Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[96] 6. Telapattajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**သမတိတ္တိကံ အနဝသေသကန္တိ ** ဣဒံ၊ သမတိတ္တိကံ အနဝသေသကံ အစ ရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ သုန္တရဋ္ဌ၊ ဘုရားရှင်သည် သမ္ဘတိုင်း ၌။ သေဒကံ နာမ နိဂမံ ဥပနိဿာယ၊ သေဒကမည်သော နိဂုံးကို အမှီပြု၍။ အညတရသ္မိံ ဝနသဏ္ဍ ဝိဟရန္တော၊ တစ်ခုသော တောအုပ်၌ နေတော်မူစဉ်။ ဇနပဒကလျာဏိသုတ္တံ အာရဗ္ဗ ကထေသိ၊ ဇနပဒကလျာဏီသုတ်ကို အကြောင်း ပြု၍ ဟောတော်မူပြီ။
ဟိ တတြ ဘဂဝါ၊ ချဲ့ဦးအံ့ ထိုသေဒကနိဂုံးတစ်ခုသော တောအုပ်၌ မြတ်စွာဘုရားသည်။
“ဘိက္ခဝေ သေယျထာပိ၊ အို... ရဟန်းတို့ ဥပမာသော်ကား။ “ဇနပဒကလျာဏီ ဇနပဒကလျာဏီတိ ခေါ (ဝတွာ)၊ ဇနပုဒ်၌အလှမယ် ဇနပုဒ်၌အလှမယ်ဟုလျှင် ပြောကြား၍။ မဟာဇနကာယော၊ များစွာသော လူအပေါင်းသည်။ ဘိက္ခဝေ သ ပတေယျ၊ အို . ရဟန်းတို့ စည်းဝေးရာ၏။ သာ ခေါ ပန ဇနပဒကလျာဏီ၊ ထိုဇနအလှမယ်သည်လည်း။ နစ္စေ ပရမပါသာဝိနီ၊ ကမှု၌ ကောင်းမြတ်သော ကိုယ်ဟ အမူအရာရှိသည်။ ဂီတေ ပရမပါသာဝိနီ၊ သီဆိုမှု၌ ကောင်းမြတ်သော သံနေသံထား အမူအရာရှိသည်။ အဿ၊ ဖြစ်ရာ၏။ ဘိက္ခဝေ၊ အို. . ရဟန်းတို့။
“ဇနပဒကလျာဏီ၊ ဇနပုဒ်အလှမယ်သည်။ နစ္စတိ ဂါယတီတိ ခေါ၊ ကနေ၏ သီဆိုနေ၏'ဟုလျှင်။ (ဝတွာ၊ ပြောဆို၍)။ ဘိယျောသောမတ္တာယ၊ အတိုင်းထက်အလွန်။ မဟာဇန ကာယော သန္နိပတေယျ၊ များစွာသော လူအပေါင်းသည် စုဝေးရာ၏။
အထ ဇီဝိတု ကာမော၊ ထိုအခါ အသက်ရှင်လိုသော။ အမရိတုကာမော၊ မသေလိုသော။ သုခကာမော ဒုက္ခပဋိကူလော၊ ချမ်းသာကိုသာလိုလားသော ဆင်းရဲကို ရွံ့ရာသော။ ပုရိသော အာဂစ္ဆေယျ၊ ယောက်ျားသည် ရောက်လာရာ၏။
တမေနံ၊ ရောက်လာ ထိုယောက်ျားကို။ “အမ္ဘော ပုရိသ သမတိတ္တိကော၊ အို. . အမောင်ယောက်ျား နှုတ်ခမ်းနှင့်အမျှပြည့်နေသော။ အယံ တေလပတ္တော၊ ဤဆီခွက်ကို။ မဟာဇန ကာယဿ အန္တရေန စ၊ များစွာသော လူအပေါင်း၏ အလယ်မှလည်းကောင်း။ ဇနပဒကလျာဏိယာ အန္တရေန စ၊ ဇနပုဒ်အလှမယ်၏ အလယ်မှလည်းကောင်း။ တေ ပရိဟရိတဗ္ဗော၊ သင်အမောင်ယောက်ျားသည် ဆောင်ယူရမည်။ ‘ ယတ္ထေ နံ၊ အကြင်အရပ်၌ပင် ထိုဆီခွက်ကို။ ထောကမ္ပိ ဆဍ္ဍေဿသိ၊ အနည်းငယ်ကိုသော် မှလည်း သင်ဖိတ်စင်စေအံ့။ တတ္ထိဝ တေ သီသံ၊ ထိုဖိတ်စင်စေရာ အရပ်၌သင်၏ ဦးခေါင်းကို။ ပါတေဿာမီတိ၊ ကျစေအံ့ (ခုတ်ချအံ့)ဟု။ တံ ဥက္ခိတ္တာသိတော ပုရိသော စ၊ သင့်ကို မြှောက်ချီအပ်သော (မိုးထားအပ်သော) သံလျှက်ရှိသော ယောက်ျားသည်လည်း။ တံ ပိဋ္ဌိတော ပိဋ္ဌိတော၊ သင်၏ နောက်မှ နောက်မှ။ အနု ဗန္ဓိဿတီတိ၊ လိုက်လိမ့်မည်”ဧဝံ ဝဒေယျ= ဤသို့ပြောရာ၏။
ဘိက္ခ ကံ မညထ၊ အို. . ရဟန်းတို့ ငါဘုရားမိန့်ကြားမည့်ထိုစကားကို ဘယ်ကဲ့သို့မှတ်ထင်ကြသနည်း။ သော ပုရိသော၊ ထိုယောက်ျားသည်။ အမုံ တေလပတ္တံ၊ ထိုပြည့်နေသော ဆီခွက်ကို။ အမနသိကရိက္ခာ၊ နှလုံးမသွင်းမူ၍။ ဗဟိဒ္ဓါ ပမာဒံ၊ ဆီခွက်ပြင်ပ၌ မေ့မေ့လျော့လျော့။ အာဟရေယျ အပိနု၊ ဆောင်ရာသလော။ ဣတိ၊ ဤသို့ မေးတော်မူပြီ။
ဘန္တေ ဧတံ နော ဟိ၊ အို. . မြတ်စွာဘုရား ဤသို့ မေ့မေ့ လျော့လျော့ဆောင်ယူခြင်းသည် မဖြစ်ရာပါတည်း။
ဘိက္ခဝေ မေ၊ ရဟန်းတို့ငါဘုရား သည်။ အတ္ထဿ ဝိညာပနာယ၊ ဆိုလိုသော အနက်အဓိပ္ပါယ်ကို သိစေခြင်းငှာ။ အယံ ခေါ ဥပမာ ကတာ၊ ဤဥပမာကို ပြုအပ်ပြီ။ ဧတ္ထ အယမေဝ၊ ဤဥပမာ၌ ဤဆိုလတံ့သည်သာ။
အတ္ထော၊ အနက်အဓိပ္ပါယ်တည်း။ (ကော၊ အနက်အဓိပ္ပါယ် ဟူသည် အဘယ်နည်း)။
“ဘိက္ခဝေ၊ အို. . ရဟန်းတို့။ သမတိတ္တိကော တေလပတ္တော တိ ခေါ ဧတံ၊ နှုတ်ခမ်းနှင့် အညီပြည့်နေသော ဆီခွက်ဟူသော ဤအမည်သည်။ ကာယဂတာယ သတိယာ၊ ကာယဂတာသတိ၏။ အဓိဝစနံ၊ အမည်တည်း။
ဘိက္ခဝေ တသ္မာ ဣဟ၊ အို. . ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌။ နော ကာယဂတာသတိ၊ ငါတို့သည် ကာယဂတာသတိကို။ ဘာဝိတာ၊ ပွါးစေအပ်သည်။ သုသမာရဒ္ဓါ၊ ကောင်းစွာအားထုတ်အပ်သည်။ ဘဝိဿတီတိ၊ ဖြစ်လတံ့'ဟု။ ဧဝံ သိက္ခိတဗ္ဗံ၊ ဤသို့ကျင့်ကြံကျိုးကုတ် အားထုတ်အပ်၏။ ဘိက္ခဝေ ဝေါ၊ အို. . ရဟန်းတို့ သင်တို့သည်။ ဧဝဒ္ဓိ သိက္ခတဗ္ဗံန္တိ၊ ဤသို့လျှင် ကျင့်ကြံကျိုးကုတ်အားထုတ်အပ်၏ ဤသည်ပင်တည်း။
ဣတိ၊ ဤကဲ့သို့။ သာတ္ထံ သဗျဉ္ဇနံ၊ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော။ ဣဒံ ဇနပဒကလျာဏိသုတ္တံ ကထေသိ၊ ဤဇနပဒကလျာဏီသုတ်ကို ဟောတော်မူပြီ။
တတြအယံ သင်္ခေပတ္တော၊ ထိုဇနပဒကလျာဏီသုတ်၌ ဤဆိုလတံ့သည်ကား အကျဉ်းချုပ်အနက်အဓိပ္ပါယ်တည်း။ (ကော၊ အကျဉ်းချုပ်အနက်အဓိပ္ပါယ်ဟူသည် အဘယ်နည်း)။ **ဇနပဒကလျာဏီ** တိ၊ ဇနပဒကလျာဏီဟူသည်ကား။ ဇနပဒမှိ ကလျာဏီ၊ ဇနပုဒ်၌ လှသူဟုရေတွက်ထိုက်သူတည်း။ ဥတ္တမာ၊ မြတ်သူတည်း။ ဆသရီရဒေါသရဟိတာ၊ ခန္ဓာကိုယ်အပြစ်ခြောက်မျိုးမှ ကင်းသူတည်း။ ပဉ္စ ကလျာဏသမန္နာဂတာ၊ ကောင်းခြင်းငါးသွယ်နှင့် ပြည့်စုံသူတည်း။
ဟိ သာ၊ ချဲ့ပြောရ သော် ထိုအလှမယ်သည်။ ယသ္မာ နာတိဒီယာ နာတိရဿာ၊ အကြင့်ကြောင့် မမြင့် လွန်း မပုလွန်း။ နာတိကိသာ နာတိထူလာ၊ မပိန်လွန်း မဝလွန်း။ နာတိကာဠာ နာစောဒါတာ၊ မမဲလွန်း မဖြူလွန်း။ မာနုဿကဝဏ္ဏ အတိက္ကန္တာ၊ လူတို့၏ လှပသေအဆင်းကို သာလွန်၏။ ဒိဗ္ဗဝဏ္ဏ အပတ္တာ၊ နတ်တို့၏ အဆင်းလှမှုကို ။ တသ္မာ ဆသရီရဒေါသရဟိတာ၊ ထို့ကြောင့် ခန္ဓာကိုယ်အပြစ်ခြောက်မျိုးကင်း၏။
ဆငွေ ကလျာဏံ၊ အရေကောင်းခြင်းလည်းကောင်း။ မံသကလျာဏံ၊ အသားကောင်းခြင်း လည်းကောင်းနှာရုကလျာဏံအကြောကောင်းခြင်းလည်းကောင်း။ အ ကလျာဏံ၊ အရိုးကောင်းခြင်းလည်းကောင်း။ ဝယောကလျာဏံ၊ အရွယ်ကောင်းခြင် လည်းကောင်း။ ပဉ္စဟိ၊ ငါးမျိုးကုန်သော။ ဣတိ ဣမေဟိ ကလျာဏေဟိ၊ ဤကောင်းခြင်းတို့နှင့်ကား။ သမန္နာဂတတ္တာ၊ ပြည့်စုံသည့် အဖြစ်ကြောင့်။ ပဉ္စ ကလျာဏသမန္နာဂတာ နာမ၊ ကောင်းခြင်းငါးသွယ် ပြည့်စုံသည်မည်၏။
ဟိ တဿာ၊ ချဲ့ပြောရသော် ထိုအမျိုးသမီးအတွက်။ အာဂန္ထကောဘာသကိစ္စ နာမ နတ္ထိ၊ ပြင်ပအလင်းရောင်ကိစ္စမည်သည် မရှိ (မလို)။ အတ္တနော သရီရောဘာသေ၊ မိမိ၏ ကိုယ်ရောင်ဖြင့်ပင်။ ဒွါဒသဟတ္ထ ဌာနေ၊ တစ်ဆယ့်နှစ်တောင်ရှိသော နေပါ အရပ်၌။ အာလောကံ ကရောတိ၊ အလင်းရောင်ကို ပြုနိုင်၏။ ပိယဂိုသာမာ ဝါ၊ ကြာညိုအဆင်းရှိသည်သော်လည်းကောင်း။ သုဝဏ္ဏသာမာ ဝါ၊ ဝါဝင်းသော အဆင်း ရှိသည်သော်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
အယံ အဿာ **ဆဝိကလျာဏတာ**၊ ဤဆိုခဲ့ပြီးသည်ကား ထိုဇနပဒကလျာဏီအလှမယ်၏ အရေကောင်းခြင်းတည်း။
