Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[62] 2. Aṇḍabhūtajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ယံ ဗြာဟ္မဏော အဝါဒေသီ** တိ ဣဒံ၊ ယံဗြာဟ္မဏော အဝါဒေသိ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝန ဝိဟရန္တော၊ ဘုရားရှင်သည်ဇေတဝန်ကျောင်းတော်၌နေတော်မူစဥ်။ ဥက္ကဏ္ဌိတိမေဝ အာရဗ္ဘကထေသိ၊ သာသနာတော်ငြီးငွေ့သော ရဟန်းကို ဘုရားရှင်သည်။
"ဘိက္ခုတွံ၊ အိုရဟန်းသင်သည်။ ဥက္ကဏ္ဌိတော အသိ ကိရ၊ သာသနာတော်ငြီးငွေ့သည်ဖြစ်သတဲ့။ ဣတိ သစ္စံ၊ ဤသို့ကြားရသည်ကား မှန်သလော"။ ဣတိ ပုစ္ဆိတွာ၊ ဤသို့မေး‌တော်မူ၍။ သစ္စန္တိ ဝုတ္တေ၊ မှန်ပါ၏ဟုလျှောက်အပ်သော်။ "ဘိက္ခု ဣတ္ထိယော နာမ အရက္ခိယာ၊ အို..ရဟန်းမိန်းမတို့မည်သည် စောင့်ရှောက်၍ မရကုန်။ ပုဗ္ဗေပဏ္ဍိတာ ဣတ္ထိံ၊ ရှေးကပညာရှိတို့သည် မိန်းမကို။ ဂဗ္ဘတောပဋ္ဌာယရက္ခန္တာပိ၊ ကိုယ်ဝန်မှ(ဗိုက်ထဲမှ) စ၍ စောင့်ရှောက်ကုန်သော်လည်း။ ရက္ခိတုံ နာသက္ခိံသူတိ ဝတွာ၊ စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်ကြပြီ"ဟုမိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကိုဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကိုပြုသော်။ ဗောဓိသတ္တော တဿ အဂ္ဂမဟေသိယာ၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီး၏။ ကုစ္တိသ္မိံ နိဗ္ဗတ္တိတွာ၊ ဝမ်း၌ ဖြစ်၍။ ဝယပ္ပတ္တော သဗ္ဗသိပ္ပေသု၊ အရွယ်ရောက်သော် အလုံးစုံသော အတတ်တို့၌။ နိပ္ဖတ္တိံ ပတွာ၊ အပြီးအစီးသို့ရောက်၍။ ပိတု အစ္စယေန၊ ခမည်းတော်၏ ကွယ်လွန်ခြင်းကြောင့်။ ရဇ္ဇေ ပတိဋ္ဌာယ၊ မင်းအဖြစ်၌ တည်၍။ ဓမ္မေန ရဇ္ဇံ ကာရေသိ၊ တရားသဖြင့် မင်းအဖြစ်ကို ပြုပြီ။
သော ပုရောဟိတေန သဒ္ဓိံ၊ ထိုဘုရားလောင်းသည် ပုရောဟိတ်နှင့် အတူ။ ဇူတံ ကီဠတိ၊ ကြွေအန််ကို ကစား၏။
ကီဠန္တော ပန၊ ကစားသော်ကား။
"သဗ္ဗာ နဒီ ဝင်္ကဂတီ၊ အားလုံးကုန််သော မြစ်တို့သည် ကောက်ကွေ့သွားခြင်းရှိကုန်၏။ သဗ္ဗေဝန ကဋ္ဌမယာ၊ အားလုံးကုန််သော တောတို့သည် ထင်းသာဖြစ်ကုန်၏။ နိဝါတကေ လဘမာနေ၊ ဆိတ်ငြိမ်ရာကို ရအပ်သော်။ သဗ္ဗာဣတ္ထိယော ပါပံကရေ၊ အားလုံးကုန်သော မိန်းမတို့သည် မကောင်းမှုကိုပြုတတ်ကုန်၏။
ဣမံဇူတဂီတံ၊ သဗ္ဗာ နဒီ(ပ) နိဝါတကေ ဟူသော ဤကြွေအန်သီချင်းကို။ ဂါယန္တော ရဇတဖလကေ၊ သီဆိုလျက် ငွေပျဉ်ချပ်ပေါ်၌။ သုဝဏ္ဏပါသကေ ခိပတိ၊ ရွှေအန်စာတို့ကို ပစ်ချ၏။
ဧဝံ ကီဋ္ဌန္တော ရာဇာ ပန၊ ဤသို့ကစားသောမင်းသည် ကား။ နိစ္စံ ဇိနာတိ၊ အမြဲနိုင်၏။ ပုရောဟိတော ပရာဇီယတိ၊ ပုရောဟိတ်သည် ရှုံး၏။
သော အနုက္ကမေန၊ ထိုပုရောဟိတ်သည် အစဥ်အားဖြင့်။ ဃရေ ဝိဘဝေ၊ အိမ််၌စည်းစိမ်သည်။ ပရိက္ခယံ ဂစ္ဆန္တေ၊ ကုန်ခြင်းသို့ရောက်သော်။ "ဧဝံသန္တေ ဣမသ္မိံ ဃရေ၊ ဤသို့ဖြစ်သော် ဤငါ့အိမ်က။ သဗ္ဗံ ဓနံ ခီယိဿတိ၊ အားလုံးသော ပစ္စည်းသည် ကုန်လိမ့်မည်။ ပုရိသန္တရံ အဂတံ၊ ယောက်ျားတစ်ပါးသို့မသွားလာဖူးသော။ ဧကံ မာတု ဂါမံ ပရိယေသိတွာ၊ တစ်ယောက်သော မာတုဂါမကို ရှာ၍။ ဃရေ ကရိဿာမီတိ စိန္တေသိ၊ အိမ်၌ (ထားသည်ကို) ပြုအံ့"ဟုတွေးပြီ။
အထအဿံ၊ ထို့နောက်ထိုပုရောဟိတ်အား။ အညံ ပုရိသံ၊ အခြားသောယောကျ်ားကို။ ဒိဋ္ဌပုဗ္ဗံ ဣတ္ထိံ၊ မြင်ဖူးသော မိန်းမကို။ ရက္ခိတုံ န သက္ခိဿာမိ၊ လုံအောင်စောင့်ခြင်းငှာ မစွမ်းနိုင်လတံ့။ ဂဗ္ဘတော ပဋ္ဌာယ၊ ဝမ်ထဲရှိစဥ်မှစ၍။ ဧကံ မာတုဂါမံ ရက္ခိတွာ၊ တစ်ယောက်သော မာတုဂါမကို စောင့်ရှောက်၍။ ဝယပတ္တံ တံ၊ အရွယ်ရောက်လာသောထိုမာတုဂါမကို။ ဝသေ ဌပေတွာ၊ မိမိအလို၌ ထား၍။ ဧကပုရိသိကံ ကတွာ၊ ယောကျ်ားတစ်ယောက်နှင့်သာ ဆက်ဆံသည်ကိုပြု၍။ ဂါဠှံ အာရက္ခံ သံဝိဒဟိတွာ၊ မြဲမြံသောအစောင့်အရှောက်ကိုစီရင်၍။ ရာဇကုလတော ဓနံ၊ မင်းမျိုးတို့မှပစ္စည်းကို။ အာဟရိဿာမီ ဧတံအဟောသိ၊ ဆောင်ယူအံ့" ဟူသော ဤအကြံသည်ဖြစ်ပြန်၏။
