**နိစ္စံ ဥဗိဂ္ဂဟဒယာ** တိ ဣဒံ၊ နိစ္စံ ဥဂ္ဂဟဒယာအစရှိသော ဤတရားဒေသနာ တော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဉာတတ္ထစရိယံ အာရဗ္ဘ ကထေသိ၊ ဉာတတ္ထစရိယာကို အကြောင်း ပြု၍ ဟောတော်မူပြီ။
ပစ္စုပ္ပန္နဝတ္ထု ဒွါဒသကနိပါတေ၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းသည် ဒွါဒသကနိပါတ်၌။
**ဘဒ္ဒသာလဇာတကေ**၊ ဘဒ္ဒသာလဇာတ်၌။
အာဝိ ဘဝိဿတိ၊ ထင်ရှားစွာ ဖြစ်လတံ့။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ကာကယောနိယံ နိဗ္ဗတ္တိ၊ ကျီးမျိုး၌ ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
ရညော ပုရောဟိတော၊ ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သည်။
ဗဟိနဂရေ နဒိယံ နှာယိတွာ၊ မြို့ပြင်၌ မြစ်၌ ရေချိုးပြီး၍။
ဂန္ဓေ ဝိလိမ္ဗိတွာ၊ နံ့သာတို့ကို လိမ်းကျံ ပြီး၍။
မာလံ ပိလန္တိတွာ၊ ပန်းကို ပန်ပြီး၍။
ဝရဝတ္ထနိဝတ္ထော၊ ကောင်းမြတ်သော အဂတ်ကို ဝတ်လျက်။
နဂရံ ပါဝိသိ၊ မြို့တွင်းသို့ ဝင်ပြီ။
နဂရ ဒွါရတောရဏေ၊ မြို့တံခါးတုရိုဏ်း၌။
ဒွေ ကာကာ၊ နှစ်ကောင်ကုန်သော ကျီး တို့သည်။
နိသိန္နာ ဟောန္တိ၊ နားနေကုန်သည် ဖြစ်ကုန်၏။
တေသု ဧကော ဧကံ၊ ထိုကျီးနှစ်ကောင်တို့တွင် တစ်ကောင်သည် တစ်ကောင်ကို။
“သမ္မ အဟံ၊ အို. . မိတ်ဆွေ ငါသည်။
ဣမဿ ဗြာဟ္မဏဿ မတ္ထကေ၊ ဤပုဏ္ဏား၏ ထိပ်ထက် ၌။
သရီရဝဠဉ္ဇံ၊ ကိုယ်အညစ်အကြေးကို။
ပါတေဿာမီတိ အာဟ၊ ကျစေအံ့ ယိုချအံ့”ဟု ပြောပြီ။
ဣတရော၊ သည့်ပြင်ကြီးသည်။
“တေ ဧတံ မာ ရုစ္စိ၊ သင့်အား ဤအမှုသည် မနှစ်သက်ပါလင့် (သင်သည် ဒီအလုပ်ကို မနှစ်သက်လင့်ဟု ဆိုလိုသည်)။
အယံ ဗြာဟ္မဏော ဣဿရော၊ ဤပုဏ္ဏားသည်ကား အစိုးရ၏။
ဣဿရဇနေန စ သဒ္ဓိံ၊ အစိုးရသူနှင့်လည်း အတူ။
ဝေရံ နာမ ပါပကံ၊ ရန်ဖြစ်ခြင်း မည်သည် မကောင်း။
ဟိ အယံ ကုဒ္ဓေါ၊ မှန်၏ ဤပုဏ္ဏားသည် စိတ်ဆိုးသော်။
သဗ္ဗေ ကာကေပိ၊ အားလုံးကုန်သော ကျီးတို့ကိုလည်း။