ပန၊ နောက်တစ်မျိုးကား။ အဿာထိုဇနပုဒ် အလှမယ်၏။ စတ္တာရော ဟတ္ထပါဒါ၊ လေးချောင်းကုန်သော လက်ခြေတို့သည်လည်းကောင်း။ မုခပရိယောသာနဉ္စ၊ ခံတွင်း အဆုံးနှုတ်ခမ်းသည်လည်းကောင်း။ လာခါရသပရိကမ္မကတံ ဝိယ၊ ချိတ်ရည်ဖြင့် အပြေအပြစ်ပြုထားအပ်ဘိသကဲ့သို့။ ရတ္တပဝါဠရတ္တကမ္ဗလသဒိသံ ဟောတိ၊ သန္တာနီ ကမ္ဗလာနီနှင့်တူသည် ဖြစ်၏။
အယံ အဿာ **မံသကလျာဏတာ**၊ ဤသည်ကား ထိုဇနပုဒ်အလှမယ်၏ အသားကောင်းခြင်းတည်း။
ဝီသတိ နခပတ္တာနိ၊ နှစ်ဆယ် သော ခြေသည်းလက်သည်းတို့သည်။ မံသတော အမုတ္တဋ္ဌာနေ၊ အသားမှ မလွတ် ရာဌာန၌။ လာခါရသပူရိတာနိ ဝိယ၊ ချိတ်ရည်ပြည့်နေကုန်သကဲ့သို့။ မုတ္တဋ္ဌာနေ၊ အသားမှ လွတ်ရာဌာန၌။ ခီရဓာရာသဒိသာနိ၊ နို့ရည်စီးကြောင်းနှင့်တူကုန်သည်။ (ဟောန္တိ၊ ဖြစ်ကုန်၏)။
အယံ အဿာ **နှာရုကလျာဏတာ**၊ ဤသည်ကား ထိုဇနပုဒ် အလှမယ်၏ အကြောကောင်းခြင်းတည်း။
ဒွတ္တိသ ဒန္တာ၊ သုံးဆယ့်နှစ်ချောင်း ကုန်သော သွားတို့သည်။ သုဖုသိတာ၊ ကောင်းစွာထိကုန်၏။ သုဓောတဝဇိရပန္တိ ဝိယ၊ ကောင်းစွာ ပွတ်တိုက်အပ်သော စိန်အစဉ်အတန်းကဲ့သို့။ ခါယန္တိ၊ ထင်ရကုန်၏။
အယံ အဿာ **အဋ္ဌိကလျာဏတာ**၊ ဤသည်ကား ထိုဇနပုဒ်အလှမယ်၏ အရိုးကောင်းခြင်းတည်း။
ပန၊ နောက်တစ်မျိုးကား။ ဝီသတိဝဿသတိကာ သမာနာ ပိ၊ အသက်တစ်ရာ့နှစ်ဆယ်ရှိသည်ဖြစ်ပါသော်လည်း။ သောဠသဝဿုဒ္ဓေ သိကာ ဝိယ၊ တစ်ဆယ့်ခြောက်နှစ်အရွယ် သူငယ်မကဲ့သို့။ နိဗ္ဗလိပလိတာ၊ အရေ မတွန့်ဆံမဖြူသည်။ ဟောတိ၊ ဖြစ်၏။
အယံ အဿာ **ဝယောကလျာဏတာ**၊ ဤသည်ကား ထိုဇနပုဒ်အလှမယ်၏ အရွယ်ကောင်းခြင်းတည်း။
**ပရမပါသာဝိနီ** တိ ဧတ္ထ ပန၊ ပရမပါသာဝိနီဟူသော ဤပုဒ်၌ကား။ ပသဝနံ၊ ဖြစ်ခြင်း။ ပသဝေါ၊ ဖြစ်ခြင်း။ ပဝတ္တိ၊ ဖြစ်ခြင်း။ ဣတိ အတ္တော၊ ဤသည်ကား အနက်တည်း။
ပသဝေါ ဧဝပသဝ၊ သည်ပင်။ ပါသာဂေါ၊ ပါသာဝမည်၏။ ပရမော၊ ကောင်းပြက်သော။ ပါသာဝေါ၊ ဖြစ်ခြင်းသည်။ ပရမပါသာပေါ၊ ကောင်းမြတ်သော ဖြစ်ခြင်းတည်။ အဿာ၊ ထိုဇနပုဒ်အလှမယ်အား။ သော၊ ထိုကောင်းမြတ်သော ဖြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ထို့ကြောင့်။ ပရမပါသာဝိနီ၊ ပရမပါသာဝိနီ မည်၏။
နစ္စ စ၊ ကခြင်း၌လည်းကောင်း။ ဂီတေ စ၊ သီဆိုခြင်း၌လည်းကောင်း။ ဥတ္တမပ္ပဝတ္တိ၊ အဆင့်အတန်းမြင့်သော ဖြစ်ခြင်းတည်း။ သေဋ္ဌကိရိယာ၊ အထူးချီးမွန်း အပ်သော အပြုအမူတည်း။
နစ္စံ ဥတ္တမေဝ နစ္စတိ၊ ကလျှင် အဆင့်မြင့်မြင့်သာ က၏။ ဂီတဉ္စ၊ သီဆိုလျှင်လည်း။ ဥတ္တမေဝ ဂါယတိ၊ အဆင့်မြင့်မြင့်သာလျှင် သီဆို၏။ ဣတိ ဝုတ္တံ ဟောတိ၊ ဤသို့ ဆိုလိုသည် ဖြစ်၏။
အထ ပုရိသော အာဂစ္ဆေယျာတိ၊ အထ ပုရိသော အာဂစ္ဆေယျဟူသည်ကား။ အတ္တနော ရုစိယာမိမိ၏ အလိုဆန္ဒဖြင့်။ န အာဂစ္ဆေယျ၊ မလာရာတည်း။ အယံ ပန ဧတ္ထ အဓိပ္ပါယော၊ ဤဆိုလတံ့သည်ကား ဤအထ ပုရိသော အာဂစ္ဆေယျပါဌ် ၌ ဆိုလိုသော အဓိပ္ပါယ်တည်း။ (ကော၊ ဆိုလိုသော အဓိပ္ပါယ်ဟူသည် အဘယ် နည်း)။ အထ ဧဝံ၊ ထိုအခါ ဤကဲ့သို့။ မဟာဇနမ၊ လူများအလယ်၌။ ဇနပဒ ကလျာဏိယာ နစ္စမာနာယ၊ ဇနပုဒ်အလှမယ်သည် ကနေလတ်သော်။ သာဓု သာမူတိကောင်း၏ ကောင်း၏ဟု။ သာဓု ကာရေသု၊ ကောင်းချီးပေးခြင်းတို့သည် လည်းကောင်း။ အင်္ဂုလိဖောဋနေသု၊ လက်ချောင်းခါခြင်းတို့သည်လည်းကောင်း။ စေလုက္ခေပေသု စ၊ အဝတ်ပစ်မြှောက်ခြင်းတို့သည်လည်းကောင်း။ ဝတ္တမာနေသု၊ ဖြစ်နေကုန်သော်။ တံ ပဝတ္တိ သုတွာ၊ ထိုအဖြစ်ကို ကြားရ၍။ ရာဇာ ဗန္ဓနာဂါရ တော၊ ရှင်ဘုရင်သည် ထောင်ထဲမှ။ ဧကံ စောရပုရိသံ၊ တစ်ယောက်သောခိုးသားယောက်ျားကို။ ပက္ကောသာပေတွာ၊ ခေါ်စေ၍။ နိဂဠာနိ ဆိန္ဒိတွာ၊ ထိပ်တုံး တို့ကို ဖြတ်ဖြုတ်၍။ သမတိတ္တိကံ၊ နှုတ်ခမ်းရေးနှင့် အညီပြည့်နေသော။ သုပရိပုဏ္ဏ၊ ကောင်းစွာပြည့်သော။ တေလပတ္တံ၊ ဆီခွက်ကို။ တဿ ဟတ္ထ ဒတွာ၊ ထိုနိုးသ ယောက်ျား၏ လက်၌ ပေး၍။ ဥဘောဟိ ဟတ္တေဟိ၊ နှစ်ဘက်ကုန်သော လက်တို့ ဖြင့်။ ဒဠ ဂါဟာပေတွာ၊ မြဲစွာ ကိုင်စေ၍။ ဧကံ အသိဟတ္တံ ပုရိသံ၊ တစ်ယောက် သော သံလျက်လက်စွဲသော ယောက်ျားကို။ “ဧတံ၊ ဂဟေတွာ= ဆီပြည့်နေသော ဤခွက်ကို ယူ၍။ ဇနပဒကလျာဏိယာ၊ ဇနပုဒ်အလှမယ်၏။ သမဂ္ဂဋ္ဌာနံ ဂ စ္ဆ၊ အကြင်အရပ်၌သာလျှင် ကပြသီဆိုရာ ဌာနသို့ သွားလော့။
ယတ္ထ၀ စ ဧသော၊ အ လည်း နှောင်အိမ်မှထုတ်လာသော ထိုခိုးသားသည်။ ပမာဒံ အာဂမ္မ၊ မေ့လျော့မှုကို အကြောင်းပြု၍။ ဧကမ္ပိ တေလဗိန္ဒု ဆဒ္ဒေတိ၊ တစ်ပေါက်သော်လည်းဖြစ်သော ဆီပေါက်ကို စွန့်စေအံ့ ဖိတ်စေအံ့။ တတ္ထေဝ အဿ သီသံ၊ ထိုဆီဖိတ်စေသည့် နေရာ၌ပင် ထိုခိုးသား၏ ဦးခေါင်းကို။ ဆိန္ဒာတိ၊ ဖြတ်လော့”ဟု။ အာဏာပေသိ၊ စေခိုင်းပြီ။
သော ပုရိသော၊ အခိုင်းခံရသော ထိုမင်းချင်းယောက်ျားသည်။ အသိံဥက္ခိပိတွာ၊ သံလျက်ကို ရွယ်မိုး၍။ တံ တဇ္ဇေန္တော၊ ထိုခိုးသားကို ချိမ်းခြောက်လျက်။ တတ္ထ နေသိ၊ ဇနပုဒ်အလှမယ် ကပြသီဆိုနေသော ထိုအရပ်သို့ ခေါ်ဆောင်သွားပြီး။
သော မရဏဘယတဇ္ဇီတော၊ ထိုခိုးသားသည် သေဘေးအချိမ်းခြောက်ခံရ၍။ ဇီဝိတုကာမတာယ၊ အသက်ရှင်လိုသည့်အဖြစ်ကြောင့်။ ပမာဒဝသေန၊ မေ့လျော့ သည်၏ အစွမ်းအားဖြင့်။ တံ အမနသိကရိတွာ၊ ထိုဇနပုဒ်အလှမယ် ကပြသီဆိုမှုကို နှလုံးမသွင်းမူ၍။ အက္ခီနိ ဥပ္ပီလေတွာ၊ မျက်စိတို့ကို ဖွင့်၍။ တံ ဇနပဒကလျာက်၊ ထိုဇနပုဒ်အလှမယ်ကို။ သကိမ္ပိ န ဩလောကေသိ၊ တစ်ကြိမ်သော်မျှလည်း မကြည့်ပြီ။
ဧဝံ ဧတံ ဝတ္ထု၊ ဤကဲ့သို့ ဤဝတ္ထုကြောင်းသည်။ ဘူတပုဗ္ဗမေ၀၊ ရေး ဖြစ်ခဲ့ဖူးသည်သာ။ ပန သုတ္တေ၊ ထိုသို့ဖြစ်ခဲ့ဖူးသော်လည်း ဇနပဒကလျာဏီသုတ်၌။ ပရိကပ္ပသေန၊ ကြံစီသည်၏ အစွမ်းအားဖြင့်။ ဧတံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ၊ ဤသေယျ ထာပိ ဘိက္ခဝေစသည်ကို ဟောအပ်ပြီဟု သိထိုက်၏။
**ဥပမာခေါ ပန မျာယန္တိ** ဧတ္ထ ပန၊ ဥပမာခေါ် ပန မျာယံဟူသော ပါဌ်၌ကား ။ တေလပတ္တဿ၊ ဆီပြည့်သော ခွက်၏။ ကာယဂတာသတိယာ၊ ကာယဂတာ သတိနှင့်။ ဩပမ္မသံသန္ဒ နံ၊ ဥပမာ ဥပမေယျ နှီးနှောမှုကို ပြုအပ်ပြီးသည်သာ။
ဧတ္ထ ပန ရာဇာ ဝိယ၊ ဤနေရာ၌ကား မင်းကိုကဲ့သို့။ ကမ္မံ ဒဋ္ဌဗ္ဗံ၊ ပြုလုပ်မှုကို လိုက်၏။ ကိလေသာ အသိ ဝိယ၊ ကိလေသာတို့သည်ကား မိုးထားအပ်သော သံလျှက်ကဲ့သို့တည်း။ မာရော၊ မာရ်ငါးပါးကား။ ဥက္ခိတ္တာသိက ပုရိသော ဝိယ၊ မြှောက်မိုးထားအပ်သော သန်လျက်ရှိသော မင်းချင်းယောက်ျား ကဲ့သို့တည်း။ ကာယဂတာသတိဘာဝကော၊ ကာယဂတာသတိ ဖြစ်စေပွားစေ တတ်သော။ ဝိပဿကဂေါစရော၊ ဝိဿနာရှုတတ် အားထုတ်မှုသက်ဝင်သော သူကား။ တေလပတ္တဟတ္ထော ပုရိသော ပိယ၊ ဆီးပြည့်ခွက်လက်၌ရှိသော ခိုးသား ယောက်ျားကဲ့သို့တည်း။
