Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[51] 1. Mahāsīlavajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အာသီသေထေဝ ပုရိသော**တိ ဣဒံ၊ အာသီသေထေဝ ပုရိသော စသော ဤတရား‌ဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဩဿဋ္ဌဝီရိယံ ဘိက္ခုံ၊ စွန့်အပ်သော ဝီရိယရှိသော ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တံ သတ္ထာ၊ ချဲ့ဦးအံ့ ထိုရဟန်းကို ဘုရားရှင်သည်။ "ဘိက္ခု တွံ၊ အို.. ရဟန်း သင်သည်။ ဩဿဋ္ဌဝီရိယော၊ စွန့်အပ်သောဝီရိယရှိသည်။ အသိ ကိရ သစ္စံတိ၊ ဖြစ်သတဲ့ဟု ကြားရသည်ကား မှန်သလော"ဟု။ ပုစ္ဆိ၊ မေးတော်မူပြီ။
အာမ ဘန္တေတိ စ ဝုတ္တေ၊ မှန်ပါ၏ အရှင်ဘုရားဟုလည်း လျှောက်အပ်သော်။ "ဘိက္ခု တွံ ကသ္မာ၊ အို.. ရဟန်း သင်သည် အဘယ့်ကြောင့်။ ဧဝရူပေ နိယျာနိကသာသနေ၊ ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော သာသနာတော်၌။ ပဗ္ဗဇိတွာ ဝီရိယံ ဩဿဇိ၊ ဝင်ရောက်ရှင်ရဟန်းပြုပြီး၍ ဝီရိယကို စွန့်လွှတ်ရသနည်း။ ပုဗ္ဗေ ပဏ္ဍိတာ၊ ရှေးက ပညာရှိတို့သည်။ ရဇ္ဇာ ပရိဟာယိတွာပိ၊ မင်းအဖြစ်မှ ဆုတ်ယုတ်ကျဆင်းပြီး၍သော်မှလည်း။ အတ္တနော ဝီရိယေ ဌတွာဝ၊ မိမိ၏ ဝီရိယ၌ တည်၍သာလျှင်။ နဋ္ဌမ္ပိ ယသံ၊ ပျက်စီးပြီးသည်လည်းဖြစ်သော စည်းစိမ် အခြံအရံကိို။ ပုန ဥပ္ပါဒယိံသူတိ ဝတွာ၊ တစ်ဖန် ဖြစ်စေဖူးကြပြီ"ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာ‌ရေန္တေ၊ ‌ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော ရညော၊ ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏။ အဂ္ဂမဟေသိယာ ကုစ္ဆိမှိ နိဗ္ဗတ္တော၊ မိဖုရားခေါင်ကြီး၏ ဝမ်း၌ ဖြစ်ပြီ။
နာမဂ္ဂဟဏဒိဝသေ တဿ နာမံ၊ နာမည်ယူရာမှည့်ရာနေ့၌ ထိုဘုရားလောင်း၏ အမည်ကို။ သီလဝကုမာရောတိ အကံသု၊ သီလဝမင်းသားဟူ၍ ပြုကြမှည့်ကြပြီ။
သော သောဠသဝဿုဒ္ဒေသိကောဝ၊ ထိုသီလဝမင်းသားသည် တစ်ဆယ့်ခြောက်နှစ်ရှိသော်သာလျှင်။ သဗ္ဗသိပ္ပေသု နိပ္ဖတ္တိံ ပတွာ၊ အလုံးစုံသော အတတ်ပညာတို့၌ အပြီးစီးသို့ရောက်၍။ အပရဘာဂေ ပိတု အစ္စယေန၊ နောက်အဖို့၌ ခမည်းတော်၏ ကွယ်လွန်ခြင်းကြောင့်။ ရဇ္ဇေ ပတိဋ္ဌိတော၊ မင်းအဖြစ်၌ တည်လျက်။ မဟာသီလဝရာဇာ နာမ အဟောသိ၊ မဟာသီလဝမင်းသည် ဖြစ်ပြီ။ ဓမ္မိကော ဓမ္မရာဇာ၊ မင်းကျင့်တရားရှိ၏ တရားသဖြင့် မင်းပြု၏။
သော နဂရဿ၊ ထိုသီလဝမင်းသည် ဗာရာဏသီမြို့၏။ စတူသု ဒွါရေသု စတဿော၊ လေးပေါက်ကုန်သော တံခါးအနီးနားတို့၌ လေးဆောင်တို့လည်းကောင်း။ မဇ္ဈေ ဧကံ၊ မြို့လယ်၌ တစ်ဆောင်လည်းကောင်း။ နိဝေသနဒွါရေ ဧကံ၊ နေရာနန်းတံခါးအနီး၌ တစ်ဆောင်လည်းကောင်း။ ဣတိ ဆ ဒါနသာလာ‌ယော ကာရာပေတွာ၊ ဤသို့ ဇရပ်ခြောက်ဆောင်တို့ကို ဆောက်လုပ်စေ၍။ ကပဏဒ္ဓိကာနံ နိစ္စံ ဒါနံ ဒေတိ၊ ဆင်းရဲသား,ခရီးသွားတို့အား အမြဲ အလှူကိုပေးလှူ၏။ သီလံ ရက္ခတိ၊ ငါးပါးသီလကို စောင့်ထိန်း၏။ ဥပေါသထကမ္မံ ကရောတိ၊ ဥပုသ်စောင့်မှုကို ပြု၏။ ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နော၊ သည်းခံခြင်း ချစ်ခြင်း သနားခြင်းနှင့် ပြည့်စုံ၍။ အင်္ကေ နိသိန္နံ ပုတ္တံ၊ ရင်ခွင်၌ နေသော သားသမီးကို။ ပရိတောသယမာနော ဝိယ၊ ဘေးပတ်လည်မှ နှစ်သက်စေဘိသကဲ့သို့။ သဗ္ဗသတ္တေ ပရိတောသယမာနော၊ အလုံးစုံသောသတ္တဝါတို့ကို ထက်ဝန်းကျင်မှ နှစ်သက်စေလျက်။ ဓမ္မေန ရဇ္ဇံ ကာရေတိ၊ တရားသဖြင့် မင်းအဖြစ်ကို ပြု၏။
တဿ ဧကော အမစ္စော၊ ထိုမဟာသီလဝမင်း၏ တစ်ယောက်သော အမတ်သည်။ အန္တေပုရေ ပဒုဗ္ဘိတွာ၊ နန်းတွင်း၌ ပြစ်မှား၍။ အပရဘာဂေ ပါက‌ဋော ဇာတော၊ နောက်အဖို့၌ ထင်ရှားသည်ဖြစ်ပြီ။
အမစ္စာ ရညော အာရောစေသုံ၊ အမတ်တို့သည် မဟာသီလဝမင်းကြီးအား လျှောက်ထားကြပြီ။
ရာဇာ ပရိဂ္ဂဏှန္တော၊ မဟာသီလဝမင်းသည် စူးစမ်းသော်။ အတ္တနာ ပစ္စက္ခတော ဉတွာ၊ ကိုယ်တိုင် မျက်မှောက်အားဖြင့် သိ၍။ တံ အမစ္စံ ပက္ကောသာပေတွာ၊ ထိုအမတ်ကို ခေါ်စေ၍။ "အန္ဓဗာလ၊ အို...အကန်းအမိုက်။ တေ အယုတ္တံ ကတံ၊ သင်သည် ‌မတော်သည်ကို ပြုအပ်ပြီ။ တွံ မမ ဝိဇိတေ၊ သင်သည် ငါ၏ နိုင်ငံ၌။ ဝသိတုံ နာရဟသိ၊ နေခြင်းငှာ မထိုက်။ အတ္တနော ဓနဉ္စ၊ မိမိ၏ ပစ္စည်းကိုလည်းကောင်း။ ပုတ္တဒါရေ စ ဂဟေတွာ၊ သားသမီးမယားတို့ကိုလည်းကောင်း ခေါ်ယူ၍။ အညတ္ထ ယာဟီတိ၊ အခြားနိုင်ငံသို့ သွားလော"ဟု။ ရဋ္ဌာ ပဗ္ဗာဇေသိ၊ တိုင်းပြည်မှ ထွက်သွားစေပြီ။
