္တော၊ ကိုက်ဖို့ရာ လာသော။
သန္ဓေါ ဝိယ၊ မြွေကဲ့သို့လည်းကောင်း။
အဋပိယံ ဥဋ္ဌိတစောရော ဝိယ၊ တောအုပ်ထဲ၌ ထကြွသောင်းကြမ်းသော သူခိုးဓားပြကဲ့သို့လည်းကောင်း။
ခါဒိဂုံ အာဂစ္ဆန္တော၊ ကိုက်စားခြင်းငှာ လာသော။
ယက္ခော ဝိယ၊ ဘီလူးကဲ့သို့ လည်းကောင်း။
ဥဗ္ဗဇနီယော ဟုတွာ၊ ထိပ်လန့်ဖွယ်ပုဂ္ဂိုလ်သည် ဖြစ်၍။
ဒုတိယ စိတ္တဝါရေ၊ ဒုတိယဘဝစိတ်အကြိမ်၌။
နိရယာဒီသု နိဗ္ဗတ္တတိ၊ ငရဲစသည်တို့၌ ဖြစ်ရ၏။
ဒိဋ္ဌေယေဝ စ ဓမ္မေ၊ မျက်မှောက် တွေ့မြင်ရသောသဘော၌ပင်လည်း။
(ယခုဘဝ၌ပင်လည်း)။
ကောဓနော ပုဂ္ဂလော၊ စိတ်ဆိုးလေ့ရှိသော ပုဂ္ဂိုလ်သည်။
မဏ္ဍိတပသာဓိတောပိ၊ တန်းဆာဆင်အပ်, ပြင်ဆင်အပ်သော်လည်း။
ဒုဗ္ဗဏ္ဏောဝ ဟောတိ၊ အဆင်းမလှသည်သာ ဖြစ်၏။
အဿ မုခံ၊ ထိုစိတ်ဆိုးလေ့ရှိသူ၏ မျက်နှာသည်။
ပုဏ္ဏစန္ဒသဿိရိကမ္ပိ၊ လပြည့်ဝန်းကဲ့သို့ ကျက်သရေရှိသော်လည်း။
ဇာလာဘိဟတပဒုမံ ဝိယ၊ မီးလျှံ ဖိစီးနှိပ်စက်အပ်သော ပဒုမ္မာကြာကဲ့သို့ လည်းကောင်း။
မလဂ္ဂဟိတကဉ္စနာဒါသမဏ္ဍလံ ဝိယ စ၊ ယူအပ်သော အညစ် အကြေးရှိသော ရွှေကြေးမုံကဲ့သို့လည်းကောင်း။
ဝိရူပံ၊ ပျက်သော အဆင်းရှိသည်။
ဒုဒ္ဒသိကံ အဟောသိ၊ ကြည့်ရှူဖွယ်မကောင်းသည် ဖြစ်၏။
ဟိ ကောဓံ နိဿာယ၊ ချဲ့ပြောရသော် ဒေါသကို မှီ၍။
သတ္တာ သစ္စံ အာဒါယ၊ သတ္တဝါတို့သည် လက်နက်ကို ကိုင်ယူ၍။
အတ္တနာဝ၊ ကိုယ်တိုင်ပင်။
အတ္တာနံ ပဟရန္တိ၊ မိမိကိုယ်ကို ရိုက်နှက်ထိုးခုတ်ကုန်၏။
ဝိသံ ခါဒန္တိ၊ အဆိပ်ကို စားကြကုန်၏။
ရဇ္ဇုယာ ဥဗ္ဗန္ဓန္တိ၊ ကြိုးဖြင့် အထက်၌ အပေါ်၌ ဖွဲ့ချည်ကြကုန်၏(ကြိုးဆွဲချကုန်၏)။
ပပါတာ ပပတန္တိ၊ ကမ်းပါးပြတ်မှ ခုန်ချကုန်၏။
ဧဝံ ကောဓဝသေန၊ ဤကဲ့သို့ ဒေါသ၏အစွမ်းဖြင့်။
ကာလံ ကတွာ၊ သေခြင်းကို ပြု၍။
နိရယာဒီသု ဥပ္ပဇ္ဇန္တိ၊ ငရဲစသည်တို့၌ ဖြစ်ကြ ကုန်၏။
ဝိဟေဌကဇာတိကာပိ၊ ညှဉ်းဆဲလေ့ရှိသူတို့သည်လည်း။
ဒိဋ္ဌေဝ ဓမ္မေ၊ ယခုဘဝ၌ပင်။
ဂရဟံ ပတွာ၊ ကဲ့ရဲ့ခံရခြင်းကို ရ၍။
ကာယဿ ဘေဒါ၊ ခန္ဓာကိုယ်၏ ပျက်စီးခြင်းကြောင့်။
နိရယာဒီသု ဥပ္ပန္တိ၊ ငရဲစသည်တို့၌ ဖြစ်ကြကုန်၏။
ပုန၊ တစ်ဖန်။
မနုဿတ္တံ လဘိတွာ၊ လူ့အဖြစ်ကို ရ၍။
ဝိဇာတကာလတော ပဋ္ဌာယ၊ မွေးဖွားရာကာလမှ စ၍။
ရောဂဗဟုလာဝ ဟောန္တိ၊ ရောဂါများကုန်သည် သာ ဖြစ်ကုန်၏။
စက္ခုရောဂေါ၊ မျက်စိရောဂါလည်းကောင်း။
သောတရောဂေါ၊ နားရောဂါလည်းကောင်း။
ဣတိအာဒီသု စ ရောဂေသု၊ ဤသို့အစရှိကုန်သော ရောဂါတို့သည်လည်း။
(သန္တေသု၊ ဖြစ်ကုန်လသော်)။
ဧကတော ဥဌာယ၊ တစ်ပေါင်းတည်း ဖြစ်ပေါ်ကြ၍။
ဧကသ္မိံ ပတန္တိ၊ ဒေါသကြီးသူပုဂ္ဂိုလ်တစ်ယောက်တည်း၌ ကျရောက်ကုန်၏ ။
ရောဂေန အပရိမုတ္တာဝ၊ ရောဂါမှ မလွတ်ကုန်သည်သာ။
ဟုတွာ၊ ဖြစ်၍။
နိစ္စံ ဒုက္ခိတာဝ၊ အမြဲ ဒုက္ခရောက်သူ တို့သည်သာ။
ဟောန္တိ၊ ဖြစ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
