Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[42] 2. Kapotajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ယော အတ္ထကာမဿာ**တိ ဣဒံ၊ ယော အတ္ထကာမဿ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ အညတရံ လောလဘိက္ခုံ၊ တစ်ပါးသော လျှပ်ပေါ်သော ရဟန်းကို (အာရုံငါးပါး အစွဲကြီးသော ရဟန်းကို)။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တဿ လောလဘာဝေါ၊ ထိုရဟန်း၏ လျှပ်ပေါ်ကြောင်းသည်။ နဝကနိပါတေ **ကာကဇာတကေ**၊ နဝကနိပါတ်၌ ကာကဇာတ်၌။ အာဝိ ဘဝိဿတိ၊ ထင်ရှားစွာ ဖြစ်လတ္တံ့။
တဒါ ပန တံ ဘိက္ခူ၊ ထိုအခါ၌ကား ထိုလျှပ်ပေါ်သော ရဟန်းကို အခြားရဟန်းတို့သည်။ "ဘန္တေ အယံ ဘိက္ခု၊ ရှင်တော်ဘုရား ဤရဟန်းကား။ လောလောတိ သတ္ထု အာရောစေသုံ၊ လျှပ်ပေါ်ပါ၏"ဟု ဘုရားရှင်အား လျှောက်ထားကြပြီ။
အထ နံ သတ္ထာ၊ ထိုအခါ ထိုလျှပ်ပေါ်သော ရဟန်းကို ဘုရားရှင်သည်။ "ဘိက္ခု တွံ၊ အို ရဟန်းသင်သည်။ လောလော အသိ ကိရ၊ လျှပ်ပေါ်သည် ဖြစ်သတဲ့။ ဣတိ သစ္စံတိ ပုစ္ဆိ၊ ဤသို့ ကြားရသည်ကား မှန်သလော"ဟု မေးတော်မူပြီ။
အာမ ဘန္တေတိ၊ မှန်ပါ၏ ဘုရားဟု ဖြေပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "ဘိက္ခု တွံ၊ အို ရဟန်း သင်သည်။ ပုဗ္ဗေပိ လောလော၊ ရှေးကလည်း လျှပ်ပေါ်၏။ လောလကာရဏာ ဇီဝိတက္ခယံ ပတ္တော၊ လျှပ်ပေါ်သော အကြောင်းကြောင့် အသက်ကုန်ခြင်းသို့ ရောက်ရပြီ။ ပဏ္ဍိတာပိ တံ နိဿာယ၊ ပညာရှိတို့သည်လည်း သင့်ကို မှီ၍။ အတ္တနော ဝသနဋ္ဌာနာ၊ မိမိ၏ နေရာမှ။ ပရိဟီနာတိ ဝတွာ၊ ဆုတ်ယုတ်ရကုန်ပြီ"ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ပါရာဝတယောနိယံ နိဗ္ဗတ္တိ၊ ခိုမျိုး၌ ဖြစ်ပြီ။
တဒါ ဗာရာဏသိဝါသိနော၊ ထိုအခါက ဗာရာဏသီမြို့၌ နေသူတို့သည်။ ပုညကာမတာယ တသ္မိံ တသ္မိံ ဌာနေ၊ ကုသိုလ်လိုချင်သောကြောင့် ထိုထိုနေရာ၌။ သကုဏာနံ သုခဝသနတ္ထာယ၊ ငှက်တို့၏ ချမ်းသာစွာနေဖို့အကျိုးငှာ။ ထုသပစ္ဆိယော ဩလမ္ဗေန္တိ၊ ဖွဲတောင်းတို့ကို ချိတ်ကြ,ဆွဲကြ၏။