ဣတိ ဘဂဝါ၊ ဤသို့လျှင် ဘုရားရှင်သည်။ “ကာယဂတာ သတိံ၊ ကာယဂတာသတိကို။ ဘာဝိတုကာမေန ဘိက္ခုနာ၊ ဖြစ်စေပွားစေလိုသော ရဟန်းသည်။ တေလပတ္တဟတ္တေန တေန ပုရိသေန ဝိယ၊ ဆီပြည့်ခွက်လက်၌ရှိ သော ထိုထောင်သားခိုးသားကဲ့သို့။ သတိ အဝိဿဇ္ဇေတွာ၊ သတိကို မလွတ်စေ မူ၍။ အပ္ပမတ္တေန၊ မမေ့မလျော့သော သတိဖြင့်။ ကာယဂတာသတိ ဘာဝေတ ဗ္ဗာတိ၊ ကာယဂတာသတိကို ဖြစ်စေထိုက်ပွားစေထိုက်၏”ဟု။ ဣမံ သုတ္တံ အာဟ ရိတွာ ဒဿေသိ၊ ဤသုတ်ကို ဆောင်၍ ပြတော်မူပြီ။
ဘိက္ခူ ဣမံ သုတ္တဉ္စ၊ ရဟန်းတို့သည် ဤဇနပဒကလျာဏီသုတ်ကို လည်းကောင်း။ အတ္ထဥ္စ သုတွာ၊ အနက်အဓိပ္ပါယ်ကိုလည်းကောင်း ကြားနာရ၍။ “ဘန္တေ တထာ၊ အို … ရှင်တော်ဘုရား ထိုသို့သဘောရှိသော။ ဇနပဒကလျာဏ အနောလောကေတွာ၊ ဇနပုဒ်အလှမယ်ကို မကြည့်မူ၍။ တေလပတ္တံ အာဒါယ၊ ဆီပြည့်သော ခွက်ကို ယူ၍။ ဂစ္ဆန္တေန တေန ပုရိသေန၊ သွားသော ထိုယောက်ျား သည်။
ကတံန ဒုက္ကရံ၊ ပြုနိုင်သောအလုပ်သည်ကား ခဲရင်းစွာပြုလုပ်ရသည့်အလုပ်ကို ပြုလုပ်နိုင်ပါပေ၏”ဟု။ ဧဝမာဟံသု၊ ဤသို့လျှောက်ထားကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ဘိက္ခဝေ တေန၊ အို.. ရဟန်းတို့ ထိုခိုးသားယောက်ျားသည်။ ကတံ န ဒုက္ကရံ၊ ပြုနိုင်သော အလုပ်သည်ကား ခဲရင်းစွာပြုလုပ်ရသည့်အလုပ်မဟုတ်။ ဧတံ၊ ဤခိုးသား ယောက်ျားပြုလုပ်ရသော အမှုသည်။ သုကရမေဝ၊ ပြုရလွယ်ကူသော အမှုသာ တည်း။
ကသ္မာ၊ ဘာ့ကြောင့်နည်း။
ဥက္ခိတ္တာသိကေန ပုရိသေန၊ ချီမိုးအပ်သော သံလျှက်ရှိသော မင်းချင်းယောက်ျားသည်။ သန္တဇ္ဇေတွာ နီယမာနတာယ၊ ပြင်းစွာ ချိမ်းခြောက်၍ ခေါ်ဆောင်အပ်သည့်အဖြစ်ကြောင့်တည်း။
ပန ပုဗ္ဗေ ပဏ္ဍိတာ၊ ဆန့်ကျင်ဘက်ပြောရသော် ရှေးက ပညာရှိတို့သည်။ အပ္ပမာဒေန သတိံ အဝိဿ ဇ္ဇေတွာ၊ မမေ့လျော့ခြင်းဖြင့် သတိကို မစွန့်လွတ်မူ၍။ အဘိသင်္ခတံ ဒိဗ္ဗရူပမ္ပိ၊ ပြုပြင်ဖန်ဆင်းအပ်သော နတ်အဆင်းကိုသော်မှလည်း။ ဣန္ဒြိယာနိ ဘိန္ဒိတွာ၊ မျက်စိ စသော ဣန္ဒြေတို့ကို ဖောက်ဖျက်၍။ ယံ အနောလောကေတွာဝ၊ အကြင်မကြည့် စသော မူ၍သာ။ ဂန္တွာ၊ သွား၍။ ရဇံ ပါပုဏိသု၊ မင်းအဖြစ်သို့ ရောက်ကြကုန်ပြီ။ ဧတံ၊ နတ်အဆင်းကိုသော်မှလည်း ဤမကြည့်ရှုခြင်းသည်သာ။ ဒုက္ကရန္တိ ဝ၊ ခဲရင်းစွာ ပြုလုပ်ရသော အလုပ်တည်း”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ တဿ ရညော ပုတ္တသတဿ၊ ထိုဗြဟ္မဒတ်မင်း၏ သားတစ်ရာတွင်။ သဗ္ဗကနိဋ္ဌော ဟုတွာ နိဗ္ဗတ္တိ၊ အားလုံးတို့ထက် အငယ်ဆုံးသည် ဖြစ်၍ဖြစ်ပြီ။ သော အနုပုဗ္ဗေန၊ ထိုဘုရားလောင်းသည် အစဉ်အားဖြင့်။ ဝိသုတံ ပါပုဏိ၊ သိတတ်သူအဖြစ်သို့ ရောက်ပြီ။
တဒါ စ ရညော ဂေဟေ၊ ထိုအခါက လည်း ဗာရာဏသီမင်း၏ အိမ်တော်၌။ ပစ္စေကဗုဒ္ဓါ ဘုဉ္ဇန္တိ၊ ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းစားကုန်၏။ ဗောဓိသတ္တော တေသံ၊ ဘုရားလောင်းသည် ထိုပစ္စေကဗုဒ္ဓါ တို့၏။ ဝေယျာဝစ္စံ ကရောတိ၊ အမှုကြီးငယ်ကို ပြုပေး၏။
သော ဧကဒိဝသံ၊ ထိုဘုရားလောင်းသည် တစ်နေ့၌။ “မမ ဘာတရော ဗဟူ၊ = ငါ၏ နောင်တော်တို့ သည် များကုန်၏။ အဟံ ဣမသ္မိံ နဂရေ၊ ငါသည် ဤဗာရာဏသီမြို့၌။ ကုလ သန္တကံ ရဇ္ဇံ၊ အမျိုးဥစ္စာဖြစ်သော မင်းအဖြစ်ကို။ လစ္ဆာမိ နု ခေါ၊ ရအံ့လော့။ ဥဒါဟု နောတိ စိန္တေသိ၊ သို့မဟုတ် မရအံ့လော”ဟု တွေးမိပြီ။
အထ အဿ၊ ထိုအခါ ထိုဘုရားလောင်းအား။ ပစ္စေကဗုဒ္ဓေ ပုဗ္ဘိတွာ၊ ပစ္စေကဗုဒ္ဓါတို့ကို မေးလျှောက်၍။ ဇာနိဿာမီတိ၊ သိရလိမ့်မည်”ဟု။ ဧတံ အဟောသိ၊ ဤအတွေး သည် ဖြစ်ပြန်ပြီ။
သော ဒုတိယဒိဝသေ၊ ထိုဘုရားလောင်းသည် ဒုတိယနေ့။ ပစ္စေကဗုဒ္ဓေသု အာဂတေသု= ပစ္စေကဗုဒ္ဓါတို့သည် ကြွလာကုန်သော်။ ဓမကရဏီ အာဒါယ= ရေစစ်ကို ယူ၍။ ပါနီယံ ပရိဿာဝေကွာ= သောက်ရေကို စစ်၍။ ပါဒေဓောဝိတွာ= ခြေတော်တို့ကို ဆေးပေးပြီး၍။ တေလေန မကွေကွာ= ခြေနယ် ဆီဖြင့် လိမ်းကျံပြီး၍။ တေသံ အန္တရခဇ္ဇကံ= ထိုပစ္စေကဗုဒ္ဓါတို့၏ ဆွမ်းမစားမှီ အကြားခဲဖွယ်ကို။ ခါဒိတွာ နိသိန္နကာလေ= ဘုန်းပေး၍ ထိုင်နေရာကာလ၌။ ဝန္ဒိတွာ ဧကမန္တံ နိသိန္နော၊ ဦးချ၍ သင့်လျော်ရာ၌ ထိုင်နေလျက်။ တမတ္ထံ ပုစ္ဆိ၊ ထိုမင်းနိုင် မဖြစ်နိုင်သော အကြောင်းကို မေးလျှောက်ပြီ။
နံ တေ၊ ထိုအခါ ထိုဘုရားလောင်းကို ထိုပစ္စေကဗုဒ္ဓါတို့သည်။ “ကုမာရ တွံ၊ အိုမင်းသား သင်သည်။ ဣမသ္မိံ နဂရေ၊ ဤဗာရာဏသီမြို့၌။ ရဇ္ဇံ န လဘိဿသိ၊ မင်းအဖြစ်ကို မရလတံ့။ ဣတော ဝိသယောဇနသတမတ္ထကေ၊ ဤဗာရာဏသီမြို့မှ ယူဇနာတစ်ရာ နှစ်ဆယ်အထက်ဖြစ်သော။ ဂန္ဓာရရဋ္ဌ၊ ဂန္ဓာရတိုင်း၌ ။ တက္ကသိလာ နဂရံ နာမ အတ္ထိ၊ တက္ကသိုလ်မြို့မည်သည် ရှိ၏။ တတ္ထ ဂန္တုံ သတ္တောန္တော ပန၊ ထိုတက္ကသိုလ်မြို့ သို့ သွားခြင်းငှာ စွမ်းနိုင်သော်ကား။ ဣတော သတ္တမေ ဒိဝသေ၊ ဤနေ့မှ ခုနှစ်ရက် မြောက်သော နေ့၌။ ရဇံ လစ္ဆသိ၊ မင်းအဖြစ်ကို ရလတံ့။
အန္တရာမဂ္ဂေ၊ လမ်းခရီး အကြား၌။ မဟာဝတ္တနိအဋဝိယံ ပန၊ ဖြတ်လမ်းကြီးရှိသော တောအုပ်ကြီး၌ကား။ ပရိပန္ထော အတ္ထိ၊ ဘေးအန္တရာယ်သည် ရှိ၏။ တံ အဋဝိံ ပရိဟရိတွာ၊ ထိုတောအုပ် ကြီးကို ရှောင်ရှား၍။ ဂစ္ဆန္တဿ မဂ္ဂေါ၊ သွားသူအတွက် လမ်းခရီးသည်။ ယောဇန သတိကော ဟောတိ၊ ယူဇနာတစ်ရာဝေးသည် ဖြစ်၏။ ဥဇုကံ ဂစ္ဆန္တဿ၊ ဖြောင့် ဖြောင့် သွားသူအတွက်။ ပညာသယောဇနာနိ ဟောန္တိ၊ ယူဇနာငါးဆယ်တို့သည် ဖြစ်ကုန်၏။
ဟိ သော၊ မှန်၏ ထိုခရီးသည်။ အမနုဿကန္တာရော နာမ၊ ဘီလူး တို့ကြောင့် ခက်ခဲသော ခရီးမည်၏။
တတ္ထ ယက္ခိနိယော၊ ထိုအဖြောင့်ခရီး၌ ဘီလူးမတို့သည်။ အန္တရာမဂ္ဂေ၊ လမ်းခရီးအကြား၌။ ဂါမေ စ သာလာယော စ၊ ရွာတို့ကိုလည်းကောင်း ဇရပ်တို့ကိုလည်းကောင်း။ မာပေတွာ ဥပရိ၊ ဖန်ဆင်းပြီး၍ အထက်က။ သုဝဏ္ဏတာရကဝိစိတ္တဝိတာနံ၊ ရွှေကြယ်တို့ဖြင့် ဆန်းကြယ်သော မျက်နှာကျက်ရှိသော။ မဟာရဟသေယျံ ပညာပေတွာ၊ မြင့်မြတ်သူတို့ အိပ်ဖို့ရာ ထိုက်တန်သော နေရာကို ခင်းထားစေ၍။ နာနာဝိရာဂပရိက္ခိပိ တွာ၊ ဆေးရောင်အမျိုးမျိုးဆိုးထားအပ်သော အဝတ်ကန့်လန့်ကာတို့ကို ကာရံ၍။ ဒိဗ္ဗာလင်္ကာရေဟိ၊ နတ်အဆင်တန်ဆာတို့ဖြင့်။ အတ္တဘာဝံ မဏ္ဍတွာ၊ မိမိကိုယ်ကို တန်ဆာဆင်၍။ သာလာသု နိသီဒိတွာ၊ ဇရပ်တို့၌ ထိုင်နေကြ၍။ အာဂစ္ဆန္တေ ပုရိသေ၊ ရောက်လာကုန်သော ယောက်ျားတို့ကို။ မဓုရာဟိ ဝါစာဟိ သင်္ဂဏှိတွာ၊ သာယာချိုမြိန်ကုန်သော တို့ဖြင့် ချီးမြှောက်စည်းရုံး၍။ “ကိလန္တရူပါ ဝိယ ပညာယတ၊ ပင်ပန်းသော သဘောရှိကြသကဲ့သို့ ထင်ရကုန်၏။ ဣဓ အာဂန္တွာ နိသီဒိတွာ၊ ဤဇရပ်သို့ လာရောက်၍ အပန်းဖြေထိုင်၍။ ပါနီယံ ပိဝိတွာ၊ သောက်ရေကို အမောပြေသောက်၍။ ဂစ္ဆထာတိ ပက္ကောသိတွာ၊ သွားကြပါ”ဟုခေါ်၍။ အာဂတာဂတာနံ၊ ရောက်လာသမျှယောက်ျားတို့အား။ အာသနာနိ ဒတွာ၊ နေရာတို့ကို ပေး၍။ အတ္တနော ရူပလီလာဝိလာသေဟိ၊ မိမိ၏ ရုပ်တင့်တယ် စံပါယ်ခြင်းတို့ဖြင့်။ ပလောဘေတွာ၊ ဖျားယောင်း၍။ ကိလေသဝသိကေ ကတွာ၊ ကိလေသာအလိုလိုက်သည်တို့ကို ပြု၍။ အတ္တနာ သဒ္ဓိံ၊ မိမိနှင့် အတူ။ အဇ္ဈာ စာရေ ကတေ၊ လွန်ကျူးမှုကို ပြုအပ်ပြီးသော်။ တတ္ထေဝ၊ နေထိုပြုရာနေရာ၌ပင် ထိုယောက်ျားတို့ကို။ ပဂ္ဃရန္တေန လောဟိတေန ခါဒိတွာ၊ တစက်စက်ယိုထွက်သော သွေးရှိ၍ စား၍။ ဇီဝိတက္ခယံ ပါပေန္တိ၊ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။
