**ယံ နိဿိတာ**တိ ဣဒံ၊ ယံ နိဿိတာ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဒဍ္ဎပဏ္ဏသာလံ ဘိက္ခုံ၊ မီးလောင်သော သစ်ရွက်မိုးကျောင်းရှိသော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဧကော ဘိက္ခု သတ္ထု သန္တိကေ၊ တစ်ပါးသော ရဟန်းသည် ဘုရားရှင်၏ ထံတော်၌။
ကမ္မဋ္ဌာနံ ဂဟေတွာ၊ ကမ္မဋ္ဌာန်းကို ယူ၍။
ဇေတဝနတော နိက္ခမ္မ၊ ဇေတဝန်ကျောင်းတော်မှ ထွက်ခဲ့၍။
ကောသလေသု ဧကံ၊ ကောသလတိုင်းတို့၌ တစ်ခုသော။
ပစ္စန္တဂါမံ နိဿာယ၊ ပစ္စန္တရစ်ရွာကို မှီ၍။
ဧကသ္မိံ အရညသေနာသနေ ဝသတိ ကိရ၊ တစ်ခုသော တောကျောင်း၌ နေသတဲ့။
အထ ပဌမမာသေယေဝ၊ ထိုအခါ ပထမလ၌ပင်။
အဿ ပဏ္ဏသာလာ ဍယှိတ္ထ၊ ထိုရဟန်း၏ သစ်ရွက်မိုးကျောင်းသည် မီးလောင်ခံရပြီ။
သော၊ ထိုရဟန်းသည်။
မေ ပဏ္ဏသာလာ ဒဍ္ဎာ၊ ငါ၏ သစ်ရွက်မိုးကျောင်းကို မီးလောင်အပ်ပြီ။
ဒုက္ခံ ဝသာမီတိ၊ ဆင်းရဲစွာ နေရ၏ဟု။
မနုဿာနံ အာစိက္ခိ၊ လူတို့အား ပြောပြီ။
မနုဿာ၊ လူတို့သည်။
"ဣဒါနိ နော၊ ယခုအခါ တပည့်တော်တို့၏။
ခေတ္တံ ပရိသုက္ခံ၊ လယ်သည် ရေခမ်းခြောက်နေ၏။
ကေဒါရေ ပါယေတွာ ကရိဿာမ၊ လယ်တို့ကို ရေသောက်စေ၍ ရေသွင်း၍ ပြုကုန်အံ့။
တသ္မိံ ပါယိတေ၊ ထိုလယ်ကို ရေသွင်းပြီးသော်။
ဝတိံ ကတွာ၊ အကာအရံကို ပြုပြီး၍။
ဝတိယာ ကတာယ၊ အကာအရံကို ပြုအပ်ပြီးသော်။
နိဒ္ဒါယိတွာ လာယိတွာ မဒ္ဒိတွာတိ၊ ပေါင်းသင်ပြီး၍ ရိတ်ပြီး၍ နယ်ပြီး၍ဟု။
ဧဝံ တံ တံ ကမ္မံ အပဒိသန္တာဝ၊ ဤသို့ ထိုထိုအလုပ်ကို ညွှန်ပြကြလျက်သာ။
တေမာသံ ဝီတိနာမေသုံ၊ ဝါတွင်းသုံးလကို လွန်စေကုန်ပြီ။
သော ဘိက္ခု တေမာသံ၊ ထိုရဟန်းသည် ဝါတွင်းသုံးလပတ်လုံး။
အဇ္ဈောကာသေ ဒုက္ခံ ဝသန္တော၊ လွင်ပြင်၌ ဆင်းရဲစွာ နေရသောကြောင့်။
ကမ္မဋ္ဌာနံ ဝဍ္ဎေတွာ၊ ကမ္မဋ္ဌာန်းကို ပွားစေ၍။
ဝိသေသံ နိဗ္ဗတ္တေတုံ နာသက္ခိ၊ တရားထူးကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်ပြီ။
ပဝါရေတွာ ပန၊ ပဝါရဏာပြုပြီး၍ကား။
သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ ထံတော်သို့ သွား၍။
ဝန္ဒိတွာ ဧကမန္တံ နိသီဒိ၊ ရှိခိုး၍ သင့်တင့်လျောက်ပတ်စွာ ထိုင်နေပြီ။
သတ္ထာ တေန သဒ္ဓိံ၊ ဘုရားရှင်သည် ထိုရဟန်းနှင့် အတူတကွ။
ပဋိသန္ထာရံ ကတွာ၊ နှုတ်ခွန်းဆက်တော်မူခြင်းကို ပြု၍။
"ဘိက္ခု သုခေန၊ အိုရဟန်း ချမ်းသာစွာ။
