Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

2. Avidūrenidānakathā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

ပန၊ အဝိဒူရေနိဒါန်းကို ဆိုအံ့။ ဗောဓိသတ္တေ တုသိတပုရေ ဝသန္တေယေဝ၊ ဘုရားလောင်းသည် တုသိတာနတ်ပြည်၌ စံစားနေစဉ်ပင်။ ဗုဒ္ဓကောလာဟလံနာမ ဥဒပါဒိ၊ ဘုရားပွင့်မည်တဲ့ဟူသော, ကောလာဟလမည်သည် ဖြစ်ပြီ။
ဟိ၊ အကျယ်ပြအံ့။ လောကသ္မိံ၊ လောက၌။ ကပ္ပကောလာဟလံ ဗုဒ္ဓကောလာဟလံ စက္ကဝတ္တိကောလာဟလံ၊ ကမ္ဘာပျက်မည်တဲ့ဟူသော, ကပ္ပလောလာဟလလည်းကောင်း, ဘုရားပွင့်မည်တဲ့ ဟူသော, ဗုဒ္ဓကောလာဟလလည်းကောင်း, စကြာမင်းပေါ်မည်တဲ့ဟူသော စက္ကဝတ္တိကောလာဟလလည်းကောင်း။ ဣတိ တီဏိ ကောလာဟလာနိ ဥပ္ပဇ္ဇန္တိ၊ ဤသို့ သုံးမျိုးကုန်သော ကောလာဟလတို့သည် ဖြစ်ကုန်ရျိကုန်၏။
တတ္ထ၊ ထိုကောလာဟလ သုံးမျိုးတို့တွင်။ ဝဿသတသဟဿဿ အစ္စယေန၊ နှစ်ပေါင်းတစ်သိန်းကို ကျော်လွန်ရာအခါ၌။ ကပ္ပုဋ္ဌာနံ ဘဝိဿတီတိ၊ ကမ္ဘာပျက်ခြင်းသည် ဖြစ်လတ္တံ့ဟု။ လောကဗျူဟာ နာမ ကာမာဝစရဒေဝါ၊ လောကဗျူဟာမည်ကုန်သော ကာမာဝစရနတ်တို့သည်။ မုတ္တသိရာ ဝိကိဏ္ဏကေသာရုဒမုခါ၊ သျှောင်ထုံးပြေကျသော ဦးခေါင်းရှိကုန်သည် ဖရိုဖရဲကျဲသော ဆံပင်ရှိကုန်သည် ငိုသောမျက်နှာရှိကုန်သည်။ အဿူနိ ဟတ္ထေဟိ ပုဉ္ဇမာနာ၊ မျက်ရည်တို့ကို လက်တို့ဖြင့် သုတ်ကုန်သည်။ ရတ္တဝတ္ထနိဝတ္ထာ အတိဝိယ ဝိရူပဝေသဓာရိနော ဟုတွာ၊ နီမြန်းသော အဝတ်ဝတ်ကုန်သည် အလွန်လျှင် ဖောက်ပြန်သော အသွင်ဆောင်ကုန်သည် ဖြစ်၍။ ('--ကုန်သည် (၆-ခု)ကို ဖြစ်၍နှင့် တွဲစပ်ပါ)။ မနုဿပထေ ဝိစရန္တာ၊ လူ့ပြည်လမ်းခရီး၌ လှည့်လည်ကုန်လျက်။ မာရိသာ ဣတော ဝဿသတသဟဿဿ အစ္စယေန၊ အချင်းတို့ ဤနေ့မှ နှစ်ပေါင်းတစ်သိန်းကျော်လွန်ရာအခါ၌။ ကပ္ပုဋ္ဌာနံ ဘဝိဿတိ၊ ကမ္ဘာပျက်ခြင်းသည် ဖြစ်လတ္တံ့။ အယံ လောကော ဝိနဿိဿတိ၊ ဤကမ္ဘာလောကသည် ပျက်စီးလတ္တံ့။ အယဉ္စ မဟာပထဝီ သိနေရု ပဗ္ဗတရာဇာ စ၊ ဤမြေကြီးသည်လည်းကောင်း, မြင်းမိုရ်မည်သော တောင်မင်းသည်လည်းကောင်း။ ဥဍ္ဍယှိဿန္တိ ဝိနဿိဿန္တိ၊ လောင်မြိုက်ကုန်လတ္တံ့ ပျက်စီးကုန်လတ္တံ့။ ယာဝ ဗြဟ္မလောကာ လောကဝိနာသော ဘဝိဿတိ၊ ဗြဟ္မာ့ပြည်တိုင်အောင် ကမ္ဘာလောကပျက်စီးခြင်းသည် ဖြစ်လတ္တံ့။ မာရိသာ မေတ္တံ ဘာဝေထ၊ အချင်းတို့ မေတ္တာကို ပွားများကြကုန်လော့။ ကရုဏံ ဘာဝေထ၊ ကရုဏာကို ပွားများကြကုန်လော့။ မုဒိတံ ဘာဝေထ၊ ချမ်းသာသူ အာရုံပြု၍, ဝမ်းသာသည့်, မုဒိတာကို ပွားများကြကုန်လော့။ မာရိသာ ဥပေက္ခံ ဘာဝေထ၊ အချင်းတို့ မုန်းချစ်မပြု,ကံအတိုင်းသာဟု ရှုသည့်, ဥပေက္ခာကို ပွားများကြကုန်လော့။ မာတရံ ဥပဋ္ဌဟထ၊ အမိကို လုပ်ကျွေးကြကုန်လော့။ ပိတရံ ဥပဋ္ဌဟထ၊ အဖကို လုပ်ကျွေးကြကုန်လော့။ ကုလေ ဇေဋ္ဌာပစာယိနော ဟောထာတိ၊ အမျိုးထဲ၌ ကြီးသူကို ရိုသေကုန်သည် ဖြစ်ကုန်လော့ဟု။ ဧဝံ အာရောစေန္တိ၊ ဤသို့ ပြောကြားကြကုန်၏။
ဣဒံ ကပ္ပကောလာဟလံ နာမ၊ ဤလောကဗျူဟာနတ်တို့ ကြွေးကြော်ခြင်းသည် ကမ္ဘာပျက်မည်တဲ့ဟူသော **ကပ္ပလောလာဟလ**မည်၏။
ဝဿသဟဿဿ အစ္စယေန ပန၊ နှစ်ပေါင်းတစ်ထောင်ကို ကျော်လွန်ရာအခါ၌ကား။ သဗ္ဗညုဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇိဿတီတိ၊ သဗ္ဗညုတဘုရားရှင်သည် လောက၌ ပွင့်တော်မူလတ္တံ့ဟု။ လောကပါလဒေဝတာ၊ လောကပါလနတ်တို့သည်။ "မာရိသာ ဣတော ဝဿသဟဿဿ အစ္စယေန၊ အချင်းတို့ ဤနေ့မှ နှစ်ပေါင်းတစ်ထောင်ကို ကျော်လွန်ရာအခါ၌။ ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇိဿတီတိ၊ ဘုရားရှင်သည် လောက၌ ပွင့်တော်မူလတ္တံ့ဟု"။ ဥဂ္ဃေါသေန္တာ အာဟိဏ္ဍန္တိ၊ ကြွေးကြော်ကုန်လျက် လှည့်လည်ကုန်၏။
ဣဒံ ဗုဒ္ဓကောလာဟလံ နာမ၊ ဤလောကပါလနတ်တို့ လှည့်လည်ကြွေးကြော်ခြင်းသည် ဘုရားပွင့်မည်တဲ့ဟူသော **ဗုဒ္ဓကောလာဟလ** မည်၏။
ဝဿသတဿ အစ္စယေန၊ နှစ်ပေါင်းတစ်ရာကို ကျော်လွန်ရာအခါ၌။ စက္ကဝတ္တီ ရာဇာ ဥပ္ပဇ္ဇိဿတီတိ၊ စကြာရတနာလည်စေတတ်သော စကြာမင်းသည် ပေါ်ပေါက်လတ္တံ့ဟု ပြောသင့်ရာအခါ၌။ "မာရိသာ ဣတော ဝဿသတဿ အစ္စယေန၊ အချင်းတို့ ဤနေ့ရက်မှ နှစ်ပေါင်းတစ်ရာကို ကျော်လွန်ရာ အခါ၌။ စက္ကဝတ္တီ ရာဇာ လောကေ ဥပ္ပဇ္ဇိဿတီတိ၊ စကြာရတနာလည်စေတတ်သော စကြာမင်းသည် လူ့လောက၌ ဖြစ်လတ္တံ့ ပေါ်ပေါက်လတ္တံ့ဟု"။ ဒေဝတာ ဥဂ္ဃေါသေန္တိယော အာဟိဏ္ဍန္တိ၊ နတ်တို့သည် ကြွေးကြော်၍ လှည့်လည်ကုန်၏။
ဣဒံ စက္ကဝတ္တိကောလာဟလံ နာမ၊ ဤနတ်တို့ ကြွေးကြော်လှည့်လည်ခြင်းသည် စကြာမင်းပေါ်မည်တဲ့ဟူသော **စက္ကဝတ္တိကောလာဟလ** မည်၏။
တီဏိ ဣမာနိ ကောလာဟလာနိ၊ သုံးပါးကုန်သော ဤကောလာဟလတို့သည်။ မဟန္တာနိ ဟောန္တိ၊ ကြီးကျယ်ကုန်သည် ဖြစ်ကုန်၏။
တေသု ဗုဒ္ဓကောလာဟလသဒ္ဒံ သုတွာ၊ ထိုကောလာဟလသုံးမျိုးတို့တွင် ဘုရားပွင့်မည်တဲ့ဟူသော ကောလာဟလအသံကို ကြားကုန်၍။ သကလဒသသဟဿစက္ကဝါဠဒေဝတာ ဧကတော သန္နိပတိတွာ၊ စကြာဝဠာတစ်သောင်းလုံး၌ နေကုန်သောနတ်ဗြဟ္မာတို့သည် တပေါင်းတည်း ကောင်းစွာကျရောက်ကုန်၍ (စည်းဝေးကုန်၍)။ အသုကော နာမ သတ္တော၊ ထိုမည်သော သတ္တဝါသည်။ ဗုဒ္ဓေါ ဘဝိဿတီတိ ဉ တွာ၊ ဘုရားသည် ဖြစ်လိမ့်မည်ဟု သိ၍။ တံ ဥပသင်္ကမိတွာ အာယာစန္တိ၊ ထိုဘုရားဖြစ်မည့်သူကို ချဉ်းကပ်၍ လာ‌ရောက်တောင်းပန်ကုန်၏။
အာယာစမာနာ စ၊ လာရောက်တောင်းပန်ကုန်သော်လည်း။ ပုဗ္ဗနိမိတ္တေသု ဥပ္ပန္နေသု အာယာစန္တိ၊ နတ်သတ်ကြွေမည့်, ပုဗ္ဗနိမိတ်ငါးပါးတို့သည်, ဖြစ်ကုန်သော် ( ဖြစ်ကုန်မှသာ) လာ‌ရောက်တောင်းပန်ကုန်၏။
တဒါ ပန သဗ္ဗာပိ ဒေဝတာ၊ ထိုအခါ၌ကား အလုံးစုံလည်းဖြစ်ကုန်သော နတ်ဗြဟ္မာတို့သည်။ ဧကေကစက္ကဝါဠေ စတုမဟာရာဇသက္ကသုယာမသန္တုသိတသုနိမ္မိတဝသဝတ္တိမဟာဗြဟ္မေဟိ သဒ္ဓိံ၊ စကြာဝဠာတစ်ခုတစ်ခု၌ (စကြာဝဠာ တစ်ခုတစ်ခုက) စတုမဟာရာဇ်နတ်မင်းကြီးလေးယောက် သိကြားမင်း သုယာမနတ်မင်း သန္တုသိတနတ်မင်း သုနိမ္မိတနတ်မင်း ဝသဝတ္တီနတ်မင်း မဟာဗြဟ္မာကြီးတို့နှင့်တကွ။ ဧကစက္ကဝါဠေ သန္နိပတိတွာ၊ စကြာဝဠာတစ်ခု၌ ကောင်းစွာကျရောက်ကုန် စည်းဝေးကုန်၍။ တုသိတဘဝနေ ဗောဓိသတ္တဿ သန္တိကံ ဂန္တွာ၊ တုသိတာတုံ၌ (တုသိတာဘုံက) ဘုရားလောင်းနတ်သား၏ အထံသို့ သွားကြကုန်၍။ မာရိသ ဒသပါရမိယော ပူရေန္တေဟိ တုမှေဟိ၊ အချင်း ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ကုန်သော သင်တို့သည်။ သက္ကသမ္ပတ္တိံ ပတ္ထေန္တေဟိ န ပူရိတာ၊ သိကြားစည်းစိမ်ကို တောင့်တကုန်လျက် မဖြည့်ကျင့်အပ်ကုန်။ မာရသမ္ပတ္တိံ ပတ္ထေန္တေဟိ န ပူရိတာ၊ မာရ်နတ်မင်း စည်းစိမ်ကို တောင့်တကုန်လျက် မဖြည့်ကျင့်အပ်ကုန်။ ဗြဟ္မသမ္ပတ္တိံ ပတ္ထေန္တေဟိ န ပူရိတာ၊ ဗြဟ္မာစည်းစိမ်ကို တောင်းတကုန်လျက် ဖြည့်ကျင့်အပ်ကုန်သည် မဟုတ်ကုန်။ စက္ကဝတ္တိသမ္ပတ္တိံ ပတ္ထေန္တေဟိ ပူရိတာ န၊ စကြာမင်းစည်းစိမ်ကို တောင့်တကုန်လျက် ဖြည့်ကျင့်အပ်ကုန်သည် မဟုတ်ကုန်။ ပန လောကနိတ္ထရဏတ္ထာယ သဗ္ဗညုတံ ပတ္ထေန္တေဟိ ပူရိတာ၊ အဟုတ်သော်ကား လောကမှ ထွက်မြောက်ရန်အကျိုးငှာ သဗ္ဗညုတဉာဏ်ကို တောင့်တကုန်လျက် ဖြည့်ကျင့်အပ်ကုန်၏။ မာရိသာ ဝေါ၊ အချင်းတို့ (တစ်ယောက်တည်းဖြစ်သော်လည်း အလေးဂရုပြုလျက် 'အချင်းတို့'ဟု ဗဟုဝုစ်ဖြင့် သုံးနှုံးခေါ်ဆိုသည်) သင်တို့၏။ ဗုဒ္ဓတ္တာယ သော သမယော၊ ဘုရားဖြစ်ကြောင်းဖြစ်ရာ (ဘုရားဖြစ်ခြင်းငှာ) ထိုအခါကား။ ဣဒါနိ ကာလော၊ ယခုအခါ၌ အချိန်ရောက်ပြီတည်း။ မာရိသာ ဗုဒ္ဓတ္တာယ သမယောတိ ယာစိံသု၊ အချင်းတို့ ဘုရားဖြစ်ခြင်းငှာ အချိန်ရောက်ပြီတည်းဟု တောင်းပန်ကုန်ပြီ။
အထ မဟာသတ္တော၊ ထိုတောင်းပန်ရာအခါ၌ ဘုရားလောင်းသည်။ ဒေဝတာနံ ပဋိညံ အဒတွာဝ၊ နတ်ဗြဟ္မာတို့အား ဝန်ခံခြင်းကို မပေးသေးမူ၍။ ကာလဒီပဒေသကုလဇနေတ္တိအာယုပရိစ္ဆေဒဝသေန၊ ဘုရားပွင့်ချိန်, ဘုရားပွင့်ရာကျွန်း, ဘုရားပွင့်ရာ အရပ်ဒေသ, ဘုရားပွင့်ရာ မျိုးရိုး, မယ်တော်အသက်အပိုင်းအခြားတို့၏ အစွမ်းအားဖြင့်။ ပဉ္စမဟာဝိလောကနံ နာမ ဝိလောကေသိ၊ ကြည့်ခြင်းကြီးငါးပါး မည်သည်ကို ကြည့်တော်မူပြီ။
တတ္ထ၊ ထိုကြည့်ခြင်းကြီးငါးပါးတို့တွင်။ ကာလော နု ခေါ၊ ဘုရားပွင့်ရာ ကာလဟုတ်သလော။ အကာလော နု ခေါတိ၊ ဘုရားပွင့်ရာ ကာလမဟုတ်သလောဟု။ ပဌမံ ကာလံ ဝိလောကေသိ၊ ရှေးဦးစွာ အချိန်ကာလကို ကြည့်ပြီ။
တတ္ထ ဝဿသတသဟဿတော ဥဒ္ဓံ၊ ထိုအချိန်ကာလ၌ လူတို့ သက်တမ်းနှစ်ပေါင်းတစ်သိန်းမှ အထက်၌။ ဝဍ္ဎိတအာယုကာလော ကာလော နာမ န ဟောတိ၊ တိုးပွားသောအသက်တမ်းရှိရာကာလသည် ဘုရားပွင့်ရာ ကာလမည်သည် မဖြစ်။
ကသ္မာ၊ အဘယ်ကြောင့်နည်း။
ဟိ တဒါ သတ္တာနံ၊ အကြင့်ကြောင့် တစ်သိန်းထက်သက်တမ်းရှည်ရာ ထိုအခါ၌ သတ္တဝါတို့အား။ ဇာတိဇရာမရဏာနိ န ပညာယန္တိ၊ ပဋိသန္ဓေနေမှု, အိုမှု, သေမှုတို့သည် မထင်ရှားကုန်။
ဗုဒ္ဓါနံ ဓမ္မဒေသနာ စ၊ ဘုရားရှင်တို့၏ တရားဒေသနာသည်လည်း။ တိလက္ခဏမုတ္တာ နာမ နတ္ထိ၊ လက္ခဏာရေးသုံးပါးမှ အလွတ်သပ်သပ် မည်သည်မရှိ။
တေသံ၊ အသက်ရှည်သူ ထိုလူတို့အား။ အနိစ္စံ ဒုက္ခံ အနတ္တာတိ၊ မမြဲပေ, ကြောက်စရာပေ, အတ္တမဟုတ်ဟု။ ကထေန္တာနံ၊ ဟောတော်မူကုန်သော ဘုရားရှင်တို့၏ တရားကို။ ကိံ နာမ ဧတံ ကထေန္တီတိ၊ အဘယ်မည်သော ဤတရားကို ဟောကုန်သနည်းဟု တွေး၍။ သောတဗ္ဗံ နေဝ မညန္တိ၊ နာယူထိုက်၏ဟု မထင်မှတ်ကုန်။ သဒ္ဓါတဗ္ဗံ န မညန္တိ၊ ယုံကြည်ထိုက်၏ဟု မထင်မှတ်ကုန်။ တတော အဘိသမယော န ဟောတိ၊ ထိုသို့ မထင်မှတ်ခြင်းကြောင့် သစ္စာလေးပါး ထိုးထွင်းသိခြင်းသည် မဖြစ်။ တသ္မိံ အသတိ၊ ထိုသို့ သစ္စာလေးပါး, ထိုးထွင်းသြိခင်းသည် မရှိခဲ့သော်။ သာသနံ အနိယျာနိကံ ဟောတိ၊ ဘုရားအဆုံးအမ သာသနာတော်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်သည် ဖြစ်၏။
တသ္မာ သော အကာလော၊ ထို့ကြောင့် ထိုလူတို့သက်တမ်းတစ်သိန်းအထက် အချိန်ကာလသည် ဘုရားပွင့်ရာ အခါမဟုတ်။
ဝဿသတတော ဦနအာယုကာလောပိ၊ လူ့သက်တမ်းနှစ်ပေါင်း တစ်ရာလောက် ယုတ်လျော့သော သက်တမ်းရျိသော ကာလသည်လည်း။ ကာလော န ဟောတိ၊ ဘုရားပွင့်ရာအချိန်သည် မဖြစ်။
ကသ္မာ၊ အဘယ်ကြောင့်နည်း။
တဒါ သတ္တာ၊ တစ်ရာအောက် သက်တမ်းတိုသော, ထိုအခါ၌ သတ္တဝါတို့သည်။ ဥဿန္နကိလေသာ ဟောန္တိ၊ ထူထပ်များပြားသော, ကိလေသာရှိကုန်သည် ဖြစ်ကုန်၏။ ဥဿန္နကိလေသာနံ ဒိန္နော ဩဝါဒေါ စ၊ ထူထပ်များပြားသော ကိလေသာရှိသူတို့အား ပေးအပ်သော အဆုံးအမသည်လည်း။ ဩဝါဒဋ္ဌာနေ န တိဋ္ဌတိ၊ အဆုံးအမအရာ၌ မတည်။ ဥဒကေ ဒဏ္ဍရာဇိ ဝိယ၊ ရေပေါ်၌ ဒုတ်ဖြင့်ရေးသော,အရေး‌အကြောင်းကဲ့သို့။ ခိပ္ပံ ဝိဂစ္ဆတိ၊ လျင်စွာ ကွယ်ပျောက်၏။
တသ္မာ သောပိ အကာလော၊ ထို့ကြောင့် တစ်ရာအောက်သက်တမ်းတိုသော ထိုအခါသည်လည်း ဘုရားပွင့်ရာအခါ မဟုတ်။
ပန ဝဿသတသဟဿတော ပဋ္ဌာယ ဟေဋ္ဌာ၊ အဟုတ်သော်ကား လူ့သက်တမ်းနှစ်ပေါင်းတစ်သိန်းမှ စ၍ အောက်ဖြစ်သော။ အာယုကာလော၊ သက်တမ်းကာလသည်လည်းကောင်း။ ဝဿသတတော ပဋ္ဌာယ ဥဒ္ဓံ၊ လူ့သက်တမ်း နှစ်ပေါင်းတစ်ရာမှ စ၍ အထက်ဖြစ်သော။ အာယုကာလေ ကာလော နာမ၊ သက်တမ်းကာလသည်လည်းကောင်း, ဘုရားပွင့်ရာကာလမည်၏။
တဒါ စ ဝဿသတကာလော၊ ထိုအလောင်းတော်ကြည့်ရာ, ကာလ၌လည်း လူ့သက်တမ်းနှစ်ပေါင်းတစ်ရာကာလတည်း။
အထ မဟာသတ္တော၊ ထိုအခါ၌ ဘုရားလောင်းသည်။ နိဗ္ဗတ္တိတဗ္ဗကာလောတိ ကာလံ ပဿိ၊ ဘုရားပွင့်ထိုက်ရာ ကာလတည်းဟု ကာလကို မြင်သိလေပြီ။
တတော ဒီပံ ဝိလောကေန္တော၊ ထို့နောင်မှ ဘုရားပွင့်ရာကျွန်းကို ကြည့်လတ်သော်။ သပရိဝါရေ စတ္တာရော ဒီပေ ဩလောကေတွာ၊ အခြံအရံ, ကျွန်းငယ်နှစ်ထောင်နှင့် တကွဖြစ်ကုန်သော ကျွန်းကြီးလေးကျွန်းတို့ကို ကြည့်ပြီး၍။ တီသု ဒီပေသု ဗုဒ္ဓါ န နိဗ္ဗတ္တန္တိ၊ အရှေ့,အနောက်, မြောက်သုံးပါးကုန်သော ကျွန်းတို့၌ ဘုရားတို့သည် မပွင့်ကုန်။ ဇမ္ဗုဒီပေယေဝ နိဗ္ဗတ္တန္တီတိ၊ ဇမ္ဗူဒိပ်တောင်ကျွန်း၌သာ ပွင့်တော်မူကုန်၏ဟု။ ဒီပံ ပဿိ၊ ဘုရားပွင့်ရာကျွန်းကို မြင်သိပြီ။
တတော၊ ထို့နောင်မှ။ ဇမ္ဗုဒီပေါ နာမ မဟာ ဒသယောဇနသဟဿပရိမာဏော၊ ဇမ္ဗူဒိပ်ကျွန်းမည်သည် ကျယ်ဝန်း၏ ယူဇနာတစ်သောင်းပမာဏရှိ၏။ ကတရသ္မိံ ပဒေသေ ဗုဒ္ဓါ နိဗ္ဗတ္တန္တီ နု ခေါတိ၊ အဘယ်မည်‌သော အရပ်၌ ဘုရားတို့သည် ပွင့်တော်မူကုန်သနည်းဟု။ ဩကာသံ ဝိလောကေန္တော၊ ဘုရားပွင့်ရာ အရပ်ဒေသကို ကြည့်သော်။ မဇ္ဈိမဒေသံ ပဿိ၊ မဇ္ဈိမဒေသအရပ်ကို မြင်ပြီ။
မဇ္ဈိမဒေသော နာမ၊ မဇ္ဈိမဒေသမည်သည်။
ပုရတ္ထိမာယ ဒိသာယ၊ အရှေ့ဖြစ်သော အရပ်မျက်နှာ၌။ ဂဇင်္ဂလံ နာမ နိဂမော၊ ဂဇင်္ဂလမည်သော နိဂုံးရှိ၏။ တဿ အပရေန မဟာသာလော၊ ထိုဂဇင်္ဂလနိဂုံး၏ အရှေ့ဖက်ပြင်ဖက်၌ အင်ကြင်းပင်ကြီးရှိ၏။ တတော ပရံ ပစ္စန္တိမာ ဇနပဒါ၊ ထိုအင်ကြင်းပင်ကြီးမှ အရှေ့ဖက်ပြင်ဖက်သည် ပစ္စန္တရစ်ဖြစ်ကုန်သော ဇနပုဒ်တို့တည်း။ ဩရတော မဇ္ဈေ၊ အတွင်းအနောက် ဖက်မှ အရပ်သည် မဇ္ဈိမဒေသတည်း။
ပုဗ္ဗဒက္ခိဏာယ ဒိသာယ၊ အရှေ့တောင်ထောင့်ဖြစ်သော အရပ်မျက်နှာ၌။ သလ္လဝတီ နာမ နဒီ၊ သလ္လာဝတီမည်သောမြစ်ရှိ၏။ တတော ပရံ ပစ္စန္တိမာ ဇနပဒါ၊ ထိုသလ္လာဝတီမြစ်မှ အရှေ့တောင်ထောင့်ပြင်ဖက်သည် ပစ္စန္တရစ်ဖြစ်ကုန်သော ဇနပုဒ်တို့တည်း။ ဩရတော မဇ္ဈေ၊ သလ္လာဝတီမြစ်အနောက်မြောက်ဖက်အတွင်းအရပ်သည် မဇ္ဈိမဒေသတည်း။
ဒက္ခိဏာယ ဒိသာယ၊ တောင်မျက်နှာဖြစ်သောအရပ်၌။ သေတကဏ္ဏိကံနာမ နိဂမော၊ သေတကဏ္ဏိကမည်သော နိဂုံးရွာကြီးရှိ၏။ တတော ပရံ၊ ထိုသေတကဏ္ဏိကနိဂုံးရွာကြီးမှ ပြင်ဖက်တောင်အရပ်သည်။ ပစ္စန္တိမာ ဇနပဒါ၊ ပစ္စန္တရစ်ဖြစ်ကုန်သော ဇနပုဒ်တို့တည်း။ ဩရတော မဇ္ဈေ၊ သေတကဏ္ဏိက နိဂုံးရွာကြီးတောင်ဖက်မှ, ဤအတွင်းဖက်အရပ်သည် မဇ္ဈိမဒေသတည်း။
ပစ္ဆိမာယ ဒိသာယ၊ အနောက်မျက်နှာဖြစ်သော အရပ်၌။ ထူဏံ နာမ ဗြာဟ္မဏဂါမော၊ ထူဏမည်သော ပုဏ္ဏားရွာရှိ၏။ တတော ပရံ ပစ္စန္တိမာ ဇနပဒါ၊ ထိုထူဏပုဏ္ဏားရွာမှ ပြင်ဖက်အနောက်အရပ်သည် ပစ္စန္တရစ် ဖြစ်ကုန်သော ဇနပုဒ်တို့တည်း။ ဩရတော မဇ္ဈေ၊ ထူဏပုဏ္ဏားရွာမှ ဤအတွင်းဖက် အရပ်သည် မဇ္ဈိမဒေသတည်း။
ဥတ္တရာယ ဒိသာယ၊ မြောက်မျက်နှာဖြစ်သော အရပ်၌။ ဥသီရဒ္ဓဇော နာမ ပဗ္ဗတော၊ ဥသီရဒ္ဓဇမည်သော တောင်ရှိ၏။ တတော ပရံ ပစ္စန္တိမာ ဇနပဒါ၊ ထိုဥသီရဒ္ဓဇတောင်မှ ပြင်ဖက်မြောက်အရပ်သည် ပစ္စန္တရစ်ဖြစ်ကုန်သော ဇနပုဒ်တို့တည်း။ ဩရတော မဇ္ဈေတိ၊ ဥသီရဒ္ဓဇတောင်မှ ဤအတွင်းဖက်အရပ်သည် မဇ္ဈိမဒေသတည်းဟု။ ဧဝံ ဝိနယေ ဝုတ္တော ပဒေသော၊ ဤသို့ ဝိနည်း၌ ဟောတော်မူအပ်သော အရပ်ရှိ၏။
သော အာယာမတော၊ ထိုဝိနည်း၌ ဟောအပ်သောအရပ်သည် အလျားအားဖြင့်။ တီဏိ ယောဇနသတာနိ၊ ယူဇနာသုံးရာတို့တည်း။ ဝိတ္ထာရတော၊ အနံအားဖြင့်။ အဍ္ဎတေယျာနိ ယောဇနသတာနိ၊ ယူဇနာ နှစ်ရာ့ငါးဆယ်တို့တည်း။ ဣတိ ဧတသ္မိံ ပဒေသေ၊ ဤဆိုအပ်ခဲ့ပြီးသော ဤမဇ္ဈိမဒေသအရပ်၌။ ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ၊ ဘုရားရှင်တို့သည်လည်းကောင်း, ပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်း။ အဂ္ဂသာဝကာ အသီတိမဟာသာဝကာ၊ ဘုရား၏ အမြတ်ဆုံး အတော်ဆုံး တပည့်အဂ္ဂသာဝကတို့သည်လည်းကောင်း, ဘုရားတပည့်ကြီး မဟာသာဝကရှစ်ဆယ်တို့သည်လည်းကောင်း။ စက္ကဝတ္တိရာဇာ၊ စကြာဝတေးမင်းသည်လည်းကောင်း။ အညေ မဟေသက္ခာ၊ အခြားကုန်သော ဘုန်းတန်ခိုးကြီးကုန်သော။ ခတ္တိယဗြာဟ္မဏဂဟပတိမဟာသာလာ စ ဥပ္ပဇ္ဇန္တိ၊ မင်းမျိုးလူချမ်းသာကြီး ပုဏ္ဏားမျိုးလူချမ်းသာကြီး သူကြွယ်မျိုး လူချမ်းသာကြီးတို့သည်လည်းကောင်း ဖြစ်ကုန်၏။ စ၊ ဆက်အံ့။
ဧတ္ထ ဣဒံ ကပိလဝတ္ထု နာမ နဂရံ၊ ဤမဇ္ဈိမဒေသအရပ်၌ ဤကပိလဝတ္ထုမည်သော မြို့ရှိ၏။ တတ္ထ မယာ နိဗ္ဗတ္တိတဗ္ဗန္တိ၊ ထိုကပိလဝတ္ထုမြို့၌ ငါသည် ဖြစ်ထိုက်၏ဟု။ နိဋ္ဌံ အဂမာသိ၊ ဆုံးဖြတ်ချက်ချခြင်းသို့ ရောက်ပြီ။
တတော ကုလံ ဝိလောကေန္တော၊ ထို့နောင်မှ ဘုရားဖြစ်ရာအမျိုးကို ကြည့်သော်။ ဗုဒ္ဓါ နာမ ဝေဿကုလေ ဝါ၊ ဘုရားတို့မည်သည် သူကြွယ်မျိုး၌လည်းကောင်း။ သုဒ္ဒကုလေ ဝါ န နိဗ္ဗတ္တန္တိ၊ ဆင်းရဲသားမျိုး၌လည်းကောင်း မဖြစ်ကုန်။ ပန လောကသမ္မတေ၊ အဟုတ်သော်ကား လူ့လောကသည် အထွတ်အမြတ်ဟု သမုတ်အပ်သော။ ခတ္တိယကုလေ ဝါ ဗြာဟ္မဏကုလေ ဝါ၊ မင်းမျိုးလည်းကောင်း, ပုဏ္ဏားမျိုးလည်းကောင်း။ ဣတိ ဒွီသုယေဝ ကုလေသု နိဗ္ဗတ္တန္တိ၊ ဤသို့ နှစ်ပါးသာ ဖြစ်ကုန်သော အမျိုးတို့၌ ဖြစ်ကုန်၏။
ဣဒါနိ စ ခတ္တိယကုလံ လောကသမ္မတံ၊ ယခုအခါ၌လည်း မင်းမျိုးကို ‌လူ့လောကသည် အထွတ်အမြတ်ဟု သမုတ်အပ်၏။ တတ္ထ နိဗ္ဗတ္တိဿာမိ၊ ထိုမင်းမျိုး၌ ဖြစ်အံ့။
သုဒ္ဓေါဒနော နာမ ရာဇာ၊ သုဒ္ဓေါဒန မည်သော မင်းကြီးသည်။ မေ ပိတာ ဘဝိဿတီတိ၊ ငါ၏ ခမည်းတော်သည် ဖြစ်လတ္တံ့ဟု။ ကုလံ ပဿိ၊ ဘုရားဖြစ်ရာ အမျိုးကို မြင်ပြီ။
တတော မာတရံ ဝိလောကေန္တော၊ ထို့နောက်မှ မယ်တော်ကို ကြည့်သော်။ ဗုဒ္ဓမာတာ နာမ၊ ဘုရားမယ်တော်မည်သည်။ လောလာ၊ လျပ်ပေါ်သည်။ သုရာဓုတ္တာ န ဟောတိ၊ သေသောက်ကြူးသည် မဖြစ်။ ပန ကပ္ပသတသဟဿံ ပူရိတပါရမီ၊ အဟုတ်သော်ကား ကမ္ဘာတစ်သိန်းပတ်လုံး ဖြည့်ကျင့်အပ်ပြီးသော ပါရမီရှိသူမသည်။ ဇာတိတော ပဋ္ဌာယ အခဏ္ဍပဉ္စသီလာယေဝ ဟောတိ၊ မွေးဖွားသည်မှ စ၍ ငါးပါးသီလမကျိုးပျက်သူမသည်သာ ဖြစ်၏။
အယဉ္စ မဟာမာယာ နာမ၊ ဤမဟာမာယာ မည်သည်လည်းဖြစ်သော။ ဒေဝီ ဧဒိသီ၊ မိဖုယားကြီးသည် ဤငါးပါးသီလ မကျိုးပျက်သူမအလား ရှုစားအပ်သူမပင်တည်း။ အယံ မေ မာတာ ဘဝိဿတိ၊ ဤမဟာမယာ မိဖုယားကြီးသည် ငါ၏ မယ်တော်သည် ဖြစ်လတ္တံ့။ အဿာ အာယု ပန ကိတ္တကန္တိ၊ ထိုမဟာမယာ မိဖုယားကြီး၏ အသက်ကြွင်းသည်ကား အဘယ်မျှရှိသနည်းဟု ရှုသော်။ ဒသန္နံ မာသာနံ ဥပရိ၊ ဆယ်လတို့၏ အထက်အပိုအလွန်။ သတ္တ ဒိဝသာနီတိ ပဿိ၊ ခုနစ်ရက်တို့တည်းဟု မြင်ပြီ။
ဣတိ ဣမံ ပဉ္စမဟာဝိလောကနံ ဝိလောကေတွာ၊ ဤသို့ ဤကြည့်ခြင်းကြီး ငါးပါးကို ကြည့်ပြီး၍။ မေ ဗုဒ္ဓဘာဝါယ ကာလော မာရိသာတိ၊ ငါ၏ ဘုရားဖြစ်ဖို့ အချိန်ရောက်ပြီ အချင်းတို့ဟု။ ဒေဝတာနံ သင်္ဂဟံ ကရောန္တော၊ နတ်ဗြဟ္မာတို့အား သင်္ဂြိုဟ်ချီးမြှောက်မှုကို ပြုလျက်။ ပဋိညံ ဒတွာ၊ ဝန်ခံမှုကို ပေး၍။ တုမှေ ဂစ္ဆထာတိ၊ သင်တို့သည် သွားကြကုန်ဟု။ တာ ဒေဝတာ ဥယျောဇေတွာ၊ ထိုတောင်းပန်သော နတ်ဗြဟ္မာတို့ကို လွှတ်လိုက်၍။ တုသိတဒေဝတာဟိ ပရိဝုတော၊ တုသိတာနက်တို့သည် ခြံရံအပ်လျက်။ တုသိတပုရေ နန္ဒနဝနံ ပါဝိသိ၊ တုသိတာနတ်ပြည်က နန္ဒဝန်ဥယျာဉ်သို့ ဝင်ပြီ။
ဟိ၊ မှန်၏။ သဗ္ဗဒေဝလောကေသု နန္ဒနဝနံ အတ္ထိယေဝ၊ နတ်ပြည်အားလုံးတို့၌ နန္ဒဝန်ဥယျာဉ်သည် ရှိသည်ချည်းသာတည်း။
တတ္ထ နံ ဒေဝတာ၊ ထိုတုသိတာနတ်ပြည် နန္ဒဝန်ဥယျာဉ်၌ ထိုဘုရားလောင်းနတ်သားကို တုသိတာနတ်တို့သည်။ "ဣတော စုတော သုဂတိံ ဂစ္ဆ၊ ဤသိတာနတ်ပြည်မှ စုတေသော သင်နတ်သားသည် ကောင်းရာလူ့ဘုံသို့ သွားလော့။ ဣတော စုတော သုဂတိံ ဂစ္ဆာတိ၊ ဤတုသိတာနတ်ပြည်မှ စုတေသောသင်နတ်သည် ကောင်းရာလူ့ဘုံသို့ သွားလော့"ဟု။ ပုဗ္ဗေ ကတကုသလကမ္မောကာသံ၊ ရှေး၌ ပြုအပ်သောကုသိုလ်ကံ အကျိုးပေးခွင့်ကို။ သာရယမာနာ ဝိစရန္တိ၊ အမှတ်ရစေကုန်လျက် လှည့်လည်ကုန်၏။
ဧဝံ ကုသလံ သာရယမာနာဟိ ဒေဝတာဟိ၊ ဤသို့ ကုသိုလ်ကို အမှတ်ရစေကုန်သော တုသိတာနတ်တို့သည်။ ပရိဝုတော သော၊ ခြံရံအပ်သော ထိုဘုရားလောင်းနတ်သားသည်။ တတ္ထ ဝိစရန္တော စဝိတွာ၊ ထိုတုသိတာနတ်ပြည်၌ လှည့်လည်စဉ် စုတေ၍။ မဟာမာယာယ ဒေဝိယာ၊ မဟာမယာမည်သော မိဖုယားကြီး၏။ ကုစ္ဆိသ္မိံ ပဋိသန္ဓိံ ဂဏှိ၊ ဝမ်း၌ ပဋိသန္ဓေကို ယူပြီ။
တဿ အာဝိဘာဝတ္ထံ အယံ အနုပုဗ္ဗိကထာ၊ ထိုပဋိသန္ဓေယူမှု၏ သိသာထင်ရှားစွာဖြစ်ခြင်းငှာ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း။ တဒါ ကပိလဝတ္ထုနဂရေ အာသာဠှိနက္ခတ္တံ၊ ထိုအလောင်းတော်, ပဋိသန္ဓေယူရာအခါ၌ ကပိလဝတ်မြို့၌ အာသဠှီနက္ခတ်ပွဲသဘင်ကို။ သင်္ဃုဋ္ဌံ အဟောသိ ကိရ၊ ကြွေးကြော်အပ်သည် ဖြစ်ပြီတဲ့။ မဟာဇနော နက္ခတ္တံ ကီဠတိ၊ လူအများသည် အာသဠှီနက္ခတ်ပွဲကို ကစား၏။
မဟာမာယာ ဒေဝီပိ၊ မဟာမယာမည်သော မိဖုယားကြီးသည်လည်း။ ပုရေ ပုဏ္ဏမာယ၊ ဝါဆိုလမပြည့်မီ။ သတ္တမဒိဝသတော ပဋ္ဌာယ၊ ဝါဆိုလဆန်းခုနစ်ရက်နေ့မှ စ၍။ ဝိဂတသုရာပါနံ မာလာဂန္ဓဝိဘူတိသမ္ပန္နံ၊ သေသောက်မှုကင်းရှင်းသော ပန်းနံ့သာတို့ဖြင့် တန်ဆာ ဆင်ခြင်းနှင့်ပြည့်စုံသော။ နက္ခတ္တကီဠံ အနုဘဝမာနာ၊ နက္ခတ်ပွဲကစားမှုကို ခံစားလျက်။ သတ္တမေ ဒိဝသေ၊ ခုနစ်ရက်ပြည့်ကြောင်း ဝါဆိုလပြည့်‌နေ့၌။ ပါတောဝ ဥဋ္ဌာယ၊ စောစောကသာ ထ၍။ ဂန္ဓောဒကေန နှာယိတွာ၊ နံ့သာရေဖြင့် ရေချိုးပြီး၍။ စတ္တာရိ သတသဟဿာနိ ဝိဿဇ္ဇေတွာ၊ ငွေလေးသိန်းတို့ကို စွန့်လှူပြီး၍။ မဟာဒါနံ ဒတွာ၊ အလှူကြီးကို ပေးလှူ၍။ သဗ္ဗာလင်္ကာရဝိဘူသိတာ၊ အဆင်တန်ဆာမျိုးစုံ ဆင်မြန်း၍။ ဝရဘောဇနံ ဘုဉ္ဇိတွာ၊ ကောင်းမြတ်သော ဘောဇဉ်ကို စားသုံးပြီး၍။ ဥပေါသထင်္ဂါနိ အဓိဋ္ဌာယ၊ ဥပုသ်အင်္ဂါတို့ကို ဆောက်တည်ပြီး၍။ အလင်္ကတပဋိယတ္တံ သိရိဂဗ္ဘံ ပဝိသိတွာ၊ တန်ဆာဆင်မှုနှင့် စပ်ယှဉ်သော ကျက်သရေတိုက်ခန်းသို့ ဝင်၍။ သိရိသယနေ နိပန္နာ၊ ကျက်သ‌ရေရှိသော အိပ်ရာ၌ လျောင်းလျက်။ နိဒ္ဒံ ဩက္ကမမာနာ၊ အိပ်ပျော်ခြင်းသို့ သက်ရောက်လတ်သော်။ ဣမံ သုပိနံ အဒ္ဒသ၊ ဤဆိုမည့် အိပ်မက်ကို မြင်မက်ပြီ။ (ကိံ၊ ဘယ်သို့ မြင်မက်ပြီနည်း)။
နံ စတ္တာရော မဟာရာဇာနော၊ ထိုမဟာမယာမိဖုယားကြီးကို စတုမဟာရာဇ်နတ်မင်းကြီးလေးပါးတို့သည်။ သယနေနေဝ သဒ္ဓိံ ဥက္ခိပိတွာ၊ အိပ်ရာနှင့်သာ တကွ မ,ချီ၍။ ဟိမဝန္တံ နေတွာ၊ ဟိမဝန္တာသို့ ဆောင်ယူ၍။ သဋ္ဌိယောဇနိကေ မနောသိလာတလေ၊ ယူဇနာခြောက်ဆယ်ရှိသော ဆေးဒါန်းမြင်းသီလာ ကျောက်ဖျာအနီး၌။ သတ္တ ယောဇနိကဿ မဟာသာလရုက္ခဿ၊ ခုနစ်ယူဇနာရှိသော အင်ကြင်းပင်ကြီး၏။ ဟေဋ္ဌာ ဌပေတွာ ဧကမန္တံ အဋ္ဌံသု၊ အောက်၌ထား၍ သင့်လျော်သောနေရာ၌ တည်နေကုန်ပြီ။
အထ နေသံ၊ ထိုအခါ၌ ထိုစတုမဟာရာဇ်မင်းကြီးတို့၏။ ဒေဝိယော အာဂန္တွာ၊ နတ်မိဖုယားတို့သည် လာကုန်၍။ ဒေဝိံ အနောတတ္တဒဟံ နေတွာ၊ မဟာမာယာ မိဖုယားကြီးကို အနဝတတ်အိုင်သို့ ဆောင်ယူ၍။ မနုဿမလဟရဏတ္ထံ နှာပေတွာ၊ လူ့အညစ်အကြေး ဆောင်ယူဖယ်ရှားဖို့ ရေချိုးစေ၍။ ဒိဗ္ဗဝတ္ထံ နိဝါသာပေတွာ၊ နတ်အဝတ်အစားကို ဝတ်ဆင်စေ၍။ ဂန္ဓေဟိ ဝိလိမ္ပာပေတွာ၊ နတ်နံ့သာတို့ဖြင့် ကိုယ်ကို လိမ်းကျံစေ၍။ ဒိဗ္ဗပုပ္ဖာနိ ပိဠန္ဓာပေတွာ၊ နတ်ပနးတို့ကို ပန်ဆင်စေ၍။ တတော အဝိဒူရေ၊ ထိုပန်ဆင်ရာအရပ်မှ မနီးမဝေး၌။ ဧကော ရဇတပဗ္ဗတော အတ္ထိ၊ တစ်လုံးသော ငွေတောင်သည် ရှိ၏။ တဿ အန္တော ကနကဝိမာနံ အတ္ထိ၊ ထိုငွေတောင်၏ အတွင်း၌ ရွှေဗိမာန်သည် ရှိ၏။ တတ္ထ ပါစီနသီသကံ ဒိဗ္ဗသယနံ၊ ထို‌ရွှေဗိမာန်၌ အရှေ့ခေါင်းထားသော နတ်အိပ်ရာခုတင်ကို။ ပညာပေတွာ နိပဇ္ဇာပေသုံ၊ ခင်းထားစေ၍ အိပ်စေကုန်ပြီ။
အထ ဗောဓိသတ္တော၊ ထိုအိပ်စေရာ အခါ၌ ဘုရားလောင်းသည်။ သေတဝရဝါရဏော ဟုတွာ၊ ဆင်ဖြူမြတ်သည် ဖြစ်၍။ တတော အဝိဒူရေ၊ ထိုငွေတောင်မှ မနီးမဝေး၌။ ဧကော သုဝဏ္ဏပဗ္ဗတော အတ္ထိ၊ တစ်လုံးသော ရွှေတောင်သည် ရှိ၏။ တတ္ထ ဝိစရိတွာ၊ ထိုရွှေတောင်၌ လှည့်လည် ကျက်စား၍။ တတော ဩရုယှ၊ ထိုရွှေတောင်ပေါ်မှ ဆင်းသက်၍။ ရဇတပဗ္ဗတံ အဘိရုဟိတွာ၊ ငွေတောင်ပေါ်သို့ တက်၍။ ဥတ္တရဒိသတော အာဂမ္မ၊ မြောက်အရပ်မှ လာ၍။ ရဇတဒါမဝဏ္ဏာယ သောဏ္ဍာယ၊ ငွေပန်းဆိုင်းအဆင်းရှိသော နှာမောင်းဖြင့်။ သေတပဒုမံ ဂဟေတွာ၊ ပဒုမ္မာကြာဖြူကို ယူ၍။ ကောဉ္စနာဒံ နဒိတွာ၊ ကြိုးကြာသံကို မြည်၍။ ကနကဝိမာနံ ပဝိသိတွာ၊ ရွှေဗိမာန်သို့ ဝင်၍။ မာတုသယနံ တိက္ခတ္တုံ၊ မယ်တော်၏အိပ်ရာကို သုံးကြိမ်။ ပဒက္ခိဏံ ကတွာ၊ လက်ယာရစ်လည်သည်ကို ပြု၍။ ဒက္ခိဏပဿံ ဖာလေတွာ၊ လက်ယာနံပါးကို ဖောက်ခွဲ၍။ ကုစ္ဆိံ ပဝိဋ္ဌသဒိသော အဟောသိ၊ ဝမ်းကြာတိုက်သို့ ဝင်သည်နှင့်တူသည် ဖြစ်ပြီ။ ဣတိ၊ ဤသို့ မြင်မက်ပြီ။
ဧဝံ ဥတ္တရာသာဠှနက္ခတ္တေန၊ ဤသို့ ဥတ္တရာသာဠ်နက္ခတ်ဖြင့်။ ပဋိသန္ဓိံ ဂဏှိ၊ ပဋိသန္ဓေကို ယူတော်မူပြီ။
ပုနဒိဝသေ ပဗုဒ္ဓါ၊ နောက်နေ့၌ နို့လတ်သော်။ ဒေဝီ တံ သုပိနံ၊ မဟာမာယာမိဖုယားကြီးသည် ထိုအိပ်မက်ကို။ ရညော အာရောစေသိ၊ သုဒ္ဓေါဒနမင်းကြီးအား လျှောက်ထားပြီ။
ရာဇာ စတုသဋ္ဌိမတ္တေ၊ သုဒ္ဓေါဒနမင်းကြီးသည် ခြောက်ကျိပ်လေးယောက်အတိုင်းအရှည်ရှိကုန်သော။ ဗြာဟ္မဏပါမောက္ခေ ပက္ကောသာပေတွာ၊ ပါမောက္ခဖြစ်ကုန်သော, ပုဏ္ဏားတို့ကို ခေါ်စေ၍။ ဂေါမယဟရိတူပလိတ္တာယ၊ နွားချေးအစိုဖြင့် လိမ်းကျံအပ်သော။ လာဇာဒီဟိ ကတမင်္ဂလသက္ကာရာယ ဘူမိယာ၊ ပေါက်ပေါက်စသည်တို့ဖြင့် မင်္ဂလာမှု, ကောင်းစွာ ပြုအပ်ပြီးသော မြေပေါ်၌။ မဟာရဟာနိ အာသနာနိ ပညာပေတွာ၊ မြင့်မြတ်သူတို့ အားသာထိုက်တန်ကုန်သော နေရာတို့ကို ခင်းထားစေ၍။ တတ္ထ နိသိန္နာနံ ဗြာဟ္မဏာနံ၊ ထိုမြင့်မြတ်သောနေရာတို့၌ ထိုင်နေကုန်သော ပုဏ္ဏားတို့ို့က်။ သပ္ပိမဓုသက္ခရာဘိသင်္ခတဿ ဝရပါယာသဿ၊ ထောပတ်,ပျား, သကာတို့ဖြင့် ကောင်းစွာပြုပြင်အပ်သော နို့ဃနာမြတ်ဖြင့်။ သုဝဏ္ဏရဇတပါတိယော ပူရေတွာ၊ ရွှေခွက်, ငွေခွက်တို့ကို ပြည့်စေ၍။ သုဝဏ္ဏရဇတပါတီဟိယေဝ ပဋိကုဇ္ဇိတွာ အဒါသိ၊ ရွှေခွက်ငွေခွက်တို့ဖြင့်သာ ဖုံးအုပ်၍ ပေးလှူပြီ။ အညေဟိ စ၊ အခြားလည်း ဖြစ်ကုန်သော။ အဟတဝတ္ထကပိလဂါဝိဒါနာဒီဟိ၊ အဝတ်သစ်ပေးလှူခြင်း, အကြောင်အကြား နွားမပေးလှူခြင်း စသည်တို့ဖြင့်။ တေ သန္တပ္ပေသိ၊ ထိုပါမောက္ခပုဏ္ဏားခြောက်ကျိပ်လေးယောက်တို့ကို တင်းတိမ်ရောင့်ရဲစေပြီ။
အထ သဗ္ဗကာမေဟိ၊ ထိုအခါ၌ လိုလားဖွယ်အားလုံးတို့ဖြင့်။ သန္တပ္ပိတာနံ နေသံ၊ တင်းတိမ်ရောင့်ရဲစေအပ်ပြီးကုန်သော ထိုပုဏ္ဏားခြောက်ကျိပ်လေးယောက်တို့အား။ သုပိနံ အာရောစာပေတွာ၊ အိပ်မက်ကို ပြောကြားစေ၍။ ကိံ ဘဝိဿတီတိ ပုစ္ဆိ၊ အဘယ်သို့ ဖြစ်မည်နည်းဟု မေးပြီ။
ဗြာဟ္မဏာ အာဟံသု၊ ပုဏ္ဏားတို့သည် ပြောကုန်ပြီ။ (ကိံ၊ ဘယ်သို့ ပြောကုန်ပြီနည်း)။ မာစိန္တယိ မဟာရာဇ၊ မစိုးရိမ်ပါလင့် မင်းကြီး။ တေ ဒေဝိယာ ကုစ္ဆိမှိ၊ သင်မင်းကြီး၏ မိဖုယားကြီးမဟာမာယာ၏ ဝမ်းကြာတိုက်၌။ ဂဗ္ဘော ပတိဋ္ဌိတော၊ ကိုယ်ဝန်သည် တည်ပြီ။ သော စ ခေါ ပုရိသဂဗ္ဘော၊ ထိုကိုယ်ဝန်သည်လည်း ယောကျ်ားလေးတည်း။ န ဣတ္ထိဂဗ္ဘော၊ မိန်းကလေးကိုယ်ဝန်မဟုတ်။ တေ ပုတ္တော ဘဝိဿတိ၊ သင်မင်းကြီးမှာ သားသည် ဖြစ်လတ္တံ့။
သော သစေ အဂါရံ အဇ္ဈာဝသိဿတိ၊ ထိုသားသည် အကယ်၍ အိမ်၌ နေအံ့။ စက္ကဝတ္တီ ရာဇာ ဘဝိဿတိ၊ စကြာဝတေးမင်းသည် ဖြစ်လတ္တံ့။
သစေ အဂါရာ နိက္ခမ္မ ပဗ္ဗဇိဿတိ၊ အကယ်၍ အိမ်မှ ထွက်၍ ရဟန်းပြုအံ့။ လောကေ ဝိဝဋ္ဋစ္ဆဒေါ၊ လောက၌ ကိလေသာအမိုးအကာ ဖွင့်ခွါပြီးသော။ ဗုဒ္ဓေါ ဘဝိဿတိ၊ ဘုရားစင်စစ်သည် ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့ ပြောကုန်ပြီ။