သော နိက္ခမိတွာ၊ ထိုအမတ်သည် ထွက်သွား၍။ ကာသိရဋ္ဌံ အတိက္ကမ္မ၊ ကာသိတိုင်းနိုင်ငံကို ကျော်လွန်၍။ ကောသလဇနပဒံ ဂန္တွာ၊ ကောသလတိုင်း ဇနပုဒ်သို့ သွားရောက်၍။ ကောသလရာဇာနံ ဥပဋ္ဌဟန္တော၊ ကောသလမင်းကို ခစားသော်။ အနုက္ကမေန၊ အစဥ်သဖြင့်။ ရညော အဗ္ဘန္တရိကော၊ မင်း၏ အတွင်းသားသည်။ ဝိဿာသိကော ဇာတော၊ ချစ်ကျွမ်းဝင်သူသည် ဖြစ်ပြီ။
သော ဧကဒိဝသံ ကောသလရာဇာနံ၊ ထိုအမတ်သည် တစ်နေ့၌ ကောသလမင်းကို။
"ဒေဝ ဗာရာဏသိရဇ္ဇံ နာမ၊ အို...အရှင်မင်းကြီး ဗာရာဏသီမင်းအဖြစ်, ဗာရာဏသီမင်းစည်းစိမ်မည်သည်။ နိမ္မက္ခိကမဓုပဋလသဒိသံ၊ ပျားကောင်မရှိသော ပျားလဘို့နှင့် တူ၏(မစုတ်ပျားလဘို့နှင့် တူ၏)။ ရာဇာ အတိမုဒုကော၊ ဗာရာဏသီမင်းသည် အလွန်နူးညံ့၏။ အပ္ပေနေဝ ဗလဝါဟနေန၊ အနည်းငယ်သာဖြစ်သော စစ်သည်ဗိုလ်ပါဖြင့်။ ဗာရာဏသိရဇ္ဇံ ဂဏှိတုံ၊ ဗာရာဏသီမင်းအဖြစ်ကို ယူခြင်းငှာ။ သက္ကာတိ အာဟ၊ တတ်ကောင်း၏" ဟု လျှောက်ပြီ။
ရာဇာ၊ ကောသလမင်းသည်။ တဿ ဝစနံ သုတွာ၊ ထိုအမတ်၏ စကားကို ကြား၍။ ဗာရာဏသိရဇ္ဇံ နာမ မဟာ၊ ဗာရာဏသီမင်းအဖြစ်မည်သည် ကြီးကျယ်မြင့်မြတ်လှ၏။ အယဉ္စ၊ ဤအမတ်ကလည်း။ အပ္ပေနေဝ ဗလဝါဟနေန၊ အနည်းငယ်သာဖြစ်သော စစ်သည်ဗိုလ်ပါဖြင့်။ ဗာရာဏသိရဇ္ဇံ ဂဏှိတုံ၊ ဗာရာဏသီမင်းအဖြစ်ကို ယူခြင်းငှာ။ သက္ကာတိ အာဟ၊ တတ်ကောင်း၏"ဟု လျှောက်၏။ ပယုတ္တကစောရော၊ သူလျှိုသူခိုးသည်။ သိယာ ကိံ နု ခေါ ပန၊ ဖြစ်လေသလော။ ဣတိ စိန္တေတွာ၊ ဤသို့ တွေးမိ၍။ "ပယုတ္တကော အသိ မညေတိ အာဟ၊ သူလျှိုသည်ဖြစ်လေယောင်တကား"ဟု ပြောပြီ။
ဒေဝ အဟံ န ပယုတ္တကော၊ အရှင်မင်းကြီး ကျွန်တော်မျိုးသည် သူလျှိုမဟုတ်ပါ။ သစ္စမေဝ ဝဒါမိ၊ အမှန်ကိုသာ လျှောက်ပါ၏။
မေ သစေ န သဒ္ဒဟထ၊ ကျွန်တော်မျိုးအား အကယ်၍ ယုံကြည်တော်မမူကြအံံ။ မနုဿေ ပေသေတွာ၊ လူတို့ကို စေလွှတ်၍။ ပစ္စန္တဂါမံ ဟနာပေထ၊ ပစ္စန္တရစ်ရွာကို ဖျက်ဆီးခိုင်းကြပါလော့။ တေ မနုဿေ ဂဟေတွာ၊ ဖျက်ဆီးသည့် ထိုလူတို့ကို ဖမ်းယူ၍။ အတ္တနော သန္တိကံ နီတေ၊ မိမိ၏ အထံသို့ ပို့ဆောင်ခံရသူတို့ကို။ ဓနံ ဒတွာ ဝိဿဇ္ဇေဿတီတိ၊ ဥစ္စာကို ပေး၍ လွှတ်လတံံ့"ဟု လျှောက်ပြီ။
ရာဇာ၊ ကောသလမင်းသည်။ "အယံ အတိဝိယ၊ ဤအမတ်သည် အလွန်လျှင်။ သူရော ဟုတွာ ဝဒတိ၊ ရဲရင့်သည်ဖြစ်၍ လျှောက်၏။ တာဝ ဝီမံသိဿာမီတိ၊ ရှေးဦးစွာ စုံစမ်းအံံ" ဟုတွေး၍။ အတ္တနော ပုရိသေ ပေသေတွာ၊ မိမိကောသလမင်း၏ မင်းချင်းယောက်ျားတို့ကို စေလွှတ်၍။ ပစ္စန္တဂါမံ ဟနာပေသိ၊ မဟာသီလဝမင်းကြီး၏ ပစ္စန္တရစ်ရွာကို ဖျက်ဆီးခိုင်းပြီ။
မနုဿာ တေ စောရေ ဂ‌ဟေတွာ၊ မဟာသီလဝမင်းကြီးလူတို့သည် ထိုခိုးသားတို့ကို ဖမ်းယူ၍။ ဗာရာဏသိရ‌ညော ဒဿေသုံ၊ ဗာရာဏသီမင်းအား ပြကြပြီ။
ရာဇာ တေ ဒိသွာ၊ မဟာသီလဝမင်းသည် ထိုခိုးသားတို့ကို တွေ့သော်။ "တာတ ကသ္မာ ဂါမံ၊ အို...ချစ်သားတို့ ဘာ့ကြောင့်ရွာကို။ ဟနထာတိ ပုစ္ဆိ၊ ဖျက်ဆီးကြသလဲ"ဟု မေးပြီ။
ဇီဝိတုံ အသက္ကောန္တာ‌ ဒေဝါတိ ဝုတ္တေ၊ အသက်မွေးခြင်းငှာ မစွမ်းနိုင်ကြ၍ပါ အရှင်မင်းကြီးဟုဖြေကြားအပ်သော်။ ရာဇာ၊ မဟာသီလဝမင်းသည်။ "အထ ကသ္မာ၊ ထိုသို့ဖြစ်လျှင် ဘာ့ကြောင့်။ မမ သန္တိကံ နာဂမိတ္ထ၊ ငါ၏အထံသို့ မလာကြသလဲ။ ဣဒါနိ ဣတော ပဋ္ဌာယ၊ ယခု ဤအချိန််မှ စ၍။ ဧဝရူပံ ကမ္မံ၊ ဤသို့သဘောရှိသော ခိုးဆိုးမှုကို။ မာ ကရိတ္ထာတိ၊ မပြုကြလင့်"ဟု ပြော၍။ တေသံ ဓနံ ဒတွာ ဝိဿဇ္ဇေသိ၊ ထိုခိုးသားတို့အား ဥစ္စာကို ပေး၍ လွှတ်လိုက်ပြီ။
တေ ဂန္တွာ၊ ထိုကောသလမင်းလူတို့သည် သွား၍။ ကောသလရညော တံ ပဝတ္တိံ အာရောစေသုံ၊ ကောသလမင်းအား ထိုသတင်းကို လျှောက်ထားကြပြီ။
သော ဧတ္တကေနာပိ ဂန္တုံ အဝိသဟန္တော၊ ထိုကောသလမင်းသည် ဤမျှဖြင့်လည်း သွားခြင်းငှာ မဝံ့ရကား။ ပုန မဇ္ဈေဇနပဒံ ဟနာပေသိ၊ တစ်ဖန် တိုင်းပြည်ဇနပုဒ် အလယ်ကို ဖျက်ဆီးခိုင်းပြီ။
တေပိ စောရေ ရာဇာ တထေဝ၊ ထိုခိုးသားတို့ကိုလည်း မဟာသီလဝသမင်းကြီးသည် ရှေးအတူပင်။ ဓနံ ဒတွာ ဝိဿဇ္ဇေသိ၊ ဥစ္စာကိုပေး၍ လွှတ်လိုက်ပြီ။