ဝဿံ ဝုတ္ထော အသိ ကိံ၊ ဝါလပတ်လုံး နေခဲ့ရသည် ဖြစ်ပါ၏လော။
တေ ကမ္မဋ္ဌာနံ၊ သင့်အား ကမ္မဋ္ဌာန်းသည်။
မတ္ထကံ ပတ္တန္တိ ပုစ္ဆိ၊ အထွဋ်အထိပ်သို့ ရောက်ပါ၏လော"ဟု မေးတော်မူပြီ။
သော တံ ပဝတ္တိံ အာစိက္ခိတွာ၊ အိုရဟန်းသည် ထိုအဖြစ်ကို လျှောက်ထားပြီး၍။
"မေ၊ တပည့်တော်အား။
သေနာသနသပ္ပါယဿ အဘာဝေန၊ သေနာသနသပ္ပါယ၏ မရှိခြင်းကြောင့်။
ကမ္မဋ္ဌာနံ မတ္ထကံ၊ ကမ္မဋ္ဌာန်းသည် အထွတ်အထိပ်သို့။
န ပတ္တန္တိ အာဟ၊ မရောက်ပါ"ဟု လျှောက်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခု ပုဗ္ဗေ တိရစ္ဆာနဂတာပိ၊ အိုရဟန်း ရှေးက တိရိစ္ဆာန်တို့သည်သော်မှလည်း။
အတ္တနော သပ္ပါယာသပ္ပါယံ ဇာနိံသု၊ မိမိအား တော်,မတော်ကို သိရှိကုန်ပြီ။
တွံ ကသ္မာ၊ သင်သည် အဘယ့်ကြောင့်။
န အညာသီတိ ဝတွာ၊ မသိရသနည်း"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
သကုဏယောနိယံ နိဗ္ဗတ္တိတွာ၊ ငှက်မျိုး၌ ဖြစ်၍။
သကုဏသင်္ဃပရိဝုတော အရညာယတနေ၊ ငှက်အပေါင်းခြံရံအပ်လျက် တောကြီးထဲ၌။
သာခါဝိဋပသမ္ပန္နံ မဟာရုက္ခံ၊ အခက်အခွပြည့်စုံသော သစ်ပင်ကြီးကို။
နိဿာယ ဝသတိ၊ မှီ၍ နေ၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
တဿ ရုက္ခဿ သာခါသု၊ ထိုသစ်ပင်ကြီး၏ အကိုင်းတို့သည်။
အညမညံ ဃံသန္တီသု၊ အချင်းချင်း ပွတ်တိုက်ကုန်သော်။
စုဏ္ဏံ ပတတိ၊ အမှုန့်သည် ကျ၏။
ဓူမော ဥဋ္ဌာတိ၊ အခိုးသည်ထ၏။
တံ ဒိသွာ ဗောဓိသတ္တော၊ ထိုအမှုန့်ကျ အခိုးထသည် မြင်ရ၍ ဘုရားလောင်းသည်။
"ဣမာ ဒွေ သာခါ ဧဝံ ဃံသမာနာ၊ ဤနှစ်ကိုင်းတို့သည် ဤသို့ ပွတ်တိုက်ကြသော်။
အဂ္ဂိံ ဝိဿဇ္ဇေဿန္တိ၊ မီးကို လွှတ်ကုန်လတ္တံ့။
သော ပတိတွာ၊ ထိုမီးသည် ကျ၍။
ပုရာဏပဏ္ဏာနိ ဂဏှိဿတိ၊ အရွက်ဟောင်းတို့ကို ယူလတ္တံ့ စွဲလတ္တံ့။
တတော ပဋ္ဌာယ၊ ထိုမီးမှ စ၍။
ဣမမ္ပိ ရုက္ခံ ဈာပေဿတိ၊ ဤအပင်ကြီးကိုလည်း လောင်ကျွမ်းစေလတ္တံ့။
အမှေဟိ ဣဓ၊ ငါတို့သည် ဤအပင်ကြီး၌။
ဝသိတုံ နသက္ကာ၊ နေခြင်းငှာ မတတ်ကောင်း။
ဣတော ပလာယိတွာ၊ ဤအပင်မှ ပျံပြေး၍။
အညတ္ထ ဂန္တုံ၊ အခြားသို့ သွားခြင်းငှာ။
ဝဋ္ဋတီတိ စိန္တေသိ၊ သင့်၏"ဟု ကြံပြီ။
သော သကုဏသင်္ဃဿ၊ ထိုဘုရားလောင်းသည် ငှက်အပေါင်းအား။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာနက်ကား--