သောစ အင်္ဂဝိဇ္ဇာယ၊ ထိုပုရောဟိတ်သည်လည်း အင်္ဂဝိဇ္ဇာ၌။ ဆေကာ ဟောတိ၊ နားလည်သည်ဖြစ်၏။ အထဧကံဂဗ္ဘိနိံ၊ ထိုအခါ တစ်ယောက်သောကိုယ်ဝန်ရှိသော။ ဒုဂ္ဂတိတ္ထိံ ဒိသွာ၊ ဆင်းရဲသူမကိုတွေ့၍။ "ဓီတရံ ဝိဇာယိဿတီ တိ ဉတွာ၊ သမီးကိုမွေးလိမ့်မည်ဟုတွေး၍။ တံ ပက္ကောသာပေတွာ၊ ထိုဆင်းရဲသူမကိုခေါ်စေ၍။ ပရိဗ္ဗယံ ဒတွာ၊ စားနပ်ရိက္ခာကိုပေး၍။ ဃရေယေဝ ဝသာပေတွာ၊ အိမ်၌နေစေ၍။ ဝသာပေတွာ ဝိဇာတကာလေ ဓနံ ဒတွာ၊ ဖွားရာကာလ၌ ဥစ္စာကိုပေး၍။ ဥယျောဇေတွာ တံကုမာရိကံ၊ လွှတ်လိုက်၍ ထိုသူငယ်မကို။ အညေသံ ပုရိသာနံ၊ တစ်ခြားကုန်သော ယောကျ်ားတို့အား။ ဒဋ္ဌုံ အဒတွာ၊ မြင်ခြင်းငှာမပေးမူ၍။ ဣတ္ထီနံယေဝ ဟတ္ထေ ဒတွာ၊ မိန်းမတို့၏ လက်၌သာပေး၍။ ပေါသာပေတွာ၊ မွေးမြူစေ၍။ ဝယပ္ပတ္တကာလေ တံ၊ အရွယ်ရောက်ကာလ၌ ထိုသူငယ်မကို။ အတ္တနော ဝသေ ဌပေသိ၊ မိမိ၏အလို၌ထားပြီ။
ယာဝစေသာ ဝဍ္ဎတိ၊ အကြင်မျှတိုင်အောင်လည်း ထိုသူငယ်မသည် ကြီးထွား၏။ တာဝ ရညာ သဒ္ဓိံ၊ ထိုကြီးထွားသည်တိုင်အောင် မင်းနှင့်အတူ။ ဇူတံန ကီဠိ၊ ကြွေအန်ကို မကစားပြီ။
တံ ဝသေ ဌပေတွာ ပန၊ ထိုသူငယ်မကို မိမိအလို၌ ထားပြီး၍ကား။ ဗြာဟ္မဏော၊ ပုရောဟိတ်ပုဏ္ဏားသည်။ "မဟာရာဇ ဇူတံ၊ မင်းမြတ်ကြွေအန်ကို။ ကီဋ္ဌာမာတိ အာဟ၊ ကစားကြပါအံ့"ဟုပြောပြီ။
ရာဇာ သာဓူတိ၊ ဘုရားလောင်းမင်းသည် ကောင်းပြီဟု။ ပုရိမနိယာမေနေဝ ကီဋ္ဌိ၊ ရှေးနည်းဖြင့်ပင် ကစားပြီ။
ပုရောဟိတောရညော ဂါယိတွာ၊ ပုရောဟိတ်သည် မင်း၏ အန်သီချင်းသီဆို၍။ ပါသကံ ခိပနကာလေ၊ ရွှေအန်စာကို ပစ်ရာကာလ၌။ "မမ မာဏဝိကံ ဌပေတွာတိ အာဟ၊ ကျွန်တော်မျိုး၏ သူငယ်မကို ထား၍ဟုဆိုပြီ။
တတော ပဋ္ဌာယ၊ ထိုအခါမှစ၍။ ပုရောဟိတော ဇိနာတိ၊ ပုရောဟိတ်သည် နိုင်၏။ ရာဇာ ပရာဇီယတိ၊ မင်းသည်ရှုံး၏။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ "ဣမဿ ဃရေ၊ ဤပုရောဟိတ်၏ အိမ်၌။ ဧကပုရိသိကာယ ဧကာယ ဣတ္ထိယာ၊ ယောက်ျားတစ်ဦးနှင့်သာ ဆက်ဆံသော တစ်ယောက်သော မိန်းမသည်။ ဘဝိတဗ္ဗန္တိ ပရိဂ္ဂဏှာပေန္တော၊ ဖြစ်တန်ရာ ရှိတန်ရာ၏" ဟုစူးစမ်းစေသော်။ အတ္ထိဘာဝံ ဉတွာ၊ ရှိကြောင်းကို သိ၍။ အဿာသီလံ၊ ထိုသူငယ်မ၏ သီလကို။ ဘိန္ဒာပေဿာမီတိ၊ ပျက်စီးစေအံ့ဟုတွေး၍။ ဧကံ ဓုတ္တံ ပက္ကောသာပေတွာ၊ တစ်ယောက်သောမိန်းမလိုက်စားသူကိုခေါ်စေ၍။ "ပုရောဟိတဿ ဣတ္ထိယာသီလံ၊ ပုရောဟိတ်၏ မိန်းမ၏ သီလကို။ ဘိန္ဒိတုံ သက္ခိဿသီတိ အာဟ၊ ဖျက်ဆီးခြင်းငှာ စွမ်းနိုင်အံ့လော"ဟုမေးပြီ။
သက္ကောမိ ဒေဝါတိ၊ စွမ်းနိုင်ပါ၏ မင်းကြီးဟုလျှောက်ပြီ။
အထအဿ ရာဇာ၊ ထိုအခါ ထိုမိန်းမလိုက်စားသူအား မင်းသည်။ ဓနံ ဒတွာ၊ ဥစ္စာကိုပေး၍။ တေန ဟိ ခိပ္ပံ နိဋ္ဌာပေတီတိ၊ ထိုသို့ဖြစ်လျှင် လျင်စွာ အလုပ်ကို ပြီးစေလော့" ဟု။ တံပဟိဏိ၊ ထိုမိန်းမလိုက်စားသူကို စေလွှတ်ပြီ။
သောရဉော သန္တိကာ၊ ထိုမိန််းမလိုက်စားသူသည် မင်း၏ အထံမှ။ ဓနံ အာဒါယ၊ ဥစ္စာကို ယူ၍။ ဂန္ဓဓူမစုဏ္ဏကပ္ပူရာဒီနိ ဂဟေတွာ၊ နံ့သာ, အခိုးအထုံ, အမှုန့်, ပရုပ်စသည် တို့ကိုယူ၍။ တဿ ဃရတော အဝိဒူရေ၊ ထိုပုရောဟိတ်၏ အိမ််မှ မနီးမဝေး၌။ သဗ္ဗဂန္ဓာပဏံ ပသာရေသိ၊ နံ့သာမျိုးစုံဈေးဆိုင်ကို ဖြန့်ခင်းရောင်းချပြီ။
ပုရောဟိတဿ ဂေဟမ္ပိ၊ ပုရောဟိတ်၏ အိမ်သည်လည်း။ သတ္တဘူမကံ၊ ဘုံခုနစ်ဆင့်ရှိသည်(ခုနစ်ထပ်ရှိသည်)။ သတ္တဒွါရကောဋ္ဌကံ ဟောတိ၊ တံခါးမုခ်ခုနစ်ရှိသည်ဖြစ်၏။ သဗ္ဗေသု ဒွါရကောဋ္ဌကေသု၊ အားလုံးကုန်သော တံခါးမုခ်တို့၌။ ဣတ္ထီနံ အာရက္ခာယေဝ၊ မိန်းမတို့၏အစောင့်အရှောက်သည်သာ။ (ဟောတိ၊ ဖြစ်၏)။
ဗြာဟ္မဏံ ဌပေတွာဝန၊ ပုရောဟိတ်ပုဏ္ဏားကို ထား၌ကား။ ဂေဟံပဝိသိတုံ လဘန္တော၊ အိမ်သို့ဝင်ခြင်းငှာ ရသော။ အညော ပုရိသော၊ အခြားသောယောကျ်ားသည်။ နတ္ထိ၊ မရှိ။ ကစဝရဆဍ္ဍန ပစ္ဆိမ္ပိ၊ အမှိုက်ပစ်သော တောင်းကိုသောာ်မှလည်း။ သောဓေတွာယေဝ ပဝေသေန္တိ၊ သုတ်သင်စစ်ဆေး၍သာ သွင်းရကုန်၏။
တံမာဏဝိကံ၊ ထိုမိန်းမငယ်ကို။ ပုရောဟိတောယေဝ ဒဋ္ဌုံလဘတိ၊ ပုရောဟိတ်သည်သာ ကြည့်ရှုခြင်းငှာရ၏။
တဿစဧကော၊ ထိုသူငယ်မအားလည်း တစ်ယောက်သော။ ပရိစာရိကာဣတ္ထီ အတ္ထိ၊ ပြုစုလုပ်ကျွေးသောမိန််းမသည်ရှိ၏။
အထ အဿာ၊ ထိုအခါ ထိုမိန်းမငယ်၏။ သာပရိစာရိကာ၊ ထိုပြုစုလုပ်ကျွေးသူမသည်။ ဂန္ဓပုပ္ဖမူလံ ဂဟေတွာ ဂစ္ဆန္တီ၊ နံ့သာ,ပန်းဖိုးကိုယူ၍ သွားသော်။ တဿ ဓုတ္တဿ အာပဏသမီပေန ဂစ္ဆိတိ၊ ထိုမိန်းမလိုက်စားသူ၏ နံ့သာစျေးဆိုင်အနီးဖြင့်သွား၍။