ဝိနာသေယျာတိ၊ ပျက်စီး စေရာ၏”ဟုပြောပြီ။
မယာ န ကာတုံ၊ ငါသည် မပြုဘဲနေခြင်းငှာ။
န သက္ကာဣတိ၊ မတတ်နိုင်ပါဟု ပြောပြီ။
“တေန ဟိ၊ ထိုသို့ဖြစ်လျှင်။
ပညာယိဿသီတိ၊ သင်ထင်ရှားလိမ့်မည်ဟု။
ဝတွာ၊ ပြောဆို၍။
ဣတရော ကာကော ပလာယိ၊ သည့်ပြင်ဖြစ်သော ကျီးသည် ပျံပြေးပြီ။
သော တောရဏဿ၊ ထိုကျင်ကြီး ယိုချလိုသော ကျီးသည် တံခါးတုရိုဏ်း၏။
ဟေဋ္ဌာဘာဂံ၊ အောက်အဖို့သို့။
ဗြာဟ္မဏေ သမ္ပတ္တေ၊ ပုရောဟိတ်ပုဏ္ဏားသည် ရောက်လာသော်။
ဩလမ္ဗကံ စာလေန္တော ဝိယ၊ တွဲရရွဲ လှုပ်စေဘိသကဲ့သို့။
တဿ မတ္ထကေ၊ ထိုပုဏ္ဏား၏ ထိပ်ထက်၌။
ဝစ္စံ ပါတေသိ၊ ကျင်ကြီးကို ကျစေပြီ။
ဗြာဟ္မဏော ကုဇ္ဈိတွာ၊ ပုဏ္ဏားသည် စိတ်ဆိုး၍။
ကာကေသု ဝေရံ ဗန္ဓိ၊ ကျီးတို့၌ ရန်ငြိုးကို ဖွဲ့ထားပြီ။
တသ္မိံ ကာလေ ဘတိယာ၊ ထိုအခါက အခစားဖြင့်။
ဧကာ ဝီဟိကောဋ္ဋိ က ဒါသီ၊ တစ်ယောက်သော စပါးထောင်းသူ ကျွန်မသည်။
ဝီဟ ဂေဟဒွါရေ၊ စပါးကို အိမ်တံခါးအနီး၌။
အာတပေ ပတ္ထရိတွာ၊ နေပူ၌ ဖြန့်ထား၍။
ရက္ခန္တီ နိသိန္နာဝ၊ စောင့်နေသော် ထိုင်လျက်ပင်။
နိဒံ ဩက္ကမိ၊ အိပ်ပျော်ခြင်းသို့ သက်ရောက်ပြီ။
တဿာ ပမာဒံ ဉတွာ၊ ထိုကျွန်မ၏ မေ့လျော့မှုကို သိ၍။
ဧကော ဒီဃ လောမကော၊ တစ်ကောင်သော ရှည်သော အမွေးရှိသော။
ဧဠကော အာဂန္တွာ၊ သိုးသည် လာ၍။
ဝီဟီ ခါဒိ၊ စပါးကို စားပြီ။
သာ ပဗုဇ္ဈိတွာ၊ ထိုကျွန်မသည် နိုးလာ၍။
တံ ဒိသွာ ပလာပေသိ၊ ထိုသိုးကို တွေ့၍ ပြေးစေပြီ။
ဧဠကော ဒုတိယမ္ပိ တတိယမ္ပိ၊ သိုးသည် ဒုတိယအကြိမ်လည်းကောင်း တတိယအကြိမ်လည်းကောင်း။
တဿာ တထေဝ၊ ထိုကျွန်မ၏ ထိုရှေးအတူပင်။
နိဒ္ဒါယနကာလေ အာဂန္တွာ၊ အိပ်ပျော်ရာအခါ၌ လာ၍။
ဝီဟိံ ခါဒိ၊ စပါးကို စားပြီ။
သာပိ တံ၊ ထိုကျွန်မ သည်လည်း ထိုသိုးကို။
တိက္ခတ္တံ ပလာပေတွာ၊ သုံးကြိမ် ပြေးစေပြီး၍။
“အယံ ပုနပ္ပုနံ ခါဒန္တော၊ ဤသိုးသည် ထပ်ခါထပ်ခါ စားသော်။
ဥပဍ္ဎဝီဟိံ ခါဒိဿတိ၊ စပါးတစ်ဝက်ကို စားလိမ့်မည်။