ဗာရာဏသိသေဋ္ဌိနော ဘတ္တကာရကောပိ၊ ဗာရာဏသီသူဌေး၏ ထမင်းဟင်းချက်သူသည်လည်း။ အတ္တနော မဟာနသေ၊ မိမိ၏ စားဖိုအိမ်၌။ ဧကံ ထုသပစ္ဆိံ၊ တစ်လုံးသော ဖွဲတောင်းကို။ ဩလမ္ဗေတွာ ဌပေသိ၊ ဆွဲချိတ်၍ ထားပြီ။ ဗောဓိသတ္တော တတ္ထ ဝါသံ ကပ္ပေသိ၊ ဘုရားလောင်းသည် ထိုဖွဲတောင်း၌ နေထိုင်မှုကို ပြုပြီ။
သော ပါတောဝ နိက္ခမိတွာ၊ ထိုဘုရားလောင်းသည် စောစောကပင် အစာရှာထွက်ခဲ့၍။ ဂေါစရေ စရိတွာ၊ အစာရှာရာနေရာ၌ လှည့်လည်၍။ သာယံ အာဂန္တွာ၊ ညနေချမ်း၌ ပြန်လာ၍။ တတ္ထ ဝသန္တော၊ ထိုဖွဲတောင်း၌ နေလျက်။ ကာလံ ခေပေသိ၊ အချိန်ကို ကုန်စေပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ဧကော ကာကော၊ တစ်ကောင်သော ကျီးသည်။ မဟာနသမတ္ထကေန ဂစ္ဆန္တော၊ စားဖိုအိမ်အထက်မှ ပျံသွားသော်။ အမ္ဗိလာနမ္ဗိလမစ္ဆမံသာနံ၊ ချဉ်, မချဉ်ကုန်သော ငါးအသားတို့၏။ ဓူပနဝါသံ ဃာယိတွာ၊ အမွှေးအကြိုင်ထုံအပ်သည့် အနံ့ကို အနံ့ရ၍။ လောဘံ ဥပ္ပါဒေတွာ၊ စားလိုသော လောဘကို ဖြစ်စေ၍။ "ကံ နိဿာယ၊ အဘယ်သူကို မှီ၍။ ဣမံ မစ္ဆမံသံ လဘိဿာမိ နု ခေါတိ၊ ဤငါးအမဲကို စားခွင့်ရပါအံ့နည်း"ဟု။ အဝိဒူရေ နိသီဒိတွာ ပရိဂ္ဂဏှန္တော၊ မနီးမဝေး၌ နားနေ၍ စူးစမ်းသော်။ သာယံ အာဂန္တွာ၊ ညနေချမ်း၌ လာ၍။ မဟာနသံ ပဝိသန္တံ၊ စားဖိုအိမ်သို့ ဝင်သော။ ဗောဓိသတ္တံ ဒိသွာ၊ ဘုရားလောင်းကို မြင်၍။ "ဣမံ ပါရာဝတံ နိဿာယ၊ ဤခိုကို မှီ၍။ မစ္ဆမံသံ လဘိဿာမီတိ၊ ငါးအမဲကို စားခွင့်ရလိမ့်မည်"ဟု တွေး၍။ ပုနဒိဝသေ ပါတောဝ အာဂန္တွာ၊ နောက်နေ့၌ စောစောပင် လာ၍။ ဗောဓိသတ္တဿ နိက္ခမိတွာ၊ ဘုရားလောင်း၏ ထွက်၍။ ဂေါစရတ္ထာယ ဂမနကာလေ၊ အစာရှာခြင်း အကျိုးငှာ သွားရာအခါ၌။ ပိဋ္ဌိတော ပိဋ္ဌိတော အဂမာသိ၊ နောက်မှ နောက်မှ လိုက်သွားပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုကျီးကို ဘုရားလောင်းသည်။ "သမ္မ ကသ္မာ တွံ၊ အိုအဆွေ အဘယ့်ကြောင့် သင်သည်။ အမှေဟိ သဒ္ဓိံ၊ ငါတို့နှင့် အတူ။ စရသီတိ အာဟ၊ လှည့်လည်ကျက်စားသနည်း"ဟု မေးပြီ။