ဗောဓိသတ္တဿ ပန မာတုကုစ္ဆိမှိ၊ ဘုရားလောင်း၏ကား မယ်တော်ဝမ်း၌။ ပဋိသန္ဓိဂ္ဂဟဏက္ခဏေ ဧကပ္ပဟာရေနေဝ၊ ပဋိသန္ဓေယူရာခဏ၌ တစ်ဗဟိုရ်တည်းဖြင့်ပင်။ သကလဒသသဟဿီ လောကဓာတု၊ တစ်သောင်းလုံးဖြစ်သော လောကဓာတ်သည်။ သင်္ကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ၊ တက်၍ တက်၍ ကောင်းစွာ လှုပ်ပြီ, မြင့်လိုက် နိမ့်လိုက် ကောင်းစွာ အပြားအားဖြင့် လှုပ်ပြီ, အရပ်လေးမျက်နှာ ယိမ်းယိုင်ကာ လွန်စွာလှုပ်ပြီ။ (တစ်နည်း) အရှေ့အနောက် မြင့်လိုက် နိမ့်လိုက် လှုပ်ပြီ, တောင်မြောက် မြင့်လိုက် နိမ့်လိုက် လှုပ်ပြီ, အလယ်နှင့် နှုတ်ခမ်း မြင့်လိုက် နိမ့်လိုက်လှုပ်ပြီ။
ဗာတ္တိံသပုဗ္ဗနိမိတ္တာနိ ပါတုရဟေသုံ၊ ဘုရားဖြစ်မည့် ရှေ့ပြေးနိမိတ်သုံးဆယ့်နှစ်ပါးတို့သည် ထင်ရှားဖြစ်ကုန်ပြီ။ ဒသသု စက္ကဝါဠသဟဿေသု၊ စကြဝဠာ တစ်သောင်းတို့၌။ အပ္ပမာဏော ဩဘာသော ဖရိ၊ တိုင်းတာမရသော အရောင်အလင်းသည် ပြန့်နှံ့ပြီ။
တဿ တံ သိရိံ ဒဋ္ဌုကာမာ ဝိယ၊ တိုင်းတာမရသော ထိုအ‌ရောင်အလင်း၏ ထိုကျက်သရေကို ကြည့်ရှုလိုကုန်သကဲ့သို့။ အန္ဓာ စက္ခူနိ ပဋိလဘိံသု၊ ကန်းသူတို့သည် မြင်နိုင်သည့် မျက်စိတို့ကို ရကုန်ပြီ။ ဗဓိရာ သဒ္ဒံ သုဏိံသု၊ နားကန်းသူတို့သည် အသံကို ကြားရကုန်ပြီ။ မူဂါ သမာလပိံသု၊ ဖျင်းအ,သူတို့သည် ကောင်းစွာပြောတတ်ကုန်ပြီ။ ခုဇ္ဇာ ဥဇုဂတ္တာ အဟေသုံ၊ ခါးကုန်းသူတို့သည် ဖြောင့်မတ်သောကိုယ် ရှိကုန်သည် ဖြစ်ကုန်ပြီ။ ပင်္ဂုလာ ပဒသာ ဂမနံ ပဋိလဘိံသု၊ ဆွံ့သူတို့သည် ခြေဖြင့် သွားနိုင်ခြင်းကို ရကုန်ပြီ။ ဗန္ဓနဂတာ သဗ္ဗသတ္တာ၊ အနှောင်အဖွဲ့ခံရကုန်သော သတ္တဝါအားလုံးတို့သည်။ အန္ဒုဗန္ဓနာဒီဟိ မုစ္စိံသု၊ ထိပ်တုံးအနှောင်အဖွဲ့စသည်တို့မှ လွတ်ကုန်ပြီ။ သဗ္ဗနရကေသု အဂ္ဂိ နိဗ္ဗာယိ၊ ငရဲအားလုံးတို့၌ ငရဲမီးသည် ငြိမ်းအေးပြီ။ ပေတ္တိဝိသယေ ခုပ္ပိပါသာ ဝူပသမိ၊ ပြိတ္တာဘုံ၌ ဆာလောင်မွတ်သိပ်မှုသည် ငြိမ်းအေးကင်းပျောက်ပြီ။ တိရစ္ဆာနာနံ ဘယံ နာဟောသိ၊ တိရစ္ဆာန်တို့အား တစ်စုံတစ်ရာဘေးသည် မဖြစ်ပြီ။ သဗ္ဗသတ္တာနံ ရောဂေါ ဝူပသမိ၊ သတ္တဝါအားလုံးတို့မှာ ရောဂါသည် ကင်းပျောက်ပြီ။ သဗ္ဗသတ္တာ ပိယံဝဒါ အဟေသုံ၊ သတ္တဝါအားလုံးတို့သည် ချစ်ချစ်ခင်ခင် ပြောကြကုန်သည် ဖြစ်ကုန်ပြီ။ မဓုရေန အာကာရေန အဿာ ဟသိံသု၊ နှစ်သက်ဖွယ်သော အခြင်းအရာဖြင့် မြင်းတို့သည် ဟီကုန်ပြီ။ ဝါရဏာ ဂဇ္ဇိံသု၊ ဆင်တို့သည် နှစ်သက်ဖွယ်ရာ, အစ်ကုန်ပြီ။ သဗ္ဗတူရိယာနိ သကသကနိန္နာဒံ မုဉ္စိံသု၊ တူရိယာအားလုံးတို့သည် မိမိတို့ဥစ္စာ သာယာဖွယ်, မြည်ဟိန်းသံကို လွှတ်ကုန်ထွက်ကုန်ပြီ။ မနုဿာနံ ဟတ္ထူပဂါဒီနိ အာဘရဏာနိ၊ လူတို့၏ လက်ဝတိတန်ဆာ အစရှိကုန်သော အဆင်တန်ဆာတို့သည်။ အဃဋ္ဋိတာနိယေဝ ဝိရဝိံသု၊ မထိခိုက်အပ်ကုန်ဘဲသာ အလိုလိုမြည်ကုန်ပြီ။ သဗ္ဗဒိသာ ဝိပ္ပသန္နာ အဟေသုံ၊ အရပ်မျက်နှာအားလုံးတို့သည် အထူးကြည်လင်ကုန်သည် ဖြစ်ကုန်ပြီ။ သတ္တာနံ သုခံ ဥပ္ပါဒယမာနော၊ သတ္တဝါတို့၏ ချမ်းသာကို ဖြစ်စေလျက်။ မုဒုသီတလဝါတော ဝါယိ၊ ဖြည်းညှင်းအေးမြသောလေသည် သာသာယာယာ တိုက်ခတ်ပြီ။ အကာလမေဃော ဝဿိ၊ အခါမဲ့မိုးသည် ရွာပြီ။ ပထဝိတောပိ ဥဒကံ၊ မြေမှလည်း ရေသည်။ ဥဗ္ဘိဇ္ဇိတွာ ဝိဿန္ဒိ၊ ပေါ်ထွက်၍ စီးသွားပြီ။ ပက္ခိနော အာကာသဂမနံ ဝိဇဟိံသု၊ ငှက်တို့သည် ကောင်းကင်ပျံသွားမှုကို စွန့်ကုန်ပြီ (မပြုကုန်ပြီ)။ နဒိယော အသန္ဒမာနာ အဋ္ဌံသု၊ မြစ်‌ရေတို့သည် မစီးကုန်ဘဲ ရပ်တန့်တည်နေကုန်ပြီ။ မဟာသမုဒ္ဒေ ဥဒကံ၊ မဟာသမုဒ္ဒရာက ရေသည်။ မဓုရံ အဟောသိ၊ ချိုသည် ဖြစ်ပြီ။ သဗ္ဗတ္ထကမေဝ ပဉ္စဝဏ္ဏေဟိ ပဒုမေဟိ၊ ရေပြင်အားလုံး၌ပင် အဆင်းငါးမျိုးရှိကုန်သော ကြာတို့ဖြင့်။ သဉ္ဆန္နတလော အဟောသိ၊ ကောင်းစွာဖုံးအပ်သော, အပြင်သည် ဖြစ်ပြီ။ ထလဇဇလဇာဒီနိ သဗ္ဗပုပ္ဖာနိ ပုပ္ဖိံသု၊ ကုန်းပန်း, ရေပန်း စကုန်သော ပန်းအားလုံးတို့သည် ပွင့်ကုန်ပြီ။ ရုက္ခာနံ ခန္ဓေသု ခန္ဓပဒုမာနိ၊ သစ်ပင်တို့၏ ပင်စည်တို့၌ ပင်စည်ကြာပွင့်တို့သည်လည်းကောင်း။ သာခါသု သာခါပဒုမာနိ၊ အကိုင်းအခတ်တို့၌ အကိုင်းအခက် ကြာပွင့်တို့သည်လည်းကောင်း။ လတာသု လတာပဒုမာနိ ပုပ္ဖိံသု၊ အနွယ်တို့၌ အနွယ်ကြာပွင့်တို့သည်လည်းကောင်း ပွင့်ကုန်ပြီ။ ထလေ သိလာတလာနိ ဘိန္ဒိတွာ၊ ကုန်းပေါ်၌ ကျောက်ဖျာအပြင်တို့ကို ဖောက်ခွဲ၍။ ဥပရူပရိ သတ္တသတ္တ ဟုတွာ၊ အထက် အထက်၌ ခုနစ်ပွင့်, ခုနစ်ပွင့်တို့သည် ဖြစ်ကုန်ပြီ။ ဒဏ္ဍပဒုမာနိ နာမ နိက္ခမိံသု၊ ကြာပန်းတိုင်တို့ မည်သည်ပေါ်ထွက်ကုန်ပြီ။ အာကာသေ ဩလမ္ဗကပဒုမာနိ နာမ၊ ကောင်းကင်၌ တွဲရရွဲဆွဲသော ကြာပန်းတို့ မည်သည်။ နိဗ္ဗတ္တိံသု၊ ဖြစ်ကုန်ပြီ။ သမန္တတော ပုပ္ဖဝဿာ ဝဿိံသု၊ ထက်ဝန်းကျင်မှ ပန်းမိုးတို့သည် ရွာကုန်ပြီ။ အာကာသေ ဒိဗ္ဗတူရိယာနိ ဝဇ္ဇိံသု၊ ကောင်းကင်၌ နတ်တူရိယာသံတို့သည် မြည်ကုန်ပြီ။ သကလဒသသဟဿိလောကဓာတု၊ လောကဓာတ်တစ်သောင်းလုံးသည်။ ဝဋ္ဋေတွာ ဝိဿဋ္ဌမာလာဂုဠောဝိယ၊ လုံး၍ ဝိုင်း၍ ပစ်လွှတ်လိုက်သော ပန်းကုံးကဲ့သို့ လည်း‌ကောင်း။ အလင်္ကတပဋိယတ္တံ မာလာသနံ ဝိယ စ၊ တန်ဆာဆင်မှုနှင့် စပ်ယှဉ်သော ပန်းခင်းထားသော နေရာကဲ့သို့လည်းကောင်း။ ဧကမာလာမာလိနီ၊ ပန်းတစ်မျိုးတည်းသာ ရှိသည်။ ဝိပ္ဖုရန္တဝါဠဗီဇနီ၊ တလွှဲလွှဲ ခပ်နေသော သားမြီးယပ်ရှိသည်။ ပုပ္ဖဓူမဂန္ဓပရိဝါသိတာ၊ ပန်းအခိုးအထုံအနံ့တို့ဖြင့် ထက်ဝန်းကျင် ထုံလွှမ်းအပ်သည်။ ပရမသောဘဂ္ဂပ္ပတ္တာ အဟောသိ၊ အလွန် တင့်တယ်ခြင်း, အထွတ်အထိပ်သို့‌ ‌ရောက်သည်ဖြစ်ပြီ။
ဧဝံ ဂဟိတပဋိသန္ဓိကဿ ဗောဓိသတ္တဿ၊ ဤသို့ ယူအပ်ပြီးသော ပဋိသန္ဓေရှိသော ဘုရားလောင်းမှာ။ ပဋိသန္ဓိတော ပဋ္ဌာယ၊ ပဋိသန္ဓေနေသည်မှ စ၍။ ဗောဓိသတ္တဿ စေဝ ဗောဓိသတ္တမာတုယာ စ၊ ဘုရားလောင်း၏လည်းကောင်း ဘုရားလောင်းမယ်တော်၏လည်းကောင်း။ ဥပဒ္ဒဝနိဝါရဏတ္ထံ၊ ဘေးရန်ဥပဒ္ဒဝေါတားမြစ်ခြင်းငှာ။ စတ္တာရော ဒေဝပုတ္တာ၊ လေးယောက်ကုန်သော နတ်သားတို့သည်။ ခဂ္ဂဟတ္ထာ အာရက္ခံ ဂဏှိံသု၊ သန်လျက်လက်စွဲကုန်လျက် အစောင့်အရှောက်ကို ယူကုန်ပြီ။
ပန ပုရိသေသု၊ အထူးကား ယောကျ်ားတို့အပေါ်၌။ ဗောဓိသတ္တမာတု ရာဂစိတ္တံ နုပ္ပဇ္ဇိ၊ ဘုရားလောင်းမယ်တော်၏ ရာဂစိတ်သည် မဖြစ်ပြီ။ လာဘဂ္ဂယသဂ္ဂပ္ပတ္တာ စ အဟောသိ၊ လာဘ်လာဘအထွထ်အထိပ် ကျော်စောမှု အထွတ်အထိပ်သို့ ရောက်သည်လည်း ဖြစ်ပြီ။ သုခိနီ အကိလန္တကာယာ၊ စိတ်ချမ်းသာမှုရှိပြီ မပင်ပန်းသောကိုယ်ရှိပြီ။
အန္တောကုစ္ဆိဂတံ ဗောဓိသတ္တဉ္စ၊ ဝမ်းအတွင်း၌တည်ရှိနေသော ဘုရားလောင်းကိုလည်း။ ဝိပ္ပသန္နေ မဏိရတနေ၊ အထူးကြည်လင်သော ပတ္တမြားရတနာ၌။ အာဝုတပဏ္ဍုသုတ္တံ ဝိယ ပဿတိ၊ သီအပ်သည့် ဖျော့တော့သော ချည်ကြိုးကိုကဲ့သို့ မြင်ရ၏
ယသ္မာ စ ဗောဓိသတ္တေန ဝသိတကုစ္ဆိ နာမ၊ အကြင့်ကြောင့်လည်း ဘုရားဖြစ်မည့်ဘဝ ဘုရားလောင်းသည် ကိန်းအောင်းရာမယ်တော်ဝမ်းတိုက်မည်သည်။ စေတိယဂဗ္ဘသဒိသာ ဟောတိ၊ စေတီတော်တိုက်ခန်းနှင့်တူသည် ဖြစ်ပြီ။ အညေန သတ္တေန၊ အခြားသော သတ္တဝါသည်။ အာဝသိတုံ ဝါ ပရိဘုဉ္ဇိတုံ ဝါ န သက္ကာ၊ နေခြင်းငှာလည်းကောင်း, အသုံးပြုခြင်းငှာလည်းကောင်း မတတ်ကောင်း။ တသ္မာ ဗောဓိသတ္တမာတာ၊ ထိုသို့ အခြားသူနေဖို့, အသုံးပြုဖို့ မတတ်ကောင်းသောကြောင့် ဘုရားဖြစ်မည့်ဘဝ ဘုရားလောင်းမယ်တော်သည်။ ဗောဓိသတ္တေ သတ္တာဟဇာတေ၊ ပစ္ဆိမဘဝိကဘုရားလောင်းသည် မွေးဖွား၍ခုနစ်ရက်ရှိသော်။ ကာလံ ကတွာ၊ သေခြင်းကို ပြု၍။ တုသိတပုရေ နိဗ္ဗတ္တတိ၊ တုသိတာနတ်ပြည်၌ ဖြစ်၏။
စ အညာ ဣတ္ထိယော၊ သည်သာမကသေး အခြားကုန်သော အမျိုးသမီးတို့သည်။ ဒသမာသေ အပတွာပိ အတိက္ကမိတွာပိ၊ ဆယ်လတို့ကို မရောက်မပြည့်မူ၍သော်လည်းကောင်း, ကျော်လွန်၍သော်လည်းကောင်း။ နိသိန္နာပိ နိပန္နာပိ ဝိဇာယန္တိ ယထာ၊ ထိုင်လျက်သော်လည်းကောင်း, အိပ်လျက်သော်လည်းကောင်း မွေးဖွားသကဲ့သို့။ ဗောဓိသတ္တမာတာ ဧဝံ န၊ ပစ္ဆိမဘဝိကဘုရားလောင်း မယ်တော်သည်ကား ဤကဲ့သို့ မဟုတ်။
ပန သာ ဗောဓိသတ္တံ၊ အဟုတ်သော်ကား ထိုပစ္ဆိမဘဝိကဘုရားလောင်းမယ်တော်သည် ပစ္ဆိမဘဝိက ဘုရားလောင်းကို။ ဒသမာသေ ကုစ္ဆိနာ ပရိဟရိတွာ၊ ဆယ်လတို့ပတ်လုံး ဝမ်းဖြင့် လွယ်၍။ ဌိတာဝ ဝိဇာယ၊ ရပ်လျက်သာ ဖွားမြင်ပြီ။
အယံ ဗောဓိသတ္တမာတုဓမ္မတာ၊ ဤဝမ်းဖြင့် ဆယ်လလွယ်ခြင်း စသည်ကား ပစ္ဆိမဘဝိကဘုရားလောင်းမယ်တော်တို့ ဓမ္မတာတည်း။
မဟာမာယာ ဒေဝီပိ၊ မဟာမာယာမည်သော မိဖုယားကြီးသည်လည်း။ ပတ္တေန တေလံ ပရိဟရတိဝိယ၊ သပိတ်ဖြင့် ဆီကို ဆောင်ယူသကဲ့သို့။ ဒသမာသေ ကုစ္ဆိနာ၊ ဆယ်လတို့ပတ်လုံး ဝမ်းဖြင့်။ ဗောဓိသတ္တံ ပရိဟရိတွာ၊ ပစ္ဆိမဘဝိကဘုရားအလောင်းကို ရွက်ဆောင်၍။ ပရိပုဏ္ဏဂဗ္ဘာ ဉာတိဃရံ ဂန္တုကာမာ၊ ပြည့်သော ကိုယ်ဝန်ရှိလတ်သော် ဆွေမျိုးတို့အိမ်သို့ သွားလို၍။ ဒေဝ အဟံ၊ အရှင်မင်းကြီး ကျွန်တော်မသည်။ ကုလသန္တကံ ဒေဝဒဟနဂရံ၊ ဆွေမျိုးတို့ ဥစ္စာဖြစ်သော ဒေဝဒဟမြို့သို့။ ဂန္တုံ ဣစ္ဆာမိ ဣတိ၊ သွားခြင်းငှာ အလိုရှိပါ၏ဟု။ သုဒ္ဓေါဒနမဟာရာဇဿ အာရောစေသိ၊ သုဒ္ဓေါဒနမင်းကြီးအား သံတော်ဦးတင်ပြီ။
ရာဇာ သာဓူတိ သမ္ပဋိစ္ဆိတွာ၊ သုဒ္ဓေါဒနမင်းကြီးသည် ကောင်းပြီဟု ဝန်ခံ၍။ ကပိလဝတ္ထုတော ယာဝ ဒေဝဒဟနဂရာ၊ ကပိလဝတ်မြို့မှ ဒေဝဒဟမြို့တိုင်အောင်။ မဂ္ဂံ သမံ ကာရေတွာ၊ လမ်းကို ညီညာအောင် ပြုပြင်စေ၍။ ကဒလိပုဏ္ဏဃဋဓဇပဋာကာဒီဟိ၊ ငှက်ပျောပင်ရှင်, ရေပြည့်အိုး, တံခွန်, အလံစသည်တို့ဖြင့်။ အလင်္ကာရာပေတွာ၊ တန်ဆာဆင်စေ၍။ ဒေဝိ သုဝဏ္ဏသိဝိကာယ နိသီဒါပေတွာ၊ မဟာမာယာမိဖုယားကြီးကို ရွှေထမ်းစင်၌ နေစေ၍။ အမစ္စသဟဿေန ဥက္ခိပါပေတွာ၊ အမတ်တစ်ထောင်ကို ထမ်းစေ၍။ မဟန္တေန ပရိဝါရေန ပေသေသိ၊ များစွာသော အခြံအရံဖြင့် ပို့စေပြီ။
ဒွိန္နံ နဂရာနံ အန္တရေ ပန၊ ကပိလဝတ်, ဒေဝဒဟမြို့နှစ်မြို့တို့၏ အကြား၌ကား။ ဥဘယနဂရဝါသီနမ္ပိ၊ နှစ်မြို့သားလုံးတို့အတွက်လည်း။ လုမ္ဗိနီဝနံ နာမ၊ လုမ္ဗိနီဥယျာဉ်မည်သော။ မင်္ဂလသာလဝနံ အတ္ထိ၊ မင်္ဂလာရှိသော အင်ကြင်းတောဥယျာဉ်သည် ရှိ၏။ တသ္မိံ သမယေ၊ မဟာမာယာမိဖုယားကြီး ဒေဝဒဟမြို့ထွက်လာရာ ထိုကဆုန်လပြည့်အခါ၌။ မူလတော ပဋ္ဌာယ ယာဝ အဂ္ဂသာခါ၊ အကိုင်းရင်းမှ စ၍ အကိုင်းဖျားတီုင်အောင်။ သဗ္ဗံ ဧကပါလိဖုလ္လံ အဟောသိ၊ အင်ကြင်းပင်အလုံးစုံသည် ပင်လုံးကျွတ်ပွင့်သည် ဖြစ်ပြီ။ သာခန္တရေဟိ စေဝ ပုပ္ဖန္တရေဟိ စ၊ ကိုင်းကြားတို့မှလည်းကောင်း အပွင့်ကြားတို့မှ လည်းကောင်း။ ပဉ္စဝဏ္ဏာ ဘမရဂဏာ၊ အဆင်းငါးမျိုးရှိကုန်သော ပိတုံးအုပ်တို့သည်လည်းကောင်း။ နာနပ္ပကာရာ သကုဏသံဃာ စ၊ အမျိုးမျိုးအစားစားကုန်သော ငှက်အုပ်တို့သည်လည်းကောင်း။ မဓုရဿရေန ဝိကူဇန္တာ ဝိစရန္တိ၊ သာယာစွာသော အသံဖြင့် မြည်တွန်ကုန်လျက် လှည့်လည်ကုန်၏။
သကလံ လုမ္ဗိနီဝနံ စိတ္တလတာဝနသဒိသံ၊ အလုံးစုံသော လုမ္ဗိနီဥယျာဉ်သည် စိတ္တလတာဥယျာဉ်နှင့်တူ၏။ မဟာနုဘာဝဿ ရညော သုသဇ္ဇိတံ= တန်ခိုးကြီးသော မင်းသည် ကောင်းစွာစီရင်အပ်သော။ အာပါနမဏ္ဍလံ ဝိယ အဟောသိ၊ အရက်ဝိုင်းကဲ့သို့ ဖြစ်ပြီ။
တံ ဒိသွာ ဒေဝိယာ၊ ထိုသာယာဖွယ်ကို တွေ့မြင်ရ၍ မဟာမာယာ မိဖုယားကြီး၏။ သာလဝနကီဠံ ကီဠိတုကာမတာ စိတ္တံ ဥဒပါဒိ၊ အင်ကြင်းဥယျာဉ်ကစားခြင်းကို ကစားလိုသောစိတ်သည် ဖြစ်ပြီ။
အမစ္စာ ဒေဝိံ ဂဟေတွာ၊ အမတ်တို့သည် မဟာမာယာမိဖုယားကြီးကို ထမ်းယူ၍။ သာလဝနံ ပဝိသိံသု၊ လုမ္ဗိနီအင်ကြင်းဥယျာဉ်သို့ ဝင်ကုန်ပြီ။
သာ မင်္ဂလသာလမူလံ ဂန္တွာ၊ ထိုမဟာမာယာမိဖုယားကြီးသည် မင်္ဂလာအင်ကြင်းပင်အနီးသို့ သွား၍။ သာလသာခံ ဂဏှိတုကာမာ အဟောသိ၊ အင်ကြင်းကိုင်းကို ကိုင်လိုသည် ဖြစ်ပြီ။ သာလသာခါ သုသေဒိတဝေတ္တဂ္ဂံ ဝိယ၊ အင်ကြင်းကိုင်းသည် ကောင်းစွာ နွှေးအပ်သော, ကြိမ်နွယ်အဖျားကဲ့သို့။ ဩနမိတွာ၊ ညွတ်ကိုင်း၍။ ဒေဝိယာ ဟတ္ထပထံ ဥပဂဉ္ဆိ၊ မဟာမာယာမိဖုယားကြီး၏ လက်လှမ်းမီသို့ ကပ်ရောက်ပြီ။
သာ ဟတ္ထံ ပသာရေတွာ၊ ထိုမဟာမယာမိဖုယားကြီးသည် လက်ကို ဆန့်တန်း၍။ သာခံ အဂ္ဂဟေသိ၊ အင်ကြင်းကိုင်းကို ကိုင်လိုက်ပြီ။ စ၊ ဆက်ဦးအံ့။
တာဝဒေဝ အဿာ၊ ကိုင်လိုက်ရာ ထိုခဏ၌ပင် ထိုမဟာမာယာမိဖုယားကြီးမှာ။ ကမ္မဇဝါတာ စလိံသု၊ ကံကြောင့်ဖြစ်သော လေတို့သည် လှုပ်ရှားကုန်ပြီ။
အထ အဿာ၊ ကမ္မဇလေတို့,လှုပ်ရှားရာထိုအခါ၌ ထိုမဟာမာယာ မိဖုယားကြီးမို့။ သာဏိံ ပရိက္ခိပိတွာ၊ တင်းတိမ်ကို ကာရံ၍။ မဟာဇနော ပဋိက္ကမိ၊ လူအများသည် ဖယ်ရှားပြီ။
သာလသာခံ ဂဟေတွာ တိဋ္ဌမာနာယ ဧဝ၊ အင်ကြင်းကိုင်းကို ကိုင်၍ ရပ်လျက်သာလျှင်။ အဿာ ဂဗ္ဘဝုဋ္ဌာနံ အဟောသိ၊ ထိုမဟာမာယာမိဖုယားကြီး၏ ကိုယ်ဝန်မှ ထခြင်း, မီးဖွားခြင်းသည် ဖြစ်ပြီ။
တင်္ခဏံယေဝ သုဝဏ္ဏဇာလံ အာဒါယ၊ ထိုမီးဖွားရာ ခဏ၌ပင် ရွှေကွန်ရက်ကို ယူ၍။ သမ္ပတ္တာ ဝိသုဒ္ဓစိတ္တာ၊ ကောင်းစွာရောက်လာကုန်သော ကာမရာဂစိတ် စင်ကြယ်ကုန်သော။ စတ္တာရော မဟာဗြဟ္မာနော၊ လေးယောက်ကုန်သော သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည်။ တေန သုဝဏ္ဏဇာလေန၊ ထိုရွှေကွန်ရက်ဖြင့်။ ဗောဓိသတ္တံ သမ္ပဋိစ္ဆိတွာ၊ ပစ္ဆိမဘဝိကဘုရားလောင်းကို ခံယူ၍။ မာတု ပုရတော ဌပေတွာ၊ မယ်တော်မဟာမာယာမိဖုယားကြီး၏ ရှေ့၌ ထား၍။ အတ္တမနာ ဟောဟိ ဒေဝိ၊ ဝမ်းသာသည် ဖြစ်လော့ ရှင်မိဖုယား။ မဟေသက္ခော ပုတ္တော၊ ဘုန်းတော်ကြီးမားလှသော သားတော်သည်။ တေ ဥပ္ပန္နောတိ အာဟံသု၊ သင်မိဖုယားမှာ ဖွားတော်မူပြီဟု ပြောကုန်ပြီ။
ပန အညေ သတ္တာ၊ အထူးကား အခြားကုန်သော သတ္တဝါတို့သည်။ မာတုကုစ္ဆိတော နိက္ခမန္တာ၊ မိခင်ဝမ်းမှ ထွက်လာကုန်သော်။ ပဋိကူလေန အသုစိနာ၊ စက်ဆုပ်ဖွယ်သော မစင်ကြယ် ရွံစဖွယ်ဖြင့်။ မက္ခိတာ နိက္ခမန္တိ ယထာ၊ လိမ်းကျံအပ်ကုန်သည် ဖြစ်၍ ထွက်လာကုန်သကဲ့သို့။ ဗောဓိသတ္တော ဧဝံ န၊ ပစ္ဆိမဘဝိကဘုရားလောင်းကား ဤကဲ့သို့ မဟုတ်။
ပန သော ဓမ္မာသနတော၊ အဟုတ်သော်ကား ထိုပစ္ဆိမဘဝိကဘုရားလောင်းသည် တရားဟောပလ္လင်ပေါ်မှ။ ဩတရန္တော ဓမ္မကထိကော ဝိယ၊ ဆင်းလာသော, ဓမ္မကတိကရဟန်းတော်ကဲ့သို့လည်းကောင်း။ နိဿေဏိတော ဩတရန္တော ပုရိသော ဝိယ စ၊ ထန်းတက်လှေကားမှ ဆင်းလာသော ယောကျ်ားကဲ့သို့လည်းကောင်း။ ဒွေ ဟတ္ထေ စ ဒွေ ပါဒေ စ ပသာရေတွာ၊ လက်နှစ်ဖက်တို့ကိုလည်းကောင်း, ခြေနှစ်ဖက်တို့ကို လည်းကောင်း ဆန့်တန်း၍။ ဌိတကောဝ၊ ရပ်လျက်သာ။ မာတုကုစ္ဆိသမ္ဘဝေန ကေနစိ အသုစိနာ၊ မယ်တော်ဝမ်း၌ဖြစ်သော တစ်စုံတစ်ခုသော ရွံစဖွယ်ဖြင့်။ အမက္ခိတော သုဒ္ဓေါ ဝိသဒေါ၊ မလိမ်းကျံအပ်ဘဲ စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်း။ ကာသိကဝတ္ထေန၊ ကာသိတိုင်းဖြစ်အဝတ်ဖြင့်။ နိက္ခိတ္တမဏိရတနံ ဝိယ၊ ထုပ်ထားအပ်သော ပတ္တမြားရတနာကဲ့သို့။ ဇောတယန္တော၊ ဝင်းစက်ကြည်လင်စွာ။ မာတုကုစ္ဆိတော နိက္ခမိ၊ မယ်တော်ဝမ်းမှ ဖွားမြင်တော်မူပြီ။
ဧဝံ သန္တေပိ၊ ဤသို့ သန့်ရှင်းကြည်လင်စွာ ဖွားမြင်လာပါသော်လည်း။ ဗောဓိသတ္တဿ စ ဗောဓိသတ္တမာတုယာ စ၊ ဘုရားလောင်းအားလည်းကောင်း, ဘုရားလောင်းမယ်တော်အားလည်းကောင်း။ သက္ကာရတ္ထံ၊ ကောင်းစွာပြု ပူဇော်ခြင်းငှာ။ အာကာသတော၊ ကောင်းကင်မှ။ ဒွေ ဥဒကဓာရာ နိက္ခမိတွာ၊ အအေးအပူ, ရေအလျဉ်နှစ်ခုတို့သည် ထွက်လာကုန်၍။ ဗောဓိသတ္တဿ စ မာတုယာ စ၊ ဘုရားလောင်း၏လည်းကောင်း, မယ်တော်၏လည်းကောင်း။ သရီရေ ဥတုံ ဂါဟာပေသုံ၊ ခန္ဓာကိုယ်၌ အေးသင့်ရာအေး, နွေးသင့်ရာနွေး, အအေးအနွေးဥတုကို ယူစေကုန်, ဖြစ်စေကုန်ပြီ။
အထ နံ၊ ထိုအခါအခြားမဲ့၌ ထိုဘုရားလောင်းကို။ သုဝဏ္ဏဇာလေန ပဋိဂ္ဂဟေတွာ၊ ရွှေကွန်ရက်ဖြင့် ခံယူ၍။ ဌိတာနံ ဗြဟ္မာနံ ဟတ္ထတော၊ တည်ကုန်သော သုဒ္ဓါဝါသဗြဟ္မာကြီးတို့၏ လက်မှ။ စတ္တာရော မဟာရာဇာနော၊ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့သည်။ မင်္ဂလသမ္မတာယ သုခသမ္ဖဿာယ၊ မင်္ဂလာရှိ၏ဟု သမုတ်အပ်သော ကောင်းမွန်နူးညံ့သော အတွေ့အထိရှိသော။ အဇိနပ္ပဝေဏိယာ ဂဏှိံသု၊ သစ်နက်ရေဖြင့် ခံယူကုန်ပြီ။ တေသံ ဟတ္ထတော၊ ထိုစာတုမဟာရာဇ်နတ်မင်းကြီးတို့၏ လက်မှ။ မနုဿာ၊ လူတို့သည်။ ဒုကူလစုမ္ဗဋကေန ဂဏှိံသု၊ ခံယူကုန်ပြီး။
မနုဿာနံ ဟတ္ထတော မုစ္စိတွာ၊ လူတို့၏ လက်မှ လွတ်၍။ ပထဝိယံ ပတိဋ္ဌာယ၊ မြေပေါ်၌ ရပ်၍။ ပုရတ္ထိမဒိသံ ဩလောကေသိ၊ အရှေ့အရပ်မျက်နှာကို ကြည့်ပြီ။ အနေကာနိ စက္ကဝါဠသဟဿာနိ၊ များစွာကုန်သော စကြာဝဠာထောင်ပေါင်းတို့သည်။ ဧကင်္ဂဏာနိ အဟေသုံ၊ တစ်ပြင်တည်းတို့သည် ဖြစ်ကုန်ပြီ။
တတ္ထ ဒေဝမနုဿာ၊ ထိုအရှေ့အရပ်မျက်နှာက ဗြဟ္မာနတ်လူတို့သည်။ ဂန္ဓမာလာဒီဟိ ပူဇယမာနာ၊ ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ကုန်လျက်။ မဟာပုရိသ ဣဓ၊ အလောင်းတော်မြတ် ဤအရှေ့အရပ်မျက်နှာ၌။ တုမှေဟိ သဒိသော၊ သင်အလောင်းတော်မြတ်တို့နှင့် တူသော။ အညော နတ္ထိ၊ အခြားသူသည် မရှိပါ။ ဧတ္ထ ဥတ္တရိတရော၊ ဤအရှေ့မျက်နှာအရပ်၌ အလောင်းတော်မြတ်ထက် သာလွန်သူသည်။ ကုတောတိ အာဟံသု၊ အဘယ်မှာ ရှိပါအံ့နည်းဟု ပြောဆိုကုန်ပြီ။
ဧဝံ စတဿော ဒိသာ၊ ဤသို့ အရပ်လေးမျက်နှာတို့လည်းကောင်း။ စတဿော အနုဒိသာ၊ ထောင့်လေးမျက်နှာတို့လည်းကောင်း။ ဟေဋ္ဌာ ဥပရိ၊ အောက်အရပ်မျက်နှာလည်းကောင်း, အထက်အရပ်မျက်နှာလည်းကောင်း။ ဣတိ ဒသဒိသာ၊ ဤသို့ အရပ်ဆယ်မျက်နှာတို့ကို။ အနုဝိလောကေတွာ၊ အစဉ်အတိုင်း လှည့်လည်ကြည့်တော်မူ၍။ အတ္တနာ သဒိသံ၊ မိမိနှင့်တူသော။ ကဉ္စိ အဒိသွာ၊ တစ်စုံတစ်ယောက်ကို မတွေ့မြင်သည် ဖြစ်၍။ အယံ ဥတ္တရာဒိသာတိ၊ ဤအရပ်ကား မြောက်မျက်နှာအရပ်ဟု နှလုံးပြု၍။ မဟာဗြဟ္မုနာ သေတစ္ဆတ္တံ ဓာရိယမာနော၊ ဗြဟ္မာမင်းကြီးသည် ထီးဖြူကို ဆောင်းမိုးအပ်သည် ဖြစ်၍။ (ဗြဟ္မာမင်းကြီး၏ ထီးဖြူဆောင်းမိုးမှု ခံယူ၍)။ သုယာမေန ဝါဠဗီဇနိံ ဓာရိယမာနော၊ သုယာမနတ်မင်းသည် စမရီသားမြီးယပ်ကို တဖြတ်ဖြတ် ခပ်ဆောင်ယူအပ်သည် ဖြစ်၍ (သုယာမနတ်မင်း၏ စမရီသားမြီးယပ် တဖြတ်ဖြတ် ခတ်မှုကို ခံယူ၍)။ သေသရာဇကကုဓဘဏ္ဍဟတ္ထာဟိ၊ ကြွင်းကျန်သော မင်းမြှောက်တန်ဆာလက်စွဲကုန်သော။ အညာဟိ ဒေဝတာဟိ စ၊ အခြားကုန်သော နတ်ဗြဟ္မာတို့သည်လည်း။ အနုဂမ္မမာနော၊ အစဉ်လိုက်ပါ ပို့ဆောင်အပ်သည်ဖြစ်၍။ သတ္တပဒဝီတိဟာရေန အဂမာသိ၊ ခုနစ်ဖဝါးလှမ်းခြင်းဖြင့် သွားပြီ။
တတော သတ္တမပဒေ ဌိတော၊ ထို စ၍ လှမ်းရာ နေရာမှ ခုနစ်ဖဝါးမြောက်၌ ရပ်လျက်။ အဂ္ဂေါဟမသ္မိံ လောကဿာတိ အာဒိကံ၊ အဂ္ဂေါဟမသ္မိလောကသ ဤသို့အစရှိသော။ အာသဘိံ ဝါစံ နိစ္ဆာရေန္တော၊ ရဲတင်းသော စကားကို မြွက်ဆိုလျက်။ သီဟနာဒံ နဒိ၊ ခြင်္သေ့ဟောက်သကဲ့သို့သော စကားကို ဟိန်းဟောက်ပြောဆိုပြီ။
ဟိ၊ ချဲ့ဦးအံ့။ မဟောသဓတ္တဘာဝေ၊ မဟော်သဓာပညာရှိဘဝလည်းကောင်း။ ဝေဿန္တရတ္တဘာဝေ၊ ဝေဿန္တရာမင်းဘဝလည်းကောင်း။ ဣမသ္မိံ အတ္တဘာဝေ၊ ဤဘုရားဖြစ်တော်မူရာဘဝလည်းကောင်း။ ဣတိ တီသု အတ္တဘာဝေသု၊ ဤသို့ သုံးပါးကုန်သော ဘဝတို့၌။ ဗောဓိသတ္တော၊ ငါတို့ဘုရားလောင်းသည်။ မာတုကုစ္ဆိတော နိက္ခန္တမတ္တောဝ၊ မယ်တော်ဝမ်းမှ ဖွားမြင်ကာစမျှ ဖြစ်၍ပင်။ ဝါစံ နိစ္ဆာရေသိ၊ စကားကိုပြောပြီ။
မဟောသဓတ္တဘာဝေ၊ မဟောသဓာပညာရှိဘဝ၌။ မာတုကုစ္ဆိတော နိက္ခန္တမတ္တဿေဝ၊ မယ်တော်ဝမ်းမှ ဖွားမြင်ကာစမျှသာ ဖြစ်သော။ အဿ ဟတ္ထေ၊ ထိုဘုရားလောင်း၏ လက်၌။ ဒေဝရာဇာ သက္ကော အာဂန္တွာ၊ နတ်တို့ဘုရင်ဖြစ်သော သိကြားမင်းသည် လာ၍။ စန္ဒနသာရံ ဌပေတွာ ဂတော၊ စန္ဒကူးနှစ်ကို ထား၍ သွားပြီ။ သော တံ၊ ထိုဘုရားလောင်းမဟော်သဓာသည် ထိုစန္ဒကူးနှစ်ကို။ မုဋ္ဌိယံ ကတွာဝ နိက္ခန္တော၊ လက်သီးဆုပ်ထည်း၌ ဆုပ်မှုပြု၍သာ ဖွားလာပြီ။
အထ နံ မာတာ၊ ထိုအခါ၌ ထိုဘုရားလောင်းမဟော်သဓာကို မယ်တော် သုမနဒေဝီသည်။ တာတ ကိံ ဂဟေတွာ၊ ချစ်သား ဘာကို ယူ၍။ အာဂတော အသိ ဣတိ ပုစ္ဆိ၊ လာသည် ဖြစ်သနည်းဟု မေးပြီ။
ဩသဓံ အမ္မာဣတိ ဝဿဇ္ဇိ၊ ဆေးကို အမေဟု ဖြေပြီ။
ဣတိ ဩသဓံ ဂဟေတွာ အာဂတတ္တာ၊ ဤသို့ ဆေးကို ယူ၍ လာသည်၏ အဖြစ်ကြောင့်။ အဿ နာမံ၊ ထိုကဘေး၏ နာမည်ကို။ ဩသဓကုမာ‌ရောတွေဝ အကံသု ကိရ၊ သူငယ်ဩသဓဟူ၍သာ ပြုကြ မှည့်ကြကုန်ပြီတဲ့။
တံ ဩသဓံ ဂဟေတွာ၊ ထိုဆေးကိုယူ၍။ စာဋိယံ ပက္ခိပိံသု၊ အိုးစရည်း၌ ထည့်ကြကုန်ပြီ။ အာဂတာဂတာနံ အန္ဓဗဓိရာဒီနံ၊ လာတိုင်း လာတိုင်းကုန်သော ကန်းသူ,နားထိုင်းသူစသည်တို့၏။ တဒေဝ သဗ္ဗရောဂဝူပသမာယ၊ ထိုယူခဲ့သော စန္ဒကူးနှစ်သည်ပင် ရောဂါအားလုံးပျောက်ကင်းဖို့။ ဘေသဇ္ဇံ အဟောသိ၊ ဆေးသည် ဖြစ်ပြီ။
တတော၊ ထို့‌နောင်မှ။ ဣဒံ မဟန္တံ ဩသဓံ၊ ဤဆေးကား မြင့်မြတ်သော ဆေးတည်း။ ဣဒံ မဟန္တံ ဩသဓန္တိ၊ ဤ‌ ဆေးကား မြင့်မြတ်သော ဆေးတည်းဟု။ ဥပ္ပန္နဝစနံ ဥပါဒါယ၊ ဖြစ်ပေါ်လာသော စကားကို အစွဲပြု၍။ အဿ နာမံ၊ ထိုသူငယ်ဩသဓ၏ နာမည်သည်။ မဟောသဓောတွေဝဿ ဇာတံ ကိရ၊ မဟော်သဓာဟူ၍သာ ဖြစ်ပြန်ပြီတဲ့။
ဝေဿန္တရတ္တဘာဝေ ပန၊ ဝေဿန္တရာမင်းဘဝ၌ကား။ မာတုကုစ္ဆိတော နိက္ခန္တော၊ မယ်တော်ဝမ်းမှ ထွက်လာသော်။ ဒက္ခိဏဟတ္ထံ ပသာရေတွာ၊ ညာဖက်လက်ကို ဆန့်တန်း၍။ အမ္မ ဂေဟသ္မိံ၊ အမေ အိမ်၌။ ကိဉ္စိ အတ္ထိ နု ခေါ၊ တစ်စုံတစ်ခုသည် ရှိပါ၏လော။ ဒါနံ ဒဿာမီတိ၊ အလှူကို လှူအံ့ဟု။ ဝဒန္တော နိက္ခမိ၊ ပြောဆိုလျက် ဖွားလာပြီ။
အထ အဿ မာတာ၊ ထိုအခါ၌ ထိုတေဿန္တရာမင်း၏ မိခင် ဖုဿတီ မိဖုယားကြီးသည်။ တာတ သဓနေ ကုလေ၊ ချစ်သား ပစ္စည်းရှိသော အမျိုး၌။ နိဗ္ဗတ္တောသိ ဣတိ၊ ဖြစ်လာသည် ဖြစ်၏ဟု ပြော၍။ ပုတ္တဿ ဟတ္ထံ၊ သားတော် ဝေဿန္တရာ၏ ညာဖက်လက်ကို။ အတ္တနော ဟတ္ထတလေ ကတွာ၊ မိမိ၏ လက်ဝါးပြင်၌ ထားမှုပြု၍။ သဟဿတ္ထဝိကံ ဌပေသိ၊ ‌ငွေတစ်ထောင်အိပ်ကို ထားပြီ။
ဣမသ္မိံ အတ္တဘာဝေ ပန၊ ဤဘုရားဖြစ်မည့်ဘဝ၌ကား။ ဣမံ သီဟနာဒံ နဒီတိ၊ အဂ္ဂေါဟ မသ္မိ လောကဿ စသော ဤသီဟနာဒကို ဟိန်းဟောက် ပြောဆိုပြီဟု။ ဧဝံ ဗောဓိသတ္တော= ဤသို့ ငါတို့ဘုရားလောင်းသည်။ တီသု အတ္တဘာဝေသု၊ သုံးခုကုန်သော ဘဝတို့၌။ မာတုကုစ္ဆိတော နိက္ခန္တမတ္တောဝ၊ မယ်တော်ဝမ်းမှ ထွက်ခါစမျှဖြစ်၍သာ။ ဝါစံ နိစ္ဆာရေသိ၊ စကားကို ပြောပြီ။
ပဋိသန္ဓိဂ္ဂဟဏက္ခဏေ ယထာ စ၊ ပဋိသန္ဓေယူရာ ခဏ၌ကဲ့သို့ပင်။ အဿ ဇာတက္ခဏေပိ၊ ထီုငါတို့ဘုရားလောင်း၏ ဖွားတော်မူရာခဏ၌လည်း။ ဒွတ္တိံသ ပုဗ္ဗနိမိတ္တာနိ ပါတုရဟေသုံ၊ ရှေ့ပြေးနိမိတ်သုံးဆယ့်နှစ်ပါးတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်ပြီ။
ယသ္မိံ သမယေပန၊ အကြင်အခါ၌ကား။ အမှာကံ ဗောဓိသတ္တော၊ ငါတို့၏ ဂေါတမဘုရားလောင်းသည်။ လုမ္ဗိနီဝနေ ဇာတော၊ လုမ္ဗိနီအင်ကြင်းတော၌ ဖွားတော်မူပြီ။ တသ္မိံယေဝ သမယေ၊ ဘုရားလောင်း ဖွားတော်မူရာ ထိုအခါ၌ပင်။ ရာဟုလမာတာ ဒေဝီ၊ ရာဟုလာမယ်တော်ဖြစ်သော မိဖုယားသည်လည်းကောင်း။ အာနန္ဒတ္ထေရော ဆန္နော အမစ္စော၊ အာနန္ဒာမထေရ်သည်လည်းကောင်း, ဆန္နမည်သော အမတ်သည်လည်းကောင်း။ ကာဠုဒါယီ အမစ္စော၊ ကာဠုဒါယီအမတ်သည်လည်းကောင်း။ ကဏ္ဍကော အဿရာဇာ၊ ကဏ္ဍကမည်သော မြင်းမင်းသည်လည်းကောင်း။ မဟာဗောဓိရုက္ခော၊ မဟာဗောဓိပင်သည်လည်းကောင်း။ စတဿော နိဓိကုမ္ဘိယော၊ လေးလုံးကုန်သော ရွှေအိုးကြီးတို့သည်လည်းကောင်း။ ဇာတာ၊ ဖြစ်ကုန်ပေါ်ကုန်ပြီ။
တတ္ထ ဧကာ၊ ထိုရွှေအိုးကြီးလေးလုံးတို့တွင် တစ်လုံးသည်။ ဂါဝုတပ္ပမာဏာ၊ တစ်ဂါဝုတ်ပမာဏရှိသည် လည်းကောင်း။ ဧကာ၊ တစ်လုံးသည်။ အဍ္ဎယောဇနပ္ပမာဏာ၊ ယူဇနာဝက် ပမာဏရှိသည်လည်းကောင်း။ ဧကာ တိဂါဝုတပ္ပမာဏာ၊ တစ်လုံးသည် သုံးဂါဝုတ်ပမာဏရှိသည်လည်းကောင်း။ ဧကာ ယောဇနပ္ပမာဏာ၊ တစ်လုံးသည် တစ်ယူဇနာ ပမာဏရျိသည်လည်းကောင်း။ အဟောသိ ဣတိ၊ ဖြစ်ပြီဟု မှတ်။
ဣမေ သတ္တ၊ ယသော်ဓရာ အာနန္ဒာ ဆန္န ကာဠုဒါယီ ကဏ္ဍကမြင်း ဗောဓိပင် ရွှေအိုးကြီးလေးလုံး ဤခုနစ်မျိုးတို့သည်။ သဟဇာတာ နာမ၊ ဖွားဖက်တော်တို့မည်၏။
ဥဘယနဂရဝါသိနော၊ ကပိလဝတ် ဒေဝဒဟနှစ်မြို့နေကြသူတို့သည်။ ဗောဓိသတ္တံ ဂဟေတွာ၊ ဘုရားလောင်းကို ယူ၍။ ကပိလဝတ္ထုနဂရမေဝ အဂမံသု၊ ကပိလဝတ်မြို့သို့သာ သွားကြကုန်ပြီ။
စ တံ ဒိဝသံယေဝ၊ ဆက်ပြောအံ့ ထိုဘုရားလောင်း ဖွားရာနေ့၌ပင်။ "ကပိလဝတ္ထုနဂရေ သုဒ္ဓေါဒနမဟာရာဇဿ၊ ကပိလဝတ်မြို့၌ သုဒ္ဓေါဒနမင်းကြီးမှာ။ ပုတ္တော ဇာတော၊ သားတော်သည် ဖွားတော်မူလာပြီ။ အယံ ကုမာရော ဗောဓိတလေ နိသီဒိတွာ၊ ဤမင်းသားသည် ဗောဓိရင်ပြင်၌ နေ၍။ ဗုဒ္ဓေါ ဘဝိဿတီတိ၊ ဘုရားစင်စစ်သည် ဖြစ်လတ္တံ့"ဟု။ တာဝတိံသဘဝနေ ဟဋ္ဌတုဋ္ဌာ၊ တာဝတိံသာနတ်ပြည်၌ ရွှင်လန်းနှစ်သက်ကြကုန်သော။ ဒေဝသံဃာ၊ နတ်အပေါင်းတို့သည်။ စေလုက္ခေပါဒီနိ ပဝတ္တေန္တာ ကီဠိံသု၊ အဝတ်မြှောက်ခြင်း စသည်တို့ကို ဖြစ်စေကုန်လျက် ကစားကြကုန်ပြီ။
တသ္မိံ သမယေ၊ ထိုအခါ၌။ သုဒ္ဓေါဒနမဟာရာဇဿ ကုလူပကော၊ သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်ကြွရောက်တတ်သော။ အဋ္ဌသမာပတ္တိလာဘီ ကာဠဒေဝီလော နာမ တာပသော၊ သမာပတ်ရှစ်ပါးရသော ကာဠဒေဝီလမည်သော ရသေ့သည်။ ဘတ္တကိစ္စံ ကတွာ၊ ဆွမ်းကိစ္စကို ပြု၍။ ဒိဝါဝိဟာရတ္ထာယ တာဝတိံသဘဝနံ ဂန္တွာ၊ နေ့သန့်နေခြင်းအကျိုးငှာ တာဝတိံသာနတ်ပြည်သို့ ကြွ၍။ တတ္ထ ဒိဝါဝိဟာရံ နိသိန္နော၊ ထိုတာဝတိံသာနတ်ပြည်၌ နေ့သန့်နေခြင်းကို နေသော်။ တာ ဒေဝတာ ကီဠမာနာ ဒိသွာ၊ ထိုနတ်တို့ကို ကစားနေသည်တို့ကို မြင်၍။ တုမှေ ဧဝံ တုဋ္ဌမာနသာ၊ သင်တို့သည် ဤသို့ နှစ်သက်သော စိတ်ရှိကြကုန်သည် ဖြစ်၍။ ကိံ ကာရဏာ ကီဠထ၊ အဘယ့်ကြောင့် ကစားကြကုန်သနည်း။ ဧတံ ကာရဏံ မယှမ္ပိ၊ ဤနှစ်ခြိုက်စွာ ကစားခြင်းအကြောင်းကို ငါ့အားလည်း။ ကထေထာတိ ပုစ္ဆိ၊ ပြောကြကုန်လော့ဟု မေးပြီ။
ဒေဝတာ၊ နတ်တို့သည်။ မာရိသ၊ ကျွန်ုပ်တို့အလား ရှုစားအပ်သည့် ရှင်ရသေ့။ သုဒ္ဓေါဒနရညော ပုတ္တော ဇာတော၊ သုဒ္ဓေါဒနမင်းကြီးမှာ သားတော်သည် ဖွားမြင်ပြီ။ သော ဗောဓိတလေ နိသီဒိတွာ၊ ထိုမင်းသားသည် ဗောဓိအပြင်၌ ထိုင်နေ၍။ ဗုဒ္ဓေါ ဟုတွာ၊ ဘုရားစင်စစ်သည် ဖြစ်၍။ ဓမ္မစက္ကံ ပဝတ္တေဿတိ၊ ဓမ္မစကြာတရားတော်ကို ဟောလတ္တံ့။ တဿ အနန္တံ၊ ထိုဘုရားရှင်၏ အဆုံးအပိုင်းအခြားမရှိသော။ ဗုဒ္ဓလီဠံ ဒဋ္ဌုံ စ၊ ဘုရားတို့တင့်တယ်စံပယ်ခြင်းကို ဖူးမြင်ခြင်းငှာလည်းကောင်း။ ဓမ္မံ သောတုံ စ၊ တရားတော်ကို နာကြားခြင်းငှာလည်းကောင်း။ လစ္ဆာမာတိ ဣမိနာ ကာရဏေန၊ ရကုန်လိမ့်မည်ဟူသော ဤအကြောင်းကြောင့်။ တုဋ္ဌာ အမှာတိ အာဟံသု၊ နှစ်ခြိုက်ကုန်သည် ဖြစ်ကုန်ပြီဟု ပြောကုန်ပြီ။
တာပသော တာသံ ဝစနံ သုတွာ၊ ကာဠဒေဝီလရသေ့သည် ထိုနတ်တို့၏ စကားကို ကြားရ၍။ ခိပ္ပံ ဒေဝလောကတော ဩရုယှ၊ လျှင်မြန်စွာ နတ်ပြည်မှ ဆင်းခဲ့၍။ ရာဇနိဝေသနံ ပဝိသိတွာ၊ သုဒ္ဓေါဒနမင်း နန်းတော်သို့ ဝင်၍။ ပညတ္တာသနေ နိသိန္နော၊ ခင်းထားအပ်သော နေရာ၌ထိုင်လျက်။ မဟာရာဇ တေ၊ မင်းမြတ် သင့်မှာ။ ပုတ္တော ဇာတော ကိရ၊ သားတော်သည် ဖွားမြင်ပြီတဲ့ဟု ကြားခဲ့ရပြီ။ နံ ပဿိဿာမိ ဣတိ အာဟ၊ ထိုသားတော်ကို ကြည့်မည် ဤသို့ ပြောပြီ။