သော၊ ထိုမိန်းမလိုက်စားသူသည်။ "အယံ တဿာပရိစာရိကာတိ၊ ဤမိန်းမကား ထိုမိန််းမငယ်၏ အလုပ်အကျွေးတည်း" ဟု။ သုဋ္ဌု ဉတွာ၊ ကောင်းစွာသိ၍။ ဧကဒိဝသံ၊ တစ်နေ့၌။ အာဂစ္ဆန္တိံ တံ ဒိသွာ၊ လာနေသောထိုအလုပ်အကျွေးမိန်းမကိုမြင်၍။ အာပဏေ ဥဋ္ဌာယ ဂန္တွာ၊ နံ့သာဆိုင်မှထ၍သွား၍။ တဿာ ပါဒမူလေ ပတိတွာ၊ ထိုအလုပ်အကျွေးမ၏ ခြေရင်း၌ ဝပ်စင်း၍။ ဥဘောဟိ ဟတ္ထေဟိပါဒေ၊ နှစ်ဘက်ကုန်သော လက်တို့ဖြင့် ခြေထောက်တို့ကို။ ဂါဠှံဂဟေတွာ၊ မြဲမြံစွာ ကိုင်ယူ၍။ "အမ္မ ဧတ္တကံ ကာလံ၊ အို..အမေ ဤမျှရှိသော ကာလပတ်လုံး။ ကဟံ ဂတာ၊ ဘယ်သို့သွားနေသည်။ အသီတိ ပရိဒေဝိ၊ ဖြစ်သနည်း'ဟုပြော၍ ငိုကျွေးပြီ။ အဝသေသာ ပယုတ္တကဓုတ္တာပိ၊ ကြွင်းကျန်ကုန်သော သူလျှိုမိန်းမလိုက်စားသူတို့သည်လည်း။ ဧကမန္တံ ဌတွာ၊ သင့်လျော်ရာ၌ တည်ကြ၍။ "ဟတ္တပါဒမုလသဏ္ဌောနေဟိ စ အာကပ္ပေနစ၊ လက်,ခြေ,မျက်နှာ,ပုံသဏ္ဌာန်တို့အားဖြင့်လည်းကောင်းအသွင်အပြင်အားဖြင့်လည်းကောင်း။ မာတာပုတ္တာ၊ သားအမိတို့သည်။ ဧကသဒိသာယေဝ အာဟံသု၊ ချွတ်စွပ်တူကြသည်သာ"ဟုပြောကြပြီ။
သာ ဣတ္ထီ တေသု တေသု ကထေန္တေသု၊ ထိုအလုပ်ကျွေးမသည် ထိုထိုသူတို့သည် ပြောကြသော်။ အတ္တနော အသဒ္ဒဟိတွာ၊ မိမိကိုယ်ကိုမယုံကြည်မူ၍။ "အယံမေ၊ ဤသူကားငါ၏။ ပုတ္တော ဘဝိဿတီီတိ၊ သားသည်ဖြစ်လိမ့်မည်"ဟုတွေး၍။ သယမ္ပိ ရောဒိတုံ အာရဘိ၊ ကိုယ်တိုင်လည်း ငိုခြင်းငှာ အားထုတ်ပြီ။
တေဥဘောပိ ကန္ဒိတွာ ရောဒိတွာ၊ ထိုမိန်းမလိုက်စားသူနှင့် အလုပ်အကျွေးမနှစ်ယောက်တို့သည်လည်း မြည်တမ်းကြ၍ ငိုကျွေးကြ၍။ အညမညံ အာလိင်္ဂေတွာ အဋ္ဌံသု၊ အချင်းချင်းလည်ပင်းဖက်၍ တည်ကုန်ပြီ။
အထသော ဓုတ္တော၊ ထိုအခါ ထိုမိန်းမလိုက်စားသူသည်။ "အမ္မ ကဟံ ဝသသီတိ အာဟ၊ အို..အမေဘယ်၌နေသနည်း"ဟုမေးပြီ။
ကိန္နရိလီလာယ ဝသမာနာယ၊ ကိန္နရီမတင့်တယ်ခြင်းဖြင့် နေထိုင်သော။ ရုပသောဘဂ္ဂပ္ပတ္တာယ၊ ရုပ်တင့်တယ်မှုအစုသို့ရောက်သော။ ပုရောဟိတဿ ဒဟရိတ္တိယာ၊ ပုရောဟိတ်၏မိန်းမငယ်အား။ ဥပဋ္ဌာနံ ကုရုမာနာ၊ လုပ်ကျွေးခြင်းကိုပြုလျက်။ ဝသာမိတာတာတိ၊ နေ၏ ငါ့သားဟုဖြေပြီ။
ဣဒါနိ ကဟံ၊ ယခုဘယ်သို့။ ယာသိအမ္မာတိ၊ သွားအံ့နည်းအမေဟုမေးပြီ။
တဿာ ဂန္ဓမာလာဒီနံ၊ ထိုမိန််းမငယ်၏ နံ့သာ,ပန်းစသည်တို့၏။ အတ္တာယာတိ၊ အကျိုးငှာဟုဖြေပြီ။
"အမ္မ တေ၊ အို..မိခင်သင်မိခင်အား။ အညတ္ထဂတာယ ကိံ၊ အခြားသို့သွားခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း။ ဣတော ပဋ္ဌာယ၊ ဤနေ့မှစ၍။ မမ သန္တိကာ ဧဝဟရာတိ၊ ကျွန်တော်၏ အထံမှသာ ဆောင်ယူပါ"ဟုပြော၍။ မူလံ အဂ္ဂဟေတွာဝ၊ အဖိုးကိုမယူမူ၍သာ။ ဗဟူနိ တမ္ဗူလတက္ကောလကာဒီနိ စေဝ၊ များစွာကုန်သော ကွမ်း, ကရဝေးစသည်တို့ကိုလည်းကောင်း။ နာနာပုပ္ဖနိစအဒါသိ၊ အမျိုးမျိုးသောပန်းတို့ကိုလည်းကောင်း ပေးလိုက်ပြီ။
မာဏဝိကာ ဗဟူနိ၊ လုလင်ပျိုမသည်များစွာကုန်သော။ ဂန္ဓပုပ္ဖါဒီနိ ဒိသွာ၊ နံ့သာ, ပန်းစသည်တို့ကို မြင်၍။ "အမ္မ အဇ္ဇအမှာကံ၊ အို။.အမေ ယနေ့ကျွန်မတို့အား။ ဗြာဟ္မဏောပသန္နာ ကိန္တိ အာဟ၊ ပုဏ္ဏားကြီးသည် ကြည်ညိုပါသလော"ဟုမေးပြီ။
ကသ္မာဧဝသီတိ၊ ဘာကြောင့်ဤသို့ ပြောသနည်းဟုမေးပြီ။
ဣမေသံဗဟုဘာဝံ၊ ဤနံ့သာ, ပန်းစသည်တို့၏ များသည့်အဖြစ်ကို။ ဒိသွာတိ၊ မြင်ရ၍ ပါဟုပြောပြီ။
ဗြာဟ္မဏော ဗဟုမူလံ နအဒါသိ၊ ပုဏ္ဏားကြီးသည် များစွာသော အဖိုးငွေကို ပေးလိုက်သည် မဟုတ််ပါ။ ပန မယာ ဧတံ၊ စင်စစ်သော်ကားငါသည် ဤနံ့သာ,ပန်းစသည်ကို။ မယှံ ပုတ္တဿ သန္တိကာ၊ ငါ၏ သား၏အထံမှ။ အာဘတန္တိ၊ ဆောင်ယူအပ်ခဲ့ပြီဟု ပြောပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။ သာဗြာဟ္မဏေန ဒိန္နမူလံ၊ ထိုအလုပ်ကျွေးမသည် ပုရောဟိတ်ပုဏ္ဏားသည် ပေးသော တန်ဖိုးငွေကို။ အတ္တနာဂဟေတွာ၊ မိမိသည်ယူ၍။ တဿသန္တိကာဧဝ၊ ထိုမိန်းမလိုက်စားသူ၏ အထံမှသာ။ ဂန္ဓပုပ္ပါဒီနိအာဟရတိ၊ နံ့သာ, ပန်းစသည်တို့ကို ဆောင်ယူ၏။
ဓုတ္တော ကတိပါဟစ္စယေန၊ ဣတ္ထိဓုတ္တဖြစ်သူသည် နှစ်ရက်သုံးရက်လွန်သဖြင့်။ ဂိလာနာလယံ ကတွာ နိပဇ္ဇိ၊ လူနာတို့၏ လျောင်းခြင်းကိုပြု၍ အိပ်၍။