၃၆။ ဝိဟင်္ဂမာ၊ ကောင်းကင်ပျံသွား ငှက်အများတို့သည်။
ယံ ဇဂတိရုဟံ နိဿိတာ၊ မြေမှာပေါက်သည့် အကြင်အပင်ကြီးကို မှီခိုနေကုန်၏။
သော အယံ အဂ္ဂိံ ပမုဉ္စတိ၊ ထိုဆိုခဲ့ပြီး ဤအပင်ကြီးသည် မီးကို လွှတ်၏။
ဝက္ကင်္ဂါ ဒိသာ ဘဇထ၊ ခေါင်း, လည်, ကောက်ကွေ့ ပြုလေ့ရှိသော အိုငှက်အများတို့ ဘေးလွတ်မည့် အရပ်မျက်နှာတို့ကို ဆည်းကပ်ကြလော့။
သရဏတော ဘယံ ဇာတံ၊ ငါတို့ခိုမှီး သစ်ပင်ကြီးမှ ဘေးအန္တရာယ်သည် ဖြစ်နေပြီ။
တတ္ထ၊ ထိုဂါထာ၌။
**ဇဂတိရုဟန္တိ**၊ ဇဂတိရုဟံ ဟူသော ဤပုဒ်၌။
ပထဝီ ဇဂတိ ဝုစ္စတိ၊ မြေကြီးကို ဇဂတိိဟု ခေါ်ဆိုအပ်၏။
တတ္ထ ဇာတတ္တာ၊ ထိုမြေကြီး၌ ပေါက်သည့် အဖြစ်ကြောင့်။
ရုက္ခော ဇဂတိရုဟောတိ ဝုစ္စတိ၊ သစ်ပင်ကို ဇဂတိရုဟဟု ခေါ်ဆိုအပ်၏။
**ဝိဟင်္ဂမာ**တိ၊ ဝိဟင်္ဂမာ ဟူသော ပုဒ်၌။
အာကာသံ ဝိဟံ ဝုစ္စတိ၊ ကောင်းကင်ကို ဝိဟဟု ခေါ်ဆိုအပ်၏။
တတ္ထ ဂမနတော၊ ထိုကောင်းကင်၌ ပျံသွားတတ်သောကြောင့်။
ပက္ခီ ဝိဟင်္ဂမာတိ ဝုစ္စန္တိ၊ ငှက်တို့ကို ဝိဟင်္ဂမတို့ဟူ၍ ခေါ်ဆိုအပ်ကုန်၏။
**ဒိသာ ဘဇထာ**တိ၊ ဒိသာ ဘဇထ ဟူသည်ကား။
ဣမံ ရုက္ခံ မုဉ္စိတွာ၊ ဤအပင်ကြီးကို စွန့်လွှတ်၍။
ဣတော ပလာယန္တာ၊ ဤအပင်ကြီးမှ ပျံပြေးကြလျက်။
စတဿော ဒိသာ ဘဇထ၊ အရပ်လေးမျက်နှာတို့သို့ ဆည်းကပ်ကြလော့။
**ဝက္ကင်္ဂါ**တိ သကုဏေ အာလပတိ၊ ဝက္ကင်္ဂါဟု ငှက်တို့ကို ဘုရားလောင်းခေါ်၍ ပြော၏။
ဟိ တေ၊ အကြင်ကြောင့် ထိုငှက်တို့သည်။
ဥတ္တမင်္ဂံ ဂလံ၊ ဦးခေါင်းကို လည်ချောင်းကို။
ကဒါစိ ကဒါစိ၊ ရံခါ ရံခါ။
ဝင်္ကံ ကရောန္တိ၊ ကောက်သည်ကို ပြုကုန်၏။
တသ္မာ ဝက္ကင်္ဂါတိ ဝုစ္စန္တိ၊ ထို့ကြောင့် ဝက္ကင်္ဂတို့ ဟူ၍ ခေါ်ဆိုအပ်ကုန်၏။
ဝါ တေသံ ဥဘောသု ပဿေသု၊ တစ်နည်းကား ထိုငှက်တို့၏ နံပါးနှစ်ဖက်တို့၌။
ဝင်္ကာ ပက္ခာ ဇာတာ၊ ကောက်ကုန်သော အတောင်တို့သည် ဖြစ်ကုန် ရှိကုန်၏။
ဣတိ ဝက္ကင်္ဂါ၊ ထို့ကြောင့် ဝက္ကင်္ဂမည်ကုန်၏။
**ဇာတံ သရဏတော ဘယန္တိ**၊ ဇာတံ သရဏတော ဘယံ ဟူသည်ကား။
အမှာကံ အဝဿယရုက္ခတော ယေဝ၊ ငါတို့၏ မှီနေရာအပင်မှပင်။
ဘယံ နိဗ္ဗတ္တံ၊ ဘေးအန္တရာယ်သည် ဖြစ်ပြီတည်း။
ဧထ အညတ္ထ ဂစ္ဆာမာတိ၊ လာကြ အခြားနေရာသို့ သွားကြစို့ဟု ပြောပြီ။
ဗောဓိသတ္တဿ ဝစနကရာ၊ ဘုရားလောင်း၏ စကား ပြုကျင့်လိုက်နာကုန်သော။
ပဏ္ဍိတသကုဏာ တေန သဒ္ဓိံ၊ ပညာရှိငှက်တို့သည် ထိုဘုရားလောင်းနှင့်အတူ။