သဗ္ဗေသု သတ္တေသု၊ အားလုံးကုန်သော သတ္တဝါတို့၌။
မေတ္တစိတ္တေန၊ မေတ္တာစိတ်ရှိသည်။
ဟိတစိတ္တေန၊ အကျိုးစီးပွားလိုလားသည့်စိတ်ရှိသည်။
မုဒုစိတ္တေန ဘဝိတဗ္ဗံ၊ နူးညံ့သော စိတ်ရှိသည် ဖြစ်သင့်၏။
ဟိ ဧဝရူပေါ ပုဂ္ဂလော၊ မှန်၏= ဤသို့ ဒေါသကြီးသော သဘောရှိသော။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
နိရယာဒိဘယေဟိ၊ ငရဲအစရှိသော ဘေးတို့မှ။
န ပရိမုစ္စတီတိ၊ မလွတ်”ဟု။
ဩဒိ၊ ဆုံးမတော်မူပြီ။
သော ကုမာရော၊ ထိုဒုဋ္ဌလိစ္ဆဝီမင်းသားသည်။
သတ္ထု ဩဝါဒံ သုတွာ၊ ဘုရားရှင်၏ ဩဝါဒကို နာယူရ၍။
ဧကောဝါဒေနေဝ၊ တစ်ကြိမ်တည်းသော ဩဝါဒဖြင့်ပင်။
နိဟတ မာနော ဒန္တော၊ နှိမ့်ချအပ်သော မာနရှိသူသည် ယဉ်ကျေးသူသည်။
နိဗ္ဗသေဝနော မေတ္တစိတ္တော၊ မကောင်းမှုအထူးမှီဝဲမှု မရှိသူသည် မေတ္တာစိတ်ရှိသူသည်။
မုဒုစိတ္တော အဟောသိ၊ နူးညံ့သော စိတ်ရှိသူသည် ဖြစ်သွားပြီ။
အက္ကောသန္တမ္ပိ ပဟရန္တမ္ပိ၊ ဆဲရေးသည်လည်းဖြစ်သော ပုတ်ခတ်သည်လည်းဖြစ်သော။
အညံ နိဝတ္တိတွာ၊ အခြားသူကို ပြန်နစ်၍။
န ဩလောကေသိ၊ မကြည့်ပြီ။
ဥဒ္ဓဋဒါဌော သန္ဓေါ ဝိယ၊ ထုတ်အပ်သော အစွယ်ရှိသော မြွေကဲ့သို့လည်းကောင်း။
အန္တိန္ဒော ကက္ကဋကော ဝိယ၊ လက်မကြိုးသော ပုဇွန်လုံးကဲ့သို့လည်းကောင်း။
ဆိန္န ဝိသာဏော ဥသဘော ဝိယ စ၊ ကျိုးသော ဦးချိုရှိသော နွားလားကဲ့သို့ လည်းကောင်း။
အဟောသိ၊ ဖြစ်သွားပြီ။
တဿ တံ ပဝတ္တိံ ဉတွာ၊ ထိုဒုဋ္ဌလိစ္ဆဝီမင်းသား၏ ထိုအဖြစ်ကို သိကြ၍။
ဘိက္ခု ဓမ္မသဘာယံ၊ ရဟန်းတို့သည် တရားသဘင်၌။
“အာဝုသော ဒုဋ္ဌလိစ္ဆဝိ ကုမာရံ၊ အို. . ငါရှင်တို့ ဒုဋ္ဌလိစ္ဆဝီမင်းသားကို။
သုစိရံ သြဒိတွာပိ၊ ကြာမြင့်စွာ ဆုံးမကြသော်လည်း။
မာတာပိတရော ဒမေတုံ၊ မိဘတို့သည် ဆုံးမခြင်းငှာ။
နေဝ သန္ဓေသု၊ မစွမ်းနိုင်ကြကုန်။
ဉာတိမိတ္တာဒယော၊ ဆွေးမျိုးမိတ်ဆွေစသူတို့သည်။
ဒမေတုံ န သန္ဓေသု၊ ဆုံးမခြင်းငှာ မစွမ်းနိုင်ကြကုန်။
သမ္မာသမ္ဗုဒ္ဓေါ ပန၊ ဘုရားရှင်သည်ကား ထိုဒုဋ္ဌလိစ္ဆဝီမင်းသားကို။
ဧကောဝါဒေနေဝ ဒမေတွာ၊ တစ်ကြိမ်တည်းသော ဩဝါဒဖြင့်ပင် ဆုံးမတော်မူ၍။
နိဗ္ဗသေဝနံ ကတွာ၊ မကောင်းမှုအထူး မှီဝဲခြင်းမရှိသည်ကို ပြု၍။
မတ္တဝရဝါရဏံ၊ အမုန်ယစ်သောဆင်ပြောင်ကို။
သမုဂ္ဂဟိတာနေဉ္စကာရဏံ ဝိယ အကာသိ၊ ကောင်းစွာ သင်ယူအပ်ပြီးသော မတုန်လှုပ်ကြောင်းရှိသကဲ့သို့ ပြုတော်မူပြီ။
ဣဒံ ယာဝ သုဘာသိတံ စ၊ ဤငါတို့ဆိုခဲ့ပြီးသော သည် အလွန်ကောင်းစွာ ပြောဆိုအပ်သော စကားလည်း ဖြစ်၏။
(ကိံ၊ ဘယ်ကဲ့သို အလွန်သုဘာသိတ ဖြစ်သနည်း)။
“ဘိက္ခဝေ၊ ရဟန်းတို့။
ဟတ္ထိဒမကေန၊ ဆင်ဆရာသည်။
သာရိတော ဟတ္ထိဒမ္မော၊ သွားစေအပ်သော ဆုံးမအပ်ပြီးဆင်သည်။
ပုရတ္ထိမံ ဝါ ပစ္ဆိမံ ဝါ၊ အရှေ့အရပ်သို့သော်လည်းကောင်း အနောက်အရပ်သို့သော်လည်းကောင်း။
ဥတ္တရံ ဝါ ဒက္ခိဏံ ဝါ၊ မြောက်အရပ်သို့သော်လည်းကောင်း တောင်အရပ်သို့သော် လည်းကောင်း။