သာတဿ၊ ထိုအလုပ်အကျွေးမသည် ထိုမိန်းမလိုက်စားသူ၏။ အာပဏဒွါရံ ဂန္တွာ၊ နံ့သာဆိုင်တံခါးသို့သွား၍။ တံအဒိသွာ၊ ထိုမိန်းမလိုက်စားသူကို မတွေ့၍။ မေပုတ္တော၊ ငါ၏သားသည်။ ကဟန္တိ ပုစ္ဆိ၊ ဘယ်မှာနေနည်းဟုမေးပြီ။
တေ ပုတ္တဿ၊ သင်၏သားအား။ အဖာသုကံ ဇာတန္တိ၊ မချမ်းသာခြင်းသည် ဖြစ်ပြီဟုပြောကြပြီ။
သာတဿ၊ ထိုအလုပ်အကျွေးမသည် ထိုမိန်းမလိုက်စားသူ၏။ နိပန္နဋ္ဌာနံဂန္တွာနိသီဒိတွာ၊ အိပ်ရာဌာနသို့သွား၍ ထိုင်၍။ ပိဋ္ဌိံ ပရိမဇ္ဇန္တီ၊ ကျောကို ပွတ်သပ်လျက်။ တာတတေ၊ အို..ချစ်သား သင့်အား။ ကိံ အဖာသုကန္တိ ပုစ္ဆိ၊ အဘယ်မည်သော မချမ်းသာခြင်းပါနည်းဟု မေးပြီ။
သောတုဏှီ အဟောသိ၊ ထိုမိန်းမလိုက်စားသူသည် ဆိတ်ဆိတ်ဖြစ်ပြီ။
ကိံန ကထေသိ ပုတ္တာတိ၊ ဘာကြောင့်မဖြေသနည်းငါ့သားဟုပြောပြီ။
အမ္မ မရန္တေနာပိ တုယှံ၊ အို..မိခင်သေရသော်လည်း သင်မိခင်အား။ ကထေသုံ န သတ္ကာတိ၊ ပြောခြင်းငှာ မစွမ်းနိုင်ပါဟုဖြေပြီ။
တာတ မယှံ အကထေတွာ၊ အို..ငါ့သားငါ့အားမပြောသော်။ ကဿကထေယျသိ၊ ဘယ်သူ့အားပြောအံ့နည်း။ ကထေဟိ တာတာတိ၊ ပြောပါ ငါ့သားဟုပြောပြီ။
အမ္မ မယှံ၊ အို..မိခင်ကျွန်တော်အား။ အညံ အဖာသုကံနတ္ထိ၊ အခြားသောမချမ်းသာခြင်းသည်မရှိပါ။ တဿာမာဏဝိကာယ ဝဏ္ဏံသုတွာ ပန၊ ထိုလုလင်ပျိုမ၏အဆင်းဂုဏ်ကိုကြားပြီး၍ကား။ ပဋိဗဒ္ဓစိတ္တော အသ္မိ၊ စွဲလန်းတပ်မက်သော စိတ်ရှိသည်ဖြစ်၏။ တံလဘန္တောဇီတိဿာမိ၊ ထိုလုလင်ပျိုမကိုရသော်အသက်ရှင်အံ့။ အလဘန္တော၊ မရသော်။ နဓေတ မရိဿာမီတိ၊ ဤနေရာ၌ပင်သေအံံ့ဟုပြောပြီ။
"တာတ ဧသော၊ အို..ချစ်သားထိုလုလင်ပျိုမရဖို့ရာသည်။ မယှံ ဘာရော၊ ငါ၏ တာဝန်တည်း။ တွံ ဧတံ နိဿာယ၊ သင်ချစ်သားသည် ထိုလုလင်ပျိုမကို အမှီပြု၍။ မာစိန္တယီတိ၊ မပူလင့်"ဟု။ တံအဿာသေတွာ၊ ထိုမိန်းမလိုက်စားသူကို သက်သာရာရစေ၍(‌ချော့မော့ပြောဆို၍)။ ဗဟူနိ ဂန္ဓပုပ္ဖါဒီနိ အာဒါယ၊ များစွာကုန်သော နံ့သာ, ပန်းစသည်တို့ကို ယူ၍။ မာဏဝိကာယ သန္တိကံ ဂန္တွာ၊ လုလင်ပျိုမ၏ အထံသို့သွား၍။ "အမ္မမေပုတ္တော၊ ချစ်သမီးငါ၏သားသည်။ မမ သန္တိကာ၊ ငါ၏အထံမှ။ တဝဝဏ္ဏံ သုတွာ၊ နင်၏အလှဂုဏ်ကိုကြားရ၍။ ပဋိဗဒ္ဓစိတ္တော ဇာတော၊ တပ်မက်စွဲလန်းသော စိတ်ရှိသည်ဖြစ်ပြီ။ ကိံကာတဗ္ဗန္တိ၊ ဘယ်သို့ပြုရမည်နည်း"ဟုမေးပြီ။
အာနေတုံ သစေ သက္ကောထ၊ ဆောင်ယူခြင်းငှာအကယ်၍ စွမ်းနိုင်ကုန််အံ့။ မယာ ကတောကာသောယေဝေါတိ၊ ကျွန်မသည် ပြုအပ်ပြီးသော အခွင့်ရှိသည်သာဟုပြောပြီ။
သာတဿာ ဝစနံ သုတွာ၊ ထိုအလုပ်အကျွေးမသည် ထိုလုလင်ပျိုမ၏ စကားကိုကြားရ၍။ တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။ တဿဂေဟဿကဏ္ဏကဏ္ဏေဟိ၊ ထိုအိမ်၏ထောင့်တို့ထောင့်တို့မှ။ ဗဟုံကစဝရံ သင်္ကဍ္ဎိတွာ၊ များစွာသောအမှိုက်ကိုစုရုံး၍။ အာရက္ခိတ္ထိယာဥပရိဆဍ္ဍေသိ၊ အစောင့်အရှောက်မိန်းမတို့၏အပေါ်၌စွန့်လွှတ်ပစ်ချပြီ။
သာတေန၊ ထိုအစောင့်အရှောက်မိန်းမသည် ထိုပစ်ချခြင်းသည်။ အဋ္ဋီယမာနာအပေသိ၊ နာကျင်စေအပ်သကဲ့သို့ဖြစ်၍နေရာမှဖဲခွါပြီ။
ဣတရာတေနေဝနိယာမေန၊ သည့်ပြင်အလုပ်အကျွေးမသည်ထိုနည်းဖြင့်ပင်။ ယာယာကိဥ္စိကထေတိ၊ အကြင်အကြင်တံခါးစောင့်မသည်တစ်စုံတစ်ခုကိုပြောဆို၏။ တဿာတဿာဥပရိ၊ ထိုထို‌ပြောသူတံခါးစောင့်မ၏အပေါ်၌။ ကစဝရံဆဍ္ဍေသိ၊ အမှိုက်ကိုစွန့်လွှတ်ပစ်ချပြီ။
တတောပဋ္ဌာယပန၊ ထိုအခါမှစ၍ကား။ သာယံယံ၊ ထိုအလုပ်အကျွေးမသည်အကြင်အကြင်အရာဝတ္ထုကို။ အာဟရဟိဝါဟရတိဝါ၊ ယူမူလည်းယူလာ၏ဆောင်မူလည်းဆောင်သွား၏။ တံတံကကာစိ၊ ထိုထိုဆောင်လာသောအရာဝတ္ထုထုတ်သွားသောအရာဝတ္ထုကိုတစ်စုံတစ် ယောက်သောတံခါးစောင့်မသည်။ သောဓေတုံနဥဿဟတိ၊ သုတ်သင်စစ်ဆေးခြင်းငှာမဝံ့။
တသ္မိံကာလေသာ၊ ထိုမစစ်ဆေးဝံ့ရာအခါ၌ထိုအလုပ်အကျွေးမသည်။ တံဓုတ္တံ၊ ထိုမိန်းမလိုက်စားသူကို။ ပုပ္ဖပစ္ဆိယံနိပဇ္ဇာပေတွာ၊ ပန်းထည့်သောတောင်း၌အိပ်စေ၍။ မာဏဝိကာယသန္တိကံအဘိဟရိ၊ လုလင်ပျိုမေ၏ထံသို့ရှေးရှုဆောင့်ပြီ။
ဓုတ္တော၊ မိန်းမလိုက်စားသူသည်။ မာဏဝိကာယသီလံဘီန္ဒိတွည၊ လုလင်ပျိုမ၏သီလကိုဖျက်ဆီး၍။ ဧကာဟဒွီဟံ၊ တစ်ရက်နှစ်ရက်ပတ်လုံး။ ပါသာဒေယေဝအဟောသိ၊ ပြာသာဒ်၌သာဖြစ်ပြီ။
ပုရောဟိတေဗဟိနိက္ခန္တေ၊ ပု‌ရောဟိတ်သည်အပြင်သို့ထွက်သော်။ ဥဘောအဘိရမန္တိ၊ နှစ်ယောက်တို့သည်ပျော်မွေ့ကုန်၏။