ရူပဂေါစရံ သတ္တံ၊ အဆင်းအာရုံကျက်စားသော သတ္တဝါကို။ ရူပေနေဝ ဂဏှန္တိ= အဆင်းဖြင့်ပင် ဆွဲဆောင်ယူကုန်၏။ သဒ္ဒဂေါစရံ၊ အသံအာရုံကျက်စားသူကို။ မဓုရေန၊ သာယာချိုမြိန်သော။ ဂီတဝါဒိတသဒ္ဒေန၊ သီဆိုသံ တီးမှုတ်သံဖြင့် လည်းကောင်း။ ဂန္ဓဂေါစရံ၊ အနံ့အာရုံလိုက်စားသူကို။ ဒိဗ္ဗဂန္ဓေဟိ၊ နတ်အနံ့တို့ဖြင့် လည်းကောင်း။ ရသဂေါစရံ= အရသာအာရုံလိုက်စားသူကို။ ဒိဗွေန၊ နတ်၌ဖြစ် သော။ နာနဂ္ဂရသဘောဇနေန၊ အမျိုးမျိုးမြတ်သော အရသာရှိသော ဘောဇဉ်ဖြင့် လည်းကောင်း။ ဖောဋ္ဌဗ္ဗဂေါစရံ၊ ဖောဋ္ဌဗ္ဗာရုံလိုက်စားသူကို။ ဥဘတောလောဟိ တကူပဓာနေဟိ၊ ခြေရင်းခေါင်းရင်းနီသော အုံးရှိကုန်သော။ ဒိဗ္ဗသယနေဟိ၊ နတ်အိပ်ရာတို့ဖြင့်လည်းကောင်း။ ဂဏှန္တိ၊ ဆွဲဆောင်ယူကုန်၏။
ဣန္ဒြိယာနိ ဘိန္ဒိတွာ၊ မျက်စိစသော ဣန္ဒြေတို့ဖောက်ဖျက်၍။ တာ အနောလောကေတွာ၊ ထိုဘီလူးမတို့ကို မကြည့်မူ၍။ သတိံ ပစ္စုပဋ္ဌာပေတွာ၊ သတိကို ရှေ့ရှု အနီးကပ် တည်စေ၍။ သစေ ဂမိဿသိ၊ အကယ်၍ သွားအံ့။ သတ္တမေ ဒိဝသေ တတ္ထု၊ ခုနှစ်ရက်မြောက်သော နေ့၌ ထိုတက္ကသိုလ်မြို့၌။ ရဇ္ဇံ လစ္ဆသီတိ၊ မင်းအဖြစ်ကို ရလိမ့်မည်”ဟု။ အဝေါစုံ၊ မိန့်ကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းမင်းသားငယ်သည်။ “ဘန္တေ ဟောတု၊ အိုအရှင် ဘုရားတို့ ဖြစ်ပါစေ ရှိပါစေ။ တုမှာကံ ဩဝါဒံ ဂဟေတွာ၊ အရှင်ဘုရားတို့၏ ဩဝါဒကို ခံယူပြီး၍။ ကိ တာ ဩလောကေဿာမီတိ၊ ဘာ့ကြောင့် ထိုဘီလူးမတို့ ကို ကြည့်ရအံ့နည်း”ဟု လျှောက်၍။ ပစ္စေကဗုဒ္ဓေပရိတ္တံ ကာရာပေတွာ၊ ပစ္စေကဗုဒ္ဓါတို့ကို ပရိတ်အရံအတားကို ပြုစေ၍။ ပရိတ္တဝါလုကဉ္စေ ဝ၊ ပရိတ်သဲကို လည်းကောင်း။ ပရိတ္တသုတ္တဉ္စ အာဒါယ၊ ပရိတ်ချည်ကိုလည်းကောင်း ယူ၍ ။ ပစ္စေကဗုဒ္ဓေ စ၊ ရှင်ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း။ မာတာပိတရော စ ဝန္ဒိတွာ၊ မယ်တောခမည်းတော်တို့ကိုလည်းကောင်း ရှိခိုး၍။ နိဝေသနံ ဂန္တွာ၊ အိမ်တော်သို့ သွား၍။ အတ္တနော ပုရိသေ၊ မိမိ၏ လူတို့ကို။
“အဟံ တက္ကသိလာယံ၊ ငါသည် တက္ကသိုလ်မြို့၌။ ရဇ္ဇံ ဂဟေတုံ ဂစ္ဆာမိ၊ မင်းအဖြစ်ကို ယူခြင်းငှာ သွားအံ့။ တုမှေ ဣဓေဝ တိဋ္ဌထာတိ၊ သင်တို့သည် ဤ၌ပင် တည်ရစ်ကြ”ဟု။ အာဟ၊ ပြောပြပြီ။
အထ နံ ပဉ္စဇနာ၊ ထိုအခါ ထိုဘုရားလောင်းကို လူငါးယောက်တို့သည်။ “မယမ္ပိ အနုဂစ္ဆာမာတိ၊ ကျွန်တော်မျိုးတို့သည်လည်း နောက်မှလိုက်ကြပါမည်”ဟု။ အာဟံသု၊ လျှောက်ထားကုန်ပြီ။
တုမှေဟိ အနုဂန္တုံ၊ သင်တို့သည် နောက်မှလိုက် ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ အန္တရာမဂ္ဂေ ယက္ခိနိယော၊ လမ်းအကြား၌ ဘီလူးမတို့သည်။ ရူပါဒိဂေါစရေ မနုဿ၊ အဆင်းစသော အာရုံလိုက်စားကုန် သော လူတို့ကို။ ဧဝဉ္စ ဝဉ္စ၊ ဤသို့လည်း ဤသို့လည်း။ ရူပါဒီဟိ ပလောဘေတွာ၊ အဆင်းစသည်တို့ဖြင့် ဖျားယောင်း၍။ ဂဏှန္တိ ကိရ၊ ဆွဲဆောင်ယူကြသတဲ့။ ပရိပန္ထော မဟာ၊ ဘေးရန်သည် ကြီးလှ၏။ အဟံ ပန အတ္တာနံ တက္ကေတွာ၊ ငါသည်ကား ကိုယ့်ကိုယ်ကို ကြံဆအားကိုး၍။ ဂစ္ဆာမီတိ၊ သွားမည်ဟုပြောပြီ။
ဒေဝ၊ အို. . အရှင်မင်းသား။ တုမှေဟိ သဒ္ဓိံ၊ ရှင်မင်းသားတို့နှင့် အတူ။ ဂစ္ဆန္တာ မယံ၊ သွားကြသော ကျွန်တော်မျိုးတို့သည်။ အတ္တနာ ပိယာနိ၊ မိမိသည် ချစ်မြတ်နိုး အပ်ကုန်သော။ ရူပါဒီနိ၊ အဆင်းစသည်တို့ကို။ ကိံ ပန ဩလောကေဿာမ၊ အဘယ့်ကြောင့်ကား ကြည့်ရကုန်အံ့နည်း။ မယမ္ပိ တထေဝ၊ ကျွန်တော်မျိုးတို့သည် လည်း ထိုအရှင်မင်းသားကဲ့သို့သာ။ ဂမိဿာမာတိ၊ သွားကြပါမည်ဟုပြောကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “တေန ဟိ အပ္ပမတ္တာ၊ ထိုသို့ဖြစ်လျှင် မမေ့မလျော့ကြကုန်သည်။ ဟောထာတိ၊ ဖြစ်ကြလော့”ဟုပြော၍။ တေ ပဉ္စနေ အာဒါယ၊ ထိုနောက်ပါလူငါးယောက်တို့ကို ခေါ်ယူ၍။ မဂ္ဂံ ပဋိပဇ္ဇိ၊ လမ်းသို့ သွားပြီ။
ဂါမာဒီနိ မာပေတွာ၊ ရွာစသည်တို့ကို ဖန်ဆင်း၍။ ယက္ခိနိယော နိသီဒိံ သု၊ ဘီလူးမတို့သည် နေကြပြီ။
တေသု ရူပဂေါစရော ပုရိသော၊ ဘုရားလောင်း နောက်လိုက် ထိုလူငါးယောက်တို့တွင်ရူပါရုံလိုက်စားသော ယောက်ျားသည်။ ယက္ခိနိယော ဩလောကေတွာ၊ ထိုဘီလူးမတို့ကို ကြည့်၍။ ရူပါရမဏေ ပဋိဗုဒ္ဓစိတ္တော၊ ရူပါရုံ၌ တပ်မက်သော စိတ်ရှိ၍။ ထောကံ ဩဟီယိ၊ အနည်းငယ် နောက်ချန်ရစ်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းမင်းသားသည်။ “ဘောကိ ထောကံ၊ အို. . အချင်း ဘာ့ကြောင့် အတန်ငယ်။ ဩဟီယသီတိ အာဟ၊ နောက်ချန် နေသနည်း”ဟု မေးပြီ။
ဒေဝ မေ ပါဒေ ရုန္တိအို. . အရှင်မင်းသား ကျွန်တော်မျိုး၏ ခြေထောက်တို့သည် နာကျင်ကုန်၏။ ထောကံ သာလာယံ နိသီဒိတွာ၊ အတန်ငယ် ဇရပ်၌ ထိုင်၍။ အာဂစ္ဆာမီတိ= လာပါမည်ဟုပြောပြီ။
အမ္ဘော ဧတာ ယက္ခိနိယော၊ အို. . အမောင် ဤမိန်းမတို့ကား ဘီလူးမတို့တည်း။ မာ ခေါ ပစ္ဆေသီတိ၊ မလိုချင်လင့်ဟုပြောပြီ။
ယံ ဟောတိ၊ အကြင်အကြောင်းအရာ သည် ဖြစ်၏။ တံ ဟောတု၊ ထိုဖြစ်ချင်သမျှအကြောင်းအရာသည် ဖြစ်ပါစေ။ န သက္ကောမိ ဒေဝါတိ၊ ဆက်သွားရန် မစွမ်းနိုင်တော့ပါ အရှင်မင်းသားဟုဖြေပြီ။
တေန ဟိ ပညာယိဿသီတိ၊ ထိုသို့ဖြစ်လျှင် ထင်ရှားလတံ့ဟု ပြော၍။ ဣတရေ စတ္တာရော၊ ဤချန်နေသော ယောက်ျားမှတစ်ပါးကုန်သော ယောက်ျား လေးယောက်တို့ကို။ အာဒါယ အဂမာသိ၊ ခေါ်ယူ၍ ဆက်လက်သွားပြီ။
သောပိ ရူပဂေါစရကော၊ ထိုရူပါရုံလိုက်စားသော ယောက်ျားသည်လည်း။ တာသံ သန္တိကေ အဂမာသိ၊ ထိုဘီလူးမတို့၏ အထံသို့ သွားပြီ။