ရာဇာ၊ သုဒ္ဓေါဒနမင်းကြီးသည်။ အလင်္ကတပဋိယတ္တံ ကုမာရံ အာဟရာပေတွာ၊ တန်ဆာဆင်မှုနှင့် စပ်ယှဉ်သောမင်းသားကို ဆောင်ယူစေ၍။ တာပသံ ဝန္ဒာပေတုံ၊ ကာဠဒေဝီလရသေ့ကို ရှိခိုးစေခြင်းငှာ။ အဘိဟရိ၊ ရှေးရှုဆောင်ယူပြီ။ ဗောဓိသတ္တဿ ပါဒါ ပရိဝတ္တိတွာ၊ ဘုရားလောင်း၏ ခြေတော်တို့သည် လည်၍။ တာပသဿ ဇဋာသု ပတိဋ္ဌဟိံသု၊ ကာဠဒေဝီလရသေ့၏ ဆံကျစ်တို့၌ တည်ကုန်ပြီ။
ဟိ၊ မှန်၏။ ဗောဓိသတ္တဿ တေန အတ္တဘာဝေန၊ ဘုရားလောင်း၏ ထိုခန္ဓာကိုယ်ဖြင့်။ ဗောဓိသတ္တဿ ဝန္ဒိတဗ္ဗယုတ္တကော၊ ဘုရားလောင်း၏ ရှိခိုးထိုက်မှုအား သင့်လျော်သော။ အညော နာမ နတ္ထိ၊ အခြားပုဂ္ဂိုလ်မည်သည် မရှိတော့။
ဟိ၊ မှန်၏။ ဗောဓိသတ္တဿ သီသံ၊ ဘုရားလောင်း၏ ဦးခေါင်းကို။ တာပသဿ ပါဒမူလေ၊ ကာဠဒေဝီလရသေ့၏ ခြေရင်း၌။ အဇာနန္တာ သစေ ဌပေယျုံ၊ မသိသူတို့သည် အကယ်၍ ထားကုန်အံ့။ တဿ မုဒ္ဓါ၊ ထိုကာဠဒေဝီလရသေ့၏ ဦးခေါင်းသည်။ သတ္တဓာ ဖလေယျ၊ ခုနစ်စိတ်အားဖြင့် ကွဲလေရာ၏။
တာပသော၊ ကာဠဒေဝီလရသေ့သည်။ အတ္တာနံ နာသေတုံ၊ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းငှာ။ မေ န ယုတ္တန္တိ၊ ငါသည် မသင့်ဟု တွေး၍။ အာသနာ ဥဋ္ဌာယ၊ နေရာမှ ထ၍။ ဗောဓိသတ္တဿ အဉ္ဇလိံ ပဂ္ဂဟေသိ၊ ဘုရားလောင်းအား လက်အုပ်ကို ချီပြီ။
ရာဇာ တံ အစ္ဆရိယံ ဒိသွာ၊ သုဒ္ဓေါဒနမင်းကြီးသည် ထိုအံ့ဖွယ်ကို တွေ့မြင်ရ၍။ အတ္တနော ပုတ္တံ ဝန္ဒိ၊ မိမိ၏ သားတော်ကို ရှိခိုးပြီ။
တာပသော၊ ကာဠဒေဝီလရသေ့သည်။ အတီတေ စတ္တာလီသကပ္ပေ၊ အတိတ်၌ ကမ္ဘာလေးဆယ်တို့လည်းကောင်း။ အနာဂတေ စတ္တာလီသကပ္ပေ၊ အနာဂတ်၌ ကမ္ဘာလေးဆယ်တို့လည်းကောင်း။ ဣတိ အသီတိကပ္ပေ အနုဿရတိ၊ ဤသို့ ကမ္ဘာရှစ်ဆယ်တို့ကို အစဉ်အောက်မေ့နိုင်၏။
ဗောဓိသတ္တဿ လက္ခဏသမ္ပတ္တိံ ဒိသွာ၊ ဘုရားလောင်း၏ ယောကျ်ားမြတ်တို့ လက္ခဏာနှင့် ပြည့်စုံမှုကို မြင်၍။ ဗုဒ္ဓေါ ဘဝိဿတိ နု ခေါ၊ ဘုရားစင်စစ်သည် ဖြစ်လိမ့်မည်လော။ ဥဒါဟု နောတိ၊ သို့မဟုတ် မဖြစ်လိမ့်မည်လောဟု။ အာဝဇ္ဇေတွာ ဥပဓာရေန္တော၊ စဉ်းစားပြီး၍ ဆင်ခြင်လတ်သော်။ ဗုဒ္ဓေါ နိဿံသယံ၊ ဘုရားစင်စစ်သည် သံသယမရှိ ဧကန်။ ဘဝိဿတီတိ ဉ တွာ၊ ဖြစ်လတ္တံ့ဟု သိ၍။ အယံ အစ္ဆရိယပုရိသောတိ၊ ဤမင်းသားကား အံ့ဖွယ်ယောကျ်ားပေတကားဟု တွေး၍။ သိတံ အကာသိ၊ ပြုံးမှုကို ပြုပြီ။
တတော၊ ထို့နောင်မှ။ အဟံ ဣမံ၊ ငါကာဠဒေဝီလရသေ့သည် ဤမင်းသားငယ်ကို။ ဗုဒ္ဓဘူတံ ဒဋ္ဌုံ လဘိဿာမိ နု ခေါ၊ ဘုရားစင်စစ်ဖြစ်သည်ကို ဖူးမြင်ခြင်းငှာ ရအံ့လော။ နောတိ ဥပဓာရေန္တော၊ မရအံံ့လောဟု ဆင်ခြင်လတ်သော်။ န လဘိဿာမိ၊ ဖူးမြင်ဖို့ မရလတ္တံ့။ အန္တရာယေဝ၊ ဘုရားမပွင့်မီကြား၌ပင်။ ကာလံ ကတွာ၊ သေမှုကို ပြု၍။ ဗုဒ္ဓသတေနပိ ဗုဒ္ဓသဟဿေနပိ ဂန္တွာ၊ ဘုရားရာပေါင်းများစွာသည်လည်းကောင်း, ဘုရားထောင်ပေါင်းများစွာသည် လည်းကောင်း ကြွ‌ရောက်၍။ ဗောဓေတုံ အသက္ကုဏေယျေ၊ သစ္စာလေးပါးသိစေခြင်းငှာ မစွမ်းနိုင်သော။ အရူပဘဝေ နိဗ္ဗတ္တိဿာမီတိ ဒိသွာ၊ အရူပဘုံ၌ ဖြစ်လိမ့်မည်ဟု သိမြင်၍။ ဧဝရူပံ နာမ အစ္ဆရိယပုရိသံ၊ ဤသို့ ငယ်စဉ်ကပင် ငါ့ဆံကျစ်တို့၌, ခြေထောက်တင်ထားသော, သဘောရှိသည်မည်သော အံ့ဖွယ်ယောကျ်ားကို။ ဗုဒ္ဓဘူတံ ဒဋ္ဌုံ န လဘိဿာမိ၊ ဘုရားစင်စစ်ဖြစ်သည်ကို ဖူးမြင်ခြင်းငှာ မရလတ္တံ့။ မေ မဟတီ ဇာနိ၊ ငါ၏ ကြီးစွာသော ဆုံးရှုံးမှုသည်။ ဘဝိဿတိ ဝတာတိ ပရောဒိ၊ ဖြစ်လိမ့်မည်တကားဟု တွေး၍ ပြင်းစွာငိုပြီ။
မနုဿာ ဒိသွာ၊ လူတို့သည် မြင်၍။ "အမှာကံ အယျော၊ ငါတို့၏ အရှင်ရသေ့သည်။ ဣဒါနေဝ ဟသိတွာ၊ ယခုပင် ပြုံးရယ်၍။ ပုန ပရောဒိ၊ တစ်ဖန် ငိုပြီ။
ကိံ နု ခေါ ဘန္တေ၊ ဘယ်လိုပါလဲ အရှင်ဘုရား။ အမှာကံ အယျပုတ္တဿ၊ တပည့်တော်တို့၏ အရှင်သခင်မင်းသားကလေး၏။ ကောစိ အန္တရာယော၊ တစ်စုံတစ်ရာသော အန္တရာယ်သည်။ ဘဝိဿတီတိ ပုစ္ဆိံသု၊ ဖြစ်လတ္တံ့လားဟု မေးလျှောက်ကြကုန်ပြီ။
ဧတဿ အန္တရာယော နတ္ထိ၊ သင်တို့သခင်, ဤမင်းသားကလေးမှာ အန္တရာယ်သည် မရှိပါ။ နိဿံသယေန ဗုဒ္ဓေါ ဘဝိဿတီတိ၊ သံသယမရှိ ဧကန် ဘုရားစင်စစ်သည် ဖြစ်လတ္တံ့ဟု ပြောပြီ။
အထ ကသ္မာ ပရောဒိတ္ထာတိ၊ ဒီလိုဆိုလျှင် ဘာ့ကြောင့် အရှင်ဘုရားတို့ ငိုကြပါသလဲဟု မေးလျှောက်ကုန်ပြီ။
ဧဝရူပံ ပုရိသံ ဗုဒ္ဓဘူတံ၊ ဤသို့ အံ့ဖွယ်သဘောရှိသော ယောကျ်ားကို ဘုရားစင်စစ်ဖြစ်သည်ကို။ ဒဋ္ဌုံ န လဘိဿာမိ၊ ဖူးမြင်ခြင်းငှာ မရလတ္တံ့။ ဝတ မေ၊ စင်စစ် ငါ့မှာ။ မဟတီ ဇာနိ ဘဝိဿတီတိ၊ ကြီးစွာသော ဆုံးရှုံးမှုသည် ဖြစ်လတ္တံ့ဟု။ အတ္တာနံ အနုသောစန္တော၊ ကိုယ့်ကိုယ်ကို အဖန်ဖန်စိုးရိမ်လျက်။ ရောဒါမီတိ အာဟ၊ ငိုကြွေး၏ဟု ပြောပြီ။
တတော သော၊ ထို့နောင်မှ ထိုကာဠဒေဝီလရသေ့သည်။ မေ ဉာတကေသု ကောစိ၊ ငါ၏ ဆွေမျိုးတို့တွင် တစ်စုံတစ်ယောက်သည်။ ဧတံ ဗုဒ္ဓဘူတံ၊ ထိုမင်းသားငယ်ကို ဘုရားစင်စစ်ဖြစ်သည်ကို။ ဒဋ္ဌုံ လဘိဿတိ ကိံ နု ခေါ၊ ဖူးမြင်ခြင်းငှာ ရအံ့လော။ န လဘိဿတီတိ ဥပဓာရေန္တော၊ မရအံ့လောဟု စူးစမ်းဆင်ခြင်သော်။ အတ္တနော ဘာဂိနေယျံ၊ မိမိ၏ တူတော်ဖြစ်သော။ နာဠကဒါရကံ အဒ္ဒသ၊ နာဠကသူငယ်ကို မြင်ပြီ။
သော ဘဂိနိယာ ဂေဟံ ဂန္တွာ၊ ထိုကာဠဒေဝီလရသေ့သည် နှမ၏ အိမ်သို့ သွား၍။ တေ ပုတ္တော နာဠကော၊ သင်၏ သားဖြစ်သော နာဠကသည်။ ကဟံတိ ပုစ္ဆိ၊ ဘယ်မှာနည်းဟု မေးပြီ။
ဂေဟေ အတ္ထိ အယျာတိ၊ အိမ်၌ ရှိပါ၏ အရှင်ဘုရားဟု ‌လျှောက်ပြီ။
နံ ပက္ကောသာဟီတိ၊ ထိုနာဠကကို ခေါ်လိုက်ဟု ပြော၍။ ပက္ကောသာပေတွာ အတ္တနော သန္တိကံ၊ ခေါ်ခိုင်း၍ မိမိ၏အထံသို့။ အာဂတံ ကုမာရံ၊ လာသော နာဠကသူငယ်ကို။
တာတ သုဒ္ဓေါဒနမဟာရာဇဿ ကုလေ၊ အမောင်. . သုဒ္ဓေါဒနမင်းကြီး၏ အမျိုး၌။ ပုတ္တော ဇာတော၊ သားတော်သည် မွေးဖွားပြီ။ ဧသော ဗုဒ္ဓင်္ကုရော၊ ထိုမင်းသားသည် ဘုရားလောင်းတည်း။ ပဉ္စတိံသဝဿာနိ အတိက္ကမိတွာ၊ သုံးဆယ့်ငါးနှစ်တို့ကို ကျော်လွန်၍။ ဗုဒ္ဓေါ ဘဝိဿတိ၊ ဘုရားစင်စစ်သည် ဖြစ်လတ္တံ့။ တွံ ဧတံ ဒဋ္ဌုံ လဘိဿသိ၊ သင်နာဠကသည် ထိုဘုရားကို ဖူးမြင်ခြင်းငှာ ရလတ္တံ့။ အဇ္ဇေဝ ပဗ္ဗဇာဟီတိ၊ ယနေ့ပင် ရဟန်းပြုလော့ဟု ပြောပြီ။
သတ္တာသီတိကောဋိဓနေ ကုလေ၊ ရှစ်ဆယ့်ခုနစ်ကုဋေဥစ္စာရှိသော အမျိး၌။ နိဗ္ဗတ္တဒါရကောပိ၊ ဖြစ်သော သူငယ်ပင်ဖြစ်သော်လည်း။ "မံ မာတုလော အနတ္ထေ၊ ငါ့ကို ဦးရီးတော်သည် ကောင်းကျိုးမရှိသည်၌။ န နိယောဇေဿတီတိ စိန္တေတွာ၊ မတိုက်တွန်းလတ္တံ့ဟု ကြံ၍။ တာဝဒေဝ အန္တရာပဏတော၊ ထိုတိုက်တွန်းရာ ခဏ၌ပင် စျေးအတွင်းမှ။ ကာသာယာနိ စေဝ မတ္တိကာပတ္တဉ္စ အာဟရာပေတွာ၊ ဖန်ရေစွန်းသော အဝတ်တို့ကို လည်းကောင်း, မြေသပိတ်ကိုလည်းကောင်း ဆောင်ယူစေ၍။ ကေသမဿုံ ဩဟာရေတွာ၊ ဆံပင်မုတ်ဆိတ်ကျင်စွယ်ကို ဖယ်ရှားစေ၍ (ရိတ်၍)။ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ၊ ဖန်ရေစွန်းကုန်သော အဝတ်တို့ကို ဖုံးလွှမ်းဝတ်ရုံ၍။ ယော လောကေ ဥတ္တမပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သညိ လောက၌ အမြတ်ဆုံးပုဂ္ဂိုလ်တည်း။ တံ ဥဒ္ဒိဿ၊ လောက၌ အမြတ်ဆုံးထိုပုဂ္ဂိုလ်ကို ဆရာဟု, ရည်ရွယ်၍။ မယှံ ပဗ္ဗဇ္ဇာတိ၊ ငါ၏ ရဟန်းပြုခြင်းတည်းဟုဆို၍။ ဗောဓိသတ္တာဘိမုခံ အဉ္ဇလိံ ပဂ္ဂယှ၊ ဘုရားလောင်းသို့ ရှေးရှုလက်အုပ်ကို ချီမိုး၍။ ပဉ္စပတိဋ္ဌိတေန ဝန္ဒိတွာ၊ တည်ခြင်းငါးမျိုးဖြင့် ရှိခိုး၍။ ပတ္တံ ထဝိကာယ ပက္ခိပိတွာ၊ သပိတ်ကို အိတ်၌ ထည့်၍။ အံသကူဋေ လဂ္ဂေတွာ၊ ပခုံးစွန်း၌ ချိတ်၍။ ဟိမဝန္တံ ပဝိသိတွာ၊ ဟိမဝန္တာသို့ ဝင်၍။ သမဏဓမ္မံ အကာသိ၊ ရဟန်းတရားကို ပြုလုပ်အားထုတ်ပြီ။
သော ပရမာဘိသမ္ဗောဓိံ ပတ္တံ၊ ထိုရှင်နာဠကသည် အလွန်မြတ်သော, အရဟတ္တမဂ်ဉာဏ်သို့ ရောက်တော်မူသော။ တထာဂတံ ဥပသင်္ကမိတွာ၊ ဘုရားရှင်သို့ ချဉ်းကပ်၍။ နာဠကပဋိပဒံ ကထာပေတွာ၊ မောနေယျအကျင့်ကို ဟောတော်မူစေ၍။ ပုန ဟိမဝန္တံ ပဝိသိတွာ၊ တစ်ဖန် ဟိမဝန္တာသို့ ဝင်၍။ ဥက္ကဋ္ဌပဋိပဒံ ပဋိပန္နော၊ အမြင့်ဆုံးမောနေယျအကျင့်ကို ကျင့်သော်။ သတ္တေမာသေ ဧဝံ အာယုံ ပါလေတွာ၊ ခုနစ်လတို့ပတ်လုံးသော အသက်ကို စောင့်ရှောက်၍။ သုဝဏ္ဏပဗ္ဗတံ နိဿာယ၊ ‌ရွှေတောင်ကို မှီ၍။ ဌိတကောဝ အနုပါဒိသေသာယ၊ ရပ်လျက်သာ ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော။ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယိ၊ ငြိမ်းအေးခြင်းသဘောဖြင့် ပရိနိဗ္ဗာန်ပြုတော်မူပြီ။
ဗောဓိသတ္တမ္ပိ ခေါ ပဉ္စမေ ဒိဝသေ၊ ဘုရားလောင်းကိုလည်း ဖွားသည်ကစ ငါးရက်ရသော နေ့၌။ သီသံ နှာပေတွာ၊ ဦးခေါင်းကို ရေချိုးစေ၍။ နာမဂ္ဂဟဏံ ဂဏှိဿာမာတိ၊ မှည့်သင့်သော နာမည်ကို မှည့်ကုန်အံ့ဟု။ ရာဇဘဝနံ စတုဇ္ဇာတိကဂန္ဓေဟိ ဝိလိမ္ပိတွာ၊ မင်းနန်းတော်ကို ကုံကမံ, လေးညှင်း, တောင်ဇလပ်, လောဗန်း နံ့သာလေးမျိုးတို့ဖြင့် လိမ်းကျံ၍။ လာဇာပဉ္စမကာနိ ပုပ္ဖါနိ ဝိကိရိတွာ၊ မုလေးပန်း မုန်ညင်းပန်း, ဆန်ပန်း, မြေဇာပန်း, ပေါက်ပေါက်ပန်းလျှင် ငါးခုမြောက်ရှိကုန်သော ပန်းတို့ကို ကြဲဖြန့်၍။ အသမ္ဘိန္နပါယာသံ ပစာပေတွာ၊ ရေမရောသော နို့ဃနာကို ကျိုချက်စေ၍။ တိဏ္ဏံ ဝေဒါနံ ပါရင်္ဂတေ၊ ဝေဒသုံးကျမ်းတို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်ကုန်သော။ အဋ္ဌသတဗြာဟ္မဏေ နိမန္တေတွာ၊ တစ်ရာရှစ်ယောက်သော ပုဏ္ဏားတို့ကို ဖိတ်ကြား၍။ ရာဇဘဝနေ နိသီဒါပေတွာ၊ မင်းနန်းတော်၌ နေစေ၍။ သုဘောဇနံ ဘောဇေတွာ၊ ကောင်းသော ဘောဇဉ်ကို ကျွေးမွေး၍။ မဟာသက္ကာရံ ကတွာ၊ ကြီးစွာသော ပူဇော်မှုကို ပြု၍။ ကိံ နု ခေါ ဘဝိဿတီတိ၊ ဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု။ လက္ခဏာနိ ပရိဂ္ဂဟာပေသုံ၊ လက္ခဏာတို့ကို ဖတ်စေကုန်ပြီ။
တေသု၊ ထိုပုဏ္ဏား တစ်ရာ့ရှစ်ယောက်တို့တွင်။
ရာမော ဓဇော လက္ခဏော စာပိ မန္တီ၊ ရာမလည်းကောင်း, ဓဇလည်းကောင်း, လက္ခဏလည်းကောင်း, မန္တီလည်းကောင်း။ ကောဏ္ဍညော စ ဘောဇော သုယာမော သုဒတ္တော၊ ကောဏ္ဍညလည်းကောင်း, ဘောဇလည်းကောင်း, သုယာမလည်းကောင်း, သုဒတ္တလည်းကောင်း။
တဒါ၊ အလောင်းတော်၏ လက္ခဏာကို ဖတ်ရာ ထိုအခါ၌။ ဧတေ အဋ္ဌ ဗြာဟ္မဏာ၊ ဤပုဏ္ဏားရှစ်ယောက်တို့သည်။ ဆဠင်္ဂဝါဌ အဟေသုံ၊ ကပ္ပ, ‌ဗျာကရဏ, ဇောတိသတ္ထ, သိက္ခာ, နိရုတ္ထိ, ဆန္ဒောဝိစိတိ ဝေဒင်္ဂ (၆)ပါးကို တတ်သိကုန်သည် ဖြစ်ကုန်ပြီ။ မန္တံ ဝိယာကရိံသု၊ ဝေဒကျမ်းဂန် မန္တန်ကို ပြောဆိုကုန်ပြီ။ ဣတိ၊ ဤသို့။
ဣမေ အဋ္ဌေဝ ဗြာဟ္မဏာ၊ ဤပုဏ္ဏားရှစ်ယောက်တို့သည်သာ။ လက္ခဏပရိဂ္ဂါဟကာ အဟေသုံ၊ ဘုရားလောင်းလက္ခဏာ ဖတ်ကြကုန်သည် ဖြစ်ကုန်ပြီ။
ပဋိသန္ဓိဂ္ဂဟဏဒိဝသေ သုပိနေပိ၊ ဘုရားလောင်း ပဋိသန္ဓေနေရာနေ့၌ အိပ်မက်ကိုလည်း။ ဧတေဟေဝ ပရိဂ္ဂဟိတော၊ ဤပုဏ္ဏားရှစ်ယောက်တို့သည်သာ ဖတ်အပ်ပြီ။
တေသု သတ္တဇနာ၊ ထိုပုဏ္ဏားရှစ်ယောက်တို့တွင် ကောဏ္ဍညမှ တစ်ပါး ပုဏ္ဏားခုနစ်ယောက်တို့သည်။ ဒွေ အင်္ဂုလိယော ဥက္ခိပိတွာ၊ လက်ချောင်း နှစ်ချောင်းတို့ကို ထောင်၍။ ဣမေဟိ လက္ခဏေဟိ သမန္နာဂတော၊ ဤလက္ခဏာတို့နှင့် ပြည့်စုံသူသည်။ အဂါရံ အဇ္ဈာဝသမာနော၊ အိမ်၌ နေသော်။ စက္ကဝတ္တီ ရာဇာ ဟောတိ၊ စကြဝတေးမင်းသည် ဖြစ်၏။ ပဗ္ဗဇမာနော ဗုဒ္ဓေါ ဟောတိ၊ ရဟန်းပြုသော် ဘုရားစင်စစ်သည် ဖြစ်၏။ ဣတိ ဒွေဓာ ဗျာကရိံသု၊ ဤသို့ နှစ်မျိုးဟောကုန်ပြီ။ စက္ကဝတ္တိရညော၊ စကြဝတေးမင်း၏။ သဗ္ဗံ သိရိဝိဘဝံ၊ အလုံးစုံသော ကျက်သရေစည်းစိမ်ကို။ အာစိက္ခိံသု၊ ပြောကြကုန်ပြီ။
ပန တေသံ သဗ္ဗဒဟရော၊ တစ်မျိုးကား ထိုပုဏ္ဏား ရှစ်ယောက်တို့တွင် အကုန်လုံးအောက် အငယ်ဆုံးဖြစ်သော။ ဂေါတ္တတော ကောဏ္ဍညော နာမ မာဏဝေါ၊ အနွယ်အားဖြင့်ကောဏ္ဍညမည်သော ပုဏ္ဏားလုလင်သည်။ ဗောဓိသတ္တဿ ဝရလက္ခဏနိပ္ဖတ္တိံ ဩလောကေတွာ၊ ဘုရားလောင်း၏ လက္ခဏာမြတ်တို့ဖြင့် အထွတ်အထိပ် ပြီးစီးပြည့်စုံမှုကို ကြည့်၍။
အဂါရမဇ္ဈေ ဣမဿ ဌာနကာရဏံ နတ္ထိ၊ အိမ်၏ အလယ်၌ ဤမင်းသားငယ်၏ တည်နေကြောင်းသည် မရှိ။ ဧကန္တေနေ ဧ‌သော၊ ဧကန်အားဖြင့် ဤမင်းသားငယ်သည်။ ဝိဝဋ္ဋစ္ဆဒေါ ဗုဒ္ဓေါ ဘဝိဿတီတိ၊ ဝဋ်နှင့် ကိလေသာအမိုး ကင်းကွာတော်မူပြီးသော ဘုရားစင်စစ်သည် ဖြစ်လတ္တံ့ဟု။ ဧကမေဝ အင်္ဂုလိံ ဥက္ခိပိတွာ၊ တစ်ချောင်းသာဖြစ်သော လက်ချောင်းကို ထောင်၍။ ဧကန္တဗျာကရဏံ ဗျာကာသိ၊ တစ်ထစ်ချဟောပြောမှုကို ဟောပြောပြီ။
ဟိ အယံ၊ မှန်၏ ဤ ကောဏ္ဍညပုဏ္ဏားသည်။ ကတာဓိကာရော ပစ္ဆိမဘဝိကသတ္တော၊ ပြုအပ်ပြီးသော အဓိကရကုသိုလ်ရှိသည် ဖြစ်၍ ကျွတ်တမ်းဝင်မည့် နောက်ဆုံးဘဝရှိသူ ပုဂ္ဂိုလ်ဖြစ်၍။ ပညာယ အဘိဘဝိတွာ၊ ပညာဖြင့် လွှမ်းမိုး၍။ ဣမေဟိ လက္ခဏေဟိ သမန္နာဂတဿ၊ ဤလက္ခဏာတို့နှင့် ပြည့်စုံသော မင်းသားငယ်၏။ အဂါရမဇ္ဈေ ဌာနံ နာမ နတ္ထိ၊ အိမ်၏ အလယ်၌ တည်နေခြင်းမည်သည် မရှိ။ အသံသယံ ဗုဒ္ဓေါ ဘဝိဿတီတိ၊ သံသယမရှိ ဘုရားစင်စစ်သည် ဖြစ်လတ္တံ့ဟု။ ဧကမေဝ ဂတိံ အဒ္ဒသ၊ တစ်မျိုးတည်းသော ဖြစ်သော ဖြစ်ခြင်းကို မြင်ပြီ။ တသ္မာ ဧကံ အင်္ဂုလိံ ဥက္ခိပိတွာ၊ ထို့ကြောင့် တစ်ခုသော လက်ချောင်းကို ထောင်၍။ ဧဝံ ဗျာကာသိ၊ ဤသို့ တစ်ထစ်ချ ဟောပြီ။
အထ အဿ နာမံ ဂဏှန္တာ၊ ထိုလက္ခဏာ ဟောပြီးနောက်၌ ထိုမင်းသားငယ်၏ နာမည်ကို ယူကြမှည့်ကြသော်။ သဗ္ဗလောကဿ အတ္ထသိဒ္ဓိကရတ္တာ၊ သတ္တဝါအားလုံး၏ ကောင်းကျိုးပြီးမှု ပြုတတ်သည်၏ အဖြစ်ကြောင့်။ သိဒ္ဓတ္ထောတိ နာမ အကံသု၊ သိဒ္ဓတ္ထဟူသော နာမည်ကို ပြုကြမှည့်ကြကုန်ပြီ။
အထ တေ ဗြာဟ္မဏာ၊ ထိုနာမည်မှည့်ပြီးသည့် နောက်၌ ထိုလက္ခဏာဖတ်ပုဏ္ဏားတို့သည်။ အတ္တနော ဃရာနိ ဂန္တွာ၊ မိမိ၏ အိမ်တို့သို့ သွား၍။ တာတာ အမှေ မဟလ္လကာ၊ သားတို့ ငါတို့ကား ကြီးကုန်ပြီ။ သုဒ္ဓေါဒနမဟာရာဇဿ ပုတ္တံ၊ သု‌ဒ္ဓေါဒနမင်းကြီး၏ သားတော်ကို။ သဗ္ဗညုတံ ပတ္တံ၊ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူသည်ကို။ မယံ သမ္ဘဝေယျာမ ဝါ နော ဝါ၊ ငါတို့သည် မီချင်လည်း မီကြမည်, မမီချင်လည်း မမီကြရာ။ တသ္မိံ ကုမာရေ သဗ္ဗညုတံ ပတ္တေ၊ သုဒ္ဓေါဒနမင်းကြီး၏ ထိုသားတော်သည် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူသော်။ တဿ သာသနေ၊ ထိုဘုရားရှင်၏ သာသနာတော်၌။ တုမှေ ပဗ္ဗဇေယျာထာတိ၊ သင်တို့သည် ရဟန်းပြုကုန်လော့ဟု။ ပုတ္တေ အာမန္တယိံသု၊ သားတို့ကို ပြောဆိုမှာထားကုန်ပြီ။
သတ္တပိ တေ ဇနာ၊ ခုနစ်ယောက်လည်း ဖြစ်ကုန်သော ထိုပုဏ္ဏားတို့သည်။ ယာဝတာယုကံ ဌတွာ၊ အသက်ရှည်သမျှ ကာလပတ်လုံး တည်ကြကုန်၍။ ယထာကမ္မံ ဂတာ၊ ကံအားလျော်စွာ လားရောက်ကြကုန်ပြီ။ ကောဏ္ဍညမာဏဝေါဝ အရောဂေါ အဟောသိ၊ ကောဏ္ဍညလုလင်သည်သာ ရောဂါမထိ ကျန်ရှိသည် ဖြစ်ပြီ။
သော၊ ထိုကောဏ္ဍညလုလင်သည် ('သုတွာ= ကြား၍' ၌ "ထိုကောဏ္ဍညလုလင်သည် ကြား၍'ဟု ဆက်စပ်ပါ)။ မဟာသတ္တေ၊ ဘုရားလောင်းသည် (ဥပဂတေ= ကပ်ရောက်သော်၌ 'ဘုရားလောင်းသည် ကပ်ရောက်သော်'ဟု ဆက်စပ်ပါ)။ ဝုဍ္ဎိ အနွာယ၊ အရွယ်ကြီးမှုကို အစွဲပြု၍။ မဟာဘိနိက္ခမနံ အဘိနိက္ခမိတွာ၊ ကြီးကျယ်မြင့်မြတ်သောတောထွက်မှုကို ထွက်မှုပြု၍။ အနုက္ကမေန ဥရုဝေလံ ဂန္တွာ၊ အစဉ်အားဖြင့် ဥရုဝေလတောသို့ သွား၍။ အယံ ဘူမိဘာဂေါ ရမဏီယော ဝတ၊ ဤမြေအရပ်သည်ကား မွေ့လျော်ဖွယ်ရှိစွတကား။ ဣဒံ၊ ဤနေရာသည်။ ပဓာနတ္ထိကဿ ကုလပုတ္တဿ၊ ပဓာနဖြစ်သည့် ကမ္မဋ္ဌာန်းအလုပ်အားထုတ်လိုသော အမျိုးကောင်းသားအတွက်။ ပဓာနာယ အလံ ဝတ၊ ပဓာနအလုပ် အားထုတ်ခြင်းငှာ သင့်လျော်ပါပေစွ။ ဣတိ စိတ္တံ ဥပ္ပါဒေတွာ၊ ဤသို့ စိတ်ကို ဖြစ်စေ၍။ တတ္ထ ဝါသံ ဥပဂတေ၊ ထိုဥရုဝေလတော၌ နေခြင်းသို့ ကပ်ရောက်သော်။ မဟာပုရိသော ပဗ္ဗဇိတောတိ သုတွာ၊ ဘုရားလောင်းသည် ရဟန်းပြုပြီဟု ကြား၍။ တေသံ ဗြာဟ္မဏာနံ ပုတ္တေ ဥပသင်္ကမိတွာ၊ လက္ခဏာဖတ်ထိုပုဏ္ဏားခုနစ်ယောက်တို့၏ သားတို့သို့ ချဉ်းကပ်၍။ သိဒ္ဓတ္ထကုမာရော ပဗ္ဗဇိတော ကိရ၊ သိဒ္ဓတ္ထမင်းသားသည် ရဟန်းပြုပြီတဲ့။ သော နိဿံသယံ၊ ထိုသိဒ္ဓတ္ထမင်းသားသည် ဧကန်။ ဗုဒ္ဓေါ ဘဝိဿတိ၊ ဘုရားစင်စစ်သည် ဖြစ်လတ္တံ့။
တုမှာကံ ပိတရော၊ သင်တို့၏ ဖခင်တို့သည်။ အရောဂါ သစေ အဿု၊ ရောဂါမထိ ရှိကုန်သည် အကယ်၍ ဖြစ်ကုန်အံ့။ ဧဝံ အဇ္ဇ၊ ဤသို့ ရောဂါမထိ အသက်ထင်ရှားရှိကုန်သော် ယနေ့ပင်။ နိက္ခမိတွာ ပဗ္ဗဇေယျုံ၊ တောထွက်၍ ရဟန်းပြုကုန်ရာ၏။
သစေ တုမှေပိ ဣစ္ဆေယျာထ၊ အကယ်၍ သင်တို့သည်လည်း ရဟန်းပြုလိုကုန်အံ့။ ဧဝံ ဧထ၊ ဤသို့ ရဟန်းပြုလိုကုန်သော် လာကြလော့။ အဟံ တံ ပုရိသံ၊ ငါကောဏ္ဍညသည် ထိုယောကျ်ားမြတ်ကို။ အနုပဗ္ဗဇိဿာမီတိ၊ အတုလိုက်ရဟန်းပြုမည်ဟု။ ဧဝံ အာဟ၊ ဤသို့ ပြောပြီ။
တေ သဗ္ဗေ ဧကစ္ဆန္ဒာ၊ ထိုခုနစ်ယောက်လုံးသည် တူညီသော ဆန္ဒရှိကုန်သည်။ ဘဝိတုံ နာသက္ခိံသု၊ ဖြစ်ခြင်းငှာ မစွမ်းနိုင်ကုန်ပြီ။ တယော ဇနာ နပဗ္ဗဇိံသု၊ ပုဏ္ဏားသုံးယောက်တို့သည် ရဟန်းမပြုကုန်ပြီ။
ကောဏ္ဍညဗြာဟ္မဏံ ဇေဋ္ဌကံ ကတွာ၊ ကောဏ္ဍညပုဏ္ဏားကို အကြီးအမှူးကို ပြု၍။ ဣတရေ စတ္တာရော ပဗ္ဗဇိံသု၊ သည့်ပြင် ပုဏ္ဏားလေးယောက်တို့သည် ရဟန်းပြုကုန်ပြီ။
တေ ပဉ္စပိ ဇနာ၊ ထိုရဟန်းငါးပါးတို့သည်လည်း။ ပဉ္စဝဂ္ဂိယတ္ထေရာ နာမ ဇာတာ၊ ပဉ္စဝဂ္ဂီမထေရ်တို့မည်ကုန်သည် ဖြစ်ကုန်ပြီ။
တဒါ ပန ရာဇာ၊ ထိုအခါ၌ကား သုဒ္ဓေါဒနမင်းကြီးသည်။ ကိံ ဒိသွာ၊ အဘယ်ကို တွေ့မြင်၍။ မယှံ ပုတ္တော၊ ငါ၏ သားတော်သည်။ ပဗ္ဗဇိဿတီတိ ပုစ္ဆိ၊ ရဟန်းပြုမည်နည်းဟု မေးပြီ။
စတ္တာရိ ပုဗ္ဗနိမိတ္တာနီတိ၊ လေးပါးကုန်သော ရှေ့ပြေးနိမိတ်တို့ကိုဟု ဖြေပြီ။
ကတရဉ္စ ကတရဉ္စာတိ၊ ဘာကိုလည်းကောင်းနည်း ဘာကိုလည်းကောင်းနည်းဟု မေးပြီ။
ဇရာဇိဏ္ဏံ ဗျာဓိတံ ကာလကတံ ပဗ္ဗဇိတန္တိ၊ သူအိုကိုလည်းကောင်း, သူနာကိုလည်းကောင်း, သူသေကိုလည်းကောင်း ရဟန်းကိုလည်းကောင်းဟု ဖြေပြီ။
ရာဇာ၊ သု‌ဒ္ဓေါဒနမင်းကြီးသည်။ ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ မမ ပုတ္တဿ သန္တိကံ၊ ငါ၏ သား၏ အနီးသို့။ ဧဝရူပါနံ ဥပသင်္ကမိတုံ မာ အဒတ္ထ၊ ဤသို့ သဘောရှိကုန်သော သူအို စသူတို့အား ချဉ်းကပ်ခြင်းငှာ မပေးကုန်လင့်။ မယှံ ပုတ္တဿ ဗုဒ္ဓဘာဝေန၊ ငါ၏ သား၏ ဘုရားအဖြစ်ဖြင့်။ ကမ္မံ နတ္ထိ၊ ပြုဖွယ်ကိစ္စသည် မရှိ။ မမ ပုတ္တံ၊ ငါ၏ သားကို။ ဒွိသဟဿဒီပပရိဝါရာနံ စတုန္နံ မဟာဒီပါနံ၊ ကျွန်းငယ်နှစ်ထောင်အခြံအရံရှိကုန်သော လေးခုကုန်သော ကျွန်းကြီးတို့ကို။ ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေန္တံ၊ အစိုးရသူအဖြစ် အကြီးအကဲအဖြစ်ရှိသော မင်းအဖြစ်ကို ပြုနေသည်ကို။ ဆတ္တိံသယောဇနပရိမဏ္ဍလာယ ပရိသာယ ပရိဝုတံ၊ သုံးဆယ့်ခြောက်ယူဇနာ အဝန်းအဝိုင်းရှိသော ပရိသတ်သည် ခြံရံအပ်လျက်။ ဂဂနတလေ ဝိစရမာနံ၊ ကောင်းကင်ပြင်၌ လှည့်လည်သွားလာနေသည်ကို။ ပဿိတုကာမောတိ၊ မြင်လို၏ဟု ပြောပြီ။
ဧဝဉ္စ ပန ဝတွာ၊ ဤသို့သာလျှင် ပြောဆိုပြီး၍။ ကုမာရဿ စက္ခုပထေ၊ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ မျက်စိလမ်းကြောင်း (မျက်စိရှေ့)၌။ စတုပ္ပကာရာနံ ဣမေသံ နိမိတ္တာနံ၊ လေးမျိုးအပြားရှိကုန်သော ဤသူအို, သူနာ,သူသေ, ရဟန်း နိမိတ်တို့၏။ အာဂမနနိဝါရဏတ္ထံ စတူသု ဒိသာသု၊ ရောက်လာမှုကို တားမြစ်ခြင်းငှာ အရပ်လေးမျက်နှာတို့၌။ ဂါဝုတေ ဂါဝုတေ၊ တစ်ဂါဝုတ် တစ်ဂါဝုတ်တိုင်း၌။ အာရက္ခံ ဌပေသိ၊ အစောင့်အရှောက်ကို ထားပြီ။
တံ ဒိဝသံ ပန၊ လက္ခဏာဖတ်ရာ ကင်ပွန်းတပ်ရာ ထိုနေ့၌ကား။ မင်္ဂလဋ္ဌာနေ သန္နိပတိတေသု၊ မင်္ဂလာပြုရာဌာန၌ စုဝေးကြကုန်စေသာ။ အသီတိယာ ဉာတိကုလသဟဿေသု၊ ဆွေတော်မျိုးတော် ရှစ်သောင်းတို့တွင်။ ဧကေကော၊ တစ်ယောက် တစ်ယောက်သည်။
"အယံ၊ ဤသိဒ္ဓတ္ထမင်းသားသည်။ ဗုဒ္ဓေါ ဝါ ဟောတု၊ ဘုရားသော်လည်း ဖြစ်စေ။ ရာဇာ ဝါ ဟောတု၊ စကြာမင်းသော်လည်း ဖြစ်စေ။ မယံ ဧကမေကံ ပုတ္တံ ဒဿာမ၊ ငါတို့သည် တစ်ယောက် တစ်ယောက်သော သားကို ပေးကုန်အံ့။
သစေပိ ဗုဒ္ဓေါ ဘဝိဿတိ၊ အကယ်၍မူလည်း ဘုရားသည် ဖြစ်အံ့။ ဧဝံ၊ ဤကဲ့သို့ ဘုရားဖြစ်ခဲ့သော်။ ခတ္တိယသမဏေဟေဝ၊ မင်းမျိုးရဟန်းတို့သည်သာ။ ပုရက္ခတပရိဝါရိတော ဝိစရိဿတိ၊ ရှေ့သွားပြုအပ်, ခြံရံအပ်သည် ဖြစ်၍ သွားလာလှည့်လည်ရလတ္တံ့။
သစေပိ ရာဇာ ဘဝိဿတိ၊ အကယ်၍မူလည်း စကြာမင်းသည် ဖြစ်အံ့။ ဧဝံ၊ ဤသို့ စကြာမင်းဖြစ်ခဲ့သော်။ ခတ္တိယကုမာရေဟေဝ၊ မင်းမျိုးမင်းသားတို့သည်သာ။ ပုရက္ခတပရိဝါရိတော ဝိစရိဿတီတိ၊ ရှေ့သွားပြုအပ်, ခြံရံအပ်သည်ဖြစ်၍ သွားလာလှည့်လည်ရလတ္တံ့"ဟု ပြော၍။ ဧကေတံ ပုတ္တံ ပဋိဇာနိ၊ တစ်ယောက် တစ်ယောက်သော သားကို တာဝန်ခံပြီ။
ရာဇာပိ ဗောဓိသတ္တဿ၊ သုဒ္ဓေါဒနမင်းကြီးသည်လည်း ဘုရားလောင်းအား။ ဥတ္တမရူပသမ္ပန္နာ ဝိဂတသဗ္ဗဒေါသာ၊ မြတ်သောအဆင်းနှင့် ပြည့်စုံကုန်သော ဝလွန်းခြင်းစသည် အပြစ်အားလုံးကင်းကုန်သော။ ဓာတိယော ပစ္စုပဋ္ဌာပေသိ၊ အထိန်းတော်တို့ကို လုပ်ကျွေးပြုစုစေပြီ။
ဗောဓိသတ္တော အနန္တေန ပရိဝါရေန၊ ဘုရားလောင်းသည် များပြားလှစွာသော အခြံအရံဖြင့်။ မဟန္တေန သိရိသောဘဂ္ဂေန ဝဍ္ဎတိ၊ များမြတ်လှစွာသော, ကျက်သရေအစု, တင့်တယ်မှုအစုဖြင့် ကြီးထွား၏။
အထ ဧကဒိဝသံ၊ ထိုသို့ ကြီးထွားရာ၌ တစ်နေ့သ၌။ ရညော ဝပ္ပမင်္ဂလံ နာမ အဟောသိ၊ သုဒ္ဓေါဒနမင်းကြီး၏ လယ်ထွန်မင်္ဂလာမည်သည် ဖြစ်ပြီ။
တံ ဒိဝသံ သကလနဂရံ၊ လယ်ထွန်မင်္ဂလာပြုရာ ထိုနေ့၌ ကပိလဝတ်တစ်မြို့လုံးကို။ ဒေဝဝိမာနံ ဝိယ အလင်္ကရောန္တိ၊ နတ်ဗိမာန်ကဲ့သို့ တန်ဆာဆင်ကုန်၏။
သဗ္ဗေ ဒါသကမ္မကရာဒယော၊ အလုံးစုံကုန်သော ကျွန်, အလုပ်သမား စသည်တို့သည်။ အဟတဝတ္ထနိဝတ္ထာ ဂန္ဓမာလာဒိပဋိမဏ္ဍိတာ၊ အဝတ်သစ်ဝတ်ကုန်လျက်, နံ့သာပန်းစသည်ဖြင့် အလှဆင်ကုန်၍။ ရာဇကုလေ သန္နိပတန္တိ၊ မင်းနန်းတော်၌ ကောင်းစွာကျရောက် စုဝေးကုန်၏။
ရညော ကမ္မန္တေ၊ သုဒ္ဓေါဒနမင်းကြီး၏ လယ်ထွန်လုပ်ငန်း၌။ နင်္ဂလသဟဿံ ယောဇီယတိ၊ ထွန်တစ်ထောင်ကို ယှဉ်အပ်သုံးစွဲအပ်၏။
တသ္မိံ ပန ဒိဝသေ၊ လယ်ထွန်မင်္ဂလာပြုရာ ထိုနေ့၌ကား။ ဧကေနဦနအဋ္ဌသတနင်္ဂလာနိ၊ တစ်ရှဉ်းဖြင့် လျော့သော ထွန်ရှစ်ရာတို့ကို, ထွန်ခုနစ်ရာ ကိုးဆယ့်ကိုးရှဉ်းတို့ကို။ ဗလိဗဒ္ဒရသ္မိယောတ္တေဟိ သဒ္ဓိံ၊ ထွန်ရုန်းမည့် နွားလား ဖွဲ့ကြိုး, ထွန်ကိုင်ကြိုးနှင့် တကွ။ ရဇတပရိက္ခတာနိ ဟောန္တိ၊ ငွေကွပ်ထားအပ်ကုန်သည် ဖြစ်ကုန်၏။ ရညော အာလမ္ဗနနင်္ဂလံ ပန၊ သုဒ္ဓေါဒနမင်းကြီးသည် စီးနင်းမောင်းနှင်မည့် မင်္ဂလာထွန်တော်ကိုကား။ ရတ္တသုဝဏ္ဏပရိက္ခတံ ဟောတိ၊ ရွှေနီကွပ်ထားအပ်သည် ဖြစ်၏။
ဗလိဗဒ္ဒါနံ သိင်္ဂရသ္မိပတောဒါပိ၊ ထွန်ရုန်းနွားလားတို့၏ ဦးချို, ကြိုး, နှင်တံတို့ကိုလည်း။ သုဝဏ္ဏပရိက္ခတာဝ ဟောန္တိ၊ ရွှေကွပ်ထားအပ်ကုန်သည်သာလျှင် ဖြစ်ကုန်၏။
ရာဇာ မဟတာ ပရိဝါရေန နိက္ခန္တော၊ သုဒ္ဓေါဒနမင်းကြီးသည် များစွာသော အခြံအရံဖြင့် လယ်ထွန်မင်္ဂလာ ထွက်တော်မူသော်။ ပုတ္တံ ဂဟေတွာ အဂမာသိ၊ သားတော် ဘုရားလောင်းကို ယူဆောင်၍ သွားပြီ။
ကမ္မန္တဋ္ဌာနေ ဧကော ဇမ္ဗုရုက္ခော၊ လယ်ထွန်မင်္ဂလာ ကျင်းပရာဌာန၌ သပြေပင် တစ်ပင်သည်။ ဗဟလပလာသော သန္ဒစ္ဆာယော အဟောသိ၊ ထူထဲပြည့်သိပ်သည့် အရွက်ရှိသည် အေးမြသည့် အရိပ်ရှိသည် ဖြစ်ပြီ။
တဿ ဟေဋ္ဌာ၊ ထိုသပြေပင်၏ အောက်၌။ ကုမာရဿ သယနံ ပညပါပေတွာ၊ အလောင်းတော် မင်းသားငယ်အတွက် အိပ်ရာကို ခင်းထားစေပြီး၍။ ဥပရိ သုဝဏ္ဏတာရကခစိတံ ဝိတာနံ ဗန္ဓာပေတွာ၊ အပေါ်၌ (အပေါ်က) ရွှေကြယ်တို့ စီခြယ်အပ်သော မျက်နှာကြက်ကို ဖွဲ့ယှက်စေ၍။ သာဏိပါကာရေန ပရိက္ခိပါပေတွာ၊ တင်းတိမ်ကန့်လန့်ကာဖြင့် ထက်ဝန်းကျင် ကာရံစေ၍။ အာရက္ခံ ဌပါပေတွာ၊ အစောင့်အရှောက်ကို ထားစေ၍။ ရာဇာ သဗ္ဗာလင်္ကာရံ အလင်္ကရိတွာ၊ သုဒ္ဓေါဒနမင်းကြီးသည် အလုံးစုံသော အဆင်တန်ဆာကို ဆင်မြန်း၍။ အမစ္စဂဏပရိဝုတော နင်္ဂလကရဏဋ္ဌာနံ အဂမာသိ၊ အမတ်ပေါင်းခြံရံအပ်လျက် လယ်ထွန်မင်္ဂလာ ပြုရာဌာနသို့ သွားပြီ။
တတ္ထ ရာဇာ၊ ထိုလယ်ထွန်မင်္ဂလာပွဲ၌ သုဒ္ဓေါဒနမင်းကြီးသည်။ သုဝဏ္ဏနင်္ဂလံ ဂဏှာတိ၊ ရွှေကွပ်ထွန်ကို ယူ၏(စီးနင်း)၏။ အမစ္စာ ဧကေနဦနဋ္ဌသတရဇတနင်္ဂလာနိ ဂဏှန္တိ၊ အမတ် ၇၉၉-ယောက်တို့သည် ငွေကွပ်ထွန် ၇၉၉-စီးတို့ကို ယူကုန်(စီးနင်းကုန်)၏။ ကဿကာ သေသနင်္ဂလာနိ ဂဏှန္တိ၊ လယ်တော်သားတို့သည် ကျန်ထွန်ရိုးရိုးတို့ကို ယူကုန်(စီးနင်း)ကုန်၏။
တေ တာနိ ဂဟေတွာ၊ ထိုလယ်တော်သားတို့သည် ထိုနှစ်ရာ့တစ်ရှဉ်းတို့ကို ယူကုန်(စီးနင်းကုန်)၍။ ဣတော စိတော စ ကသန္တိ၊ ထိုမှ ဤမှလည်း လူးလာ တုံ့ခေါက်ထွန်ကြကုန်၏။
ရာဇာ ပန၊ သုဒ္ဓေါဒနမင်းကြီးသည်ကား။ ဩရတော ဝါ ပါရံ ဂစ္ဆတိ၊ လယ်တော်ဤဖက်မှလည်း လယ်တော်ဟိုဖက်သို့ ထွန်တော်စီးနင်းသွား၏။ ပါရတော ဝါ ဩရံ၊ လယ်တော်ဟိုဖက်မှလည်း လယ်တော်ဤဖက်သို့ ထွန်တော်စီးနင်းလာ၏။
ဧတသ္မိံ ဌာနေ မဟာသမ္ပတ္တိ အဟောသိ၊ ထိုလယ်ထွန်မင်္ဂလာပြုရာဌာန၌ ကြီးစွာသော ပြည့်စုံမှုသည် ဖြစ်ပြီ။
ဗောဓိသတ္တံ ပရိဝါရေတွာ၊ ဘုရားလောင်း၏ ခြံရံ၍။ နိသိန္နာဓာတိယော၊ နေကြကုန်သော အထိန်းတော်မတို့သည်။ ရညော သမ္ပတ္တိံ ပဿိဿာမာတိ၊ မင်းကြီး၏ ပြည့်စုံမှုကျက်သရေကို ကြည့်ကြမည်ဟု တွေး၍။ အန္တောသာဏိတော ဗဟိနိက္ခန္တာ၊ တင်းတိမ်တွင်းမှ ပြင်ဖက်သို့ ထွက်ကြကုန်ပြီ။
ဗောဓိသတ္တော ဣတော စိတော စ ဩလောကေန္တော၊ ဘုရားလောင်းသည် ထိုမှ ဤမှလည်း ကြည့်သော်။ ကဉ္စိ အဒိသွာ၊ တစ်စုံတစ်ယောက်ကိုမျှ မမြင်၍။ ဝေဂေန ဥဋ္ဌာယ၊ အဟုန်ဖြင့် ထ၍။ ပလ္လင်္ကံ အာဘုဇိတွာ၊ တင်ပလ္လင်ကို ခွေ၍။ အာနာပါနေ ပရိဂ္ဂဟေ၊ ဝင်သက်,ထွက်သက်တို့ကို စီးဖြန်းသိမ်းဆည်းတော်မူ၍။ ပဌမဇ္ဈာနံ နိဗ္ဗတ္တေသိ၊ ပဌမဈာန်ကို ဖြစ်စေပြီ(ရပြီ)။
ဓာတိယော၊ အထိန်းတော်မတို့သည်။ ခဇ္ဇဘောဇ္ဇန္တရေ ဝိစရမာနာ၊ ခဲဖွယ်စားဖွယ် အကြား၌ သွားလာလှည့်လည်ကြကုန်သော်။ ထောကံ စိရာယိံသု၊ အတန်ငယ် ကြာသွားကုန်ပြီ။
သေသရုက္ခာနံ ဆာယာ နိဝတ္တာ၊ ကြွင်းကျန်ကုန်သော အပင်တို့၏ အရိပ်သည် ပြောင်းရွှေ့ဆုတ်နစ်ပြီ။ တဿ ရုက္ခဿ ဆာယာ ပန၊ အလောင်းတော်ကို သိပ်ထားရာ ထိုသပြေပင်၏ အရိပ်သည်ကား။ ပရိမဏ္ဍလာ ဟုတွာ အဋ္ဌာသိ၊ မပြောင်းမရွှေ့ ဝန်းဝိုင်းသည် ဖြစ်၍ တည်ပြီ။
ဓာတိယော၊ အထိန်းတော်မတို့သည်။ အယျပုတ္တော ဧကတောတိ၊ အရှင့်သားတော်သည် တစ်ယောက်တည်းဟု သတိရ၍။ ဝေဂေန သာဏိံ ဥက္ခိပိတွာ၊ အဟုန်ဖြင့် တင်းတိမ်ကို မ၍။ အန္တော ပဝိသမာနာ၊ တင်းတိမ်အတွင်းသို့ ဝင်ကြကုန်သော်။ ဗောဓိသတ္တံ သယနေ၊ ဘုရားလောင်းကို အိပ်ရာပေါ်၌။ ပလ္လင်္ကေန နိသိန္နံ၊ တင်ပလ္လင်ခွေဖြင့် ထိုင်နေသည်ကိုလည်းကောင်း။ တဉ္စ ပါဋိဟာရိယံ ဒိသွာ ဂန္တွာ၊ သပြေပင်ရိပ် မပြောင်းရွှေ့သည် ထိုတန်ခိုးပြာဋိဟာကိုလည်းကောင်း တွေ့မြင်ရ၍ သုဒ္ဓေါဒနမင်းကြီးထံ သွားရောက်ကြ၍။