တိသ္မိံအာဂတေ၊ ထိုပုရောဟိတ်သည်လာသော်။ ဓု တ္တောနိလီယတိ၊ မိန်းမကြူးသူသည် ပုန်းနေ၏။
အထနံ၊ ထိုအခါထိုမိန်းမကြူးသူကို။ သာဧကာဟဒွီဟစ္စ ယေန၊ ထိုလုလင်ပျိုမသည် တစ်ရက်နှစ်ရက်လွန်သဖြင့်။ သာမိ ဣဒါနိတယာ၊ အိုအရှင် ယခုအခါရှင်သည်။ ဂန္တုံဝဋ္ဋတီတိအာဟ၊ သွားခြင်းငှာသင့်၏ဟုပြောပြီ။
အဟံဗြာဟ္မဏံပဟရိတွာ၊ ငါသည်ပုဏ္ဏားကိုထောင်း၍။ ဂန္တုကာမောတိ၊ သွားချင်၏ဟုပြောပြီ။
သာဧဝံဟောတူတိ၊ ထိုလုလင်ပျိုမသည်ဤသို့ဆန္ဒအတိုင်းဖြစ်ရပါစေမည်ဟုပြော၍။ ဓုတ္တံနိလီယာပေတွာ၊ မိန်းမကြူးသူကိုပုန်းနေစေပြီ၍။ ဗြာဟ္မဏေအာဂေတေ၊ ပုဏ္ဏားသည်လာ‌သော်။ "အယျအဟံ၊ အရှင်ကျွန်တော်မသည်။ တုမှေသုဝီဏံဝါဒေန္တေသု၊ အရှင်တို့သည်စောင်းကိုတီးကုန်သော်။ နစ္စိတုံဣစ္ဆာမီတိ၊ ကခြင်းငှာအလိုရှိ၏"ဟု။ ဧဝမာယ၊ ဤသို့ပြောပြီ။
သာဓုဘ ဒ္ဒေ၊ ကောင်းပြီ ချစ်နှမ။ နစ္စဿူတိ၊ ကလော့ဟုပြော၍။ ဝီဏံဝါဒေသိ၊ စောင်းကိုတီးပြီ။
တုမှေသုသြလောကေ‌န္တေသု လဇ္ဇာမိ၊ အရှင်တို့သည်ကြည့်နေကုန်သော်ရှက်ပါ၏။ ဝေါမုခံပန၊ အရှင်တို့၏မျက်နှာကိုကား။ သာဋကေနဗန္ဓိတွာ၊ အဝတ်ဖြင့်စည်း၍။ နစ္စိဿာမီတိ၊ ကအံ့ဟုပြောပြီ။
သစေလဇ္ဇသိ၊ အကယ်၍ရှက်အံံ့။ ဧဝံကရောဟီတိ၊ ဤသို့ပြုလော့ဟုပြောပြီ။
မာဏဝိကာဃနသာဋကံဂဟေတွာ၊ လုလင်ပျိုမသည် ထူသောအဝတ်ကိုယူ၍။ တဿအက္ခီနိပိဒဟမာနာ၊ ထိုပုဏ္ဏား၏မျက်စိတို့ကိုပိတ်လျက်။ မုခံဗန္ဓိ၊ မျက်နှာကိုစည်းပြီ။
ဗြာဟ္မဏောမုခံဗန္ဒာမေတွာ၊ ပုဏ္ဏားသည်မျက်နှာကိုစည်းစေ၍။ ဝီဏံဝါဒေသိ၊ စောင်းကိုတီးပြီ။
သာ မုဟုတ္တံ နစ္စိတွာ၊ ထိုလုလင်ပျိုမသည် တမုဟုတ်မျှကပြီး၍။ "အယျ အဟံ၊ အရှင် ကျွန်မသည်။ တေသီသေ၊ အရှင်၏ ဦးခေါင်း၌။ ဧကဝါရံ၊ တစ်ကြိမ်။ ပဟရိတုကာမာတိ အာဟ၊ ထောင်းလိုပါ၏"ဟု ပြောပြီ။
ဣတ္ထိလောလော ဗြာဟ္မဏော၊ မိန်းမကိစ္စ၌ လျှပ်ပေါ်သော ပုဏ္ဏားသည်။ ကိဉ္စိကာရဏံ အဇာနန္တော၊ တစ်စုံတစ်ခုသော အ‌ကြောင်းကိုမသိရကား။ ပဟရာဟီတိ အာဟ၊ ထောင်းလော့ဟုပြောပြီ။ မာဏဝိကာ၊ လုလင်ပျိုမသည်။ ဓုတ္တဿ သညံ အဒါသိ၊ မိန်းမကြူးသူအား သညာကိုပေးပြီ။
သော သဏိကံ အာဂန္တွာ၊ ထိုမိန်းမကြူးသူသည်ဖြည်းဖြည်းလာ၍။ ဗြာဟ္မဏဿ ပိဋ္ဌပပဿေ ဌတွာ၊ ပုဏ္ဏား၏ကျောဘက်၌ တည်၍။ သီသေ ကပ္ပရေန ပဟရိ၊ ဦးခေါင်း၌ တံတောင်၌ ထောင်းပြီ။ အက္ခီနိ၊ မျက်စိတို့သည်။ ပတနကာရပတ္တာနိ အဟေသုံ၊ ထွက်ကျအံ့သော အခြင်းအရာသို့ရောက်ကုန််သည်ဖြစ်ကုန်ပြီ။ သီသေ ဂဏ္ဍောဥဋ္ဌဟိ၊ ဦးခေါင်း၌ အဖုသည်ထပြီ။
သောဝေဒနဋ္ဋောဟုတွာ၊ ထိုပုဏ္ဏားသည်ဝေဒနာဖြင့် နာကျင်သည််ဖြစ်၍။ တေ ဟတ္ထံ၊ နင်၏လက်ကို။ အာဟရဣတိ အာဟ၊ ဆောင်ယူခဲ့လော့ဟု ပြောပြီ။
မာဏဝိကာ၊ လုလင်ပျိုမသည်။ အတ္တနော ဟတ္ထံ ဥက္ခိပိတွာ၊ မိမိ၏ လက်ကို,မ၍။ တဿ ဟတ္ထေ ဌပေသိ၊ ထိုပုဏ္ဏား၏ လက်၌ထားပြီ။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ "ဟတ္ထောမုဒုကော၊ လက်ကားနူးညံ့၏။ ပဟာရောပန၊ ထောင်းမှုသည်ကား။ ထဒ္ဓေါတိအာဟ၊ ပြင်းထန်၏ ဟုပြောပြီ။
ဓုတ္တော၊ မိန်းမကြူးသူသည်။ ဗြာဟ္မဏံ ပဟရိတွာ နိလီယိ၊ ပုဏ္ဏားကိုထောင်း၍ပုန်းနေပြီ။
မာဏဝိကာ တသ္မိံ နိလီ‌နေ၊ လုလင်ပျိုမသည် ထိုမိန်းမကြူးသူသည် ပုန်းနေပြီးသော်။ ဗြာဟ္မဏဿ မုခတော၊ ပုဏ္ဏား၏ မျက်နှာမှ။ သာဋကံ မောစေတွာ၊ အဝတ်ကိုလွတ်စေ၍ (ဖြည်၍)။ တေလံ အာဒါယ၊ ဆီကိုယူ၍။ သီသံ ပရိသမ္ပာဟိ၊ ဦးခေါင်းကို ထက်ဝန်းကျင် လိမ်းပေးပြီ။
ဗြာဟ္မဏေ ဗဟိ နိက္ခန္တေ၊ ပုဏ္ဏားသည်အပြင်သို့ ထွက်သွားသော်။ ပုန သာဣတ္ထီ ဓုတ္တံ၊ တစ်ဖန် ထိုအလုပ်အကျွေးမသည် မိန်းမကြူးသူကို။ ပစ္ဆိယာ နိပဇ္ဇာပေတွာ နီဟရိ၊ တောင်းထဲ့၌အိပ်စေ၍ ထုတ်သွားပြီ။
သောရညော သန္တိကံ ဂန္တွာ၊ ထိုမိန်းမကြူးသူသည် မင်း၏ထံသို့သွား၍။ သဗ္ဗံ တံပဝတ္တိံ အာရောစေသိ၊ အလုံးစုံသော ထိုအဖြစ်ကို လျှောက်ထားပြီ။
ရာဇာ အတ္တနော ဥပဋ္ဌာနံ၊ မင်းသည်မိမိအား ခစားခြင်းငှာ။ အာဂတံ ဗြာဟ္မဏံ၊ လာသော ပုရောဟိတ်ပုဏ္ဏားကို။ ဇူတံ ကီဠာမ ဗြဟ္မဏာတိ အာဟ၊ အံကို ကစားကြအံ့ ပုဏ္ဏားကြီးဟုပြောပြီ။
သာဓု မဟာရာဇာတိ၊ ကောင်းပါပြီမင်းမြတ်ဟုလျှောက်ပြီ။
ရာဇာ ဇူတမဏ္ဍလံ သဇ္ဇာပေတွာ၊ မင်းသည်ကြွေအံဝိုင်းကိုပြင်ဆင်စေ၍။ ပုရိမနယေနေဝ ဇူတဂီတံ ဂါယိတွာ၊ ရှေးနည်းဖြင့်ပင် အံချင်းကိုသီဆို၍။ ပါသကေ ခိပတိ၊ အံစာတို့ကို ပစ်လိုက်၏။