မေ ဗဟုဆေဒေါ၊ ငါ့အား များစွာသော လုပ်ခ အဖြတ်ခံရခြင်းသည်။
ဘဝိဿတိ၊ ဖြစ်လိမ့်မည်။
ဣဒါနိ အဿ၊ ယခုအခါ ထိုသိုး၏။
ပုန အနာဂမနကာရဏံ၊ တစ်ဖန်မလာကြောင်းကို ။
ကရိဿာမီတိ စိန္တေသိ၊ ပြုမည်”ဟု တွေးထားပြီ။
သာ အလာတံ ဂဟေတွာ၊ ထိုကျွန်မသည် မီးစကို ယူပြီး၍။
နိဒ္ဒါယမာနာ ဝိယ နိသီဒိတွာ၊ အိပ်ပျော်သကဲ့သို့ ထိုင်နေ၍။
ဝီဟိခါဒနတ္ထာယ၊ စပါးစားရန်အကျိုးငှာ။
ဧဠက သမ္ပတ္တေ၊ သိုးသည် ရောက် လာသော်။
ဥဋ္ဌာယ အလာတေန၊ ထ၍ မီးစဖြင့်။
ဧဠကံ ပဟရိ၊ သိုးကို ရိုက်ပြီ။
လောမာနိ အဂ္ဂိံ ဂဏှိံိံ၊ အပွေးတို့သည် မီးကို ယူကုန်ပြီ (အမွေးတွေ မီးလောင်ပြီ)။
သော သရီရေ ဈာယန္တေ၊ ထိုသိုးသည် ကိုယ်သည် မီးလောင်နေသော်။
“အဂ္ဂိံ နိဗ္ဗာပေဿာမီတိ၊ မီးကို ငြိမ်းစေမည်ဟု။
”ဝေဂေန ဂန္တွာ၊ အဟုန်ဖြင့် သွား၍။
ဟတ္ထိသာလာယ သမီပေ၊ ဆင်တင်းကုတ်၏ အနီး၌။
ဧကိဿာ တိဏကုဋိယာ၊ တစ်ဆောင်သော မြက်ထားသည့်တဲကုတ်၌။
သရီရံ ဃံ သိ၊ ကိုယ်ကို ပွတ်တိုက်ပြီ။
သာ ပဇ္ဇလိ၊ မြက်ထားသည့်တဲကုတ်သည် တောက်လောင်ပြီ။
တတော ဥဋ္ဌိတာ ဇာလာ၊ ထိုမြက်ထားသည့်တဲကုတ်မှ ထတောက်သော မီးလျှံသည်။
ဟတ္ထိသာလံ ဂဏှိ၊ ဆင်တင်းကုတ်ကို စွဲယူပြီ။
ဟတ္ထိသာလာသု ဈာယန္တီ သု၊ ဆင်တင်းကုတ်တို့သည် မီးလောင်ကုန်သော်။
ဟတ္ထိပိဋ္ဌာနိ ဈာယိံ သု၊ ဆင်ကျော တို့သည် မီးလောင်ကုန်ပြီ။
ဗဟူ ဟတ္ထီ၊ များစွာကုန်သော ဆင်တို့သည်။
ဝဏိတ သရီရာ အဟေသုံ၊ အနာရှိသည့်ကိုယ်ရှိကုန်သည် ဖြစ်ကုန်ပြီ။
ဝဇ္ဇာ ဟတ္ထီ၊ ဆင်ဆေး ဆရာတို့သည် ဆင်တို့ကို။
အရောဂေ ကာတုံ၊ အနာပျောက်သည်တို့ကို ပြုခြင်းငှာ။
အသက္ကောန္တာ၊ မစွမ်းနိုင်ကြရကား။
ရညော အာရောစေသုံ၊ မင်းအား လျှောက် ထားကုန်ပြီ။
ရာဇာ ပုရောဟိတံ၊ ဗြဟ္မဒတ်မင်းသည် ပုရောဟိတ်ကို။
“အာစရိယ ဟတ္ထိဝဇ္ဇာ၊ အို. ဆရာကြီး ဆင်ဆေးဆရာတို့သည်။
ဟတ္ထီ တိကိစ္ဆိတံ၊ ဆင်တို့ကို ဆေးကုခြင်းငှာ။
န သက္ကောန္တိ၊ မစွမ်းနိုင်ကုန်။
