**နက္ခတ္တံ ပတိမာနေန္တန္တိ** ဣဒံ၊ နက္ခတ္တံ ပတိမာနေန္တံ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အညတရံ အာဇီဝကံ၊ မထင်ရှားသော တက္ကတွန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိယံ ဧကံ ကုလဓီတရံ၊ သာဝတ္ထိမြို့က တစ်ယောက်သော အမျိုးသမီးကို။
ဇနပဒေ ဧကော ကုလပုတ္တော၊ ဇနပုဒ်က တစ်ယောက်သော အမျိုးသားသည်။
အတ္တနော ပုတ္တဿ ဝါရေတွာ၊ မိမိ၏ သားအတွက် တောင်း၍။
"အသုကဒိဝသေ နာမ ဂဏှိဿာမီတိ၊ ဤမည်သော နေ့၌ ယူအံ့"ဟု။
ဒိဝသံ ဌပေတွာ၊ နေ့ရက်ကို သတ်မှတ်ထားပြီး၍။
တသ္မိံ ဒိဝသေ သမ္ပတ္တေ၊ ထိုသတ်မှတ်ထားသော နေ့ရက်သည် ရောက်သော်။
အတ္တနော ကုလူပကံ အာဇီဝကံ၊ မိမိ၏ အိမ်သို့ကပ်သော တက္ကတွန်းကို။
"ဘန္တေ အဇ္ဇ မယံ၊ အရှင်ဘုရား ယနေ့တပည့်တော်တို့သည်။
ဧကံ မင်္ဂလံ ကရိဿာမ၊ တစ်ခုသော မင်္ဂလာကို ပြုကြပါအံ့။
နက္ခတ္တံ သောဘနံ နု ခေါတိ ပုစ္ဆိ ကိရ၊ နက္ခတ်သည် ကောင်းပါ၏လော"ဟု မေးပြီတဲ့။
သော၊ ထိုတက္ကတွန်းသည်။
"အယံ မံ ပဌမံ အပုစ္ဆိတွာဝ၊ ဤသူကြွယ်သည် ငါ့ကို ပဌမဆုံး မမေးမူ၍သာ။
ဒိဝသံ ဌပေတွာ၊ နေ့ရက်ကို သတ်မှတ်ထားပြီး၍။
ဣဒါနိ ပဋိပုစ္ဆိ၊ ယခုအခါ၌ မေး၏။
ဟောတု၊ ဖြစ်ပါစေ, ရှိပါစေ။
နံ သိက္ခာပေဿာမီတိ၊ ထိုသူကြွယ်ကို သင်စေအံ့, သိစေအံ့"ဟု။
ကုဇ္ဈိတွာ၊ စိတ်ဆိုး၍။
"အဇ္ဇ နက္ခတ္တံ အသောဘနံ၊ ယနေ့ နက္ခတ်သည် မကောင်း။
အဇ္ဇ မင်္ဂလံ မာ ကရိတ္ထ၊ ယနေ့ မင်္ဂလာကို မပြုကြလင့်။
သစေ ကရိဿထ၊ အကယ်၍ ပြုကြအံ့။
မဟာဝိနာသော ဘဝိဿတီတိ အာဟ၊ ကြီးစွာသောပျက်စီးခြင်းသည် ဖြစ်လတ္တံ့"ဟု ပြောပြီ။
တသ္မိံ ကုလေ မနုဿာ၊ ထိုအမျိုးက လူတို့သည်။
တဿ သဒ္ဒဟိတွာ၊ ထိုတက္ကတွန်းအား ယုံကြည်၍။
တံ ဒိဝသံ န ဂစ္ဆိံသု၊ ထိုနေ့က မသွားကြပြီ။
နဂရဝါသိနော၊ သာဝတ္ထိမြို့နေ လူတို့သည်။
သဗ္ဗံ မင်္ဂလကိရိယံ ကတွာ၊ အလုံးစုံသော မင်္ဂလာမှုကို ပြု၍။
တေသံ အနာဂမနံ ဒိသွာ၊ ထိုဇနပုဒ်နေလူတို့၏ မလာမှုကို တွေ့ရ၍။