ဗြာဟ္မဏော မာဏဝိကာယ၊ ပုရောဟိတ်ပုဏ္ဏားသည် လုလင်ပျိုမ၏။ တပဿ ဘိန္နဘာဝံ အဇာနန္တော၊ အကျင့်၏ ပျက်ကြောင်းကို မသိရကား။ "မမ မာဏဝိကံ၊ ကျွန်တော်မျိုး၏ လုလင်ပျိုမကို။ ဌပေတွာတိ အာဟ၊ ထား၍"ဟုဆိုပြီ။
ဧဝံ ဝဒန္တောပိ ပရာဇိတောယေဝ၊ ဤသို့ဆိုပါသော်လည်း ရှုံးသည်သာ။
ရာဇာဇိနိတွာ၊ ရှင်ဘုရင်သည်အနိုင်ရ၍။ ဗြာဟ္မဏ ကိံ ဝဒေသိ၊ ပုဏ္ဏားဘယ်ကဲ့သို့ပြောသနည်း။ တေ မာဏဝိကာယ၊ သင်၏ လုလင်ပျိုမ၏။ တပေါ ဘိန္နော၊ အကျင့်သည် ပျက်ပြီ။ ဂဗ္ဘတောပဋ္ဌာယ ရက္ခန္တော၊ ဝမ်းထဲ့မှစ၍ စောင့်ရှောက်လျက်။ သတ္တသု ဌာနေသု၊ ခုနစ်ပါးကုန်သောဌာနတို့၌။ အာရဥ္ခံ ကရောန္တော၊ စောင့်ရှောက်မှုကိုပြုလျက်။ ရက္ခိတုံ သက္ခိဿာမီတိ မညသိ၊ စောင့်ရှောက်ခြင်းငှာစွမ်းနိုင်လိမ့်မည်'ဟုမှတ်ထင်၏။ မာတုဂါမောနာမ၊ မာတုဂါမမည်သည်။ ကုစ္ဆိယံ ပက္ခိပိတွာ စရန္တေနာပိ၊ ဝမ်းထဲ့၌ ထည့်၍ သွားသူသည်သော်မှလည်း။ ရက္ခိတုံန သက္ကာ၊ လုံအောင်စောင့်ခြင်းငှာ မစွမ်းနိုင်။ ဧကပုရိသိကာ ဣတ္ထီနာမ နတ္ထီ၊ ယောက်ျားတစ်ယောက်တည်းသာ ဆက်ဆံသော မိန်းမမည်သည်မရှိ။ တဝ မာဏဝိကာ၊ သင်၏လုလင်ပျိုမသည်။ နစ္စိတုကာမာ အမှီတိ ဝတွာ၊ ကချင်သည် ဖြစ်၏ဟုပြော၍။ ဝီဏံ ဝါဒေန္တဿတဝ၊ စောင်းကိုတီးသော သင်၏။ မုခံ သာဋကေန ဗန္ဓိတွာ၊ မျက်နှာကိုအဝတ်ဖြင့်စည်း၍။ အတ္တနောဇာရံ၊ မိမိ၏ သယောက်လင်ကို။ တဝသီသေ၊ သင်၏ဦးခေါင်း၌။ ကပ္ပရေန ပဟရာပေတွာ ဥယျာဇေသိ၊ တံတောင်ဆစ်ဖြင့်ထောင်းခိုင်း၍ လွှတ်လိုက်ပြီ။ ဣဒါနိကိံ၊ ယခုအခါဘယ်ကဲ့သို့။ ကထေသီသိ ဝတွာ၊ ပြောမည်နည်း"ဟုဆို၍။
ဗြာဟ္မဏော သမုခဝေထိတော၊ ပုဏ္ဏားသည် မျက်နှာနှင့်တကွ အဝတ်ရစ်ပတ်အပ်သည်ဖြစ်၍။ ယံဝီဏံ အဝါဒေသိ၊ အကြင်ကြောင့် စောင်းကို တီးပြီ။ (တံကာရဏံနဇာနာတိ၊ ထိုအကြောင်းကိုမသိ)။ ဘရိယာ အဏ္ဍဘူတာဘတာ၊ မယားကို မျိုးစေ့ဖြစ်၍ ဖြစ်သော အမိဝမ်းမှ မဖွားမီကပင် ဆောင်ယူအပ်မွေးမြူအပ်၏။ တာသု ကော၊ ထိုမိန််းမတို့၌ အဘယ်မည်သော ပညာရှိသည်။ ဇာတု ဝိဿသေ၊ ဧကန်ကျွမ်းဝင် ယုံကြည်ထိုက်အံ့နည်း။
တတ္ထ၊ ထိုဂါထာ၌။ **'ယံဗြာဟ္မဏော အဝါဒေသိ၊ ဝီဏံသမုခဝေဌိတော** တိ၊ ယံဗြာဟ္မဏောအဝါဒေသိ၊ ဝီဏံ သမုခဝေဌိတော ဟူသည်ကား။ ယေန ကာရဏေန ဗြာဟ္မဏော၊ အကြင်အကြောင်းကြောင့် ပုဏ္ဏားသည်။ ဃနသာဋကေန မုခေန သဟ၊ ထူသောအဝတ်ဖြင့်မျက်နှာနှင့်တကွ။ ဝေဌိတော ဟုတွာ၊ ရစ်ပတ်အပ်သည်ဖြစ်၍။ ဝီဏံဝါ‌ဒေသိ၊ စောင်းကိုတီးပြီ။ တံကာရဏံ နဇာနာတိ၊ ထိုအကြောင်းကို မသိ။ ဣတိ အ‌တ္ထော၊ ဤကား'ယ့ဗြာဟ္မဏော အဝါ‌ဒေသိ၊ဝီဏံ သမုခဝေဌိတော' ဟူသော ပါဌ်၏အနက်တည်း။
ဟိတံ၊ မှန််၏ ထိုပုဏ္ဏားကို။ သာတဉ္စေတုကာမာ၊ ထိုလုလင်ပျိုမသည် လိမ်ညာလို၍။ ဧဝံ အကာသိ၊ ဤသို့ပြုပြီ။
ဗြာဟ္မဏော ပန တံဣတ္ထိံ၊ ပုဏ္ဏားသည်ကား ထိုလုလင်ပျိုမကို။ ဗဟုမာယာဘာာဝံ အဇာနန္တော၊ များသောမာယာရှိကြောင်းကို မသိရကား။ မာတုဂါမဿ သဒ္ဒဟိတွာ၊ လုလင်ပျိုမအား ယုံကြဉ်၍။ မံ ဧသာလဇ္ဇတီတိ၊ ငါ့ကိုဤလုလင်ပျိုမသည်ရှက်၏ဟု။ ဧဝံ သညီအဟောသိ၊ ဤသို့အမှတ်ရှိသည်ဖြစ်ပြီ။ တေန အဿ၊ ထိုသို့အမှတ်ရှိခြင်းကြောင့် ထိုပုဏ္ဏား၏။ အညာဏဘာဝံ ပကာသေန္တော၊ မသိကြောင်းကို ထင်ရှားပြလိုရကား။ ရာဇာ ဧဝံ အာဟ၊ ရှင်ဘုရင်သည် ဤသို့'ယံဗြာဟ္မဏော အဝါ‌‌ဒေသိ၊ ဝီဏံ သမုခဝေဌိ တော' ဟုဆိုပြီ။ အယံ ဧတ္ထ အဓိပ္ပါယော၊ ဤဆိုအပ်ခဲ့ပြီးသည်ကားဤယံ ဗြာဟ္မဏော စသော ပါဌ်၌ အဓိပ္ပါယ်တည်း။
**အဏ္ဍဘူတာဘတာ ဘရိယာ** တိ၊ အဏ္ဍဘူတာဘတာ ဘရိယာဟူသော ပါဌ်၌။ ဗီဇံ အဏ္ဍံ ဝုစ္စတိ၊ မျိုးစေ့ကို အဏ္ဍဟူ၍ ခေါ်ဆိုအပ်၏။ ဗီဇဘူတာ၊ မျိုးစေ့ဖြစ်၍ဖြစ်သူကို။ မာတုကုစ္ဆိတော၊ အမိဝမ်းမှ။ အနိက္ခန္တကာလေ ယေဝ အာဘတာ အာနီတာ၊ မထွက်မီကပင် ဆောင်ယူအပ်ပြီ။ **ဘတာ** တိ ဝါ၊ ဘတာဟုလည်းဖြစ်သင့်၏။ ပုဋ္ဌာ၊ မွေးမြူအပ်ပြီ။ ဣတိ အတ္ထော၊ ဤကားဘတာ၏ အနက်တည်း။
သာကာ၊ ထိုဆောင်ယူအပ် မွေးမြူအပ်သူဟူသည် အဘယ်သူနည်း။