ကိဉ္စိ ဘေသဇ္ဇံ၊ တစ်စုံတစ်ခုသော ဆေးကို။
အပိဇာနာသီတိ အာဟ၊ သိပါသလောဟု မေးပြီ။
ဇာနာမိ မဟာ ရာဇာတိ၊ သိပါ၏ အရှင်မင်းမြတ်ဟုလျှောက်ထားပြီ။
ကိံ လဒ္ဓုံ ဝဋ္ဋ တီတိ၊ ဘာကို ရခြင်းငှာ သင့်သနည်းဟုမေးပြီ။
ကာကဝသာ မဟာရာဇာတိ၊ ကျီးအဆီတို့ကိုပါ အရှင်မင်းမြတ်ဟု လျှောက်ထားပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်း သည်။
“တေန ဟိ ကာကေ မာရေတွာ၊ ထိုသို့ဖြစ်လျှင် ကျီးတို့ကို သတ်၍။
ဝသံ အာဟရထာတိ အာဟ၊ အဆီကို ဆောင်ယူကြ”ဟု ပြောပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ ၍။
ကာကေ မာရေတွာ၊ ကျီးတို့ကို သတ်၍။
ဝသံ အလဘိတွာ၊ အဆီကို မရ၍။
တတ္ထ တတ္ထေဝ၊ ထိုထိုအရပ်၌ပင်။
ရာသီ ကရောန္တိ၊ ကျီးသေကောင်အစုအပုံကို ပြုကုန်၏။
ကာကာနံ မဟာဘယံ ဥပ္ပဇ္ိ၊ ကျီးတို့အား ဘေးကြီးသည် ဖြစ်ပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်းသည်။
အသီတိကာကသဟဿ ပရိဝါရော၊ ကျီးပေါင်း ရှစ်သောင်းအခြံအရံရှိ၍။
မဟာသုသာနေ ဝသတိ၊ သုသာန်ကြီးထဲ၌ နေ၏။
အထ ဧကော ကာကော၊ ထိုအခါ တစ်ကောင်သော ကျီးသည်။
ဂန္တွာ၊ သွားရောက်၍။
ကာကာနံ ဥပ္ပန္နဘယံ၊ ကျီးတို့အား ဖြစ်ပေါ် လာသောဘေးကို။
ဗောဓိသတ္တဿ အာရောစေသိ၊ ဘုရားလောင်းအား ပြော ကြားပြီ။
သော၊ ထိုဘုရားလောင်းသည်။
“မံ ဌပေတွာ၊ ငါ့ကို ထား၍။
မယုံ ဉာတကာနံ၊ ငါ၏ ဆွေမျိုးတို့အား။
ဥပ္ပန္နဘယံ ဟရိတုံ၊ ဖြစ်ပေါ်လာသောဘေးကို ဆောင်ယူဖယ်ရှားခြင်းငှာ။
သမတ္ထော အညော နာမ နတ္ထိ၊ စွမ်းနိုင်သော အခြားသူမည်သည် မရှိ။
နံ ပရိဿာမီတိ၊ ထိုဘေးရန်ကို ဆောင်ယူ ဖယ်ရှားမည်” ဟု။
စိန္တေသိ၊ တွေးပြီ။
ဣတိ၊ ဤသို့ တွေးပြီး၍။
ဒသပါရမိယော အာဝဇ္ဇေတွာ၊ ဆယ်ပါးကုန်သော ပါရမီတို့ကို ဆင်ခြင်ပြီး၍။
မေတ္တာပါရမိံ၊ မေတ္တာပါရမီကို။
ပုရေစာရိကံ ကတွာ၊ ရှေ့သွားကို ပြု၍။
ဧကဝေဂေန ပက္ခိန္ဒိတွာ၊ တစ်ဟုန်တည်း ဖြင့် ပျံသွား၍။
ဝိဝဋမဟာဝါတပါနေန ပဝိသိတွာ၊ ဖွင့်ထားအပ်သော ပြူတင်း ပေါက်ကြီးဖြင့် ဝင်သွား၍။
