Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[52] 2. Cūḷajanakajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဝါယမေထေဝ ပုရိသော** တိ ဣဒံ၊ ဝါယမေထေဝ ပုရိသော အစရှိသော ဤတရားဒေသနာ‌တော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန််ကျောင်းတော်၌ နေတော်မူစဉ်။ ဩဿဋ္ဌဝီရိယမေဝ အာရဗ္ဘ ကထေသိ၊ စွန့်လွှတ်အပ်သော ဝီရိယရှိသော ရဟန်းကိုသာ အကြောင်းပြု၍ ဟောတော်မူပြီ။
တတ္ထ ယံ ဝတ္တဗ္ဗံ၊ ထိုစူဠဇနကဇာတ်၌ အကြင်စကားကို ဆိုထိုက်၏။ တံ သဗ္ဗံ မဟာဇနကဇာတကေ၊ ထိုဆိုထိုက်သော စကားအားလုံးသည် မဟာဇနကဇာတ်၌။ အာဝိ ဘဝိဿတိ၊ ထင်ရှားစွာဖြစ်ပါလိမ့်မည်။
ဇနကရာဇာ ပန၊ စူဠဇနကမင်းသည်ကား။ သေတစ္ဆတ္တဿ ဟေဠာ နိသိန္နော၊ ထီးဖြူတော်၏ အောက်၌ စံတော်မူလျက်။
ပဏ္ဍိတော ပုရိ‌သော၊ ပညာရှိသော ယောက်ျားစသား, ပုဂ္ဂိုလ်များသည်။ ဝါယမေထေဝ န နိဗ္ဗိန္ဒေယျ၊ မနစ်မဆုတ် အားထုတ်ရမည်သာ အားထုတ်ရမှာ မငြီးငွေ့ရာ။ ဥဒကာ ထလံ ဥဗ္ဘတံ၊ ပင်လယ်ရေပြင်ကျယ်မှ ကုန်းပေါ်သို့ ထုတ်ဆယ် ကယ်တင်အပ်သော။ အတ္တာနံ အဟံ ပဿာမိ၊ မိမိကိုယ်ကို ငါသည် မျက်ဝါးထင်ထင် တွေ့မြင်ရ၏။
တတ္ထ **ဝါယမေထေဝါ** တိ၊ ထိုဂါထာ၌ ဝါယမေထေဝ ဟူသည်ကား။ ဝါယာမံ ကရောထေဝ၊ အားထုတ်မှုကို ပြုရမည်သာတည်း။
**ဥဒကာ ထလမုဗ္ဘတန္တိ**၊ ဥဒကာ ထလမုဗ္ဘတံ ဟူသည်ကား။ ဥဒကတော ထလံ ဥတ္တိဏ္ဏံ၊ ရေပြင်ကျယ်မှ ကုန်းပေါ်သို့ တက်ရောက်လာသော။ ထလေ ပတိဋ္ဌိတံ၊ ကုန်းပေါ်၌ တည်နေသော။ အတ္တာနံ ပဿာမိ ဣတိ၊ မိမိကိုယ်ကို မျက်ဝါးထင်ထင် တွေ့မြင်ရ၏တည်း ဤကားဂါထာဖွင့်အပြီးတည်း။
ဣဓပိ၊ ဤစူဠဇနကဇာတ်၌လည်း။ ဩဿဋ္ဌဝီရိယော ဘိက္ခု၊ စွန့်လွှတ်အပ်သော ဝီရိယရှိသော ရဟန်းသည်။ အရဟတ္တံ ပတ္တော၊ ရဟန္တာအဖြစ်သို့ ရောက်ပြီ။ ဇနကရာဇာ၊ စူဠဇနကမင်းသည်။ သမ္မာသမ္ဗုဒ္ဓေါဝ အဟောသိ၊ ဘုရားရှင်သည်သာ ဖြစ်လာပြီ။ ဣတိ၊ ဤသို့မှတ်ပါလေ။
စူဠဇနကဇာတကဝဏ္ဏနာ ဒုတိယာ၊ စူဠဇနကဇာတ်အဖွင့်သည် ဒုတိယတည်း။