Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[142] 2. Siṅgālajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဧတံဟိ တေ ဒုရာဇာန** န္တိ ဣဒံ၊ ဧတံ ဟိ တေ ဒုရာဇာနံအစရှိသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်း တော်၌ နေတော်မူစဉ်။ ဒေဝဒတ္တဿ ဝဓာယ ပရိသက္ကနံ၊ ဒေဝဒတ်၏ သတ်ဖို့ရာ အားထုတ်မှုကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ ဓမ္မသဘာယံ၊ မှန်၏ တရားသဘင်၌။ ဘိက္ခူနံ ကထံ သုတွာ၊ ရဟန်းတို့၏ စကားကို ကြားရ၍။ သတ္ထာ၊ ရှင်တော်ဘုရားသည်။ “ဘိက္ခဝေ ဒေဝဒတ္တော၊ အို.. ရဟန်းတို့ဒေဝဒတ်သည်။ ဣဒါနေဝ မယှံ ဝဓာယ၊ ယခုအခါသာ ငါဘုရားကို သတ်ခြင်းငှာ။ န ပရိသက္ကတိ၊ အားထုတ်သည် မဟုတ်သေး။ ပုဗ္ဗေပိ ပရိသတ္တိယေဝ၊ ရှေးကလည်း အားထုတ်ဖူးသည်သာ။ စ မံ မာရေတုံ၊ သို့သော်လည်း ငါဘုရားကို သတ်ခြင်းငှာ။ န အသက္ခိ၊ မစွမ်းနိုင်ပြီ။ ပန သယမေဝ၊ စင်စစ်သော်ကား သူကိုယ်တိုင်သာ။ ကိလန္တောတိ ဝတွာ၊ ပင်ပန်းရ၏”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတွေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ သိင်္ဂါလယောနိယံ နိဗ္ဗတ္တိတွာ၊ မြေခွေးမျိုး၌ ဖြစ်၍ ။ သိင်္ဂါလရာဇာ ဟုတွာ၊ မြေခွေးမင်းသည် ဖြစ်၍။ သိင်္ဂါလဂဏပရိဝုတော၊ မြေခွေးအုပ်ခြံရံအပ်လျက်။ သုသာနဝနေ ဝိဟာသိ၊ သုသာန်တောထဲ၌ နေပြီ။
တေန သမယေန ရာဇဂဟေ၊ ထိုအခါက ရာဇဂြိုဟ်မြို့၌။ ဥဿဝေါ အဟောသိ၊ ပွဲလမ်းသည် ဖြစ်ပြီ။ ယေဘုယျေန မနုဿာ၊ များသောအားဖြင့် လူတို့သည်။ သုရံ ပိဝန္တိ၊ သေကို သောက်ကုန်၏။ ဧသော၊ ဤပွဲလမ်းသည်။ သုရာဆာ ယေဝ ကိရ၊ သေသောက်ပွဲလမ်းသာ ဖြစ်သတဲ့။
အထ ဧတ္ထ၊ ထိုအခါ ထိုသေ သောက်ပွဲ၌။ သမ္ဗဟုလာ မုတ္တာ၊ များစွာကုန်သော သေသောက်ကြူးတို့သည်။ ဗဟုံ သုရဉ္စ၊ များစွာသော သေကိုလည်းကောင်း အသားကိုလည်းကောင်း ။ အာဟရာပေတွာ၊ ဆောင်ယူစေကြ၍။ မဏ္ဍိတပသာဓိတာ၊ တန်ဆာဆင်အပ် ပြင်ဆင်အပ်ကုန်လျက်။ ဂါယိတွာ ဂါယိတွာ၊ သီချင်းဆို၍ သီချင်းဆို၍။ သုရဉ္စ ပိဝန္တိ၊ သေကိုလည်း သောက်ကုန်၏။ မံသဉ္စ ခါဒန္တိ၊ အသားကိုလည်း စားကုန်၏ ။
တေသံ ပဌမယာမာဝသာနေ၊ ထိုသေသောက်ကြူးတို့အား ပဌမယာမ်အကုန်၌။ မံသံ ခီယိ၊ အသားသည် ကုန်သွားပြီ။ သုရာ ပန ဗဟုကာဝ၊ သေရည်တို့သည်ကား အများကြီးတို့သာတည်း။
အထ ဧကော ဓုတ္တော၊ ထိုအခါ တစ်ယောက်သော သေသောက်ကြူးသည်။ မံသခဏ္ဍ ဒေဟီတိ အာဟ၊ အသားတုံးကို ပေးပါ”ဟု ပြောပြီ။