ဒေဝ ကုမာရော ဧဝံ နိသိန္နော၊ အရှင်မင်းကြီး. . . သားတော်မင်းသားငယ်သည် ဤသို့ တင်ပလ္လင်ခွေ အံ့ဩဖွယ် ထိုင်နေပါ၏။ အညေသံ ရုက္ခာနံ ဆာယာ နိဝတ္တာ၊ အခြားကုန်သော အပင်တို့၏ အရိပ်သည်ကား ဆုတ်နစ်ပြောင်းရွှေ့ပြီ။ ဇမ္ဗုရုက္ခဿ ဆာယာ ပန၊ အရှင့်သားတော် သိပ်ထားရာ သပြေပင်၏ အရိပ်သည်ကား။ ပရိမဏ္ဍလာ ဌိတာတိ၊ မပြောင်းမရွှေ့ ဝန်းဝန်းဝိုင်းဝိုင်းဖြစ်၍ တည်နေပါ၏ဟု။ ရညော အာရောစေသုံ၊ သုဒ္ဓေါဒနမင်းကြီးအား သံတော်ဦးတင်ကုန်ပြီ။
ရာဇာ ဝေဂေန ဂန္တွာ၊ သုဒ္ဓေါဒနမင်းကြီးသည် အဟုန်ဖြင့် လာ၍။ ပါဋိဟာရိယံ ဒိသွာ၊ တန်ခိုးပြာဋိဟာကို မြင်ရ၍။
တာတ ဣဒံ တေ ဒုတိယံ ဝန္ဒနန္တိ၊ ချစ်သားတော် ဤရှိခိုးခြင်းသည်ကား သင် ချစ်သားတော်အား ဒုတိယအကြိမ် ရှိခိုးခြင်းတည်းဟု ပြော၍။ ပုတ္တံ ဝန္ဒိ၊ သားတော်ဘုရားလောင်းကို ရှိခိုးပြီ။
အထ အနုက္ကမေန ဗောဓိသတ္တော၊ ထိုမှနောက်၌ အစဉ်အားဖြင့် ဘုရားလောင်းသည်။ သောဠသဝဿုဒ္ဒေသိကော ဇာတော၊ တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိသည် ဖြစ်ပြီ။
ရာဇာ ဗောဓိသတ္တဿ၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ဘုရားလောင်း သိဒ္ဓတ္ထမင်းသားအတွက်။ တိဏ္ဏံ ဥတူနံ အနုစ္ဆဝိကေ၊ ဥတုသုံးပါးတို့အား လျောက်ပတ်ကုန်သော။ နဝဘူမကံ ဧကံ၊ ကိုးထပ်ရှိသော ပြာသာဒ်တစ်ဆောင်လည်းကောင်း။ သတ္တဘူမကံ ဧကံ၊ ခုနစ်ထပ်ရှိသော ပြာသာဒ်တစ်ဆောင်လည်းကောင်း။ ပဉ္စဘူမကံ ဧကံ၊ ငါးထပ်ရှိသော ပြာသာဒ်တစ်ဆောင်လည်းကောင်း။ တယော ပါသာဒေ ကာရေသိ၊ ပြာသာဒ်သုံးဆောင်တို့ကို ဆောက်လုပ်စေပြီ။ စတ္တာလီသသဟဿာ နာဋကိတ္ထိယော စ ဥပဋ္ဌာပေသိ၊ လေးသောင်းကုန်သော ကချေသည်မတို့ကိုလည်း ပြုစုလုပ်ကျွေးစေပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည်။ အစ္ဆရာသင်္ဃပရိဝုတော ဒေဝေါဝိယ၊ နတ်သမီးအပေါင်းခြံရံအပ်သော နတ်သားသကဲ့သို့။ အလင်္ကတနာဋကပရိဝုတော၊ တန်ဆာဆင်အပ်သော ကချေသည်မတို့ ခြံရံအပ်လျက်။ နိပ္ပုရိသေဟိ တူရိယေဟိ၊ အမျိုးသားမပါ အမျိုးသမီးသာ ကိုင်စွဲကုန်သော တူရိယာတို့ဖြင့်။ ပရိစာရိယမာနော၊ ဖျော်ဖြေအပ်သည် ဖြစ်၍။ မဟာသမ္ပတ္တိံ အနုဘဝန္တော၊ ကြီးစွာသော စည်းစိမ်ကို ခံစားတော်မူ၍။ ဥတုဝါရေန၊ ဆောင်း မိုး နွေ အလှည့်အကြိမ်အားဖြင့်။ တေသု ပါသာဒေသု ဝိဟရတိ၊ ထိုကိုးထပ်, ခုနစ်ထပ်, ငါးထပ် ရှိသော ပြာသာဒ်တို့၌ နေ၏။
ရာဟုလမာတာ ဒေဝီ ပန၊ ရာဟုလာမယ်တော်ဖြစ်သော မိဖုယားသည်ကား။ အဿ အဂ္ဂမဟေသီ အဟောသိ၊ ထိုဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ မိဖုယားကြီးသည် ဖြစ်ပြီ။
ဧဝံ မဟာသမ္ပတ္တိံ၊ ဤသို့ ကြီးစွာသော စည်းစိမ်ကို။ တဿေ အနုဘဝန္တဿ၊ ထိုဘုရားလောင်းသိဒ္ဓတ္ထမင်းသားသည် ခံစားစဉ်။ ဉာတိသင်္ဃဿ အဗ္ဘန္တရေ၊ ‌ဆွေမျိုးအပေါင်း၏ အတွင်း၌။ ဧကဒိဝသံ၊ တစ်နေ့သ၌။
ဧဝံ မဟာသမ္ပတ္တိံ၊ ဤသို့ ကြီးစွာသော စည်းစိမ်ကို။ တဿေ အနုဘဝန္တဿ၊ ထိုဘုရားလောင်းသိဒ္ဓတ္ထမင်းသားသည် ခံစားစဉ်။ ဉာတိသင်္ဃဿ အဗ္ဘန္တရေ၊ ‌ဆွေမျိုးအပေါင်း၏ အတွင်း၌။ ဧကဒိဝသံ၊ တစ်နေ့သ၌။ သိဒ္ဓတ္ထော ကီဠာပသုတောဝ ဝိစရတိ၊ သိဒ္ဓတ္ထမင်းသားသည် ကစားမှုအားထုတ်၍သာ သွားလာလှည့်လည်‌နေနေ ကိဉ္စိ သိပ္ပံ န သိက္ခတိ၊ တစ်စုံတစ်ခုသော အတတ်ကို မသင်ယူ။ သင်္ဂါမေ ပစ္စုပဋ္ဌိတေ၊ စစ်ပွဲသည် တည်ရှိသော်။ ကိံ ကရိဿတီတိ၊ ဘယ်လို လုပ်မည်နည်းဟု။ အယံ ကထာ ဥဒပါဒိ၊ ဤစကားသည် ဖြစ်ပေါ်လာပြီ။
ရာဇာ ဗောဓိသတ္တံ ပက္ကောသာပေတွာ၊ သုဒ္ဓေါဒနမင်းကြီးသည် သားတော်ဘုရားအလောင်းကို ခေါ်စေ၍။
တာတ တဝ ဉာတကာ၊ သားတော် သင် သားတော်၏ ဆွေတော်မျိုးတော်တို့သည်။ သိဒ္ဓတ္ထော ကိဉ္စိ သိပ္ပံ အသိက္ခိတွာ၊ သိဒ္ဓတ္ထမင်းသားသည် တစ်စုံတစ်ခုသော အတတ်ပညာကို မသင်ယူမူ၍။ ကီဠာပသုတောဝ ဝိစရတီတိ ဝဒန္တိ၊ ကစားမှု၌ အားထုတ်၍သာ သွားလာလှည့်လည်နေ၏ဟု ပြောဆိုကုန်၏။ ဧတ္ထ ပတ္တကာလေ ကိံ မညသီတိ၊ ဤဆွေတော်မျိုးတော်တို့ ပြောစကား၌ ပြုဖွယ်ကိစ္စရောက်ရှိှိာသောအခါ၌ အဘယ်ကဲ့သို့ သဘောရသနည်းဟု ပြောပြီ။
ဒေဝ မမ သိပ္ပံ သိက္ခနကိစ္စံ နတ္ထိ၊ ခမည်းတော်မင်းကြီး အကျွန်ုပ်မှာ အတတ်ပညာကို သင်ယူဖွယ်ကိစ္စသည် မရှိပါ (မလိုပါ)။ နဂရေ မမ သိပ္ပဒဿနတ္ထံ၊ ကပိလဝတ်မြို့တော်၌ အကျွန်ုပ်၏ အတတ်ပညာကို ပြခြင်း (ကြည့်ခြင်းငှာ)။ ဣတော သတ္တမေ ဒိဝသေ၊ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌။ ဉာတကာနံ သိပ္ပံ ဒဿေဿာမီတိ၊ ဆွေတော်မျိုးတော်တို့အား အတတ်ပညာကို ပြမည်ဟု။ ဘေရိံ စရာပေထ၊ စည်ကို လှည့်လည်စေကုန်လော့။ ဣတိ၊ ဤသို့ ဘုရားအလောင်းတော်က ပြောပြီ။
ရာဇာ တထာ အကာသိ၊ သုဒ္ဓေါဒနမင်းကြီးသည် ထိုသားတော်ဘုရားလောင်း ပြောသည့်အတိုင်း ပြုပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားသည်။ အက္ခဏဝေဓိဝါလဝေဓိဓနုဂ္ဂဟေ၊ လျှပ်တပြက်တွင် ချက်ပေါင်းများစွာ တည့်တည့်မှန်အောင် ပစ်စွမ်းနိုင်သော လေးသမား, ခါးရမ်းသီးစသည် အမှတ်အသားဖြင့် သားမြီးမျှင်ကိုပင် အလယ်တည့်တည့် မှန်၍ ဖောက်ခွဲအောင် ပစ်နိုင်စွမ်းသော လေးသမားတို့ကို။ သန္နိပါတာပေတွာ၊ စည်းဝေးစေ၍။ မဟာဇနဿ မဇ္ဈေ၊ လူအများ၏ အလယ်၌။ အညေဟိ ဓနုဂ္ဂဟေဟိ အသာဓာရဏံ၊ အခြားကုန်သော လေးသမားတို့နှင့် မဆက်ဆံ မပတ်သတ်သော။ ဒွါဒသဝိဓံ သိပ္ပံ၊ တစ်ဆယ့်နှစ်ပါးအပြားရှိသော မြားရေးငယ်အတတ်ကို။ ဉာတကာနံ ဒဿေသိ၊ ဆွေတော်မျိုးတော်တို့အား ပြပြီ။ (မြားရေးငယ်အတတ် ၁၂-ရပ်စသည်ကို သိလိုက မဟာဗုဒ္ဓဝင် ဒုတိယတွဲ နှာ ၁၄၀ မှ ၁၄၅ ထိ ကြည့်ပါ။)
သရဘင်္ဂဇာတကေ အာဂတနယေနေဝ၊ သရဘင်္ဂဇာတ်၌ လာသောနည်းဖြင့်သာလျှင်။ တံ ဝေဒိတဗ္ဗံ၊ ထိုမြားရေးငယ်အတတ် ၁၂-ရပ်ကို သိအပ်၏, သိရမည်။
တဒါ ဉာတိသံဃာ၊ မြားအတတ်ပြပြီးရာ, ထိုအခါ၌ ဆွေတော်မျိုးတော်အပေါင်းသည်။ အဿ နိက္ကင်္ခေါ အဟောသိ၊ ထိုဘုရားလောင်း၏ အပေါ်၌ သံသယမရှိသည် (ယုံကြည်မှု ပြည့်ဝသည်) ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့သ၌။ ဗောဓိသတ္တော ဥယျာနဘူမိံ ဂန္တုကာမော၊ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားသည် ဥယျာဉ်တော်သို့ သွားလို၍။ သာရထိံ အာမန္တေတွာ၊ ရထားထိန်းကို ခေါ်၍။ ရထံ ယောဇေဟီတိ အာဟ၊ ရထားကို စီစဉ်လော့ဟု ပြောပြီ။
သော သာဓူတိ ပဋိဿုဏိတွာ၊ ထိုရထားထိန်းသည် ကောင်းပါပြီဟု ဝန်ခံပြီး၍။ မဟာရဟံ ဥတ္တမရထံ၊ ကြီးမြတ်သူတို့သာ, စီးထိုက်သော ရထားမြတ်ကို။ သဗ္ဗာလင်္ကာရေန အလင်္ကရိတွာ၊ အဆင်တန်ဆာအားလုံးဖြင့် တန်ဆာဆင်ပြီး၍။ ကုမုဒပတ္တဝဏ္ဏေ စတ္တာရော မင်္ဂလသိန္ဓဝေ၊ ကုမုဒြာကြာရွက်အဆင်း ရှိကုန်သော လေးစီးကုန်သော မင်္ဂလာသိန္ဓောမြင်းတို့ကို။ ယောဇေတွာ ဗောဓိသတ္တဿ ပဋိဝေဒေသိ၊ ကပြီး၍ ဘုရားလောင်း သိဒ္ဓတ္ထမင်းအား ပြင်ဆင်ပြီးကြောင်း သိစေပြီ။
ဗောဓိသတ္တော ဒေဝဝိမာနသဒိသံ ရထံ အဘိရုဟိတွာ၊ ဘုရားလောင်းသိဒ္ဓတ္ထမင်းသည် နတ်ဗိမာန်နှင့်တူသော ရထားကို တက်စီး၍။ ဥယျာနာဘိမုခေါ အဂမာသိ၊ ဥယျာဉ်တော်သို့ ‌ရှေးရှု သွားပြီ။
သိဒ္ဓတ္ထကုမာရဿ အဘိသမ္ဗုဇ္ဈနကာလော အာသန္နော၊ သိဒ္ဓတ္ထမင်းသား၏ ဘုရားဖြစ်ရာကာလသည် နီးကပ်ပြီ။ ပုဗ္ဗနိမိတ္တံ ဒဿေဿာမာတိ၊ နောင်ဧကန်ဖြစ်မည့် ရှေးပြေးပုဗ္ဗနိမိတ်ကို ပြကုန်အံ့ဟု ကြံ၍။ ဒေဝတာ ဧကံ ဒေဝပုတ္တံ၊ နတ်တို့သည် နတ်သားတစ်ယောက်ကို။ ဇရာဇဇ္ဇရံ ခဏ္ဍဒန္တံ ပလိတကေသံ၊ ဇရာကြောင့် အိုကြီးအိုနေသည်ကို သွားကျိုးနေသည်ကို ဆံပင်ဖြူနေသည်ကို။ ဝင်္ကံ ဩဘဂ္ဂသရီရံ၊ လက်ခြေကောက်ကွေးနေသည်ကို ကျိုးကျသောကိုယ်ရှိသည်ကို။ ဒဏ္ဍဟတ္ထံ ပဝေဓမာနံ ကတွာ ဒဿေသုံ၊ ဒုတ်လက်စွဲနေရသည်ကို တုန်တုန်ရီရီ ဖြစ်နေသည်ကို ပြု၍ ပြကြကုန်ပြီ။
တံ ဗောဓိသတ္တော စေဝ သာရထိ စ ပဿန္တိ၊ ထိုသူအို နိမိတ်ကို ဘုရားလောင်းသည်လည်းကောင်း, ရထားထိန်းသည်လည်းကောင်း မြင်ကုန်၏။
တတော ဗောဓိသတ္တော သာရထိံ၊ ထိုသူအိုနိမိတ်ကို တွေ့မြင်ရခြင်းကြောင့် ဘုရားလောင်းသည် ရထားထိန်းကို။
"သမ္မ ဧသော ပုရိသော ကော နာမ၊ အချင်းရထားထိန်း တွေ့မြင်ရသော ဤယောကျ်ားသည် အဘယ်မည်သော ယောကျ်ားနည်း။ အဿ ကေသာပိ၊ ထိုယောကျ်ား၏ ဆံပင်တို့သည်လည်း။ အညေသံ န ကေသာ ယထာ၊ အခြားသူတို့၏ ဆံပင်ကဲ့သို့မဟုတ်ကုန်။" ဣတိ မဟာပဓာန၊ ဤသို့ မဟာပဓာနသုတ်၌။ အာဂတနယေန ပုစ္ဆိတွာ၊ လာသောနည်းဖြင့် မေး၍။ တဿ ဝစနံ သုတွာ၊ ထိုရထားထိန်း၏ အဖြေစကားကို ကြားရ၍။ "ဘော ဇာတိ ဓီ ရတ္ထု ဝတ၊ အချင်းတို့ ပဋိသန္ဓေတည်နေမှု ဇာတိသည် စက်ဆုပ်ဖွယ်သည် ဖြစ်ပေစွတကား။ ဇာတဿ ယတြဟိ ဇရာ ပညာယိဿတိ နာမ၊ ပဋိသန္ဓေတည်နေသူ၏ အကြင်အိုမင်းမှုသည် ထင်ရှားတုံဘိ၏။" ဣတိ သံဝိဂ္ဂဟဒယော၊ ဤသို့ ထိတ်လန့်သော စိတ်နှလုံးရှိသည် ဖြစ်၍။ တတောဝ နိဝတ္တိတွာ၊ ထိုသူအိုနိမိတ်မြင်ရာအရပ်မှပင် နောက်ပြန်ဆုတ်၍။ ပါသာဒမေဝ အဘိရုဟိ၊ နန်းပြာသာဒ်သို့သာ တက်သွားပြီ။
ကိံ ကာရဏာ မမ ပုတ္တော ပဋိနိဝတ္တီတိ၊ ဘာ့ကြောင့် ငါ၏ သားတော်သည် နောက်ပြန်ဆုတ်သနည်းဟု။ ရာဇာ ပုစ္ဆိ၊ သုဒ္ဓေါဒနမင်းကြီးသည် မေးပြီ။
ဇိဏ္ဏကံ ပုရိသံ ဒိသွာ ဒေဝါတိ၊ အိုမင်းသော ယောကျ်ားကို မြင်၍ပါ မင်းကြီးဟု လျှောက်ထားကုန်ပြီ။
ဇိဏ္ဏကံ ဒိသွာ ပဗ္ဗဇိဿတီတိ အာဟံသု၊ သူအိုကို မြင်ရ၍ ရဟန်းပြုလိမ့်မည်ဟု လျှောက်ကုန်ပြီ။ ကသ္မာ မံ နာသေထ၊ အဘယ့်ကြောင့် ငါ့ကို ဖျက်ဆီးကုန်သနည်း။ သီဃံ ပုတ္တဿ နာဋကာနိ သဇ္ဇေထ၊ လျင်မြန်စွာ သားတော်သိဒ္ဓတ္ထအတွက် ကချေသည်မတို့ကို စီရင်ကြကုန်လော့။ သမ္ပတ္တိံ အနုဘဝန္တော၊ မင်းစည်းစိမ်ကို ခံစားလျက်။ ပဗ္ဗဇ္ဇာယ သတိံ န ကရိဿတိ၊ ရဟန်းပြုခြင်းငှာ သတိကို မပြုလတ္တံ့။ ဣတိ ဝတွာ အာရက္ခံ ဝဍ္ဎေတွာ၊ ဤသို့ ပြော၍ အစောင့်အ‌ရှောက်ကို တိုး၍။ သဗ္ဗဒိသာသု အဍ္ဎယောဇနေ အဍ္ဎယောဇနေ ဌပေသိ၊ အရပ်မျက်နှာအားလုံးတို့၌ ယူဇနာဝက် ယူဇနာဝက်တိုင်း၌ ထားပြီ။
ပုန ဧကဒိဝသံ၊ တစ်ဖန် တစ်နေ့သ၌။ ဗောဓိသတ္တော တထေဝ ဥယျာနံ ဂစ္ဆန္တော၊ ဘုရားလောင်းသည် ထိုရှေးနည်းအတူသာ ဥယျာဉ်တော်သို့ သွားသော်။ ဒေဝတာဟိ နိမ္မိတံ ဗျာဓိတံ ပုရိသံ ဒိသွာ၊ နတ်တို့သည် ဖန်ဆင်းပြအပ်သော နာသော ယောကျ်ားကို တွေ့မြင်ရ၍။ ပုရိမနယေနေဝ ပုစ္ဆိတွာ၊ ရှေးနည်းဖြင့်သာမေး၍။ သံဝိဂ္ဂဟဒယော နိဝတ္တိတွာ၊ ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍ နောက်ပြန်ဆုတ်၍။ ပါသာဒံ အဘိရုဟိ၊ ပြာသာဒ်သို့ တက်ပြီ။
ရာဇာပိ ပုစ္ဆိတွာ၊ သုဒ္ဓေါဒနမင်းကြီးသည်လည်း မေး၍။ ဟေဋ္ဌာ ဝုတ္တနယေနေဝ သံဝိဒဟိတွာ၊ အောက်ခေါ် ရှေး၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာ စီရင်၍။ ပုန ဝဍ္ဎေတွာ၊ တစ်ထန် အစောင့်အရှောက်တိုးစေ၍။ သမန္တာ တိဂါဝုတပ္ပမာဏေ ပဒေသေ၊ ထက်ဝန်းကျင် (ပတ်ပတ်လည်) သုံးဂါဝုတ်ပမာဏရှိသော အရပ်၌။ အာရက္ခံ ဌပေသိ၊ အစောင့်အရှောက်ကို ထားပြီ။
အပရံ ဧကဒိဝသံ၊ အခြားသော တစ်နေ့သ၌။ ဗောဓိသတ္တော တထေဝ ဥယျာနံ ဂစ္ဆန္တော၊ ဘုရားလောင်းသည် ထို‌ရှေးနည်းအတူသာ ဥယျာဉ်တော်သို့ ထွက်တော်မူသော်။ ဒေဝတာဟိ နိမ္မိတံ ကာလကတံ ဒိသွာ၊ နတ်တို့သည် ဖန်ဆင်းပြအပ်‌သော သူသေကို တွေ့မြင်ရ၍။ ပုရိမနယေနေဝ ပုစ္ဆိတွာ၊ ရှေ့နည်းဖြင့်သာ မေး၍။ သံဝိဂ္ဂဟဒယော ပုန နိဝတ္တိတွာ၊ ထိတ်လန့်သောစိတ်ရှိ၍ တစ်ဖန် နောက်ပြန်ဆုတ်၍။ ပါသာဒံ အဘိရုဟိ၊ ပြာသာဒ်သို့ တက်ပြီ။
ရာဇာပိ ပုစ္ဆိတွာ၊ သုဒ္ဓေါဒနမင်းကြီးသည်လည်း မေး၍။ ဟေဋ္ဌာ ဝုတ္တနယေနေဝ သံဝိဒဟိတွာ၊ အောက်ခေါ်ရှေး၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာ စီရင်၍။ ပုန ဝဍ္ဎေတွာ၊ တစ်ဖန် အစောင့်အရှောက်တိုးစေ၍။ သမန္တာ ယောဇနပ္ပမာဏေ ပဒေသေ၊ ထက်ဝန်းကျင် (ပတ်ပတ်လည်) တစ်ယူဇနာပမာဏရှိသော အရပ်၌။ အာရက္ခံ ဌပေသိ၊ အစောင့်အရှောက်ကို ထားပြီ။
အပရံ ဧကဒိဝသံ ပန၊ အခြားသော တစ်နေ့၌ကား။ ဥယျာနံ ဂစ္ဆန္တော၊ ဥယျာဉ်တော်သို့ သွားသော်။ တထေဝ ဒေဝတာဟိ နိမ္မိတံ၊ ထို့အတူသာ နတ်တို့ဖန်ဆင်း ပြအပ်သော။ သုနိဝတ္ထံ သုပါရုတံ ပဗ္ဗဇိတံ ဒိသွာ၊ ကောင်းစွာ ဝတ်ထားသော ကောင်းစွာရုံထားသော ရဟန်းကို တွေ့မြင်ရ၍။ ဧသော ကော နာမ သမ္မာတိ၊ ဤသူကား အဘယ်အမည်ရှိသူနည်း အချင်းဟု။ သာရထိံ ပုစ္ဆိ၊ ရထားထိန်းကို မေးပြီ။
ဗုဒ္ဓုပ္ပါဒဿ အဘာဝါ၊ ဘုရားပွင့်တော်မူရာကာလ၏ မဖြစ်သေးခြင်း (မဟုတ်သေးခြင်းကြောင့်)။ ပဗ္ဗဇိတံ ဝါ ပဗ္ဗဇိတဂုဏေ ဝါ၊ ရဟန်းကိုလည်းကောင်း ရဟန်းဂုဏ်ကျေးဇူးတို့ကိုလည်းကောင်း။ သာရထိ ကိဉ္စာပိ န ဇာနာတိ၊ ရထားထိန်းသည် အကယ်၍ကား မသိ။ ပန ဒေဝတာနုဘာဝေန၊ ထိုသို့ မသိသော်လည်း နတ်တို့တန်ခိုး အာနုဘော်ကြောင့်။ အယံ ပဗ္ဗဇိတော နာမ ဒေဝါတိ ဝတွာ၊ ဤသူကား ရဟန်းမည်၏ အရှင်မင်းကြီးဟု လျှောက်ထား၍။ ပဗ္ဗဇ္ဇာယ ဂုဏေ ဝဏ္ဏေသိ၊ ရဟန်းပြုခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြီ။
ဗောဓိသတ္တော ပဗ္ဗဇ္ဇာယ ရုစိံ ဥပ္ပါဒေတွာ၊ ဘုရားလောင်းသည် ရဟန်းပြုခြင်း၌ နှစ်သက်မှုကို ဖြစ်စေ၍။ တံ ဒိဝသံ ဥယျာနံ အဂမာသိ၊ ထိုနေ့၌ ဥယျာဉ်တော်သို့ သွားတော်မူပြီ။
စတ္တာရိ နိမိတ္တာနိ၊ သူအို, သူနာ, သူသေ, ရဟန်း နိမိတ်ကြီး လေးပါးတို့ကို။ ဧကဒိဝသေနေဝ ဒိသွာ အဂမာသီတိ၊ တစ်နေ့တည်းဖြင့်သာ (တစ်နေ့တည်း၌သာ) တွေ့မြင်ရ၍ တောထွက်သွားပြီဟု။ ဒီဃဘာဏကာ ပန အာဟု၊ ဒီဃဘာဏကမထေရ်တို့သည် ထူးထူးခြားခြား မိန့်ဆိုကုန်ပြီ။
သော တတ္ထ ဒိဝသဘာဂံ ကီဠိတွာ၊ ထိုဘုရားလောင်းသည် ထိုဥယျာဉ်တော်၌ နေ့အဖို့ပတ်လုံး ဥယျာဉ်ကစားတော်မူ၍။ မင်္ဂလပေါက္ခရဏိယံ နှာယိတွာ၊ မင်္ဂလာကန်တော်၌ ရေချိုး၍။ သူရိယေ အတ္ထင်္ဂတေ၊ နေသည် ဝင်လတ်သော်။ အတ္တာနံ အလင်္ကာရာပေတုကာမော၊ မိမိကိုယ်ကို တန်ဆာဆင်ပေးစေလို၍။ မင်္ဂလသိလာပဋ္ဋေ နိသီဒိ၊ မင်္ဂလာကျောက်ဖျာပြင်၌ ထိုင်နေတော်မူပြီ။
အထ အဿ ပရိစာရကပုရိသာ၊ ထိုအခါ ထိုဘုရားလောင်း၏ အလုပ်အကျွေးယောကျ်ားတို့သည်။ နာနာဝဏ္ဏာနိ ဒုဿာနိ၊ အဆင်းအမျိုးမျိုးရှိကုန်သော အဝတ်တို့ကိုလည်းကောင်း။ နာနပ္ပကာရာ အာဘရဏဝိကတိယော၊ အထူးထူးအပြားပြားကုန်သော အဆင်တန်ဆာအထူးတို့ကိုလည်းကောင်း။ မာလာဂန္ဓဝိလေပနာနိ စ အာဒါယ၊ ပန်း, နံ့သာ, နံ့သာပျောင်းတို့ကိုလည်းကောင်း ယူကုန်၍။ သမန္တာ ပရိဝါရေတွာ အဋ္ဌံသု၊ ထက်ဝန်းကျင် (ပတ်ပတ်လည်)မှ ဝိုင်းဝန်းခြံရံ၍ တည်ကုန်ပြီ။
တသ္မိံ ခဏေ သက္ကဿ နိသိန္နာသနံ၊ ထိုခဏ၌ သိကြားမင်း၏ နေရာသည်။ ဥဏှံ အဟောသိ၊ ပူသည် ဖြစ်ပြီ။
ကော မံ၊ ဘယ်သူသည် ငါ့ကို။ ဣမမှာ ဌာနာ စာဝေတုကာမော နု ခေါတိ၊ ဤဌာနမှ ရွေ့လျားစေလိုသနည်းဟု။ သော ဥပဓာရေန္တော၊ ထိုသိကြားမင်းသည် စူးစမ်းသော်။ ဗောဓိသတ္တဿ အလင်္ကာရေတုကာမတံ ဉ တွာ၊ ဘုရားလောင်း၏ တန်ဆာဆင်ပေးစေလိုသည်၏ အဖြစ်ကို သိ၍။ ဝိဿကမ္မံ အာမန္တေသိ၊ ဝိသကြုံနတ်သားကို ခေါ်ပြောပြီ။ (ကိံ၊ ဘယ်သို့ ခေါ်ပြောပြီနည်း)။ သမ္မ ဝိဿကမ္မ၊ အမောင်ဝိသကြုံနတ်သား။ သိဒ္ဓတ္ထကုမာရော အဇ္ဇ အဍ္ဎရတ္တသမယေ၊ သိဒ္ဓတ္ထမင်းသားသည် ယနေ့သန်းခေါင်အချိန်၌။ မဟာဘိနိက္ခမနံ နိက္ခမိဿတိ၊ ကြီးကျယ်မြင့်မြတ်သော တောထွက်မှုကို ထွက်လိမ့်မည်။ အယံ အဿ ပစ္ဆိမော အလင်္ကာရော၊ ဤတန်ဆာဆင်ခြင်းသည် ထိုသိဒ္ဓတ္ထမင်းသား၏ နောက်ဆုံးဖြစ်သော တန်ဆာဆင်ခြင်းတည်း။ ဥယျာနံ ဂန္တွာ၊ ဥယျာဉ်တော်သို့ သွား၍။ မဟာပုရိသံ ဒိဗ္ဗာလင်္ကာရေဟိ၊ ဘုရားလောင်းယောကျ်ားမြတ်ကို နတ်အဆင်တန်ဆာတို့ဖြင့်။ အလင်္ကရောဟီတိ၊ တန်ဆာဆင်ချေလော့ဟု ပြောပြီ။
သော သာဓူတိ ပဋိဿုဏိတွာ၊ ထိုဝိသကြုံနတ်သားသည် ကောင်းပါပြီဟု ဝန်ခံ၍။ ဒေဝတာနုဘာဝေန တင်္ခဏံယေဝ ဥပသင်္ကမိတွာ၊ နတ်တို့တန်ဖိုးဖြင့် ထိုခဏ၌ပင် ဘုရားလောင်းထံကပ်ရောက်၍။ တဿေဝ ကပ္ပကသဒိသော ဟုတွာ၊ ထိုဘုရားလောင်း၏ပင် အလှပြင်ပေးသူနှင့်တူသည် ဖြစ်၍။ ကပ္ပကဿ ဟတ္ထတော၊ အလှပြင်ပေးသူ၏ လက်မှ။ ဝေဌနဒုဿံ ဂဟေတွာ၊ ရစ်ပတ်ဖို့ ခေါင်းပေါင်းကို ယူ၍။ ဗောဓိသတ္တဿ သီသံ ဝေဌေသိ၊ ဘုရားလောင်း၏ ဦးခေါင်းကို ရစ်ပတ်ပြီ။
ဗောဓိသတ္တော ဟတ္ထသမ္ဖဿေနေဝ၊ ဘုရားလောင်းသည် လက်အတွေ့အထိဖြင့်ပင်။ အယံ န မနုဿော၊ ဤ ခေါင်းပေါင်း, ပေါင်းပေးသူကား လူမဟုတ်။ ဧသော ဒေဝပုတ္တောတိ အညာသိ၊ ဤခေါင်းပေါင်း, ပေါင်းပေးသူကား နတ်သားတည်းဟု သိပြီ။
ဝေဌနေန သီသေ ဝေဌိတမတ္တေ၊ ခေါင်းပေါင်းဖြင့် ခေါင်းကို ပေါင်းအပ်ပြီးကာမျှ ဖြစ်သော်။ မောဠိယံ မဏိရတနာကာရေန၊ ဦးစွန်းတော်၌ ပတ္တမြားရတနာပုံစံဖြင့်။ ဒုဿသဟဿံ အဗ္ဘုဂ္ဂဉ္ဆိ၊ ပုဆိုးတစ်ထောင်သည် ပေါ်ထွက်လာပြီ။
ပုန ဝေဌေန္တဿ ဒုဿသဟဿ၊ တစ်ဖန် ခေါင်းပေါင်းသော ဝိသကြုံနတ်သား၏ ပုဆိုးတစ်ထောင်။ ဣတိ ဒသက္ခတ္တုံ ဝေဌေန္တဿ၊ ဤသို့ ဆယ်ကြိမ် ခေါင်းပေါင်းသော ဝိသကြုံနတ်သား၏။ ဒသဒုဿသဟဿာနိ အဗ္ဘုဂ္ဂစ္ဆိံသု၊ ပုဆိုးတစ်သောင်းတို့သည် ပတ္တမြားရတနာပုံစံ ပေါ်ထွက်လာကုန်ပြီ။
ကထံ အဗ္ဘုဂ္ဂတာနီတိ န စိန္တေတဗ္ဗံ၊ အဘယ်ကဲ့သို့ (ဘယ်နှယ်လုပ်) ပေါ်ထွက်ကုန်ပြီနည်းဟု မတွေးရာ။
ဟိ တေသု သဗ္ဗမဟန္တံ အာမလကပုပ္ဖပ္ပမာဏံ၊ မှန်၏ ထိုပုဆိုးတစ်သောင်းတို့တွင် အကြီးဆုံးပုဆိုးသည် ဇီးဖြူပွင့်ပမာဏသာ ရှိ၏။ အဝသေသာနိ ကုသုမ္ဗကပုပ္ဖပ္ပမာဏာနိ အဟေသုံ၊ ကျန်သော ပုဆိုးတို့သည် ဝတ်ပန်းပွင့်ပမာဏရှိှိန်သည် ဖြစ်ကုန်ပြီ။
ဗောဓိသတ္တဿ သီသံ၊ ဘုရားလောင်း၏ ဦးခေါင်းသည်။ ကိဉ္ဇက္ခဂဝစ္ဆိတံ ကုယျကပုပ္ဖံ ဝိယ အဟောသိ၊ ကြာဝတ်ဆံဖြင့်, တန်ဆာဆင်အပ်သော ဆူးရစ်ပွင့်ကဲ့သို့ ဖြစ်ပြီ။
အထ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတဿ အဿ၊ ထိုအခါ၌ အဆင်တန်ဆာအားလုံးဆို့ဖြင့်, တန်ဆာဆင်အပ်ပြီးသော ထိုဘုရားလောင်းအား။ သဗ္ဗတာလာဝစရေသု သကာနိသကာနိ ပဋိဘာနာနိ ဒဿယန္တေသု၊ အတီးအမှုတ်, မျိုးစုံပြုသူတို့သည် မိမိဆိုင်ရာ မိမိဆိုင်ရာဖြစ်ကုန်သော ဉာဏ်အား ထင်မြင်လာသည့် ချီးကျူးဖွဲ့ဆိုမှုတို့ကို ပြကြကုန်သော်။ ဗြာဟ္မဏေသု ဇယနန္ဒာတိအာဒိဝစနေဟိ၊ ပုဏ္ဏားတော်တို့သည် အောင်မြင်တော်မူပါစေ, နှစ်သက်တော်မူပါစေ, ဤသို့စသော စကားတို့ဖြင့်လည်းကောင်း။ သူတမာဂဓာဒီသု နာနပ္ပကာရေဟိ မင်္ဂလဝစနတ္ထုတိဃောသေဟိ၊ ရထားထိန်း, ဧချင်း, မော်ကွန်းစီကုံးရွတ်ဖတ်သူ စသည်တို့သည် အထူးထူးအပြားပြားကုန်သော မင်္ဂလာစကား ချီးမွမ်းကြွေးကြော်ခြင်းတို့ဖြင့်လည်းကောင်း။ သမ္ဘာဝေန္တေသု၊ ကောင်းစွာ ဖြစ်စေကုန်လတ်သော် (ထင်ရှားစွာပြုကုန်လတ်သော်)။ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတံ ရထဝရံ အဘိရုဟိ၊ အလုံးစုံသော အဆင်တန်ဆာတို့ဖြင့်, တန်ဆာဆင်အပ်သော ရထားမြတ်ကို တက်စီးတော်မူပြီ။
တသ္မိံ သမယေ၊ ထိုအခါ၌။ ရာဟုလမာတာ၊ ရာဟုလမယ်တော်သည်။ ပုတ္တံ ဝိဇာတာတိ၊ သားကို ဖွားမြင်ပြီဟု။ သုတွာ၊ ကြားရ၍။ "မေ ပုတ္တဿ၊ ငါ၏ သားတော် သိဒ္ဓတ္ထအား။ တုဋ္ဌိံ နိဝေဒေထာတိ၊ ငါနှစ်သက်ခြင်းကို သိစေကြလောဟု။ သုဒ္ဓေါဒနမဟာရာဇာ သာသနံ ပဟိဏိ၊ သုဒ္ဓေါဒနမင်းကြီးသည် သတင်းကို ပို့ပြီ။
ဗောဓိသတ္တော တံ သုတွာ၊ ဘုရားလောင်းသည် ထိုသတင်းကို ကြားရ၍။ "ရာဟု ဇာတော၊ င့ါဖမ်းမည့် ရာဟုသည် ဖြစ်ပြီ။ ဗန္ဓနံ ဇာတန္တိ အာဟ၊ ငါ၏ အနှောင်အဖွဲ့သည် ဖြစ်ပြီ"ဟု ပြောပြီ။
"ကိံ မေ ပုတ္တော အဝစာတိ၊ ဘာကို ငါ၏သားတော် သိဒ္ဓတ္ထသည် ပြောသနည်း"ဟု။ ရာဇာ ပုစ္ဆိတွာ၊ သုဒ္ဓေါဒနမင်းကြီးသည် မေးပြီး၍။ တံ ဝစနံ သုတွာ၊ 'ရာဟုဇာတော, ဗန္ဓနံ ဇာတံ' ဟူသော ထိုစကားကို ကြားရ၍။ "ဣတော ပဋ္ဌာယ၊ ဤနေ့မှစ၍။ မေ နတ္တာ၊ ငါ၏မြေးတော်သည်။ ရာဟုလကုမာရောယေဝ နာမ၊ ရာဟုလမင်းသား မည်သည်သာ။ ဟောတူတိ အာဟ၊ ဖြစ်စေ"ဟု ပြောပြီ။
ဗောဓိသတ္တောပိ ခေါ ရထဝရံ အာရုယှ၊ ဘုရားလောင်းသိဒ္ဓတ္ထမင်းသည်လည်း မြင်းရထားမြတ်ထက်သို့ တက်စီး၍။ မဟန္တေန ယသေန၊ ကြီးကျယ်မြင့်မြတ်လှသော အခြံအရံဖြင့်။ အတိမနောရမေန သိရိသောဘဂ္ဂေန၊ စိတ်နှလုံးကို လွန်စွာ မွေ့လျော်စေတတ်သော ကျက်သရေအစု, တင့်တယ်မှုအစုဖြင့်။ နဂရံ ပါဝိသိ၊ ကပိလဝတ်မြို့တော်သို့ ဝင်ပြီ။
တသ္မိံ သမယေ ကိသာဂေါတမီ နာမ ခတ္တိယကညာ၊ ထိုအခါ၌ ကိသာဂေါတမီမည်သော မင်းမျိုးသတို့သမီးသည်။ ဥပရိပါသာဒဝရတလဂတာ၊ မြတ်သော ပြာသာဒ်အပြင်ထက် နေလျက်။ နဂရံ ပဒက္ခိဏံ၊ ကပိလဝတ်မြို့တော်ကို လက်ယာရစ်လှည့်လည်သည်ကို။ ကုရုမာနဿ ဗောဓိသတ္တဿ၊ ပြုတော်မူသော ဘုရားလောင်းသိဒ္ဓတ္ထမင်း၏။ ရူပသိရိံ ဒိသွာ သောမနဿဇာတာ၊ ရုပ်အဆင်းတော် ကျက်သရေကို တွေ့မြင်ရ၍ ပီတိသောမနဿဖြစ်လှသည် ဖြစ်၍။
"သာ မာတာ နိဗ္ဗုတာ နူန၊ သိဒ္ဓတ္ထမင်းအလား, ရှုစားအပ်သည့်, သားရတနာရှိသူ ထိုမိခင်သည် နှလုံးစိတ်ဝမ်း အေးချမ်းလှပါပေစွတကား။ သော ပိတာ နိဗ္ဗုတော နူန၊ သိဒ္ဓတ္ထမင်းအလား ရှုစားအပ်သည့် သားရတနာရှိသူ ထိုဖခင်သည် နှလုံးစိတ်ဝမ်း အေးချမ်းလှပါပေစွတကား။
ဤဒိသော အယံ ပတိ၊ ဤသိဒ္ဓတ္ထမင်းအလား ရှုစားအပ်သော ဤအိမ်ထောင်ရှင်မျိုးသည်။ ယဿာ အတ္ထိ၊ အကြင်အမျိုးသမီးမှာ ရှိ၏။ သာ နာရီ နိဗ္ဗုတာ နူန၊ သိဒ္ဓတ္ထမင်းအလား ရှုစားအပ်သည့် အိမ်ထောင်ရှင်ရှိသူ ထိုအမျိုးသမီးသည် နှလုံးစိတ်ဝမ်းအေးချမ်းလှပါပေစွတကား။ ဣတိ ဣမံ ဥဒါနံ ဥဒါနေသိ၊ ဤသို့ ဤဥဒါန်းကို ကျူးရင့်ပြီ။
ဗောဓိသတ္တော တံ သုတွာ စိန္တေသိ၊ ဘုရားလောင်း သိဒ္ဓတ္ထမင်းသည် ထိုဥဒါန်းကျူးသံကို ကြားရ၍ တွေးတောပြီ။ (ကိံ၊ ဘယ်ကဲ့သို့ တွေးတောပြီနည်း)။ ဧဝရူပံ အတ္တဘာဝံ၊ ဤသို့ ကျက်သရေရှိသော သဘောရှိသော ခန္ဓာကိုယ်ကို။ ပဿန္တိယာ မာတု၊ တွေ့မြင်ရသော မိခင်၏။ ဟဒယံ နိဗ္ဗာယတိ၊ စိတ်နှလုံးသည် ငြိမ်းအေး၏။ ပိတုဟဒယံ နိဗ္ဗာယတိ၊ ဖခင်၏ စိတ်နှလုံးသည် ငြိမ်းအေး၏။ ပဇာပတိယာ ဟဒယံ နိဗ္ဗာယတီတိ၊ အိမ်ရှင်မ၏ စိတ်နှလုံးသည် ငြိမ်းအေး၏ဟု။ အယံ ဧဝံ အာဟ၊ ဤကိသာဂေါတမီသည် ဤသို့ ဆိုပြီ။
ကိသ္မိံ နိဗ္ဗုတေ၊ အဘယ်သည် ငြိမ်းအေးသော်။ ဟဒယံ နိဗ္ဗုတံ နာမ ဟောတိ နု ခေါ၊ နှလုံးစိတ်ဝမ်းသည် ငြိမ်းအေးသည် မည်သည် ဖြစ်သနည်း။ ဣတိ၊ ဤသို့တွေးတောပြီ။
အထ ကိလေသေသု ဝိရတ္တမာနသဿ အဿ၊ ထိုသို့တွေးတောရာအခါ၌ ကိလေသာတို့အပေါ်၌ တပ်မက်မှုကင်းသော စိတ်ထားရှိသော ထိုဘုရားလောင်း၏သန္တာန်၌။
"ရာဂဂ္ဂိမှိ နိဗ္ဗုတေ နိဗ္ဗုတံ နာမ ဟောတိ၊ ရာဂမီးသည် ငြိမ်းအေးသော် ငြိမ်း‌ချမ်းသည် မည်သည် ဖြစ်၏။ ဒေါသဂ္ဂိမှိ နိဗ္ဗုတေ နိဗ္ဗုတံ နာမ ဟောတိ၊ ဒေါသမီးသည် ငြိမ်းအေးသော် ငြိမ်းချမ်းသည် မည်သည် ဖြစ်၏။ မောဟဂ္ဂိမှိ နိဗ္ဗုတေ နိဗ္ဗုတံ နာမ ဟောတိ၊ မောဟမီးသည် ငြိမ်းအေးသော် ငြိမ်းချမ်းသည် မည်သည် ဖြစ်၏။ မာနဒိဋ္ဌိအာဒီသု သဗ္ဗကိလေသဒရထေသု နိဗ္ဗုတေသု နိဗ္ဗုတံ နာမ ဟောတိ၊ မာနဒိဋ္ဌိအစရှိကုန်သော အလုံးစုံသောကိလေသာအပူတို့သည် ငြိမ်းအေးကုန်သော် ငြိမ်းချမ်းသည် မည်သည် ဖြစ်၏။
အယံ မေ သုဿဝနံ သာဝေသိ၊ ဤကိသာဂေါတမီသည် ငါ့အား သတင်းကောင်းကို ကြားစေပြီ။ ဟိ အဟံ နိဗ္ဗာနံ ဂဝေသန္တော စရာမိ၊ မှန်၏ ငါသည် ငြိမ်းချမ်းမှုကို ရှာဖွေလျက် လှည့်လည်၏။ အဇ္ဇေဝ မယာ ဃရာဝါသံ ဆဍ္ဍေတွာ၊ ယနေ့၌ပင် ငါသည် အိမ်ဟူသော နေရာကို စွန့်ပစ်၍။ နိက္ခမ္မ ပဗ္ဗဇိတွာ နိဗ္ဗာနံ ဂဝေသိတုံ ဝဋ္ဋတီတိ၊ အိမ်မှထွက်၍ ရဟန်းပြု၍ နိဗ္ဗာန်ကို ရှာမှီးခြင်းငှာ သင့်၏"ဟု။ ဧတံ အဟောသိ၊ ဤအတွေးအတောသည် ဖြစ်ပြီ။ ဣတိ၊ ဤသို့ တွေးတောပြီး၍။ အယံ ဣမိဿာ အာစရိယဘာဂေါ ဟောတူတိ၊ ဤပုလဲသွယ်သည် ဤကိသာဂေါတမီအတွက် ဆရာ့အဖို့အစု, ဆရာခသည် ဖြစ်စေဟု ပြော၍။ ကဏ္ဌတော ဩမုဉ္စိတွာ၊ လည်မှ ချွတ်၍။ ကိသာဂေါတမိယာ သတသဟဿဂ္ဃနကံ မုတ္တာဟာရံ ပေသေသိ၊ ကိသာဂေါတမီ၏ထံသို့ အဖိုးတစ်သိန်းထိုက်သော ပုလဲသွယ်ကို ပို့စေပြီ။
သိဒ္ဓတ္ထကုမာရော မယိ ပဋိဗဒ္ဓစိတ္တော ဟုတွာ၊ သိဒ္ဓတ္ထမင်းသားသည် ငါ၌ စွဲမက်သောစိတ်ရှိသည် ဖြစ်၍။ ပဏ္ဏာကာရံ ပေသေသီတိ၊ ချစ်လက်ဆောင်ကို ပို့စေပြီးဟု တွေး၍။ သာ သောမနဿဇာတာ အဟောသိ၊ ထိုကိသာဂေါတမီသည် သောမနဿဖြစ်လျက်ရှိသည် ဖြစ်ပြီ။
ဗောဓိသတ္တောပိ မဟန္တေန သိရိသောဘဂ္ဂေန၊ ဘုရားလောင်းသည်လည်း ကြီးကျယ်များမြတ်သော ကျက်သရေအစု တင့်တယ်မှုအစုဖြင့်။ အဘိရုဟိတွာ၊ မိမိ၏ ပြာသာဒ်သို့ တက်၍။ သိရိသယနေ နိပဇ္ဇိ၊ ကျက်သရေရှိသော အိပ်ရာ၌ လျောင်းပြီ။
တာဝဒေဝ စ နံ၊ ထိုခဏ၌ပင်လျှင် ထိုဘုရားလောင်းကို။ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတာ နစ္စဂီတာဒီသု သုသိက္ခိတာ၊ တန်ဆာမျိုးစုံ ဆင်မြန်းထားအပ်ကုန်သော ကမှု သီဆိုမှု စသည်တို့၌ ကောင်းစွာ သင်ယူပြီး တတ်မြောက်ပြီးဖြစ်ကုန်သော။ ဒေဝကညာ ဝိယ ရူပသောဘဂ္ဂပ္ပတ္တာ ဣတ္ထိယော၊ နတ်ကညာကဲ့သို့ ရုပ်ရည်တင့်တယ်မှု, အထွတ်အထိပ်ရောက်ကုန်သော အမျိုးသမီးတို့သည်။ နာနာတူရိယာနိ ဂဟေတွာ သမ္ပရိဝါရယိတွာ၊ တူရိယာအမျိုးမျိုးတို့ကို ယူကုန်၍ ခြံရံကုန်ပြီး၍။ အဘိရမာပေန္တိယော၊ အလွန်ပျော်မွေ့စေကုန်လျက်။ နစ္စဂီတဝါဒိတာနိ ပယောဇယိံသု၊ ကမှု သီဆိုမှု တီးမှုတ်မှုတို့ကို ယှဉ်စေကုန်ပြီ ပြုကုန်ပြီ။
ဗောဓိသတ္တော ကိလေသေသု ဝိရတ္တစိတ္တတာယ၊ ဘုရားလောင်းသည် ကိလေသာတို့၌ တပ်မက်မှုကင်းသော စိတ်ရှိသည်၏ အဖြစ်ကြောင့်။ နစ္စာဒီသု အနဘိရတော၊ ကမှုစသည်တို့၌ မပျော်မွေ့၍။ မုဟုတ္တံ နိဒ္ဒံ ဩက္ကမိ၊ တစ်မုဟုတ်မျှ အိပ်ပျော်ခြင်းသို့ သက်ရောက်ပြီ။
တာပိ ဣတ္ထိယော၊ ကကြ သီဆိုကြ တီးမှုတ်ကြသော ထိုအမျိုးသမီးတို့သည်လည်း။ "ယဿ အတ္ထာယ မယံ နစ္စာဒီနိ ပယောဇေမ၊ အကြင်သိဒ္ဓတ္ထမင်း၏အကျိုးငှာ ငါတို့သည် ကမှုစသည်တို့ကို ယှဉ်စေကြ ပြုလုပ်ကြကုန်၏။ သော နိဒ္ဒံ ဥပဂတော၊ ထိုသိဒ္ဓတ္ထမင်းသည် အိပ်ပျော်ခြင်းသို့‌ ရောက်ပြီ။ ဣဒါနိ ကိမတ္ထံ ကိလမာမာတိ၊ ယခုဘယ်သူ့အတွက် ပင်ပန်းခံရ ကုန်အံ့နည်း ဟုတွေး၍။ ဂဟိတဂ္ဂဟိတာနိ တူရိယာနိ၊ ကိုင်ထားအပ် ကိုင်ထားအပ်ကုန်သော တူရိယာတို့ကို။ အဇ္ဈောတ္ထရိတွာ နိပဇ္ဇိံသု၊ လွှမ်းဖိ၍ အိပ်ကြကုန်ပြီ။ ဂန္ဓတေလပ္ပဒီပါ ဈာယန္တိ၊ နံ့သာဆီမီးတို့သည် လင်းလင်းပြောင်ပြောင် တောက်လောင်ကုန်၏။
ဗောဓိသတ္တော ပဗုဇ္ဈိတွာ၊ ဘုရားလောင်းသည် နိုး၍။ သယနပိဋ္ဌေ ပလ္လင်္ကေန နိသိန္နော၊ အိပ်ရာပြင်ထက်၌ တင်ပလ္လင်ခွေဖြင့် ထိုင်နေတော်မူလျက်။ တူရိယဘဏ္ဍာနိ အဝတ္ထရိတွာ၊ တီးမှုတ် ပစ္စည်းတို့ကို လွှမ်းဖိ၍။ နိဒ္ဒါယန္တိယော တာ ဣတ္ထိယော၊ အိပ်ပျော်နေကုန်သော ထိုအမျိုးသမီးတို့ကို။ ပဂ္ဃရိတခေဠာ လာလာကိလိန္နဂတ္တာ ဧကစ္စာ၊ အာပုပ်ရည် ယိုစီးကုန်လျက် တံတွေးစိုသော ကိုယ်ရှိကုန်သော အမျိုးသမီးအချို့တို့ကို လည်းကောင်း။ ဒန္တေ ခါဒန္တိယော ဧကစ္စာ၊ သွားတို့ကို ကြိတ်ကုန်သော အမျိုးသမီးအချို့တို့ကိုလည်းကောင်း။ ကာကစ္ဆန္တိယော ဧကစ္စာ၊ ကျီးသာနေသကဲ့သို့ ကလောက်ကလောက်မြည်လျက်, အိပ်နေကုန်သော အမျိုးသမီးအချို့တို့ကို လည်းကောင်း။ ဝိပ္ပလပန္တိယော ဧကစ္စာ၊ ယောင်ယမ်းမြည်တမ်းကုန်သော အမျိုးသမီးအချို့တို့ကိုလည်းကောင်း။ ဝိဝဋမုခါ ဧကစ္စာ၊ ပါးစပ်ကြီးဟနေကုန်သော အမျိုးသမီးအချို့တို့ကို လည်းကောင်း။ အပဂတဝတ္ထာ ပါကဋဗီဘစ္ဆသမ္ဗာဓဋ္ဌာနာ ဧကစ္စာ၊ အဝတ်ကင်းကွာကုန်လျက် ရွံရှာဖွယ်ကျဉ်းမြောင်းရာဌာန ထင်ရှားကုန်သော အမျိုးသမီးအချို့တို့ကိုလည်းကောင်း။ အဒ္ဒသ၊ မြင်ပြီ။