**ဘရိယာ**၊ မယားတည်း။ ပဇာပတိ ပါဒပရိစာရိကာ၊ သားတို့မိခင်တည်းခြေရင်းအလုပ်ကျွေးမတည်း။
ဟိသာ၊ မှန်၏ ထိုမယားကို။ ဘတ္တဝတ္ထာဒီဟိ ဘရိတဗ္ဗတာယ၊ အစားအဝတ် စသည်တို့ဖြင့် မွေးမြူအပ်သည်၏ အဖြစ် ကြောင့် လည်းကောင်း။ ဘိန္နသံဝရတာယ၊ ပျက်သော စောင့်စည်းမှုရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ လောကဓမ္မေဟိ ဘရိတာယ ဝါ၊ လောကတရားတို့နှင့် ပြည့်နှက်နေသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဘရိယာတိ ဝုစ္စတိ၊ ဘရိယာဟူ၍ခေါ်ဆိုအပ်၏။
**တာသုကောဇာတု ဝိဿသေ** တိ၊ တာသု ကောဇာတု ဝိဿသေဟူသော ပါဌ်၌။ **ဇာတူ** တိ ဧကံသာဓိဝစနံ၊ ဇာတုဟူသောသဒ္ဒါသည် ဧကန်ကို ဟောတတ်သော သဒ္ဒါတည်း။ မာတု ကုစ္ဆိတောပဋ္ဌာယ၊ မိခင်ဝမ်းမှစ၍။ ရက္ခိယမာနာသုပိ၊ စောင့်ရှောက်အပ်ပါကုန််သော်လည်း။ ဧဝံ ဝိပ္ပကာရံ အာပဇ္ဇန္တီသု၊ ဤကဲ့သို့‌ဖောက်ပြန်ခြင်းသို့ ရောက်တတ်ကုန်သော။ တာသု ဘရိယာသု၊ ထိုမယားတို့၌။ ကောနာမ ပဏ္ဍိတော ပုရိသော၊ အဘယ်မည်သော ပညာရှိသောယောက်ျားသည်။ ဧကံသေန ဝိဿသေ၊ ဧကန်အားဖြင့် ကျွမ်းဝင် ယုံကြည်ထိုက်ပါအံ့နည်း။ ဧသာ မယိ နိဗ္ဗိကာရာတိ၊ ဤမိန်းမသည် ငါ့အပေါ်၌ ဖောက်ပြန်မှုမရှိဟု။ ကော သဒ္ဒဟေယျ၊ အဘယ်သူသည် ယုံကြည်ထိုက်ပါ အံ့နည်း။ ဣတိ အတ္ထော၊ ဤကားတာသု ကောဇာတုဝိဿသေပါဌ်၏ အနက်တည်း။
ဟိ အသဒ္ဓမ္မဝသေန၊ မှန်၏ မသူတော်တရားအစွမ််းဖြင့်။ အာမန္တကေသု နိမန္တကေသု၊ ခေါ်သူတို့သည်လည်းကောင်း ဖိတ်မန်သူတို့သည်လည်းကောင်း။ ဝိဇ္ဇမာနေသု မာတုဂါမော နာမ၊ ရှိကုန်သော် မာတုဂါမမည်သည်။ ရက္ခိတုံန သက္ကာ၊ စောင့်ရှောက်ခြင်းငှာ မတတ်‌ကောင်း။ ဣတိ၊ ဤကားဂါထာဖွင့်အပြီးတည်း။
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ဘုရားလောင်းသည်။ ဗြာဟ္မဏဿ ဓမ္မံ ဒေသေတိ၊ ပုဏ္ဏားအားတရားကိုဟောပြီ။
ဗြာဟ္မဏော ဗောဓိသတ္တဿ၊ ပုဏ္ဏားသည်ဘုရားလောင်း၏။ ဓမ္မဒေသနံ သုတွာ၊ တရားဒေသနာကိုကြားနာရ၍။ နိဝေသနံ ဂန္တွာ တံမာဏဝိကံ၊ အိမ်သို့သွား၍ ထိုလုလင်ပျိုမကို။
"တယာ ဧဝရူပံ ပါပကမ္မံ၊ နင်သည်ဤသို့သဘောရှိသော ယုတ်မာမှုကို။ ကတံ ကိရာတိ အာဟ၊ ပြုအပ်ပြီတဲ့ဟုကြားရ၏"ဟုပြောပြီ။
အယျကော ဧဝမာဟ၊ အို..အရှင်ဘယ်သူ သည်ဤသို့ပြောသနည်း။ နကရောမိ၊ မပြုရပါ။ အဟမေဝ ပဟရိံ၊ ကျွန်မသည်ပင်ရိုက်ခဲ့ပါပြီ။ ကောစိ နအညော၊ တစ်စုံတစ်ယောက်သော အခြားလူမဟုတ်ပါ။
သစေန သဒ္ဒဟထ၊ အကယ်၍ မယုံကုန်အံ့။ 'တုမှေဌပေတွာ၊ သင်ပုဏ္ဏားကြီးတို့ကိုထား၍။ အညဿ ပုရိသဿ ဟတ္ထ သမ္ဖဿံ၊ အခြားသောယောက်ျား၏ လက်အတွေ့ကို။ န ဇာနာမီတိ၊ မသိပါ"ဟု။ အဟံ သစ္စကိရိယံကတွာ၊ ကျွန်မသည် သစ္စာဆိုမှုကိုပြု၍။ အဂ္ဂိံ ပဝိသိတွာ၊ မီီးသို့ဝင်၍။ တုမှေ သဒ္ဒဟာပေဿာမီတိ၊ သင်ပုဏ္ဏားကြီးတို့ကို ယုံကြည်စေအံ့ဟုပြောပြီ။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဧဝံ ဟောတူတိ၊ ဤပြောသည့်အတိုင်း ဖြသ်ပါစေဟုပြော၍။ မဟန္တံ ဒါရုရာသိံ ကာရေတွာ၊ ကြီးစွာသော ထင်းပုံကိုပြုစေ၍။ အဂ္ဂိံကတွာ၊ မီးရှို့မှုကိုပြု၍။ တံပက္ကောသာပေတွာ၊ ထိုလုလင်ပျိုမကို ‌အခေါ်ခိုင်း၍။ အတ္တ‌နော သစေ သဒ္ဒဟသိ၊ ကိုယ့်ကိုယ်ကို အကယ်၍ ယုံကြည်အံ့။ အဂ္ဂိံ ပဝိဿဟီတိ အာဟ၊ မီးထဲ့သို့ဝင်လော့ဟုပြောပြီ။
မာဏဝိကာ အတ္တနော၊ လုလင််ပျိုမသည်မိမိ၏။ ပရိစာရိကံပဌမမေဝ၊ အလုပ်အကျွေးမကိုပဌမပင်။ "အမ္မ တဝ ပုတ္တံ၊ မိခင် သင်မိခင်၏ သားကို။ တတ္ထ ဂန္တွာ၊ ထိုမီးထဲ့ဝင်မည့်နေရာသို့ သွား၍။ မမ အဂ္ဂိံ ပဝိသနကာလေ၊ ကျွန်မ၏ မီးသို့ဝင်ရာကာလ၌။ ဟတ္ထဂ္ဂဟဏံ ကာတုံ၊ လက်ကိုင်မှုကိုပြုခြင်းငှာ။ ဝဒေဟီတိ သိက္ခာပေသိ၊ ပြောပါလော့ဟုသင်ပေးထားပြီ။
သာဂန္တွာ၊ ထိုအလုပ်အကျွေးမသည်သွား၍။ တထာ အဝစ၊ ထိုသင်ပေးသည့်အတိုင်း ပြောထားပြီ။
ဓုတ္ထော အာဂန္တွာ၊ မိန်းမလိုက်စားသူသည် လာ၍။ ပရိသမဇ္ဈေ အဋ္ဌာသိ၊ ပရိသတ်အလယ်၌ တည်နေပြီ။
သာမာဏဝိကာ၊ ထိုလုလင်ပျိုမသည်။ ဗြာဟ္မဏံ ဝ‌‌‌ဉ္စေတုကာမာ၊ ပုဏ္ဏားကို ညာလို၍။ မဟာဇနမဇ္ဈေ ဌတွာ၊ လူများအလယ်၌ တည်၍။ "ဗြာဟ္မဏ တံဌပေတွာ၊ ပုဏ္ဏားရှင့်ကိုထား၍။ အညဿ ပုရိသဿ၊ အခြားသောယောက်ျား၏။ ဟတ္ထသမ္ဖဿံနာမ နဇာနာမိ၊ လက်အတွေ့အထိမည်သည်ကိုမသိပါ။ ဣမိနာ သစ္စေန အယံ အဂ္ဂိ၊ ဤသစ္စာစကားကြောင့် ဤမီးသည်။ မံမာ ဈာပေသီတိ၊ ကျွန်မကိုမလောင်စေသတည်း"ဟုဆို၍။ အဂ္ဂိံပဝိသိတုံအာရဒ္ဓါ၊ မီးသို့ဝင်ခြင်းငှာ အားထုတ်ပြီ။