"တေဟိ အဇ္ဇ ဒိဝသော ဌပိတော၊ ထိုဇနပုဒ်နေလူတို့သည် ယနေ့ နေ့ရက်ကို ချိန်းချက်ထားအပ်ပြီ။
နော စ ခေါ အာဂတာ၊ လာလည်း မလာကြကုန်။
အမှာကမ္ပိ၊ ငါတို့သည်လည်း။
ဗဟု ဝယကမ္မံ ကတံ၊ များစွာသော ကုန်ကျမှုကို ပြုအပ်ပြီ။
နော တေဟိ ကိံ၊ ငါတို့အား ထိုဇနပုဒ်နေလူတို့ဖြင့် ဘာပြုအံ့နည်း။
အမှာကံ ဓီတရံ၊ ငါတို့၏ သမီးကို။
အညဿ ဒဿာမာတိ၊ အခြားသူအား ပေးကြစို့"ဟု ပြော၍။
ယထာကတေနေဝ မင်္ဂလေန၊ ပြုအပ်ပြီးတိုင်းသာ ဖြစ်သော မင်္ဂလာဖြင့်။
ဓီတရံ အညဿ ကုလဿ အဒံသု၊ သမီးကို အခြားသော အမျိုးအား ပေးကြပြီ။
ဣတရေ ပုနဒိဝသေ အာဂန္တွာ၊ သည့်ပြင် ဇနပုဒ်နေလူတို့သည် နောက်နေ့၌ လာကြ၍။
"နော ဒါရိကံ ဒေထာတိ အာဟံသု၊ ငါတို့အား သူငယ်မကို ပေးကြပါ"ဟု ပြောကြပြီ။
အထ နေ သာဝတ္ထိဝါသိနော၊ ထိုအခါ ထိုဇနပုဒ်နေလူတို့ကို သာဝတ္ထိမြို့နေ လူတို့သည်။
"ဇနပဒဝါသိနော ပါပမနုဿာ၊ ဇနပုဒ်နေကုန်သော လူညံ့ဖြစ်ကုန်သော။
တုမှေ ဂဟပတိကာ နာမ၊ သင်သူကြွယ်တို့မည်သည်။
ဒိဝသံ ဌပေတွာ၊ နေ့ရက်ကို ချိန်းချက်ထား၍။
အဝညာယ န အာဂတာ၊ မထီမဲ့မြင်ပြုသဖြင့် မလာကြကုန်။
အာဂတမဂ္ဂေနေဝ ပဋိဂစ္ဆထ၊ လာလမ်းဖြင့်ပင် ပြန်သွားကြ။
အမှေဟိ အညေသံ၊ ငါတို့သည် အခြားသူတို့အား။
ဒါရိကာ ဒိန္နာတိ ပရိဘာသိံသု၊ သူငယ်မကို ပေးအပ်ပြီ"ဟု ရေရွတ်ခြိမ်းခြောက်ကုန်ပြီ။
တေ တေဟိ သဒ္ဓိံ၊ ထိုဇနပုဒ်နေလူတို့သည် ထိုသာဝတ္ထိမြို့နေသူတို့နှင့် အတူ။
ကလဟံ ကတွာ၊ ငြင်းခုံမှုကို ပြု၍။
ဒါရိကံ အလဘိတွာ၊ သူငယ်မကို မရကြဘဲ။
ယထာဂတမဂ္ဂေနေဝ ဂတာ၊ လာလမ်းဖြင့်ပင် ပြန်သွားကြရပြီ။
တေနပိ အာဇီဝကေန တေသံ မနုဿာနံ၊ ထိုတက္ကတွန်းကလည်း ထိုလူတို့၏။
မင်္ဂလန္တရာယဿ ကတဘာဝေါ၊ မင်္ဂလာအန္တရာယ်ကို ပြုအပ်သည်၏ အဖြစ်သည်။
ဘိက္ခူနံ အန္တရေ၊ ရဟန်းတို့၏ အလယ်၌။
ပါကဋော ဇာတော၊ ထင်ရှားသည် ဖြစ်ပြီ။
တေ ဘိက္ခူ ဓမ္မသဘာယံ သန္နိပတိတာ၊ ထိုရဟန်းတို့သည် တရားသဘင်၌ စုဝေးကြသော်။