သာမိ တုမှာဟံ ကိရိယာ၊ အို အရှင် အရှင်တို့၏ အပြုအမူသည်။ မယှံ ရုစ္စတိ၊ အကျွန်ုပ်အား နှစ်သက်၏။ ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ တုမှေ ဥပဋ္ဌဟိဿာမီတိ၊ အရှင်တို့ကို ခစားအံ့ဟု ပြောပြီ။
သမ္မ တုမှေ အညဂေါစရာ၊ အဆွေကျီး သင်တို့သည် အစာတစ်မျိုး ရှိကုန်၏။ မယံ အညဂေါစရာ၊ ငါတို့သည် အစာတစ်မျိုး ရှိကုန်၏။ တုမှေဟိ အမှာကံ၊ သင်တို့သည် ငါတို့အား။ ဥပဋ္ဌာနံ ဒုက္ကရန္တိ၊ ခစားမှုကို ပြုဖို့ခက်၏ ဟုပြောပြီ။
သာမိ တုမှာကံ၊ အို အရှင်ခို အရှင်တို့၏။ ဂေါစရဂ္ဂဟဏကာလေ၊ အစာရှာယူရာအခါ၌။ အဟမ္ပိ ဂေါစရံ ဂဟေတွာ၊ အကျွန်ုပ်သည်လည်း အစာကို ရှာယူ၍။ တုမှေဟိ သဒ္ဓိံယေဝ ဂမိဿာမီတိ၊ အရှင်ခိုတို့နှင့် အတူသာ သွားအံ့ဟု ပြောပြီ။
သာဓု ကေဝလံ တေ၊ ကောင်းပြီ မေ့လျော့မှုနှင့် မရောမယှက်သက်သက် သင်သည်။ အပ္ပမတ္တေန ဘဝိတဗ္ဗန္တိ၊ မမေ့လျော့သူသည် ဖြစ်သင့်၏"ဟု။ ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။ ကာကံ ဩဝဒိတွာ၊ ကျီးကို ဆုံးမ၍။ ဂေါစရံ စရန္တော၊ စားကျက်သို့ သွားလျက်။ တိဏဗီဇာဒီနိ ခါဒတိ၊ မြက်စေ့စသည်တို့ကို စား၏။
ဗောဓိသတ္တဿ ဂေါစရဂ္ဂဟဏကာလေ ပန၊ ဘုရားလောင်း၏ အစာရှာယူရာအခါ၌ကား။ ကာကော ဂန္တွာ၊ ကျီးသည် သွား၍။ ဂေါမယပိဏ္ဍံ အပနေတွာ၊ နွားချေးပုံကို မွှေနှောက်၍။ ပါဏကေ ခါဒိတွာ၊ ပိုးကောင်တို့ကို စား၍။ ဥဒရံ ပူရေတွာ၊ ဝမ်းဗိုက်ကို ပြည့်စေ၍။ ဗောဓိသတ္တဿ သန္တိကံ အာဂန္တွာ၊ ဘုရားလောင်း၏ထံသို့ လာ၍။ "သာမိ တုမှေ၊ အို အရှင် အရှင်တို့သည်။ အတိဝေလံ စရထ၊ အချိန်လွန်အောင် ကျက်စားကြဘိ၏။ အတိဗဟုဘက္ခေန နာမ ဘဝိတုံ န ဝဋ္ဋတီတိ ဝတွာ၊ အလွန်များစွာ စားသူမည်သည် ဖြစ်ခြင်းငှာ မသင့်ပါ"ဟု ပြော၍။ (ဗောဓိသတ္တေန ဂေါစရံ ဂဟေတွာ၊ ဘုရားလောင်းသည် အစာကို