ရညော အာသနဿ၊ ဗြဟ္မဒတ်မင်း၏ နေရာ၏။
ဟေဋ္ဌာ ပါဝိသိ၊ အောက်သို့ ဝင်သွားပြီ။
အထ နံ၊ ထိုအခါ ထိုဘုရားလောင်း ကျီးကို။
ဧကော မနုဿာ၊ တစ်ယောက်သော လူသည်။
ဂဟိတုကာမော အဟောသိ၊ ဖမ်းယူလိုသည် ဖြစ်ပြီ။
“သရဏံ ပဝိဋ္ဌာ၊ ကိုးကွယ်ရာ,ရမည့်သူထံသို့ ဝင်လာပြီ။
မာ ဂဏ္ဍီတိ၊ မဖမ်းလင့်”ဟု။
ရာဇာ ဝါရေသိ၊ ဗြဟ္မဒတ်မင်းသည် တားမြစ်ပြီ။
မဟာသတ္တော ထောကံ ပိဿမိတွာ၊ ဘုရားလောင်းသည် အနည်းငယ် အပန်းဖြေပြီး၍။
မေတ္တာပါရမီ အာဝဇ္ဇေတွာ၊ မေတ္တာပါရမီကို ဆင်ခြင်ပြီး၍။
ဟေဋ္ဌာသနာ နိက္ခမိတွာ၊ နေရာအောက်မှ ထွက်ခဲ့၍။
ရာဇာနံ၊ ဗြဟ္မဒတ်မင်းကို။
“မဟာရာဇ ပညာ နာမ၊ အို. . မင်းမြတ် မင်းမည်သည်။
ဆန္ဒာဒိဝသေန အဂန္တွာ၊ ချစ်ခြင်းစသည်အစွမ်းဖြင့် မသွားမပြုမူ၍။
ရဇ္ဇံ ကာရေတုံ ဝဋ္ဋ တိ၊ မင်းအဖြစ်ကို ပြုခြင်းငှာ သင့်၏။
ယံ ယံ ကမ္မံ၊ အကြင်အကြင်အမှုကို။
ကတ္တဗ္ဗံ ဟောတိ၊ ပြုထိုက်သည် ဖြစ်၏။
(တံ တံ)သပ္ပံ နိသမ္မ၊ (ထိုထို)ပြုသမျှအားလုံးကို ဆင်ခြင်၍ ။
ဥပဓာရေတွာ ကာတုံ ဝဋ္ဋတိ၊ စူးစမ်း၍ ပြုခြင်းငှာ သင့်၏။
ယဉ္စ ကယိရမာနံ၊ အကြင်အမှုသည်လည်း ပြုလုပ်အပ်သော်။
နိပ္ပဇ္ဇတိ၊ ရည်ရွယ်ချက်အကျိုး ပြီးစီး၏။
တဒေဝ၊ ရည်ရွယ်ချက် အကျိုးပြီးစီးသည့် ထိုအမှုကိုသာ။
ကာတုံ ဝဋ္ဋ တိ၊ ပြုခြင်းငှါ သင့်၏။
ဣတရံ ကာတုံ န ဝဋ္ဋ တိ၊ သည့်ပြင် အကျိုးမပြီးသည့်အမှုကို ပြုခြင်းငှာ မသင့်။ ဤအကြောင်းကြောင့်လည်း ဤအကြောင်း ကြောင့်လည်းဟု။ သကလနိဝေသနံ= မင်းအိမ်တော်တစ်ခုလုံးကို= ဧကရံ ကတွာ= ကျီးသံတ
ဟိ၊ မှန်၏။
ယံ ကယိရမာနံ န နိဗ္ဗဇ္ဇတိ၊ အကြင်အမှုကို ပြုအပ်သော် ရည်ရွယ်ချက်အကျိုးမပြီး။
တံ ရာဇာနော၊ ရည်ရွယ်ချက်အကျိုးမပြီးသည့်ထိုအမှုကို မင်းတို့သည်။
သစေ ကရောန္တိ၊ အကယ်၍ပြုကုန်အံ့။
မဟာဇနဿ၊ များစွာသော သတ္တဝါအပေါင်းအား။
မရဏဘယပရိယောသာနံ၊ သေဘေးလျှင်အဆုံးရှိသော။
မဟာဘယံ ဥပ္ပဇ္ဇတိ၊ ဘေးကြီးသည် ဖြစ်၏။