"အာဝုသော အာဇီဝကေန၊ ငါ့ရှင်တို့ တက္ကတွန်းသည်။
ကုလဿ မင်္ဂလန္တရာယော ကတောတိ၊ ဇနပုဒ်နေအမျိုး၏ မင်္ဂလာအန္တရာယ်ကို ပြုအပ်ပြီ"ဟု။
ကထယမာနာ နိသီဒိံသု၊ ပြောကြလျက် ထိုင်နေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။
"ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ ယခုအခါ၌။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်စကားဖြင့် ထိုင်နေကြသည်။
အတ္ထ နုတိ ပုစ္ဆိ၊ ဖြစ်ကြသနည်း"ဟု မေးတော်မူပြီ။
တေ ဣမာယ နာမာတိ ကထယိံသု၊ ထိုရဟန်းတို့သည် ဤမည်သော စကားဖြင့်ပါဟု လျှောက်ထားကြကုန်ပြီ။
"ဘိက္ခဝေ ဣဒါနေဝ၊ ရဟန်းတို့ ယခုအခါ၌သာ။
အာဇီဝကော တဿ ကုလဿ၊ တက္ကတွန်းသည် ထိုဇနပုဒ်အမျိုး၏။
မင်္ဂလန္တရာယံ န ကရောတိ၊ မင်္ဂလာအန္တရာယ်ကို ပြုသည် မဟုတ်သေး။
ပုဗ္ဗေပိ ဧသော၊ ရှေးကလည်း ဤတက္ကတွန်းသည်။
တေသံ ကုဇ္ဈိတွာ၊ ထိုလူတို့အား စိတ်ဆိုး၍။
မင်္ဂလန္တရာယံ အကာသိယေဝါတိ ဝတွာ၊ မင်္ဂလာအန္တရာယ်ကို ပြုဖူးသည်သာ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
နဂရဝါသိနော ဇနပဒဝါသီနံ၊ ဗာရာဏသီမြို့နေလူတို့သည် ဇနပုဒ်နေသူတို့၏။
ဓီတရံ ဝါရေတွာ၊ သမီးကို တောင်း၍။
ဒိဝသံ ဌပေတွာ၊ နေ့ရက်ကို ချိန်းချက်ထားပြီး၍။
အတ္တနော ကုလူပကံ အာဇီဝကံ၊ မိမိတို့၏ အိမ်သို့ကြွသော တက္ကတွန်းကို။
"ဘန္တေ အဇ္ဇ အမှာကံ၊ အရှင်ဘုရား ယနေ့ တပည့်တော်တို့မှာ။
ဧကာ မင်္ဂလကိရိယာ (အတ္ထိ)၊ တစ်ခုသော မင်္ဂလာအမှုသည် ရှိပါ၏။
နက္ခတ္တံ သောဘနံ နု ခေါတိ ပုစ္ဆိံသု၊ နက္ခတ်သည် ကောင်းပါ၏လော"ဟု မေးကြပြီ။
သော၊ ထိုတက္ကတွန်းသည်။
"ဣမေ အတ္တနော ရုစိယာ၊ ဤလူတို့သည် မိမိတို့ ကြိုက်သလို။
ဒိဝသံ ဌပေတွာ၊ နေ့ရက်ကို ချိန်းချက်ပြီး၍။
ဣဒါနိ မံ၊ ယခုမှ ငါ့ကို။
ပုစ္ဆန္တီတိ ကုဇ္ဈိတွာ၊ မေးကြ၏"ဟု စိတ်ဆိုး၍။