တသ္မိံ ခဏေ ဓုတ္တော၊ ထိုအချိန်၌ မိန်းမကြူးသူသည်။ "ဘော၊ အချင်းတို့။ ပုရောဟိတ ဗြာဟ္မဏဿ ကမ္မံ ပဿထ၊ ပုရောဟိတ်ပုဏ္ဏား၏ အလုပ်ကို ကြည်ကြပါလော့။ ဧဝရူပံ မာတုဂါမံ၊ ဤသို့သဘောရှိသော မာတုဂါမကို။ အဂ္ဂိံ ပဝေသာပေတီတိ၊ မီးသို့ဝင်စေ၏"ဟုပြော၍။ ဂန္တွာတံ မာဏဝိကံ၊ သွား၍ ထိုလုလင်ပျိုမကို။ ဟတ္ထေဂဏှိ၊ လက်၌ကိုင်ပြီ။
သာဟတ္ထံ ဝိဿဇ္ဇာပေတွာ၊ ထိုလုလင်ပျိုမသည် လက်ကိုလွှတ်စေ၍။
"အယျ မမ၊ အို..အရှင်ကျွန််မ၏။ သစ္စကိရိယာ ဘိန္နာ၊ သစ္စာဆိုမှုပြုခြင်းသည်ပျက်ပြီ။ အဂ္ဂိံ ပဝိသိတုံန သက္ကာတိ၊ မီးသို့ဝင်ခြင်းငှာ မတတ်ကောင်း"ဟု။ ပု‌ရောဟိတံအာဟ၊ ပုရောဟိတ်ကိုပြောပြီ။
ကိံ ကာရဏာတိ၊ ဘာ့ကြောင့်နည်းဟုမေးပြီ။
"မမ သာမိကံ ဌပေတွာ၊ ငါ၏လင်ကိုထား၍။ အညဿ ပုရိသဿ ဟတ္ထသမ္ဖဿံ၊ အခြားသောယောက်ျား၏ လက်အတွေ့အထိကို။ နဇာနာမီတိ၊ မသိပါ"ဟု။ အဇ္ဇမယာ၊ ယနေ့ကျွန်မသည်။ ဧဝရူပါသစ္စကိရိယာကတာ၊ ဤသို့သဘောရှိသော သစ္စာဆိုမှုပြုခြင်းကိုပြုအပ်ပြီ။ ဣဒါနိ စဣမိနာ ပုရိသေန၊ ယခုအခါ၌လည်းဤယောက်ျားသည်။ ဟတ္ထေ ဂဟိတာ အမှီတိ၊ လက်၌ ကိုင်အပ်သည်ဖြစ်၏ဟုပြောပြီ။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ "အဟံ ဣမာယ၊ ငါ့ကိုဤလုလင်ပျိိုမသည်။ ဝဉ္စိတောတိဉတွာ၊ ညာအပ်ပြီ"ဟုသိ၍။ တံပေါထေတွာ နီဟရောပေသိ၊ ထိုလုလင်ပျိုမကို ရိုက်ပုတ်၍ နှင်ထုတ်စေပြီ။
ဧဝံအသဒ္ဓမ္မသမန္နားတာ၊ ဤသို့သူယုတ်မာတရားနှင့်ပြည့်စုံကြကုန်သော။ ဧတာ ဣတ္ထိယော၊ ထိုမိန်းမတို့သည်။ တာဝ မဟန္တမ္ပိ၊ သို့ကလောက်ကြီးကျယ်သည်လည်းဖြစ်သော။ ပါပကမ္မံ ကတွာ၊ မကောင်းမှုကိုပြု၍။ အတ္တနော သာမိကံ ဝဉ္စေတုံ၊ မိမိ၏ လင်ကိုညာခြင်းငှာ။ "အဟံဧဝရူပံကမ္မံ၊ ကျွန်မသည်ဤသိုသဘောရှိသောအမှုကို။ နကရောမီတိ၊ မပြုရပါ"ဟု။ ဒိဝသံသပထံ ကုရုမာနာပိ၊ တစ်နေ့လုံးကျိန်ဆိုမှုကိုပြုကြသော်လည်း။ နာနာစိတ္တာဝဟောန္တိကိရ၊ အမျိုးမျိုးသော စိတ်ရှိကြသည်သာ ဖြစ်ကြသတဲ့။
တေန၊ ထိုသို့ဖြစ်ကြခြင်းကြောင့်။ ဝုတ္တံ၊ စောရီနံ ဗဟုဗုဒ္ဓီနံ(ပ)ယံမနုဿေသု ဝဉ္စနံဟုကုဏာလဇာတ်၌ဟောတော်မူအပ်ပြီ။
ယာသု သစ္စံ သုဒုလ္လဘံ၊ အကြင်မိန််းမတို့၌ သစ္စာစကားကိုအလွန်ရခဲ၏။ မစ္ဆဿ ဥဒကေ ဂတံ ဣဝ၊ ငါး၏ ရေ၌ သွားရာလမ််းကြောင်းကိုကဲ့သို့။ စောရီနံ ဗဟုဗုဒ္ဓီနံ၊ ပစ္စည်းခိုးဝှက်ကုန်သော များသော ညဏ်ရှိကုန််သော။ (တာသံ) ထီနံဘာဝေါ ဒုရာဇာနော၊ ထိုမိန်းမတို့၏ သဘောဆန္ဒကိုသိနိုင်ခဲ၏။
တာသံမုသာ၊ ထိုမိန််းမတို့၏မုသားစကားသည်။ သစ္စံ ယထာ၊ သစ္စာစကားကဲ့သို့တည်း။ သစ္စံတာသံ၊ သစ္စာစကားသည် ထိုမိန််းမတို့အတွက်။ မုသာယထာ၊ မုသားစကားကဲ့သို့တည်း။
ဂါဝေါ ဗဟိ တိဏဿ၊ နွားတို့သည်ပြင်ပကမြက်ကို။ ဩမသန္တိဣဝ၊ သုံးသပ်ကြစားကြသကဲ့သို့။ ဝရံ ဝရံ ဩမသန္တိ၊ ကောင်းသည်ထင်ရာ ကောင်းသည်ထင်ရာကို သုံးသပ်မှီဝဲကြကုန်၏။
ဟိဧတာ စောရိယော ကထိနာ၊ မှန်၏ ထိုမိန်းမတို့သည် ပစ္စည်းခိုးဝှက်တတ်ကုန်၏ ခက်ထန်သော စိတ်နှလုံးရှိကုန်၏။ ဝါဠာ စလပသက္ခရာ၊ စိတ်လည်းဆိုးလွယ်ကုန်၏ အကျိုးမဲ့ပြောကာ ချိုသာလည်းချိုသာကုန််၏။ မနုဿေသု ယံ ဝဉ္စနံ၊ လူတို့၌ အကြင်လိမ်ညာမှုသည်။ (အတ္ထိ၊ ရှိ၏)။ တာ ကိဉ္စိ(တံ)၊ ထိုမိန််းမတို့သည် တစ်စုံတစ်ခုသော(ထိုလိမ်ညာမှုကို)။ နနဇာနန္တိ၊ မသိသည်မဟုတ်ကြကုန်။
သတ္တာ၊ ဘုရားရှင််သည်။ ဧဝံ မာတုဂါမော အရက္ခိယောတိ၊ ဤသို့မာတုဂါမကိုစောင့်ရှောက်မရဟု။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကိုဆောင်‌တော်မူ၍။ သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကိုပြတော်မူပြီ။ သစ္စပရိယောသာနေ ဥက္ကဏ္ဌိတဘိက္ခု၊ သစ္စာပြပြီးအဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည်။ သောတာပတ္တိဖလေ ပတိဋ္ဌဟိ၊ သောတာပတ္ဆိဖိုလ်၌ တည်ပြီ။
သတ္ထာပိ အနုသန္ဓိံ ဃဋေတွာ၊ ဘုရားရှင်သည်လည်း အနုသန္ဓေကိုစပ်တော်မူ၍။ "တဒါ ဗာရာဏသိရာဇာ၊ ထိုအခါကဗာရာဏသီမင်းသည်။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကိုပေါင်းတော်မူပြီ။
**အဏ္ဍဘူတဇာတကဝဏ္ဏနာ ဒုတိယာ၊ နှစ်ခုမြောက်သော အဏ္ဍဘူတဇာတ်အဖွင့်တည်း။