တာ အတ္တနာ သဒ္ဓိံ၊ ထိုဘီလူးမတို့သည် မိမိနှင့်အတူ။ အဇ္ဈာစာရေ ကတေ၊ လွန်ကျူးမှုကို ပြုအပ် ပြီးသော်။ တံ တတ္ထဝ၊ ထိုရူပါရုံလိုက်စားသော= ယောက်ျားကို ထိုလွန်ကျူးရာ၌ပင်။ ဇီဝိတက္ခယံ ပါပေတွာ၊ အသက်ကုန်ခြင်းသို့ ရောက်စေ၍။ ပုရတော ဂန္တွာ၊ ရှေ့သို့ သွားကြ၍။ အညံ သာလံ မာပေတွာ၊ အခြားသော ဇရပ်ကို ဖန်ဆင်းကြ၍။ နာနာတူရိယာနိ ဂဟေတွာ၊ တူရိယာအမျိုးမျိုးတို့ကို ကိုင်ယူ၍။ ဂါယမာနာ နိသီဒိံသု၊ သီဆိုကြလျက် ထိုင်နေကုန်ပြီ။ တတ္ထ သဒ္ဒဂေါစရကော ဩဟီယိ၊ ထိုသီဆိုနေထိုင်ရာဇရပ်၌ သဒ္ဒါရုံလိုက်စားသော ယောက်ျားသည် ချန်နေခဲ့ပြီ။
ပုရိမနယေနဝ တမ္ပိ ခါဒိတွာ၊ ရှေးနည်းဖြင့်ပင် ထိုသဒ္ဒါရုံလိုက်စားသော ယောက်ျား ကိုလည်း စားပစ်ကြ၍။ ပုရတော ဂန္တွာ၊ ရှေ့သို့ သွားကြ၍။ နာနပ္ပကာရေ ဂန္ဓကရဏ္ဍကေ၊ အထူးထူးအပြားပြားကုန်သော နံ့သာကြုတ်တို့ကို။ ပူရေတွာ အာပဏံ၊ ပြည့်စေ၍ နံ့သာဈေးကို။ ပသာရေတွာ နိသီဒိံသု၊ ဖြန့်ခင်း၍ ထိုင်နေကြပြီ။ တတ္ထ ဂန္ဓဂေါစရကော ဩဟီယိ၊ ထိုနံ့သာဈေးဖြန့်ခင်း ထိုင်နေရာ၌ ဂန္ဓာရုံလိုက်စားသော ယောက်ျားသည် ချန်နေခဲ့ပြီ။
တမ္ပိ ခါဒိတွာ၊ ဂန္ဓာရုံလိုက်စား သည့်ထို ယောက်ျားကိုလည်း ကိုက်စား၍။ ပုရတော ဂန္တွာ၊ ရှေ့သို့ သွားကြ၍ ။ နာနဂ္ဂရသာနံ ဒိဗ္ဗဘောဇနာနံ၊ အမျိုးမျိုးမြတ်သော အရသာရှိကုန်သော နတ် ဘောဇဉ်တို့ဖြင့်။ ဘာဇနာနိ ပူရေတွာ၊ အိုးခွက်တို့ကို ပြည့်စေ၍။ ဩဒနိတာပဏံ၊ ထမင်းဆိုင်တန်းကို။ ပသာရေတွာ နိသီဒိံသု၊ ခင်းကျင်း၍ ထိုင်နေကြပြီ။ တတ္ထ ရသဂေါစရကော ဩဟီယိ၊ ထိုထမင်းဆိုင်တန်း၌ ရသာရုံလိုက်စားသည့် ယောက်ျားသည် ချန်နေရစ်ပြီ။
တမ္ပိ ခါဒိတွာ၊ ရသာရုံလိုက်စားသည့် ထိုယောက်ျား ကိုလည်း ကိုက်စားကြ၍။ ပုရတော ဂန္တွာ၊ ရှေ့သို့ သွားကြ၍။ ဒိဗ္ဗသယနာနိ ပညာပေတွာ နိသီဒိံသု၊ နတ်အိပ်ရာနေရာတို့ကို ခင်းထား၍ ထိုင်နေကြပြီ။ တတ္ထ၊ နတ်အိပ်ရာတို့ခင်းထားသည့်ထိုနေရာ၌။ ဖောဋ္ဌဗ္ဗဂေါစရကော ဩဟီယိ၊ ဖောဋ္ဌဗ္ဗာ ရုံလိုက်စားသည့် ယောက်ျားသည် ချန်နေခဲ့ပြီ။
တမ္ပိ ခါဒိံသု၊ ဖောဋ္ဌဗ္ဗာရုံလိုက်စား သည့် ထိုယောက်ျားကိုလည်း ကိုက်စားကုန်ပြီ။ ဗောဓိသတ္တော ဧကကောဝ အဟောသိ၊ ဘုရားလောင်းသည် တစ်ယောက်တည်းသာ ဖြစ်ပြီ။
အထ ဧကာ ယက္ခိနီ၊ ထိုအခါ တစ်ယောက်သော ဘီလူးမသည်။ “အယံ အတိခရမန္တော ဝတ၊ ဤလုလင်ကား အလွန်ထက်မြက်သော ဉာဏ်ရှိစွတကား။ အဟံ တံ၊ ငါသည် ထိုယောက်ျားကို။ ခါဒိတွာဝ နိဝတ္တိဿာမီတိ၊ စားပြီး၍သာ ဆုတ်နစ်အံ့”ဟုတွေး၍။ ဗောဓိသတ္တဿ၊ ဘုရားလောင်း၏။ ပစ္စတော ပစ္စတော အဂမာသိ၊ နောက်မှ နောက်မှ လိုက်ပါသွားပြီ။
အဋဝိယာ ပရဘာဂေ၊ တောအုပ် ၏ ပြင်ဘက်အဖို့၌။ ဝနကမ္မိကာဒယော၊ တောအလုပ်သမားစသည်တို့သည်။ ယက္ခိနိံ ဒိသွာ၊ ဘီလူးမကို မြင်၍။ “တေ ပုရတော၊ နင်၏ ရှေ့မှ။ ဂစ္ဆန္တော အယံ ပုရိသော၊ သွားသော ဤယောက်ျားကား။ ကိံ ဟောတီတိ ပုစ္ဆိံ သု၊ ဘာသည် ဖြစ်သနည်း”ဟု မေးကြပြီ။
မေ၊ ကျွန်မ၏။ ကောမာရသာမိကော အယျာတိ၊ ငယ်လင်ပါ အရှင်” ဟုဖြေကြားပြီ။
အမ္ဘော ဧဝံ သုကုမာလာ၊ အို.. အမောင်ယောက်ျား ဤသို့ နုနယ်သော။ ပုပ္ဖဒါမသဒိသာ၊ ပန်းကုံးနှင့်တူသော။ သုဝဏ္ဏဝဏ္ဏာ၊ ရွှေကဲ့သို့ အဆင်းရှိသော။ အယံ ကုမာရိကာ၊ ဤသူငယ်မသည်။ အတ္တနော ကုလံ ဆဍ္ဍေတွာ၊ မိမိ၏ ဆွေမျိုးကို စွန့်ပစ်၍။ ဘဝန္တ တစ္ဆေတွာ နိက္ခန္တာ၊ အမောင့်ကို ကြံစီ အားကိုး၍ ထွက်လိုက်လာပြီ။ ကသ္မာ ဧတံ၊ အဘယ့်ကြောင့် ဤသူငယ်မကို။ အကိလမေတွာ အာဒါယ၊ မပင်ပန်းစေမူ၍ ခေါ်ယူ၍။ န ဂစ္ဆသီတိ၊ မသွားသနည်းဟု မေးကြပြီ။
အလျာ ဧသာ၊ အို. . အရှင်တို့ ဤကောင်မကား။ မယှံ န ပဇာပတိ၊ ကျွန်တော်၏ မယားမဟုတ်။ ဧသာ ယက္ခိနီ၊ ဤကောင်မကား ဘီလူးမတည်း။ မေ ပဉ္စ မနုဿာ၊ ကျွန်တော်၏ ငါးယောက်ကုန်သော နောက်လိုက်လူတို့ကို။ ဧတာယ ခါဒိတာတိ၊ ဤဘီလူးမသည် စားပစ်အပ်ကုန်ပြီဟုပြောပြပြီ။
အယျာ ပုရိသာ နာမ၊ အို. . အရှင်တို့ လင်ယောက်ျားတို့မည်သည် ။ ဗုဒ္ဓကာလေ၊ စိတ်ဆိုးရာကာလ၌။ အတ္တနော ပဇာပတိယော၊ မိမိ၏ အိမ်ရှင်မတို့ကို။ ယက္ခိနိယောပိ ကရောန္တိ၊ ဘီလူးမတို့ကို သော်လည်း ပြောဆိုပြုလုပ်ကြကုန်၏။ ပေတိနိယောပိ ကရောန္တိတိ၊ ပြိတ္တာမတို့ကို သော်လည်း ပြောဆိုပြုလုပ်ကြကုန်၏ဟုပြောပြီ။
သာ ဂစ္ဆမာနာ၊ ထိုဘီလူးမသည် သွားနေစဉ်။ ဂဗ္ဘိနိဝဏ္ဏံ ဒဿေတွာ၊ ကိုယ်ဝန်ဆောင်မအသွင်ကို ပြ၍။ ပုန သကိံဝိဇာတဝဏ္ဏ ကတွာ၊ တဖန် တစ်ကြိမ်ဖွားပြီးမိန်မအသွင်ကို ပြု၍။ ပုတ္တံ အင်္ကေန အာဒါယ၊ သားငယ်ကို ရင်ခွင်ဖြင့် ချီယူ၍။ ဗောဓိသတ္တံ အနုဗန္ဓိ၊ ဘုရား လောင်းသို့ အစဉ်လိုက်ပြီ။ ဒိဋ္ဌဒိဋ္ဌာ ပုရိမနယေနေဝ ပုစ္ဆန္တိ၊ မြင်မြင်သမျှလူတို့သည် ရှေးနည်းဖြင့်ပင် မေးကြကုန်၏။
ဗောဓိသတ္တောပိ တထေဝ ဝတွာ၊ ဘုရားလောင်း သည်လည်း ထိုရှေးကဲ့သို့ပင် ပြောဆို၍။ ဂစ္ဆန္တော တက္ကသိလံ ပါပုဏိ၊ သွားသော် တက္ကသိုလ်မြို့နားသို့ ရောက်ပြီ။
သာ ပုတ္တံ အန္တရဓာပေတွာ၊ ထိုဘီလူးမသည် သားကို ကွယ်ပျောက်စေ၍။ ဧကိကာဝ အနုဗန္ဓိ၊ တစ်ယောက်တည်းဖြစ်၍သာ အစဉ်လိုက်ပြီ။
ဗောဓိသတ္တော နဂရဒွါရံ ဂန္တာ၊ ဘုရားလောင်းသည် မြို့တံခါးအနီး သို့ သွား၍။ ဧကိဿာ သာလာယ နိသီဒိ၊ တစ်ဆောင်သော ဇရပ်၌ ထိုင်နေပြီ။
သာ ဗောဓိသတ္တဿ တေဇေန၊ ထိုဘီလူးမသည် ဘုရားလောင်း၏ တန်ခိုးကြောင့်။ ပဝိသိတုံ အသက္ကောန္တီ၊ ဇရပ်သို့ ဝင်ခြင်းငှာ မစွမ်းနိုင်၍။ ဒိဗ္ဗရူပံ မာပေတွာ၊ နတ်အဆင်းကို ဖန်ဆင်း၍။ သာလာဒွါရေ အဋ္ဌာသိ၊ ဇရပ်တံခါးအနီး၌ တည်နေ ပြီ။
တသ္မိံ သမယေ တက္ကသိလရာဇာ၊ ထိုအခါ၌ တက္ကသိုလ်ဘုရင်သည်။ ဥယျာနံ ဂစ္ဆန္တော၊ ဥယျာဉ်တော်သို့ သွားသော်။ တံ ဒိသွာ၊ ထိုဘီလူးမကို မြင်၍။ ပဋိဗုဒ္ဓ စိတ္တော ဟုတွာ၊ အဖန်ဖန်ဖွဲ့အပ်သော စိတ်ရှိသည် ဖြစ်၍။ “ဂစ္ဆ ဣမိဿာ၊ သွားပါ ချေ ဤအမျိုးသမီး၏။ သဿာမိကအဿာမိကဘာဝံ၊ လင်ရှိကြောင်း လင်မရှိ ကြောင်းကို။ ဇာနာဟီတိ၊ သိအောင်လုပ်လော့”ဟုမှာ၍။ မနုဿံ ပေသေသိ၊ အမှုထမ်းလူကို စေခိုင်းလိုက်ပြီ။
သော တံ ဥပသင်္ကမိတွာ၊ ထိုအမှုထမ်းလူသည် ထိုဘီလူးမသို့ ချဉ်းကပ်၍။ သဿာမိကာ အသီတိ ပုစ္ဆိ၊ လင်ရှိသည် ဖြစ်သလောဟု မေးပြီ။
အာမ အယျ၊ မှန်ပါ အရှင်။ သာလာယ နိသိန္နော အယံ၊ ဇရပ်ပေါ်၌ ထိုင်နေသော ဤသူကား။ မေ သာမိကောတိ၊ ကျွန်မ၏ လင်ပါတည်းဟု ဖြေပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “ဧသာ မယှံ န ပဇာပတိ၊ ဤကောင်မကား ငါ၏ မယားမဟုတ်။ ဧသာ ယက္ခိနီ၊ ဤကောင်မကား ဘီလူးမတည်း။ မေ ပဉ္စ မနုဿာ၊ ငါ၏ ငါးယောက်ကုန်သော နောက်ပါလူတို့ကို။ ဧတာယ၊ ဤဘီလူးမ သည်။ ခါဒိတာတိ အာဟ၊ စားအပ်ကုန်ပြီဟု ပြောပြပြီ။