ဧကံယေဝ ဒိသံ၊ တစ်ခုသာဖြစ်သော အရပ်မျက်နှာသို့။
ဓာဝတိ၊ ပြေးသွား၏။
အဿဒမကေန၊ မြင်းဆရာသည် (ပ) ဂေါဒမကေန= နွားဆရာသည်။
(ပ) ဒက္ခိဏံဝါ၊ တောင်အရပ်သို့သော်လည်းကောင်း။
(ဧကံယေဝ ဒိသံ ဓာဝတိ၊ တစ်ခုသာလျှင်ဖြစ်သော အရပ်မျက်နှာသို့ ပြေးသွား၏)။
ဘိက္ခဝေ အရဟတာ၊ အို. . ရဟန်းတို့ ပူဇော်အထူး ခံတော်မူထိုက်သော။
သမ္မာသမ္ဗုဒ္ဓေန တထာဂတေန ဟိ၊ မှန်စွာကိုယ်တိုင်သိတော်မူသော ငါဘုရားသည်။
သာရိတော ပုရိသဒမ္မော၊ သွားစေအပ်သော ယဉ်ကျေးပြီးယောက်ျားသည်။
အဋ္ဌ ဒိသာ ဝိဓာဝတိ၊ အရပ် ရှစ်မျက်နှာတို့သို့ အထူးထူးအပြားပြား ပြေးသွား၏
။ ရူပီ၊ ရူပဈာန်ရှိသူသည်။
ရူပါနိ ပဿတိ၊ ကသိုဏ်းရုပ်တို့ကို သိမြင်၏။
အယံ ဧကာ ဒိသာ၊ ဤသည်ကား တစ်ခုသော အရပ်တည်း။
(ပ) သော၊ ထိုငါဘုရားကို။
ယောဂ္ဂါစရိယာနံ၊ သင်ပြပေး သော ဆရာတို့တွင်။
အနုတ္တရော ပုရိသဒမ္မသာရထီတိ၊ အမြင့်မြတ်ဆုံး သင်ပြပေးတတ်သူ'ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဣတိ၊ ဤသည်ပင်တည်း။
ဟိ အာဝုသော၊ မှန်၏ အို. . ငါ့ရှင်တို့။
သမ္မာသမ္ဗုဒ္ဓေန သဒိသော၊ မှန်စွာ ကိုယ်တိုင် သိတော်မူသော ဘုရားရှင်နှင့် တူသော။
ပုရိသဒမ္မသာရထိ နာမ န အတ္ထီတိ၊ ဆုံးမထိုက်သော ယောက်ျားဆုံးမတတ်သူမည်သည် မရှိ”ဟု။
ကထံ သမုဋ္ဌာ ပေသုံ၊ ချီးမွမ်းစကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုတ္တိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။
ဣမာယ နာမာတိ ပုတ္တေ၊ ဤမည်သော စကားဖြင့်ပါ' ဟုလျှောက်ထားအပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. ရဟန်းတို့ ယခုအခါသာ။
ဧသော မယာ၊ ဤဒုဋ္ဌလိစ္ဆဝီမင်းသားကို ငါဘုရားသည်။
ဧကောဝါဒေနေဝ န ဒမိတော၊ ဩဝါဒတစ်ကြိမ်တည်းဖြင့်သာ ဆုံးမအပ်ဖူးသည် မဟုတ်သေး။
ပုဗ္ဗေဝိ အဟံ ဣမံ၊ ရှေးကလည်း ငါဘုရားသည် ဤဒုဋ္ဌလိစ္ဆဝီမင်းသားကို။
ဧကောဝါ နေဝ၊ ဩဝါဒတစ်ကြိမ်တည်းဖြင့်သာ။
ဒမေသိန္တိ ဝတွာ၊ ဆုံးမခဲ့ဖူးပြီ” မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ဥဒိစ္စဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ၊ မြင့်မြတ်သောပုဏ္ဏားမျိုး၌ ဖြစ်၍။
ဝယပ္ပတ္တော တက္ကသိလာယံ၊ အရွယ်ရောက်သော် တက္ကသိုလ်မြို့၌။
တယော ဝေဒေ၊ သုံးပုံကုန်သော ဝေဒကျမ်းတို့ကိုလည်းကောင်း။
သဗ္ဗသိဒ္ဓါနိ စ ဥဂ္ဂဟေတွာ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာအားလုံးတို့ကိုလည်းကောင်း သင်ယူ၍။
ကိဉ္စိ ကာလံ၊ အနည်းငယ်သော ကာလပတ်လုံး။
ဃရာဝါသံ ဝသိတွာ၊ အိမ်ဟူသောနေရာ၌ နေပြီး၍။
မာတာပိတူနံ အစ္စယေန၊ မိဘတို့၏ ကွယ်လွန်ရာ အခါ၌။
ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီး၍။
အဘိညာ သမာပတ္တိယော စ၊ အဘိညာဉ်ငါးပါးတို့ကိုလည်းကောင်း သမာပတ်ရှစ်ပါးတို့ကို လည်းကောင်း။
နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။
ဟိမဝန္တေ ဝါသံ ကပွေသိ၊ ဟိမဝန္တာ၌ နေမှုကိုပြုပြီ။
တတ္ထ စိရံ ဝသိတွာ၊ ထိုဟိမဝန္တာ၌ ကြာမြင့်စွာ နေပြီး၍။
လောဏက္ရွိလ သေဝနတ္ထာယ၊ ဆား,ချဉ်ကို မှီဝဲခြင်း အကျိုးငှာ။
ဇနပဒံ ဂန္ထာ၊ ဇနပုဒ်သို့ သွား၍။
ဗာရာဏသီ ပတွာ၊ ဗာရာဏသီမြို့သို့ ရောက်၍။
ရာဇယျာနေ ဝသိတွာ၊ မင်း ဥယျာဉ်ထဲ၌ နေ၍။
ပုနဒိဝသေ သုနိဝဏ္ဏော၊ နောက်နေ့၌ ကောင်းစွာ ဝတ်လျက်။
သုပါရတော၊ ကောင်းစွာ ရုံလျက်။
တာပသာကပ္ပသမ္ပန္နော၊ ရသေ့ အသွင်အပြင်နှင့် ပြည့်စုံ၍။
ဘိက္ခာယ နဂရံ ပဝိသိတွာ၊ ဆွမ်းအကျိုးငှာ မြို့သို့ ဝင်သော်။
ရာဇင်္ဂဏ ပါပုဏိ၊ နန်းရင်ပြင်သို့ ရောက်ပြီ။
ရာဇာ သီဟပဉ္စ ရေန၊ ဗြဟ္မဒတ်မင်းသည် ခြင်္သေ့ရုပ်ခံသော ပြူတင်း ပေါက်ဖြင့်။
ဩလောကန္တော၊ ကြည့်သော်။
တံ ဒိသွာ၊ ထိုဘုရားလောင်းကို ဖူးရ၍။
ဣရိယာပထေ ပသီဒိတွာ၊ ဣရိယာပုတ်၌ ကြည်ညို၍။
“အယံ တာပသော၊ ဤရသေ့သည်။
သန္တိန္တိယော၊ ငြိမ်သက်သော စိတ်ထားရှိလျက်။
ယုဂမတ္တဒသော၊ ထန်းပိုးတစ်ပြန်မျှသာ ကြည့်လျက်။
ပဒဝါရေ ပဒဝါရေ၊ ခြေလှမ်းအကြိမ်တိုင်း အကြိမ်တိုင်း၌။
သဟဿတ္ထဝိကံ၊ ငွေတစ်ထောင်ထုပ်ကို။
ဌပေန္တော ဝိယ၊ ထားဘိသကဲ့သို့။
သီဟဝိဇဋ္ဌိတေန၊ ခြင်္သေ့တို့၏ တင့်တယ် စံပယ်ခြင်းဖြင့်။
အာဂစ္ဆတိ၊ ကြွလာ၏။
ဧကော သန္တဓမ္မော နာမ၊ တစ်ပါးသော သူတော်ကောင်း တရားမည်သည်။
သစေ အတ္ထိ၊ အကယ်၍ ရှိအံ့။
တေန၊ ထိုသူတော်ကောင်း တရားသည်။
ဣမဿ အန္တရေ၊ ဤရသေ့၏ ကိုယ်တွင်း၌။
ဘဝိတဗ္ဗန္တိ၊ စိန္တေတွာ= ဖြစ်လောက်ရှိလောက်၏"ဟု တွေးမိ၍။
ဧကံ အမစ္စံ ဩလောကေသိ၊ တစ်ယောက်သော အမတ်ကို ကြည့်ပြီ။
သော၊ ထိုအမတ်သည်။
“ကိံ ကရောမိ ဒေဝါတိ အာဟ၊ ဘာကို ပြုရပါမည်နည်း အရှင်မင်းကြီး” ဟု လျှောက်ထားပြီ။
ဧတံ တာပသံဟို ရသေ့ကို။
အာနေဟီတိ၊ ပင့်ဆောင်ခဲ့လော့ဟု ပြောပြီ။
သော၊ ထိုအမတ်သည်။
သာဓု ဒေဝါတိ၊ ကောင်းပါပြီ အရှင်မင်းကြီးဟု။
ဗောဓိသတ္တံ ဥပသင်္ကမိတွာ၊ ဘုရားလောင်းသို့ ချဉ်းကပ်ပြီး၍။
ဝန္ဒိတွာ ဟတ္ထတော၊ ဝပ်ချပြီး၍ လက်မှ။
ဘိက္ခာဘာဇနံ ဂဟေတွာ၊ ဆွမ်းခံခွက်ကို ယူသော်။
“ကိံ မဟာပုညာတိ ဝုတ္တေ၊ ဘာလဲ အို. . ဘုန်းကံကြီးသူ”ဟု မေးအပ်သော်။
"ဘန္တေ ရာဇာ၊ အို. . အရှင်ဘုရား မင်းတရားသည်။
တံ ပက္ကောသတီတိ အာဟ၊ အရှင်ဘုရားကို ပင့်နေ၏”ဟု လျှောက်ထားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း သည်။
“မယံ န ရာဇကုလူပကာ၊ ငါတို့သည် မင်းအိမ်ကပ်သည့် ဆရာရသေ့ မဟုတ်ကုန်။
ဟေမ၀န္တိကာ နာမ၊ ဟိမဝန္တာနေရသေ့တို့မည်သည်။
အမှာတိ၊ ပြောပြီ။
အမစ္စော ဂန္တွာ တမတ္ထံ၊ အမတ်သည် သွားရောက်ရောက်ပြီး၍ ထိုအကြောင်းကို။
ရညော အာရောစေသိ၊ မင်းကြီးအား လျှောက်ထားပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