ပုရောဟိတော၊ ပုရောဟိတ်သည်။
ဝေရဝသိကော ဟုတွာ၊ ရန်ဖြစ်လိုသော ဆန္ဒရှိသည် ဖြစ်၍။
မုသာဝါဒံ အဘာသိ၊ မုသားစကားကို ပြောဆိုပြီ။
ကာကာနံ ဝသာ နာမ၊ ကြီးတို့အား အဆီမည်သည်။
နတ္ထီတိ အာဟ၊ မရှိ”ဟု ပြောပြီ။
တံ သုတွာ၊ ထိုစကားကို ကြားရ၍။
ရာဇာ ပသန္နစိတ္တော၊ ဗြဟ္မဒတ်မင်းသည် ကြည်ညိုသော စိတ်ရှိ၍။
ဗောဓိသတ္တဿ၊ ဘုရားလောင်းအား။
ကဉ္စနဘဒ္ဒပီဌံ ဒါပေတွာ၊ ကောင်းမြတ်သော ရွှေအင်းပျဉ်ကို ပေးစေ၍။
တတ္ထ နိသိန္နဿ၊ ထိုရွှေအင်းပျဉ်၌ နားနေသော ဘုရားလောင်း၏။
ပက္ခန္တရာနိ၊ အတောင်ကြားတို့ကို။
သတပါကသဟဿပါကတေလေဟိ၊ အကြိမ်တစ်ရာ,အကြိမ်တစ်ထောင်ချက်အပ်သော ဆီတို့ဖြင့်။
မက္ခာပေတွာ၊ လိမ်းစေ၍။
ကဉ္စနတဋ္ဋ ကေ၊ ရွှေခွက်၌။
ရာဇာရဟံ သုဘောဇနံ၊ မင်းနှင့်သာ ထိုက်တန်သော ကောင်းမြတ်သော ဘောဇဉ်ကို။
ဘောဇာပေတွာ၊ စားစေ၍။
ပါနီယံ ပါယေတွာ၊ သောက်ရေကို သောက်စေ၍။
သုဟိတံ ဝိဂတဒရထံ၊ အစာ ဝပြီးသော ကင်းသော အပူရှိသော။
မဟာသတ္တံ၊ ဘုရားလောင်းကို။
“ပဏ္ဍိတ တွံ၊ အို. . ပညာရှိကျီး သင်သည်။
ကာကာနံ ဝသာ နာမ၊ ကျီးတို့အား အဆီ မည်သည်။
နတ္တီတိ ဝဒေသိ၊ မရှိဟု ပြော၏။
ကေန ကာရဏေန နေသံ၊ ဘယ် န အကြောင်းကြောင့် ထိုကျီးတို့အား။
ဝသာ န ဟောတီတိ၊ အဆီသည် မဖြစ်သနည်း မရှိသနည်း” ဟု။
ဧတံ အဝေါစ၊ ဤစကားကို မေးပြီ။
ဗောဓိသတ္တော၊ သည်။
ဣမိနာ စ ဣမိနာ စ ကာရဏေနာတိ၊ ဤအကြောင်းကြောင့်လည်း ဤအကြောင်းကြောင့်လည်းဟု။
သကလနိဝေသနံ၊ မင်းအိမ်တော်တစ်ခုလုံးကို။
ဧကရဝံ ကတွာ၊ ကျီးသံတစ်ခုတည်းရှိသည်ကို ပြု၍။
ဓမ္မံ ဒေသန္တော၊ တရားကို ဟောလိုရကား။
(မဟာရာဇ ကာကာနာမ၊ အိုမင်းမြတ် ကျီးတို့မည်သည်)။
နိစ္စံ ဥဋ္ဌိဂ္ဂဟဒယာ၊ အမြဲထိတ်လန့်သော စိတ်နှလုံးရှိကြကုန်၏။
သဗ္ဗလောကဝိဟေသကာ၊ လူအားလုံးကို ညှဉ်းဆဲတတ်ကုန်၏။
တသ္မာ၊ ထိုအကြောင်းနှစ်ခုကြောင့်။
အမှာကံ ဉာတီနံ၊ ငါတို့၏ ဆွေမျိုးဖြစ်ကုန်သော။
နေသံ ကာကာနံ၊ ထိုကျီးတို့အား။