မံသံ ခီဏန္တိ စ ဝုတ္တေ၊ သည် ကုန်သွားပြီဟုလည်း ပြောဆိုအပ် သော်။ “မယိ ဌိတေ၊ သည် တည်ရှိစဉ်။ မံသက္ခယော နာမ၊ အသားကုန်ခြင်း မည်သည်။ နတ္တီတိ ဝတွာ၊ မရှိရ”ဟု ပြော၍။ အာမကသုသာနေ၊ အစိမ်းသေပစ်ရာ သုသာန်၌။ မတမနုဿမံသံ၊ လူသေကောင်အသားကို။ ခါဒနတ္ထာယ အာဂတေ၊ စားရန်အကျိုးငှာ လာကုန်သော။ သိင်္ဂါလေ မာရေတွာ၊ မြေခွေးတို့ကို သတ်ဖြတ်၍။ မံသံ အာဟရိဿာမီတိ၊ အသားကို ဆောင်ယူမည်”ဟု တွေး၍။ မုဂ္ဂရံ ဂဟေတွာ၊ လက်ရိုက်ဒုတ်ကို ကိုင်၍။ နိဒ္ဓမနမဂ္ဂေန၊ ရေထွက်လမ်းဖြင့်။ နဂရာ နိက္ခမိတွာ၊ မြို့မှ ထွက်ခဲ့၍။ သုသာနံ ဂန္တွာ၊ သုသာန်သို့ သွား၍။ မုဂ္ဂရံ ဂဟေတွာ၊ လက်ရိုက် ဒုတ်ကို ကိုင်၍။ မတကော ဝိယ၊ အသေကောင်ကဲ့သို့။ ဥတ္တာနော နိပဇ္ဇိ၊ ပက်လက် အိပ်နေပြီ။
တသ္မိံ ခဏ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်း။ သိင်္ဂါလ ဂဏပရိဝုတော၊ မြေခွေးအုပ်ခြံရံအပ်လျက်။ တတ္ထ ဂတော၊ ထိုသုသာန်သို့ သွားသော်။ တံ ဒိသွာ၊ ထိုအိပ်နေသူကို တွေ့၍။ အယံ န မတကောတိ၊ ဤသူကား အသေကောင်မဟုတ်ဟု။ ဉတွာပိ၊ သိသော်လည်း။ “သုတ္တုတရံ၊ အလွန်ကောင်းစွာ။ ဥပပရိက္ခိဿာမီတိ၊ စူးစမ်းဦးမည်”ဟု။ တဿ အဓောဝါတေန ဂန္တွာ၊ ထိုသူ၏ လေအောက်ဖြင့် သွား၍။ သရီရဂန္ဓံ ယာယိတွာ၊ ကိုယ်နံ့ကို အနံ့ရ၍။ တထတော၀ အဿ၊ အမှန်အားဖြင့်ပင် ထိုသူ၏။ အမတကဘာဝံ ဉတွာ၊ အသေကောင် မဟုတ်ကြောင်းကို သိ၍။ “နံ လဇ္ဇာပေတွာ၊ ထိုသူကို အရှက်ရစေ၍။ ဥယျောဇေ ဿာမီတိ၊ လွှတ်လိုက်မည်”ဟု။ ဂန္တွာ၊ သွား၍။ မုဂ္ဂရကောဋိယံ၊ လက်ရိုက်ဒုတ် အစွန်း၌။ ဍံ သိတွာ အာကဍ္ဎိ၊ ကိုက်၍ ဆွဲငင်ပြီ။ မုတ္တော မုဂ္ဂရံ၊ သေသောက်ကြူး သည် လက်ရိုက်ဒုတ်ကို။ န ဝိဿဇိ၊ မလွှတ်ပြီ။ ဥပသင်္ကမန္တမ္ပိ၊ အနီးကပ်သောဘုရားလောင်းကိုလည်း။ န ဩလောကန္တော၊ မကြည့်မူ၍။ နံ ဂါဠှတရံ အဂ္ဂဟေသိ၊ ထိုလက်ရိုက်ဒုတ်ကို အထူးမြဲမြန်စွာ ကိုင်ထားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “ဘော ပုရိသ တွံ၊ အို. . ယောက်ျား သင်သည်။ မတကော သစေ ဘဝေယျာသိ၊ အသေကောင်သည် အကယ်၍ ဖြစ်အံ့။ မယိ မုဂ္ဂရံ အာကဍ္ဎန္တေ၊ ငါသည် လက်ရိုက်ဒုတ်ကို ကိုက်ဆွဲသော်။ ဂါဠှတရံ န ဂဏှေယျာသိ၊ အထူးမြဲမြန်စွာ ကိုင်မထားရာ။ ဣမိနာ ကာရဏေန တဝ၊ ဤအကြောင်းကြောင့် သင်၏။ မတကဘာဝေါ ဝါ၊ အသေကောင်ဖြစ်ကြောင်းကိုသော်လည်းကောင်း။ အမတကဘာဝေါ ဝါ၊ အသေကောင်မဟုတ်ကြောင်းကိုလည်းကောင်း။ ဒုဇ္ဇာနောတိဝတွာ၊ သိရခက်၏”ဟု ပြော၍။
မတသာယိကံ၊ သူသေတို့ အိပ်ခြင်းကို။ ယံ သေသိ၊ အကြင့်ကြောင့် အိပ်၏။ ကနုမာနဿ၊ ကိုက်ဆွဲခံရသော။ ယဿ တေ၊ အကြင်သင်၏။ ဟတ္ထာ ဒဏ္ဍော၊ လက်မှ ဒုတ်သည်။ န မုစ္စတိ၊ မလွတ်။ (တဿ တေ၊ ထိုသင်၏)။ ဧတံ ဟိ၊ ဤအကြောင်းသည်။ ဒုရာဇာနံ၊ အသိခက်၏။