ယူပြီး၍။ သာယံ အာဂစ္ဆန္တေန သဒ္ဓိံယေဝ၊ ညနေ ချမ်း၌ ပြန်လာသော် အတူသာလျှင်)။ (တစ်နည်း ဂေါစရံ ဂဟေတွာ၊ အစာကို ယူပြီး၍။ သာယံ အာဂစ္ဆန္တေန၊ ညနေ ချမ်း၌ ပြန်လာသော။ ဗောဓိသတ္တေန သဒ္ဓိံယေဝ၊ ဘုရားလောင်းနှင့် အတူသာလျှင်)။ မဟာနသံ ပါဝိသိ၊ စားဖိုအိမ်သို့ ဝင်ပြီ။
ဘတ္တကာရကော၊ ထမင်းဟင်းချက်သူသည်။ "အမှာကံ ကပေါတော၊ ငါတို့၏ ခိုသည်။ အညမ္ပိ ဂဟေတွာ၊ အခြားတစ်ကောင်ကိုလည်း ခေါ်ယူ၍။ အာဂတောတိ၊ လာ၏"ဟု ပြော၍။ ကာကဿပိ ပစ္ဆိံ ဌပေသိ၊ ကျီးအတွက်လည်း တောင်းကို ထားပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။ ဒွေဇနာ ဝသန္တိ၊ နှစ်ကောင်ကုန်သော ခိုနှင့် ကျီးတို့သည် နေကုန်၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ သေဋ္ဌိဿ ဗဟုံ မစ္ဆမံသံ အာဟရိံသု၊ သူဌေးအတွက် များစွာသော ငါးနှင့်အသားကို ဆောင်ယူကုန်ပြီ။
တံ အာဒါယ၊ ထိုငါးနှင့်အသားကို ယူ၍။ ဘတ္တကာရကော မဟာနသေ၊ ထမင်းဟင်းချက်သူသည် စားဖိုအိမ်၌။ တတ္ထ တတ္ထ ဩလမ္ဗေသိ၊ ဟိုဟိုဒီဒီ နေရာ၌ ဆွဲချိတ်ထားပြီ။
ကာကော တံ ဒိသွာ၊ ကျီးသည် ထိုဆွဲချိတ်ထားသည်ကို တွေ့မြင်ရ၍။ လောဘံ ဥပ္ပါဒေတွာ၊ စားချင်သည့်လောဘကို ဖြစ်စေ၍။ "သွေ ဂေါစရဘူမိံ အဂန္တွာ၊ နက်ဖန်၌ စားကျက်မြေသို့ မသွားမူ၍။ မယာ ဣဒမေဝ ခါဒိတဗ္ဗန္တိ၊ ငါသည် ဤငါးနှင့် အသားကိုသာ စားရမည်"ဟု။ ရတ္တိံ နိတ္ထုနန္တော နိပဇ္ဇိ၊ ည၌ ညည်းတွားလျက် အိပ်ပြီ။
ပုနဒိဝသေ ဗောဓိသတ္တော၊ နောက်နေ့၌ ဘုရားလောင်းသည်။ ဂေါစရာယ ဂစ္ဆန္တော၊ အစာရှာခြင်းငှာ သွားသော်။ ဧဟိ သမ္မ ကာကာတိ အာဟ၊ လာလော့ အဆွေကျီးဟု ခေါ်ပြီ။
သာမိ တုမှေ ဂစ္ဆထ၊ အိုအရှင် အရှင်တို့သည် သွားကြပါ။ မယှံ ကုစ္ဆိရောဂေါ အတ္ထီတိ၊ အကျွန်ုပ်မှာ ဝမ်းသွေးသွန်သောရောဂါသည် (ဝမ်းထဲရောဂါ အနာသည်) ရှိနေ ဖြစ်နေ၏ဟု ပြောပြီ။