"အဇ္ဇ နေသံ မင်္ဂလန္တရာယံ၊ ယဗန့ ထိုသူတို့၏ မင်္ဂလာအန္တရာယ်ကို။
ကရိဿာမီတိ စိန္တေတွာ၊ ပြုအံ့"ဟု တွေး၍။
"အဇ္ဇ နက္ခတ္တံ အသောဘနံ၊ ယနေ့ နက္ခတ်သည် မကောင်း။
သစေ ကရောထ၊ အကယ်၍ ပြုကြအံ့။
မဟာဝိနာသံ ပါပုဏိဿထာတိ အာဟ၊ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကြလတံ့"ဟု ဖြေပြီ။
တေ တဿ သဒ္ဒဟိတွာ န ဂမိံသု၊ ထိုဗာရာဏသီမြို့နေ လူတို့သည် ထိုတက္ကတွန်းအား ယုံ၍ မသွားကြပြီ။
ဇနပဒဝါသိနော၊ ဇနပုဒ်နေလူတို့သည်။
တေသံ အနာဂမနံ ဉ တွာ၊ ထိုဗာရာဏသီမြို့နေ လူတို့၏ မလာမှုကို သိ၍။
"တေ အဇ္ဇ၊ ထိုဗာရာဏသီမြို့နေ လူတို့သည် ယနေ့။
ဒိဝသံ ဌပေတွာပိ န အာဂတာ၊ နေ့ရက်ကို ချိန်းထားပြီး၍လည်း မလာကြ။
နော တေဟိ ကိံ၊ ငါတို့အား ထိုဗာရာဏသီမြို့နေသူတို့ဖြင့် ဘာပြုအံ့နည်း။
အညေသံ ဓီတရံ ဒဿာမာတိ၊ အခြားသူတို့အား သမီးကို ပေးကုန်အံ့"ဟု ပြော၍။
အညေသံ ဓီတရံ အဒံသု၊ အခြားသူတို့အား သမီးကို ပေးကုန်ပြီ။
နဂရဝါသိနော ပုနဒိဝသေ အာဂန္တွာ၊ ဗာရာဏသီမြို့နေသူတို့သည် နောက်နေ့၌ လာကြ၍။
ဒါရိကံ ယာစိံသု၊ သူငယ်မကို တောင်းကုန်ပြီ။
ဇနပဒဝါသိနော၊ ဇနပုဒ်နေသူတို့သည်။
"နဂရဝါသိနော တုမှေ ဂဟပတိကာ နာမ ဆိန္နဟိရိကာ၊ မြို့နေကြသော သင်သူကြွယ်တို့မည်သည် ပြတ်သော ရှက်ကြောက်မှုရှိကုန်၏။
ဒိဝသံ ဌပေတွာ၊ နေ့ရက်ကို ချိန်းချက်ထားပြီး၍။
ဒါရိကံ န ဂဏှိတ္ထ၊ သူငယ်မကို လာမယူကြကုန်။
မယံ တုမှာကံ အနာဂမနဘာဝေန၊ ငါတို့သည် သင်တို့၏ မလာသည့်အဖြစ်ကြောင့်။
အညေသံ အဒမှာတိ၊ အခြားသူတို့အား ပေးလိုက်ကြပြီ"ဟု ပြောကုန်ပြီ။
မယံ အာဇီဝကံ ပဋိပုစ္ဆိတွာ၊ ငါတို့သည် တက္ကတွန်းကို တစ်ဖန်မေး၍။
နက္ခတ္တံ န သောဘနန္တိ နာဂတာ၊ နက္ခတ်သည် မကောင်းဟု ပြော၍ မလာကြပါ။
နော ဒါရိကံ ဒေထာတိ၊ ငါတို့အား သူငယ်မကို ပေးကြပါဟု ပြောကုန်ပြီ။
အမှေဟိ တုမှာကံ အနာဂမနဘာဝေန၊ ငါတို့သည် သင်တို့၏ မလာသည့်အဖြစ်ကြောင့်။
အညေသံ ဒိန္န၊ အခြားသူတို့အား ပေးအပ်ပြီ။