သော ဧတ္တကေနာပိ အဂန္တွာ၊ ထိုကောသလမင်းသည် ဤမျှဖြင့်လည်း တိုက်ခိုက်သိမ်းပိုက်ရန် မသွားသေးဘဲ။ ပုန ပေသေတွာ၊ တစ်ဖန် စေလွှတ်၍။ အန္တရဝီထိယံ ဝိလုမ္ပာပေသိ၊ မြို့တော်လမ်းကြား၌ လုယက်ခိုင်းပြီ။ ရာဇာ တေသမ္ပိ စောရာနံ၊ မဟာသီလဝမင်းကြီးသည် ထိုခိုးသားတို့အားလည်း။ ဓနံ ဒတွာ ဝိဿဇ္ဇေသိယေဝ၊ ဥစ္စာပေး၍ လွှတ်လိုက်သည်သာ။
တဒါ ကောသလရာဇာ၊ ထိုအခါ ကောသလမင်းသည်။ "အတိဝိယ ဓမ္မိကော ရာဇာတိ ဉတွာ၊ အလွန်ပင် တရားရှိသော မင်းတည်း"ဟု သိ၍။ "ဗာရာဏသိရဇ္ဇံ ဂဟေဿာမီတိ၊ ဗာရာဏသီမင်းအဖြစ်ကို ယူအံ့"ဟု တွေး၍။ ဗလဝါဟနံ အာဒါယ နိယျာသိ၊ စစ်သည်ဗိုလ်ပါကို ခေါ်ယူ၍ စစ်ထွက်လာပြီ။
တဒါ ပန ဗာရာဏသိရညော၊ ထိုအခါ၌ကား ဗာရာဏသီမင်းမှာ။ မတ္တဝါရဏေ အဘိမုခံ အာဂစ္ဆန္တေပိ၊ အမုန်ယစ်ဆင်သည် ရှေ့တည့်တည့်လာသော်လည်း။ အနိဝတ္တနဓမ္မာ၊ နောက်မဆုတ်သော သဘောရှိကုန်သော။ အသနိယာ သီသေ ပတန္တိယာပိ၊ မိုးကြိုးသည် ခေါင်းကို ပစ်ချပါသော်လည်း။ အသန္တသနသဘာဝါ၊ မလန့်သော သဘောရှိကုန််သော။ သီလဝမဟာရာဇဿ ရုစိယာ သတိ၊ မဟာသီလဝမင်းကြီး၏ အလိုဆန္ဒသည်ရှိသော်။ သကလဇမ္ဗုဒီပေ ရဇ္ဇံ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကမင်းအဖြစ်ကို။ ဂဟေတုံ သမတ္ထာ၊ ယူပေးခြင်းငှာ စွမ်းနိုင်ကုန်သော။ သဟဿမတ္တာ အဘေဇ္ဇဝရသူရာ၊ တစ်ထောင်မျှကုန််သော ဖြိုခွဲမရ, သတ္တိကောင်းလှကုန််သော။ မဟာယောဓာ ဟောန္တိ၊ စစ်ဗိုလ်ကြီးတို့သည် ရှိကုန်၏။
တေ၊ ထိုစစ်ဗိုလ်ကြီးတို့သည်။ "ကောသလရာဇာ အာဂစ္ဆတီတိ သုတွာ၊ ကောသလမင်းသည် စစ်ချီလာ၏"ဟု ကြားရ၍။ ရာဇာနံ ဥပသင်္ကမိတွာ၊ မဟာသီလဝမင်းကြီးသို့ ချဥ်းကပ်၍။ "ဒေဝ ကောသလရာဇာ၊ အို..အရှင်မင်းမြတ် ကောသလမင်းသည်။ ဗာရာဏသိ ရဇ္ဇံ ဂဏှိဿာမီတိ၊ ဗာရာဏသီမင်းအဖြစ်ကို ယူအံံံ့ဟု။ အာဂစ္ဆတိ ကိရ၊ စစ်ချီလာသတဲ့။ ဂစ္ဆာမ၊ သွားကြစို့။ နံ အမှာကံ ရဇ္ဇသီမံ၊ ထိုကောသလမင်းကို အကျွန်ုပ်တို့၏ တိုင်းပြည်အပိုင်းအခြားသို့။ အနောက္ကန္တမေဝ ပေါထေတွာ၊ မဆိုက်ရောက်မီပင် ရိုက်ပုတ်၍။ ဂဏှာမာတိ ဝဒိံသု၊ ဖမ်းကြပါစို့"ဟု လျှောက်ထားကြပြီ။
ရာဇာ၊ မဟာသီလဝမင်းကြီးသည်။ "တာတာ မံ နိဿာယ၊ အို..ချစ်သားတို့ ငါ့ကိုအမှီပြု၍။ အညေသံ ကိလမနကိစ္စံ နတ္ထိ၊ အခြားသူတို့အား ပင်ပန်းဖွယ်ကိစ္စသည် မရှိ။ ရဇ္ဇတ္ထိကော ရဇ္ဇံ ဂဏှာတု၊ မင်းအဖြစ်အလိုရှိသူသည် မင်းအဖြစ်ကို ယူပါစေ။ မာဂမိတ္ထာတိ နိဝါရေသိ၊ မသွားကြလင့်"ဟု တားမြစ်ပြီ။
ကောသလရာဇာ ရဇ္ဇသီမံ အတိက္ကမိတွာ၊ ကောသလမင်းသည် တိုင်းပြည်အပိုင်းအခြားကိုကျော်လွန်၍။ ဇနပဒမဇ္ဈံ ပါဝိသိ၊ တိုင်းပြည်ဇနပုဒ်အလယ်သို့ ဝင်ရောက်ပြီ။
အမစ္စာ ပုနပိ ရာဇာနံ ဥပသင်္ကမိတွာ၊ ဆိုင်ရာမှူးမတ်တို့သည် တစ်ဖန်လည်း မဟာသီလဝမင်းကြီးကို ချဉ်းကပ်၍။ တထေဝ ဝဒိံသု၊ ထိုရှေးအတူသာ လျှောက်ထားကြပြီ။ ရာဇာ ပုရိမနယေနေဝ နိဝါရေသိ၊ မဟာသီလဝမင်းကြီးသည် ရှေးနည်းဖြင့်ပင် တားမြစ်၏။
ကောသလရာဇာ ဗဟိ နဂရေ ဌတွာ၊ ကောသလမင်းသည် ဗာရာဏသီမြို့ပြင်၌ တည်၍။ ရဇ္ဇံ ဝါ ယုဒ္ဓံ ဝါ ဒေတူတိ၊ မင်းအဖြစ်ကိုသော်လည်းကောင်း စစ်တိုက်ခြင်းကိုသော်လည်းကောင်း ပေးလော့ဟု။ သီလဝမဟာရာဇဿ သာသနံ ပေသေသိ၊ မဟာသီလဝမင်းကြီးအား သတင်းလွှာကို ပို့စေပြီ။
ရာဇာ တံ သုတွာ၊ မဟာသီလဝမင်းကြီးသည် ထိုသတင်းလွှာကို ကြားရ၍။ မယာ သဒ္ဓိံ ယုဒ္ဓံ နတ္ထိ၊ ငါနှင့်အတူ စစ်တိုက်ခြင်းသည် မရှိ။ ရဇ္ဇံ ဂဏှာတူတိ၊ မင်းအဖြစ်ကို ယူလော့"ဟု။ ပဋိသာသနံ ပေသေသိ၊ ပြန််ကြားလွှာကို ပို့စေပြီ။
ပုနပိ အမစ္စာ၊ တစ်ဖန်လည်း ဆိုင်ရာမှူးမတ်တို့သည်။ ရာဇာနံ ဥပသင်္ကမိတွာ၊ မဟာသီလဝမင်းကြီးကို ချဉ်းကပ်၍။ "ဒေဝ မယံ ကောသလရညော၊ အရှင်မင်းကြီး ကျွန်တော်မျိုးတို့သည် ကောသ‌လမင်းအား။ နဂရံ ပဝိသိတုံ န ဒေမ၊ ဗာရာဏသီမြို့တော်သို့ ဝင်ခြင်းငှာ မပေးကုန််အံ့။ ဗဟိနဂ‌ရေယေဝ နံ ပေါထေတွာ၊ မြို့တော်ပြင်ပ၌ပင် ထိုကောသလမင်းကို ရိုက်ပုတ်၍။ ဂဏှာမာတိ အာဟံသု၊ ဖမ်းယူကြပါမည်" ဟု လျှောက်ကုန််ပြီ။ ရာဇာ ပုရိမနယေနေဝ နိဝါရေတွာ၊ မဟာသီလဝမင်းကြီးသည် ရှေးနည်းဖြင့်ပင် တားမြစ်၍။ နဂရဒွါရာနိ ဝိဝရာပေတွာ၊ မြို့တော်တံခါးတို့ကို ဖွင့်လှစ်စေ၍။ အမစ္စသဟဿေန သဒ္ဓိံ၊ အမတ်တစ်ထောင်နှင့် အတူ။ မဟာတလေ ပလ္လင်္ကမဇ္ဈေ နိသီဒိ၊ မြင့်မြတ်သောအပြင်၌ ပလ္လင်အလယ်၌ ထိုင်နေပြီ။