သာပိ၊ ထိုဘီလူးမသည် လည်း။ “အယျာ၊ အမောင်။ ပုရိသာ နာမ၊ လင်သားတို့မည်သည်။ ဗုဒ္ဓကာလေ ယံ ဣစ္ဆန္တိ၊ စိတ်ဆိုးချိန်၌ အကြင်စကားကို ပြောလိုကုန်၏။ တံ ဝဒန္တီတိ အာဟ၊ ထိုပြောလိုသည့်စကားကို ပြောကြပါ၏”ဟု ပြောပြပြီ။
သော ဥဘိန္နမ္ပိ ဝစနံ၊ ထိုမင်းချင်းယောက်ျားသည် နှစ်ယောက်လုံးတို့၏လည်း စကားကို။ ရညော အာရောစေသိ၊ တက္ကသိုလ်ဘုရင်အား လျှောက်ထားပြီ။
ရာဇာ၊ တက္ကသိုလ်ဘုရင် သည်။ အဿာမိကဘဏ္ဍ နာမ၊ အရှင်မရှိသော ပစ္စည်းမည်သည်။ ရာဇသန္တကံ ဟောတီတိ၊ ဘုရင့်ပစ္စည်းသည် ဖြစ်၏ဟုပြော၍။ ယက္ခိနိံ ပက္ကောသာပေတွာ၊ ဘီလူးမကို ခေါ် စေ၍။ ဧကဟတ္ထိပိဋ္ဌေ နိသီဒါပေတွာ၊ ဆင်တစ်ကောင်ကျောပေါ် ၌ ထိုင်နေစေ၍။ နဂရံ ပဒက္ခိဏံ ကတွာ၊ မြို့ကို လက်ယာရစ်လှည့်သည်ကို ပြု၍။ ပါသာဒံ အဘိဓူယှ၊ ပြာသာဒ်သို့ တက်၍။ တံ အဂ္ဂမဟေသိဋ္ဌာနေ ဌပေသိ၊ ထိုဘီလူးမကို မိဖုရားကြီးအရာ၌ ထားပြီ။
သော နှာတဝိလိတ္တော၊ ထိုတက္ကသိုလ်ဘုရင်သည် ရေချိုးပြီးလိမ်းကျံပြီးသော်။ သာယမာသံ ဘုဉ္ဇိတွာ၊ ညစာကို စားပြီး၍။ သိရိသယနံ အဘိရုဟိ၊ ကျက်သရေ ရှိသော အိပ်ရာသို့ တက်ပြီ။
သာပိ ယက္ခိနီ၊ ထိုဘီလူးမသည်လည်း။ အတ္တနော ဥပကပ္ပနကံ၊ မိမိအား သင့်တော်လောက်သော။ အာဟာရံ အာဟရိတွာ၊ အာဟာရကို စားမျိုပြီး၍။ အလင်္ကတပဋိယတ္တာ၊ တန်ဆာဆင်ခြင်းနှင့် ယှဉ်စပ် လျက်။ သိရိသယနေ ရညာ သဒ္ဓိံ၊ ကျက်သရေရှိသော အိပ်ရာ၌ မင်းနှင့်အတူ။ နိပဇ္ဇိတွာ၊ အိပ်ပြီး၍။ ရဘိဝသေန သုခံ= မွေ့လျော်ခြင်း၏ အစွမ်းဖြင့် ချမ်းသာကို။ သမမ္မိတဿ ရညော၊ သွင်းထားအပ်သကဲ့သို့ ဖြစ်ပြီးသော မင်း၏။ နိပန္နကာလေ ဧကေန ပဿေန၊ အိပ်ရာကာလ၌ တစ်ဘက်သော နံပါးဖြင့်။ ပရိဝတ္ထိတွာ ပရောဒိ၊ လူးလှိမ့်၍ ငိုပြီ။
အထ နံ ရာဇာ၊ ထိုအခါ ထိုဘီလူးမကို တက္ကသိုလ်မင်း သည်။ “ဘဒ္ဒေ ကံ၊ အို ချစ်နှမ ဘာ့ကြောင့်။ ရောဒသီတိ ပုစ္ဆိ၊ ငိုရသနည်း”ဟု မေးပြီ။
ဒေဝ အဟံ၊ အို. . အရှင်မင်းမြတ် ကျွန်တော်မကို။ တုမှေဟိ မဂ္ဂေ ဒိသွာ၊ အရှင်မင်းမြတ်တို့သည် လမ်း၌ တွေ့မြင်၍။ အာနီတာ၊ ကောက်ယူအပ်ပါပြီ။ တုမှာကံ ဂေဟေ စ၊ ရှင်မင်းမြတ်တို့၏ အိမ်တော်၌လည်း။ ဣတ္ထိယော ဗဟူ၊ မိန်းမတို့သည် များလှကုန်၏။ အဟံ သပတ္တီနံ အန္တရေ၊ ကျွန်တော်မသည် လင်တူ ရန်ဘက်မိန်းမတို့၏ အကြား၌။ ဝသမာနာ၊ နေရ၍။ ကထာယ ဥပ္ပန္နာယ၊ ရန် စကားသည် ဖြစ်ပွားသော်။ “ကော တုယှံ၊ ဘယ်သူသည် သင်၏။ မာတရံ ဝါ ပိတရံ ဝါ၊ အမိကိုသော်လည်းကောင်း အဖကိုသော်လည်းကောင်း။ ဂေါတ္တံ ဝါ ဇာတိံ ဝါ၊ အနွယ်ကိုသော်လည်းကောင်း အမျိုးဇာတ်ကိုသော်လည်းကောင်း။ ဇာနာတိ၊ သိလို့လဲ?။ တွံ အန္တရာမဂ္ဂေ၊ သင်သည် လမ်းအကြား၌။ ဒိသွာ အာနီတာ နာမာတိ၊ မြင်၍ ကောက်ယူအပ်သော မိန်းမမည်၏”ဟု။ သီသေ ဂဟေတွာ၊ ခေါင်းက ကိုင်၍။ နိပီဠိယမာနာ ဝိယ၊ နှိပ်အပ်သကဲ့သို့။ မင်္ကု ဘဝိဿာမိ၊ မျက်နှာ မလှ အရှက်ရသည် ဖြစ်ရပါလိမ့်မည်။
တုမှေ သကလရဇ္ဇေ၊ အရှင်မင်းကြီးတို့သည် အလုံးစုံသော မင်းအဖြစ်၌။ ဣဿရိယဉ္စ အာဏဉ္စ၊ အစိုးရခြင်းကိုလည်းကောင်း အမိန့်အာဏာကိုလည်းကောင်း။ မယှံ သစေ ဒဒေယျာထ၊ ကျွန်တော်မအား ပေးကုန်အံ့။ ကောစိ မယှံ၊ မည်သူသည်မျှ ကျွန်တော်မ၏။ စိတ္တံ ကောပေတွာ၊ စိတ်ကို ပျက်စီးစေ ဆိုးစေ၍။ ကထေတုံ န သက္ခိဿတီတိ၊ ပြောခြင်းငှာ မတတ်နိုင် ပါလတံ့ဟုလျှောက်ပြီ။
ဘဒ္ဒေ သကလရဋ္ဌဝါသိနော၊ အို. . ချစ်နှမ တစ်တိုင်းပြည် လုံး၌ နေသူတို့သည်။ မယုံ ကဉ္စိ န ဟောန္တိ၊ ငါ၏ တစ်စုံတစ်ခုသည် မဖြစ်ကြကုန်။ အဟံ ဧတေသံ န သာမိကော၊ ငါသည် ဤတစ်နိုင်ငံလုံးနေသူတို့၏ ပိုင်ရှင်မဟုတ်။
ယေ ပန ရာဇာဏံ ကောပေတွာ၊ အကြင်သူတို့သည်ကား မင်းမိန့်အာဏာကို ဖျက်ဆီး၍။ အကတ္တဗ္ဗံ ကရောန္တိ၊ မပြုထိုက်သည်ကို ပြုကြကုန်၏။ အဟံ တေသညဝ သာမိကော၊ ငါသည် ထိုအပြစ်ကျူးလွန်သူတို့၏သာ ပိုင်ရှင်တည်း။
ဣမိနာ ကာရဏေန၊ ဤအကြောင်းကြောင့်။ သကလရဋ္ဌဝါ နဂရေ ဝါ၊ တစ်နိုင်ငံ လုံး၌လည်းကောင်း မြို့တော်၌လည်းကောင်း။ ဣဿရိယဥ္စ အာဏဉ္စ၊ အစိုးရခြင်း ကိုလည်းကောင်း အမိန့်အာဏာကိုလည်းကောင်း။ တုယှံ ဒါတုံ၊ သင်ချစ်နှမအား ပေးခြင်းငှာ။ န သက္ကာ ဣတိ၊ မစွမ်းနိုင်ဟုပြောပြီ။
ဒေဝ တေန ဟိ၊ အိုအရှင်မင်း မြတ် ထိုသို့ဖြစ်လျှင်။ ရဋ္ဌေ ဝါ နဂရေ ဝါ၊ တစ်တိုင်းပြည်လုံး၌လည်းကောင်း မြို့တော်၌လည်းကောင်း။ အာဏံ ဒါတုံ၊ အမိန့်အာဏာကို ကျွန်တော်မအား ပေးခြင်းငှာ။ သစ န သက္ကောထ၊ အကယ်၍ မစွမ်းနိုင်ကုန်အံ့။ အန္တောနိဝေသနေ၊ နန်းတော်တွင်းက။ အန္တောဝဠနဥကာနံ ဥပရိ၊ နန်းတွင်းသုံးလူတို့၏ အထက်၌။ မမ ဝသံ ဝတ္တနတ္ထာယ၊ ကျွန်တော်မျိုးမ၏ အလိုဆန္ဒကို ဖြစ်စေခြင်းငှာ။ အာဏံ ဒေထာတိ၊ အမိန့်အာဏာကို ပေးတော်မူကြပါ”ဟု ပြောပြီ။
ရာဇာ ဒိဗ္ဗဖောဋ္ဌဗ္ဗေန ဗဒ္ဓေါ၊ တက္ကသိုလ်ဘုရင်သည် နတ်အတွေ့သည် ဖွဲ့တုတ်အပ်သည်ဖြစ်၍။ တဿာ ဝစနံ၊ ထိုဘီလူးမ၏ အာဏာတောင်းစကားကို။ အတိက္ကမိတုံ အသက္ကောန္တော၊ ကျော်လွန်ခြင်းငှာ မစွမ်းနိုင်ရကား။ “ဘဒ္ဒေ သာဓု၊ ချစ်နှမ ကောင်းပါပြီ။ အန္တော ဝဠဉ္ဇနကေသု၊ နန်းတွင်းအသုံးပြုသူတို့ အပေါ်၌။ တုယှံ အာဏံ ဒမ္ပိ၊ သင်ချစ်နှမ အား အမိန့်အာဏာကို ငါပေး၏။ တွံ ဧတေ၊ သင်ချစ်နှမသည် ထိုနန်းတွင်းအသုံးပြု သူလူတို့ကို။ အတ္တနော ဝသေ၊ မိမိ၏ အလိုဆန္ဒ၌။ ဝတ္တာပေဟီတိ အာဟ၊ ဖြစ်စေလော့”ဟု ပြော။
သာ သာဓုတိ သမ္ပဋိစ္ဆိကွာ၊ ထိုဘီလူးမသည် ကောင်းပါပြီ ဟု လက်ခံ၍။ ရညော နိဒ္ဒံ သြက္ကန္တကာလေ၊ မင်း၏ အိပ်ပျော်ခြင်းသို့ သက်ရောက် ရာအချိန်၌။ ယက္ခနဂရံ ဂန္တွာ၊ ဘီလူးမြို့သို့ သွား၍။ က္ခေ ပက္ကောသိတွာ၊ ဘီလူးတို့ကို ခေါ်၍။ အတ္တနာ ရာဇာနံ၊ မိမိသည် မင်းကို။ ဇီဝိတက္ခယံ ပါပေတွာ၊ အသက်ကုန်ခြင်းသို့ ရောက်စေ၍။ အဋ္ဌိမတ္တံ သေသေတွာ၊ အရိုးမျှကို ကျန်စေ၍။ သဗ္ဗ နှာရုစမ္မမံသလောဟိတံ ခါဒိ၊ အလုံးစုံသော အကြော,အရေးအသား,အသွေး ကို စားပြီ။ အဝသေသာ ယက္ခာ၊ ကြွင်းကျန်ကုန်သော ဘီလူးတို့သည်။ မဟာ ဒွါရတော ပဋ္ဌာယ၊ တံခါးကြီးမှ စ၍။ အန္တောနိဝေသနေ၊ နန်းတော်တွင်း၌။ ကုက္ကုဋ ကုက္ကူရေ၊ ကြက်ခွေးတို့ကို။ အာဒီ ကတွာ၊ အစကို ပြု၍။ သဗ္ဗေ ခါဒိတွာ၊ အားလုံး တို့ကို စားပြီး၍။ အဋ္ဌိမတ္တသေသေ အကံသု၊ အရိုးမျှကြွင်းကျန်သည်တို့ကို ပြုကုန်။
ပုန ဒိဝသေ ဒွါရ၊ နောက်နေ့၌ နန်းတံခါးကို။ ယထာပိဟိတမေဝ ဒိသွာ၊ ပိတ်မြဲ ပိတ်နေသည်ကို တွေ့ရ၍။ မနုဿာ ဖရသူဟိ၊ လူတို့သည် ပေါက်ဆိန်တို့ဖြင့်။ ကဝါဋာနိ ကောဋ္ဋေတွာ၊ တံခါးရွက်တို့ကို ပေါက်ခွဲ၍။ အန္တော ပဝိသိတွာ၊ နန်းတွင်း ဝင်ကြ၍။‌ သဗ္ဗံ နိဝေသ၊ နီး နန်းတော်တစ်ခုလုံးကို။ အဋ္ဌိကပရိကိဏ္ဏံ ဒိသွာ၊ အရိုးတို့ ဖရိုဖရဲပြန့်ကျဲနေသည်ကို တွေ့ရ၍။ “အယံ မယှံ န ပဇာပတိ၊ ဤကောင်မကား ငါ၏ မယားမဟုတ်။ သော ယက္ခိနီတိ၊ ဤကောင်မကား ဘီလူးမတည်း'ဟု။ သော ပုရိသော၊ ထိုယောက်ျားသည်။ သစ္စံ ဝတ အာက၊ အမှန်ကို စင်စစ် ပြောပါ ပေ၏။