ဒိန္နဒါရိကံ ကထံ၊ ပေးပြီးသော သူငယ်မကို အဘယ်ပုံ။
ပုန ဣဒါနိ အာနေဿာမာတိ၊ တစ်ဖန် ယခု ဆောင်ရကုန်အံ့နည်းဟု ပြောကြပြီ။
ဧဝံ တေသု၊ ဤကဲ့သို့ ထိုတောနေမြို့နေလူတို့သည်။
အညမညံ ကလဟံ ကရောန္တေသု၊ အချင်းချင်း ငြင်းခုံမှုကို ပြုကြသော်။
ဧကော နဂရဝါသီ ပဏ္ဍိတပုရိသော၊ တစ်ယောက်သော မြို့နေသော ပညာရှိယောကျ်ားသည်။
ဧကေန ကမ္မေန ဇနပဒံ ဂတော၊ တစ်ခုသော အလုပ်ဖြင့် ဇနပုဒ်သို့ ရောက်နေ၍။
"မယံ အာဇီဝကံ ပုစ္ဆိတွာ၊ ငါတို့သည် တက္ကတွန်းကို မေး၍။
နက္ခတ္တဿ အသောဘနဘာဝေန၊ နက္ခတ်၏ မကောင်းသည့်အဖြစ်ကြောင့်။
နာဂတာတိ ကထေန္တာနံ၊ မလာကြပါ"ဟု ပြောကြသော။
တေသံ နဂရဝါသီနံ သုတွာ၊ ထိုဗာရာဏသီမြို့နေလူတို့၏ စကားကို ကြား၍။
"နက္ခတ္တေန ကော အတ္ထော၊ နက္ခတ်ဖြင့် ဘာအကျိုးအံ့နည်း။
ဒါရိကာယ လဒ္ဓဘာဝေါဝ၊ သူငယ်မကို ရအပ်သည့်အဖြစ်သည်ပင်။
နက္ခတ္တံ နနုတိ ဝတွာ၊ နက္ခတ်ကောင်းခြင်း မဟုတ်လော"ဟု ပြော၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၄၉။ နက္ခတ္တံ ပတိမာနေန္တံ ဗာလံ၊ နက္ခတ်ကောင်းကို မျှော်ခေါ်နေသော ဖျင်းဆသူကို။
အတ္ထော ဥပစ္စဂါ၊ လိုလားသော အကျိုးသည် ကျော်လွန်သွားပြီ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊ အကျိုးလိုချင်သူအတွက် ရရှိအပ်သော ကောင်းကျိုးသည်ပင် နက္ခတ်ကောင်းမည်၏။
ကရိဿန္တိ ကိံ တာရကာန္တိ၊ ကောင်းကင်က ကြယ်တာရာ နက္ခတ်တို့သည် ဘာကို ပြုပေးနိုင်ကုန်အံံနည်း။
တတ္ထ **ပတိမာနေန္တ** န္တိ ဩလောကေန္တံ၊ ထိုဂါထာ၌ ပတိမာနေန္တံ ဟူသည်ကား မျှော်ခေါ်နေသောတည်း။
ဣဒါနိ နက္ခတ္တံ ဘဝိဿတိ၊ ယခု နက္ခတ်ကောင်းသည် ဖြစ်လတံ့။
ဣဒါနိ နက္ခတ္တံ ဘဝိဿတီတိ၊ ယခု နက္ခတ်ကောင်းသည် ဖြစ်လတံ့ဟု။
အာဂမယမာနံ၊ မျှော်လင့်နေသောတည်း။
**အတ္ထော ဗာလံ ဥပစ္စဂါ**တိ၊ အတ္ထော ဗာလံ ဥပစ္စဂါ ဟူသည်ကား။
နဂရဝါသိကံ ဧတံ ဗာလံ၊ ဗာရာဏသီမြို့၌ နေသော ထိုဖျင်းအသူကို။