“အမှာကံ အညော၊ ငါတို့အား အခြားသော။
ကုလူပကော နတ္ထိ၊ နန်းတော်ကပ်သည့်ဆရာရသေ့သည် မရှိ။
နံ အာနေဟိ ဣတိ အာဟ၊ ထိုရသေ့ကို ဆောင်ပင့်ခဲ့ပါ”ဟု ပြောပြီ။
အမစ္စော ဂန္တွာ၊ အမတ်သည် သွားရောက်၍။
ဗောဓိသတ္တံ ဝန္ဒိတွာ ယာစိတွာ၊ ဘုရား လောင်းကို ဝပ်ချ၍ တောင်းပန်၍။
ရာဇနိဝေသနံ ပဝေသေတိ၊ မင်းနန်းတော်သို့ သွင်းပြီ။
ရာဇာ ဗောဓိသတ္တံ ဝန္ဒိတွာ၊ ဗြဟ္မဒတ်မင်းသည် ဘုရားလောင်းကို ဝပ်ချ၍။
သမုဿိတသေတစ္ဆ တ္တေ၊ စိုက်ထောင်အပ်သော ထီးဖြူရှိသော။
ကဥ္စနပလ္လင်္ကေ၊ ရွှေပလ္လင်၌။
နိသီဒါပေတွာ၊ ထိုင်စေပြီး၍။
အတ္တနော ပဋိယတ္တံ၊ မိမိအတွက် စီရင်အပ်သော။
နာနဂ္ဂရသဘောဇန ဘောဇေတွာ၊ အထူးထူးမြတ်သော အရသာရှိသော ဘောဇဉ်ကို ကျွေးမွေးဆက်ကပ်၍။
“ဘန္တေ ကဟံ၊ အိုအရှင်ဘုရား အဘယ်အရပ်၌။
ဝသထာတိ ပုစ္ဆိ၊ နေတော်မူကြပါသလဲ”ဟု မေးပြီ။
မဟာရာဇ၊ အို.. မင်းမြတ်။
မယံ ဟေမ၀န္တိကာ၊ ငါတို့ကား ဟိမဝန္တာနေ ရသေ့ တို့တည်း။
ဣတိ၊ ဤသို့ ဖြေပြီ။
ဣဒါနိ ကဟံ၊ ယခုအခါ ဘယ်အရပ်သို့ ။
ဂစ္ဆလာတိ၊ ကြွတော်မူကုန်အံ့နည်းဟု မေးပြီ။
မဟာရာဇ၊ မြတ်သော မင်းကြီး ။
ဝဿာရတ္တာနုရူပံ၊ မိုးကာလ အားလျော်သော။
သေနာသနံ ဥပဓာရေမ၊ ကျောင်းအိပ်ရာနေရာကို စူးစမ်းရှာဖွေနေကုန်၏။
ဣတိ၊ ဤသို့ ပြောပြီ။
“ဘန္တေ တေန ဟိ၊ အို. . အရှင်ဘုရား ထိုသို့ဖြစ်လျှင်။
အမှာကံ ဥယျာနေဧဝ၊ တပည့်တော် တို့၏ ဥယျာဉ်ထဲ၌သာ။
ဝသထာတိ၊ နေတော်မူကြပါ”ဟု။
ပဋိညံ ဂဟေတွာ၊ နေမည်ဟူသော ပဋိညာဉ်ကို ရယူ၍။
သယမ္ပိ ဘုဉ္ဇိတွာ၊ ကိုယ်တိုင်လည်း စားသောက်ပြီး၍။
ဗောဓိသတ္တံ အာဒါယ၊ ဘုရားလောင်းကို ပင့်ယူ၍။
ဥယျာနံ ဂန္တွာ၊ ဥယျာဉ်တော်သို့ သွားရောက်ပြီး၍။
ပဏ္ဏသာလံ မာပေတွာ၊ သစ်ရွက်မိုး ကျောင်းကို ဖန်ဆင်းပြီး၍။
ရတ္တိဋ္ဌာနဒိဝါဋ္ဌာနာနိ ကာရေတွာ၊ ညဉ့်သန့်ရာ, နေ့သန့်ရာဌာနတို့ကို ပြုလုပ်စေ၍။
ပဗ္ဗဇိတပရိက္ခာရေ ဒတွာ၊ ရသေ့ပရိက္ခရာတို့ကို ပေးလှူပြီး၍။
ဥယျာနပါလံ ပဋိစ္ဆာပေတွာ၊ ဥယျာဉ်တော်စောင့်ကို အပ်နှင်းပြီး၍။
နဂရံ ပါဝိသိ၊ မြို့တော်သို့ ဝင်ပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ဥယျာနေ ဝသတိ၊ ဥယျာဉ်တော်၌ နေ၏။
ရာဇာပိ၊ ဗြဟ္မဒတ်မင်းသည်လည်း။
ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း။
ဒွတ္တိက္ခတ္တုံ၊ နှစ်ကြိမ် သုံးကြိမ်။
အဿ ဥပဋ္ဌာနံ ဂစ္ဆတိ၊ ထိုဘုရားလောင်းအား ဆည်းကပ်ခြင်းငှာသွားရောက်၏။
တဿ ရညော ပုတ္တော၊ ထိုဗြဟ္မဒတ်မင်း၏ သားဖြစ်သော။
ဒုဋ္ဌကုမာရော နာမ ပန၊ ဒုဋ္ဌကုမာရမည်သော မင်းသားသည်ကား။
စဏ္ဍော ဖရသော အဟောသိ၊ ကြမ်းတမ်းသည် ရိုင်းပြသည် ဖြစ်ပြီ။
နံ ရာဇာ၊ ထိုဒုဋ္ဌကုမာရမင်းသားကို ဗြဟ္မဒတ်မင်းသည်။
ဒမေတုံ နေဝ အသက္ခိ၊ ဆုံးမခြင်းငှာ မစွမ်းနိုင်ပြီ။
သေသ ဉာတကာ န အသက္ခိံ သု၊ ကြွင်းကျန်သော ဆွေမျိုးသည် မစွမ်းနိုင်ကြပြီ။
