**သေယျော အမိတ္တော**တိ ဣဒံ၊ သေယျော အမိတ္တော စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အနာထပိဏ္ဍိကသေဋ္ဌိနော ဧကံ ဒါသိံ၊ အနာထပိဏ်သူဌေး၏ တစ်ယောက်သော ကျွန်မကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
အနာထပိဏ္ဍိကဿ ရောဟိဏီ နာမ၊ အနာထပိဏ်သူဌေးအား ရောဟိဏီမည်သော။
ဧကာ ဒါသီ အဟောသိ ကိရ၊ တစ်ယောက်သော ကျွန်မသည် ရှိပြီတဲ့။
တဿာ ဝီဟိပဟရဏဋ္ဌာနေ အာဂန္တွာ၊ ထို ရောဟိဏီ၏ စပါးတောင်းရာဌာနသို့ လာ၍။
မဟလ္လိကာ မာတာ နိပဇ္ဇိ၊ အသက်ကြီးသော မိခင်သည် အိပ်ပြီ။
တံ မက္ခိကာ ပရိဝါရေတွာ၊ ထိုမိခင်ကြီးကို ယင်တို့သည် ဝိုင်းအုံ၍။
သူစိယာ ဝိဇ္ဈမာနာ ဝိယ ခါဒန္တိ၊ အပ်ဖြင့် ထိုးကုန်သကဲ့သို့ ကိုက်ကုန်၏။
သာ ဓီတရံ၊ ထိုမိခင်ကြီးသည် သမီးရောဟိဏီကို။
"အမ္မ မက္ခိကာ မံ ခါဒန္တိ၊ အို ချစ်သမီး ယင်တို့သည် ငါ့ကို ကိုက်ကုန်၏။
ဧတာ ဝါရေဟီတိ အာဟ၊ ထိုယင်တို့ကို တားမြစ်လော့"ဟု ပြောပြီ။
သာ၊ ထိုရောဟိဏီသည်။
ဝါရေဿာမိ အမှာတိ၊ တားမြစ်မည် အမေဟု ပြော၍။
မုသလံ ဥက္ခိပိတွာ၊ ကျည်ပွေ့ကို ချီမ၍။
"မာတု သရီရေ မက္ခိကာ၊ အမေ၏ ကိုယ်က ယင်ကောင်တို့ကို။
မာရေတွာ ဝိနာသံ ပါပေဿာမီတိ၊ သတ်၍ ပျက်စီးခြင်းသို့ ရောက်စေအံ့"ဟု တွေး၍။
မာတရံ မုသလေန ပဟရိတွာ၊ အမေကို ကျည်ပွေ့ဖြင့် ရိုက်၍။
ဇီဝိတက္ခယံ ပါပေသိ၊ အသက်ကုန်ခြင်းသို့ ရောက်စေပြီ။
တံ ဒိသွာ၊ ထိုအမေကို ကြည့်၍။
မေ မာတာ မတာတိ၊ ငါ၏ အမေသည် သေပြီဟု။
ရောဒိတုံ အာရဘိ၊ ငိုဖို့ရာ အားထုတ်ပြီ။
တံ ပဝတ္တိံ သေဋ္ဌိဿ အာရောစေသုံ၊ ထိုသတင်းကို အနာထပိဏ်သူဌေးအား ပြောကြားကုန်ပြီ။
သေဋ္ဌိ တဿာ၊ အနာထပိဏ်သူဌေးသည် ထိုရောဟိဏီမိခင်၏။
သရီရကိစ္စံ ကာရေတွာ၊ အလောင်းကောင်ကိစ္စကို ပြုစေ၍။
ဝိဟာရံ ဂန္တွာ၊ ဇေတဝန်ကျောင်းတော်သို့ သွား၍။
သဗ္ဗံ တံ ပဝတ္တိံ၊ အလုံးစုံသော ထိုသတင်းကို။
သတ္ထု အာရောစေသိ၊ ဘုရားရှင်အား လျှောက်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဂဟပတိ ဧသာ၊ အို သူကြွယ် ဤရောဟိဏီကျွန်မသည်။
မာတု သရီရေ၊ အမေ၏ ကိုယ်က။
မက္ခိကာ မာရေဿာမီတိ၊ ယင်ကောင်တို့ကို သတ်အံ့"ဟုတွေး၍။
ဣဒါနေဝ မုသလေန ပဟရိတွာ၊ ယခုအခါ၌သာ ကျည်ပွေ့ဖြင့် ရိုက်၍။