ဝသာ နတ္ထိ၊ အဆီမည်သည် မရှိ။
တတြ အယံ သမင်္ခပတ္တော၊ ထိုဂါထာ၌ ဤဆိုလတံ့သည်ကား အကျဉ်းဖြစ်သော အနက်တည်း။
(ကော၊ အကျဉ်းချုပ်အနက်ဟူသည် အဘယ်နည်း)။
မဟာရာဇ ကာကာ နာမ၊ အို. . မင်းမြတ် ကျီးတို့ မည်သည်။
**နိစ္စံ** ဥဗ္ဗိဂ္ဂမာနုသာ၊ အမြဲ ထိတ်လန့်သော စိတ်ရှိကြကုန်လျက်။
ဘယပတ္တာဝ ဝိဟရန္တိ၊ အကြောက် ဘေးရောက်ကြလျက်သာ နေကြရကုန်၏။
**သဗ္ဗလောကဿ** စ **ဝိဟေသကာ**၊ လူအားလုံးကိုလည်း ညှဉ်းဆဲတတ်ကုန်၏။
ခတ္တိယာဒယော မနုဿေပိ၊ ခတ္တိယမျိုးစကုန်သော လူတို့ကိုလည်းကောင်း။
ဣတ္ထိပုရိုသေပိ၊ မိန်းမကြီး ယောက်ျားကြီးတို့ကိုလည်းကောင်း။
ကုမာရကုမာရိကာဒယောပိ၊ သူငယ်, သူငယ်မစသည်တို့ကိုလည်းကောင်း။
ဝိဟေဌေန္တာ၊ ညှဉ်းဆဲကြလျက်။
ကိလမေန္တာဝ၊ ပင်ပန်းစေကြလျက်သာ။
ဝိစရန္တိ၊ လှည့်လည်ကုန်၏။
**တသ္မာ**၊ ထို့ကြောင့်။
ဣမေဟိ ဒွီဟိ ကာရဏေဟိ၊ ဤနှစ်မျိုးကုန်သော အကြောင်း တို့ကြောင့် ။
**အမှာကံ ဉာတီနံ**၊ ငါတို့၏ ဆွေမျိုးဖြစ်ကုန်သော။
**နေသံ ကာကာနံ**၊ ထိုကြီးတို့အား။
**ဝသာ** နာမ **နတ္ထိ**၊ အဆီမည်သည် မရှိ။
အတီတေပိ န ဘူတပုဗ္ဗာ၊ ရှေးအတိတ်ကလည်း မဖြစ်ဘူး မရှိဘူးပေ။
အနာဂတေပိ၊ န ဘဝိဿတိနောင် အနာဂတ်မှာလည်း ဖြစ်လိမ့်မည်ရှိလိမ့်မည် မဟုတ်။
ဣတိ၊ ဤသည်ပင်တည်း။
ဧဝံ မဟာသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းကျီးမင်းသည်။
ဣမံ ကာရဏံ၊ ဤအကြောင်းအရာကို။
ဥတ္တာနံ ကတွာ၊ ထင်ရှားသည်ကို ပြု၍။
“မဟာရာဇ ရညာ နာမ၊ အို.. မင်းမြတ် မင်းမည်သည်။
အနိသမ္မ အနုပဓာရေတွာ၊ မဆင်ခြင်မူ၍ မစူးစမ်းမူ၍။
ကမ္မံ နကတ္တဗ္ဗန္တိ၊ အလုပ်ကို မလုပ်သင့်”ဟု။
ရာဇာနံ ဗောဓေသိ၊ မင်းကို သိစေပြီ။
ရာဇာ တုဿိတွာ၊ မင်းသည် နှစ်သက်၍။
ဗောဓိသတ္တံ၊ ဘုရားလောင်းကို။
ရဇ္ဇေန ပူဇေသိ၊ မင်းအဖြစ်ဖြင့် ပူဇော်ပြီ။
ဗောဓိသတ္တော ရဇ္ဇံ၊ ဘုရားလောင်းသည် မင်းအဖြစ်ကို။
ရညောယေဝ ပဋိဒတွာ၊ မင်းအားသာ ပြန်လည်ပေး၍။