ကောသလရာဇာ မဟန္တေန ဗလဝါဟနေန၊ ကောသလမင်းသည် များစွာသော စစ်သည်ဗိုလ်ပါနှင့် အတူ။ ဗာရာဏသိံ ပါဝိသိ၊ ဗာရာဏသီမြို့သို့ ဝင်ပြီ။
သော ဧကမ္ပိ ပဋိသတ္တုံ အပဿန္တော၊ ထိုကောသလမင်းသည် တစ်ယောက်သော်မျှလည်းဖြစ်သော ဆန့်ကျင်ဘက်ရန်သူကို မတွေ့ရဘဲ။ ရညော နိဝေသနဒွါရံ ဂန္တွာ၊ မဟာသီလဝမင်းကြီး၏ နန်းတော်တံခါးသို့ သွား၍။ အမစ္စဂဏပရိဝုတော အပါရုတဒွါရေ နိဝေသနေ၊ အမတ်အပေါင်းခြံရံအပ်လျက် မပိတ်အပ်သော တံခါးရှိသော နန်းတော်၌။ အလင်္ကတပဋိယတ္တံ မဟာတလံ အာရုယှ၊ တန်ဆာဆင်မှုနှင့်ယှဥ်စပ်သော မြင့်မြတ်သော နန်းကြမ်းပြင်သို့ တက်၍။ နိသိန္နံ နိရာပရာဓံ သီလဝမဟာရာဇာနံ၊ ထိုင်နေသော အပြစ်မရှိသော မဟာသီလဝမင်းကြီးကို။ အမစ္စသဟဿေန သဒ္ဓိံ ဂဏှာပေတွာ၊ အမတ်တစ်ထောင်နှင့် အတူ ဖမ်းယူစေ၍။ "ဂစ္ဆထ၊ သွားကြ။ ဣမံ ရာဇာနံ အမစ္စေဟိ သဒ္ဓိံ၊ ဤမဟာသီလဝမင်းကို အမတ်တို့နှင့်အတူ။ ပစ္ဆာဗာဟံ ဂါဠှဗန္ဓနံ ဗန္ဓိတွာ၊ နောက်၌ လက်မောင်းရှိသော ခိုင်မြဲသော ဖွဲ့ချည်ခြင်းကို ဖွဲ့ချည်၍။ အာမကသုသာနံ နေတွာ၊ အစိမ််းသေပစ်ရာ သုသာန်သို့ ဆောင်ယူ၍။ ဂလပ္ပမာဏေ အာဝါဋေ ခနိတွာ၊ လည်ပင်းပမာဏအနက်ရှိကုန််သော တွင်းတို့ကို တူး၍။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ (နိခနိယမာနော၊ မြှုပ်အပ်သော်။) ဧကောပိ ဟတ္တံ ဥက္ခိပိတုံ န သက္ကောတိ၊ တစ်ယောက်သည်သော်မှလည်း လက်ကို မြှောက်ခြင်းငှာ မစွမ်းနိုင်။ ဧဝံ၊ ဤသို့ တစ်ယောက်မှ လက်မမြှောက်နိုင်အောင်။ ပံသုံ ပက္ခိပိတွာ နိခနထ၊ မြေမှုန့်ကို ထည့်၍ မြှပ်ကြလော့။ ရတ္တိံ သိင်္ဂါလာ အာဂန္တွာ၊ ည၌ တောခွေးတို့သည် လာကြ၍။ ဧတေသံ ကာတဗ္ဗယုတ္တကံ၊ ထိုမင်း, အမတ်တို့အပေါ်ပြုထိုက်သည်နှင့်ယှဉ်စပ်သည်ကို။ ကရိဿန္တီတိ အာဟ၊ ပြုကြလိမ့်မည်"ဟု ပြောပြီ။
မနုဿာ စောရရညော၊ လူတို့သည် ခိုးသားဓားပြ မင်းကောသလ၏။ အာဏံ သုတွာ၊ အမိန့်အာဏာကို ကြားရ၍။ ရာဇာနံ အမစ္စေဟိ သဒ္ဓိံ၊ မဟာသီလဝမင်းကြီးကို အမတ်တို့နှင့် အတူ။ ပစ္ဆာဗာဟံ ဂါဠှဗန္ဓနံ၊ နောက်၌ လက်မောင်းရှိသော မြဲစွာသော ဖွဲ့ချည်ခြင်းကို။ ဗန္ဓိတွာ နိက္ခမိံသု၊ ဖွဲ့ချည်၍ မြို့မှ ထွက်ခဲ့ကြပြီ။
တသ္မိမ္ပိ ကာလေ သီလဝမဟာရာဇာ၊ ထိုအခါ၌လည်း မဟာသီလဝမင်းကြီးသည်။ စောရရညော အာဃာတမတ္တမ္ပိ နာကာသိ၊ ဓားပြမင်း ကောသလအား စိတ်ဆိုးခြင်းကိုသော်မျှလည်း မပြုပြီ။
ဧဝံ ဗန္ဓိတွာ နီယမာနေသု၊ ဤသို့ ဖွဲ့ချည်၍ ဆောင်ယူခံရကုန်သော။ တေသုပိ အမစ္စေသု ဧကောပိ၊ ထိုအမတ်တို့တွင်လည်း အမတ်တစ်ယောက်သည်သော်မျှလည်း။ ရညော ဝစနံ ဘိန္ဒိတုံ၊ မဟာသီလဝမင်းကြီး၏ စကားကို ဖောက်ဖျက်ခြင်းငှာ။ သမတ္ထော နာမ နာဟောသိ၊ စွမ်းနိုင်သူမည်သည် မရှိပြီ။
အဿ ပရိသာ၊ ထိုမဟာသီလဝမင်းကြီး၏ အခြွေအရံ ပရိသတ်ကို။ ဧဝံ သုဝိနီတာ ကိရ၊ ဤသို့အထိ ကောင်းစွာ ဆုံးမသင်ပြ ထားအပ်ပြီတဲ့။
အထ တေ ရာဇပုရိသာ၊ ထိုအခါ၌ ထိုကောသလမင်း၏ မင်းချင်းယောကျ်ားတို့သည်။ သာမစ္စံ သီလဝမဟာရာဇာနံ၊ အမတ်ပေါင်းနှင့် တကွသော မဟာသီလဝမင်းကြီးကို။ အာမကသုသာနံ နေတွာ၊ အစိမ်းသေပစ်ရာ သုသာန်သို့ ဆောင်ယူ၍။ ဂလပ္ပမာဏေ အာဝါဋေ ခနိတွာ၊ လည်မျိုပမာဏအနက်ရှိကုန်သော တွင်းတို့ကို တူးကြ၍။ သီလဝမဟာရာဇာနံ မဇ္ဈေ၊ မဟာသီလဝမင်းကြီးကို အလယ်၌။ ဥဘောသု ပဿေသု သေသအမစ္စေ၊ ဘေးနံပါးနှစ်ဖက်တို့၌ ကျန်အမတ်တို့ကို။ ဣတိ ဧဝံ သဗ္ဗေပိ၊ ဤသို့ မင်းနှင့် အမတ် အားလုံးတို့ကိုလည်း။ အာဝါ‌ဋေသု ဩတာရေတွာ၊ တွင်းတို့၌ ဆင်းစေ၍။ ပံသုံ အာကိရိတွာ၊ မြေမှုန့်ကို လောင်းထည့်၍။ ဃနံ အာကောဋေတွာ အဂမံသု၊ တစ်ခဲနက် ဖို့သိပ်၍ သွားကြပြီ။
တဒါ သီလဝမဟာရာဇာ၊ ထိုအခါ မဟာသီလဝမင်းကြီးသည်။ အမစ္စေ အာမန္တေတွာ၊ အမတ်တို့ကို အော်ပြော၍။ "စောရရညော ဥပရိ၊ ဓားပြမင်း ကောသလ၏ အပေါ်၌။ ကောပံ အကတွာ၊ အမျက်ဒေါသကို မပြုမူ၍။ မေတ္တံ ဧဝ ဘာဝေထ၊ မေတ္တာကိုသာ ပွားကြလော့။ တာတာ"တိ ဩဝဒိ၊ ချစ်သားတို့ဟု ဆုံးမပြီ။