ပန ရာဇာ၊ သို့သော်လည်း ငါတို့မင်းတရားသည်။ ကိဉ္စိ အဇာနိတွာ၊ ဘာကိုမျှ မသိမူ၍။ တံ ဂဟေတွာ၊ ထိုဘီလူးမကို ကောက်ယူ၍။ `အတ္တနောဘရိယံ အကာသိ၊ မိမိ၏ မယားကို ပြုပြီ။ သာ ယက္ခေ ပက္ကောသိတွာ၊ ထိုဘီလူးမ သည် ဘီလူးတို့ကို ခေါ်၍။ သဗ္ဗံ ဇနံ၊ အားလုံးသော နန်းတွင်းသူလူကို။ ခါဒိတွာ ဂတာ၊ စားပြီး၍ သွားသည်။ ဘဝိဿတီတိ အာဟံသု၊ ဖြစ်ပါလိမ့်မည်”ဟု ပြောကြ ပြီ။
ဗောဓိသတ္တောပိ တံ ဒိဝသံ၊ ဘုရားလောင်းသည်လည်း ထိုနေ့၌။ တဿာယေဝ သာလာယံ၊ ထိုဇရပ်၌ပင်။ ပရိတ္တဝါဠုကံ သီသေ ကတွာ၊ ပရိတ်သဲ ကို ခေါင်းပေါ်၌ တင်သည်ကိုပြု၍။ ပရိတ္တသုတ္တဉ္စ ပရိက္ခိပိတွာ၊ ပရိတ်ချည်ကိုလည်း ကာရံ၍။ ခဂ္ဂံ ဂဟေတွာ၊ သံလျက်ကို စွဲကိုင်၍။ ဌိတကောဝ အရုဏံ ဥဋ္ဌာပေသိ၊ ရပ်လျက် သာ အရုဏ်ကို တက်စေပြီ။
မနုဿာ သကလရာဇနိဝေသနံ၊ လူတို့သည် မင်း နန်းတော်တစ်ခုလုံးကို။ သောဓေတွာ၊ သုဓ်သင်ရှင်းလင်း၍။ ဟရိတူပလိတ္တံ ကတွာ၊ နွားခြေးစိုလိမ်းကျံအပ်သည်ကို ပြု၍။ ဥပရိဂမ္မေဟိ ဝိလိမ္ဗိတွာ၊ နွားချေး ပေါ်၌ နံ့သာတို့ဖြင့် လိမ်းကျံ၍။ ပုပ္ဖါနိ ဝိကိရိတွာ၊ ပန်းတို့ကို ကျဲဖြန့်ကြ၍။ ပုပ္ဖဒါမာနိ ဩသာရေတွာ၊ ပန်းဆိုင်းတို့ကို ဆွဲ၍။ ဓမံ ဒတွာ၊ နံ့သာအခိုးအထုံကို ပေး၍။ နဝမာလာ ဗန္တိတွာ၊ အသစ်ဖြစ်သော ပန်းတို့ကို ဖွဲ့ချီကြ၍။ အန္တော ယော ပုရိသော၊ အို. . အမောင်တို့ အကြင်ယောက်ျားသည်။ ဒိဗ္ဗရူပံ မာပေတွာ၊ နတ်တို့အဆင်းကို ဖန်ဆင်း၍။ ပစ္ဆတော အာဂစ္ဆန္တိ ယက္ခိနိံ၊ နောက်မှ လိုက်လာသော ဘီလူးမကို။ ဣန္ဒြိယာနိ ဘိန္ဒိတွာ၊ မျက်စိစသော ဣန္ဒြေတို့ကို ဖောက်ဖျက်၍။ ဩလောကန မတ္တမ္ပိ န အကာသိ၊ ကြည့်ရှုခြင်းမျှကိုသော်လည်း မပြုပြီ။ သော အတိဝိယ ဥဠာရသတ္တော၊ ထိုယောက်ျားကား အလွန်ပင် မြင့်မြတ်သူပါပေတည်း။ ဓိတိမာ ဉာဏသမ္ပန္နော၊ တည်ကြည်မှုရှိပါပေ၏ ဉာဏ်နှင့်ပြည့်စုံ၏။ တာဒိသေ ပုရိသေ၊ ထိုကဲ့သို့ ရှူအပ်သော ယောက်ျားသည်။ ရဇ္ဇံ အနုသာသန္တေ၊ မင်းအဖြစ်ကို သွန်သင် ပြသဆိုဆုံးမသော်။ သဗ္ဗရဋ္ဌံ သုခိတံ ဘဝိဿတိ၊ တစ်နိုင်ငံလုံးသည် ချမ်းသာခြင်းသို့ ရောက်သည် ဖြစ်လိမ့်မည်။ တံ ရာဇာနံ၊ ထိုယောက်ျားကို မင်းကို။ ကရောမာတိ သမ္မန္တယိံသု၊ ပြုကြစို့ဟု တိုင်ပင်ကြပြီ။
အထ သဗ္ဗေ အမစ္စာ စ၊ ထိုအခါ အားလုံး ကုန်သော အမတ်တို့သည်လည်းကောင်း။ နာဂရာ စ ဧကစ္ဆန္ဒာ ဟုတွာ၊ မြို့သူ မြို့သားတို့သည်လည်းကောင်း တစ်ခုတည်းသော ဆန္ဒရှိကြသည် ဖြစ်၍။ ဗောဓိ သတ္တံ ဥပသင်္ကမိတွာ၊ ဘုရားလောင်းသို့ ချဉ်းကပ်ကြ၍။ “ဒေဝ တုမှေ၊ အို.. အရှင်မင်းမြတ် အရှင်မင်းမြတ်တို့သည်။ ဣမံ ရဇ္ဇံ ကာရေထာတိ၊ ဤတက္ကသိုလ် ပြည်ကို မင်းအဖြစ်ကို ပြုတော်မူကြပါ”ဟု။ နဂရံ ပဝေသေတွာ၊ မြို့တော်သို့သွင်း၍။ ရတနရာသိမှိ ဌပေတွာ၊ ရတနာပုံပေါ်၌ ထား၍။ အဘိသိဉ္စိတွာ၊ အဘိသိက်သွင်း၍။ တက္ကသိလရာဇာနံ အကံသု၊ တက္ကသိုလ်ပြည်မင်းကို ပြုကြပြီ။
သော၊ ထိုဘုရားလောင်းသည်။ စတ္တာရိ အဂတိဂမနာနိ ဝဇ္ဇေတွာ၊ လေးမျိုးကုန် သော အဂတိလိုက်ခြင်းတို့ကို ရှောင်ကြဉ်၍။ ဒသ ရာဇဓမ္မေ အကောပေတွာ၊ ဆယ်ပါးကုန်သော မင်းကျင့်တရားတို့ကို မပျက်စေမူ၍။ ဓမ္မေန ရဇ္ဇံ ကာရေန္တော၊ တရားဖြင့် မင်းအဖြစ်ကို ပြုလျက်။ ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ အတီတံ အာဟရိတွာ၊ ဘုရားရှင်သည် ဤအတိတ်ဝတ္ထုကြောင်း ကို ဆောင်ပြတော်မူ၍။ အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားသည် ဖြစ်တော်မူ၍။
သမတိတ္တိကံ တေလပတ္တံ၊ နှုတ်ခမ်းရေးနှင့်အညီပြည့်နေသော ဆီခွက်ကို။ အနဝသေသကံ၊ မဖိတ်မစင်သည်ကို (ကတွာပြု၍)။ ပရိဟရေယျ သေယျ ထာပိ၊ ဆောင်ယူဘိသကဲ့သို့။
ဧဝံ၊ ဤအတူ။ အဂတပုဗ္ဗေ ဒိသံတရံ၊ တခါမျှ မရောက်ဘူးသော နိဗ္ဗာန်အရပ်ကို။ ပတ္ထယာနော၊ တောင်းတသူသည်။ စိတ္တံ အနုရက္ခေ၊ မိမိစိတ်ကို စောင့်ရှောက်ရာ၏။
တတ္ထ၊ ထိုဂါထာ၌။ **သမတိတ္တိကန္တိ**၊ သမတိတ္တိကံဟူသည်ကား။ အန္တောမုခ ဝဋ္ဋိလေခံ၊ အတွင်းနှုတ်ခမ်းလုံးအရေးသို့။ ပါပေတွာ သမဘရိတံ၊ ရောက်စေ၍ အညီပြည့်သောတည်း။
**အနဝသေသကန္တိ**၊ အနဝသေသကံဟူသည်ကား။ အနဝသိဉ္စနကံ၊ ဖိတ်လျှံမကျသည်ကို။ အပရိဿာဝနကံ ကတွာ၊ မလျှံသည်ကို ပြု၍တည်း။
**တေလပတ္တန္တိ**၊ တေလပတ္တံဟူသည်ကား။ ပက္ခိတ္တတိလတေလပတ္တံ၊ တည့်အပ်သော နှမ်းဆီရှိသော ခွက်ကိုတည်း။
**ပရိဟရေယျာ** တိ၊ ပရိဟရေယျဟု သည်ကား။ ဟရေယျ၊ ဆောင်ယူရာ၏တည်း။ အာဒါယ ဂစ္ဆေယျ၊ ယူ၍သွားရာ၏ တည်း။
**ဧဝံ သစိတ္တမနုရက္ခေ** တိ၊ ဧဝံ သစိတ္တမနုရက္ခိဟူသည်ကား။ တေလ ဘရိတံ တံ ပတ္တံ ဝိယ= ဆီဖြင့်ပြည့်သော ထိုခွက်ကိုကဲ့သို့။ အတ္တနော စိတ္တံ၊ မိမိ၏စိတ်ကို, စိတ်သည်။ ကာယဂတာသတိယာ၊ ကာယဂတာသတိ၏။ ဂေါစရေ စေဝ၊ အာရုံလည်းကောင်း။ သမ္ပယုတ္တသတိယာ စ၊ ယှဉ်ဘက်သတိလည်း ကောင်း။ ဣတိ၊ ဤသို့။ ဥဘိန္န အန္တရေ ပက္ခိပိတွာ၊ တရားနှစ်ပါးတို့၏ အကြား၌။ မုဟုတ္တမ္ပိ ဗဟိဒ္ဓါ၊ ထည့်ထား၍။ ယထာ၊ အကြင်သို့ စောင့်ရှောက်လုံခြုံစေသော်။ ဂေါစရေ၊ တမုဟုတ်၌သော်လည်း ပြင်ပဖြစ်သော အာရုံ၌။ န ဝိက္ခိပတိ၊ မပြန့်လွင့်။ တလာ၊ ထိုသို့ မပြန့်လွင့်အောင်။ ပဏ္ဍိတော ယောဂါဝစရော၊ ပညာရှိသော ယောဂီ ပုဂ္ဂိုလ်သည်။ ရက္ခေယျ ဂေါပေယျ၊ စောင့်ရှောက်ရာ၏ လုံခြုံစေရာ၏။
ကိ ကာရဏာ၊ ဘာကြောင့်နည်း။
ဟိ၊ အကြင့်ကြောင့်။
ဒုန္နိဂ္ဂဟဿ လဟုနော၊ အနှိမ်ရခက်ခဲသော လျင်မြန်စွာဖြစ်တတ်သော။ ယတ္ထ ကာမနိပါတိနော၊ ကျလိုရာအာရုံ၌ ကျတတ်သော။
စိတ္တဿ ဒမထော သာဓု၊ စိတ်ကို ဆုံးမခြင်းသည်ကောင်း၏။ ဒန္တ စိတ္တံ သုခါဝဟံ၊ ဆုံးမအပ်ပြီး သော စိတ်သည် ချမ်းသာကို ဆောင်ပေးတတ်၏။ ဣတိ၊ ဤကြောင့်တည်း။
တသ္မာ၊ ထို့သို့ချမ်းသာကိုဆောင်ပေးတတ်သောကြောင့်။
သုဒုဒ္ဒသံ သုနိပုဏံ၊ အလွန်မြင်ဖို့ရန် ခက်ခဲသော အလွန်သိမ်မွေ့သော။ ယတ္ထကာမနိပါတိနံ စိတ္တံ၊ ကျလိုရာအာရုံ၌ ကျတတ်သော စိတ်ကို။
မေဓာဝီ ရက္ခေထ၊ ပညာရှိသည် စောင့်ရှောက်ရာ၏။ ဂုတ္တံ စိတ္တံ သုခါဝဟံ၊ စောင့်ရှောက် အပ်သော စိတ်သည် ချမ်းသာကို ဆောင်ပေးတတ်၏။
ဟိ၊ မှန်၏။
ဒူရင်္ဂမံ ဧကစာရံ၊ အဝေးအာရုံသို့ သွားတတ်သော တစ်ပါး တည်းသာ ကျက်စားတတ်သော။ အသရီရံ ဂုဟာသယံ၊ အထည်ကိုယ်မရှိ သော ဟဒယဝတ္ထု၌ ကိန်းအောင်းသော။ ဣဒံ စိတ္တံ၊ ဤစိတ်ကို။