အမစ္စာပိ၊ အမတ်တို့သည်လည်းကောင်း။
ဗြာဟ္မဏဂဟပတိကာပိ၊ ပုဏ္ဏားသူကြွယ်တို့သည်လည်းကောင်း။
ဧကတော ဟုတွာ၊ တစ်ပေါင်းတည်း ဖြစ်ကြ၍။
“သာမိ ဧဝံ မာ ကရိ၊ အို. . အရှင်မင်းသား ဤသို့ မပြုပါလင့်။
ဧဝံ ကာတုံ န လဗ္ဘာ၊ ဤကဲ့သို့ ပြုခြင်းငှာ မရနိုင်”။
ဣတိ' ကုဇ္ဈိတွာ၊ ဤသို့ စိတ်ဆိုးကြ၍။
ကထေန္တာပိ၊ ပြောကြပါသော်လည်း။
ကထံ ဂါဟာပေတုံ၊ ပြောစကားကို နာယူစေခြင်းငှာ။
နာသက္ခိံ သု၊ မစွမ်းနိုင်ကြပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
မမ အယျံ၊ ငါ၏ ကိုးကွယ်ရာ အရှင်ဖြစ်သော။
ဟိမဝန္တတာပသံ ဌပေတွာ၊ ဟိမဝန္တာနေရသေ့ကို ထား၍။
ဣမံ ကုမာရံ ဒမေတုံ၊ ဤဒုဋ္ဌကုမာရမင်းသားကို ဆုံးမခြင်းငှာ။
အညော သမတ္ထော နာမ၊ အခြားသော စွမ်းနိုင်သူမည်သည်။
နတ္ထိ၊ မရှိ။
သောယေဝ နံ၊ ထိုငါ့အရှင်ရသေ့သည်သာ ထိုသားတော် ဒုဋ္ဌကုမာရကို။
ဒမေဿတီတိ စိန္တေသိ၊ ဆုံးမတော်မူလိမ့်မည်”ဟု တွေးမိပြီ။
သော ကုမာရံ အာဒါယ၊ ထိုဗြဟ္မဒတ်မင်းသည် သားတော်ဒုဋ္ဌကုမာရကို ခေါ်ယူ၍။
ဗောဓိသတ္တဿ သန္တိကံ ဂန္တွာ၊ ဘုရားလောင်း ၏ အထံသို့ သွားရောက်ပြီး၍။
“ဘန္တေ အယံ ကုမာရော၊ အို.. အရှင်ဘုရား ဤသားတော် ဒုဋ္ဌကုမာရသည်။
စဏ္ဍော ဖရုသော၊ ကြမ်းတမ်းပါ၏ ရိုင်းပြပါ၏။
ဣမံ ဒမေတုံ၊ ဤသားတော် ဒုဋ္ဌကုမာရကို ဆုံးမခြင်းငှာ။
မယံ န သက္ကောမ၊ တပည့်တော်တို့သည် မစွမ်းနိုင်ကြပါ။
တုမှေ နံ၊ အရှင်ဘုရားတို့သည် ထိုသားတော် ဒုဋ္ဌကုမာရကို။
ဧကေန ဥပါယေန၊ တစ်ခုသော နည်းလမ်းဖြင့်။
သိက္ခာပေထာတိ၊ သင်ယူစေတော်မူကြပါ” ဟု လျှောက်ထားပြီ။
ဣတိ ကုမာရံ ဗောဓိသတ္တဿ၊ ဤသို့လျှောက်ထားပြီး၍ သားတော်ဒုဋ္ဌကုမာရကို ဘုရားလောင်းအား။
နိယျာဒေတွာ ပက္ကာမိ၊ အပ်နှင်း၍ ထွက်ခွါသွားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း သည်။
ကုမာရံ ဂဟေတွာ၊ ဒုဋ္ဌကုမာရကို ခေါ်ယူ၍။
ဥယျာနေ ဝိစရန္တော၊ ဥယျာဉ်ထဲ၌ လှည့်လည်လျက်။
ဧကတော ဧကေန၊ ဤတစ်ဘက်မှ တစ်ရွက် လည်းကောင်း။
ဧကတော ဧကေန၊ ဟိုတစ်ဘက်မှ တစ်ရွက်လည်းကောင်း။
ဣတိ ဒီဟိယေဝ၊ ဤကဲ့သို့ နှစ်ခုသာလျှင်ဖြစ်ကုန်သော။
ပတ္တေဟိ၊ အရွက်တို့ဖြင့်။
ဧကံ နိမ္ဗပေါတကံ၊ တစ်ပင်သော တမာပင်ပေါက်စကို။
ဒိသွာ ကုမာရံ၊ တွေ့ရ၍ ဒုဋ္ဌကုမာရမင်းသားကို။
“ကုမာရ၊ အို. . မင်းသား။
ဧတဿ ရုက္ခပေါတကဿ၊ ဤအပင်ပေါက်စ၏။
ပဏ္ဏ ခါဒိတွာ၊ အရွက်ကို ဝါးစား၍။
ရသံ တာဝ ဇာနာဟီတိ၊ အရသာကို သိအောင်လုပ်ပါ”ဟု။
အာဟ၊ ပြောပြီ။
သော တဿ၊ ထိုဒုဋ္ဌကုမာရ မင်းသားသည် ထိုတမာပင်ပေါက်စ၏။
ဧကံ ပတ္တံ ခါဒိတွာ၊ တစ်ခုသော အရွက်ကိုဝါးစား၍။
ရသံ ဉတွာ၊ ခါးလှသည့်အရသာကို သိရ၍။
မီတိ ခေဠေန သဟ၊ ထွီဟု တံတွေးနှင့် အတူ။
ဘူမိယံ နုဋ္ဌဘိ၊ မြေပေါ်သို့ ထွေးချလိုက်ပြီ။
“ဧတံ ဣ ကုမာရာတိ ဝုတ္တေ၊ ဤသည်ကား ဘာလဲ အမောင်မင်းသား”ဟု မေးအပ်သော် ။