တတ္ထ၊ ထိုဂါထာ၌။ **ဧတံ ဟိ တေ ဒုရာဇာန ** န္တိ၊ ဧတံ ဟိ တေ ဒုရာဇာနံ ဟူသည်။ တဝ ဧတံ ကာရဏံ၊ သင်၏ ထိုအကြောင်းကို။ ဒုဝိညေယျံ၊ အသိခက်၏။
**ယံ သေသိ မတသာယိက** န္တိ၊ ယံ သေသိ မတသာယိကံ ဟူသည်ကား။ ယေန ကာရဏေန တွံ၊ အကြင်အကြောင်းကြောင့် သင်သည်။ မာသာယိကံ သေသိ၊ အသေကောင်အလားအိပ်ခြင်းကို အိပ်၏တည်း။ မတကော ဝိယ ယ ဟုတွာ သယသိ၊ အသေကောင်သည်ကဲ့သို့ ဖြစ်၍ အိပ်၏တည်း။
**ယဿ တေ ကဍ္ဎမာနဿာ** တိ၊ ယဿ တေ ကဍ္ဎမာနဿ ဟူသည်။ ဒဏ္ဍကောဋိယံ ဂဟေတွာ၊ ဒုက်စွန်း၌ ကိုက်၍၊ ကဍ္ဎမာနဿ၊ ဆွဲငင်အပ်သော။ ယဿ တဝ၊ အကြင်သင်၏။ ဒဏ္ဍာ၊ လက်မှ ဒုတ်သည်။ န မုစ္စတိ၊ မလွတ်။ သော တွံ့၊ ဒုတ်မလွှတ်သောထိုသင်သည်။ ထတော၊ အမှန်အားဖြင့်။ မတကော နာမ၊ အသေကောင်း မည်သည်။ န ဟောသိ၊ မဖြစ်နိုင်။ ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ ဝုတ္တေ သော ဓုတ္တော၊ ဤသို့ ဘုရားလောင်းပြောအပ်သော် ထိုသေသောက် ကြူးသည်။ “အယံ မမ၊ ဤမြေခွေးသည် ငါ၏။ အမတကဘာဝံ ဇာနာတီတိ၊ အသေကောင်မဟုတ်ကြောင်းကို သိ၏”ဟု။ ဥဋ္ဌာယ ဒဏ္ဍံ ခိပိ၊ ထ၍ ဒုတ်ကို ပစ်လိုက်ပြီ။ ဒဏ္ဍော ဝိရဇ္ဈိ၊ ဒုတ်သည် လွဲသွားပြီ။
မုတ္တော၊ သေသောက်ကြူးသည်။ “ဂစ္ဆ၊ သွားလိုက်ဦး။ မယာ ဣဒါနိ၊ ငါသည် ယခု။ ဝိရဒ္ဓေါ အသိ၊ လွဲသွားသည် ဖြစ်၏။ ဣတိ အာဟ၊ ဤသို့ ပြောပြီ။
ဗောဓိသတ္တော နိဝတ္တိတွာ၊ ဘုရားလောင်း သည် ဆုတ်နစ်၍။ “ဘော ပုရိသ မံ ဝိရဇ္ဈန္တော၊ အို. . ယောက်ျား ငါ့ကို လွဲသွားသော်လည်း။ တွံ အဋ္ဌမဟာနိရယေ၊ သင်သည် ငရဲကြီးရှစ်ထပ်တို့ကို လည်းကောင်း။ သောဠသ ဥဿဒနိရယေ စ၊ တစ်ဆယ့်ခြောက်ခုကုန်သော ငရဲငယ်တို့ကိုလည်းကောင်း။ အဝိရဒ္ဓေါယေဝါတိ၊ မလွဲသည်သာ”ဟု။ ဝတွာ ပက္ကာမိ၊ ပြော၍ ထွက်သွားပြီ။
ဓု တ္တော ကိဉ္စိ အလဘိတွာ၊ သေသောက် ကြူးသည် ဘာကိုမျှ မရမူ၍။ သုသာနာ နိက္ခမိတွာ၊ သုသာန်ထဲမှ ထွက်သွားပြီး၍။ ပရိခါယံ နှာယိတွာ၊ ကျုံးထဲ၌ ရေချိုး၍။ အာဂတမဂ္ဂေနေဝ နဂရံ ပါဝိသိ၊ လာရာလမ်းဖြင့်ပင် မြို့ သို့ ဝင်သွားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ မုတ္တော၊ ထိုရှေးအခါက သေသောက်ကြူး သည်။ ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။ သိင်္ဂါလရာဇာ ပန၊ မြေခွေးမင်းသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာ ပြီ”ဟု။ ဇာတကံ သမ္ဗောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
သိင်္ဂါလဇာတကဝဏ္ဏနာ ဒုတိယာ၊ သိင်္ဂါလဇာတ်အဖွင့်သည်ဒုတိယတည်း။