မာတရံ န မာရေသိ၊ မိခင်ကို သတ်ဖူးသည် မဟုတ်သေး။
ပုဗ္ဗေပိ မာရေသိယေဝါတိ ဝတွာ၊ ရှေးကလည်း သတ်ဖူးသည်သာဟု မိန့်တော်မူ၍။
တေန ယာစိတော၊ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော သေဋ္ဌိကုလေ နိဗ္ဗတ္တိတွာ၊ ဘုရားလောင်းသည် သူဌေးမျိုး၌ ဖြစ်၍။
ပိတုအစ္စယေန သေဋ္ဌိဋ္ဌာနံ ပါပုဏိ၊ ဖခင်ကွယ်လွန်သဖြင့် သူဌေးရာထူးကို ရပြီ။
တဿာပိ ဒါသီ၊ ထိုဘုရားလောင်း၏လည်း ကျွန်မသည်။
ရောဟိဏီယေဝ နာမ အဟောသိ၊ ရောဟိဏီသာ မည်သည်ဖြစ်ပြီ။
သာပိ အတ္တနော ဝီဟိပဟရဏဋ္ဌာနံ၊ ထိုရောဟိဏီသည်လည်း မိမိ၏ မောင်းထောင်းရာ ဌာနသို့။
အာဂန္တွာ နိပန္နံ မာတရံ၊ လာ၍ အိပ်သော မိခင်ကို။
"အမ္မ မေ မက္ခိကာ၊ အို ချစ်သမီး ငါ့ကို ကိုက်သော ယင်တို့ကို။
ဝါရေဟီတိ ဝုတ္တာ၊ တားမြစ်လော့"ဟု ပြောအပ်သော်။
ဧဝမေဝ မုသလေန ပဟရိတွာ၊ ဤအတူပင် ကျည်ပွေ့ဖြင့် ရိုက်၍။
မာတရံ ဇီဝိတက္ခယံ ပါပေတွာ၊ မိခင်ကို အသက်ကုန်ခြင်းသို့ ရောက်စေ၍။
ရောဒိတုံ အာရဘိ၊ ငိုဖို့ အားပြုပြီ။
ဗောဓိသတ္တော တံပဝတ္တိံ သုတွာ၊ ဘုရားလောင်းသည် ထိုသတင်းကို ကြား၍။
"ဟိ အမိတ္တောပိ၊ အမှန်ပြောရသော် ရန်သူသည်ပင် ဖြစ်သော်လည်း။
ဣမသ္မိံ လောကေ ပဏ္ဍိတောဝ၊ ဤလောက၌ ပညာရှိသည်သာ။
သေယျောတိ စိန္တေတွာ၊ ကောင်းမြတ်၏"ဟု တွေးတော၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ပြီ။
ဂါထာအနက်ကား--
၄၅။ ယံ စေ ဗလာ အနုကမ္ပကော၊ အကြင်မည်သော လူအသည် အစဉ်သနားတတ်၏။
(တတော၊ ထိုအစဉ်သနားတတ်သော လူ,အထက်)။
မေဓာဝီ အမိတ္တော သေယျော၊ ပညာရှိသော ရန်သူသည် ကောင်းမြတ်၏။
ဇမ္မိံ ရောဟိဏိကံ ပဿ၊ ဖျင်းအလွန်းသော ရောဟိဏီကို ကြည့်ပါ။
မာတရံ ဟန္တွာန သောစတိ၊ မိခင်ကို သတ်ပြီး၍ ဝမ်းနည်းပူဆွေးနေ၏။
တတ္ထ **မေဓာဝီ**တိ၊ ထိုဂါထာ၌ မေဓာဝီ ဟူသည်ကား။
ပဏ္ဍိတော ဉာဏီ ဝိဘာဝီ၊ ပညာရှိသူတည်း ဉာဏ်ရှိသူတည်း ထူးခြားစွာ ဖြစ်စေတတ်သူတည်း။
**ယဉ္စေ ဗာလာနုကမ္ပကော**တိ ဧတ္ထ၊ ယဉ္စေ ဗာလာနုကမ္ပကော ဟူသော ပါဌ်၌။
ယန္တိ လိင်္ဂဝိပလ္လာသော ကတော၊ ယံဟု ပုံလိင်မှ နပုံလိင်ဖောက်ပြန်မှုကို ပြုအပ်ပြီ။
စေတိ နာမတ္ထေ နိပါတော၊ စေဟူသော သဒ္ဒါသည် အမည်အနက်၌ နိပါတ်ပုဒ်တည်း။