“ဘန္တေ ဣဒါနေဝ၊ အို. . အရှင်ဘုရား ယခုငယ်စဉ်အခါ၌ပင်။
ဧသော ရုက္ခော၊ ဤအပင်သည်။
ဟလာဟလဝိသူပမော၊ လတ်တလော သေစေတတ်သော အဆိပ်ဥပမာရှိ၏။
ဝဍ္ဎန္တော ပန၊ ကြီးလာသော်ကား။
ဗဟူ မနုဿ၊ များစွာ ကုန်သော လူတို့ကို။
မာရေဿတီတိ၊ သတ်ပါလိမ့်မည်”ဟုပြော၍။
တံ နိမ္ဗပေါတကံ ဥပ္ပါဋေတွာ၊ ထိုတမာပင်ပေါက်စကို ဆွဲနှုတ်၍။
ဟတ္ထဟိ ပရိမဒ္ဒိတွာ၊ လက်တို့ဖြင့် ဆုတ်နယ်ပြီး၍။
ဧကပဏ္ဏော အယံ ရုက္ခော၊ တစ်ဘက်တစ်ဘက်မှ တစ်ရွက်တစ်ရွက်သာ ရှိသေးသော ဤတမာပင်ပေါက်စသည်။
ဘူမျာ န စတုရင်္ဂုလော၊ မြေကြီးမှ လက်လေးသစ်ပင် မရှိသေးပါ။
အယံ မဟာ၊ ဤတမာပင်ပေါက်စသည် ကြီးလာသော်။
ဝိသကပ္ပန ဖလေန၊ လတ်တလော သေစေတတ်သော အဆိပ်နှင့် တူသော အသီးအရသာဖြင့်။
ကိံ ဘဝိဿတိ၊ ဘယ်လိုဖြစ်လိမ့် မည်လဲ ဘုရား။
တတ္ထ၊ ထိုဂါထာ၌။
**ဧကပဏ္ဏော** တိ၊ ဧကပဏ္ဏောဟူသည်ကား။
ဥဘောသု ပဿသု၊ နှစ်ဘက်သော နံပါးတို့၌။
ဧကေကပဏ္ဏော၊ တစ်ရွက်တစ်ရွက်သာ ရှိသေးသောတည်း။
**န ဘူမျာ စတုရင်္ဂုလော** တိ၊ န ဘူမျာ စတုရဂိုလော ဟူသည်။
ဘူမိတော၊ မြေကြီးမှ။
စတုရင်္ဂလမတ္တမ္ပိ၊ လက်လေးသစ်မျှသော်လည်း။
န ဝဍ္ဎိတော၊ မြင့်အောင်မကြီးသေးပါတည်း။
**ဖလေနာ** တိ ဖလရသေန၊ အသီးအရသာဖြင့် တည်း။
**ဝိသကပ္ပနာ** တိ၊ ဝိသကပွေနဟူသည်။
ဟလာဟလဝိသသဒိသေန၊ လတ်တလော သေစေတတ်သော အဆိပ်နှင့်တူသောတည်း။
ဧဝံ ခုဒ္ဒကော သမာနောပိ၊ သို့ကလောက် ငယ်သေးသည် ဖြစ်ပါလျက်လည်း။
ဧဝရူပေန တိတ္တကေန၊ ဤသို့သဘောရှိသော ခါးလှစွာသော။
ပဏ္ဏေန သမန္နာဂတော၊ အရွက်နှင့် ပြည့်စုံ၏။
ဣတိ အတ္ထော၊ ဤကား တတိယပါဒ၏ အဓိပ္ပါယ် နက်တည်း။
**မဟာ'ယံ က ဘဝိဿတီ** တိ၊ မဟာယံ ကိ ဘဝိဿတိဟူသည်ကား။
ယဒါ ပန အယံ ဝုဒ္ဓိ ပ္ပတ္တော၊ အကြင်အခါ၌ကား ဤအပင်ပေါက်စသည် ကြီးပွား ခြင်းသို့ ရောက်၍။
မဟာ ဘဝိဿတိ၊ အပင်ကြီးသည် ဖြစ်လတံ့။
တဒါ က နာမ ဘဝိဿတိ၊ အပင်ကြီးဖြစ်ရာ ထိုအခါ၌ အဘယ်မည်သည် ဖြစ်လတံ့နည်း ဘုရား။
အဒ္ဓါ မနုဿမာရကော၊ ဧကန် လူသတ်အပင်သည်။
ဘဝိဿတီတိ၊ ဖြစ်လိမ့်မည် ဟု တွေးမိ၍။
ဥပ္ပါဋေတွာ၊ ဤအပင်ပေါက်စကို ဆွဲနှုတ်၍။
မဇ္ဈိတွာ ဆဍ္ဍေသန္တိ အာဟ၊ ဆုတ်နယ်ချေမွ၍ ပစ်လိုက်ပါပြီဟု လျှောက်ထားပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုဒုဋ္ဌကုမာရမင်းသားကို ဘုရားလောင်း သည်။
“ကုမာရ တွံ၊ အို. . မင်းသား သင်သည်။
ဣမံ နိဗ္ဗပေါတကံ၊ ဤတမာပင် ပေါက်စကို။
ဣဒါနေဝ ဧဝံ တိတ္တကော၊ ယခုအခါမှာပင် ဤလောက် ခါး၏။
မဟလ္လကကာလေ၊ ကြီးရာအခါ၌။
ကိံ ဘဝိဿတိ၊ ဘယ်ကဲ့သို့ ဖြစ်လိမ့်မည်နည်း။
ဣမံ နိဿာယ၊ ဤတမာပင်ပေါက်စကို မှီ၍။
ကုတော ဝုဍ္ဎီတိ၊ အဘယ်မှာ ကြီးပွား ပါမည်နည်းဟု တွေး၍။
ဥပ္ပါဋေတွာ၊ ဆွဲနှုတ်၍။
မဒ္ဒိတွာ ဆဍ္ဍေ သိ၊ ဆုတ်နယ် ချေမွ၍ စွန့်ပစ်၏။
တွံ ဧတသ္မိံ၊ သင်မင်းသားသည် ဤတမာပင်ပေါက်စ၌။
ပဋိပဇ္ဇိ ယထာ၊ ကျင့်သုံးဘိသကဲ့သို့။