ဒါရိကာပဋိလာဘသင်္ခါတော အတ္ထော အတိက္ကန္တော၊ သူငယ်မရခြင်းဟု ဆိုအပ်သော အကျိုးသည် လွန်သွားပြီတည်း။
**အတ္ထော အတ္ထဿ နက္ခတ္တန္တိ**၊ အတ္ထော အတ္ထဿ နက္ခတ္တံ ဟူသည်ကား။
ယံ အတ္ထံ ပရိယေသန္တော စရတိ၊ အကြင် အကျိုးကို ရှာမှီးလျက် သွားလာလှည့်လည်၏။
ပဋိလဒ္ဓေါ သော အတ္ထောဝ၊ လှည့်လည်ရှာဖွေရရှိအပ်သော ထိုအကျိုးသည်ပင်။
အတ္ထဿ နက္ခတ္တံ နာမ၊ အလိုရှိသူအတွက် နက္ခတ်ကောင်းမည်၏တည်း။
**ကိံ ကရိဿန္တိ တာရကာ**တိ၊ ကိံ ကရိဿန္တိ တာရကာ ဟူသည်ကား။
အာကာသေ ဣတရေ တာရကာ ပန၊ ကောင်းကင်က သည့်ပြင် ကြယ်တာရာတို့သည်ကား။
ကိံ ကရိဿန္တိ၊ ဘာကို ပြုနိုင်ကုန်အံ့နည်း။
ကတရံ အတ္ထံ သာဓေဿန္တိ၊ အဘယ်မည်သော အကျိုးကို ပြီးစေနိုင်ကုန်အံ့နည်း။
ဣတိ အတ္ထော၊ ဤကား ကိံ ကရိဿန္တိ တာရကာ ဟူသော ပါဌ်၏ အနက်တည်း။
နဂရဝါသိနော ကလဟံ ကတွာ၊ ဗာရာဏသီမြို့နေသူတို့သည် ငြင်းခုံမှုကို ပြု၍။
ဒါရိကံ အလဘိတွာဝ အဂမံသု၊ သူငယ်မကို မရကြဘဲသာ သွားရကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ ဧသော အာဇီဝကော၊ ရဟန်းတို့ ဤတက္ကတွန်းသည်။
ဣဒါနေဝ ကုလဿ၊ ယခုအခါသာ အမျိုး၏။
မင်္ဂလန္တရာယံ န ကရောတိ၊ မင်္ဂလာအန္တရာယ်ကို ပြုသည် မဟုတ်သေး။
ပုဗ္ဗေပိ အကာသိ ယေဝါတိ၊ ရှေးကလည်း ပြုဖူးသည်သာ"ဟု မိန့်တော်မူ၍။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ အာဇီဝကော၊ ထိုအခါက တက္ကတွန်းသည်။
ဧတရဟိ အာဇီဝကောဝ အဟောသိ၊ ယခုအခါ တက္ကတွန်းသည်သာ ဖြစ်လာပြီ။
တာနိပိ ကုလာနိ၊ ရှေးက ထိုအမျိုးတို့သည်လည်း။
ဧတရဟိ ကုလာနိယေဝ၊ ယခုအခါ၌ အမျိုးတို့သည်သာတည်း။
ဂါထံ ဝတွာ ဌိတော၊ ဂါထာကို ရွတ်ဆို၍ တည်သော။
ပဏ္ဍိတပုရိသော ပန အဟမေဝ အဟောသိန္တိ၊ ပညာရှိ ယောကျ်ားသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**နက္ခတ္တဇာတကဝဏ္ဏနာ နဝမာ**၊ **ကိုးခုမြောက် ဖြစ်သော နက္ခတ္တဇာတ်အဖွင့်တည်း။**