ယော နာမ ဗာလော အနုကမ္ပကော၊ အကြင်မည်သော လူအသည် အစဉ်သနားတတ်၏။
တတော သတဂုဏေန သဟဿဂုဏေန၊ ထိုသနားတတ်သော လူအ,ထက် အဆတစ်ရာအားဖြင့်လည်းကောင်း အဆတစ်ထောင်အားဖြင့်လည်းကောင်း။
ပဏ္ဍိတော အမိတ္တော ဟောန္တောပိ၊ ပညာရှိသည် ရန်သူပင် ဖြစ်သော်လည်း။
သေယျောယေဝ ဣတိ အတ္ထော၊ ကောင်းမြတ်သည်သာတည်း ဤကား ရှေ့ဂါထာဝက်၏ အနက်တည်း။
အထ ဝါ ယန္တိ၊ တနည်း ယံ ဟူသည်ကား။
ပဋိသေဓနတ္ထေ နိပါတော၊ တားမြစ်ခြင်းအနက်၌ နိပါတ်ပုဒ်တည်း။
ဗာလာ စေ အနုကမ္ပကော နော၊ လူအသည် အကယ်၍ အစဉ်သနားတတ်စေကာမူ မကောင်း။
ဣတိ အတ္ထော၊ ဤကား ယဉ္စေ ဗာလာနုကမ္ပကော၏ အနက်တည်း။
**ဇမ္မိန္တိ** လာမိကံ ဒန္ဓံ၊ ဇမ္မိံ ဟူသည်ကားညံ့သော ဖျင်းအသောတည်း။
မာတရံ ဟန္တွာန သောစတီတိ၊ မာတရံ ဟန္တွာန သောစတိ ဟူသည်ကား။
မက္ခိကာ မာရေဿာမီတိ၊ ယင်တို့ကို သတ်မည်ဟုတွေး၍။
မာတရံ ဟန္တာ၊ အမေကိုသတ်ပြီး၍။
ဣဒါနိ အယံ ဗာလာ၊ ယခုအခါ၌ ဤဖျင်းအ,လွန်းသူမသည်။
သယမေဝ ရောဒတိ ပရိဒေဝတိ၊ ကိုယ်တိုင်ပင် ငို၏, မြည်တမ်း၏။
ဣမိနာ ကာရဏေန ဣမသ္မိံ လောကေ၊ ဤေအကြောင်းကြောင့် ဤလောက၌။
အမိတ္တောပိ ပဏ္ဍိတော သေယျောတိ၊ ရန်သူဖြစ်သော်လည်း ပညာရှိသည် ကောင်းမြတ်၏ဟု ပြော၍။
ဗောဓိသတ္တော ပဏ္ဍိတံ ပသံသန္တော၊ ဘုရားလောင်းသည် ပညာရှိကို ချီးမွမ်းလျက်။
ဣမာယ ဂါထာယ ဓမ္မံ ဒေသေသိ၊ ဤဂါထာဖြင့် တရားကို ဟောပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဂဟပတိ ဧသာ၊ အို သူကြွယ် ဤရောဟိဏီသည်။
ဣဒါနေဝ၊ ယခုဘဝ၌သာ။
မက္ခိကာ မာရေဿာမီတိ၊ ယင်ကောင်တို့ကို သတ်အံ့ဟု တွေး၍။
မာတရံ န ခေါ ဃာတေသိ၊ အမိကို သတ်ဖူးသည် မဟုတ်သေး။
ပုဗ္ဗေပိ ဃာတေသိ ယေဝါတိ၊ ရှေးဘဝကလည်း သတ်ဖူးသည်သာ"ဟု မိန့်တော်မူ၍။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်ဆက်တော်မူ၍။
"တဒါ မာတာယေဝ၊ ထိုဘဝက အမိသည်ပင်။
မာတာ အဟောသိ၊ ယခုဘဝ အမိသည် ဖြစ်လာပြီ။
ဓီတာယေဝ ဓီတာ၊ ထိုဘဝကသမီးသည်ပင် ဒီဘဝသမီးတည်း။
မဟာသေဋ္ဌိ ပန အဟမေဝ အဟောသိန္တိ၊ သူဌေးကြီးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ရောဟိဏိဇာတကဝဏ္ဏနာ ပဉ္စမာ**၊ **ငါးခုမြောက်ဖြစ်သော ရောဟိဏီဇာတ်အဖွင့်တည်း။**