ဧဝမေဝ တဝ၊ ဤအတူသာ သင်မင်းသား၏။
ရဋ္ဌဝါသိနောပိ၊ တိုင်းပြည်နေသူတို့သည်လည်း။
အယံ ကုမာရော၊ ဤမင်းသား ငယ်သည်။
ဒဟရကာလေယေဝ၊ စဉ်အခါမှာပင်။
ဧဝံ စဏ္ဍော ဖရုသော၊ ဤလောက် ကြမ်းတမ်း၏ ရိုင်းပျ၏။
မဟလ္လကကာလေ၊ အသက်ကြီးရာ အခါ၌။
ရဇ္ဇံ ပတွာ၊ မင်းအဖြစ်သို့ ရောက်သော်။
ကိံ နာမ ကရိဿတိ၊ အဘယ်အမှု မည်သည်ကို ပြုလိမ့်မည်နည်း။
အမှာကံ ဧတံ နိဿာယ၊ ငါတို့အား ဤမင်းသား ငယ်ကို မှီ၍။
ကုတော ဝုဍ္ဎီ တိ၊ အဘယ်မှာ ကြီးပွားမည်နည်း'ဟုတွေးကြ၍။
ကုလသန္တကံ ရဇ္ဇံ၊ အမျိုးဥစ္စာဖြစ်သော မင်းအဖြစ်ကို။
တဝ အဒတွာ၊ သင့်အား မပေးမူ၍။
နိဗ္ဗပေါတကံ ဥပ္ပါဋေတွာ ဝိယ၊ တမာပင်ပေါက်စကို ဆွဲနှုတ်ပစ်သကဲ့သို့။
တံ ရဋ္ဌာ၊ သင်မင်းသားကို တိုင်းပြည်မှ။
ပဗ္ဗာဇနိယကမ္မံ ကရိဿန္တိ၊ နှင်ထုတ်ခြင်း အမှုကို ပြုကြလိမ့်မည်။
တသ္မာ ဣတော ပဋ္ဌာယ၊ ထို့ကြောင့် ဤနေ့မှ စ၍။
နိဗ္ဗရုက္ခပဋိဘာဂတံ ဟိတွာ၊ တမာပင်နှင့် တူသည့်အဖြစ်ကို ပယ်စွန့်၍။
ခန္တိ မေတ္တာနုဒ္ဒယသမ္ပန္နော၊ သည်းခံခြင်း မေတ္တာထားခြင်း အစဉ်သနားခြင်းနှင့် ပြည့်စုံသည်။
ဟောဟီတိ၊ ဖြစ်လော”ဟု။
ဧတံ အဝေါစ၊ ဤစကားကို ပြောပြီ။
သော တတော ပဋ္ဌာယ၊ ထိုဒုဌကုမာရမင်းသားသည် ထိုနေ့မှ စ၍။
နိဟတမာနော၊ နှိမ့်ချိုးအပ်သော မာနရှိသည်။
နိဗ္ဗသေဝနာ၊ အကုသိုလ်အထူး မှီဝဲမှုမရှိသည်။
ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နော ဟုတွာ၊ သည်းခံခြင်း မေတ္တာထားခြင်း အစဉ်သနာ ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍။
ဗောဓိသတ္တဿ၊ ဘုရားလောင်း၏။
ဩဝါဒေ ဌတွာ၊ အဆုံးအမ၌ တည်၍။
ပိတု အစ္စယေန၊ ခမည်းတော်၏ ကွယ်လွန်ခြင်းကြောင့်။
ရဇ္ဇံ ပတွာ၊ မင်းအဖြစ်သို့ ရောက်၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနစကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ အဂမာသိ၊ ကံအားလျော်စွာ လာပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ယခုအခါ၌ သာ။
ဧသော ဒုဋ္ဌလိစ္ဆဝိကုမာရော၊ ဤဒုဋ္ဌလိစ္ဆဝီမင်းသားကို။
မယာ န ဒမိတော၊ ငါဘုရားသည် ဆုံးမတော်မူအပ်သည် မဟုတ်သေး။
ပုဗ္ဗေပိ အဟံ၊ ရှေးကလည်း ငါဘုရားသည်။
ဧတံ၊ ဤဒုဋ္ဌလိစ္ဆဝီမင်းသားကို။
ဒမေသိယေဝါတိ ဝတွာ၊ ဆုံးမဖူးသည်သာ”ဟု မိန့်တော်မူ၍။
“တဒါ ဒုဋ္ဌကုမာရော၊ ထိုရှေးအခါက ဒုဋ္ဌကုမာရမင်းသားသည်။ အယံ လိစ္ဆဝိကုမာရော အဟောသိ၊ ဤဒုဋ္ဌလိစ္ဆဝီ မင်းသားသည် ဖြစ်လာပြီ။ ရာဇာ အာနန္ဒော၊ ဗြဟ္မဒတ်မင်းသည်ကား အာနန္ဒာ တည်း။ ဩဝါဒဒါယကတာပသော ပန၊ ဩဝါဒပေးသော ရသေ့သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမော ဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဧကပဏ္ဏဇာတကဝဏ္ဏနာ နဝမာ၊ ဧကပဏ္ဏဇာတ်အဖွင့်သည်
နဝမတည်း
**ဧကပဏ္ဏဇာတကဝဏ္ဏနာ နဝမာ၊ ဧကပဏ္ဏဇာတ်အဖွင့်သည်နဝမတည်း။**