သော တာသံ တံ ဝိပ္ပကာရံ ဒိသွာ၊ ထိုဘုရားလောင်းသည် ထိုအခြံအရံအမျိုးသမီးတို့၏ ထိုဖောက်ပြန်သော အခြင်းအရာကို မြင်ရ၍။ ဘိယျောသော မတ္တာယ၊ အတိုင်းထက်အလွန်။ ကာမေသု ဝိရတ္တစိတ္တော အဟောသိ၊ ကာမတို့၌ တပ်မက်မှုကင်းသော စိတ်ရှိသည် ဖြစ်ပြီ။
အလင်္ကတပဋိယတ္တံ သက္ကဘဝနသဒိသမ္ပိ တံ မဟာတလံ တဿ၊ တန်ဆာဆင်မှုနှင့် စပ်ယှဉ်သော သိကြားမင်းဗိမာန်နှင့် တူသည်လည်းဖြစ်သော ကြီးကျယ်မြင့်မြတ်လှသည့် ထိုနန်းကြမ်းပြင်သည် ထိုဘုရားလောင်းသိဒ္ဓတ္ထမင်း စိတ်ထဲ၌။ အပဝိဒ္ဓနာနာကုဏပဘရိတံ အာမကသုသာနံ ဝိယ ဥပဋ္ဌာသိ၊ စွန့်ပစ်ထားသည့် အကောင်ပုပ်အမျိုးမျိုး ပြည့်သိပ်နေသော အစိမ်းသေပစ်ရာ သုသာန်ကဲ့သို့ ထင်မြင်လာပြီ။ တယော ဘဝါ အာဒိတ္တဂေဟသဒိသာ ခါယိံသု၊ ကာမရူပအရူပဘဝသုံးမျိုးတို့သည် အလျှံပြောင်ပြောင် တောက်လောင်နေသော အိမ်နှင့်တူကုန်၍ ထင်မြင်လာကုန်ပြီ။
ဘော ဥပဒ္ဒုတံ ဝတ၊ အိုအချင်းတို့ နှိပ်စက်လှချည့်စွတကား။ ဘော ဥပဿဋ္ဌံ ဝတတိ၊ အိုအချင်းတို့ ညှဉ်းပမ်းလှချည့်တကားဟု။ ဥဒါနံ ပဝတ္တေသိ၊ ဥဒါန်းကျူးမှုကို ဖြစ်စေပြီ ပြုပြီ။ ပဗ္ဗဇ္ဇာယ စိတ္တံ အတိဝိယ နမိ၊ တောထွက်ရဟန်းပြုခြင်းငှာ စိတ်တော်သည် အလွန်အကဲ ညွတ်တော်မူပြီ။
အဇ္ဇေဝ မယာ မဟာဘိနိက္ခမနံ နိက္ခမိတုံ ဝဋ္ဋတီတိ၊ ယနေ့ပင် ငါသည် ကြီးကျယ်မြင့်မြတ်သည့် တောထွက်မှုကို တောထွက်ခြင်းငှာ သင့်၏ ဟု ကြံတော်မူ၍။ သော သယနာ ဥဋ္ဌာယ ဒွါရသမီပံ ဂန္တွာ၊ ထိုဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် အိပ်ရာအပြင်မှ ထ၍ တံခါးအနီးသို့ သွား၍။ ဧတ္ထာ ကောတိ အာဟ၊ ဤနေရာ၌ ဘယ်သူလဲဟု ပြောဆိုမေးမြန်းပြီ။
ဥမ္မာရေ သီသံ ကတွာ နိပန္နော ဆန္နော၊ တံခါးခုံ၌ ခေါင်းကို ပြု၍ ထား၍ အိပ်နေသော ဆန္နအမတ်သည်။ အယျပုတ္တ အဟံ ဆန္နောတိ အာဟ၊ အရှင့်သား ကျွန်တော်မျိုးကား ဆန္နပါဟု လျှောက်ပြီ။
အဟံ အဇ္ဇ မဟာဘိနိက္ခမနံ နိက္ခမိတုကာမော၊ ငါသည် ယနေ့ ကြီးကျယ်မြင့်မြတ်သည့် တောထွက်မှုကို တောထွက်လို၏။ မေ ဧကံ အဿံ ကပ္ပေဟီတိ အာဟ၊ ငါ့အတွက် မြင်းတစ်ကောင်ကို ပြင်လော့ဟု မိန့်တော်မူပြီ။
သော သာဓု ဒေဝါတိ၊ ထို ဆန္နအမတ်သည် ကောင်းပါပြီ အရှင်သားဟု လျှောက်ထား၍။ အဿဘဏ္ဍိကံ ဂဟေတွာ၊ မြင်းအဆင်တန်ဆာပစ္စည်းကို ယူ၍။ အဿသာလံ ဂန္တွာ၊ မြင်းတင်းကုပ်သို့ သွား၍။ ဂန္ဓတေလပဒီပေသု ဇလန္တေသု၊ နံ့သာဆီမီးတို့သည် တောက်လောင်ထွန်းလင်းနေ ကုန်သော်။ သုမနပဋ္ဋဝိတာနဿ ဟေဋ္ဌာ၊ မြတ်လေးပန်းမျက်နှာကျက်ပြား၏ အောက်၌။ ရမဏီယေ ဘူမိဘာဂေ ဌိတံ၊ မွေ့လျော်ဖွယ်ရှိသော မြေအပြင်၌ ရပ်တည်နေသော။ ကဏ္ဍကံ အဿရာဇာနံ ဒိသွာ၊ ကဏ္ဍကမည်သော မြင်းမင်းကို မြင်၍။ အဇ္ဇ မယာ ဣမမေဝ ကပ္ပေတုံ ဝဋ္ဋတီတိ၊ ယနေ့ ငါဆန္နသည် ဤကဏ္ဍကမြင်းတော်ကိုသာ ပြင်ခြင်းငှာ သင့်၏ဟုကြံ၍။ ကဏ္ဍကံ ကပ္ပေသိ၊ ကဏ္ဍကမြင်းတော်ကို ပြင်ပြီ။
သော ကပ္ပိယမာနောဝ အညာသိ၊ ထိုကဏ္ဍကမြင်းတော်သည် ပြင်နေစဉ်မှာပင် သိပြီ။ (ကိံ၊ ဘယ်သို့ သိပြီနည်း)။ "အယံကပ္ပနာ အတိဂါဠှာ၊ ဤပြင်မှုသည် အလွန်မြဲမြံ၏။ အညေသု ဒိဝသေသု ဥယျာနကီဠာဒိဂမနေ ကပ္ပနာဝိယ နဟောတိ၊ အခြားနေ့တို့၌ ဥယျာဉ်ကစားရန် စသည်သွားရာအခါ၌ ပြင်ဆင်ခြင်းကဲ့သို့ မဟုတ်။ မယှံ အယျပုတ္တော၊ ငါကဏ္ဍက၏ အရှင့်သားသိဒ္ဓတ္ထမင်းသားသည်။ အဇ္ဇ၊ ယနေ့။ မဟာဘိနိက္ခမနံ နိက္ခမိတုကာမော ဘဝိဿတိ၊ ကြီးကျယ်မြင့်မြတ်သည့် တောထွက်ခြင်းကို ထွက်တော်မူလိုသည် ဖြစ်လတ္တံ့"။ ဣတိ၊ ဤသို့ သိပြီ။
တတော တုဋ္ဌမာနသော မဟာဟသိတံ ဟသိ၊ ထိုသို့ သိခြင်းကြောင့် နှစ်သက်သောစိတ်ရှိ၍ မြင့်မြတ်သောဟီမှုကို ဟီပြီ။
သော သဒ္ဒေါ သကလနဂရံ ပတ္ထရိတွာ ဂစ္ဆေယျ၊ ကဏ္ဍကမြင်းတော်၏ ထိုမြင့်မြတ်သည့် ဟီသံသည် ကပိလဝတ်တစ်မြို့လုံးကို ပျံ့နှံ့လွှမ်းခြုံ၍ သွားလောက်၏။ ပန ဒေဝတာ တံ သဒ္ဒံ နိရုမ္ဘိတွာ ကဿစိ သောတုံ န အဒံသု၊ သို့သော်လည်း နတ်တို့သည် ကဏ္ဍကမြင်း၏ ထိုဟီသံကို ပိတ်ပင်တားမြစ်ထားကြ၍ မည်သူ့အားမျှ ကြားဖို့ရာ မပေးကုန်။
ဗောဓိသတ္တောပိ ခေါ ဆန္နံ ပေသေတွာပိ၊ ဘုရားလောင်းသည်လည်း ဖွားဖက်တော် ဆန္နကို မြင်းယူစေလွှတ်ပြီး၍လည်း။ တာဝ ပုတ္တံ ပဿိဿာမီတိ စိန္တေတွာ၊ တောမထွက်မီအလျင် သားတော်ကို ရှုစားမည်ဟု ကြံ၍။ နိသိန္နပလ္လင်္ကတော ဥဋ္ဌာယ၊ ထိုင်နေတော်မူရာ ပလ္လင်မှ ထ၍။ ရာဟုလမာတုယာ ဝသနဋ္ဌာနံ ဂန္တွာ၊ ရာဟုလာမယ်တော်၏ နေရာသို့သွား၍။ ဂဗ္ဘဒွါရံ ဝိဝရိ၊ တိုက်ခန်းတံခါးကို ဖွင့်တော်မူပြီ။
တသ္မိံ ခဏေ အန္တောဂဗ္ဘေ၊ ထိုအခါ၌ တိုက်ခန်းအတွင်း၌။ ဂန္ဓတေလပဒီပေါ ဈာယတိ၊ နံ့သာဆီမီးသည် တောက်လောင်ထွန်းလင်းနေ၏။ ရာဟုလမာတာ သုမနမလ္လိကာဒီနံ ပုပ္ဖါနံ၊ ရာဟုလာမယ်တော်သည် မြတ်လေး,ကြက်ရုံး အစရှိကုန်သော ပန်းတို့၏။ အမ္ဗဏမတ္တေန အဘိပ္ပကိဏ္ဏသယနေ၊ တစ်အမ္ဗဏ (၁၁-စိတ်သား) မျှဖြင့် ကြဲဖြန့်အပ်သော အိပ်ရာပေါ်၌။ ပုတ္တဿ မတ္ထကေ ဟတ္ထံ ဌပေတွာ နိဒ္ဒါယတိ၊ သားတော်ရာဟုလာ၏ ထိပ်ထက်၌ လက်ကိုထား၍ အိပ်ပျော်နေ၏။
ဗောဓိသတ္တော ဥမ္မာရေ ပါဒံ ဌပေတွာ၊ အလောင်းတော်သိဒ္ဓတ္ထမင်းသည် တံခါးခုံ၌ ခြေထောက်ကို ထား၍။ ဌိတကောဝ ဩလောကေတွာ၊ ရပ်တော်မူလျက်သာ ကြည့်တော်မူ၍။ "သစာ အဟံ ဒေဝိယာ ဟတ္ထံ အပနေတွာ၊ အကယ်၍ ငါသည် ယသော်ဓရာမိဖုယား၏ လက်ကို ဖယ်ရှား၍။ မမ ပုတ္တံ ဂဏှိဿာမိ၊ ငါ၏ သားတော်ကို ယူလိုက်အံ့။ ဒေဝီ ပဗုဇ္ဈိဿတိ၊ ယသော်ဓရာမိဖုယားသည် နိုးလိမ့်မည်။ ဧဝံ မေ ဂမနန္တရာယော ဘဝိဿတိ၊ ဤသို့ ယသော်ဓရာမိဖုယား နိုးသော် ငါ၏ တောထွက်ခြင်းအန္တရာယ်သည် ဖြစ်လိမ့်မည်။ ဗုဒ္ဓေါ ဟုတွာဝ အာဂန္တွာ၊ ဘုရားသည် ဖြစ်ပြီး၍သာ လာ၍။ ပုတ္တံ ပဿိဿာမီတိ၊ သားတော်ကို ရှုမည်ဟု တွေးတော်မူ၍။ ပါသာဒတလတော ဩတရိ၊ နန်းတော်ပြာသာဒ်အပြင်မှ ဆင်းသက်တော်မူပြီ။
ပန၊ အထူးကား။ တဒါ ရာဟုလကုမာရော သတ္တာဟဇာတော ဟောတိီတိ၊ တောထွက်တော်မူရာ ထိုအခါ၌ ရာဟုလာမင်းသားသည် ခုနစ်ရက်သားရျိသည် ဖြစ်၏ဟု။ ဇာတကဋ္ဌကထာယံ ယံ ဝုတ္တံ၊ ဇာတ်အဋ္ဌကထာဟောင်း၌ အကြင်စကားကို ဆိုအပ်ပြီ။ တံ သေသဋ္ဌကထာသု နတ္ထိ၊ ဇာတ်အဋ္ဌကထာဟောင်း၌ ဆိုအပ်သော ထိုစကားသည် ကြွင်းကျန်သော အဋ္ဌကထာတို့၌ မရှိ။ တသ္မာ ဣဒမေဝ ဂဟေတဗ္ဗံ၊ ထိုသို့ မရှိသောကြောင့် ရာဟုလမင်းသား ဖွားရာနေ့၌ပင် တောထွက်၏ဟူသော ဤစကားကိုသာ မြဲမြံစွာမှတ်ယူရမည်။
ဧဝံ ဗောဓိသတ္တော ပါသာဒတလာ ဩတရိတွာ၊ ဤသို့ ဘုရားလောင်းသည် နန်းပြာသာဒ်အပြင်မှ ဆင်းတော်မူခဲ့၍။ အဿသမီပံ ဂန္တွာ ဧဝံ အာဟ၊ ကဏ္ဍကမြင်းတော်အနီးသို့ သွား၍ ဤသို့ ပြောပြီ။ (ကိံ၊ ဘယ်သို့ ပြောပြီနည်း)။
"တာတ ကဏ္ဍက တွံ အဇ္ဇ ဧကရတ္တိံ မံ တာရယ၊ အမောင်ကဏ္ဍက သင်ကဏ္ဍကသည် ယနေ့ တစ်ညဉ့်ပတ်လုံး ငါကိုယ်တော်မြတ်ကို ကူးမြောက်စေပါလော့။ အဟံ တံ နိဿာယ ဗုဒ္ဓေါ ဟုတွာ၊ ငါကိုယ်တော်မြတ်သည် သင်ကဏ္ဍကကို အမှီပြု၍ ဘုရားသည် ဖြစ်၍။ သဒေဝကံ လောကံ တာရေဿာမိ၊ နတ်နင့်တကွသော လောကကို ကူးမြောက်စေအံ့"။ ဣတိ၊ ဤသို့ ပြောပြီ။
တတော ဥလ္လင်္ဃိတွာ၊ ထိုသို့ပြောပြီးနောက် ခုန်၍။ ကဏ္ဍကဿ ပိဋ္ဌိံ အဘိရုဟိ၊ ကဏ္ဍကမြင်းတော်၏ ကျောပေါ်သို့ တက်စီးပြီ။
ကဏ္ဍကော ဂီဝတော ပဋ္ဌာယ၊ ကဏ္ဍကမြင်းတော်သည် လည်ပင်းမှ စ၍။ အာယာမေန အဋ္ဌာရသဟတ္ထော ဟောတိ၊ အလျားအားဖြင့် တစ်ဆယ့်ရှစ်တောင်ရှိသည် ဖြစ်၏။ တဒနုစ္ဆဝိကေန ဥဗ္ဗေဓေန သမန္နာဂတော၊ ထိုအလျားနှင့် သင့်လျော်သော အရပ်အမြင့်နှင့် ပြည့်စုံ၏။ ထာမဇဝသမ္ပန္နော သဗ္ဗသေတော ဓောတသင်္ခသဒိသော၊ ခွန်အား, အဟုန်နှင့် ပြည့်စုံ၏, တစ်ကိုယ်လုံးဖြူ၏, ပွတ်တိုက်ထားသော ခရုသင်းနှင့် တူ၏။
သော သစေ ဟသေယျ ဝါ၊ ထိုကဏ္ဍကမြင်းတော်သည် အကယ်၍ ဟီမူလည်း ဟီအံ့။ ပဒသဒ္ဒံ ဝါ ကရေယျ၊ ခွါသံကိုမူလည်း ပြုအံ့။ သဒ္ဒေါ သကလနဂရံ အဝတ္ထရေယျ၊ ဟီသံ, ခွါသံသည် ကပိလဝတ်တစ်မြို့လုံးကို လွှမ်းမိုးသွားလောက်၏။
တသ္မာ ဒေဝတာ၊ ထို့ကြောင့် နတ်တို့သည်။ အတ္တနော အာနုဘာဝေန၊ မိမိတို့၏ တန်ခိုးအာနုဘော်ဖြင့်။ ယထာ ကောစိ န သုဏာတိ၊ အကြင်သို့ တားမြစ်ထားသော် မည်သူသည်မျှ မကြား။ ဧဝံ တဿ ဟသိတသဒ္ဒံ သန္နိရုမ္ဘိတွာ၊ ဤသို့ မည်သူမျှမကြားအောင် ထိုကဏ္ဍကမြင်းတော်၏ ရယ်ရွှင်မြည်ဟီးသံကို ကောင်းစွာတားမြစ်၍။ အက္ကမနအက္ကမနပဒဝါရေ၊ နင်းတိုင်းနင်းတိုင်းသော ခြေလှမ်းအကြိမ်၌။ ဟတ္ထတလာနိ ဥပနာမေသုံ၊ လက်ဝါးအပြင်တို့ကို ခံထားကုန်ပြီ။
ဗောဓိသတ္တော အဿဝရဿ ပိဋ္ဌိဝေမဇ္ဈဂတော၊ ဘုရားလောင်းသည် ကဏ္ဍကမြင်းတော်မြတ်၏ ကျောလယ်၌ နေတော်မူလျက်။ ဆန္နံ အဿဿ ဝါလဓိံ ဂါဟာပေတွာ၊ ဖွားဖက်တော်ဆန္နကို ကဏ္ဍကမြင်းတော်၏ မြီးထူကို ကိုင်စေ၍။ (ဤစကားအရ ဆန္နသည် မြင်းအမြီးကို ဆွဲကိုင်သည် မဟုတ် မြင်းနောက်ပိုင်း အမြီးရင်းနားမှာ ထိုင်လျက် မြီးထူကို နောက်ပြန် ကိုင်ထားသည်ဟု အဓိပ္ပာယ်ယူရလျှင် မကောင်းလော)။ အဍ္ဎရတ္တသမယေ မဟာဒွါရသမီပံ ပတ္တော၊ သန်းခေါင်အခါ၌ ကပိလဝတ်မြို့တော်တံခါးကြီးအနီးသို့ ရောက်တော်မူပြီ။
ပန တဒါ၊ အထူးပြောရသော် ထိုအခါ၌။ ရာဇာ၊ သုဒ္ဓေါဒနမင်းကြီးသည်။ "ဧဝံ ဗောဓိသတ္တော၊ ဤသို့ပြုလုပ်စေသော် ဘုရားလောင်းသည်။ ယာယ ကာယစိ ဝေလာယ၊ တစ်ချိန်ချိန်၌။ နဂရဒွါရံ ဝိဝရိတွာ၊ မြို့တော်တံခါးကို ဖွင့်၍။ နိက္ခမိတုံ န သက္ခိဿတီတိ၊ ထွက်ခြင်းငှာ မစွမ်းနိုင်လတ္တံ့ဟု တွေးတော၍။ ဒွီသု ဒွါရကဝါဋေသု ဧကေကံ၊ တံခါးနှစ်ရွက်တို့တွင် တစ်ရွက်တစ်ရွက်ကို။ ပုရိသသဟဿေန ဝိဝရိတဗ္ဗံ ကာရာပေသိ၊ ယောကျ်ားတစ်ထောင်သည် ဖွင့်အပ်သည်ကို (ဖွင့်မှ ရသည်ကို) ပြုစေပြီ။
ဗောဓိသတ္တော ထာမဗလသမ္ပန္နော၊ ဘုရားလောင်းသည် ခွန်အားထက် ခွန်အားနှင့် ပြည့်စုံ၏ (အလွန်ကြီးမားသော ခွန်အားနှင့် ပြည့်စုံ၏)။ ဟတ္ထိဂဏနာယ ကောဋိသဟဿဟတ္ထီနံ ဗလံ ဓာရေတိ၊ ကာဠာဝကဆင်အရေအတွက်အားဖြင့် ကုဋေတစ်ထောင်ကုန်သော ကာဠာဝကဆင်တို့၏ ခွန်အားကို ဆောင်နိုင်၏။ ပုရိသဂဏနာယ ဒသကောဋိသဟဿပုရိသာနံ ဗလံ ဓာရေတိ၊ ယောကျ်ားအရေအတွက်အားဖြင့် ယောကျ်ားပေါင်းကုဋေတစ်သောင်းတို့၏ ခွန်အားကို ဆောင်နိုင်၏။
သစေ ဒွါရံ န ဝိဝရီယတိ၊ အကယ်၍ တံခါးသည် ပွင့်မနေအံ့။ အဇ္ဇ ကဏ္ဍကဿ ပိဋ္ဌေ နိသိန္နောဝ၊ ယနေ့ ကဏ္ဍကမြင်းတော်၏ ကျောပေါ်၌ ထိုင်လျက်ပင်။ ဝါလဓိံ ဂဟေတွာ ဌိတေန ဆန္နေန သဒ္ဓိံယေဝ၊ မြင်းတော်မြီးထူးကို ကိုင်၍ တည်နေသော ဖွားဖက်တော်ဆန္နနှင့် အတူသာ။ ကဏ္ဍကံ ဦရူဟိ နိပ္ပီဠေတွာ၊ ကဏ္ဍကမြင်းတော်ကို ပေါင်တို့ဖြင့် ညှပ်၍။ အဋ္ဌာရသဟတ္ထုဗ္ဗေဓံ ပါကာရံ၊ တစ်ဆယ့်ရှစ်တောင်မြင့်သော တံတိုင်းကို။ ဥပ္ပတိတွာ၊ ခုန်ပျံ၍။ အတိက္ကမိဿာမီတိ၊ ကျော်လွန်စေအံ့ဟု။ သော စိန္တေသိ၊ ထိုဘုရားလောင်းသည် ကြံစည်ပြီ။
ဆန္နောပိ စိန္တေသိ၊ ဖွားဖက်တော် ဆန္နအမတ်သည်လည်း ကြံစည်ပြီ။ (ကိံ၊ ဘယ်သို့ ကြံစည်ပြီနည်း)။ "သစေ ဒွါရံ န ဝိဝရီယတိ၊ အကယ်၍ တံခါးသည် ပွင့်မနေအံ့။ အဟံ အယျပုတ္တံ ခန္ဓေ နိသီဒါပေတွာ၊ ငါဆန္နသည် အရှင့်သားကို ပခုံးပေါ်၌ ထိုင်နေစေ၍။ ကဏ္ဍကံ ဒက္ခိဏေန ဟတ္ထေန၊ ကဏ္ဍကမြင်းတော်ကို လက်ယာဖြစ်သော လက်ဖြင့်။ ကုစ္ဆိယံ ပရိက္ခိပန္တော၊ ဝမ်းဗိုက်၌ ထက်ဝန်းကျင်မှ ရစ်ပတ်လျက်။ ဥပကစ္ဆန္တရေ ကတွာ၊ ချိုင်းကြားအနီး၌ ပြု၍။ ပါကာရံ ဥပ္ပတိတွာ အတိက္ကမိဿာမိ၊ တံတိုင်းကို ခုန်ပျံ၍ ကျော်လွန်စေအံ့"။ ဣတိ၊ ဤသို့ ကြံစည်ပြီ။
ကဏ္ဍကောပိ စိန္တေသိ၊ ကဏ္ဍကမြင်းတော်သည်လည်း ကြံပြီ။ (ကိံ၊ ဘယ်သို့ ကြံပြီနည်း)။ "သစေ ဒွါရံ န ဝိဝရီယတိ၊ အကယ်၍ တံခါးသည် ပွင့်မနေအံ့။ အဟံ အတ္တနော သာမိကံ ပိဋ္ဌိယံ ယထာနိသိန္နမေဝ၊ ငါကဏ္ဍကသည် မိမိ၏ သခင်ဘုရားလောင်းကို ကျောပေါ်၌ ထိုင်နေသည့်အတိုင်းပင်။ ဝါလဓိံ ဂဟေတွာ ဌိတေန ဆန္နေန သဒ္ဓိံယေဝ၊ ငါ့မြီးထူးကို နောက်ပြန်ကိုင်၍ တည်နေသော ဆန္နအမတ်နှင့် အတူသာ။ ဥက္ခိပိတွာ ပါကာရံ ဥပ္ပတိတွာ အတိက္ကမိဿာမိ ဣတိ၊ မြှောက်ချီ၍ တံတိုင်းကို ခုန်ပျံ၍ ကျော်လွန်အံ့" ဤသို့ ကြံပြီ။
သစေ ဒွါရံ န အဝါပုရီယိတ္ထ၊ အကယ်၍ တံခါးကို တံခါးစောင့်နတ် မဖွင့်အပ်သည် ဖြစ်အံ့။ ယထာစိန္တိတမေဝ တေသု တီသု ဇနေသု အညတရော သမ္ပါဒေယျ၊ ကြံသည့်အတိုင်းသာ ထိုသူသုံးယောက်တို့တွင် တစ်ယောက်ယောက်သည် မြို့တော်ပြင်ဖက် ထွက်မှုကိစ္စကို ပြီးစေရာ၏။
ပန အဓိဝတ္ထာ ဒေဝတာ ဒွါရံ ဝိဝရိ၊ သို့သော်လည်း တံခါးကိုစောင့်သော နတ်သည် တံခါးကို ဖွင့်ထားပြီ။
တသ္မိံယေဝ ခဏေ မာရော၊ ကပိလဝတ်မြို့တော်မှ ထွက်မည့်ဆဲဆဲ ထိုခဏ၌ပင် မာရ်နတ်သည်။ ဗောဓိသတ္တံ နိဝတ္တေဿာမီတိ အာဂန္တွာ၊ ဘုရားလောင်းကို နစ်စေအံ့ နောက်ပြန်ဆုတ်စေအံ့ဟု လာ၍။ အာကာသေ ဌိတော အာဟ၊ ကောင်းကင်၌ ရပ်တည်လျက် ပြောပြီ။ (ကိံ၊ ဘယ်သို့ ပြောပြီနည်း)။
‘‘မာရိသ မာ နိက္ခမ၊ အချင်းသိဒ္ဓတ္ထ သင်တောမထွက်လင့်။ ဣတော သတ္တမေ ဒိဝသေ၊ ဤနေ့မှ နောက်ခုနစ်ရက်မြောက်နေ့၌။ တေ စက္ကရတနံ ပါတုဘဝိဿတိ၊ သင့်အတွက် စကြာရတနာသည် ထင်ရှားဖြစ်လတ္တံ့။ ဒွိသဟဿပရိတ္တဒီပပရိဝါရာနံ စတုန္နံ မဟာဒီပါနံ၊ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီးလေးကျွန်းတို့ကို။ ရဇ္ဇံ ကာရေဿသိ၊ စကြာမင်းအဖြစ်ကို ပြုရလတ္တံ့။ နိဝတ္တ မာရိသ ဣတိ၊ နစ်ပါ နောက်ပြန်ဆုတ်ပါ အချင်းသိဒ္ဓတ္ထ" ဤသို့ပြောပြီ။
တွံ ကော အသိ ဣတိ၊ သင်သည် ဘယ်သူသည် ဖြစ်သနည်းဟု ဤသို့ ဘုရားလောင်းက မေးပြီ။
အဟံ ဝသဝတ္တီ ဣတိ၊ ငါကား ဝသဝတ္တီမာရ်နတ်တည်း ဤသို့မာရ်နတ်က ပြန်ပြောပြီ။
"မာရ မယှံ စက္ကရတနဿ ပါတုဘာဝံ အဟံ ဇာနာမိ၊ အိုမာရ်နတ် ငါ့အတွက် စကြာရတနာ၏ ထင်ရှားဖြစ်မည်ကို ငါသည် သိ၏။ အဟံ ရဇ္ဇေန အနတ္ထိကော၊ ငါသည် မင်းအဖြစ်ဖြင့် အလိုမရှိ။ ဒသသဟဿိလောကဓာတုံ ဥန္နာဒေတွာ၊ လောကဓာတ်တစ်သောင်းကို ပဲ့တင်ထပ်စေ၍။ ဗုဒ္ဓေါ ဘဝိဿာမိ ဣတိ အာဟ၊ ဘုရားစင်စစ်သည် ဖြစ်အံ့" ဤသို့ ဘုရားလောင်းက ပြောပြီ။
"ဣဒါနိ ဣတော ပဋ္ဌာယ၊ ယခုအခါ၌ ဤအချိန်မှ စ၍။ ကာမဝိတက္ကံ ဝါ ဗျာပါဒဝိတက္ကံ ဝါ ဝိဟိံသာဝိတက္ကံ ဝါ၊ ကာမဝိတက်ကို ဖြစ်စေ ဗျာပါဒဝိတက်ကို ဖြစ်စေ ဝိဟိံသာဝိတက်ကို ဖြစ်စေ။ တေ စိန္တိတကာလေ ဇာနိဿာမိ၊ သင်သိဒ္ဓတ္ထ၏ ကြံစည်ရာကာလ၌ သိရလိမ့်မည်"။ ဣတိ ဩတာရာပေက္ခော၊ ဤသို့ အခါအခွင့် ရှုကြည့်လျက်။ ဆာယာ ဝိယ အနပဂစ္ဆန္တော အနုဗန္ဓိ၊ အရိပ်ကဲ့သို့ ဖဲခွါမသွားဘဲ အစဉ်တစိုက် လိုက်ပြီ။
ဗောဓိသတ္တောပိ ဟတ္ထဂတံ စက္ကဝတ္တိရဇ္ဇံ၊ ဘုရားလောင်းသည်လည်း လက်တွင်းသို့ ရောက်လုနီးဖြစ်သော စကြဝတေးမင်းအဖြစ်ကို။ ခေဠပိဏ္ဍံ ဝိယ အနပေက္ခော ဆဍ္ဍေတွာ၊ တံတွေးပေါက်ကဲ့သို့ မငဲ့ကွက်ဘဲ စွန့်ပစ်၍။ မဟန္တေန သက္ကာရေန၊ ကြီးကျယ်မြင့်မြတ်သော ပူဇော်သက္ကာရဖြင့်။ အာသာဠှိပုဏ္ဏမာယ၊ ဝါဆိုလပြည့်နေ့၌။ ဥတ္တရာသာဠှနက္ခတ္တေ ဝတ္တမာနေ၊ ဥတ္တရာသာဠ်နက္ခတ်သည် မွန်းတည့်ဖြစ်လတ်သော်။ နဂရာ နိက္ခမိ၊ ကပိလဝတ်မြို့တော်မှ ထွက်တော်မူပြီ။
စ နိက္ခမိတွာ ပုန နဂရံ ဩလောကေတု ကာမော ဇာတော၊ ဆက်ပြောရသော် မြို့တော်မှ ထွက်တော်မူပြီး၍ တစ်ဖန် ကပိလဝတ်မြို့တော်ကို ကြည့်လိုသည် ဖြစ်ပြီ။
စ ပန ဧဝံ အဿ စိတ္တေ ဥပ္ပန္နမတ္တေယေဝ၊ ဆက်၍ အထူးပြောရသော် ဤသို့ ထိုဘုရားလောင်း၏ မြို့တော်ကြည့်လိုစိတ်သည် ဖြစ်ကာမျှ ဖြစ်သော်သာလျှင်။ "မဟာပုရိသ တယာ နိဝတ္တိတွာ၊ ယောကျ်ားမြတ် သင်ယောကျ်ားမြတ်သည် နောက်ပြန်လှည့်၍။ ဩလောကနကမ္မံ န ကတံ၊ ကြည့်ရမည့် ကုသိုလ်ကံမျိုးကို ပြုခဲ့သည်မဟုတ်"။ ဣတိ ဝဒမာနာ ဝိယ၊ ဤသို့ ပြောဘိသကဲ့သို့။ မဟာပထဝီ ကုလာလစက္ကံ ဝိယ ဘိဇ္ဇိတွာ ပရိဝတ္တိ၊ မြေကြီးသည် အိုးထိန်းစက်ကဲ့သို့ ပြိုကွဲ၍ ချာချာလည်ပြီ။
ဗောဓိသတ္တော နဂရာဘိမုခေါ ဌတွာ၊ ဘုရားလောင်းသည် ကပိလဝတ်မြို့တော်သို့ ရှေးရှု တန့်ရပ်တော်မူ၍။ နဂရံ ဩလောကေတွာ၊ ကပိလဝတ်မြို့တော်ကို ကြည့်တော်မူ၍။ တသ္မိံ ပထဝိပ္ပဒေသေ ကဏ္ဍကနိဝတ္တန စေတိယဋ္ဌာနံ ဒဿေတွာ၊ တန့်ရပ်ကြည့်တော်မူရာ ထိုမြေအရပ်၌ ကဏ္ဍကမြင်းတော်ရပ်တန့်ရာ စေတီတည်ဖို့ရာဌာနကို ဖွားဖက်တော်ဆန္နကို ပြ၍။ ဂန္တဗ္ဗမဂ္ဂါဘိမုခံ ကဏ္ဍကံ ကတွာ၊ သွားသင့်သောလမ်းသို့ ရှေးရှု ကဏ္ဍကမြင်းတော်ကို ပြုတော်မူပြီး၍။ မဟန္တေန သက္ကာရေန၊ ကြီးကျယ်မြင့်မြတ်လှစွာသော ပူဇော်သက္ကာရဖြင့်။ ဥဠာရေန သိရိသောဘဂ္ဂေန ပါယာသိ၊ ကြီးမြတ်ပြန့်ပြောသော ကျက်သရေ ရှိလှစွာသော တင့်တယ်မှုအစုဖြင့် ထွက်သွားတော်မူပြီ။
ကိရ တဒါ အဿ ဒေဝတာ၊ တစ်ဆင့်စကား ကြားရဖူးသည်ကား ထိုအခါ၌ ထိုဘုရားလောင်းအတွက် နတ်တို့သည်။ ပုရတော သဋ္ဌိ ဥက္ကာသဟဿာနိ၊ ရှေ့မှ မီးတိုင်ခြောက်သောင်းတို့ကိုလည်းကောင်း။ ပစ္ဆတော သဋ္ဌိ ဥက္ကာသဟဿာနိ၊ နောက်မှ မီးတိုင်‌ခြောက်သောင်းတို့ကိုလည်းကောင်း။ ဒက္ခိဏပဿတော သဋ္ဌိ ဥက္ကာသဟဿာနိ၊ လကျ်ာနံပါးမှ မီးတိုင်‌ခြောက်သောင်းတို့ကိုလည်းကောင်း။ ဝါမပဿတော သဋ္ဌိ ဥက္ကာသဟဿာနိ= လက်ဝဲနံပါးမှ မီးရှူးမီးတိုင်ခြောက်သောင်းတို့ကိုလည်းကောင်း။ ဓာရယိံသု၊ ဆောင်ယူကြကုန်ပြီ။ အပရာ ဒေဝတာ၊ အခြားကုန်သော နတ်တို့သည်။ စက္ကဝါဠမုခဝဋ္ဋိယံ၊ စကြဝဠာ နှုတ်ခမ်း၌။ အပရိမာဏာ ဥက္ကာ ဓာရယိံသု၊ အတိုင်းအရှည်မရှိကုန်သော မီးရှူးမီးတိုင်တို့ကို ဆောင်ယူကြကုန်ပြီ။ အပရာ ဒေဝတာ စ နာဂသုပဏ္ဏာဒယော စ၊ အခြားနတ်တို့သည်လည်းကောင်း နဂါးဂဠုန် စသည်တို့သည်လည်းကောင်း။ ဒိဗ္ဗေဟိ ဂန္ဓေဟိ မာလာဟိ စုဏ္ဏေဟိ ဓူမေဟိ၊ နတ်၌ဖြစ်ကုန်သော နံ့သာတို့ဖြင့်လည်းကောင်း, ပန်းတို့ဖြင့်လည်းကောင်း, အမှုန်တို့ဖြင့်လည်းကောင်း, အခိုးအထုံတို့ဖြင့်လည်းကောင်း။ ပူဇယမာနာ ဂစ္ဆန္တိ၊ ပူဇော်ကုန်လျက် သွားကုန်၏။
ပါရိစ္ဆတ္တကပုပ္ဖေဟိ စေဝ မန္ဒရဝပုပ္ဖေဟိ စ၊ ပင်လယ်ကသစ်ပန်းတို့ဖြင့်လည်းကောင်း, မန္ဒာရဝပန်းတို့ဖြင့်လည်းကောင်း။ ဃနမေဃဝုဋ္ဌိကာလေ ဓာရာဟိ ဝိယ၊ တိမ်ခဲကြီးမှ မိုးရွာချရာကာလ၌ မိုးရေစီးကြောင်းတို့ဖြင့်ကဲ့သို့။ နဘံ နိရန္တရံ အဟောသိ၊ ကောင်းကင်သည် အကြားအလပ်မရှိသည် ဖြစ်ပြီ။ ဒိဗ္ဗာနိ သံဂီတာနိ ပဝတ္တိံသု၊ နတ်၌ဖြစ်ကုန်သော သီချင်းသံတို့သည် ဖြစ်ကုန်ပြီ။ သမန္တတော အဋ္ဌသဋ္ဌိ တူရိယသတသဟဿာနိ ပဝဇ္ဇိံသု၊ ပတ်ပတ်လည်မှ တူရိယာပေါင်းတစ်သိန်းခြောက်သောင်းရှစ်ထောင်တို့သည် အလိုလိုမြည်ကုန်ပြီ။ သမုဒ္ဒကုစ္ဆိယံ မေဃတ္ထနိတကာလော ဝိယ၊ သမုဒ္ဒရာအလယ်၌ မိုးချုန်းသောကာလကဲ့သို့လည်းကောင်း။ ယုဂန္ဓရကုစ္ဆိယံ သာဂရနိဂ္ဃေါသကာလော ဝိယ ဝတ္တတိ၊ ယုဂန်ဓိုရ်တောင်ခါးပန်း၌ သမုဒ္ဒရာသံကြွေးကြော်ရာကာလကဲ့သို့လည်းကောင်း ဖြစ်၏။
ဣမိနာ သိရိသောဘဂ္ဂေန ဂစ္ဆန္တော ဗောဓိသတ္တော၊ ကျက်သရေရှိလှစွာသော ဤတင့်တယ်မှုအစုဖြင့် သွားသော ဘုရားလောင်းသည်။ ဧကရတ္တေနေဝ တီဏိ ရဇ္ဇာနိ အတိက္ကမ္မ၊ တစ်ညတည်းဖြင့်ပင် သာကိယ ကောဠိယ အလ္လ သုံးနိုင်ငံတို့ကိုကျော်လွန်၍။ တိံသယောဇနမတ္ထကေ အနောမာနဒီတီရံ ပါပုဏိ၊ ယူဇနာသုံးဆယ်ထက်၌ အနောမာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူပြီ။
ကိံ ပန၊ ဘယ်လိုလဲ။ အဿော၊ ကဏ္ဍကမြင်းတော်သည်။ တတော ပရံ ဂန္တုံ န သက္ကောတိ ဣတိ၊ ထိုယူဇနာ သုံးဆယ်ထက်အလွန် သွားခြင်းငှာ မစွမ်းနိုင်သလောဤကား အမေးတည်း။
န သက္ကောတိ နော၊ မစွမ်းနိုင်သည် မဟုတ်။
သော ဟိ ဧကံ စက္ကဝါဠဂဗ္ဘံ၊ အကျယ်တဝင့် ဖြေရသော် ထိုကဏ္ဍကမြင်းတော်သည် တစ်ခုသော စကြဝဠာတိုက်ကို။ နာဘိယာ ဌိတစက္ကဿ၊ ပုံးတောင်းဖြင့် တည်ရှိသော ဘီးဝိုင်း၏။ နေမိဝဋ္ဋိံ မဒ္ဒန္တော ဝိယ၊ အကွပ်တကူဝန်းကို နင်းဘိသကဲ့သို့။ အန္တန္တေန စရိတွာ၊ စကြဝဠာအစွန်ဖျား, အစွန်ဖျားဖြင့် လှည့်လည်၍။ ပုရေပါတရာသမေဝ အာဂန္တွာ၊ နံနက်စာမစားမီသာ ပြန်လာ၍။ အတ္တနော သမ္ပါဒိတံ ဘတ္တံ၊ မိမိအတွက်ပြင်ဆင်ထားအပ်သော အစာကို။ ဘုဉ္ဇိတုံ သမတ္ထော၊ စားခြင်းငှာ စွမ်းနိုင်၏ (စွမ်းနိုင်လောက်အောင် လျင်မြန်သော အဟုန်ရှိ၏)။
ပန တဒါ ဒေဝ,နာဂသုပဏ္ဏာဒီဟိ၊ သို့သော်လည်း ထိုအခါ၌ နတ်နဂါးဂဠုန် စသည်တို့သည်။ အာကာသေ ဌတွာ ဩဿဋ္ဌေဟိ ဂန္ဓမာလာဒီဟိ၊ ကောင်းကင်၌ တည်၍ ပစ်လွှတ်ပူဇော်အပ်ကုန်သော နံ့သာပန်း စသည်တို့ဖြင့်။ ယာဝ ဦရုပ္ပဒေသာ သဉ္ဆန္နံ သရီရံ အာကဍ္ဎိတွာ၊ ပေါင်အရပ်တိုင်အောင် ဖုံးလွှမ်းအပ်သော မိမိကိုယ်ကို ဆွဲငင်၍။ ဂန္ဓမာလာဇဋံ ဆိန္ဒန္တဿ၊ နံ့သာပန်းအရှုပ်အ‌ထွေးကို ဖြတ်ကျော်နေရသော ကဏ္ဍကမြင်းတော်အား။ အတိပ္ပပဉ္စော အဟောသိ၊ အလွန်ကြာမြင့်မှုသည် ဖြစ်ပြီ။ တသ္မာ တိံသယောဇနမတ္တမေဝ အဂမာသိ၊ ထို့ကြောင့် ယူဇနာသုံးဆယ်မျှကိုသာ ရောက်အောင်သွားနိုင်ပြီ။
အထ ဗောဓိသတ္တော နဒီတီရေ ဌတွာ၊ ယူဇနာသုံးဆယ်ရောက်ရာ ထိုအခါ၌ ဘုရားလောင်းသည် မြစ်ကမ်းနား၌ ရပ်တန့်၍။
အယံ နဒီ ကိန္နာမာတိ၊ ဤမြစ်သည် အဘယ်အမည်ရှိသနည်းဟု။ ဆန္နံ ပုစ္ဆိ၊ နောက်တော်ပါ ဆန္နကို မေးတော်မူပြီ။
အနောမာ နာမ ဒေဝါတိ၊ အနောမာမည်ပါ၏ အရှင်မင်းမြတ်ဟု လျှောက်ပြီ။
အမှာကံ ပဗ္ဗဇ္ဇာပိ၊ ငါတို့၏ ရဟန်းပြုမှုသည်လည်း။ အနောမာ ဘဝိဿတီတိ၊ မယုတ်မညံ့, မြင့်မြတ်သည် ဖြစ်လတ္တံ့ဟု တွေးတောတော်မူ၍။ ပဏှိယာ ဃဋ္ဋေန္တော၊ ဖ‌နောင့်တော်ဖြင့် ခတ်လျက်။ အဿဿ သညံ အဒါသိ၊ ကဏ္ဍကမြင်းတော်အား အမှတ်သညာကို ပေးတော်မူပြီ။
အဿော ဥပ္ပတိတွာ၊ ကဏ္ဍကမြင်းတော်သည် ခုန်၍။ အဋ္ဌူသဘဝိတ္ထာရာယ နဒိယာ၊ ရှစ်ဥသဘကျယ်သော အနောမာမြစ်၏။ ပါရိမတီရေ အဋ္ဌာသိ၊ ဟိုဘက်ကမ်း၌ တည်ပြီ။
ဗောဓိသတ္တော အဿပိဋ္ဌိတော ဩရုယှ၊ ဘုရားလောင်းသည် ကဏ္ဍကမြင်းတော်ကျောပေါ်မှ ဆင်း၍။ ရဇတပဋ္ဋသဒိသေ ဝါလုကာပုလိနေ ဌတွာ၊ ငွေပြားနှင့်တူသော သဲသောင်ပြင်၌ ရပ်တော်မူ၍။
"သမ္မ ဆန္န တွံ မယှံ၊ ဖွားဖက်တော် ဆန္န. . . သင်ဆန္နသည် ငါ၏။ အာဘရဏာနိ စေဝ ကဏ္ဍကဉ္စ အာဒါယ ဂစ္ဆ၊ အဆင်တန်ဆာတို့ကိုလည်းကောင်း, ကဏ္ဍကမြင်းတော်ကိုလည်းကောင်း ယူ၍ ပြန်သွားလော့။ အဟံ ပဗ္ဗဇိဿာမီတိ၊ ငါသည် ရဟန်းပြုတော့မည်"ဟူ၍။ ဆန္နံ အာမန္တေသိ၊ ဖွားဖက်တော် ဆန္နကို ပြောပြီ။
ဒေဝ အဟမ္ပိ ပဗ္ဗဇိဿာမီတိ၊ အရှင်မင်းမြတ် အကျွန်ုပ်ဆန္နသည်လည်း ရဟန်းပြုအံ့ဟု လျှောက်ထားပြီ။
"တယာ ပဗ္ဗဇိတုံ န လဗ္ဘာ၊ သင်ဆန္နသည် ရဟန်းပြုခြင်းငှာ အခွင့်မရ။ တွံ ဂစ္ဆ ဣတိ၊ သင်ဆန္နသည် ပြန်သွားလော့" ဤသို့။ ဗောဓိသတ္တော တိက္ခတ္တုံ ပဋိဗာဟိတွာ၊ ဘုရားလောင်းသည် သုံးကြိမ် တားပြီး၍။ အာဘရဏာနိ စေဝ ကဏ္ဍကဉ္စ ပဋိစ္ဆာပေတွာ၊ အဆင်တန်ဆာတို့ကိုလည်းကောင်း, ကဏ္ဍကမြင်းတော်ကိုလည်းကောင်း လက်ခံစေ၍ (အပ်နှံ၍)။ "မယှံ ဣမေ ကေသာ သမဏသာရုပ္ပါ န ဟောန္တိ ဣတိ စိန္တေသိ၊ ငါ၏ ဤဆံပင်တို့သည် ရဟန်းအား လျောက်ပတ်ကုန်သည် မဖြစ်ကုန်" ဤသို့ ကြံစည်တော်မူပြီ။
ဗောဓိသတ္တဿ ကေသေ ဆိန္ဒိတုံ ယုတ္တရူပေါ အညော နတ္ထိ၊ ဘုရားလောင်း၏ ဆံတော်တို့ကို ရိတ်ခြင်းငှာ သင့်လျော်သော, သဘောရှိသော အခြားသူသည် မရှိ။ တတော၊ ထိုသို့မရှိခြင်းကြောင့်။ ခဂ္ဂေန၊ သန်လျက်ဖြင့်။ သယမေဝ ဆိန္ဒိဿာမီတိ၊ ကိုယ်တော်တိုင်ပင် ရိတ်ဖြတ်မည်ဟု တွေးတော်မူ၍။ ဒက္ခိဏေန ဟတ္ထေန အသိံ ဂဟေတွာ၊ လက်ယာဖြစ်သော လက်တော်ဖြင့် သန်လျက်ကို ကိုင်တော်မူ၍။ ဝါမဟတ္ထေန မောဠိယာ သဒ္ဓိံ၊ လက်ဝဲလက်တော်ဖြင့် သျှောင်ထုံးနှင့် တကွ။ စူဠံ ဂဟေတွာ ဆိန္ဒိ၊ ဦးစွန်းဖုတ်တော်ကို ကိုင်၍ ရိတ်ဖြတ်‌တော်မူပြီ။ ကေသာ ဒွင်္ဂုလမတ္တာ ဟုတွာ၊ ဆံတော်တို့သည် လက်နှစ်သစ်ပမာဏရှိကုန်သည် ဖြစ်၍။ ဒက္ခိဏတော အာဝတ္တမာနာ၊ လက်ယာအားဖြင့် လည်ကုန်, ရစ်ကုန်လျက်။ သီသံ အလ္လီယိံသု၊ ခေါင်းတော်၌ ကပ်ငြိကုန်ပြီ။
ယာဝဇီဝံ တေသံ တဒေဝ ပမာဏံ အဟောသိ၊ သက်တော်ရှိသမျှ ကာလပတ်လုံး ထိုဆံတော်တို့၏ ထိုလက်နှစ်သစ်ပမာဏသည်သာ ဖြစ်ပြီ။ မဿု စ တဒနုရူပံ၊ မုတ်ဆိတ်ကြင်စွယ်သည်လည်း ထိုဆံတော်နှင့် လျော်စွာပင် ဖြစ်၏။ ပုန ကေသမဿုဩဟာရဏကိစ္စံ နာမ နာဟောသိ၊ တစ်ဖန် ဆံမုတ်ဆိတ်ကြင်စွယ်ရိတ်ဖွယ်ကိစ္စမည်သည် မရှိပြီ။
ဗောဓိသတ္တော မောဠိယာ သဟ စုဠံ ဂဟေတွာ၊ ဘုရားလောင်းသည် သျှောင်ထုံးနှင့်တကွ ဦးစွန်းဖုတ်တော်ကို ကိုင်၍။ "သစာ အဟံ ဗုဒ္ဓေါ ဘဝိဿာမိ၊ အကယ်၍ ငါသည် ဘုရားစင်စစ်သည် ဖြစ်အံ့။ အာကာသေ တိဋ္ဌတု၊ ကောင်းကင်၌ တည်ပါစေ။ စေ နော ဘူမိယံ ပတတု၊ အကယ်၍ မဖြစ်အံ့ မြေ၌ကျစေသတည်း"။ ဣတိ အန္တလိက္ခေ ခိပိ၊ ဤသို့ အဓိဋ္ဌာန်၍ ကောင်းကင်သို့ ပစ်မြှောက်လိုက်ပြီ။
တံ စူဠာမဏိဝေဌနံ၊ ပတ္တမြားဆံထိုးရစ်ပတ်ရာ ထိုသျှောင်ထုံးတော်သည်။ ယောဇနပ္ပမာဏံ ဌာနံ ဂန္တွာ၊ တစ်ယူဇနာပမာဏရှိသော ကောင်းကင်ဌာနသို့ တက်သွား၍။ အာကာသေ အဋ္ဌာသိ၊ ကောင်းကင်၌ တည်နေပြီ။
ဒေဝရာဇာ သက္ကော၊ နတ်ဘုရင်ဖြစ်သော သိကြားမင်းသည်။ ဒိဗ္ဗစက္ခုနာ ဩလောကေတွာ၊ နတ်မျက်စိဖြင့် မြင်၍။ ယောဇနိယရတနစင်္ကောဋကေန သမ္ပဋိစ္ဆိတွာ၊ တစ်ယူဇနာရှိ, ရတနာပန်းတောင်းဖြင့် ကောင်းစွာ ခံယူ၍။ တာဝတိံသဘဝနေ စူဠာမဏိစေတိယံ နာမ ပတိဋ္ဌာပေသိ၊ တာဝတိံသာနတ်ပြည်၌ စူဠာမဏိဘွဲ့တော်ရှိသော စေတီကို တည်ထားပြီ။
အဂ္ဂပုဂ္ဂလော၊ လောကတွင် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်သော ပစ္ဆိမဘဝိကဘုရားလောင်းသည်။ ဝရဂန္ဓဝါသိတံ မောဠိံ ဆေတွာန၊ အကောင်းစား နံ့သာတို့ ထုံထားအပ်သော ဥသျှောင်တော်ကို ဖြတ်၍။ ဝေဟာယသံ ဥက္ခိပိ၊ ကောင်းကင်သို့ ပစ်မြှောက်လိုက်ပြီ။
သဟဿနေတ္တော ဝါသဝေါ၊ မျက်စိတစ်ထောင်ရှိသော သိကြားမင်းသည်။ သိရသာ သုဝဏ္ဏစင်္ကောဋဝရေန ပဋိဂ္ဂဟိ၊ ဦးခေါင်းဖြင့် ရွက်ထားသော ရွှေပန်းတောင်မြတ်ဖြင့် ခံယူပြီ။ ဣတိ၊ ဤကား တိုတိုထွာထွာမှတ်ရန်ကဗျာတည်း။
"မယှံ ဣမာနိ ကာသိကဝတ္ထာနိ၊ ငါ၏ ဤကာသိတိုင်းဖြစ် အဝတ်တို့သည်။ န သမဏသာရုပ္ပါနိ၊ သမဏသာရုပ္ပမဖြစ်ကုန်။ ဣတိ ဗောဓိသတ္တော ပုန စိန္တေသိ၊ ဤသို့ ဘုရားလောင်းသည် နောက်ထပ်တွေးတောမိပြီ။
အထ ကဿပဗုဒ္ဓ ကာလေ၊ ကြံတော်မူရာ ထိုအခါ၌ ကဿပဘုရားလက်ထက်တော်က။ အဿ ပုရာဏသဟာယကော ဃဋီကာရမဟာဗြဟ္မာ၊ ထိုဘုရားအလောင်းတော်၏ သူငယ်ချင်းဟောင်းဖြစ်သော ဃဋိကာရဗြဟ္မာကြီးသည်။ ဧကံ ဗုဒ္ဓန္တရံ၊ ဘုရားနှစ်ဆူတို့၏ တစ်ခုသောကြားကာလပတ်လုံး။ ဇရံ အပတ္တေန မိတ္တဘာဝေန၊ ဆွေးမြေ့ခြင်းသို့ မရောက်သော မိတ်ဆွေဖြစ်ခြင်းကြောင့်။
"အဇ္ဇ မေ သဟာယကော၊ ယနေ့ ငါ၏ သူငယ်ချင်းသည်။ မဟာဘိနိက္ခမနံ နိက္ခန္တော၊ ကြီးကျယ်မြင့်မြတ်သော တောထွက်မှုကို ထွက်လာပြီ။ အဿ သမဏပရိက္ခာရံ၊ ထိုသူငယ်ချင်းအတွက် ရဟန်းပရိက္ခရာကို။ ဂဟေတွာ ဂစ္ဆိဿာမိ ဣတိ စိန္တေသိ၊ ယူ၍ သွားအံ့" ဤသို့ ကြံစည်ပြီ။