အထ အဍ္ဎရတ္တသမယေ၊ ထိုအခါ ညသန်းခေါင်အချိန်၌။ "မနုဿမံသံ ခါဒိဿာမာတိ၊ လူသားကို စားကြအံ့"ဟု တွေး၍။ သိင်္ဂါလာ အာဂမိံသု၊ တောခွေးတို့သည် လာကြပြီ။
တေ ဒိသွာ၊ ထိုတောခွေးတို့ကို မြင်၍။ ရာဇာ စ အမစ္စာ စ ဧကပ္ပဟာရေနေဝ၊ မဟာသီလဝမင်းကြီးသည်လည်းကောင်း အမတ်တို့သည်လည်းကောင်း တစ်ပဟိုရ်တည်း တစ်ချိန်တည်းဖြင့်ပင်။ သဒ္ဒံ အကံသု၊ အသံကို ပြုကုန်ပြီ။ သိင်္ဂါလာ ဘီတာ ပလာယိံသု၊ တောခွေးတို့သည် ကြောက်ကြ၍ ပြေးကုန်ပြီ။
တေ နိဝတ္တိတွာ ဩလောကေန္တာ၊ ထို‌တောခွေးတို့ကို ပြန်လည်၍ ကြည့်ကြသော်။ ပစ္ဆတော ကဿစိ၊ နောက်မှ တစ်ယောက်မျှ၏။ အနာဂမနဘာဝံ ဉတွာ၊ မလာကြောင်းကို သိ၍။ ပုန ပစ္စာဂမိံသု၊ တစ်ဖန်ပြန်လာကုန်ပြီ။
ဣတရေပိ တထေဝ၊ သည့်ပြင်မင်းနှင့်အမတ်တို့သည်လည်း ထိုရှေးအတူသာ။ သဒ္ဒံ အကံသု၊ အသံကို ပြုကုန််ပြီ။
ဧဝံ ယာဝတတိယံ ပလာယိတွာ၊ ဤသို့ သုံးကြိမ်တိုင်အောင် ပြေးကြပြီး၍။ ပုန ဩလောကေန္တာ၊ တစ်ဖန် ကြည့်ကုန်သော်။ တေသု ဧကဿပိ၊ ထိုမင်းနှင့်အမတ််တို့တွင် တစ်ယောက်၏သော်မှလည်း။ အနာဂမနဘာဝံ ဉတွာ၊ မလာကြောင်းကို သိ၍။ "ဧတေ ဝဇ္ဈပ္ပတ္တာ ဘဝိဿန္တီတိ၊ ဤသူတို့ကား အသတ် ခံရမည့်သူအဖြစ် ရောက်ကြသူတို့သည် ဖြစ်ကြလိမ့်မည်" ဟု တွေး၍။ သုရာ ဟုတွာ နိဝတ္တိတွာ၊ ရဲကြသည် ဖြစ်၍ ပြန်လည်၍။ ပုန တေသု၊ တစ်ဖန် ထိုမင်းနှင့်အမတ်တို့သည်။ သဒ္ဒံ ကရောန္တေသုပိ န ပလာယိံသု၊ အသံကို ပြုကြသော်လည်း မပြေးကုန်ပြီ။
ဇေဋ္ဌကသိင်္ဂါလော ရာဇာနံ ဥပဂဉ္ဆိ၊ အကြီးဆုံးတောခွေးသည် မဟာသီလဝမင်းကြီးသို့ ကပ်ရောက်ပြီ။ သေသာ သိင်္ဂါလာ သေသာနံ အမစ္စာနံ၊ ကြွင်းကျန်ကုန်သော တောခွေးတို့သည် ကြွင်းကျန််ကုန််သော အမတ်တို့၏။ သန္တိကံ အဂမံသု၊ အထံသို့ သွားကြပြီ။
ဥပါယကုသလော ရာဇာ၊ နည်းလမ်းကျွမ်းကျင်သော မဟာသီလဝမင်းကြီးသည်။ တဿ အတ္တနော၊ ထိုတောခွေးကြီး၏ မိမိ၏။ သန္တိကံ အာဂတဘာဝံ ဉတွာ၊ အထံသို့ လာကြောင်းကို သိ၍။ ဍံသိတုံ ဩကာသံ ဒေန္တော ဝိယ၊ ကိုက်ဖို့ရာ အခွင့်ကို ပေးသကဲ့သို့။ ဂီဝံ ဥက္ခိပိတွာ၊ လည်ပင်းကို မော့၍။ ဂီဝါယ ဍံသမာနံ တံ၊ လည်ပင်း၌ ကိုက်ဖို့ပြင်နေသော‌ ထိုတောခွေးကြီးကို။ ဟနုကဋ္ဌိကေန အာကဍ္ဎိတွာ၊ မေးရိုးဖြင့် ဆွဲငင်၍။ ယန္တေ ပက္ခိပိတွာ၊ သံညှပ်ယန္တရား၌ ထည့်၍။ (ဂဏှာတိ) ဝိယ၊ (ယူဘိ) သကဲ့သို့။ ဂါဠှံ ဂဏှိ၊ မြဲမြံစွာ ဖမ်းယူပြီ။ နာဂဗလေန ရညာ၊ ဆင်ပြောင်ကဲ့သို့ အားရှိသော မဟာသီလဝ မင်းကြီးသည်။ ဟနုကဋ္ဌိကေန အာကဍ္ဎိတွာ၊ မေးရိုးဖြင့် ဆွဲငင်၍။ ဂီဝါယ ဂါဠှံ ဂဟိတသိင်္ဂါလော၊ လည်ပင်း၌ မြဲစွာဖမ်းယူခံရသော တောခွေးကြီးသည်။ အတ္တာနံ မောစေတုံ အသက္ကောန္တော၊ မိမိကိုယ်ကို လွတ်စေခြင်းငှာ မစွမ််းနိုင်ရကား။ မရဏဘယတဇ္ဇိတော မဟာဝိရဝံ ဝိရဝိ၊ သေဘေးခြိမ်းခြောက်ခံရ၍ ကြီးစွာသော အသံကို မြည်တွန်ပြီ။
အဝသေသာ သိင်္ဂါလာ၊ ကြွင်းကျန်ကုန်သော တောခွေးတို့သည်။ တဿ တံ အဍ္ဍဿရံ သုတွာ၊ ထိုတောခွေးကြီး၏ ထိုနာကျင်၍ ကျယ်လောင်သော အသံကို ကြားကုန်၍။ "ဧကေန ပုရိသေန၊ တစ်ယောက်သော ယောကျ်ားသည်။ သုဂ္ဂဟိတော ဘဝိဿတီတိ၊ ကောင်းစွာဖမ်းယူအပ်သည် ဖြစ်လတ္တံ" ဟု တွေး၍။ အမစ္စေ ဥပသင်္ကမိတုံ အသက္ကောန္တာ၊ အမတ်တို့ကို ချဉ်းကပ်ခြင်းငှာ မစွမ်းနိုင်ကြဘဲ။ မရဏဘယတဇ္ဇိတာ သဗ္ဗေ ပလာယိံသု၊ သေဘေးခြိမ်းခြောက်ခံကြရ၍ ကျန်တောခွေးအားလုံးတို့သည် ပြေးကုန်ပြီ။
ရညော ဟနုကဋ္ဌိကေန၊ မဟာသီလဝမင်းကြီးသည် မေးရိုးဖြင့်။ ဒဠှံ ကတွာ ဂဟိတသိင်္ဂါလေ၊ မြဲမြံစွာပြု၍ ဖမ်းယူအပ်သော တောခွေးသည်။ အပရာပရံ သဉ္စရန္တေ၊ ဟိုမှ ဒီမှ လွန်စွာ သွားလာလှုပ်ရှားသော်။ ပံသု သိထိလာ အဟောသိ၊ မြေမှုန့်သည် လျော့သည်ဖြစ်ပြီ။