ရာဇာနံ ပဉ္စသု၊ မင်းကို ငါးပါးကုန်သော။
သီလေသု ပတိဋ္ဌာပေတွာ၊ သီလတို့၌ တည်စေ၍။
သဗ္ဗသတ္တာနံ၊ သတ္တဝါအားလုံးတို့ အတွက်။
အဘယံ ယာစိ၊ ဘေးမဲ့ကို တောင်းယူပြီ။
ရာဇာ တဿ၊ ဗြဟ္မဒတ် မင်းသည် ထိုဘုရားလောင်းကျီးမင်း၏။
ဓမ္မဒေသနံ သုတွာ၊ တရားဒေသနာကို ကြားနာရ၍။
သဗ္ဗသတ္တာနံ၊ သတ္တဝါအားလုံးတို့အား။
အဘယံ ဒတွာ၊ ဘေးမဲ့ကို ပေး၍။
ကာကာနံ နိဗုဒ္ဓဒါနံ၊ ကျီးတို့အတွက် အမြဲတမ်းအလှူကို။
ပဋ္ဌပေသိ၊ ဖြစ်စေပြီ။
ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း၌။
တဏ္ဍုလမ္ပဏဿ၊ ဆန် တစ် အမ္ဗဏကို။
ဘတ္တံ ပစိတွာ၊ ထမင်းကို ချက်၍။
နာနဂ္ဂရသေဟိ ဩမဒ္ဒိတွာ၊ အထူးထူးမြတ်သော အရသာတို့ဖြင့် နယ်၍။
ကာကာနံ ဒီယတိ၊ ကျီးတို့အား ပေးရ ကျွေးရ၏။
မဟာသတ္တဿ ပန၊ ဘုရားလောင်းကျီးမင်းအားကား။
ရာဇဘောဇနမေဝ ဒီယိတ္ထ၊ ရှင်ဘုရင့်စားတော်ကိုသာ ပေးရ ကျွေးရပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ဗာရာဏသိရာဇာ၊ ထိုရှေးအခါက ဗာရာဏသီ မင်းသည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
ကာကရာဇာ ပန၊ ကျီးမင်းသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ” ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ကာကဇာတကဝဏ္ဏနာ ဒသမာ၊ ကာကဇာတ်အဖွင့်သည် ဒသမတည်း။
အသမ္ပဒါနဝဂ္ဂေါ စုဒ္ဒသမော၊ အသမ္ပဒါနဝဂ်သည် စုဒ္ဒသမတည်း။
တဿ ဥဒ္ဒါနံ၊ ထိုအသမ္ပဒါနဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
အသမ္ပဒါနဘီရုကံ၊ အသမ္ပဒါနဇာတ် ဘီဓုကဇာတ်လည်းကောင်း။
ဃတာသနဈာနသောကံ၊ ယသာသနဇာတ် ဈာနသောဓနဇာတ် လည်းကောင်း။
စန္ဒာကံ သုဝဏ္ဏဟံသံ၊ စန္ဒာဘဇာတ်လည်းကောင်း သုဝဏ္ဏဟံသဇာတ်လည်းကောင်း။
ဗဇ္ဈဂေါဓာဥဘတောဘဋ္ဌံ၊ ဗန္ဓု ဇာတ်ဂေါဓာဇာတ် ဥဘတောဘဋ္ဌဇာတ် လည်းကောင်း။
ကာကရာဇာ၊ ကာကဇာတ်လည်းကောင်း။
ဣတိ၊ ဤသို့။
တေ ဒသ၊ ထိုဇာတ်တို့သည် ဆယ်မျိုး တို့တည်း။
ဣတိ၊ ဤသည်ပင်တည်း။