တိစီဝရဉ္စ၊ သင်းပိုင်ဧကသီသင်္ကန်းကြီး သင်္ကန်းသုံးထည်လည်းကောင်း။ ပတ္တော စ၊ သပိတ်လည်းကောင်း။ ဝါသီ သူစိ စ ဗန္ဓနံ၊ သင်တုံးဓါးလည်းကောင်း, အပ်လည်းကောင်း, ခါးပန်းကြိုးလည်းကောင်း။
ပရိဿာဝနေန ဧတေ အဋ္ဌေ၊ ရေစစ်နှင့်တကွ ဤရှစ်မျိုးတို့သည်။ ယုတ္တယောဂဿ ဘိက္ခုနော ဣတိ၊ အားထုတ်သင့်သည်ကို, အားထုတ်သော, ရဟန်း၏ ဥစ္စာတို့တည်းဟူကုန်သော။
ဣမေ အဋ္ဌသမဏပရိက္ခာရေ၊ ဤရဟန်းပရိက္ခရာ ရှစ်မျိုးတို့ကို။ အာဟရိတွာ အဒါသိ၊ ယူဆောင်လာ၍ လှူပြီ။
ဗောဓိသတ္တော အရဟဒ္ဓဇံ နိဝါသေတွာ၊ ဘုရားလောင်းသည် ရဟန္တာတို့ အလံတံခွန်သင်္ကန်းကို ဝတ်ရုံပြီး၍။ ဥတ္တမပဗ္ဗဇ္ဇာဝေသံ ဂဟေတွာ၊ မြင့်မြတ်လှစွာသော ရဟန်းအသွင်ကို ယူတော်မူပြီး၍။ "ဆန္န မမ ဝစနေန၊ အိုဖွားဖက်တော်ဆန္န ငါ၏ စကားဖြင့်။ မာတာပိတူနံ အာရောဂျံ ဝဒေဟိ၊ မယ်တော် ခမည်းတော်တို့အား ကျန်းမာကြောင်းကို လျှောက်ထားလိုက်လော့"။ ဣတိ ဝတွာ ဥယျောဇေသိ၊ ဤသို့ ပြော၍ ပြန်လွှတ်လိုက်ပြီ။
ဆန္နော ဗောဓိသတ္တံ ဝန္ဒိတွာ၊ ဆန္နသည် ဘုရားလောင်းကို ရှိခိုး၍။ ပဒက္ခိဏံ ကတွာ ပက္ကာမိ၊ အရိုအသေကိုပြု၍ ဖဲခွါပြီ။
ပန ကဏ္ဍကော ဆန္နေန သဒ္ဓိံ၊ ထူးခြားသည်ကား ကဏ္ဍကမြင်းတော်သည် ဖွားဖက်တော် ဆန္နနှင့်တကွ။ မန္တယမာနဿ ဗောဓိသတ္တဿ ဝစနံ၊ ပြောဆိုနေသော ဘုရားလောင်း၏ စကားကို။ သုဏန္တော ဌတွာ၊ နားထောင်လျက် ရပ်၍။ "ဒါနိ မယှံ သာမိနော ပုန ဒဿနံ နတ္တိ၊ ယခု ငါ၏သခင်ကို တစ်ဖန်တွေ့မြင်ရခြင်းသည် မရှိပြီ။" ဣတိ စက္ခုပထံ ဝိဇဟန္တော၊ ဤသို့တွေး၍ မျက်စိမြင်လောက်ရာကို စွန့်သော်။ သောကံ အဓိဝါသေတုံ အသက္ကောန္တော၊ ပူဆွေးသောကကို သည်းခံခြင်းငှာ မစွမ်းနိုင်ရကား။ ဖလိတေန ဟဒယေန ကာလံ ကတွာ၊ ကွဲသောနှလုံးဖြင့် (နှလုံးကွဲ၍) သေမှုကို ပြု၍။ တာဝတိံသဘဝနေ၊ တာဝတိံသာနတ်ပြည်၌။ ကဏ္ဍကော နာမ ဒေဝပုတ္တော ဟုတွာ နိဗ္ဗတ္တိ၊ ကဏ္ဍကမည်သော နတ်သားသည် ဖြစ်၍ ဖြစ်ပြီ။
ဆန္နဿ ပဌမံ ဧကောဝ သောကော အဟောသိ၊ ဆန္နမှာ ပထမတစ်ခုသာ ဖြစ်သော သခင်နှင့်ကွေကွင်းရခြင်း သောကသည် ဖြစ််ပြီ။ ကဏ္ဍကဿ ကာလကိရိယာယ ပန၊ ကဏ္ဍကမြင်းတော်၏ သေလွန်မှုကြောင့်ကား။ ဒုတိယေန သောကေန ပီဠိတော၊ ဒုတိယသောကသည် နှိပ်စက်အပ်သည် ဖြစ်၍။ ရောဒန္တော ပရိဒေဝန္တော၊ ငိုကြွေးလျက် မြည်တမ်းလျက်။ နဂရံ အဂမာသိ၊ ကပိလဝတ်မြို့တော်သို့ ပြန်သွားပြီ။
ဗောဓိသတ္တောပိ ပဗ္ဗဇိတွာ၊ ဘုရားလောင်းသည်လည်း ရဟန်းပြု၍။ တသ္မိံယေဝ ပဒေသေ၊ ထိုအရပ်၌ပင်။ အနုပိယံ နာမ အမ္ဗဝနံ အတ္ထိ တတ္ထ၊ အနုပိယမည်သော သရက်တောသည် ရှိ၏, ထိုအနုပိယသရက်တော၌။ သတ္တာဟံ ပဗ္ဗဇ္ဇာသုခေန ဝီတိနာမေတွာ၊ ခုနစ်ရက်ကို ရဟန်းပြုရခြင်း ချမ်းသာဖြင့် ကုန်လွန်စေ၍။ ဧကဒိဝသေနေဝ တိံသယောဇနမဂ္ဂံ၊ တစ်ရက်တည်းဖြင့်သာ ယူဇနာသုံးဆယ်ခရီးကို။ ပဒသာ ဂန္တွာ၊ ခြေဖြင့်သွား၍။ ရာဇဂဟံ ပါဝိသိ၊ ရာဇဂြိုဟ်မြို့သို့ ဝင်ပြီ။
ပဝိသိတွာ သပဒါနံ ပိဏ္ဍာယ စရိ၊ ဝင်ပြီး၍ အိမ်စဉ်အတိုင်း ဆွမ်းအကျိုးငှာ လှည့်လည်ပြီ။
သကလနဂရံ ဗောဓိသတ္တဿရူပဒဿနေန၊ ရာဇဂြိုဟ်တစ်မြို့လုံးသည် ဘုရားလောင်း၏ ရုပ်အဆင်းဖူး‌မြင်ရခြင်းကြောင့်။ ဓနပါလကေန ပဝိဋ္ဌရာဇဂဟံ ဝိယ၊ ဓနပါလအမည်ရသော နာဠာဂိရိဆင်သည် ဝင်လာအပ်သော ရာဇဂြိုဟ်မြို့ကဲ့သို့လည်းကောင်း။ အသုရိန္ဒေန ပဝိဋ္ဌဒေဝနဂရံ ဝိယ စ၊ အသုရာနတ်မင်းသည် ဝင်လာအပ်သော တာဝတိံသာနတ်ပြည်ကဲ့သို့လည်းကောင်း။ သင်္ခေါဘံ အဂမာသိ၊ လှုပ်ရှားချောက်ချားခြင်းသို့ ရောက်ပြီ။
ရာဇပုရိသာ ဂန္တွာ၊ မင်းချင်းယောကျ်ားတို့သည် သွားကုန်၍။ "ဒေဝ ဧဝရူပေါ နာမ သတ္တော၊ အရှင်မင်းမြတ် ဤသို့သဘောရှိသည် မည်သော ပုဂ္ဂိုလ်သည်။ နဂရေ ပိဏ္ဍာယ စရတိ၊ မြို့တော်၌ ဆွမ်းအကျိုးငှာ လှည့်လည်နေ၏။ ဒေဝေါ ဝါ မနုဿော ဝါ၊ နတ်လေလော လူလေလော။ နာဂေါ ဝါ သုပဏ္ဏော ဝါ၊ နဂါးလေလော ဂဠုန်လေလော။ ဧသော ကော နာမေ ဣတိ၊ ဤဆွမ်းခံလှည့်လည်သော သူကားအဘယ်မည်သော သူနည်းဟူ၍။ န ဇာနာမာတိ အာရောစေသုံ၊ မသိပါကုန်ဟု လျှောက်ထားကုန်ပြီ။
ရာဇာ ပါသာဒတလေ ဌတွာ၊ ဗိမ္ဗိသာရမင်းသည် ပြာသာဒ်အပြင်၌ တည်၍။ မဟာပုရိသံ ဒိသွာ၊ အလောင်းတော်ယောကျ်ားမြတ်ကို ဖူးမြင်ရ၍။ အစ္ဆရိယဗ္ဘု‌တော၊ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်၍။
"ဂစ္ဆထ ဘဏေ ဝီမံသထ၊ သွားကြ, အချင်းတို့ စုံစမ်းကြ. သစေ အမနုဿော ဘဝိဿတိ၊ အကယ်၍ ဘီလူးသည် ဖြစ်အံ့။ နဂရာ နိက္ခမိတွာ အန္တရဓာယိဿတိ၊ မြို့တော်မှ ထွက်၍ ကွယ်ပျောက်လတ္တံ့။ သစေ ဒေဝတာ ဘဝိဿတိ၊ အကယ်၍ နတ်သည် ဖြစ်အံ့။ အာကာသေန ဂစ္ဆိဿတိ၊ ကောင်းကင်ဖြင့် သွားလတ္တံ့။ သစေ နာဂေါ ဘဝိဿတိ၊ အကယ်၍ နဂါးသည် ဖြစ်အံ့။ ပထဝိယံ နိမုဇ္ဇိတွာ ဂမိဿတိ၊ မြေ၌ ငုပ်လျှိုး၍ သွားလတ္တံ့။ သစေ မနုဿော ဘဝိဿတိ၊ အကယ်၍ လူသည် ဖြစ်အံ့။ ယထာလဒ္ဓံ ဘိက္ခံ ဘုဉ္ဇိဿတီတိ၊ ရအပ်သမျှသော ဆွမ်းကို ဘုဉ်းပေးလတ္တံ့"ဟု ပြော၍။ ပုရိသေ အာဏာပေသိ၊ အမှုထမ်းယောကျ်ားတို့ကို အမိန့်ပေးပြီ။
မဟာပုရိသောပိ မိဿကဘတ္တံ သံဟရိတွာ၊ အလောင်းတော် ယောကျ်ားမြတ်သည်လည်း အကောင်းအဆိုး, နှစ်မျိုးရောသော ဆွမ်းကို ကောင်းစွာဆောင်ယူ၍။ "ဧတ္တကံ မေ ယာပနာယာ အလံတိ ဉတွာ၊ ဤမျှ အတိုင်းအရှည်ရှိသော ဆွမ်းသည် ငါ့အား မျှတခြင်းငှာ သင့်လျော်၏ဟု သိတော်မူ၍။ ပဝိဋ္ဌဒွါရေနေဝ နဂရာ နိက္ခမိတွာ၊ ဝင်တော်မူခဲ့ရာတံခါးဖြင့်ပင် ရာဇဂြိုဟ်မြို့မှ ထွက်တော်မူခဲ့၍။ ပဏ္ဍဝပဗ္ဗတစ္ဆာယာယ ပုရတ္ထာဘိမုခေါ နိသီဒိတွာ၊ ပဏ္ဍဝတောင်ရိပ်၌ အရှေ့ဖက်လှည့် ထိုင်တော်မူ၍။ အာဟာရံ ပရိဘုဉ္ဇိတုံ အာရဒ္ဓေါ၊ ကောင်းဆိုးနုကြမ်း ရောပြွမ်းသော, အာဟာရကို ဘုဉ်းပေးခြင်းငှာ အားထုတ်ပြီ (ပြင်ဆင်ပြီ)။
အထ အဿ အန္တာနိ ပရိဝတ္တိတွာ၊ ဆွမ်းစားဖို့ အားထုတ်ရာ ထိုအခါ၌ ထိုငါတို့ဘုရားလောင်း၏ အူတို့သည် ချာချာလည်ကုန်၍။ မုခေန နိက္ခမနာကာရပ္ပတ္တာနိ ဝိယ အဟေသုံ၊ ခံတွင်းမှ ထွက်အံ့သောအခြင်းအရာသို့ ရောက်ကြသကဲ့သို့ ဖြစ်ကုန်ပြီ။
တတော တေန အတ္တဘာဝေန၊ ထို့ကြောင့် ထိုခန္ဓာကိုယ်ဖြင့်။ ဧဝရူပဿ အာဟာရဿ၊ ဤသို့သဘောရှိသော အာဟာရကို။ စက္ခုနာပိ အဒိဋ္ဌပုဗ္ဗတာယ၊ စားဖို့မဆိုထားဘိ, မျက်စိဖြင့်သော်မှလည်း မမြင်ဖူးသည်၏ အဖြစ်ကြောင့်။ တေန ပဋိကူလာဟာရေန အဋ္ဋိယမာနော၊ ထိုစက်ဆုပ်ဖွယ်, အာဟာရကြောင့် စိတ်ထဲနာကျင်သကဲ့သို့ဖြစ်၍။ "သိဒ္ဓတ္ထ တွံ သုလဘန္နပါနေ ကုလေ၊ အို သိဒ္ဓတ္ထ သင်သည် စားဖွယ်သောက်ဖွယ် ရလွယ်သော အမျိုး၌။ တိဝဿိကဂန္ဓသာလိဘောဇနံ နာနဂ္ဂရသေဟိ၊ သုံးနှစ်ချို့, နံ့သာ, သလေးဆန်ဘောဇဉ်ကို ကောင်းမြတ်သော အရသာ အမျိုးမျိုးတို့ဖြင့်။ ဘုဉ္ဇနဋ္ဌာနေ နိဗ္ဗတ္တိတွာပိ၊ စားရသည့် ဌာန၌ ဖြစ်နေပြီး၍လည်း။ ဧကံ ပံသုကူလိကံ ဒိသွာ၊ ပံသုကူဆောင် ရဟန်းတော်တစ်ပါးကို တွေ့မြင်ရ၍။ အဟမ္ပိ ဧဝရူပေါ ဟုတွာ၊ ငါသိဒ္ဓတ္ထမင်းသည်လည်း ဤသို့သဘောရှိသော ပံသုကူဆောင်ရဟန်းသည် ဖြစ်၍။ ပိဏ္ဍာယ စရိတွာ၊ ဆွမ်းအကျိုးငှာ လှည့်လည်၍။ ကဒါ ဘုဉ္ဇိဿာမိ နု ခေါ၊ ဘယ်အခါ၌ စားနိုင်ပါအံ့နည်း။ မေ သော ကာလော ဘဝိဿတိ နု ခေါ၊ ငါသိဒ္ဓတ္ထမင်းမှာ ထိုပဏ္ဍပါတ်ဆွမ်း စားနိုင်သော ကာလသည် အဘယ်အခါ ဖြစ်ပါအံ့နည်း။ ဣတိ စိန္တေတွာ နိက္ခန္တော နနု၊ ဤသို့ ကြံစည်၍ တောထွက်ခဲ့သည် မဟုတ်လော။ ဣဒါနိ ကိံ နာမ ဧတံ ကရောသိ၊ လက်တွေ့စားရမည့် ယခုအခါ၌ အဘယ်မည်သော စိတ်နာကျင်သကဲ့ ဖြစ်သော ဤအမှုကို ပြုရဘိသနည်း။" ဣတိ အတ္တနာဝ အတ္တာနံ ဩဝဒိ၊ ဤသို့ ကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကို ဆုံးမပြီ။
ဧဝံ အတ္တနာဝ အတ္တာနံ ဩဝဒိတွာ၊ ဤသို့ ကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကို ဆုံးမ၍။ နိဗ္ဗိကာရော ဟုတွာ အာဟာရံ ပရိဘုဉ္ဇိ၊ ရွံရှာဖောက်ပြန်မှုမရှိသည် ဖြစ်၍ ကောင်းဆိုးနုကြမ်း ရောပြွမ်းအာဟာရကို ဘုဉ်းပေးတော်မူပြီ။
ရာဇပုရိသာ တံ ပဝတ္တိံ ဒိသွာ၊ ဗိမ္ဗိသာရမင်း, အမှုထမ်းယောကျ်ားတို့သည် ထိုအကြောင်းကို တွေ့မြင်ရ၍။ ဂန္တွာ ရညော အာရောစေသုံ၊ သွား၍ ဗိမ္ဗိသာရမင်းအား လျှောက်ထားကုန်ပြီ။
ရာဇာ ဒူတဝစနံ သုတွာ၊ ဗိမ္ဗိသာရမင်းသည် တမန်လျှောက်ထားသည့် စကားကို ကြားရ၍။ ဝေဂေန နဂရာ နိက္ခမိတွာ၊ အဟုန်ဖြင့် ရာဇဂြိုဟ်မြို့တော်မှ ထွက်ခဲ့၍။ ဗောဓိသတ္တဿ သန္တိကံ ဂန္တွာ၊ ဘုရားလောင်း၏ အနီးသို့ သွားရောက်၍။ ဣရိယာပထသ္မိံယေဝ ပသီဒိတွာ၊ ဣရိယာပုတ်၌ပင် ကြည်ညို၍။ ဗောဓိသတ္တဿ သဗ္ဗံ ဣဿရိယံ နိယျာဒေသိ၊ ဘုရားလောင်းအား အစိုးရမှုအားလုံးကို အပ်နှင်းပြီ။
"မဟာရာဇ မယှံ ဝတ္ထုကာမေဟိ ဝါ ကိလေသကာမေဟိ ဝါ၊ မင်းကြီး ငါ့အား လိုလားဖွယ်ရာ ဝတ္ထုတို့ဖြင့်လည်းကောင်း လိုလားတတ်သော စိတ်ထားတို့ဖြင့်လည်းကောင်း။ အတ္ထော နတ္ထိ၊ အလိုသည် မရှိ။ အဟံ ပရမာဘိသမ္ဗောဓိံ ပတ္ထယန္တော နိက္ခန္တော၊ ငါသည် အမြတ်ဆုံးသမ္ဗောဓိကို လိုလားလျက် တောထွက်ခဲ့၏"။ ဣတိ ဗောဓိသတ္တော အာဟ၊ ဤသို့ ဘုရားလောင်းသည် ပြောပြီ။
ရာဇာ အနေကပ္ပကာရံ ယာစန္တောပိ၊ ဗိမ္ဗိသာရမင်းသည် အထူးထူးအပြားပြား များစွာ တောင်းပန်သော်လည်း။ တဿ စိတ္တံ အလဘိတွာ၊ ထိုငါတို့ဘုရားလောင်း၏ စိတ်ကို ကိုယ့်အလိုကျ မရ၍။ "အဒ္ဓါ တွံ ဗုဒ္ဓေါ ဘဝိဿသိ၊ ဧကန်မလွဲ အရှင်ဘုရားသည် ဘုရားစင်စစ် ဖြစ်လတ္တံ့။ တေ ဗုဒ္ဓဘူတေန ပန၊ အရှင်ဘုရားသည် ဘုရားစင်စစ် ဖြစ်တော်မူသော်ကား။ ပဌမံ မမ ဝိဇိတံ အာဂန္တဗ္ဗံ၊ ပထမဆုံး တပည့်တော်၏ တိုင်းပြည်သို့ ကြွလာရမည်"။ ဣတိ ပဋိညံ ဂဏှိ၊ ဤသို့ ဝန်ခံမှုကို အရယူပြီ။
အယံ ဧတ္ထ သင်္ခေပေါ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား ဤဇာတ်အဋ္ဌကထာ၌ အကျဉ်းချုပ်တည်း။ ဝိတ္ထာရော ပန၊ အကျယ်ကိုကား။ "ပဗ္ဗဇ္ဇံ ကိတ္တယိဿာမိ, ယထာ ပဗ္ဗဇိ စက္ခုမာ’’တိ ဣမံ ပဗ္ဗဇ္ဇာသုတ္တံ၊ 'ပဗ္ဗဇ္ဇံ ကိတ္တယိဿာမိ, ယထာ ပဗ္ဗဇိ စက္ခုမ'စသော ဤပဗ္ဗဇ္ဇာသုတ်ကို။ အဋ္ဌကထာယ သဒ္ဓိံ ဩလောကေတွာ ဝေဒိတဗ္ဗော၊ အဋ္ဌကထာနှင့်အတူ ကြည့်၍သိပါလေ။
ဗောဓိသတ္တောပိ ရညော ပဋိညံ ဒတွာ၊ ဘုရားလောင်းသည်လည်း ဗိမ္ဗိသာရမင်းအား ကြွလာမည်ဟု ဝန်ခံမှုကို ပေး၍။ အနုပုဗ္ဗေန စာရိကံ စရမာနော၊ အစဉ်အားဖြင့် ဒေသစာရီကို လှည့်လည်တော်မူသော်။ ကာလာမံ အာဠာရဉ္စ၊ ကာလာမမျိုးဖြစ်သော အာဠာရရသေ့ထံသို့လည်းကောင်း။ ရာမပုတ္တံ ဥဒကဉ္စ၊ ရာမသားဖြစ်သော ဥဒကရသေ့ထံသို့လည်းကောင်း။ ဥပသင်္ကမိတွာ သမာပတ္တိယော နိဗ္ဗတ္တေတွာ၊ ချဉ်းကပ်၍ လောကီဈာန်သမာပတ်တို့ကို ဖြစ်စေ၍။ အယံ ဗောဓာယာ န မဂ္ဂေါ၊ ဤအကျင့်လမ်းစဉ်သည် နိဗ္ဗာန်သိခြင်းငှာ အကျင့်လမ်းစဉ်မဟုတ်"။ ဣတိ တမ္ပိ သမာပတ္တိဘာဝနံ အနလင်္ကရိတွာ၊ ဤသို့ သိ၍ ထိုလောကီသမာပတ်ပွားများခြင်းကိုလည်း မဆင်မြန်းမူ၍။ သဒေဝကဿ လောကဿ၊ နတ်နှင့်တကွသော သတ္တလောကအား။ အတ္တနော ထာမဝီရိယသန္ဒဿနတ္ထံ၊ မိမိ၏ စွမ်းအားဝီရိယ ကောင်းစွာပြခြင်းငှာ။ မဟာပဓာနံ ပဒဟိတုကာမော၊ ကြီးကျယ်မြင့်မြတ်သူတို့သာ, အားထုတ်နိုင်သော, အကျင့်ကိုကျင့်ကြံ အားထုတ်လို၍။ ဥရုဝေလံ ဂန္တွာ၊ ဥရုဝေလာတောသို့ သွား၍။ အယံ ဘူမိဘာဂေါ ရမဏီယော ဝတ၊ ဤမြေအဖို့သည် မွေ့လျော်ဖွယ် ကောင်းပေစွတကား"။ ဣတိ တတ္ထေဝ ဝါသံ ဥပဂန္တွာ၊ ဤသို့ တွေးတောသဘောကျ၍ ထိုဥရုဝေလတော၌သာ နေခြင်းသို့ ကပ်ရောက်၍။ မဟာပဓာနံ ပဒဟိ၊ ကြီးကျယ်မြင့်မြတ်သူတို့သာ အားထုတ်နိုင်သော ဒုက္ကရစရိယာအကျင့်ကို အားထုတ်တော်မူပြီ။
ကောဏ္ဍညပ္ပမုခါ တေပိ ခေါ ပဉ္စ ပဗ္ဗဇိတာ၊ ရှင်ကောဏ္ဍညအမှူးရှိကုန်သော ထိုပဉ္စဝဂ္ဂီရဟန်းငါးပါးတို့သည်လည်း။ ဂါမနိဂမရာဇဓာနီသု ဘိက္ခာယ စရန္တာ၊ ရွာနိဂုံးမင်းနေပြည်တို့၌ ဆွမ်းအကျိုးငှာ လှည့်လည်ကုန်လျက်။ တတ္ထ ဗောဓိသတ္တံ သမ္ပာပုဏိံသု၊ ထိုဥရုဝေလာတော၌ ဘုရားလောင်းကို ကောင်းစွာမီကုန်ပြီ။
အထ ဆဗ္ဗဿာနိ၊ မီရာထိုအခါ၌ ခြောက်နှစ်တို့ပတ်လုံး။ မဟာပဓာနံ ပဒဟန္တံ နံ၊ ကြီးကျယ်မြင့်မြတ်သူတို့သာ ကျင့်နိုင်သော ဒုက္ကရစရိယာ အကျင့်ကို ကျင့်နေသော ထိုဘုရားလောင်းကို။ "ဣဒါနိ ဗုဒ္ဓေါ ဘဝိဿတိ၊ ယခုပင် ဘုရားစင်စစ်သည် ဖြစ်လတ္တံ့။ ဣဒါနိ ဗုဒ္ဓေါ ဘဝိဿတီတိ၊ ယခုပင် ဘုရားစင်စစ်သည် ဖြစ်လတ္တံ့"ဟု ထင်မှတ်၍။ ပရိဝေဏသမ္မဇ္ဇနာဒိကာယ ဝတ္တပဋိပတ္တိယာ၊ ပရိဝုဏ်တိုက်ခန်းကို တံမြက်စည်းလှည်းခြင်း စသော ဝတ်အကျင့်ဖြင့်။ ဥပဋ္ဌဟမာနာ၊ လုပ်ကျွေးပြုစုကုန်လျက်။ အဿ သန္တိကာဝစရာဝ အဟေသုံ၊ ထိုဘုရားလောင်း၏ အနီးအနားကျက်စားကုန်သည်သာ ဖြစ်ကုန်ပြီ။
ဗောဓိသတ္တောပိ ခေါ၊ ဘုရားလောင်းသည်လည်း။ "ကောဋိပ္ပတ္တံ ဒုက္ကရကာရိယံ ကရိဿာမီတိ၊ အထွတ်အထိပ်ရောက်သော ခက်ခဲစွာပြုရမည့် အမှု ပြုခြင်းကို ငါပြုမည်ဟုတွေး၍။ ဧကတိလတဏ္ဍုလာဒီဟိပိ ဝီတိနာမေသိ၊ နှမ်းတစ်လုံး, ဆန်တစ်စေ့ စသည်တို့ဖြင့်လည်း စားသောက်ချိန်ကို ကုန်လွန်စေပြီ။ သဗ္ဗသောပိ အာဟာရူပစ္ဆေဒံ အကာသိ၊ လုံးလုံးလည်း အစာအာဟာရ ဖြတ်ခြင်းကို ပြုတော်မူပြီ။ လောမကူပေဟိ ဩဇံ ဥပသံဟရမာနာ ဒေဝတာပိ ပဋိက္ခိပိ၊ မွှေးညှင်းပေါက်တို့မှ နတ်ဩဇာကို အနီးကပ် ကောင်းစွာ ဆောင်ယူကုန်, သွင်းကုန်သော နတ်တို့ကိုလည်း ပယ်မြစ်ပြီ။
အထ တာယ နိရာဟာရတာယ၊ ပယ်မြစ်ရာ ထိုအခါ၌ ထိုအာဟာရ မရှိသည်၏ အဖြစ်ကြောင့်။ ပရမကသိမာနပ္ပတ္တကာယဿ အဿ၊ အလွန်ပိန်ခြင်းသို့ရောက်သော ကိုယ်ရှိသော ထိုငါတို့ဘုရားလောင်း၏။ သုဝဏ္ဏဝဏ္ဏော ကာယော၊ ရွှေအဆင်းရှိသော ကိုယ်တော်သည်။ ကာဠဝဏ္ဏော အဟောသိ၊ မည်းနက်သော အဆင်းရှိသည် ဖြစ်ပြီ။
ဗာတ္တိံသ မဟာပုရိသလက္ခဏာနိ၊ သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်လက္ခဏာတို့သည်။ ပဋိစ္ဆန္နာနိ အဟေသုံ၊ ပိန်ကြုံမှု ဖုံးကွယ်ခံရကုန်သည် ဖြစ်ကုန်ပြီ။
အပ္ပေကဒါ အပ္ပါဏကံ ဈာနံ ဈာယန္တော၊ တစ်ရံ‌ရောအခါ၌ အသက်ရှုရှိုက်မှု ထိန်းချုပ်သော အားထုတ်မှုကို အားထုတ်တော်မူသော်။ မဟာဝေဒနာဟိ အဘိတုန္နော၊ ကြီးစွာသော ဝေဒနာတို့သည် လွန်စွာထိုးဆွအပ်ရကား။ ဝိသညီဘူတော စင်္ကမနကောဋိယံ ပတတိ၊ အမှတ်သညာကင်း သတိလစ်သည် ဖြစ်၍ စင်္ကြံအစွန်အဖျား၌ ထိုင်လျက်သား တိမ်းလဲသွားတော်မူ၏။
အထ နံ ဧကစ္စာ ဒေဝတာ၊ ထိုအခါ၌ ဘုရားလောင်းကို နတ်အချို့တို့သည်။ "သမဏော ဂေါတမော ကာလကတောတိ ဝဒန္တိ၊ ရဟန်းဂေါတမသည် သေပြီ"ဟု ပြောကုန်၏။ ဧသော အရဟတံ ဝိဟာရောဝ၊ "ဤသည်ကား ရဟန္တာတို့၏ နေခြင်းသာတည်း"။ ဣတိ အာဟံသု၊ ဤသို့ ပြောကုန်ပြီ။
တတ္ထ ယာသံ၊ ထိုနတ်နှစ်မျိုးတွင် အကြင်နတ်တို့မှာ။ ကာလကတောတိ အဟောသိ၊ သေပြီဟု မှတ်ထင်မှုဖြစ်ပြီ။ တာ ဂန္တွာ၊ သေပြီထင်သော ထိုနတ်တို့သည် သွားကုန်ပြီ။ တုမှာကံ ပုတ္တော ကာလကတောတိ၊ သင်သုဒ္ဓေါဒန မင်းကြီးတို့၏ သားတော်သိဒ္ဓတ္ထသည် သေပြီ"ဟု။ သုဒ္ဓေါဒနမဟာရာဇဿ အာရောစေသုံ၊ သုဒ္ဓေါဒနမင်းကြီးအား ပြောကြားကုန်ပြီ။
မမ ပုတ္တော၊ ငါ၏ သားသည်။ ဗုဒ္ဓေါ ဟုတွာ ကာလကတော၊ ဘုရားစင်စစ်သည် ဖြစ်ပြီး၍ သေသလော။ အဟုတွာ ကာလကတော ဣတိ၊ မဖြစ်ဘဲ သေသလော" ဤသို့ သုဒ္ဓေါဒနမင်းကြီးမေးပြီ။
ဗုဒ္ဓေါ ဘဝိတုံ နာသက္ခိ၊ ဘုရားစင်စစ်သည် ဖြစ်ဖို့ မစွမ်းနိုင်ပြီ။ ပဓာနဘူမိယံယေဝ၊ တရားအားထုတ်ရာ မြေပေါ်၌ပင်။ ပတိတွာ ကာလကတော ဣတိ၊ တိမ်းလဲ၍ သေပြီ ဤသို့နတ်တို့က ပြောကြပြီ။
ဣဒံ သုတွာ၊ ဘုရားမဖြစ်ဘဲ သေပြီဟူသော ဤစကားကို ကြား၍။ အဟံ န သဒ္ဒဟာမိ၊ ငါသုဒ္ဓေါဒနသည် မယုံ။ မမ ပုတ္တဿ၊ ငါသုဒ္ဓေါဒန၏ သားဖြစ်သူ သိဒ္ဓတ္ထ၏။ ဗောဓိံ အပ္ပတွာ၊ သဗ္ဗညုတဉာဏ်ကို မရမူ၍။ ကာလကိရိယာ နာမ နတ္ထီတိ၊ သေမှုပြုခြင်းမည်သည် မရှိဟု ပြော၍။ ရာဇာ ပဋိက္ခိပိ၊ သုဒ္ဓေါဒနမင်းကြီးသည် ပယ်ပြီ။
ကသ္မာ ပန ရာဇာ န သဒ္ဒဟတီတိ၊ အဘယ့်ကြောင့်ကား သုဒ္ဓေါဒနမင်းကြီးသည် မယုံသနည်း ဤကားအမေးတည်း။
ကာဠဒေဝီလတာပသဿ၊ ကာဠဒေဝီလရသေ့ကို။ ဝန္ဒာပနဒိဝသေ၊ ရှိခိုးခိုင်းနေ့၌လည်းကောင်း။ ဇမ္ဗုရုက္ခမူလေ စ၊ သပြေပင်အနီး၌လည်းကောင်း။ ပါဋိဟာရိယာနံ ဒိဋ္ဌတ္တာ၊ တန်ခိုး ပြာဋိဟာတို့ကို မြင်အပ်ပြီးသည်၏ အဖြစ်ကြောင့်တည်း။
ပုန ဗောဓိသတ္တေ သညံ ပဋိလဘိတွာ ဥဋ္ဌိတေ၊ တစ်ဖန် ဘုရားလောင်းသည် အမှတ်သညာကို ရ၍ ထလတ်သော်။ တာ ဒေဝတာ ဂန္တွာ၊ ထိုနတ်တို့သည် သွားကြ၍။ မဟာရာဇ တေ ပုတ္တော၊ မင်းကြီး သင်သုဒ္ဓေါဒနမင်းကြီး၏ သားတော်သိဒ္ဓတ္ထသည်။ အရောဂေါတိ အာရောစေန္တိ၊ ကျန်းမာ၏ဟု ပြောကြကုန်၏။
အဟံ ပုတ္တဿ အမရဏဘာဝံ၊ ငါသည် သားတော်သိဒ္ဓတ္ထ၏ မသေမှန်းကို။ ဇာနာမိ ဣတိ ရာဇာ ဝဒတိ၊ သိ၏ဟု သုဒ္ဓေါဒနမင်းကြီးသည် ပြော၏။
ဆဗ္ဗဿာနိ ဒုက္ကရကာရိယံ၊ ခြောက်နှစ်တို့ပတ်လုံး ခဲယဉ်းစွာပြုရသည့်အမှု ပြုခြင်းကို။ ကရောန္တဿ မဟာသတ္တဿ၊ ပြုကျင့်တော်မူသော ဘုရားလောင်းအတွက်။ အာကာသေ ဂဏ္ဌိကရဏကာလော ဝိယ အဟောသိ၊ ဘာမျှမရှိသည့် ကောင်းကင်၌ အထုံးအဖွဲ့ပြုရာကာလကဲ့သို့ ဖြစ်ပြီ။
အယံ ဒုက္ကရကာရိကာ နာမ၊ ခဲယဉ်းစွာပြုကျင့်ရသည့်အမှု ဤပြုခြင်းမည်သည်။ ဗောဓာယ မဂ္ဂေါ န ဟောတိ၊ သိမြင်ခြင်း၏ အကျင့်လမ်းကြောင်းသည် မဖြစ်။ ဣတိ သော ဩဠာရိကံ အာဟာရံ၊ ဤသို့သိ၍ ထိုဘုရားလောင်းသည် ကြမ်းသော အာဟာရကို။ အာဟာရေတုံ၊ စားမျိုခြင်းငှာ။ ဂါမနိဂမေသု ပိဏ္ဍာယ စရိတွာ၊ ရွာနိဂုံးတို့၌ ဆွမ်းအကျိုးငှာ လှည့်လည်၍။ အာဟာရံ အာဟရိ၊ အာဟာရကို စားမျိုပြီ။ အထ အဿ၊ စားမျိုရာ, ထိုအခါ၌ ထိုဘုရားလောင်း၏။ ဗာတ္တိံသ မဟာပုရိသလက္ခဏာနိ၊ သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်လက္ခဏာတို့သည်။ ပါကတိကာနိ အဟေသုံ၊ ပင်ကိုအတိုင်း ဖြစ်ကုန်သည် ဖြစ်ကုန်ပြီ။ ကာယော သုဝဏ္ဏဝဏ္ဏော အဟောသိ၊ ကိုယ်တော်သည် ရွှေအဆင်းရှိသည် ဖြစ်ပြီ။
ပဉ္စဝဂ္ဂိယာ ဘိက္ခူ၊ ကောဏ္ဍည, ဝပ္ပ, ဘဒ္ဒိယ, မဟာနာမ်, အဿဇိ ပဉ္စဝဂ္ဂီ ရဟန်းငါးပါးတို့သည်။ အယံ ဆဗ္ဗဿာနိ၊ ဤရဟန်းဂေါတမသည် ‌ခြောက်နှစ်တို့ပတ်လုံး။ ဒုက္ကရကာရိကံ ကရောန္တောပိ၊ ဒုက္ကရစရိယာအကျင့်ကို ပြုလုပ်အားထုတ်သော်လည်း။ သဗ္ဗညုတံ ပဋိဝိဇ္ဈိတုံ နာသက္ခိ၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိခြင်းငှာ မစွမ်းနိုင်။ ဣဒါနိ ဂါမာဒီသု၊ ယခုအခါ၌ ရွာစသည်တို့၌။ ပိဏ္ဍာယ စရိတွာ၊ ဆွမ်းအကျိုးငှာ လှည့်လည်၍။ ဩဠာရိကံ အာဟာရံ၊ ကြမ်းသောအစာအာဟာရကို။ အာဟရိယမာနော ကိံ သက္ခိဿတိ၊ စားမျိုသော် အဘယ်မှာ သဗ္ဗညုတဉာဏ် ထိုးထွင်းသိရန် စွမ်းနိုင်လတ္တံ့နည်း။ ဧသော ဗာဟုလိကော ပဓာနဝိဗ္ဘန္တော၊ ဤရဟန်းဂေါတမသည် ပစ္စည်းများဖို့ လှည့်လည်၏, ပဓာနအလုပ် ချာချာလည်၏။ ဧတဿ သန္တိကာ၊ ဤရဟန်းဂေါတမ၏ အထံမှ။ အမှာကံ ဝိသေသတက္ကနံ၊ ငါတို့၏ တရားထူးရဖို့ ကြံဆခြင်းသည်။ သီသံ နှာယိတုကာမဿ၊ ခေါင်းကို ရေချိုးလိုသူ၏။ ဥဿာဝဗိန္ဒုတက္ကနံ ဝိယ၊ နှင်းရေ ပေါက်ရဖို့ ကြံဆခြင်းကဲ့သို့ ဖြစ်၏။ ဣမိနာ နော ကိံ တိ၊ ဤရဟန်းဂေါတမဖြင့် ပဉ္စဝဂ္ဂီ, ငါတို့အား ဘာအကျိုး ရှိအံ့နည်းဟု တွေး၍။ မဟာပုရိသံ ပဟာယ၊ ဘုရားလောင်းကို ပယ်စွန့်၍။ အတ္တနော အတ္တနော၊ မိမိ မိမိ၏။ ပတ္တစီဝရံ ဂဟေတွာ၊ သပိတ်သင်္ကန်းကို ယူ၍။ အဋ္ဌာရသယောဇနမဂ္ဂံ ဂန္တွာ၊ တစ်ဆယ့်ရှစ်ယူဇနာခရိးကို သွား၍။ ဣသိပတနံ ပဝိသိံသု၊ ဣသိပတနတောသို့ ဝင်ကုန်ပြီ။
တေန ခေါ ပန သမယေန ဥရုဝေလာယံ၊ ထိုအခါ၌ ဥရုဝေလာအရပ်၌။ သေနာနိဂမေ သေနာနိကုဋုမ္ဗိကဿ ဂေဟေ၊ သေနာနိဂုံး၌ သေနာနိသူကြွယ်၏ အိမ်၌။ နိဗ္ဗတ္တာ သုဇာတာ နာမ ဒါရိကာ၊ ဖြစ်သော သုဇာတာမည်သော သူငယ်မသည်။ ဝယပ္ပတ္တာ ဧကသ္မိံ နိဂြောဓရုက္ခေ၊ အရွယ်ရောက်သော် တစ်ခုသော ပညောင်ပင်၌။ သစေ သမာနဇာတိကံ ကုလဃရံ ဂန္တွာ၊ အကယ်၍ ဇာတ်တူသော အမျိုးအိမ်သို့ ရောက်၍။ ပဌမဂဗ္ဘေ ပုတ္တံ လဘိဿာမိ၊ ပထမကိုယ်ဝန်၌ သားကို ရအံ့။ အနုသံဝစ္ဆရံ သတသဟဿပရိစ္စာဂေန၊ နှစ်စဉ်နှစ်တိုင်း တစ်သိန်းစွန့်လွှတ်ခြင်းဖြင့်။ တေ ဗလိကမ္မံ ကရိဿာမီတိ၊ သင်နတ်မင်းအား ပူဇော်မှုကိုပြုအံ့ဟု။ ပတ္ထနံ အကာသိ၊ ဆုတောင်းမှုကို ပြုပြီ။
တဿာ သာ ပတ္ထနာ သမိဇ္ဈိ၊ ထိုသုဇာတာအား ထိုဆုတောင်းသည် ပြည့်စုံပြီ။
ဒုက္ကရကာရိကံ ကရောန္တဿ မဟာသတ္တဿ၊ ဒုက္ကရစရိယာအကျင့်ကို ပြုလုပ်အားထုတ်သော ဘုရားလောင်းအဖို့။ ဆဋ္ဌေဝဿေ ပရိပုဏ္ဏေ၊ ခြောက်ခုမြောက်ဖြစ်သော နှစ်သည်ပြည့်လတ်သော်။ သာ ဝိသာခပုဏ္ဏမာယံ၊ ထိုသုဇာတာသည် ကဆုန်လပြည့်နေ့၌။ ဗလိကမ္မံ ကာတုကာမာ ဟုတွာ၊ နတ်ပူဇော်မှုကို ပြုလိုသည် ဖြစ်၍။ ပုရေတရံ ဓေနုသဟဿံ၊ ကြိုတင်ခါ နို့စားနွားမတစ်ထောင်ကို။ လဋ္ဌိမဓုကဝနေ စရာပေတွာ၊ နွယ်ချိုတော၌ ကျက်စားစေ၍။ တာသံ ခီရံ၊ ထိုနို့စားနွားမတစ်ထောင်တို့၏ နို့ရည်ကို။ ပဉ္စ ဓေနုသတာနိ ပါယေတွာ၊ နို့စားနွားမငါးရာတို့ကို သောက်စေ၍ တိုက်၍။ တာသံ ခီရံ အဍ္ဎတိယာနိ၊ ထိုနို့စားနွားမငါးရာတို့၏ နို့ရည်ကို နှစ်ရာ့ငါးဆယ်သောနို့စားနွားမတို့ကို။ ဣတိ ဧဝံ၊ ဤဆိုခဲ့ပြီးနည်အတိုင်း။ ယာဝ သောဠသန္နံ ဓေနူနံ ခီရံ၊ တစ်ဆယ့်ခြောက်ကောင်တိုင်အောင်ကုန်သော နို့စားနွားမတို့၏ နို့ရည်ကို။ အဋ္ဌ ဓေနုယော ပိဝန္တိ၊ ရှစ်ကောင်ကုန်သော နို့စားနွားမတို့သည် သောက်ကုန်၏။ တာဝ၊ ထိုကဲ့သို့ ဖြစ်အောင်။ ခီရဿ ဗဟလတဉ္စ၊ နို့ရည်၏ ပျစ်ချွဲသည်၏ အဖြစ်ကိုလည်းကောင်း။ မဓုရတဉ္စ ဩဇဝန္တတဉ္စ ပတ္ထယမာနာ၊ ချိုဆိမ့်သည်၏ အဖြစ်ကိုလည်းကောင်း, အဆီအနှစ် ဩဇာရှိသည်၏ အဖြစ်ကိုလည်းကောင်း တောင့်တလျက်။ ခီရပရိဝတ္တနံ နာမ အကာသိ၊ နွားနို့ဆင့်ကဲ လဲလှယ်မှုမည်သည်ကို ပြုပြီ။
သာ ဝိသာခပုဏ္ဏမဒိဝသေ၊ ထိုသုဇာတာသည် ကဆုန်လပြည့်နေ့၌။ ပါတောဝ ဗလိကမ္မံ ကရိဿာမီတိ၊ နံနက်စောစောပင် ဗလိနတ်စာကျွေးမှုကို ပြုမည်ဟု ကြံ၍။ ရတ္တိယာ ပစ္စူသသမယံ ပစ္စုဋ္ဌာယ၊ ည၏လင်းအားကြီးအခါ၌ စောစောထ၍။ တာ အဋ္ဌ ဓေနုယော ဒုဟာပေသိ၊ ထိုနို့စား နွားမရှစ်ထောင်တို့ကို နို့ညှစ်စေပြီ။
ဝစ္ဆကာ ထနမူလံ နာဂမိံသု၊ နို့စို့နွားငယ်တို့သည် နို့တိုင်အနီးသို့ မလာကုန်ပြီ။ ထနမူလေ နဝဘာဇနေ ဥပနီတမတ္တေ ပန၊ နို့တိုင်အနီးသို့ နို့ထည့်စရာအိုးသစ်ကို ကပ်အပ်ကာမျှ ဖြစ်သော်ကား။ အတ္တနော ဓမ္မတာယ၊ မိမိတို့၏ သဘောဖြင့်။ ခီရဓာရာ ပဝတ္တိံသု၊ နို့ရည်အလျင် နို့ရည်စီးကြောင်းတို့သည် ဖြစ်ကုန်ပြီ။
တံ အစ္ဆရိယံ ဒိသွာ၊ ထိုအံ့ဖွယ်ကို မြင်ရ၍။ သုဇာတာ သဟတ္ထေနေဝ၊ သုဇာတာသည် မိမိ၏လက်ဖြင့်ပင်။ ခီရံ ဂဟေတွာ၊ နို့ရည်ကို ယူ၍။ နဝဘာဇနေ ပက္ခိပိတွာ၊ အိုးသစ်၌ထည့်၍။ သဟတ္ထေနေဝ အဂ္ဂိံ ကတွာ၊ မိမိလက်ဖြင့်ပင် မီးကို မွှေးမှုပြု၍။ ပစိတုံ အာရဘိ၊ ကျိုချက်ခြင်းငှာ အားထုတ်ပြီ။
တသ္မိံ ပါယာသေ ပစ္စမာနေ၊ ထိုနို့ဃနာကို ကျိုချက်အပ်သော်။ မဟန္တမဟန္တာ ဗုဗ္ဗုဠာ ဥဋ္ဌဟိတွာ၊ ကြီးကုန်ကြီးကုန်သော အမြှုပ်တို့သည် တက်၍ထ၍။ ဒက္ခိဏာဝတ္တာ ဟုတွာ သဉ္စရန္တိ၊ လကျ်ာရစ်လည်ကုန်သည် ဖြစ်၍ ကောင်းစွာလှည့်လည်ကုန်၏။ ဧကဖုသိတမ္ပိ ဗဟိ န ပတတိ၊ တစ်ပေါက်မျှသည်လည်း အိုးပြင်ဖက်သို့ မကျ။ ဥဒ္ဓနတော အပ္ပမတ္တကောပိ ဓူမော န ဥဋ္ဌဟတိ၊ ဖိုခုံလောက်အတွင်းမှ အနည်းငယ်မျှလည်း ဖြစ်သော မီးခိုးသည် မထွက်။
တသ္မိံ သမယေ၊ နို့ဃနာကျိုချက်ရာ ထိုအခါ၌။ စတ္တာရော လောကပါလာ အာဂန္တွာ၊ လေးယောက်ကုန်သော စတုမဟာရာဇ်နတ်မင်းကြီးတို့သည် လာကုန်၍။ ဥဒ္ဓနေ အာရက္ခံ ဂဏှိံသု၊ ခုံလောက်၌ အစောင့်အရှောက်ကို ယူကုန်ပြီ။ မဟာဗြဟ္မာ ဆတ္တံ ဓာရေသိ၊ မဟာဗြဟ္မာမင်းသည် ထီးကို မိုးပေးပြီ။ သက္ကော အလာတာနိ၊ သိကြားမင်းသည် မီးစတို့ကို။ သမာနေန္တော အဂ္ဂိံ ဇာလေသိ၊ ကောင်းစွာထိုး၍ မီးကို တောက်စေပြီ။
ဒေဝတာ၊ နတ်တို့သည်။ ဒွိသဟဿဒီပပရိဝါရေသု စတူသု မဟာဒီပေသု၊ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီးလေးကျွန်းတို့၌။ ဒေဝါနဉ္စ မနုဿာနဉ္စ ဥပကပ္ပနဩဇံ၊ နတ်တို့၏လည်းကောင်း, လူတို့၏လည်းကောင်း သုံးစွဲကောင်းသည့် အဆီအနှစ်ဩဇာကို။ အတ္တနော ဒေဝါနုဘာဝေန၊ မိမိတို့၏ နတ်တန်ခိုးဖြင့်။ ဒဏ္ဍကဗဒ္ဓံ မဓုပဋလံ ပီဠေတွာ၊ ဒုတ်တံ၌ စွဲနေသော ပျားလဘို့ကို ညှစ်၍။ မဓုံ ဂဏှမာနာ ဝိယ၊ ပျားရည်ကို ယူကြသကဲ့သို့။ သံဟရိတွာ တတ္ထ ပက္ခိပိံသု၊ ကောင်းစွာဆောင်ယူ၍ ထိုနို့ဃနာ၌ ထည့်ကြကုန်ပြီ။
ဟိ အညေသု ကာလေသု ဒေဝတာ၊ ချဲ့ပြောရသော် အခြားအခါတို့၌ နတ်တို့သည်။ ကဗဠေ ကဗဠေ၊ ဆွမ်းလုပ်တိုင်း ဆွမ်းလုပ်တိုင်း၌။ ဩဇံ ပက္ခိပန္တိ၊ နတ်ဩဇာကို ထည့်ကုန်၏။ စ ပန၊ ဆက်၍ အထူးပြောရသော်။ သမ္ဗောဓိဒိဝသေ ပရိနိဗ္ဗာနဒိဝသေ စ၊ ဘုရားဖြစ်တော်မူရာ နေ့၌လည်းကောင်း, ပရိနိဗ္ဗာန်စံတော်မူရာ နေ့၌လည်းကောင်း။ ဥက္ခလိယံယေဝ ပက္ခိပန္တိ၊ ကျိုချက်သောအိုး၌ပင် ထည့်ကုန်၏။
သုဇာတာ ဧကဒိဝသေယေဝ၊ သုဇာတာသည် တစ်နေ့တည်း၌ပင်။ တတ္ထ အတ္တနော ပါကဋာနိ၊ ထိုကျိုချက်ရာဌာန၌ မိမိဖို့ ထင်ရှားကုန်သော။ အနေကာနိ အစ္ဆရိယာနိ ဒိသွာ၊ များစွာကုန်သော အံ့ဩဖွယ်တို့ကို မြင်ရ၍။ ပုဏ္ဏံ ဒါသိံ၊ မိပြည့်မည်သော ကျွန်မကို။ အမ္မ ပုဏ္ဏေ၊ သမီးမိပြည့်။ အမှာကံ ဒေဝတာ၊ ငါတို့၏ ကိုးကွယ်ရာ နတ်မင်းသည်။ အဇ္ဇ အမှာကံ၊ ယနေ့ ငါတို့အား။ အတိဝိယ ပသန္နာ၊ အလွန်ပင် ကြည်ညို၏။ မယာ ဧတ္တကေ ကာလေ၊ ငါသုဇာတာသည် ဤမျှလောက်သော အခါ၌။ ဧဝရူပံ အစ္ဆရိယံ နာမ န ဒိဋ္ဌပုဗ္ဗံ၊ ဤသို့သဘောရှိသော အံ့ဖွယ်မည်သည်ကို မမြင်ဖူးပေ။ ဝေဂေန ဂန္တွာ၊ အလျင်အမြန်, အရှိန်အဟုန်ဖြင့် သွား၍။ ဒေဝဋ္ဌာနံ ပဋိဇဂ္ဂါဟိ၊ နတ်မင်းနေရာကို ရှင်းလင်းပါချေ။ ဣတိ အာမန္တေသိ၊ ဤသို့ ခေါ်၍ခိုင်းပြီ။
သာ သာဓု အယျောတိ၊ ထိုကျွန်မ မိပြည့်သည် ကောင်းပါပြီ သခင်မဟု။ တဿာ ဝစနံ သမ္ပဋိစ္ဆိတွာ၊ ထိုသုဇာတာ၏ စကားကိုနာယူ၍။ တုရိတတုရိတာ ရုက္ခမူလံ အဂမာသိ၊ အမြန် အမြန် ပညောင်ပင်ရင်းသို့ သွားပြီ။
ဗောဓိသတ္တောပိ ခေါ တသ္မိံ ရတ္တိဘာဂေ၊ ဘုရားလောင်းသည်လည်း ထိုညအဖို့၌။ ပဉ္စ မဟာသုပိနေ၊ ငါးမျိုးကုန်သော အိပ်မက်ကြီးတို့ကို။ ဒိသွာ ပရိဂ္ဂဏှန္တော၊ မြင်မက်တော်မူ၍ စူးစမ်းဆင်ခြင်တော်မူသော်။ နိဿံသယေန အဟံ၊ ဧကန်သံသယမရှိသောအားဖြင့် ငါသည်။ အဇ္ဇ ဗုဒ္ဓေါ ဘဝိဿာမီတိ၊ ယနေ့ ဘုရားစင်စစ်သည် ဖြစ်လိမ့်မည်ဟု။ ကတသန္နိဋ္ဌာနော၊ ပြုအပ်ပြီးသော သန္နိဋ္ဌာန်ရှိတော်မူ၍ (ဆုံးဖြတ်ချက်ချတော်မူ၍)။ တဿာ ရတ္တိယာ အစ္စယေန၊ ထိုညကို ကျော်လွန်ရာအခါ၌။ ကတသရီရပဋိဇဂ္ဂနော၊ ကိုယ်လက်သုတ်သင်မှု ပြုတော်မူ၍။ ဘိက္ခာစာရဝေလံ အာဂမယမာနော၊ ဆွမ်းခံသွားရာအခါကို ငံ့လင့်တော်မူလျက်။ ပါတောဝ အာဂန္တွာ၊ စောစောပင် လာတော်မူ၍။ အတ္တနော ပဘာယ၊ မိမိ၏ ကိုယ်တော်ရောင်ဖြင့်။ သကလရုက္ခံ ဩဘာသယမာနော၊ ပညောင်ပင်တစ်ပင်လုံးကို ထွန်းလင်းတောက်ပစေလျက်။ တသ္မိံ ရုက္ခမူလေ နိသီဒိ၊ ထိုပညောင်ပင်အနီး၌ ထိုင်နေတော်မူပြီ။