ဧကပ္ပဟာရေနေဝ ဥပ္ပတိတွာ၊ တစ်ပြိုင်တည်းသာ ပျံပြေးကြ၍။
အညတ္ထ ဂတာ၊ အခြားနေရာသို့ သွားကြပြီ။
ယေ ပန အပဏ္ဍိတာ၊ အကြင်ငှက်တို့ကား ပညာမရှိကြ။
တေ၊ ထိုပညာမဲ့ငှက်တိို့သည်။
"ဧဝမေဝ ဧသော၊ ဤသို့သာလျှင် ဤငှက်သည်။
ဗိန္ဒုမတ္တေ ဥဒကေ၊ တစ်ပေါက်မျှသော ရေ၌။
ကုမ္ဘီလေ ပဿတီတိ၊ မိချောင်းတို့ကို မြင်၏"ဟု ပြော၍။
တဿ ဝစနံ အဂ္ဂဟေတွာ၊ ထိုဘုရားလောင်း၏ စကားကို မနာယူမူ၍။
တတ္ထေဝ ဝသိံသု၊ ထိုအပင်ကြီး၌သာ နေကြပြီ။
တတော န စိရဿေဝ၊ ထိုပြောရာနေ့မှ မကြာမီ၌ပင်။
ဗောဓိသတ္တေန စိန္တိတာကာရေနေဝ၊ ဘုရားလောင်းသည် ကြံအပ်သော အခြင်းအရာအားဖြင့်ပင်။
အဂ္ဂိ နိဗ္ဗတ္တိတွာ၊ မီးသည် ဖြစ်၍။
တံ ရုက္ခံ အဂ္ဂဟေသိ၊ ထိုအပင်ကို ယူပြီ စွဲပြီ။
ဓူမေသု စ ဇာလာသု စ ဥဋ္ဌိတာသု၊ မီးခိုးတို့သည်လည်းကောင်း မီးလျှံတို့သည်လည်းကောင်း ထကုန်သော်။
ဓူမန္ဓာ သကုဏာ၊ မီးခိုးကြောင့် ကန်းကုန်သော ငှက်တို့သည်။
အညတ္ထ ဂန္တုံ နာသက္ခိံသု၊ အခြားနေရာသို့ သွားခြင်းငှာ မစွမ်းနိုင်ကုန်ပြီ။
အဂ္ဂိမှိ ပတိတွာ ပတိတွာ၊ မီး၌ ကျ၍ ကျ၍။
ဝိနာသံ ပါပုဏိံသု၊ ပျက်စီးခြင်းသို့ ရောက်ကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခု ဧဝံ ပုဗ္ဗေ၊ အိုရဟန်း ဤသို့ ရှေးက။
တိရစ္ဆာနဂတာပိ ရုက္ခဂ္ဂေ ဝသန္တာ၊ တိရစ္ဆာန်တို့သည်သော်မှလည်း သစ်ပင်ဖျား၌ နေကုန်လျက်။
အတ္တနော သပ္ပါယာသပ္ပါယံ ဇာနန္တိ၊ မိမိအား လျော်, မလျော်ကို သိကုန်သေး၏။
တွံ ကသ္မာ န အညာသီတိ၊ သင်သည် အဘယ့်ကြောင့် မသိရသနည်း"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ သော ဘိက္ခု၊ သစ္စာပြပြီးသော အဆုံး၌ ထိုရဟန်းသည်။
သောတာပတ္တိဖလေ ပတိဋ္ဌိတော၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သတ္ထာပိ အနုသန္ဓိံ ဃဋေတွာ၊ ဘုရားရှင်သည်လည်း အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ဗောဓိသတ္တဿ၊ ထိုအခါက ဘုရားလောင်း၏။
ဝစနကရာ သကုဏာ၊ စကားကို ပြုကြလိုက်နာကြကုန်သော ငှက်တို့သည်။
ဗုဒ္ဓပရိသာ အဟေသုံ၊ ဘုရားပရိသတ်တို့သည် ဖြစ်လာကုန်ပြီ။
ပဏ္ဍိတသကုဏောပန အဟမေဝ အဟောသိန္တိ၊ ပညာရှိငှက်သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**သကုဏဇာတကဝဏ္ဏနာ ဆဋ္ဌာ**၊ **ခြောက်ခုမြောက် ဖြစ်သော သကုဏဇာတ်အဖွင့်တည်း။**