သမ္မ ကာကာနံ ကုစ္ဆိရောဂေါ နာမ၊ အိုအဆွေ ကျီးတို့အား ဝမ်းသွေးသွန်သော ရောဂါမည်သည်။ ကဒါစိ န ဘူတပုဗ္ဗော၊ တစ်ရံတစ်ခါမျှ မဖြစ်ဖူးပေ။ ရတ္တိံ တီသု ယာမေသု၊ ည၌ သုံးခုကုန်သော ယံတို့တွင်။ ဧကေကသ္မိံ ယာမေ၊ တစ်ခုခုသော ယံ၌။ မုစ္ဆိတာ ဟောန္တိ၊ တွေဝေကုန်သည် ဖြစ်ကုန်၏။ ဒီပဝဋ္ဋိံ ဂိလိတကာလေ ပန၊ ဆီမီးစာကို မျိုရာကာလ၌ကား။ နေသံ မုဟုတ္တံ တိတ္တိ ဟောတိ၊ ထိုကျီးတို့အား တစ်မုဟုတ်မျှ ရောင့်ရဲခြင်းသည် ဖြစ်၏။ တွံ ဣမံ မစ္ဆမံသံ၊ သင်ကျီးသည် ဤငါးနှင့်အသားကို။ ခါဒိတုကာမော ဘဝိဿသိ၊ စားချင်သည် ဖြစ်လတ္တံ့။ ဧဟိ မနုဿပရိဘောဂေါ နာမ၊ လာလော့ လူတို့ အသုံးအဆောင် စားသောက်ဖွယ်မည်သည်ကို။ တုမှာကံ ဒုပ္ပရိဘုဉ္ဇိယော၊ သင်တို့သည် ခဲယဉ်းစွာ စားရ၏။ ဧဝရူပံ မာ အကာသိ၊ ဤသို့ သဘောရှိသော အမှုကို မပြုလင့်။ မယာ သဒ္ဓိံယေဝ၊ ငါနှင့်အတူသာ။ ဂေါစရာယ ဂစ္ဆာဟီတိ၊ အစာရှာခြင်းငှာသွားလော့ဟု ပြောပြီ။
န သက္ကောမိ သာမီတိ၊ မစွမ်းနိုင်ပါ အရှင်ခိုဟု ပြောပြီ။
တေန ဟိ သကေန ကမ္မေန၊ ထိုသို့ဖြစ်လျှင် မိမိဥစ္စာဖြစ်သောအလုပ်ဖြင့်။ ပညာယိဿသိ၊ ထင်ရှားလိမ့်မည်။ လောဘဝသံ အဂန္တွာ၊ လောဘအလိုသို့ မလိုက်သွားမူ၍။ အပ္ပမတ္တော ဟောဟီတိ၊ မမေ့မလျော့သည် ဖြစ်လော့ဟု။ တံ ဩဝဒိတွာ၊ ထိုကျီးကို ဆုံးမ၍။ ဗောဓိသတ္တော ဂေါစရာယ ဂတော၊ ဘုရားလောင်း ခိုသည် အစာရှာခြင်းငှာ သွားပြီ။
ဘတ္တကာရကော နာနပ္ပကာရံ၊ ထမင်းဟင်းချက်သူသည် အထူးထူး အပြားပြားသော။ မစ္ဆမံသဝိကတိံ သမ္ပာဒေတွာ၊ ငါးနှင့်အသား ဖွယ်ဖွယ်ရာရာကို ပြည့်စုံစေ၍။ ဥသုမနိက္ခမနတ္ထံ ဘာဇနာနိ၊ အငွေ့ထွက်စေခြင်းငှာ ဟင်းအိုးတို့ကို။ ထောကံ ဝိဝရိတွာ၊ အနည်းငယ် ဖွင့်၍။ ရသပရိဿာဝနကရောဋိံ၊ အရသာ စစ်သော ဇလုံကို။ ဘာဇနမတ္ထကေ ဌပေတွာ၊ ဟင်းအိုးထက်၌ ထား၍။ ဗဟိ နိက္ခမိတွာ၊ ပြင်သို့ ထွက်၍။ သေဒံ ပုဉ္ဆမာနော အဋ္ဌာသိ၊ ချွေးကို သုတ်လျက် တည်ပြီ။