အထ ခေါ သာ ပုဏ္ဏာ အာဂန္တွာ၊ ဘုရားလောင်း ထိုင်နေရာ ထိုအခါ၌ ထိုကျွန်မ မိပြည့်သည် လာ၍။ ရုက္ခမူလေ ပါစီနလောကဓာတုံ၊ ပညောင်ပင်အနီး၌ အရှေ့လောကဓာတ်ကို။ ဩလောကယမာနံ နိသိန္နံ ဗောဓိသတ္တံ၊ ကြည့်လျက် ထိုင်နေသော ဘုရားလောင်းကိုလည်းကောင်း။ အဿ သရီရတော၊ ထိုဘုရားလောင်း၏ ကိုယ်တော်မှ။ နိက္ခန္တာဟိ ပဘာဟိ၊ ထွက်ပေါ်ကုန်သော ရောင်ခြည်တော်တို့ဖြင့်။ သကလရုက္ခံ သုဝဏ္ဏဝဏ္ဏံ စ အဒ္ဒသ၊ ပညောင်ပင်တစ်ပင်လုံးကို ရွှေအဆင်းရှိသည်ကိုလည်းကောင်း မြင်ပြီ။
ဒိသွာ တဿာ၊ မြင်ရ၍ ထိုကျွန်မ မိပြည့်အား။ အဇ္ဇ အမှာကံ ဒေဝတာ၊ ယနေ့ ငါတို့၏ ညောင်ပင်စောင့်နတ်မင်းသည်။ ရုက္ခတော ဩရုယှ၊ ညောင်ပင်၌ ဆင်း၍။ သဟတ္ထေနေဝ ဗလိကမ္မံ၊ မိမိလက်ဖြင့်သာ ဗလိနတ်စာကို။ သမ္ပဋိစ္ဆိတုံ နိ သိန္နာ မညေတိ၊ ခံယူခြင်းငှာ ထိုင်နေသည် ထင်၏ဟု။ ဧတံ အဟောသိ ဣတိ၊ ဤအကြံသည် ဖြစ်ပြီ ဤသို့ကြံပြီး၍။ ဥဗ္ဗေဂပ္ပတ္တာ ဟုတွာ၊ ထိတ်လန့်ခြင်းသို့ ရောက်သည် ဖြစ်၍။ ဝေဂေန အာဂန္တွာ၊ အလျင်အမြန်အဟုန်ဖြင့် လာ၍။ သုဇာတာယ ဧတမတ္ထံ အာရောစေသိ၊ သုဇာတာအား ဤအကြောင်းကို ပြောပြီ။
သုဇာတာ တဿာ ဝစနံ သုတွာ၊ သုဇာတာသည် ထိုကျွန်မ, မိပြည့်၏ စကားကို ကြားရ၍။ တုဋ္ဌမာနသာ ဟုတွာ၊ နှစ်သက်သော စိတ်ရှိသည် ဖြစ်၍။ အဇ္ဇ ဒါနိ ပဋ္ဌာယ၊ ယနေ့ ယခုအချိန်မှ စ၍။ မမ ဇေဋ္ဌဓီတုဋ္ဌာနေ တိဋ္ဌာဟီတိ၊ ငါ၏ သမီးကြီးအရာ၌ တည်နေလော့ဟု ပြောပြီ။ ဓီတု အနုစ္ဆဝိကံ၊ သမီးအား လျောက်ပတ်သော။ သဗ္ဗာလင်္ကာရံ အဒါသိ၊ အလုံးစုံသော အဆင်တန်ဆာကို ပေးပြီ။
ပန ဗုဒ္ဓဘာဝံ ပါပုဏနဒိဝသေ၊ အထူးကား ဘုရားအဖြစ်သို့ ရောက်ရာနေ့၌။ သတသဟဿဂ္ဃနိကံ သုဝဏ္ဏပါတိံ၊ အဖိုးတစ်သိန်းထိုက်သော ရွှေခွက်ကို။ ယသ္မာ လဒ္ဓုံ ဝဋ္ဋတိ၊ အကြင်ကြောင့် ရခြင်းငှာ သင့်၏။ တသ္မာ သာ၊ ဘုရားဖြစ်ရာနေ့မှာ သိန်းထိုက်ရွှေခွက်, ထိုသို့ရသင့်သောကြောင့် ထိုသုဇာတာသည်။ သုဝဏ္ဏပါတိယံ ပါယာသံ၊ ရွှေခွက်၌ နို့ဃနာကို။ ပက္ခိပိဿာမီတိ စိတ္တံ ဥပ္ပါဒေတွာ၊ ထည့်အံ့ဟု စိတ်ကို ဖြစ်စေ၍။ သတသဟဿဂ္ဃနိကံ သုဝဏ္ဏပါတိံ နီဟရာပေတွာ၊ တန်ဖိုးတစ်သိန်းထိုက်သော ရွှေခွက်ကို ထုတ်ဆောင်စေ၍။ တတ္ထ ပါယာသံ ပက္ခိပိတုကာမာ၊ ထို‌ရွှေခွက်၌ နို့ဃနာကို ထည့်လို၍။ ပက္ကဘာဇနံ အာဝဇ္ဇေသိ၊ နို့ဃနာချက်ရာအိုးကို စောင်းငဲ့လိုက်ပြီ။
သဗ္ဗော ပါယာသော၊ အလုံးစုံသော နို့ဃနာသည်။ ပဒုမပတ္တာ ဥဒကံ ဝိယ၊ ကြာရွက်ပေါ်မှ ရေကဲ့သို့။ ဝိနိဝတ္တိတွာ ပါတိယံ ပတိဋ္ဌာသိ၊ လိမ့်ကျ၍ ရွှေခွက်၌ တည်ပြီ။ ဧကပါတိပူရမတ္တောဝ အဟောသိ၊ တစ်ခွက်ပြည့်ရုံမျှ ရှိသည်သာ ဖြစ်ပြီ။
သာ တံ ပါတိံ၊ ထိုသုဇာတာသည် နို့ဃနာပြည့်နေသော, ထိုရွှေခွက်ကို။ အညာယ သုဝဏ္ဏပါတိယာ ပဋိကုဇ္ဇိတွာ၊ အခြားသော ရွှေခွက်ဖြင့် ဖုံးအုပ်၍။ ဩဒါတဝတ္ထေန ဝေဌေတွာ၊ ဖြူစင်သောအဝတ်ဖြင့် ရစ်ပတ်၍။ သဗ္ဗာလင်္ကာရေဟိ အတ္တဘာဝံ အလင်္ကရိတွာ၊ အဆင်တန်ဆာအားလုံးတို့ဖြင့် မိမိကိုယ်ကို တန်ဆာဆင်၍။ တံ ပါတိံ အတ္တနော သီသေ ဌပေတွာ၊ ထိုနို့ဃနာခွက်ကို မိမိ၏ ခေါင်းပေါ်၌ ထား၍(ရွက်၍)။ မဟန္တေန အာနုဘာဝေန၊ ကြီးကျယ်မြင့်မြတ်စွာသော အခမ်းအနားဖြင့်။ နိဂြောဓရုက္ခမူလံ ဂန္တွာ၊ ပညောင်ပင်အနီးသို့ သွား၍။ ဗောဓိသတ္တံ ဩလောကေတွာ၊ ဘုရားလောင်းကို ကြည့်၍။ ဗလဝသောမနဿဇာတာ၊ ဝမ်းသာမှု အားကြီးစွာ ဖြစ်၍။ ရုက္ခဒေဝတာတိ သညာယ၊ ပညောင်ပင်စောင့်နတ်ဟူသော အမှတ်ဖြင့်။ ဒိဋ္ဌဋ္ဌာနတော ပဋ္ဌာယ၊ မြင်ရာအရပ်မှ စ၍။ ဩနတောနတာ ဂန္တွာ၊ ငုံ့လျက် ငုံ့လျက် သွား၍။ သီသတော ပါတိံ၊ ခေါင်းပေါ်မှ နို့ဃနာခွက်ကို။ ဩတာရေတွာ ဝိဝရိတွာ၊ ချခိုင်း၍ ဖွင့်ပြီး၍။ သုဝဏ္ဏဘိင်္ကာရေန၊ ရွှေကရားဖြင့်။ ဂန္ဓပုပ္ဖဝါသိတံ ဥဒကံ ဂဟေတွာ၊ နံ့သာပန်းတို့ဖြင့်ထုံအပ်သော ရေကိုယူ၍။ ဗောဓိသတ္တံ ဥပဂန္တွာ အဋ္ဌာသိ၊ ဘုရားလောင်းသို့ ချဉ်းကပ်၍ တည်ပြီ။
ဃဋီကာရမဟာဗြဟ္မုနာ ဒိန္နော၊ ဃဋီကာရဗြဟ္မာကြီးသည် ပေးလှူအပ်သော။ မတ္တိကာပတ္တော ဧတ္တကံ အဒ္ဓါနံ၊ မြေသပိတ်သည် ဤမျှသောကာလပတ်လုံး။ ဗောဓိသတ္တံ အဝိဇဟိတွာ၊ ဘုရားလောင်းကို မစွန့်မူ၍။ တသ္မိံ ခဏေ အဒဿနံ ဂတော၊ နို့ဃနာအလှူခံမည့် ထိုအခါ၌ မမြင်ကွယ်ပျောက်ခြင်းသို့ ရောက်လေပြီ။ ဗောဓိသတ္တော ပတ္တံ အပဿန္တော၊ ဘုရားလောင်းသည် သပိတ်ကို မတွေ့မြင်ရ၍။ ဒက္ခိဏဟတ္ထံ ပသာရေတွာ၊ လက်ယာလက်တော်ကို ဆန့်တန်းတော်မူ၍။ ဥဒကံ သမ္ပဋိစ္ဆိ၊ ရေစက်ကို ခံယူတော်မူလေပြီ။
သုဇာတာ ပါတိယာ သဟေဝ၊ သုဇာတာသည် ရွှေခွက်နှင့် အတူသာ။ ပါယာသံ မဟာပုရိသဿ ဟတ္ထေ ဌပေသိ၊ နို့ဃနာကို ဘုရားလောင်း၏ လက်တော်၌ ထားလေ,ကပ်လေပြီ။ မဟာပုရိသော သုဇာတံ ဩလောကေသိ၊ ဘုရားလောင်းသည် သုဇာတာကို ကြည့်တော်မူပြီ။
သာ အာကာရံ သလ္လက္ခေတွာ၊ ထိုသုဇာတာသည် ကြည့်ပုံအခြင်းအရာကို ကောင်းစွာ ရိပ်မိ၍။ အယျ မယာ တုမှာကံ ပရိစ္စတ္တံ၊ အိုအရှင် တပည့်တော်မသည် အရှင်တို့အား အားလုံး စွန့်လှူအပ်ပါပြီ။ ဂဏှိတွာ ယထာရုစိံ ဂစ္ဆထ၊ ယူ၍ အလိုရှိရာသို့ ကြွတော်မူပါ။ ဣတိ ဝန္ဒိတွာ၊ ဤသို့လျှောက်ထားရှိခိုးပြီး၍။ မယှံ မနောရထော နိပ္ဖန္နော ယထာ၊ တပည့်တော်မ၏ နှလုံးအလိုသည် ပြီးစီးပြည့်စုံသကဲ့သို့။ ဧဝံ တုမှာကမ္ပိ၊ ဤအတူ အရှင်ဘုရားတို့၏ နှလုံးအလိုသည်လည်း။ နိပ္ဖဇ္ဇတူတိ ဝတွာ၊ ပြီးစီးပြည့်စုံပါစေဟု လျှောက်ထား၍။ သတသဟဿဂ္ဃနိကာယ သုဝဏ္ဏပါတိယာ၊ အဖိုးတစ်သိန်းထိုက်သော ရွှေခွက်၌။ ပုရာဏပဏ္ဏေ ဝိယ၊ သစ်ရွက်ဟောင်း, သစ်ရွက်ခြောက်၌ကဲ့သို့။ အနပေက္ခာ ဟုတွာ ပက္ကာမိ၊ မငဲ့ကွက်သည်ဖြစ်၍ ထွက်ခွာသွားပြီ။
ဗောဓိသတ္တောပိ ခေါ နိသိန္နဋ္ဌာနာ ဥဋ္ဌာယ၊ ဘုရားလောင်းသည်လည်း ထိုင်ရာမှ ထတော်မူ၍။ ရုက္ခံ ပဒက္ခိဏံ ကတွာ၊ ပညောင်ပင်ကို အရိုအသေကို ပြု၍။ ပါတိံ အာဒါယ၊ ရွှေခွက်ကို ယူ၍။ နေရဉ္ဇရာယ တီရံ ဂန္တွာ၊ နေရဉ္ဇရာမြစ်၏ ကမ်းနားသို့ ကြွသွားတော်မူ၍။ အနေကေသံ ဗောဓိသတ္တသဟဿာနံ၊ ဘုရားလောင်းထောင်ပေါင်းများစွာတို့၏။ အဘိသမ္ဗုဇ္ဈနဒိဝသေ၊ ဘုရားဖြစ်တော်မူရာနေ့၌။ ဩတရိတွာ နှာနဋ္ဌာနံ၊ သက်ဆင်းတော်မူ၍ ရေသပ္ပါယ်ရာဖြစ်သော။ သုပ္ပတိဋ္ဌိတတိတ္ထံ နာမ အတ္ထိ၊ သုပ္ပတိဋ္ဌိတမည်သော ဆိပ်ကမ်းသည် ရှိ၏။ တဿ တီရေ၊ ထိုသုပ္ပတိဋ္ဌိတဆိပ်ကမ်း၏ ကမ်းနား၌။ ပါတိံ ဌပေတွာ၊ ရွှေခွက်ကို ထားတော်မူ၍။ ဩတရိတွာ နှတွာ၊ သက်ဆင်းတော်မူ၍ ရေသပ္ပါယ်တော်မူ၍။ အနေကဗုဒ္ဓသတသဟဿာနံ နိဝါသနံ၊ ဘုရားရှင် သိန်းပေါင်းများစွာတို့၏ အဝတ်ဖြစ်တော်မူသော။ အရဟဒ္ဓဇံ နိဝါသေတွာ၊ ရဟန္တာတို့ တံခွန်သင်္ကန်းကို ဝတ်တော်မူ၍။ ပုရတ္ထာဘိမုခေါ နိသီဒိတွာ၊ အရှေ့အရပ်မျက်နှာပြု ထိုင်တော်မူ၍။ ဧကဋ္ဌိတာလပက္ကပ္ပမာဏေ၊ တစ်စေ့သာရှိသည့် ထန်းသီးမှည့်ပမာဏ ရှိကုန်သော။ ဧကူနပညာသပိဏ္ဍေ ကတွာ၊ လေးဆယ့်ကိုးလုပ်တို့ကို ပြုတော်မူ၍။ သဗ္ဗံ အပ္ပေါဒကံ၊ အလုံးစုံသော ရေမရောသော။ မဓုပါယာသံ ပရိဘုဉ္ဇိ၊ ချိုဆိမ့်လှစွာသော နို့ဃနာကို ဘုန်းပေးတော်မူပြီ။
ဟိ သာ ဧဝ၊ မှန်၏ လေးဆယ့်ကိုးလုတ်သော ထိုနို့ဃနာသည်ပင်။ ဗုဒ္ဓဘူတဿ အဿ၊ ဘုရားစင်စစ် ဖြစ်၍ ဖြစ်တော်မူသော ထိုဘုရားလောင်းသည်။ သတ္တသတ္တာဟံ ဗောဓိမဏ္ဍေ ဝသန္တဿ၊ ခုနစ်ရက် ခုနစ်လီပတ်လုံး ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ်။ ဧကူနပညာသ ဒိဝသာနိ၊ လေးဆယ့်ကိုးရက်တို့တိုင်တိုင်။ အာဟာရော အဟောသိ၊ အာဟာရသည် ဖြစ်ပြီ။
ဧတ္တကံ ကာလံ၊ ဤမျှ အတိုင်းအရှည်ရှိသော လေးဆယ့်ကိုးရက်ကြာ ကာလပတ်လုံး။ အညော အာဟာရော နေဝ အတ္ထိ၊ အခြားသော အာဟာရသည်မရှိ။ န နှာနံ၊ ရေချိုးတော်မမူ။ န မုခဓောဝနံ၊ မျက်နှာသစ်တော်မမူ။ န သရီရဝဠဉ္ဇော၊ ကိုယ်လက်သုတ်သင်တော်မမူ။ ဈာနသုခေန မဂ္ဂသုခေန ဖလသုခေန စ ဝီတိနာမေသိ၊ ဈာန်ချမ်းသာဖြင့်လည်းကောင်း, မဂ်ချမ်းသာဖြင့်လည်းကောင်း, ဖိုလ်ချမ်းသာဖြင့်လည်းကောင်း အချိန်ကုန်စေတော်မူပြီ။
တံ ပါယာသံ ပရိဘုဉ္ဇိတွာ ပန၊ ထိုနို့ဃနာကို ဘုဉ်းပေးပြီး၍ကား။ သုဝဏ္ဏပါတိံ ဂဟေတွာ၊ ရွှေခွက်ကို ယူတော်မူ၍။ သစေ အဟံ အဇ္ဇ ဗုဒ္ဓေါ ဘဝိတုံ သက္ခိဿာမိ၊ အကယ်၍ ငါသည် ယနေ့ ဘုရားစင်စစ်သည် ဖြစ်ခြင်းငှာ စွမ်းနိုင်အံ့။ အယံ ပါတိ ပဋိသောတံ ဂစ္ဆတု၊ ဤရွှေခွက်သည် ရေညာသို့ ဆန်တက်သွားစေသတည်း။ စေ နော သက္ခိဿာမိ၊ အကယ်၍ မစွမ်းနိုင်အံ့။ အနုသောတံ ဂစ္ဆတူတိ ဝတွာ၊ ရေစုန်သို့ သွားစေသတည်းဟု အဓိဋ္ဌာန်စကားပြောကြား၍။ နဒီသောတေ ပက္ခိပိ၊ မြစ်ရေအလျင် မြစ်ရေစီးကြောင်း၌ ပစ်ချတော်မူပြီ။
သာ သောတံ ဆိန္ဒမာနာ၊ ထိုရွှေခွက်သည် မြစ်ရေအလျင်ကို ဖြတ်ကူးလျက်။ န ဒီမဇ္ဈံ ဂန္တွာ၊ မြစ်လယ်သို့ သွား၍။ မဇ္ဈမဇ္ဈဋ္ဌာနေနေဝ၊ ရေလယ်ရေလယ်အရပ်ဖြင့်သာ။ ဇဝသမ္ပန္နော အဿော ဝိယ၊ အလျင်အဟုန်နှင့် ပြည့်စုံသော မြင်းကဲ့သို့။ အသီတိဟတ္ထမတ္တဋ္ဌာနံ ပဋိသောတံ ဂန္တွာ၊ အတောင်ရှစ်ဆယ်အတိုင်းအရှည်ရှိ ဌာနဖြစ်သော ရေညာသို့ ဆန်တက်သွားပြီး၍။ ဧကသ္မိံ အာဝဋ္ဋေ နိမုဇ္ဇိတွာ၊ ဝဲတစ်ခု၌ နစ်မြုပ်၍။ ကာဠနာဂရာဇဘဝနံ ဂန္တွာ၊ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ ရောက်၍။ တိဏ္ဏံ ဗုဒ္ဓါနံ၊ ကကုသံ ကောဏဂုမ် ကဿပ ရှေးဘုရားသုံးဆူတို့၏။ ပရိဘောဂပါတိယော၊ အသုံးအဆောင်ရွှေခွက်တို့ကို။ ကိလိ ကိလိတိ ရဝံ၊ ကျလိ ကျလိဟူသော အသံကို။ ကာရယမာနာ ပဟရိတွာဝ၊ ပြုစေလျက် ထိခိုက်ပြီး၍သာ။ တာသံ သဗ္ဗဟေဋ္ဌိမာ ဟုတွာ အဋ္ဌာသိ၊ ထိုရှေးရွှေခွက်သုံးလုံးတို့၏ အောက်ဆုံးအလုံးသည် ဖြစ်၍ တည်နေလေပြီ။
ကာဠော နာဂရာဇာ၊ ကာဠနဂါးမင်းသည်။ တံ သဒ္ဒံ သုတွာ၊ ထိုရွှေခွက်ချင်း ထိသံကို ကြားရ၍။ ဟိယျော ဧကော ဗုဒ္ဓေါ နိဗ္ဗတ္တော၊ မနေ့က တစ်ဆူသော ဘုရားရှင်သည် ပွင့်တော်မူသွားပြီ။ အဇ္ဇ ပုန ဧကော နိဗ္ဗတ္တောတိ ဝတွာ၊ ယခု တစ်ဖန် တစ်ဆူသည် ပွင့်ပြန်ပြီဟု ပြော၍။ အနေကေဟိ ပဒသတေဟိ၊ များစွာကုန်သော ရာပေါင်းအလီလီ ပုဒ်တို့ဖြင့်။ ထုတိယော ဝဒမာနော ဥဋ္ဌာသိ၊ ချီးမွမ်းစကားတို့ကို ပြောဆိုလျက် ထပြီ။
မဟာပထဝိယာ၊ မြေကြီး၏။ ဧကယောဇနတိဂါဝုတပ္ပမာဏံ နဘံ ပူရေတွာ၊ တစ်ယူဇနာသုံးဂါဝုတ် ပမာဏရှိသော ကောင်းကင်ကို ပြည့်စေ၍။ အာရောဟနကာလော၊ တက်ရာ ကာလသည်။ တဿ၊ ထိုကာဠနဂါးမင်းအဖို့။ အဇ္ဇ ဝါ ဟိယျော ဝါတိ၊ ယနေ့ ဖြစ်သည် နက်ဖန်ဖြစ်သည်ဟု။ သဒိသော အဟောသိ၊ တူသည် ဖြစ်ပြီ။
ဗောဓိသတ္တောပိ နဒီတီရမှိ၊ ဘုရားလောင်းသည်လည်း နေရဉ္ဇရာမြစ်ကမ်းနား၌။ သုပုပ္ဖိတသာလဝနေ ဒိဝါဝိဟာရံ ကတွာ၊ ကောင်းစွာပွင့်သော အင်ကြင်းတော၌ နေ့သန့်တော်မူခြင်းကို ပြု၍။ သာယနှသမယေ၊ ညနေချမ်းအခါ၌။ ပုပ္ဖါနံ ဝဏ္ဋတော မုစ္စနကာလေ၊ အင်ကြင်းစသော အပွင့်တို့၏ အညှာမှ ကြွေကျရာအချိန်၌။ ဒေဝတာဟိ အလင်္ကတေန၊ နတ်တို့သည် တန်ဆာဆင်ပေးအပ်သော။ အဋ္ဌူသဘဝိတ္ထာရေန မဂ္ဂေန၊ ရှစ်ဥသဘကျယ်သော လမ်းဖြင့်။ သီဟော ဝိယ ဝိဇမ္ဘမာနော၊ ခြင်္သေ့ကဲ့သို့ မကြောက်မရွံ တင့်တယ်စမ္ပယ်လျက်။ ဗောဓိရုက္ခာဘိမုခေါ ပါယာသိ၊ ဗောဓိညောင်ပင်သို့ ‌ရှေးရှုကြွတော်မူပြီ။
နာဂယက္ခသုပဏ္ဏာဒယော၊ နဂါး ဘီလူး ဂဠုန်စသည်တို့သည်။ ဒိဗ္ဗေဟိ ဂန္ဓပုပ္ဖာဒီဟိ ပူဇယိံသု၊ နတ်၌ဖြစ်ကုန်သော နံ့သာပန်းစသည်တို့ဖြင့် ပူဇော်ကုန်ပြီ။ ဒိဗ္ဗသင်္ဂီတာဒီနိ ပဝတ္တယိံသု၊ နတ်သီချင်းသံစသည်တို့ကို (ဆိုင်ရာတို့က) ဖြစ်စေကုန်ပြီ။ ဒသသဟဿီလောကဓာတု၊ တစ်သောင်းသော လောကဓာတ်သည်။ ဧကဂန္ဓာ ဧကမာလာ၊ အနံ့ကောင်းတစ်ခုတည်း ရှိသည်, အလှဆုံးပန်း တစ်မျိုးသာရှိသည်။ ဧကသာဓုကာရာ အဟောသိ၊ သာဓုခေါ်မှုတစ်မျိုးတည်းသာ ရှိသည်ဖြစ်ပြီ။
တသ္မိံ သမယေ၊ ထိုအခါ၌။ သောတ္ထိယော နာမ တိဏဟာရကော၊ သောတ္ထိယမည်သော မြက်ထမ်းသမားသည်။ တိဏံ အာဒါယ၊ မြက်ကို (ထမ်း၍) ယူ၍။ ပဋိပထေ အာဂစ္ဆန္တော၊ ခရီးရင်ဆိုင်၌ လာလတ်သော်။ မဟာပုရိသဿ အာကာရံ ဉ တွာ၊ ဘုရားလောင်း၏ အမူအရာကို သိရှိ၍။ အဋ္ဌတိဏမုဋ္ဌိယော အဒါသိ၊ မြက်ရှစ်ဆုပ်တို့ကို လှူဒါန်းပြီ။
ဗောဓိသတ္တော တိဏံ ဂဟေတွာ၊ ဘုရားလောင်းသည် မြက်ရှစ်ဆုပ်ကို အလှူခံယူ၍။ ဗောဓိမဏ္ဍံ အာရုယှ၊ မဟာဗောဓိကုန်းအရပ်သို့ တက်တော်မူ၍။ ဒက္ခိဏဒိသာဘာဂေ ဥတ္တရာဘိမုခေါ အဋ္ဌာသိ၊ တောင်မျက်နှာအဖို့၌ မြောက်အရပ်သို့ ရှေးရှု ရပ်တော်မူပြီ။
တသ္မိံ ခဏေ ဒက္ခိဏစက္ကဝါဠံ ဩသီဒိတွာ၊ ရပ်တော်မူရာထိုခဏ၌ တောင်စကြာဝဠာသည် အောက်သို့နစ်၍။ ဟေဋ္ဌာ အဝီစိသမ္ပတ္တံ ဝိယ အဟောသိ၊ အောက်အဝီစိရောက်အံ့ သကဲ့သို့ ဖြစ်ပြီ။ ဥတ္တရစက္ကဝါဠံ ဥလ္လင်္ဃိတွာ၊ မြောက်စကြာဝဠာသည် အထက်ခုံ၍။ ဥပရိဘဝဂ္ဂပ္ပတ္တံ ဝိယ အဟောသိ၊ အထက်ဘဝဂ်ရောက်အံ့သကဲ့သို့ ဖြစ်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဣဒံ သမ္ဗောဓိံ၊ ဤအရပ်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့။ ပါပုဏနဋ္ဌာနံ န ဘဝိဿတိ မညေတိ၊ ရောက်ရာအရပ်သည် ဖြစ်လိမ့်မည်မထင်ဟု တွေးတော်မူမိ၍။ ပဒက္ခိဏံ ကရောန္တော၊ ဗောဓိပင်ကို လက်ယာရစ်လှည့်လည်သည်ကို ပြုလျက်။ ပစ္ဆိမဒိသာဘာဂံ ဂန္တွာ၊ ဗောဓိပင်အနောက်ဖက်အရပ်အဖို့သို့ သွား၍။ ပုရတ္ထာဘိမုခေါ အဋ္ဌာသိ၊ အရှေ့ဖက်သို့ မျက်နှာတော်လှည့်၍ ရပ်တော်မူပြီ။ တတော ပစ္ဆိမစက္ကဝါဠံ ဩသီဒိတွာ၊ ထိုသို့ရပ်တော်မူခြင်းကြောင့် အနောက်ဖက် စကြာဝဠာသည် အောက်သို့ နစ်၍။ ဟေဋ္ဌာ အဝီစိသမ္ပတ္တံ ဝိယ အဟောသိ၊ အောက်အဝီစိ ရောက်အံ့သကဲ့သို့ ဖြစ်ပြီ။ ပုရတ္ထိမစက္ကဝါဠံ ဥလ္လင်္ဃိတွာ၊ အရှေ့စကြဝဠာသည် အထက်ခုံ၍။ ဥပရိဘဝဂ္ဂပ္ပတ္တံ ဝိယ အဟောသိ၊ အထက်ဘဝဂ် ရောက်အံ့သကဲ့သို့ ဖြစ်ပြီ။
အဿ ဌိတဋ္ဌိတဋ္ဌာနေ၊ ထိုဘုရားလောင်း၏ ရပ်ရာရပ်ရာဌာန တိုင်း၌။ မဟာပထဝီ၊ မြေကြီးသည်။ နေမိဝဋ္ဋိပရိယန္တေ အက္ကန္တေ၊ အကွပ်အစွန်အဖျားကို နင်းအပ်သော်။ နာဘိယာ ပတိဋ္ဌိတမဟာသကဋစက္ကံ ဝိယ၊ ပုံတောင်းဖြင့် တည်နေသော လှည်းဘီးကြီးသကဲ့သို့။ ဩနတုန္နတာ အဟောသိ၊ နိမ့်လိုက် မြင့်လိုက်သည် ဖြစ်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဣဒမ္ပိ သမ္ဗောဓိံ၊ ဗောဓိညောင်ပင် ဤအနောက်ဖက်အရပ်သည်လည်း အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့။ ပါပုဏနဋ္ဌာနံ န ဘဝိဿတိ မညေတိ၊ ရောက်ရာအရပ်သည် ဖြစ်လိမ့်မည် မထင်ဟု တွေးတော်မူမိ၍။ ပဒက္ခိဏံ ကရောန္တော၊ ဗောဓိညောင်ပင်ကို လက်ယာရစ်လှည့်လည်သည်ကို ပြုလျက်။ ဥတ္တရဒိသာဘာဂံ ဂန္တွာ၊ မြောက်အရပ်အဖို့သို့ ကြွတော်မူ၍။ ဒက္ခိဏာဘိမုခေါ အဋ္ဌာသိ၊ တောင်ဖက်ရှေးရှု မျက်နှာတော်ပြု၍ ရပ်တော်မူပြီ။ တတော ဥတ္တရစက္ကဝါဠံ ဩသီဒိတွာ၊ ထိုသို့ ရပ်တော်မူခြင်းကြောင့် မြောက်စကြဝဠာသည် အောက်နစ်၍။ ဟေဋ္ဌာ အဝီစိသမ္ပတ္တံ ဝိယ အဟောသိ၊ ‌အောက်အဝီစိ ရောက်အံ့သကဲ့သို့ ဖြစ်ပြီ။ ဒက္ခိဏစက္ကဝါဠံ ဥလ္လင်္ဃိတွာ၊ တောင်ဖက်စကြာဝဠာသည် ခုန်တက်၍။ ဥပရိ ဘဝဂ္ဂပ္ပတ္တံ ဝိယ အဟောသိ၊ အထက်ဘဝဂ်ရောက်အံ့သကဲ့သို့ ဖြစ်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဣဒမ္ပိ သမ္ဗောဓိံ၊ ဗောဓိညောင်ပင် ဤမြောက်ဖက်အရပ်သည်လည်း အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့။ ပါပုဏနဋ္ဌာနံ န ဘဝိဿတိ မညေတိ၊ ရောက်ရာအရပ်သည် ဖြစ်လိမ့်မည်မထင်ဟု တွေးတော်မူမိ၍။ ပဒက္ခိဏံ ကရောန္တော၊ ဗောဓိညောင်ပင်ကို လက်ယာရစ်သည်ကို ပြုတော်မူလျက်။ ပုရတ္ထိမဒိသာဘာဂံ ဂန္တွာ၊ အရှေ့အရပ်ဖက်သို့ ကြွတော်မူ၍။ ပစ္ဆိမာဘိမုခေါ အဋ္ဌာသိ၊ အနောက်ဖက် မျက်နှာပြုတော်မူ၍ ရပ်တော်မူပြီ။
ပန ပုရတ္ထိမဒိသာဘာဂေ၊ ထူးခြားလှသည်ကား ဗောဓိညောင်ပင် အရှေ့ဖက် အဖို့၌။ သဗ္ဗဗုဒ္ဓါနံ ပလ္လင်္ကဋ္ဌာနံ၊ ဘုရားရှင်အားလုံးတို့၏ အပရာဇိတပလ္လင် တည်ရာဌာန ဖြစ်၏။ တံ နေဝ ဆမ္ဘတိ န ကမ္ပတိ၊ ထိုအပရာဇိတပလ္လင် တည်ရာဌာနသည် မတောင့်တင်း, မခက်မာ, မတုန်လှုပ်။
မဟာသတ္တော၊ ဘုရားလောင်းသည်။ ဣဒံ၊ ဗောဓိပင်အရှေ့ဖက် ဤအရပ်သည်ကား။ သဗ္ဗဗုဒ္ဓါနံ အဝိဇဟိတံ၊ ဘုရားရှင်အားလုံးတို့သည် မစွန့်လွှတ်အပ်သော။ အစလဋ္ဌာနံ၊ မတုန်လှုပ်သော ဌာနတည်း။ ကိလေသပဉ္ဇရဝိဒ္ဓံသနဋ္ဌာနန္တိ ဉ တွာ၊ ကိလေသာ‌နှောင်အိမ် ဖျက်ဆီးရာ ဌာနတည်းဟု သိတော်မူ၍။ တာနိ တိဏာနိ၊ ထိုမြက်ရှစ်ဆုပ်တို့ကို။ အဂ္ဂေ ဂဟေတွာ စာလေသိ၊ အဖျား၌ ကိုင်၍ ကြဲဖြန့်တော်မူပြီ။ တာဝဒေဝ စုဒ္ဒသဟတ္ထော၊ ကြဲဖြန့်ရာ ထိုခဏ၌ပင် ၁၄-တောင်ရှိသော။ ပလ္လင်္ကော အဟောသိ၊ အပရာဇိတပလ္လင်သည် ဖြစ်ပေါ်လာပြီ။
ယထာရူပံ၊ အကြင်သို့ သဘောရှိသော ပလ္လင်ကို။ သုကုသလောပိ၊ သူမတူအောင် အလွန်ထူးခြား ကျွမ်းကျင်သည်လည်းဖြစ်သော။ စိတ္တကာရော ဝါ ပေါတ္ထကာရော ဝါ၊ ပန်းချီဆရာသည်လည်းကောင်း, ပန်းပုဆရာသည်လည်းကောင်း။ အာလိခိတုမ္ပိ သမတ္ထော နတ္ထိ၊ ရေးသားထုဆစ်ခြင်းငှာလည်း စွမ်းနိုင်သူသည် မဖြစ်။ တထာရူပေန သဏ္ဌာနေန၊ ထိုသို့ ထူးခြားကျွမ်းကျင်လှသည့် မည်သည့်ပန်းချီဆရာ, ပန်းပုဆရာမျှ ရေးသားထုဆစ်ရန် မစွမ်းနိုင်သော သဘောရှိသော ပုံသဏ္ဌာန်ဖြင့်။ တာနိပိ ခေါ တိဏာနိ သဏ္ဌဟိံသု၊ ထို ကြဲဖြန့်အပ်သော မြက်ရှစ်ဆုပ်တို့သည်လည်း ကောင်းစွာ တည်ကုန်ပြီ။
ဗောဓိသတ္တော ဗောဓိက္ခန္ဓံ၊ ဘုရားလောင်းသည် ‌ဗောဓိပင်ပင်စည်လုံးကို။ ပိဋ္ဌိတော ကတွာ၊ ကျောဖက်မှ ပြုတော်မူ၍။ ပုရတ္ထာဘိမုခေါ၊ အရှေ့ဖက်ရှေးရှု မျက်နှာတော်လှည့်၍။ ဒဠှမာနသော ဟုတွာ၊ အလွန် မြဲမြံခိုင်ခန့်သောစိတ် ရှိတော်မူသည် ဖြစ်၍။
ကာမံ တစော စ နှာရု စ၊ အဋ္ဌိ စ အဝသိဿတု၊ စင်စစ် အ‌ရေသည်လည်းကောင်း, အကြောသည်လည်းကောင်း, အရိုးသည်လည်းကောင်း ကြွင်းကျန်ပါစေ။
သရီရေ မံသလောဟိတံ၊ ခန္ဓာကိုယ်၌ အသွေးအသားသည်။ နိဿေသံ ဥပသုဿတု၊ အကြွင်းအကျန်မရှိအောင် ခန်းခြောက်ပါစေ။
အဟံ သမ္မာသမ္ဗောဓိံ အပ္ပတွာ၊ ငါသည် မှန်စွာ ကိုယ်တိုင်သိတတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို မရ, မရောက်ဘဲ။ ဣမံ ပလ္လင်္ကံ န ဘိန္ဒိဿာမီတိ၊ ဤတင်ပလ္လင်ခွေကို မဖျက်အံ့ဟု အဓိဋ္ဌာန်တော်မူ၍။ အသနိသတသန္နိပါတေနပိ အဘေဇ္ဇရူပံ၊ မိုးကြိုးအကြိမ်ရာပေါင်းများစွာ, ပစ်ချသော်လည်း မပျက်စီးနိုင်သော သဘောရှိသော။ အပရာဇိတပလ္လင်္ကံ အာဘုဇိတွာ နိသီဒိ၊ အပရာဇိတင်ပလ္လင်ခွေကို ဖွဲ့ခွေတော်မူ၍ ထိုင်နေတော်မူပြီ။
တသ္မိံ သမယေ မာရော ဒေဝပုတ္တော၊ ထိုအခါ၌ မာရ်နတ်သားသည်။ သိဒ္ဓတ္ထကုမာရော မယှံ ဝသံ အတိက္ကမိတုကာမော၊ သိဒ္ဓတ္ထမင်းသားသည် ငါမာရ်နတ်၏ အလိုနိုင်ငံကို ကျော်လွန်လို၏။ ဣဒါနိ အတိက္ကမိတုံ၊ ယခုအခါ၌ ငါ့အလို ကျော်လွန်ခြင်းငှာ။ အဿ န ဒဿာမီတိ၊ ထိုသိဒ္ဓတ္ထမင်းသားအား မပေးအံ့ဟု တွေး၍။ မာရဗလဿ သန္တိကံ ဂန္တွာ၊ မာရ်မင်းစစ်သည်ဗိုလ်ပါ၏ အထံသို့ သွား၍။ ဧတမတ္ထံ အာရောစေတွာ၊ ဤအကြောင်းကို ပြောကြား၍။ မာရဃောသနံ နာမ ဃောသာပေတွာ၊ မာရ်နတ်ကြွေးကြော်သံမည်သည်ကို ကြွေးကြော်စေ၍။ မာရဗလံ အာဒါယ နိက္ခမိ၊ မာရ်မင်းစစ်သည်ဗိုလ်ပါကို ခေါ်ယူ၍ ထွက်လာပြီ။
သာ မာရသေနာ၊ ထိုမာရ်နတ်မင်း စစ်တပ်သည်။ မာရဿ ပုရတော၊ မာရ်နတ်မင်း၏ ရှေ့၌။ ဒွါဒသယောဇနာ ဟောတိ၊ တစ်ဆယ့်နှစ်ယူဇနာရှိသည် ဖြစ်၏။ ဒက္ခိဏတော စ ဝါမတော စ ဒွါဒသယောဇနာ၊ ညာဘက်၌လည်းကောင်း, ဘယ်ဘက်၌လည်းကောင်း တစ်ဆယ့်နှစ်ယူဇနာရှိ၏။ ပစ္ဆတော ယာဝ စက္ကဝါဠပရိယန္တံ ကတွာ ဌိတာ၊ နောက်၌ စကြာဝဠာတိုင်အောင် အပိုင်းအခြားကို ပြု၍ တည်ရှိ၏။ ဥဒ္ဓံ နဝယောဇနုဗ္ဗေဓာ၊ အထက်၌ ကိုးယူဇနာအမြင့်ရှိ၏။ ယဿာ ဥန္နဒန္တိယာ ဥန္နာဒသဒ္ဒေါ၊ ယင်းကြွေးကြော်သော မာရ်နတ်မင်းစစ်တပ်၏ ကြွေးကြော်သံကို။ ယောဇနသဟဿတော ပဋ္ဌာယ၊ ယူဇနာတစ်ထောင်မှ စ၍။ ပထဝိဥန္ဒြိယနသဒ္ဒေါ ဝိယ သုယျတိ၊ မြေပြိုသော အသံကဲ့သို့ ကြားရ၏။
အထ မာရော ဒေဝပုတ္တော၊ ထိုအခါ၌ မာရ်နတ်သားသည်။ ဒိယဍ္ဎယောဇနသတိကံ ဂိရိမေခလံ နာမ၊ ယူဇနာတစ်ရာ့ငါးဆယ်ရှိသော ဂိရိမေခလာမည်သော။ ဟတ္ထိံ အဘိရုဟိတွာ၊ ဆင်ကို စီး၍။ ဗာဟုသဟဿံ မာပေတွာ၊ လက်ရုံးတစ်ထောင် ဖန်ဆင်း၍။ နာနာဝုဓာနိ အဂ္ဂဟေသိ၊ လက်နက်အမျိုးမျိုးတို့ကို ကိုင်စွဲပြီ။
အဝသေသာယ မာရပရိသာယပိ၊ ကြွင်းကျန်သော မာရ်နတ်ပရိသတ်၌လည်း။ ဒွေ ဇနာ ဧကသဒိသံ၊ နှစ်ယောက်တို့သည် တစ်မျိုးတည်းတူနေသော။ အာဝုဓံ န ဂဏှိံသု၊ လက်နက်ကို မကိုင်ကြကုန်ပြီ။ နာနပ္ပကာရဝဏ္ဏာ၊ အဆင်းပုံဟန် အမျိုးမျိုးရှိကုန်သည်။ နာနပ္ပကာရမုခါ ဟုတွာ၊ မျက်နှာအမျိုးမျိုး ရှိကုန်သည် ဖြစ်၍။ မဟာသတ္တံ အဇ္ဈောတ္ထရမာနာ အာဂမိံသု၊ ဘုရားအလောင်းတော်ကို လွှမ်းမိုးဖိစီးလိုကုန်လျက် လာကုန်ပြီ။
ပန ဒသသဟဿစက္ကဝါဠဒေဝတာ၊ ထူးခြားသည်ကား စကြဝဠာတစ်သောင်းရှိ နတ်ဗြဟ္မာတို့သည်။ မဟာသတ္တဿ ထုတိယော၊ ဘုရားလောင်းအား ချီးမွမ်းစကားတို့ကို။ ဝဒမာနာ အဋ္ဌံသု၊ ပြောဆိုကုန်လျက် တည်နေကုန်ပြီ။
ဒေဝရာဇာ သက္ကော၊ နတ်တို့ဘုရင်ဖြစ်သော သိကြားမင်းသည်။ ဝိဇယုတ္တရသင်္ခံ ဓမမာနော အဋ္ဌာသိ၊ ဝိဇယုတ္တရခရုသင်းကို မှုတ်လျက် တည်ပြီ။
သော သင်္ခေါ၊ ထိုဝိဇယုတ္တရခရုသင်းသည်။ ဝီသဟတ္ထသတိကော ဟောတိ ကိရ၊ အတောင်တစ်ရာ့နှစ်ဆယ်ရှိသည် ဖြစ်သတဲ့။
သကိံ ဝါတံ ဂါဟာပေတွာ ဓမန္တော၊ တစ်ကြိမ် လေကို ယူစေ၍ မှုတ်သော်။ စတ္တာရော မာသေ သဒ္ဒံ ကရိတွာ၊ လေးလတို့ပတ်လုံး အသံကို ပြုပြီး၍။ နိဿဒ္ဒေါ ဟောတိ၊ အသံမထွက်သည် ဖြစ်၏။
မဟာကာဠနာဂရာဇာ အတိရေကပဒသတေန၊ ကာဠနဂါးမင်းကြီးသည် ပုဒ်ပေါင်းတစ်ရာကျော်ဖြင့်။ ဝဏ္ဏံ ဝဒန္တော အဋ္ဌာသိ၊ ဂုဏ်ကျေးဇူးကို ပြောဆိုလျက် တည်ပြီ။ မဟာဗြဟ္မာ သေတစ္ဆတ္တံ၊ ဗြဟ္မာကြီးသည် ထီးဖြူကို။ ဓာရယမာနော အဋ္ဌာသိ၊ ဆောင်မိုးလျက် တည်ပြီ။
ဗောဓိမဏ္ဍံ မာရဗလေ ဥပသင်္ကမန္တေ ပန၊ ဗောဓိမဏ္ဍိုင်သို့ မာရ်နတ်မင်းဗိုလ်ပါသည် ချဉ်းကပ်သော်ကား။ တေသံ ဧကောပိ၊ ထိုနတ်ဗြဟ္မာစသည်တို့တွင် တစ်ယောက်သော်မျှလည်း။ ဌာတုံ နာသက္ခိ၊ တည်နေခြင်းငှာ မစွမ်းနိုင်ပြီ။ သမ္မုခသမ္မုခဋ္ဌာနေနေဝ ပလာယိံသု၊ ဦးတည့်ရာ ဦးတည့်ရာဌာနဖြင့်သာ ပြေးသွားကြကုန်ပြီ။
ကာဠော နာဂရာဇာ၊ ကာဠနဂါးမင်းသည်။ ပထဝိယံ နိမုဇ္ဇိတွာ၊ မြေ၌ ငုပ်၍။ ပဉ္စယောဇနသတိကံ မဉ္ဇေရိကနာဂဘဝနံ ဂန္တွာ၊ ယူဇနာငါးရာရှိသော မဉ္ဇေရိကနဂါးဘုံဗိမာန်သို့ သွား၍။ ဥဘောဟိ ဟတ္ထေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ မုခံ ပိဒဟိတွာ နိပန္နော၊ မျက်နှာကိုဖုံးအုပ်၍ အိပ်ပြီ။
သက္ကော ဝိဇယုတ္တရသင်္ခံ၊ သိကြားမင်းသည် ဝိဇယုတ္တရခရုသင်းကို။ ပိဋ္ဌိယံ ကတွာ၊ ကျော၌ ပိုးမှုပြု၍။ စက္ကဝါဠမုခဝဋ္ဋိယံ အဋ္ဌာသိ၊ စကြဝဠာအနားရေး၌ တည်ပြီ။
မဟာဗြဟ္မာ သေတစ္ဆတ္တံ၊ ဗြဟ္မာကြီးသည် ထီးဖြူကို။ စက္ကဝါဠကောဋိယံ ဌပေတွာ၊ စကြဝဠာတိုက် အစွန်အဖျား၌ ထား၍။ ဗြဟ္မလောကမေဝ အဂမာသိ၊ ဗြဟ္မာ့ပြည်သို့သာ သွားလေပြီ။
ဧကာ ဒေဝတာပိ၊ တစ်ယောက်သော နတ်ဗြဟ္မာသည်သော်မျှလည်း။ ဌာတုံ သမတ္ထာ နာဟောသိ၊ တည်နေခြင်းငှာ စွမ်းနိုင်သည် မဖြစ်ပြီ။ မဟာပုရိသော ဧကကောဝ နိသီဒိ၊ ဘုရားလောင်းသည် တစ်ယောက်တည်းသာ ထိုင်နေတော်မူပြီ။
တာတာ၊ အမောင်တို့။ သုဒ္ဓေါဒနပုတ္တေန သိဒ္ဓတ္ထေန သဒိသော၊ သုဒ္ဓေါဒနမင်းကြီးသားတော်ဖြစ်သော သိဒ္ဓတ္ထမင်းသားနှင့်တူသော။ အညော ပုရိသော နာမ နတ္ထိ၊ အခြားသောယောကျ်ားမည်သည် မရှိ။ သမ္မုခါ ယုဒ္ဓံ ဒါတုံ၊ ရှေ့တည့်တည့်မှ စစ်တိုက်မှုကို ပေးခြင်းငှာ။ မယံ န သက္ခိဿာမ၊ ငါတို့သည် စွမ်းနိုင်လိမ့်မည် မဟုတ်ကုန်။ ပစ္ဆာဘာဂေန ဒဿာမာတိ၊ နောက်အဖို့မှ စစ်တိုက်မှုပေးကြစို့ဟု။ အတ္တနော ပရိသံ၊ မိမိ၏ ပရိသတ်ကို။ မာရောပိ အာဟ၊ မာရ်နတ်မင်းကလည်း ပြောထားပြီ။
မဟာပုရိသောပိ၊ ဘုရားလောင်းသည်လည်း။ တီဏိ ပဿာနိ ဩလောကေတွာ၊ ရှေ့, ဝဲယာ, နံပါး သုံးဖက်တို့ကို ကြည့်၍။ သဗ္ဗဒေဝတာနံ ပလာတတ္တာ၊ နတ်ဗြဟ္မာအားလုံးတို့၏ ပြေးကုန်သည်၏အဖြစ်ကြောင့်။ သုညာနိ အဒ္ဒသ၊ ကင်းဆိတ်နေသည်တို့ကို မြင်တော်မူပြီ။
ဥတ္တရပဿေန ပုန အဇ္ဈောတ္ထရမာနံ၊ မြောက်ဖက်နံပါးမှ တစ်ဖက် လွှမ်းမိုးလာသော။ မာရဗလံ ဒိသွာ၊ မာရ်နတ်မင်းဗိုလ်ပါကို မြင်တော်မူရ၍။ ဧတ္တကော အယံ ဇနော၊ ဤမျှအတိုင်းအရှည်ရှိသော ဤရန်သူအပေါင်းသည်။ ဧကကံ မံ သန္ဓာယ၊ တစ်ယောက်တည်းသော ငါ့ကို ရည်ရွယ်၍။ မဟန္တံ ဝါယာမံ၊ ကြီးမားသော အားထုတ်မှုကို။ ပရက္ကမံ ကရောတိ၊ တစ်ဆင့်တက်သော အားထုတ်မှုကို ပြု၏။ ဣမသ္မိံ ဌာနေ မယှံ မာတာ ဝါ၊ ဤနေရာ၌ ငါ၏ မယ်တော်သည်လည်းကောင်း။ ပိတာ ဝါ ဘာတာ ဝါ၊ ခမည်းတော်သည်လည်းကောင်း, ညီအစ်ကိုမောင်နှမသည်လည်းကောင်း။ အညော ကောစိ ဉာတကော ဝါ နတ္ထိ၊ အခြားသော တစ်စုံတစ်ယောက်သော ဆွေမျိုးသည်လည်းကောင်း မရှိ။ ပန ဣမာ ဒသ ပါရမိယောဝ၊ အဟုတ်သော်ကား ဤပါရမီဆယ်ပါးတို့သည်သာ။ ဒီဃရတ္တံ၊ ရှည်လျားစွာသော နေ့ညပတ်လုံး။ မယှံ ပုဋ္ဌပရိဇနသဒိသာ၊ ငါသည် ကျွေးမွေးထားအပ်သည့် အခြွေအရံများနှင့် တူကုန်၏။ တသ္မာ ပါရမိယောဝ၊ ထို့ကြောင့်ပါရမီတို့ကိုသာ။ ဖလကံ ကတွာ၊ အကာအကွယ်ကို ပြု၍။ ပါရမိသတ္ထေနေဝ ပဟရိတွာ၊ ပါရမီလက်နက်ဖြင့်သာ ပုတ်ခတ်တိုက်ခိုက်၍။ အယံ ဗလကာယော၊ မာရ်နတ်မင်းနှင့်တကွ ဤစစ်သည်ဗိုလ်ပါအပေါင်းကို။ မယာ ဝိဒ္ဓံသေတုံ ဝဋ္ဋတီတိ၊ ငါသည် ဖျက်ဆီးခြင်းငှာ သင့်၏ဟု ကြံတော်မူ၍။ ဒသပါရမိယော၊ ပါရမီးဆယ်ပါးတို့ကို။ အာဝဇ္ဇမာနော နိသီဒိ၊ ဆင်ခြင်တော်မူလျက် ထိုင်နေတော်မူပြီ။
အထ ခေါ မာရော ဒေဝပုတ္တော၊ ထိုအခါ၌ မာရ်နတ်သားသည်။ ဧတေနေဝ သိဒ္ဓတ္ထံ ပလာပေဿာမီတိ၊ ဤလေပွေဖြင့်သာ သိဒ္ဓတ္ထကို ထပြေးစေအံ့ဟု ကြံ၍။ **ဝါတမဏ္ဍလံ** သမုဋ္ဌာပေသိ၊ လေပွေကြီးကို ဖြစ်စေပြီ။
တင်္ခဏံယေဝ ပုရတ္ထိမာဒိဘေဒါ၊ ထိုခဏ၌ပင် အရှေ့လေ စသည်အပြားရှိကုန်သော။ ဝါတာ သမုဋ္ဌဟိတွာ၊ လေတို့သည် ပြင်းထန်စွာ ထလာကုန်၍။ အဍ္ဎယောဇနဧကယောဇနဒွိယောဇနတိယောဇနပ္ပမာဏာနိ၊ ယူဇနာဝက်, တစ်ယူဇနာ, နှစ်ယူဇနာ, သုံးယူဇနာ ပမာဏရှိကုန်သော။ ပဗ္ဗတကူဋာနိ ပဒါလေတွာ၊ တောင်ထွတ်တို့ကို ဖြိုခွဲဖောက်ထွင်း၍။ ဝနဂစ္ဆရုက္ခာဒီနိ ဥမ္မူလေတွာ၊ တော, ခြုံ, သစ်ပင်စသည်တို့ကို အမြစ်ဂျွမ်းထောင်အောင် ပြု၍။ သမန္တာ ဂါမနိဂမေ၊ ထက်ဝန်းကျင်မှ ရွာနိဂုံးတို့ကို။ စုဏ္ဏဝိစုဏ္ဏံ ကာတုံ သမတ္ထာပိ၊ မုန့်မုန့်ညက်ညက်ကို ပြုခြင်းငှာ စွမ်းနိုင်သော်လည်း။ မဟာပုရိသဿ ပုညတေဇေန၊ ဘုရားလောင်း၏ ကောင်းမှုတန်ခိုးကြောင့်။ ဝိဟတာနုဘာဝါ၊ တန်ခိုးအစွမ်း ကင်းကုန်သည် ဖြစ်၍။ ဗောဓိသတ္တံ ပတွာ၊ ဘုရားလောင်းထံသို့ ရောက်သော်။ စီဝရကဏ္ဏမတ္တမ္ပိ စာလေတုံ နာသက္ခိံသု၊ သင်္ကန်းစွန်းမျှကိုသော်လည်း လှုပ်ရှားစေခြင်းငှာ မစွမ်းနိုင်ကုန်ပြီ။
တတော၊ ထို့နောင်မှ။ ဥဒကေန နံ အဇ္ဈောတ္ထရိတွာ မာရေဿာမီတိ၊ ရေဖြင့် ထိုသိဒ္ဓတ္ထကို လွှမ်းမိုး၍ သတ်အံ့ဟု တွေး၍။ **မဟာဝဿံ** သမုဋ္ဌာပေသိ၊ မိုးကြီးကို သည်းစွာဖြစ်စေပြီ။