သောပိ သိင်္ဂါလော မရဏဘယဘီတော၊ ထိုတောခွေးသည်လည်း သေဘေးကြောက်၍။ စတူဟိ ပါဒေဟိ၊ လေးချောင်းကုန်သော ခြေတို့ဖြင့်။ ရညော ဥပရိဘာဂေ၊ မဟာာသီလမင်းကြီး၏ အထက် အဖို့၌။ ပံသုံ အပဗျူဟိ၊ မြေမှုန့်ကို ယက်ထုတ်ပြီ။ ရာဇာ၊ မဟာသီလဝမင်းကြီးသည်။ ပံသုနော သိထိလဘာဝံ ဉတွာ၊ မြေမှုန့်၏ လျော့ကြောင်းကို သိ၍။ သိင်္ဂါလံ ဝိဿဇ္ဇေတွာ၊ တောခွေးကို လွှတ်၍။ နာဂဗာလော ထာမသမ္ပန္နော၊ ဆင်ပြောင်ကဲ့သို့ အားရှိ၍ အားအစွမ်းနှင့် ပြည့်စုံ၍။ အပရာပရံ သဉ္စရန္တော၊ ဟိုမှဒီမှ ‌ကောင်းစွာ လှုပ်ရှားလျက်။ ဥဘော ဟတ္ထေ ဥက္ခိပိတွာ၊ နှစ်ဘက်ကုန်သော လက်တို့ကို မြှောက်၍။ အာဝါဋမုခဝဋ္ဋိယံ ဩလုဗ္ဘ၊ တွင်းနှုတ််ခမ်းရေး၌ ထောက်၍။ ဝါတစ္ဆိန္နဝလာဟကော ဝိယ နိက္ခမိတွာ၊ လေအဟုန်ဖြတ်ချလိုက်သော တိမ််တိုက်ကဲ့သို့ တွင်းမှထွက်၍ တက်၍။ ဌိတော အမစ္စေ အဿာသေတွာ၊ ရပ်လျက် အမတ်တို့ကို သက်သာရာ ရစေ၍။ ပံသုံ ဝိယူဟိတွာ၊ မြေမှုန့်တို့ကို ယက်၍။ သဗ္ဗေ ဥဒ္ဓရိတွာ၊ အမတ်အားလုံးတို့ကို တွင်းမှ ထုတ်ဆောင်၍။ အမစ္စပရိဝုတော အာမကသုသာနေ အဋ္ဌာသိ၊ အမတ်အပေါင်းခြံရံအပ်လျက် အစိမ်းသေပစ်ရာ သုသာန်၌ တည်နေပြီ။
တသ္မိံ သမယေ မနုဿာ၊ ထိုအခါ လူတို့သည်။ ဧကံ မတမနုဿံ၊ တစ်ယောက်သော လူသေကို။ အာမကသုသာနေ ဆဍ္ဍေန္တာ၊ အစိမ်းသေပစ်ရာ သုသာန််၌ စွန့်ပစ်ကြသော်။ ဒွိန္နံ ယက္ခာနံ၊ နှစ်ကောင်ကုန်သော ဘီလူးတို့၏။ သီမန္တရိကာယ ဆ‌ဍ္ဍေသုံ၊ ပိုင်နက်အတွင်း၌ စွန့်ပစ်ကုန််ပြီ။
တေ ယက္ခာ တံ မတမနုဿံ၊ ထိုဘီလူးတို့သည် ထိုလူသေကို။ ဘာဇေတုံ အသက္ကော‌န္တာ၊ ခွဲဝေခြင်းငှာ မစွမ််းနိုင်ကြရကား။ "မယံ ဣမံ၊ ငါတို့သည် ဤလူသေကို။ ဘာဇေတုံ န သက္ကောမ၊ သင့်မြတ်အောင်ဝေခြင်းငှာ မစွမ်းကုန်။ အယံ သီလဝရာဇာ ဓမ္မိကော၊ ဤမဟာသီလဝမင်းကြီးသည် တရားရှိ၏။ ဧသော နော၊ ဤမဟာသီလဝမင်းကြီးသည် ငါတို့အား။ ဘာဇေတွာ ဒဿတိ၊ ဝေ၍ ပေးလတ္တံ။ ဧတဿ သန္တိကံ၊ ထိုမဟာသီလဝမင်းကြီး၏ အထံသို့။ ဂစ္ဆာမာတိ၊ သွားကြစို့"ဟု ပြော၍။ တံ မတမနုဿံ ပါဒေ ဂဟေတွာ၊ ထိုလူသေကောင်၏ ခြေကို ကိုင်၍။ အာကဍ္ဎန္တာ ရညော သန္တိကံ ဂန္တွာ၊ ဆွဲကြလျက် မဟာသီလဝမင်းကြီး၏ အထံသို့ သွား၍။ "ဒေဝ အမှာကံ ဣမံ မတကံ၊ အရှင်မင်းကြီး အကျွန်ုပ်တို့အား ဤလူသေကောင်ကို။ ဘာဇေတွာ ဒေဟီတိ အာဟံသု၊ ဝေ၍ ပေးတော်မူပါ"ဟု ပြောကြပြီ။
ဘော ယက္ခာ အဟံ ဣမံ၊ အို..ဘီလူးတို့ ငါသည် ဤအသေကောင်ကို။ တုမှာကံ ဘာဇေတွာ ဒဒေယျံ၊ သင်တို့အား ဝေ၍ ပေးချင်ပါ၏။ ပန အပရိသုဒ္ဓေါ အမှိ၊ သို့သော်လည်း မစင်ကြယ်သည် ဖြစ်၏။ နှာယိဿာမိ တာဝါတိ၊ မဝေမီ ရေအရင်ချိုးမည်ဟု ပြောပြီ။
ယက္ခာ စောရရညော ဌပိတံ၊ ဘီလူးတို့သည် ဓားပြမင်းအတွက် ထားအပ်သော။ ဝါသိတဥဒကံ အတ္တနော အာနုဘာဝေန အာဟရိတွာ၊ အမွှေးနံ့သာ ထုံအပ်သော ရေကို မိမိတို့၏ တန််ခိုးဖြင့် ဆောင်ယူ၍။ ရညော နှာနတ္ထာယ အဒံသု၊ မဟာသီလဝမင်းကြီးအား‌ ရေချိုးဖို့ ပေးဆက်ကုန််ပြီ။
နှတွာ ဌိတဿ၊ ‌ရေချိုးပြီး၍ ရပ်တည်နေသော မဟာသီလဝမင်းကြီးအား။ သံဟရိတွာ ဌပိတေ၊ ခေါက်၍ ထားအပ်ကုန်သော။ စောရရညော သာဋကေ၊ ဓားပြမင်း၏ အဝတ်တို့ကို။ အာဟရိတွာ အဒံသု၊ ဆောင်ယူ၍ ပေးကြပြီ။ တေ နိဝါသေတွာ ဌိတဿ၊ ထိုအဝတ်တို့ကို ကိုယ်ပေါ်နေစေ၍ (ဝတ်၍) ရပ်တည်နေသော မဟာသီလဝမင်းကြီးအား။ စတုဇ္ဇာတိယဂန္ဓသမုဂ္ဂံ အာဟရိတွာ အဒံသု၊ ကုင်္ကုမံ, လေးညှင်း, တောင်ဇလပ်, ကမျဉ်း နံ့သာလေးမျိုးရှိသော ကြုတ်ကို ယူ၍ ဆက်သကုန်ပြီ။ ဂန္ဓေ ဝိလိမ္ပိတွာ ဌိတဿ၊ နံ့သာတို့ကို လိမ်းကျံပြီး၍ တည်နေသော မဟာသီလဝမင်းကြီးအား။ သုဝဏ္ဏသမုဂ္ဂေ မဏိတာလဝဏ္ဋေသု၊ ရွှေကြုတ်၌လည်းကောင်း ပတ္တမြားယပ်ဝန်းတို့၌လည်းကောင်း။ ဌပိတာနိ နာနာပုပ္ဖါနိ၊ ထားအပ်ကုန်သော ပန်းအမျိုးမျိုးတို့ကို။ အာဟရိတွာ အဒံသု၊ ယူ၍ ဆက်ကုန်ပြီ။
ပုပ္ဖါနိ ပိဠန္ဓိတွာ ဌိတကာလေ၊ ပန်းတို့ကို ပန်၍ တည်ရာအခါ၌။ "အညံ ကိံ ကရောမာတိ ပုစ္ဆိံသု၊ အခြားသော အဘယ်အမှုကို ပြုရကုန််အံ့နည်း"ဟု မေးကြပြီ။
ရာဇာ အတ္တနော ဆာတကာကာရံ ဒဿေသိ၊ မဟာသီလဝမင်းကြီးသည် မိမိ၏ ဆာလောင်ပုံကို ပြပြီ။ တေ ဂန္တွာ၊ ထိုဘီလူးတို့သည် သွားကြ၍။ စောရရညော သမ္ပာဒိတံ နာနဂ္ဂရသဘောဇနံ၊ ဓားပြမင်းအတွက် ကောင်းစွာ ဖြစ်စေအပ်သော အထူးထူးကောင်းမြတ်သော အရသာရှိသော ဘောဇဥ်ကို။ အာဟရိတွာ အဒံသု၊ ဆောင်ယူ၍ ဆက်ကြပြီ။ ရာဇာ နှာတာနုလိတ္တော၊ မဟာသီလဝမင်းကြီးသည် ‌ရေချိုးပြီးလိမ််းကျံပြီးသော်။ သုမဏ္ဍိတပ္ပသာဓိတော၊ ‌ ကောင်းသော တန်ဆာဖြင့် တန်ဆာဆင်အပ်ပြီးသော်။ နာနဂ္ဂရသဘောဇနံ ဘုဉ္ဇိ၊ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကို စားပြီ။