တသ္မိံ ခဏေ ကာကော၊ ထိုအခါ ကျီးသည်။ ပစ္ဆိတော သီသံ ဥက္ခိပိတွာ၊ တောင်းထဲမှ ခေါင်းကို မော့၍။ ဘတ္တဂေဟံ ဩလောကေန္တော၊ ထမင်းဟင်းချက်ရာ အိမ်ထဲသို့ ကြည့်သော်။ တဿ နိက္ခန္တဘာဝံ ဉ တွာ၊ ထိုထမင်းဟင်းချက်သူ၏ ထွက်နေကြောင်းကို သိ၍။ "ဣဒါနိ အယံ၊ ယခု ဤအချိန်သည်ကား။ မယှံ မနောရထံ ပူရေတွာ၊ ငါ၏ စိတ်နှလုံးအလိုကို ပြည့်စေ၍။ မံသံ ခါဒိတုံ ကာလော၊ အသားကို စားခြင်းငှာ စားဖို့ရာ အခါတည်း။ မဟာမံသံ ခါဒါမိ ကိံ နု ခေါ၊ အသားတုံးကြီးကို စားရမည်လော။ ဥဒါဟု စုဏ္ဏိကမံသန္တိ စိန္တေတွာ၊ သို့မဟုတ် အသားငယ်လေးကိုလော"ဟု တွေးသော်။ "စုဏ္ဏိကမံသေန နာမ ခိပ္ပံ၊ အသားတုံးငယ်လေးဖြင့် မည်သည် လျင်စွာ။ ကုစ္ဆိံ ပူရေတုံ န သက္ကာ၊ ဝမ်းဗိုက်ကို ပြည့်စေခြင်းငှာ မတတ်ကောင်း။ မဟန္တံ မံသခဏ္ဍံ အာဟရိတွာ၊ ကြီးစွာသော အသားတုံးကို ချီယူ၍။ ပစ္ဆိယံ နိက္ခိပိတွာ၊ တောင်းထဲ၌ ချထား၍။ ခါဒမာနော နိပဇ္ဇိဿာမီတိ၊ စားလျက် အိပ်အံ့"ဟု တွေး၍။ ပစ္ဆိတော ဥပ္ပတိတွာ၊ တောင်းထဲမှ ပျံလာ၍။ ရသကရောဋိယံ နိလီယိ၊ အရသာစစ်သည့် ဇလုံ၌ နားပြီ။
သာ ကိရီတိ သဒ္ဒံ အကာသိ၊ ထိုအရသာစစ်ဇလုံသည် ကျလိဟူသော အသံကို ပြုပြီ။
ဘတ္တကာရကော တံ သဒ္ဒံ သုတွာ၊ ထမင်းဟင်းချက်သူသည် ထိုကျလိဟူသောအသံကို ကြား၍။ "ဧတံ ကိံ နု ခေါတိ ပဝိဋ္ဌော၊ ဤကား ဘာလဲ"ဟု ဝင်သော်။ ကာကံ ဒိသွာ၊ ကျီးကို မြင်၍။ "အယံ ဒုဋ္ဌကာကော၊ ဤကျီးယုတ်သည်။ မဟာသေဋ္ဌိနော ပက္ကမံသံ၊ သူဌေးကြီးအတွက် ချက်အပ်သော အသားကို။ ခါဒိတုကာမော၊ စားလို၏။ အဟံ ခေါ ပန၊ ငါသည်ကား။ သေဋ္ဌိံ နိဿာယ ဇီဝါမိ၊ သူဌေးကြီးကို အမှီပြု၍ အသက်မွေးရ၏။ ဣမံ ဗာလံ (နိဿာယ) န၊ ဤကျီးမိုက်ကို (မှီ၍) မဟုတ်။ ဣမိနာ မေ ကိံတိ၊ ဤကျီးမိုက်ဖြင့် ငါ့အား ဘာလုပ်အံ့နည်း ဟု တွေး၍။ ဒွါရံ ပိဓာယ၊ တံခါးကို ပိတ်၍။ ကာကံ ဂဟေတွာ၊ ကျီးကို ဖမ်းယူ၍။ သကလသရီရေ ပတ္တာနိ လုဉ္စိတွာ၊ တစ်ကိုယ်လုံးက အတောင်တို့ကို နုတ်၍။ အလ္လသိင်္ဂီဝေရလောဏဇီရကာဒယော၊ ချင်းစို, ဆား, ဇီယာ စသည်တို့ကို။ ကောဋ္ဋေတွာ၊ ထောင်းထု၍။ အမ္ဗိလတက္ကေန အာလောဠေတွာ၊ ချဉ်သော ရက်တက်ရည်ဖြင့် မွှေနှောက်၍။ တေန အဿ၊ ထိုအရည်ဖြင့် ထိုကျီး၏။ သကလသရီရံ မက္ခေတွာ၊ တစ်ကိုယ်လုံးကို လိမ်း၍။ တံ ကာကံ ပစ္ဆိယံ ခိပိ၊ ထိုကျီးကို တောင်းထဲ၌ ပစ်ထားလိုက်ပြီ။