ယေ သံယမေဿန္တိ၊ အကြင်သူတို့သည် စောင့်စည်းကုန်အံ့။ (တေ၊ ထိုစိတ်စောင့် စည်းသူတို့သည်)။ မာရဗန္ဓနာ မောက္ခန္တိ၊ ကိလေသာမာန်အနှောင်အဖွဲ့မှ လွတ်ကြလတံ့။
ဣတရဿ ပန၊ စိတ်မစောင့် ရှောက် သူ သည့်ပြင်လူအားကား။
အနဝဋ္ဌိတစိတ္တဿ၊ မတည်တန့်သော စိတ်ရှိသော။ သဒ္ဓမ္မံ အဝိဇာန ဟော၊ သူတော်ကောင်းတရားကို မသိနားမလည်သော။
ပရိလ္လဝပသာဒဿ၊ ပေါလောပေါ်သော သဒ္ဓါတရားရှိသော။ ပညာ န ပရိပူရတိ၊ ဉာဏ်ပညာသည် မပြည့်စုံ။
ထိရကမ္မဋ္ဌာနသဟာယဿ ပန၊ ခိုင်မြဲသော ကမ္မဋ္ဌာန်းသူငယ်ချင်းရှိသူ အားကား။
အနဝဿုတစိတ္တဿ၊ ရာဂမစိုစွတ်သော စိတ်ရှိသော။ အနနွာဟတ စေတသော၊ ဒေါသမထိပါးအပ်သော စိတ်ရှိသော။
ပုညပါပပဟီနဿ၊ ကောင်းမှု မကောင်းမှုပယ်ပြီးသော။ ဇာဂရတော၊ တရားကျိုးစား နိုးကြားနေ သော။ ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
တသ္မာ၊ ထို့ကြောင့်။ ဧတံ စိတ္တံ၊ ဤစိတ်ကို။
ဖန္ဒနံ စပလံ၊ တုန်တတ်သော လှုပ်တတ်သော။ ဒုရက္ခံ ဒုန္နဝါရယံ၊ စောင့်ရခက်ခဲသော တားမြစ်ရခက်ခဲသော။
မေဓာဝီ ဥဇုံ ကရောတိ၊ ပညာရှိသည် ဖြောင့်မတ်သည်ကို ပြု၏။ (ကိမိဓ၊ ဘယ်ကဲ့သို့ နည်းဟူမူကား) ။ ဥသုကာရော တေဇနံ၊ မြားလုပ်သမားသည် မြားကို။
(ဥဇုံ ကရောတိ ဣဝ၊ ဖြောင့်မတ်သည်ကို ပြုသကဲ့သို့တည်း။) ဧဝံ ဥဇုံ ကရောန္တော၊ ဤကဲ့သို့ ဖြောင့်မတ်သည်ကို ပြုလျက်။ သစိတ္တ မနုရက္ခေ၊ မိမိစိတ်ကို စောင့်ရှောက်ရာ၏။
**ပတ္ထယာနော ဒိသံ အဂတပုဗ္ဗန္တိ**၊ ပတ္တယာနော ဒိသံ အဂတပုဗ္ဗံ ဟူသည် ကား။ ဣမသ္မိံ ကာယဂတာသတိကမ္မဋ္ဌာနေ၊ ဤကာယဂတာသတိကမ္မဋ္ဌာန်း၌။ ကမ္မံ အာရဘိတွာ၊ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်၍။ အနမတဂ္ဂေ သံသာရေ၊ မသိအပ်သော အစရှိသော သံသရာ၌။ အဂတပုဗ္ဗံ ဒိသံ၊ တရံတခါမျှ မရောက် ဘူးသော နိဗ္ဗာန်အရပ်မျက်နှာကို။ ပတ္ထေန္တော ပိဟေန္တော၊ တောင့်တသူသည် လိုလားသူသည်။ ဝုတ္တနယေန၊ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ သကံ စိတ္တံ၊ မိမိဥစ္စာ ဖြစ်သော စိတ်ကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ ဣတိ အတ္ထော၊ ဤကား စတုတ္ထပါဒအနက်တည်း။
ဧသာ ဒိသာ နာမ၊ ဤဒိသာမည်သည်။ ကာ ပန၊ အဘယ်သည်လေနည်း?
မာတာပိတာ ပုဗ္ဗာ ဒိသာ၊ မိဘနှစ်ပါးတို့သည် အရှေ့ဖြစ်သော အရပ်မည် ၏။ အာစရိယာ ဒက္ခိဏာ ဒိသာ၊ ဆရာသမားတို့သည် တောင်ဖြစ်သော အရပ်မျက်နှာမည်၏။
ပုတ္တဒါရာ ပစ္ဆာ ဒိသာ၊ သားသမီး သားမယားတို့သည် အနောက်ဖြစ်သော အရပ်မည်၏။ မိတ္တာမစ္စာ စ ဥတ္တရာ၊ မိတ်ဆွေသူငယ်ချင်း တို့သည်ကား မြောက်အရပ်မည်၏။
ဒါသကမ္မကရာ ဟေဋ္ဌာ၊ ကျွန်အလုပ် သမားတို့သည်ကား အောက်အရပ်တည်း။ သမဏဗြဟ္မဏာ ဥဒ္ဓံ၊ ရဟန်းပုဏ္ဏားတို့သည်ကား အထက်အရပ်တည်း။
ဧတာ ဒိသာ၊ ဤဆိုခဲ့ပြီးအရပ် မျက်နှာတို့ကို။ အလမတ္တော၊ စွမ်းဆောင်နိုင်သော စိတ်နေသဘောထား ရှိသော။ ကုလေ ဂိဟီ၊ အမျိုး၌ လူဝတ်ကြောင်သည်။ နမဿယျ၊ ရှိခိုးရာ၏။
ဣတိ ဧတ္ထ၊ ဤပါဠိ၌။ ပုတ္တဒါရာဒယော၊ သားသမီး သားမယားစသူတို့ကို။ ဒိသာတိ တာဝ ဝုတ္တာ၊ ဒိသာဟူ၍ ဆိုအပ်ကုန်ပြီ။
စတာ ဒိသာ၊ လေးခုကုန်သော တူရူအရပ်မျက်နှာတို့လည်းကောင်း။ စတာ ဝိဒိသာ၊ လေးခုကုန်သော ထောင့်အရပ်တို့လည်းကောင်း။ ဥဒ္ဓံ အဓော၊ အထက်အရပ်လည်းကောင်း အောက်အရပ်လည်းကောင်း။ ဣမာယော၊ ဤသည်တို့ကား။
ဒသ ဒိသာ၊ အရပ်ဆယ်မျက်နှာတို့တည်း။ ယံ ဆဗ္ဗိသာဏံ၊ ခြောက်မျိုးရှိသော အစွယ်ရှိသော အကြင်ဆင်ကို ။ သုပိနေ အဒ္ဒသာ၊ အိပ်မက်ထည်း၌ ရှင်မိဖုရား တွေ့မြင်ပြီ။ (သော) နာဂရာဇာ၊ ထိုဆဒ္ဒန်ဆင်မင်းသည်။ (တာသု၊ ထိုအရပ်ဆယ်မျက်နှာတို့တွင်)။ ကတမံ ဒိသံ တိဋ္ဌတိ၊ အဘယ်အရပ်မျက်နှာ၌ တည်ရှိပါသနည်း။
ဣတိ ဧတ္ထ၊ ဤပါဠိရပ်၌။ ပုရတ္ထိမာဒိဘေဒါ ဒိသာဝ၊ အရှေ့စသည်အပြား ရှိကုန်သော မျက်နှာတို့ကိုပင်။ ဒိသာတိ ဝုတ္တာ၊ ဒိသာဟူ၍ ဆိုအပ်ပြီ။
ယေ အဂါရိနော၊ အကြင်လူဝတ်ကြောင်တို့သည်။ အန္နဒပါနဝတ္ထဒါ၊ အစားအသောက်အဝတ်အရံကို ပေးလှူတတ်ကုန်၏။ အဝှါယိကာ၊ အလှူခံ ကြွတော်မူပါဟုပင့်တတ်ကုန်၏။ တမ္ပိ ဒိသံ ဝဒန္တိ၊ ထိုလှူဒါန်းသူ များကိုလည်း အရပ်မျက်နှာဟု ပညာရှိတို့ ပြောဆိုကြကုန်၏။ (တစ်နည်း) (ယေသံ၊ အကြင်သမဏဗြာဟ္မဏတို့အား)။ အဂါရိနော၊ လူဝတ်ကြောင်တို့ သည်။ အန္နာပါနဝတ္ထဒါ၊ စားဖွယ်သောက်ဖွယ်ဝတ်ရုံဖွယ်ကို လှူတတ်ကုန် ၏။ တမ္ပိ၊ ထိုသမဏဗြာဟ္မဏအပေါင်းကိုလည်း။ အဝါယိကာ၊ အထက် အထက် နတ်ပြည်ခေါ်တတ်ကြ၍။ ဒိသံ၊ အထက်အရပ်မျက်နှာဟု။ ၀ဒန္တိ၊ ခေါ်ကြကုန်၏
သေတကေတု၊ အမောင် သေတကေတု။ ယံ ပတ္တာ၊ အကြင် နိဗ္ဗာန်သို့ ရောက်၍။ ဒုက္ခိ သုခိနော ဘဝန္တိ၊ ဆင်းရဲသူတို့သည် ချမ်းသာခြင်းရှိ ကုန်သည် ဖြစ်ကုန်၏။ ဧသာ ပရမာ ဒိသာ၊ ဤနိဗ္ဗာန်သည်ကား အမြတ်ဆုံး ဖြစ်သော အရပ်မျက်နှာပေတည်း။
ဣတိ ဧတ္ထ ပန၊ ဤဂါထာ၌ကား။ နိဗ္ဗာနံ ဒိသာတိ ဝုတ္တံ၊ နိဗ္ဗာန်ကို ဒိသာဟု ဟောတော်မူအပ်ပြီ။
ဣဓာပိ၊ ဤတေလပတ္တဇာတ်ဂါထာ၌လည်း။ တဒေဝ အဓိ ပွေတံ၊ ထိုနိဗ္ဗာန်အရပ်ကိုပင် အလိုရှိအပ်၏။
ဟိ တံ၊ အကြင့်ကြောင့် ထိုနိဗ္ဗာန် ကို။ “ခယံ ဝိရာဂန္တိ အာဒီဟိ၊ ဆင်းရဲကုန်ရာ ရာဂကင်းရာ ဤသို့ အစရှိ သည်တို့ဖြင့်။ ဒိဿတိ အပဒိဿတိ၊ ညွှန်ပြအပ်၏။ တသ္မာ၊ ထိုသို့ညွှန်ပြအပ်သောကြောင့်။ ဒိသာတိ ဝုစ္စတိ၊ ဒိသာဟု ခေါ်ဆိုအပ်၏။
အနမတဂ္ဂေ သံသာရေ ပန၊ မသိအပ် သော အစရှိသော သံသရာ၌ကား။ ကေနစိ ဗာလပုထုဇ္ဇနေန၊ တစ်စုံတစ်ယောက် သော ဗာလပုထုဇဉ်သည်။ သုပိနေနပိ၊ အိပ်မက်ဖြင့်သော်မှလည်း။ အဂတ ပုဗ္ဗတာယ၊ မရောက်ဘူးသည်၏အဖြစ်ကြောင့်။ အဂတပုဗ္ဗာ ဒိသာ နာမာတိ ဝုတ္တံ၊ မရောက်ဘူးသော အရပ်မျက်နှာမည်၏ဟု မိန့်တော်မူအပ်ပြီ။
တံ ပတ္ထယ န္တေန၊ ထိုနိဗ္ဗာန်ကို တောင်းတသူသည်။ ကာယဂတာသတိယာ၊ ကာယဂတာ သတိ၌။ ယောဂေါ ကရဏီယော၊ အားထုတ်မှုကို ပြုထိုက်၏။ ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
သတ္ထာ၊ ဤသို့ ဘုရားရှင်သည်။ နိဗ္ဗာနေန ဒေသနာယ ကူဋံ ဂဟေတွာ၊ နိဗ္ဗာန်ဖြင့် ဒေသနာတော်၏ အထွဋ်ကို ယူတော်မူ၍။
“တဒါ ရာဇပရိသာ ဗုဒ္ဓပရိသာ အဟောသိ၊ ထိုအခါက မင်းပရိသတ်သည် ငါဘုရားပရိသတ်သည် ဖြစ်လာပြီ။ ရဇ္ဇပ္ပတ္တကုမာရော ပန၊ အဖြစ်ရောက်သော မင်းသားသည်ကား။ အဟမေ၀ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာ နေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
တေလပတ္တဇာတကဝဏ္ဏနာ ဆဋ္ဌာ၊ ခြောက်ခုမြောက်ဖြစ်သော တေလပတ္တဇာတ်အဖွင့်တည်း။