ယက္ခာ စောရရညော ဌပိတံ၊ ဘီလူးတို့သည် ဓားပြမင်းအတွက် ထားအပ်သော။ ဝါသိတပါနီယံ သုဝဏ္ဏဘိင်္ကာရေနေဝ၊ နံ့သာထုံအပ်သော သောက်တော်ရေတော်ကို ရွှေကရားဖြင့်ပင်။ သုဝဏ္ဏသရကေနပိ သဒ္ဓိံ၊ ရွှေရေသောက်ခွက်နှင့်လည်း အတူ။ အာဟရိံသု၊ ဆောင်ယူကြပြီ။
အထ အဿ၊ ထိုအခါ မဟာသီလဝမင်းကြီး၏။ ပါနီယံ ပိဝိတွာ၊ ‌ သောက်ရေကို သောက်ပြီး၍။ မုခံ ဝိက္ခာလေတွာ၊ ခံတွင်းကို လုပ်ဆေး၍။ ဟတ္ထေ ဓောဝိတွာ၊ လက်တို့ကို ဆေးကြော၍။ ဌိတကာလေ၊ တည်ရာအခါ၌။ စောရရညော သမ္ပာဒိတံ၊ ဓားပြမင်းအတွက် ဖြစ်စေအပ်သော။ ပဉ္စသုဂန္ဓိကသုပရိဘာဝိတံ တမ္ဗူလံ၊ အနံ့ကောင်းရှိသော ငါးမျိုးဖြင့် ကောင်းစွာထုံအပ်သော ကွမ်းကို။ အာဟရိတွာ အဒံသု၊ ယူ၍ ဆက်ကြပြီ။
တံ ခါဒိတွာ ဌိတကာလေ၊ ထိုကွမ်းကိုစား၍ တည်ရာအခါ၌။ "အညံ ကိံ၊ အခြားသော အဘယ်အမှုကို။ ကရောမာတိ ပုစ္ဆိံသု၊ ပြုရကုန်အံ့နည်း"ဟု မေးကြပြီ။
ဂန္တွာ စောရရညော ဥဿီသကေ၊ သွား၍ ဓားပြမင်း၏‌ ခေါင်းရင်း၌။ နိက္ခိတ္တံ မင်္ဂလခဂ္ဂံ အာဟရထာတိ၊ ထားအပ်သော မင်္ဂလာသန်လျက်ကို ဆောင်ယူခဲ့ကြဟု ပြောပြီ။
တမ္ပိ ဂန္တွာ အာဟရိံသု၊ ထိုသန််လျက်ကိုလည်း သွား၍ ဆောင်ယူခဲ့ကြပြီ။
ရာဇာ တံ ခဂ္ဂံ ဂဟေတွာ၊ မဟာသီလဝမင်းကြီးသည် ထိုသန််လျက်ကို ကိုင်၍။ တံ မတမနုဿံ ဥဇုကံ ဌပါပေတွာ၊ ထိုလူသေကောင်ကို တည့်တည့်ထား ခိုင်း၍။ မတ္ထကမဇ္ဈေ အသိနာ ပဟရိတွာ၊ ခေါင်းအလယ်၌ သန်လျက်ဖြင့် ခွဲဖြတ်၍။ ဒွေ ကောဋ္ဌာသေ ကတွာ၊ နှစ်ပိုင်းတို့ကို ပြု၍။ ဒွိန္နံ ယက္ခာနံ သမဝိဘတ္တမေဝ၊ နှစ်ကောင်ကုန်သော ဘီလူးတို့အား အညီအမျှဝေဖန်အပ်သည်ကိုသာ။ ဝိဘဇိတွာ အဒါသိ၊ ဝေ၍ ပေးပြီ။ စ ပန ဒတွာ၊ ဆက်၍ အထူးပြုရသော် ဝေပေးပြီး၍။ ခဂ္ဂံ ဓောဝိတွာ၊ သန်လျက်ကို ဆေး၍။ သန္နယှိတွာ အဋ္ဌာသိ၊ လွယ်၍ တည်ပြီ။
အထ တေ ယက္ခာ၊ ထိုအခါထိုဘီလူးနှစ်ကောင်တို့သည်။ မနုဿမံသံ ခါဒိတွာ၊ လူသားကို စားကြပြီး၍။ သုဟိတာ ဟုတွာ တုဋ္ဌစိတ္တာ၊ ဝကုန််သည်ဖြစ်၍ နှစ်သက်သော စိတ်ရှိကြ၍။ "မဟာရာဇာ တေ၊ အို အရှင်မင်းကြီး သင်မင်းကြီး၏။ ကိံ အညံ၊ အဘယ်မည်သော အခြားအမှုကို။ ကရောမာတိ ပုစ္ဆိံသု၊ ပြုရကုန်အံ့နည်း"ဟု မေးကြပြီ။
တေန ဟိ တုမှေ၊ ထိုသို့ဖြစ်လျှင် သင်တို့သည်။ အတ္တနော အာနုဘာဝေန မံ၊ မိမိတို့၏ တန်ခိုးဖြင့် ငါ့ကို။ စောရရ‌ညော သိရိဂဗ္ဘေ ဩတာရေထ၊ ဓားပြမင်း၏ ကျက်သရေခန်း၌ ချထားကြလော့။ ဣမေ စ အမစ္စေ၊ ဤအမတ်တို့ကိုလည်း။ အတ္တနော အတ္တနော ဂေဟေသု၊ မိမိ၏ မိမိ၏ အိမ်တို့၌။ ပတိဋ္ဌာပေထာတိ၊ ထားကြလော့"ဟု ပြောပြီ။
တေ၊ ထိုဘီလူးတို့သည်။ သာဓု ဒေဝါတိ သမ္ပဋိစ္ဆိတွာ၊ ကောင်းပါပြီ အရှင်မင်းကြီးဟု ဝန်ခံကြ၍။ တထာ အကံသု၊ ထိုဝန််ခံသည့်နှင့်အတူ ပြုကြပြီ။
တသ္မိံ သမယေ စောရရာဇာ၊ ထိုအခါ ဓားပြမင်းသည်။ အလင်္ကတသိရိဂဗ္ဘေ သိရိသယနပိ‌ဋ္ဌေ၊ တန်ဆာဆင်အပ်သော ကျက်သရေတိုက်ခန်း၌ ကျက်သ‌ရေရှိသော အိပ်ရာအပြင်၌။ နိပန္နော နိဒ္ဒါယတိ၊ ‌ လျောင်းလျက် အိပ်နေ၏။
ရာဇာ ပမတ္တဿ နိဒ္ဒါယန္တဿ၊ မဟာသီလဝမင်းကြီးသည် မေ့မေ့လျော့လျော့ အိပ်ပျော်နေသော။ တဿ ဥဒရံ၊ ထိုဓားပြမင်းကောသလ၏ ဝမ်းဗိုက်ကို။ ခဂ္ဂတလေန ပဟရိ၊ သန်လျက်ပြားဖြင့် ရိုက်လိုက်ပြီ။
သော ဘီတော ပဗုဇ္ဈိတွာ၊ ထိုကောသလမင်းသည် ကြောက်ကြောက်ရွံရွံ နိုး၍။ ဒီပလောကေန သီလဝမဟာရာဇာနံ သဉ္ဇာနိတွာ၊ ဆီမီးရောင်ဖြင့် မဟာသီလဝမင်းကြီးကို မှတ်မိ၍။ သယနာ ဥဋ္ဌာယ၊ အိပ်ရာမှ ထ၍။ သတိံ ဥပဋ္ဌာပေတွာ ဌိတော၊ သတိကို ဖြစ်စေ၍ ရပ်လျက်။ ရာဇာနံ၊ မဟာသီလဝမင်းကြီးကို။ "မဟာရာဇာ ဧဝရူပါယ ရတ္တိယာ၊ အို..အရှင်မင်းကြီး ဤသို့ သဘောရှိသော ည၌။ ဂဟိတာရက္ခေ ပိဟိတဒွါရေ ဘဝနေ၊ ယူအပ်သော အစောင့်အ‌ရှောက်ရှိသော ပိတ်အပ်သော တံခါးရှိသော နန်းတော်၌။ အာရက္ခမနုဿေဟိ နိရောကာသေ ဌာနေ၊ အစောင့်အရှောက်လူတို့ဖြင့် ဝင်ခွင့်မရှိသောဌာန၌။ ခဂ္ဂံ သန္နယှိတွာ အလင်္ကတပဋိယတ္တော၊ သန်လျက်ကို လွယ်၍ တန်ဆာဆင်မှုနှင့် စပ်ယှဥ်လျက်။ တွံ ဣမံ သယနပိဋ္ဌံ၊ သင်မင်းကြီးသည် ဤအိပ်ရာပေါ်သို့။ ကထံ နာမ အာဂတော အသီတိ အာဟ၊ အဘယ်သို့လျှင် ရောက်လာတော်မူသည် ဖြစ်ပါသနည်း" ဟု လျှောက်ထားပြီ။
ရာဇာ အတ္တနော၊ မဟာသီလဝမင်းကြီးသည် မိမိ၏။ အာဂမနာကာရံ သဗ္ဗံ၊ ရောက်လာပုံအခြင်းအရာ အလုံးစုံကို။ ဝိတ္ထာရတော ကထေသိ၊ အကျယ်အားဖြင့်ပြောကြားပြီ။