သော အဓိမတ္တဝေဒနာဘိဘူတော၊ ထိုကျီးသည် လွန်ကဲပြင်းထန်သော ဝေဒနာနှိပ်စက်ခံရ၍။ နိတ္ထုနန္တော နိပဇ္ဇိ၊ ညည်းညူလျက် အိပ်ပြီ။
ဗောဓိသတ္တော သာယံ အာဂန္တွာ၊ ဘုရားလောင်းသည် ညနေချမ်း၌ လာ၍။ တံ ဗျသနပ္ပတ္တံ ဒိသွာ၊ ထိုကျီးကို ဆင်းရဲပျက်စီးမှုရောက်နေသည်ကို တွေ့ရ၍။ "လောလကာက မမ ဝစနံ အကတွာ၊ အို လျှပ်ပေါ်သောကျီး ငါ၏စကားကို မပြု၍ မလိုက်နာ၍။ တဝ လောဘံ နိဿာယ၊ သင်၏ လောဘကို အမှီပြု၍။ မဟာဒုက္ခံ ပတ္တော၊ ဆင်းရဲကြီးသို့ ရောက်ရသည်။ အသီတိ ဝတွာ၊ ဖြစ်၏"ဟု ပြော၍။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား--
၄၂။ ယော၊ အကြင်သူသည်။ အတ္ထကာမဿ ဟိတာနုကမ္ပိနော၊ ကြီးပွားမှု လိုလား၍ အစီးအပွားဖြင့် အစဉ်သနားသူ၏။ ဩဝဇ္ဇမာနော၊ ဩဝါဒပေး ခံရသော်။ သာသနံ န ကရောတိ၊ ဩဝါဒကို မပြု မလိုက်နာ။ (သော၊ ထို မလိုက်နာ သူသည်)။
ကပေါတဿ ဝစနံ အကတွာ၊ ခို၏ ပြောစကားကို မပြု၍ မလိုက်နာ၍။ အမိတ္တဟတ္ထတ္ထဂတောဝ သေတိ၊ ရန်သူလက်လှမ်းမီ ရောက်သော ကျီးကဲ့သို့ အိပ်မှုဦးထား လေးပါးဣရိယာ ဒုက္ခရောက်နေရရှာ၏။
တတ္ထ၊ ထိုဂါထာ၌။ **ကပေါတဿ ဝစနံ အကတွာ**တိ၊ ကပေါတဿ ဝစနံ အကတွာ ဟူသည်ကား။ ပါရာဝတဿ ဟိတာနုသာသနဝစနံ အကတွာ၊ ခို၏ စီးပွားလိုလား ဆုံးမစကားကို မပြု၍ မလိုက်နာ၍တည်း။
**အမိတ္တဟတ္ထတ္ထဂတောဝ သေတီ**တိ၊ အမိတ္တဟတ္ထတ္ထဂတောဝ သေတိ ဟူသည်ကား။ အမိတ္တာနံ အနတ္ထကာရကာနံ၊ ရန်သူဖြစ်ကုန်သော အကျိုးမဲ့ပြုတတ်ကုန်သော။ ဒုက္ခုပ္ပါဒကပုဂ္ဂလာနံ၊ ဒုက္ခဖြစ်စေတတ်သော ပုဂ္ဂိုလ်တို့၏။ ဟတ္ထတ္ထံ ဟတ္ထပထံ၊ လက်တွင်းသို့ လက်လမ်းကြောင်းသို့ လက်လှမ်းမီသို့။ ဂတော အယံ ကာကော ဝိယ၊ ကျရောက်သော ဤကျီးကဲ့သို့။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ မဟန္တံ ဗျသနံ ပတွာ၊ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်၍။ အနုသောစမာနော သေတိ ဣတိ၊ အဖန်ဖန် စိုးရိမ်ရလျက် အိမ်မှုဦးထား လေးပါးဣရိယာ နေရရှာ၏ ဤကား ဂါထာဖွင့် အပြီးတည်း။
ဗောဓိသတ္တော ဣမံ ဂါထံ ဝတွာ၊ ဘုရားလောင်းသည် ဤဂါထာကို ရွတ်ဆိုပြီး၍။ ဣဒါနိ မယာ စ၊ ယခုအခါ ငါသည်လည်း။ ဣမသ္မိံ ဌာနေ ဝသိတုံ န သက္ကာတိ၊ ဤနေရာ၌ နေခြင်းငှာ မတတ်ကောင်း မသင့်ဟု တွေး၍။ အညတ္ထ ဂတော၊ အခြားနေရာသို့ သွားပြီ။
ကာကောပိ တတ္ထေဝ၊ ကျီးသည်လည်း ထိုတောင်းထဲ၌ပင်။ ဇီဝိတက္ခယံ ပတ္တော၊ အသက်ကုန်ခြင်းသို့ ရောက်ရှာပြီ။
အထ နံ ဘတ္တကာရကော၊ ထိုအခါ ထိုကျီးကို ထမင်းဟင်းချက်သူသည်။ ပစ္ဆိယာ သဒ္ဓိံ ဂဟေတွာ၊ တောင်းနှင့်အတူ ယူ၍။ သင်္ကာရဋ္ဌာနေ ဆဍ္ဍေသိ၊ အမှိုက်ပုံ၌ စွန့်ပစ်လိုက်ပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။ "ဘိက္ခု တွံ၊ အို ရဟန်း သင်သည်။ ဣဒါနေဝ န လောလော၊ ယခုအခါ၌သာ လျှပ်ပေါ်သည်မဟုတ်။ ပုဗ္ဗေပိ လောလောယေဝ၊ ရှေးကလည်း လျှပ်ပေါ်သည်သာ။ စ ပန တေ၊ ဆက်၍ အထူးပြောရသော် သင်၏။ တံ လောလျံ နိဿာယ၊ ထိုလျှပ်ပေါ်သည့် အဖြစ်ကို အမှီပြု၍။ ပဏ္ဍိတာပိ သကာဝါသာ၊ ပညာရှိတို့သည်လည်း မိမိနေရာမှ။ ပရိဟီနာတိ၊ ဆုတ်ယုတ်ရ, ရွေ့ရဖူးကုန်ပြီဟု မိန့်တော်မူ၍။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။ သစ္စပရိယောသာနေ သော ဘိက္ခု၊ သစ္စာပြပြီးအဆုံး၌ ထိုရဟန်းသည်။ အနာဂါမိဖလံ ပတ္တော၊ အနာဂါမိဖိုလ်သို့ ရောက်ပြီ။
သတ္ထာ အနုသန္ဓိံ ဃဋေတွာ၊ ဘုရားရှင်သည် အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ကာကော၊ ထိုအခါ ကျီးသည်။ လောလဘိက္ခု အဟောသိ၊ လျှပ်ပေါ်သောရဟန်းသည် ဖြစ်လာပြီ။ ပါရာဝတော ပန အဟမေဝ အဟောသိန္တိ၊ ခိုသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ကပေါတဇာတကဝဏ္ဏနာ ဒုတိယာ**၊ **နှစ်ခုမြောက် ဖြစ်သော ကပေါတဇာတ်အဖွင့်တည်း။**