တဿာ အာနုဘာဝေန၊ ထိုမာရ်နတ်၏ တန်ခိုးအာနုဘော်ကြောင့်။ ဥပရူပရိ သတပဋလသဟဿပဋလာဒိဘေဒါ၊ အထက်အထက်၌ အစိုင်အခဲတစ်ရာ အစိုင်အခဲတစ်ထောင် စသည်ပြားကုန်သော။ ဝလာဟကာ ဥဋ္ဌဟိတွာ ဝဿိံသု၊ မိုးတိမ်တို့သည် တက်လာ၍ ရွာကုန်ပြီ။
ဝုဋ္ဌိဓာရာဝေဂေန၊ မိုးရေစီးကြောင်း အရှိန်အဟုန်ကြောင့်။ ပထဝီ ဆိဒ္ဒါ အဟောသိ၊ မြေကြီးသည် ပေါက်ကွဲသည် ဖြစ်ပြီ။
ဝနရုက္ခာဒီနံ ဥပရိဘာဂေန၊ တော, သစ်ပင် စသည်တို့၏ အထက်အဖို့ဖြင့်။ မဟာမေဃော အာဂန္တွာ၊ မိုးရေများသည် စီးဆင်းလာ၍။ မဟာသတ္တဿ စီဝရေ၊ ဘုရားလောင်း၏ သင်္ကန်းတော်၌။ ဥဿာဝဗိန္ဒုဋ္ဌာနမတ္တမ္ပိ တေမေတုံ နာသက္ခိ၊ နှင်းပေါက်စိုစွတ်ရာ နေရာကလေးလောက်ကိုမျှလည်း စိုစွတ်ခြင်းငှာ မစွမ်းနိုင်ပြီ။
တတော **ပါသာဏဝဿံ** သမုဋ္ဌာပေသိ၊ ထို့နောင်မှ ကျောက်ခဲ မိုးကို ဖြစ်စေ ရွာစေပြီ။
မဟန္တာနိ မဟန္တာနိ ပဗ္ဗတကူဋာနိ၊ ကြီးကုန် ကြီးကုန်သော တောင်ထွတ်တို့သည်။ ဓူမာယန္တာနိ ပဇ္ဇလန္တာနိ၊ အခိုးထွက်ကုန်လျက် တောက်လောင်ကုန်လျက်။ အာကာသေန အာဂန္တွာ၊ ကောင်းကင်ဖြင့် လာကုန်၍။ ဗောဓိသတ္တံ ပတွာ၊ ဘုရားလောင်းထံသို့ ရောက်၍။ ဒိဗ္ဗမာလာဂုဠဘာဝံ အာပဇ္ဇိံသု၊ နတ်ပန်းကုံးအဖြစ်သို့ ရောက်ကုန်ပြီ။
တတော **ပဟရဏဝဿံ** သမုဋ္ဌာပေသိ၊ ထို့နောင်မှ လက်နက်မိုးကို ကောင်းစွာဖြစ်စေ, ရွာစေပြီ။
ဧကတောဓာရာဥဘတောဓာရာ အသိသတ္တိခုရပ္ပါဒယော၊ တစ်ဖက်သွားရှိ, နှစ်ဖက်သွားရှိကုန်သော သန်လျက်, လှံ မြား အစရှိသည်တို့သည်။ ဓူမာယန္တာ ပဇ္ဇလန္တာ၊ အခိုးထွက်ကုန်လျက် တောက်လောင်ကုန်လျက်။ အာကာသေန အာဂန္တွာ၊ ကောင်းကင်ဖြင့် လာ၍။ ဗောဓိသတ္တံ ပတွာ၊ ဘုရားလောင်းထံသို့ ရောက်၍။ ဒိဗ္ဗပုပ္ဖာနိ အဟေသုံ၊ နတ်ပန်းတို့သည် ဖြစ်ကုန်ပြီ။
တတော **အင်္ဂါရဝဿံ** သမုဋ္ဌာပေသိ၊ ထို့နောင်မှ မီးကျီးမိုးကို ဖြစ်စေ ရွာစေပြီ။
ကိံသုကဝဏ္ဏာ အင်္ဂါရာ၊ ပေါက်ပွင့်အဆင်းရှိကုန်သော မီးကျီးခဲတို့သည်။ အာကာသေန အာဂန္တွာ၊ ကောင်းကင်ဖြင့် လာ၍။ ဗောဓိသတ္တဿ ပါဒမူလေ၊ ဘုရားလောင်း၏ ခြေတော်ရင်း၌။ ဒိဗ္ဗပုပ္ဖာနိ ဟုတွာ၊ နတ်ပန်းတို့သည် ဖြစ်ကုန်၍။ ဝိကိရိံသု၊ ဖရိုဖရဲ ပြန့်ကြဲကုန်ပြီ။
တတော **ကုက္ကုဠဝဿံ** သမုဋ္ဌာပေသိ၊ ထို့နောင်မှ ပြာပူမိုးကို ဖြစ်စေပြီ။
အစ္စုဏှော အဂ္ဂိဝဏ္ဏော ကုက္ကုဠော၊ အလွန်ပူပြင်းသော မီးအဆင်းရှိသော ပြာပူသည်။ အာကာသေန အာဂန္တွာ၊ ကောင်းကင်ဖြင့် လာ၍။ ဗောဓိသတ္တဿ ပါဒမူလေ၊ ဘုရားလောင်း၏ ခြေတော်ရင်း၌။ ဒိဗ္ဗစန္ဒနစုဏ္ဏံ ဟုတွာ နိပတိ၊ နတ်စန္ဒကူးမှုန့်သည် ဖြစ်၍ ကျလာပြီ။
တတော **ဝါလုကာဝဿံ** သမုဋ္ဌာပေသိ၊ ထို့နောင်မှ သဲမိုးကို ဖြစ်စေပြီ။
အတိသုခုမဝါလုကာ ဓူမာယန္တာ ပဇ္ဇလန္တာ၊ အလွန် သိမ်မွေ့ကုန်သော သဲတို့သည် အခိုးထွက်ကုန်လျက် တောက်လောင်ကုန်လျက်။ အာကာသေန အာဂန္တွာ၊ ကောင်းကင်ဖြင့် လာကုန်၍။ ဗောဓိသတ္တဿ ပါဒမူလေ၊ ဘုရားလောင်း၏ ခြေတော်ရင်း၌။ ဒိဗ္ဗပုပ္ဖာနိ ဟုတွာ နိပတိံသု၊ နတ်ပန်းပွင့်တို့သည် ဖြစ်ကုန်၍ ကျလာကုန်ပြီ။
တတော **ကလလဝဿံ** သမုဋ္ဌာပေသိ၊ ထို့နောင်မှ ရွှံ့ညွန်မိုးကို ဖြစ်စေပြီ။
တံ ကလလံ၊ ထိုရွှံ့ညွန်သည်။ ဓူမာယန္တံ ပဇ္ဇလန္တံ၊ အခိုးထွက်လျက် တောက်လောင်လျက်။ အာကာသေန အာဂန္တွာ၊ ကောင်းကင်ဖြင့် လာ၍။ ဗောဓိသတ္တဿ ပါဒမူလေ၊ ဘုရားလောင်း၏ ခြေတော်ရင်း၌။ ဒိဗ္ဗဝိလေပနံ ဟုတွာ နိပတိ၊ နတ်နံ့သာပျောင်းသည် ဖြစ်၍ ကျလာပြီ။
တတော၊ ထို့နောင်မှ။ ဣမိနာ ဘိံသေတွာ၊ ဤအမှောင်ဖြင့် ချောက်လှန့်၍။ သိဒ္ဓတ္ထံ ပလာပေဿာမီတိ၊ သိဒ္ဓတ္ထကို ဗောဓိညောင်ပင်အောက်မှ ထွက်ပြေးစေအံ့ဟု တွေး၍။ အန္ဓကာရံ သမုဋ္ဌာပေသိ၊ အမှောင်ကို ဖြစ်စေပြီ။
တံ၊ မာရ်နတ်ဖန်ဆင်းသည့် ထိုအမှောင်သည်။ စတုရင်္ဂသမန္နာဂတံ မဟာတမံ ဝိယ ဟုတွာ၊ လကွယ်, မိုးမှောင်, သန်းခေါင်, တောလယ် အင်္ဂါလေးသွယ်ရှိသော အမှောင်ကြီးကဲ့သို့ ဖြစ်၍။ ဗောဓိသတ္တံ ပတွာ၊ ဘုရားလောင်းထံသို့ ရောက်သော်။ သူရိယပ္ပဘာဝိဟတံ၊ နေရောင်သည် ပယ်ဖျောက်အပ်သော။ အန္ဓကာရံ ဝိယ အန္တရဓာယိ၊ အမှောင်ကဲ့သို့ ကွယ်ပျောက်ပြီ။
ဧဝံ မာရော နဝဟိ၊ ဤသို့ မာရ်နတ်မင်းသည် ကိုးမျိုးကုန်သော။ ဝါတဝဿပါသာဏပဟရဏအင်္ဂါရကုက္ကုဠဝါလုကာကလလအန္ဓကာရဝုဋ္ဌီဟိ၊ လေ, မိုး, ကျောက်ခဲ, လက်နက်, မီးကျီး, ပြာပူ, သဲ, ညွန်, အမှောင်မိုးတို့ဖြင့်။ ဗောဓိသတ္တံ ပလာပေတုံ၊ ဘုရားလောင်းကို ထွက်ပြေးစေခြင်းငှာ။ အသက္ကောန္တော၊ မစွမ်းနိုင်လတ်သော်။ "ကိံ ဘဏေ တိဋ္ဌထ၊ ဘာ့ကြောင့် အချင်းတို့ ရပ်နေကြရသလဲ။ ဣမံ သိဒ္ဓတ္ထကုမာရံ ဂဏှထ၊ ဤသိဒ္ဓတ္ထမင်းသားကို ဖမ်းကြ။ ဟနထ ပလာပေထာတိ၊ သတ်ကြ ထွက်ပြေးအောင် လုပ်ကြ"ဟု။ ပရိသံ အာဏာပေတွာ၊ ပရိသတ်ကို ခိုင်း၍။ သယမ္ပိ ဂိရိမေခလဿ ဟတ္ထိနော၊ ကိုယ်တိုင်လည်း ဂိရိမေခလာမည်သော ဆင်၏။ ခန္ဓေ နိသိန္နော၊ ပခုံးပေါ်၌ ထိုင်လျက်။ စက္ကာဝုဓံ အာဒါယ၊ စက်လက်နက်ကို ကိုင်စွဲ၍။ ဗောဓိသတ္တံ ဥပသင်္ကမိတွာ၊ ဘုရားလောင်းသို့ ချဉ်းကပ်၍။ "သိဒ္ဓတ္ထ ဧတသ္မာ ပလ္လင်္ကာ ဥဋ္ဌာဟိ၊ အို သိဒ္ဓတ္ထ ဤပလ္လင်မှ တလော့။ အယံ တုယှံ န ပါပုဏာတိ၊ ဤပလ္လင်သည် သင့်အား မရောက်။ မယှံ ဧဝ ပါပုဏာတီတိ အာဟ၊ ငါ့အားသာ ရောက်၏"ဟု ပြောပြီ။
တဿ ဝစနံ၊ ထိုမာရ်နတ်၏ စကားကို။ မဟာသတ္တော သုတွာ၊ ဘုရားလောင်းသည် ကြားရ၍။
"မာရ တယာ၊ အိုမာရ်နတ် သင်သည်။ ဒသ ပါရမိယော နေဝ ပူရိတာ၊ ပါရမီဆယ်ပါးတို့ကို မဖြည့်ကျင့်အပ်ကုန်။ ဥပပါရမိယော န၊ ဥပပါရမီ ဆယ်ပါးတို့ကို မဖြည့်ကျင့်အပ်ကုန်။ ပရမတ္ထပါရမိယော န၊ ပရမတ္ထပါရမီဆယ်ပါးတို့ကို မဖြည့်ကျင့်အပ်ကုန်။ ပဉ္စမဟာပရိစ္စာဂါ န ပရိစ္စတ္တာ၊ စွန့်ခြင်းကြီး ငါးပါးတို့ကိုလည်း မစွန့်အပ်ကုန်။ ဉာတတ္ထစရိယာ န၊ ဉာတတ္ထစရိယကို မဖြည့်ကျင့်အပ်။ လောကတ္ထစရိယာ န၊ လောကတ္ထစရိယကို မဖြည့်ကျင့်အပ်။ ဗုဒ္ဓိစရိယာ န ပူရိတာ၊ ဗုဒ္ဓတ္ထစရိယကို မဖြည့်ကျင့်အပ်။ တာ သဗ္ဗာ မယာယေဝ ပူရိတာ၊ ထိုအလုံးစုံတို့ကို ငါသည်သာ ဖြည့်ကျင့်အပ်ကုန်ပြီ။ တသ္မာ အယံ ပလ္လင်္ကော၊ ထို့ကြောင့် ဤအပရာဇိတပလ္လင်သည်။ တုယှံ န ပါပုဏာတိ၊ သင်မာရ်နတ်အား မရောက်။ ဧသော မယှမေဝ၊ ဤအပရာဇိတပလ္လင်သည် ငါ့အားသာ။ ပါပုဏာတီတိ အဝေါစ၊ ရောက်၏"ဟု မိန့်တော်မူပြီ။ ။
မာရော ကုဒ္ဓေါ၊ မာရ်နတ်သည် စိတ်ဆိုး၍။ ကောဓဝေဂံ အသဟန္တော၊ စိတ်ဆိုးမှုအဟုန်ကို ထိန်းရန် မစွမ်းနိုင်ရကား။ မဟာပုရိသဿ စက္ကာဝုဓံ ဝိဿဇ္ဇေသိ၊ ဘုရားလောင်းထံသို့ စက်လက်နက်ကို ပစ်လွှတ်ပြီ။
တံ ဒသပါရမိယော၊ ထိုစက်လက်နက်သည် ပါရမီတော်ဆယ်ပါးတို့ကို။ အာဝဇ္ဇေန္တဿ တဿ ဥပရိဘာဂေ၊ ဆင်ခြင်တော်မူနေသော ထိုဘုရားလောင်း၏ အထက်အဖို့၌။ မာလာဝိတာနံ ဟုတွာ အဋ္ဌာသိ၊ ပန်းမျက်နှာကြက်သည် ဖြစ်၍ တည်လေပြီ။
တံ ခုရဓာရစက္ကာဝုဓံ၊ ထိုသင်တုံးဓားသွား စက်လက်နက်သည်။ အညဒါ တေန ကုဒ္ဓေန ဝိဿဋ္ဌံ၊ အခြားအခါ၌ ထိုမာရ်နတ်သည် စိတ်ဆိုးသဖြင့် ပစ်လွှတ်အပ်သော်။ ဧကဃနပါသာဏတ္ထမ္ဘေ ဝံသကဠီရေ ဝိယ၊ တလုံးတခဲတည်းသော ကျောက်သားတိုင်တို့ကို ဝါးညှောင့်မျှစ်နုတို့ကိုကဲ့သို့။ ဆိန္ဒန္တံ ဂစ္ဆတိ၊ ဖြတ်လျက်သွား၏။ ဣဒါနိ ပန တသ္မိံ၊ ယခုအခါ၌ကား ထိုသင်တုံးဓားသွား စက်လက်နက်သည်။ မာလာဝိတာနံ ဟုတွာ ဌိတေ၊ ပန်းမျက်နှာကြက်သည် ဖြစ်၍ တည်လတ်သော်။ အဝသေသာ မာရပရိသာ၊ ကြွင်းကျန်ကုန်သော မာရ်နတ်ပရိသတ်တို့သည်။ ဣဒါနိ ပလ္လင်္ကတော၊ ယခုအခါ၌ ပလ္လင်မှ။ ဝုဋ္ဌာယ ပလာယိဿတီတိ၊ ထ၍ ပြေးလိမ့်မည်ဟု တွေးကြ၍။ မဟန္တမဟန္တာနိ သေလကူဋာနိ ဝိဿဇ္ဇေသုံ၊ ကြီးကုန် ကြီးကုန်သော တောင်ထွတ်တို့ကို ပစ်လွှတ်ကုန်ပြီ။
တာနိပိ၊ ထိုတောင်ထွတ်တို့သည်လည်း။ ဒသ ပါရမိယော၊ ပါရမီတော်ဆယ်ပါးတို့ကို။ အာဝဇ္ဇေန္တဿ မဟာပုရိသဿ၊ ဆင်ခြင်တော်မူသော ဘုရားလောင်း၏ထံ၌။ မာလာဂုဠဘာဝံ အာပဇ္ဇိတွာ၊ ပန်းကုံးအဖြစ်သို့ ရောက်၍။ ဘူမိယံ ပတိံသု၊ မြေ၌ ကျကုန်ပြီ။
ဒေဝတာ စက္ကဝါဠမုခဝဋ္ဋိယံ ဌိတာ၊ နတ်ဗြဟ္မာတို့သည် စကြဝဠာအနားရေး၌ တည်ကြကုန်လျက်။ ဂီဝံ ပသာရေတွာ၊ လည်ပင်းကို ဆန့်တန်း၍။ သီသံ ဥက္ခိပိတွာ၊ ဦးခေါင်းကို မော့၍။ သော သိဒ္ဓတ္ထကုမာရဿ၊ အချင်းတို့ သိဒ္ဓတ္ထမင်းသား၏။ ရူပဂ္ဂပ္ပတ္တော အတ္တဘာဝေါ၊ ရုပ်အဆင်း အထွတ်အထိပ်သို့ ရောက်သော ခန္ဓာကိုယ်သည်။ နဋ္ဌော ဝတ၊ ပျက်လေစွတကား။ ကိံ နု ခေါ ကရိဿတီတိ ဩလောကေန္တိ၊ ဘယ်သို့လျှင် ပြုလိမ့်မည်နည်းဟု ကြည့်နေကုန်၏။
တတော မဟာပုရိသော၊ ထို့နောင်မှ ဘုရားလောင်းသည်။ ပူရိတပါရမီနံ ဗောဓိသတ္တာနံ၊ ဖြည့်ကျင့်အပ်ပြီးသောပါရမီရှိကုန်သော ဘုရားလောင်းတို့၏။ အဘိသမ္ဗုဇ္ဈနဒိဝသေ ပတ္တပလ္လင်္ကော၊ ဘုရားဖြစ်တော်မူရာနေ့၌ ရရောက်ထိုက်သော ပလ္လင်သည်။ မယှံဝ ပါပုဏာတီတိ၊ ငါ့အားသာ ရောက်၏ဟု။ ဝတွာ ဌိတံ မာရံ၊ ပြောဆို၍ တည်နေသော မာရ်နတ်ကို။
"မာရ တုယှံ ဒါနဿ၊ အိုမာရ်နတ် သင်၏ အလှူကို။ ဒိန္နဘာဝေ ကော၊ လှူအပ်သည်၏အဖြစ်၌ အဘယ်သူသည်။ သက္ခီတိ အာဟ၊ သက်သေလဲ"ဟု ပြောဆိုမေးမြန်းတော်မူပြီ။
မာရော၊ မာရ်နတ်သည်။ ဧတ္တကာ ဣမေ ဇနာ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော ဤသူတို့သည်။ သက္ခိနောတိ၊ သက်သေတို့တည်းဟု ပြော၍။ မာရဗလာဘိမုခံ၊ မာရ်နတ်ဗိုလ်ပါအပေါင်းသို့ ရှေးရှု။ ဟတ္ထံ ပသာရေသိ၊ လက်ကို ဆန့်တန်းလိုက်ပြီ။
တသ္မိံ ခဏေ မာရပရိသာယ၊ ထိုခဏ၌ မာရ်နတ်ပရိသတ်၏။ အဟံ သက္ခီ အဟံ သက္ခီတိ၊ ငါသည် သက်သေတည်း, ငါသည် သက်သေတည်းဟု။ ပဝတ္တသဒ္ဒေါ၊ ဖြစ်သောအသံသည်။ ပထဝိဥန္ဒြိယနသဒ္ဒသဒိသော အဟောသိ၊ မြေပြိုသံနှင့်တူသည် ဖြစ်ပြီ။
အထ မာရော၊ ထို့နောက်၌ မာရ်နတ်သည်။ "သိဒ္ဓတ္ထ တုယှံ၊ အိုသိဒ္ဓတ္ထ သင်သိဒ္ဓတ္ထ၏။ ဒါနဿ ဒိန္နဘာဝေ၊ အလှူကို ပေးလှူအပ်သည်၏ အဖြစ်၌။ ကော သက္ခီတိ၊ ဘယ်သူသည် သက်သေနည်းဟူ၍။ မဟာပုရိသံ အာဟ၊ ဘုရားလောင်းကို မေးပြီ"။
"မဟာပုရိသော၊ ဘုရားလောင်းသည်။ တာဝ တုယှံ၊ ရှေးဦးစွာ သင်မာရ်နတ်၏။ ဒါနဿ ဒိန္နဘာဝေ၊ အလှူကို ပေးလှူအပ်သည်၏ အဖြစ်၌။ သက္ခိနော သစေတနာ၊ သက်သေတို့သည် စိတ်စေတနာရှိသူတို့တည်း။ မယှံ ပန ဣမသ္မိံ ဌာနေ၊ ငါ၏ကား ဤဌာန၌။ သစေတနော ကောစိ၊ စိတ်စေတနာရှိသော တစ်စုံတစ်ယောက်သော။ သက္ခီ နာမ နတ္ထိ၊ သက်သေမည်သည် မရှိ။ အဝသေသတ္တဘာဝေသု မေ ဒိန္နဒါနံ၊ ကြွင်းကျန်သော ဘဝတို့၌ ငါသိဒ္ဓတ္ထသည် လှူအပ်သောအလှူသည်။ တာဝ တိဋ္ဌတု၊ တည်ရှိစေဦးတော့။ ဝေဿန္တရတ္တဘာဝေ ဌတွာ ပန၊ ဝေဿန္တရာမင်းဘဝ၌ တည်၍ကား။ မယှံ သတ္တသတကမဟာဒါနဿ၊ ငါသိဒ္ဓတ္ထသည် တစ်မျိုးတစ်မျိုး, ခုနစ်ရာစီ အလှူကြီးကို။ ဒိန္နဘာဝေ အစေတနာ၊ လှူအပ်သည်၏အဖြစ်၌ စိတ်စေတနာမရှိသော။ အယံ ဃနမဟာပထဝီပိ သက္ခီတိ၊ ဤတစ်ခဲနက်သော မြေကြီးသည်လည်း သက်သေတည်းဟု ပြော၍။ စီဝရဂဗ္ဘန္တရတော ဒက္ခိဏဟတ္ထံ အဘိနီဟရိတွာ၊ သင်္ကန်းရုံအတွင်းမှ လက်ယာလက်တော်ကို ထုတ်တော်မူ၍။ ဝေဿန္တရတ္တဘာဝေ ဌတွာ၊ ဝေဿန္တရာမင်းဘဝ၌ တည်၍။ မယှံ သတ္တသတကမဟာဒါနဿ၊ ငါသည် တစ်မျိုးတစ်မျိုး, ခုနစ်ရာစီအလှူကြီးကို။ ဒိန္နဘာဝေ တွံ၊ လှူအပ်သည်၏အဖြစ်၌ သင်မြေကြီးသည်။ သက္ခီ န သက္ခီတိ၊ သက်သေဟုတ်သလော သက်သေမဟုတ်သလောဟု မေးတော်မူ၍။ ပထဝိအဘိမုခံ ဟတ္ထံ ပသာရေသိ၊ မြေကြီးသို့ ရှေးရှု လက်ယာလက်တော်ကို ဆန့်တန်းတော်မူပြီ။
မဟာပထဝီ၊ မြေကြီးသည်။ အဟံ တေ၊ ငါမြေကြီးသည် သင်သိဒ္ဓတ္ထ၏။ တဒါ သက္ခီတိ၊ ထိုဝေဿန္တရာမင်းကြီးဘဝ, လှူစဉ်ကာလ၌ သက်သေတည်းဟု။ ဝိရဝသတေန ဝိရဝသဟဿေန၊ ရာပေါင်းများစွာ အသံဖြင့်လည်းကောင်း, ထောင်ပေါင်းများစွာ အသံဖြင့်လည်းကောင်း။ ဝိရဝသတသဟဿေန မာရဗလံ၊ သိန်းပေါင်းများစွာ အသံဖြင့်လည်းကောင်း မာရ်နတ်စစ်သည်အပေါင်းကို။ အဝတ္ထရမာနာဝိယ ဥန္နဒိ၊ လွှမ်းမိုးဘိသကဲ့သို့ မြည်ဟီးပြီ။
တတော မဟာပုရိသေ၊ ထို့နောင်မှ ဘုရားလောင်းသည်။ "သိဒ္ဓတ္ထ တေ၊ အို သိဒ္ဓတ္ထ သင်သိဒ္ဓတ္ထသည်။ မဟာဒါနံ ဥတ္တမဒါနံ၊ အလှူမြတ်ကို။ ဒိန္နံတိ၊ လှူအပ်ပြီးပြီ"ဟု။ ဝေဿန္တရဒါနံ သမ္မသန္တေ၊ ဝေဿန္တရာမင်းကြီးအလှူကို သုံးသပ်ဆင်ခြင်တော်မူသော်။ ဒိယဍ္ဎယောဇနသတိကော ဂိရိမေခလဟတ္ထီ၊ ယူဇနာတစ်ရာ့ငါးဆယ်ရှိသော ဂိရိမေခလာဆင်ကြီးသည်။ ဇဏ္ဏုကေဟိ ပထဝိယံ ပတိဋ္ဌာသိ၊ ဒူးဆစ်တို့ဖြင့် မြေ၌ တည်ပြီ။ မာရပရိသာ ဒိသာဝိဒိသာ ပလာယိ၊ မာရ်နတ်ပရိသတ်သည် တည့်တည့်အရပ် အထောင့်အရပ်တို့သို့ ထွက်ပြေးပြီ။ ဒွေ ဧကမဂ္ဂေန၊ နှစ်ယောက်တို့သည် တစ်လမ်းတည်းဖြင့်။ ဂတာ နာမ နတ္ထိ၊ ထွက်ပြေးကြသည် မည်သည် မရှိကုန်။ သီသာဘရဏာနိ စေဝ နိဝတ္ထဝတ္ထာနိ စ ပဟာယ၊ ဦးခေါင်းတန်ဆာတို့ကိုလည်းကောင်း, ဝတ်သောအဝတ်တို့ကိုလည်းကောင်း ပယ်စွန့်၍။ သမ္မုခသမ္မုခဒိသာဟိယေဝ ပလာယိံသု၊ မျက်နှာတည့်ရာ မျက်နှာတည့်ရာ အရပ်တို့ဖြင့်သာ ထွက်ပြေးကုန်ပြီ။
တတော ဒေဝသံဃာ၊ ထို့နောင်မှ နတ်ဗြဟ္မာအပေါင်းတို့သည်။ ပလာယမာနံ မာရဗလံ ဒိသွာ၊ ထွက်ပြေးသော မာရ်နတ်စစ်သည်အပေါင်းကို မြင်၍။ မာရဿ ပရာဇယော ဇာတော၊ မာရ်နတ်၏ ရှုံးမှုသည် ဖြစ်ပြီ။ သိဒ္ဓတ္ထကုမာရဿ ဇယော၊ သိဒ္ဓတ္ထမင်းသား၏ အောင်မြင်ခြင်း ဖြစ်ပြီ။ ဇယပူဇံ ကရိဿာမာတိ၊ အောင်မြင်မှု ပူဇော်ခြင်းကို ပြုကုန်အံ့ဟု တွေးကြ၍။ နာဂါ နာဂါနံ၊ နဂါးတို့သည် နဂါးတို့အားလည်းကောင်း။ သုပဏ္ဏာ သုပဏ္ဏာနံ၊ ဂဠုန်တို့သည် ဂဠုန်တို့အားလည်းကောင်း။ ဒေဝတာ ဒေဝတာနံ၊ နတ်တို့သည် နတ်တို့အားလည်းကောင်း။ ဗြဟ္မာနော ဗြဟ္မာနံ ဥဂ္ဃေါသေတွာ၊ ဗြဟ္မာတို့သည် ဗြဟ္မာတို့အားလည်းကောင်း အသိပေး ကြွေးကြော်ကြ၍။ ဂန္ဓမာလာဒိဟတ္ထာ၊ နံ့သာပန်းစသည်လက်စွဲကုန်လျက်။ မဟာပုရိသဿ သန္တိကံ၊ ဘုရားလောင်း၏ အထံသို့။ ဗောဓိပလ္လင်္ကံ အဂမံသု၊ ဗောဓိပင်အနီး, အပရာဇိတပလ္လင်သို့ သွားကြကုန်ပြီ။
စ ပန တေသု၊ ဆက်၍ အထူးပြောစရာကား ထိုနဂါး ဂဠုန် နတ် ဗြဟ္မာတို့သည်။ ဧဝံ ဂတေသု၊ ဤသို့ သွားကြသော်။ ('ဤသို့သွားကြသော်'ကို ဂါထာလေးခုအနက် နောက်က 'အဋ္ဌံသု၊ တည်ကုန်ပြီ' ၌ လှမ်းစပ်ပါ။)
အယံ၊ ကြုံရဖို့ ကြားရဖို့ အလွန်ခက်ခဲသည့် ဤအောင်ပွဲအထူးသည်ကား။ သိရီမတော၊ ဗြဟ္မာနတ်လူ မည်သူနှင့်မျှ နှိုင်းမရအောင် ကျက်သရေရှိလှစွာသော။ ဗုဒ္ဓဿ ဟိ၊ တရားအလုံးစုံ အကုန်သိမြင် ဘုရားရှင်စင်စစ် ဖြစ်တော်မူမည့် အလောင်းတော်၏သာ။ ဇယော၊ သတ္တဝါအများ ချမ်းသာပွားဖို့ ထင်ရှားဖြစ်လာ အောင်မြင်တော်မူခြင်းပါပေတည်း။ ပါပိမတော၊ ယုတ်မာလှစွာသော။ မာရဿ စ၊ သူရောအပါ သတ္တဝါတွေကို သေစေတတ်သော မာနတ်၏ကား။ ပရာဇယော၊ အရှုံးသာတည်း။ (ဣတိ၊ ဤသို့)။
တဒါ၊ ထိုမဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်အခါ၌။ ဗောဓိမဏ္ဍေ၊ ဗောဓိမဏ္ဍိုင်အနီး၌။ ပမောဒိတာ၊ ဝမ်းမြောက်ကြကုန်သော။ နာဂဂဏာ၊ နတ်နဂါးအပေါင်းတို့သည်။ မဟေသိနော၊ အမြတ်ရှာငြား ဘုရားစင်စစ် ဧကန်ဖြစ်မည့် အလောင်းတော်၏။ ဇယံ၊ သတ္တဝါအများ ချမ်းသာပွားဖို့ ထင်ရှားဖြစ်ပေါ် အောင်မြင်တော်မူခြင်းကို။ ဥဂ္ဃေါသယုံ၊ စကြဝဠာ သောင်းလုံးနှံ့အောင် ကြွေးကြော်ကုန်ပြီ။
အယံ၊ ကြုံကြားဖို့ခက်ခဲ ဤအောင်ပွဲအထူးသည်ကား။ သိရီမတော၊ မည်သူနှင့်မျှ တုနှိုင်းမရ ကျက်သရေရှိလှစွာသော။ ဗုဒ္ဓဿ ဟိ၊ ဘုရားဖြစ်မည့် အလောင်းတော်၏သာ။ ဇယော၊ အများအတွက် အောင်မြင်ချက်ပါပေတည်း။ ပါပိမတော၊ မကောင်းမှုများသော။ မာရဿ စ၊ မာရ်နတ်၏ကား။ ပရာဇယော၊ အရှုံးသာတည်း။ (ဣတိ၊ ဤသို့။)
တဒါ၊ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ထိုကဆုန်လပြည့်အခါ၌။ ဗောဓိမဏ္ဍေ၊ ဗောဓိမဏ္ဍိုင်နီး၌။ ပမောဒိတာ၊ ဝမ်းမြောက်ကုန်သော။ သုပဏ္ဏသံဃာပိ၊ နတ်ဂဠုန်အပေါင်းတို့သည်လည်း။ မဟေသိနော၊ ဘုရားဖြစ်မည့်အလောင်းတော်၏။ ဇယံ၊ အောင်မြင်တော်မူခြင်းကို။ ဥဂ္ဃေါသယုံ၊ စကြာဝဠာ သောင်းလုံးနှံ့အောင် ကြွေးကြော်ကြကုန်ပြီ။
အယံ၊ ကြုံကြားဖို့လွန်ခက်ခဲသည့် ဤအောင်ပွဲသည်ကား။ သိရီမတော၊ အစဉ် ထာဝရ ကျက်သရေရှိလှစွာသော။ ဗုဒ္ဓဿ ဟိ၊ ဘုရားဖြစ်မည့် အလောင်းတော်၏သာ။ ဇယော၊ အများအတွက် အောင်မြင်ချက်တည်း။ ပါပိမတော၊ ယုတ်မာမှုများသော။ မာရဿ စ၊ မာရ်နတ်၏ကား။ ပရာဇယော၊ အရှုံးသာတည်း။ (ဣတိ၊ ဤသို့)။
တဒါ၊ ဘုရားဖြစ်မည့် ထိုကဆုန်လပြည့်နေ့အခါ၌။ ဗောဓိမဏ္ဍေ၊ ဗောဓိမဏ္ဍိုင်အနီး၌။ ပမောဒိတာ၊ ဝမ်းမြောက်ကုန်သော။ ဒေဝဂဏာပိ၊ နတ်အပေါင်းတို့သည်လည်း။ (ပါဠိမှာ 'ပိ' မပါသော်လည်း ရှေ့နောက်လျော်အောင် ထည့်လိုက်သည်)။ မဟေသိနော၊ ဘုရားဖြစ်မည့် အလောင်းတော်၏။ ဇယံ၊ အောင်မြင်မှုကို။ ဥဂ္ဃေါသယုံ၊ တစ်သောင်း စကြဝဠာ နှံ့အောင် ကြွေးကြော်ကြကုန်ပြီ။
အယံ၊ ကြုံရဖို့, ကြားရဖို့ အလွန်ခက်ခြသည့် ဤအောင်ပွဲတော်အထူးသည်ကား။ သိရီမတော၊ ဗြဟ္မာနတ်လူမည်သူနှင့်မျှ တုမရအောင် ကျက်သရေရှိလှစွာသော။ ဗုဒ္ဓဿ ဟိ၊ တရားအလုံးစုံ အကုန်သိမည့် ဘုရားအလောင်းတော်၏သာ။ ဇယော၊ သတ္တဝါအများ ကောင်းကျိုးပွားဖို့ ထင်ရှားဖြစ်ပေါ် အောင်တော်မူခြင်းပါပေတည်း။ ပါပိမတော မာရဿ စ၊ ယုတ်မာမှု များပြားသော မာရ်နတ်သား၏ကား။ ပရာဇယော၊ အရှုံးသာတည်း။ (ဣတိ၊ ဤသို့)။
တဒါ၊ ဘုရားဖြစ်မည့် ထိုကဆုန်လပြည့်အခါ၌။ ဗောဓိမဏ္ဍေ၊ ဗောဓိမဏ္ဍိုင်အနီး၌။ ပမောဒိတာ၊ ဝမ်းမြောက်ကုန်သော။ ဗြဟ္မဂဏာပိ၊ ဗြဟ္မာအပေါင်းတို့သည်လည်း။ တာဒိနော၊ အကောင်းအဆိုး အာရုံနှစ်မျိုးကို ရွှင်ညှိုးကင်းပ အညီအမျှ ရှုတော်မူနိုင်မည့် ဘုရားအလောင်းတော်၏။ ဇယံ၊ ဘာကြောင့် ဘယ်ခါ ဘယ်နေရာမျှ အရှုံးမဖြစ် အောင်တော်မူခြင်းအစစ်ကို။ ဥဂ္ဃေါသယုံ၊ စက္ကဝါတိုက် သောင်းလုံးခိုက်အောင် ကျူးရိုက်ထွေငေါ် ကြွေးကြော်ကြလေကုန်ပြီ။ ဣတိ၊ ဤကား ကဗျာဖွဲ့ကာ ကြွေးကြော်ခြင်းပါတည်း။
ဒသသု စက္ကဝါဠသဟဿေသု၊ တစ်သောင်းသော စကြဝဠာတို့၌။ အဝသေသာ ဒေဝတာ၊ ကြွင်းကျန်ကုန်သော နတ်ဗြဟ္မာတို့သည်။ မာလာဂန္ဓဝိလေပနေဟိ၊ ပန်းနံ့သာ နံ့သာပျောင်းတို့ဖြင့်။ ပူဇယမာနာ စ၊ ပူဇော်ကုန်လျက်လည်းကောင်း။ နာနပ္ပကာရာ ထုတိယော၊ အမျိုးမျိုးအပြားပြားကုန်သော ချီးမွမ်းစကားတို့ကို။ ဝဒမာနာ စ အဋ္ဌံသု၊ ပြောဆိုကုန်လျက်လည်းကောင်း တည်ကုန်ပြီ။
ဧဝံ သူရိယေ အနတ္ထင်္ဂတေယေဝ၊ ဤသို့ နေမဝင်မီသာလျှင်။ မဟာပုရိသော မာရဗလံ ဝိဓမေတွာ၊ ဘုရားလောင်းသည် မာရ်နတ်ဗိုလ်ပါကို ဖျက်ဆီးအောင်မြင်တော်မူ၍။ စီဝရူပရိပတမာနေဟိ၊ သင်္ကန်းတော်အပေါ်၌ ကျရောက်နေကုန်သော။ ရတ္တပဝါဠပလ္လဝေဟိဝိယ ဗောဓိရုက္ခင်္ကုရေဟိ ပူဇိယမာနော၊ သန္တာရွက်ညွန့်နီတို့ကဲ့သို့ ဗောဓိညောင်အညွန့်တို့သည် ပူဇော်အပ်သည် ဖြစ်၍။ ပဌမယာမေ ပုဗ္ဗေနိဝါသဉာဏံ အနုဿရိတွာ၊ ပထမယံ၌ ပုဗ္ဗေနိဝါသဉာဏ်ကို အောက်မေ့ရရှိတော်မူ၍။ မဇ္ဈိမယာမေ ဒိဗ္ဗစက္ခုံ ဝိသောဓေတွာ၊ မဇ္ဈိမယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကို သုတ်သင်ရရှိတော်မူ၍။ ပစ္ဆိမယာမေ ပဋိစ္စသမုပ္ပါဒေ၊ ပစ္ဆိမယံ၌ ပဋိစ္စသမုပ္ပါဒ်၌။ ဉာဏံ ဩတာရေသိ၊ မဟာဝဇိရဝိပဿနာဉာဏ်တော်ကို ချသွင်းတော်မူပြီ။
အထ၊ ချသွင်းရာ ထိုအခါ၌။ ဒွါဒသပဒိကံ ပစ္စယာကာရံ၊ တစ်ဆယ့်နှစ်ပုဒ်ရှိသော ကျေးဇူးပြုပုံ အခြင်းအရာ ပဋိစ္စသမုပ္ပါဒ်ကို။ ဝဋ္ဋဝိဝဋ္ဋဝသေန အနုလောမပဋိလောမတော၊ ဝဋ္ဋဝိဝဋ္ဋအစွမ်းအားဖြင့် အစုန်အဆန်။ အဿ သမ္မသန္တဿ၊ ထိုဘုရားလောင်းသည် သုံးသပ်တော်မူသော်။ ဒသသဟဿီ လောကဓာတု၊ တစ်သောင်းသော လောကဓာတ်သည်။ ဥဒကပရိယန္တံ ကတွာ၊ ရေအဆုံးရှိသည်ကို ပြု၍။ ဒွါဒသက္ခတ္တုံ သမ္ပကမ္ပိ၊ တစ်ဆယ့်နှစ်ကြိမ် ကောင်းစွာအပြားအားဖြင့်လှုပ်ပြီ။
ပန၊ ထူးခြားပုံကား။ ဒသသဟဿိလောကဓာတုံ ဥန္နာဒေတွာ၊ လောကဓာတ်တစ်သောင်းကို ပဲ့တင်ထပ်စေ၍။ အရုဏုဂ္ဂမနဝေလာယ မဟာပုရိသေ၊ အရုဏ်တက်ချိန်၌ ဘုရားလောင်းသည်။ သဗ္ဗညုတညာဏံ ပဋိဝိဇ္ဈန္တေ၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိတော်မူသော်။ သကလဒသသဟဿီ လောကဓာတု၊ တစ်သောင်းသော လောကဓာတ်သည်။ အလင်္ကတပဋိယတ္တာ အဟောသိ၊ တန်ဆာဆင်မှုနှင့် ယှဉ်စပ်သည် ဖြစ်ပြီ။
ပါစီနစက္ကဝါဠမုခဝဋ္ဋိယံ ဥဿာပိတာနံ၊ အရှေ့စကြဝဠာနှုတ်ခမ်းရေး၌ စိုက်ထောင်အပ်ကုန်သော။ ဓဇာနံ ပဋာကာနံ ရံသိယော၊ အလံတို့၏လည်းကောင်း, တံခွန်တို့၏လည်းကောင်း အရောင်အလင်းတို့သည်။ ပစ္ဆိမစက္ကဝါဠမုခဝဋ္ဋိယံ ပဟရန္တိ၊ အနောက်စကြဝဠာနှုတ်ခမ်းရေး၌ ရိုက်ခတ်ကုန်၏။ တထာ ပစ္ဆိမစက္ကဝါဠမုခဝဋ္ဋိယံ၊ ထို့အတူ အနောက်စကြဝဠာနှုတ်ခမ်းရေး၌။ ဥဿာပိတာနံ၊ စိုက်ထောင်အပ်ကုန်သော အလံတံခွန်တို့၏။ (ရံသိယော၊ အရောင်အလင်းတို့သည်)။ ပါစီနစက္ကဝါဠမုခဝဋ္ဋိယံ၊ အရှေ့စကြဝဠာနှုတ်ခမ်းရေး၌လည်းကောင်း။ ဒက္ခိဏစက္ကဝါဠမုခဝဋ္ဋိယံ၊ တောင်စကြဝဠာနှုတ်ခမ်းရေး၌။ ဥဿာပိတာနံ၊ စိုက်ထောင်အပ်ကုန်သော အလံတံခွန်တို့၏။ (ရံသိယော၊ အရောင်အလင်းတို့သည်)။ ဥတ္တရစက္ကဝါဠမုခဝဋ္ဋိယံ၊ မြောက်စကြဝဠာနှုတ်ခမ်းရေး၌လည်းကောင်း။ ဥတ္တရစက္ကဝါဠမုခဝဋ္ဋိယံ၊ မြောက်စကြဝဠာနှုတ်ခမ်းရေး၌။ ဥဿာပိတာနံ၊ စိုက်ထောင်အပ်ကုန်သော အလံတံခွန်တို့၏။ (ရံသိယော၊ အရောင်အလင်းတို့သည်)။ ဒက္ခိဏစက္ကဝါဠမုခဝဋ္ဋိယံ၊ တောင်စကြဝဠာနှုတ်ခမ်းရေး၌လည်းကောင်း။ ပဟရန္တိ၊ ရိုက်ခတ်ကုန်၏။ ပထဝိတလေ ဥဿာပိတာနံ၊ မြေအပြင်၌ စိုက်ထောင်အပ်ကုန်သော။ ဓဇာနံ ပဋာကာနံ၊ အလံတို့၏လည်းကောင်း, တံခွန်တို့၏လည်းကောင်း။ (ရံသိယော ပန၊ အရောင်အလင်းတို့သည်ကား)။ ဗြဟ္မလောကံ အာဟစ္စ အဋ္ဌံသု၊ ဗြဟ္မာ့ပြည်ကို ထိ၍, ဆိုက်ရောက်၍ တည်ကုန်ပြီ။ ဗြဟ္မလောကေ ဗဒ္ဓါနံ၊ ဗြဟ္မာ့ပြည်၌ ဖွဲ့ချည်အပ်ကုန်သောအလံတံခွန်တို့၏။ (ရံသိယော၊ အရောင်အလင်းတို့သည်)။ ပထဝိတလေ ပတိဋ္ဌဟိံသု၊ မြေအပြင်၌ ဆိုက်ရောက်တည်ရှိကုန်ပြီ။ ဒသသဟဿစက္ကဝါဠေသု ပုပ္ဖူပဂရုက္ခာ၊ စကြဝဠာတစ်သောင်းတို့၌ ပွင့်သော အပင်တို့သည်။ ပုပ္ဖံ ဂဏှိံသု၊ အပွင့်ကို ယူကုန်ပြီ, ပွင့်ကြပြီ။ ဖလူပဂရုက္ခာ၊ အသီးသီးသော အပင်တို့သည်။ ဖလပိဏ္ဍီဘာရဘရိတာ အဟေသုံ၊ အသီးခိုင်, ဝန်ဖြင့်ပြည့်ကုန်သည် ဖြစ်ကုန်ပြီ။
ခန္ဓေသု ခန္ဓပဒုမာနိ ပုပ္ဖိံသု၊ ပင်စည်ပင်လုံးတို့၌ ပင်စည်ကြာတို့သည် ပွင့်ကုန်ပြီ။ သာခါသု သာခါပဒုမာနိ၊ အကိုင်းအခက်တို့၌ အကိုင်းအခက်ကြာတို့သည်လည်းကောင်း။ လတာသု လတာပဒုမာနိ၊ နွယ်တို့၌ အနွယ်ကြာတို့သည်လည်းကောင်း။ အာကာသေ ဩလမ္ဗကပဒုမာနိ၊ ကောင်းကင်၌ တွဲရရွဲဆွဲသော ကြာတို့သည်လည်းကောင်း။ သိလာတလာနိ ဘိန္ဒိတွာ၊ ကျောက်ဖျာတို့ကို ဖောက်ခွဲ၍။ ဥပရူပရိ၊ အဆင့်ဆင့်။ သတ္တ သတ္တ ဟုတွာ၊ ခုနစ်ထပ် ခုနစ်ထပ်စီတို့သည် ဖြစ်၍။ ဒဏ္ဍကပဒုမာနိ ဥဋ္ဌဟိံသု၊ အရွက်မပါ ရိုးတန်ကြာတို့သည်လည်းကောင်း ပေါ်ကုန်, ပွင့်ကုန်ပြီ။
ဒသသဟဿီ လောကဓာတု၊ တစ်သောင်းသောလောကဓာတ်သည်။ ဝဋ္ဋေတွာ ဝိဿဋ္ဌမာလာဂုဠာ ဝိယ၊ လုံး၍ ပစ်အပ်သော ပန်းကုံးကဲ့သို့လည်းကောင်း။ သုသန္ထတပုပ္ဖသန္ထာရော ဝိယ စ အဟောသိ၊ ကောင်းစွာ ခင်းအပ်သော ပန်းမွေ့ရာကဲ့သို့လည်းကောင်း ဖြစ်ပြီ။
စက္ကဝါဠန္တရေသု၊ စကြဝဠာအကြားတို့၌။ အဋ္ဌယောဇနသဟဿလောကန္တရိကာ၊ ယူဇနာရှစ်ထောင်ရှိ လောကန္တရိက်ငရဲတို့သည်။ သတ္တသူရိယပ္ပဘာယပိ၊ နေခုနစ်စင်းအရောင်ဖြင့်သော်မှလည်း။ အနောဘာသိတပုဗ္ဗာ၊ မလင်းဖူးပါကုန်လျက်။ ဧကောဘာသာ အဟေသုံ၊ တစ်ပြိုင်တည်း အရောင်အလင်းရှိကုန်, ရကုန်သည် ဖြစ်ကုန်ပြီ။ စတုရာသီတိ ယောဇနသဟဿဂမ္ဘီရော မဟာသမုဒ္ဒေါ၊ ယူဇနာရှစ်သောင်းလေးထောင် နက်သော မဟာသမုဒ္ဒရာသည်။ မဓုရောဒကော အဟောသိ၊ ချိုမြိန်သော ရေရှိသည် ဖြစ်ပြီ။ နဒိယော န ပဝတ္တိံသု၊ မြစ်တို့သည် မဖြစ်ကုန် မစီးကုန်။ ဇစ္စန္ဓာ ရူပါနိ ပဿိံသု၊ သန္ဓေကန်းတို့သည် အဆင်းတို့ကို မြင်ကုန်ပြီ။ ဇာတိဗဓိရာ သဒ္ဒံ သုဏိံသု၊ မွေးရာပါ နားကန်းသူတို့သည် အသံကို ကြားကုန်ပြီ။ ဇာတိပီဌသပ္ပိနော၊ မွေးရာပါ ခြေဆွံ့သူတို့သည်။ ပဒသာ ဂစ္ဆိံသု၊ ခြေဖြင့် သွားနိုင်ကုန်ပြီ။ အန္ဒုဗန္ဓနာဒီနိ ဆိဇ္ဇိတွာ ပတိံသု၊ လက်ထိတ်ကြိုး, အနှောင်အဖွဲ့ စသည်တို့သည် ပြတ်၍ ကျကုန်ပြီ။
ဧဝံ အပရိမာဏေန၊ ဤသို့မတိုင်းတာနိုင်သော။ သိရိဝိဘဝေန ပူဇိယမာနော မဟာပုရိသော၊ ကျက်သရေစည်းစိမ်ဖြင့် ပူဇော်အပ်သော ဘုရားလောင်းသည်။ အနေကပ္ပကာရေသု၊ များစွာသော အပြားရှိကုန်သော။ အစ္ဆရိယဓမ္မေသု ပါတုဘူတေသု၊ အံ့ဩဖွယ်ရာတရားတို့သည် ထင်ရှားဖြစ်ကုန်လတ်သော်။ သဗ္ဗညုတညာဏံ ပဋိဝိဇ္ဈိတွာ၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိတော်မူပြီး၍။ သဗ္ဗဗုဒ္ဓါနံ အဝိဇဟိတံ၊ ဘုရားရှင်အားလုံးတို့သည် မစွန့်လွှတ်အပ်သော။ ဥဒါနံ ဥဒါနေသိ၊ ဥဒါန်းကို ကျူးရင့်တော်မူပြီ။ ဥဒါန်းဂါထာတော်အနက်ကား--
ပုနပ္ပုနံ၊ ထပ်ကာထပ်ကာလျှင်။ ဇာတိ၊ ပဋိသန္ဓေတည်နေဖြစ်ပွားရခြင်းသည်။ ဒုက္ခာ၊ ဆင်းရဲလှဘိ၏။ (တသ္မာ၊ ထို့ကြောင့်)။ ဂဟကာရံ၊ ခန္ဓာအိမ်တည်ဆောက်သည့် တဏှာလက်သမားကို။ ဂဝေသန္တော၊ စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်။ အနိဗ္ဗိသံ၊ တဏှာလက်သမားကို ပိုင်းခြားမြင်သည့် သဗ္ဗညုတဉာဏ်ကို မရသေးသည်ဖြစ်၍။ အနေကဇာတိသံသာရံ၊ ဘဝများစွာ သံသရာကာလပတ်လုံး။ သန္ဓာဝိဿံ၊ မရပ်မနား ပြေးသွားကျင်လည်ခဲ့ရလေပြီ။
ဂဟကာရက၊ ခန္ဓာအိမ် တည်ဆောက်သည့် ဟယ်တဏှာလက်သမား။ (ဣဒါနိ၊ ဘုရားဖြစ်ရာ ယခုအခါ၌)။ ဒိဋ္ဌော၊ သင်တဏှာလက်သမားကို ငါဘုရား မြင်အပ်သည်။ အသိ၊ ဖြစ်ပေ၏။ ဂေဟံ၊ ဒုက္ခပွေလိမ် ခန္ဓာအိမ်ကို။ ပုန န ကာဟသိ၊ သင်တဏှာလက်သမား တစ်ဖန် ပြုလုပ်တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။
တေ၊ သင်တဏှာလက်သမား၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဖာသုကာ၊ ထုပ်လျောက်, ဒိုင်း, မြှား ကိလေသာတရားတို့ကို။ ဘဂ္ဂါ၊ ဝါသနာနှင့်တကွ ချိုးဖျက်အပ်ကုန်ပြီ။ ဂဟကူဋံ၊ အဝိဇ္ဇာအိမ်အထွတ်ကို။ ဝိသင်္ခတံ၊ ငါဘုရား ဖျက်ချအပ်လေပြီ။
စိတ္တံ၊ ငါဘုရားစိတ်တော်အစဉ်သည်။ ဝိသင်္ခါရဂတံ၊ သင်္ခါရကင်းရာ နိဗ္ဗာန်ချမ်းသာသို့ အာရုံပြုလျက် ဆိုက်ရောက်တော်မူပြီ။ တဏှာနံ ခယံ၊ တဏှာဟူသမျှတို့၏ ကုန်ခန်းရာ အာသဝက္ခယဉာဏ်သို့။ အဇ္ဈဂါ၊ အကျင့် ချမ်းသာ ဉာဏ်လျင်စွာဖြင့် ငါဘုရားဆိုက်ရောက်ခဲ့လေပြီ။
ဣတိ တုသိတပုရတော ပဋ္ဌာယ၊ ဤသို့ တုသိတာနတ်ပြည်မှ စ၍။ ယာဝ ဗောဓိမဏ္ဍေ၊ အကြင်မျှလောက် ဗောဓိမဏ္ဍိုင်အနီး၌။ အယံ သဗ္ဗညုတပ္ပတ္တိ၊ ဤသဗ္ဗညုတဉာဏ်ရတော်မူခြင်းသည်။ (အတ္ထိ၊ ရှိ၏)။ ဧတ္တကံ ဌာနံ၊ သဗ္ဗညုတဉာဏ်ရတော်မူခြင်းတိုင်အောင် အတိုင်းအရှည်ရှိသော ဤအကြောင်းအရာကို။ အဝိဒူရေနိဒါနံ နာမာတိ၊ **အဝိဒူရေနိဒါန်း**မည်၏ဟူ၍ ထိုထိုဇာတ် ဟောတော်မူခြင်း၏ မဝေးလှသောအကြောင်းဟူ၍။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
**အဝိဒူရေနိဒါနကထာ နိဋ္ဌိတာ**၊ **ဇာတ်ဟောတော်မူခြင်း၏ မဝေးသောအကြောင်းအရာနှင့် စပ်သော စကားသည် ပြီးပြီ။**