တံ သုတွာ၊ ထိုစကားကို ကြားရ၍။ စောရရာဇာ သံဝိဂ္ဂမာနသော၊ ဓားပြမင်းကောသလသည် ထိတ်လန့်သောစိတ်ရှိ၍။ "မဟာရာဇ အဟံ၊ အို..မင်းမြတ် အကျွန်ုပ်သည်။ မနုဿဘူတော၊ လူဖြစ်၍ ဖြစ်သည် (လူစင်စစ်ဖြစ်သည်)။ သမာနောပိ၊ ဖြစ်ပါလျက်လည်း။ တုမှာကံ ဂုဏေ န ဇာနာမိ၊ အရှင်မင်းကြီးတို့၏ ဂုဏ်တို့ကို မသိ။ ပရေသံ လောဟိတမံသခါဒကေဟိ၊ သူတစ်ပါးတို့၏ အသွေးအသားစားတတ်ကုန်သော။ ကက္ခဠေဟိ ဖရုသေဟိ၊ ကြမ်းတမ်းကုန်သော ရိုင်းစိုင်းကုန်သော။ ယက္ခေဟိ ပန၊ ဘီလူးတို့သည်ကား။ တဝ ဂုဏာ ဉာတာ၊ အရှင်မင်းကြီး၏ ဂုဏ်တို့ကို သိအပ်ကုန်ပြီ။ နရိန္ဒ ဣဒါနိ အဟံ၊ အို..မင်းမြတ် ယခု အကျွန်ုပ်သည်။ ဧဝရူပေ သီလသမ္ပန္နေ တယိ၊ ဤသို့သဘောရှိသော အကျင့်သီလကောင်းသော အရှင်မင်းကြီး၌။ န ဒုဗ္ဘိဿာမီတိ၊ မပြစ်မှား‌တော့အံ့"ဟု ပြော၍။ ခဂ္ဂံ အာဒါယ၊ သန်လျက်ကို ယူ၍။ သပထံ ကတွာ၊ ကျိန်ဆိုမှုကို ပြု၍။ ရာဇာနံ ခမာပေတွာ၊ မဟာသီလဝမင်းကြီးကို ကန်တော့၍။ မဟာသယနေ နိပဇ္ဇာပေတွာ၊ မြင့်မြတ်သော နေရာ၌ အိပ်စေ၍။ အတ္တနာ ခုဒ္ဒကမဉ္စကေ နိပဇ္ဇိတွာ၊ မိမိကား ညောင်စောင်းငယ်၌ အိပ်၍။ ရတ္တိယာ ပဘာတာယ၊ ညဥ့်သည် လင်းသော်။ သူရိယေ ဥဋ္ဌိတေ၊ နေသည် ထွက်သော်။ ဘေရိံ စရာပေတွာ၊ စည်ကို လှည့်လည်စေ၍။ သဗ္ဗသေနိယော စ၊ စစ်သည်ဗိုလ်ပါ အားလုံးတို့ကိုလည်းကောင်း။ အမစ္စဗြာဟ္မဏဂဟပတိကေ စ၊ မှူးမတ်ပုဏ္ဏားသူကြွယ်တို့ကိုလည်းကောင်း။ သန္နိပါတာပေတွာ၊ စုဝေးစေ၍။ တေသံ ပုရတော၊ ထိုစစ်သည်ဗိုလ်ပါ မှူးမတ် ပုဏ္ဏားသူကြွယ်တို့၏ ရှေ့၌။ အာကာသေ ပုဏ္ဏစန္ဒံ၊ ကောင်းကင်၌ လပြည့်ဝန်းကို။ ဥက္ခိပန္တော ဝိယ၊ မြှောက်ဘိသကဲ့သို့။ သီလဝရညော ဂုဏေ ကထေတွာ၊ မဟာသီလဝမင်းကြီး၏ ဂုဏ်တို့ကို ပြောဆိုချီးကျူး၍။ ပရိသမဇ္ဈေယေဝ၊ ပရိသတ််အလယ်၌ပင်။ ပုန ရာဇာနံ ခမာပေတွာ၊ တစ်ဖန် မဟာသီလဝမင်းကို သည်းခံစေ၍ (ကန်တော့၍)။ ရဇ္ဇံ ပဋိစ္ဆာပေတွာ၊ မင်းအဖြစ်ကို တစ်ဖန် လက်ခံစေ၍။ "မဟာရာဇ ဣတော ပဋ္ဌာယ၊ အို..အရှင်မင်းမြတ် ယနေ့မှစ၍။ တုမှာကံ ဥပ္ပန္နော စောရူပဒ္ဒဝေါ၊ သင်မင်းကြီးတို့မှာဖြစ်သော ခိုးသားဓားပြဘေးရန်သည်။ မယှံ ဘာရော၊ အကျွန်ုပ်ကောသလမင်း၏ တာဝန်တည်း။ မယာ ဂဟိတာရက္ခာ၊ အကျွန်ုပ်သည် ယူအပ်သော အစောင့်အရှောက်ရှိကြ၍။ တုမှေ ရဇ္ဇံ၊ သင်မင်းကြီးတို့သည် မင်းအဖြစ်ကို။ ကရောထာတိ ဝတွာ၊ ပြုတော်မူကြပါကုန်" ဟု လျှောက်ထား၍။ ပေသုညကာရကဿ အာဏံ ကာရေတွာ၊ ကုန်းတိုက်မှုပြုသော အမတ်အား မင်းအာဏာကို ပြုစေ၍။ အတ္တနော ဗလဝါဟနံ အာဒါယ၊ မိမိ၏ စစ်သည်ဗိုလ်ပါကို ခေါ်ယူ၍။ သကရဋ္ဌမေဝ ဂတော၊ မိမိတိုင်းပြည်သို့သာ သွားပြီ။
သီလဝရာဇာပိ ခေါ အလင်္ကတပဋိယတ္တော၊ မဟာသီလဝမင်းကြီးသည်လည်း တန်ဆာဆင်မှု ယှဥ်စပ်အပ်လျက်။ သေတစ္ဆတ္တဿ ဟေဋ္ဌာ၊ ထီးဖြူ၏ အောက်၌။ သရဘပါဒကေ ကဉ္စနပလ္လင်္ကေ နိသိန္နော၊ သရဘသားကောင်ရုပ်အခြေရှိသော ရွှေပလ္လင်ပေါ်၌ ထိုင်နေလျက်။ အတ္တနော သမ္ပတ္တိံ ဩလောကေတွာ၊ မိမိ၏ စည်းစိမ်ကို ကြည့်၍။ "ဧဝရူပါ အယံ သမ္ပတ္တိ စ၊ ဤသို့သဘောရှိသော ဤစည်းစိမ်သည်လည်းကောင်း။ အမစ္စသဟဿဿ ဇီဝိတပဋိလာဘော စ၊ အမတ်တစ်ထောင်၏ အသက်ပြန််ရခြင်းသည်လည်းကောင်း။ မယိ ဝီရိယံ အကရောန္တေ၊ ငါသည် ဝီရိယကို မပြုသော်။ ကိဉ္စိ န အဘဝိဿ၊ ဘာတစ်ခုသည်မျှ မဖြစ်ရာမဖြစ်လောက်ပြီ။ အဟံ ဝီရိယဗလေန ပန၊ ငါသည် ဝီရိယစွမ်းအားကြောင့်ကား။ နဋ္ဌံ ဣမံ ယသဉ္စ ပဋိလဘိံ၊ ပျောက်ပျက်ပြီးသော ဤစည်းစိမ်ကိုလည်း ပြန််ရပြီ။ အမစ္စသဟဿဿ ဇီဝိတဒါနံ စ အဒါသိံ၊ အမတ်တစ်ထောင်အား အသက်လှူကိုလည်း လှူရပြီ။ အာသစ္ဆေဒံ အကတွာ၊ ဝီရိယနှင့် ယှဉ််သော အာသာပြတ်မှုကို မပြုမူ၍။ ဝီရိယမေဝ ကတ္တဗ္ဗံ ဝတ၊ ဝီရိယကိုသာ ပြုထိုက်လေစွတကား။
ဟိ ကတဝီရိယဿ ဖလံ နာမ၊ မှန်၏ ပြုအပ်သော ဝီရိယရှိသူအား ကောင်းကျိုးမည်သည်။ ဧဝံ သမိဇ္ဈတီတိ၊ ဤသို့ပြီးစီးပြည့်စုံ၏"ဟု။ စိန္တေတွာ ဥဒါနဝသေန၊ တွေး၍ ဥဒါန််းကျူးသည့်အစွမ်းဖြင့်...
ဣမံ ဂါထံ အာဟ၊ အာသီသေထေဝ (ပ) တထာ အဟု ဟူသော ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား-- ပဏ္ဍိတော ပုရိသော၊ ပညာရှိသော ယောက်ျားသည်။ အာသီသေထေဝ န နိဗ္ဗိန္ဒေယျ၊ ဝီရိယကောင်းကျိုး မျှော်ကိုးရမည်သာ ဝီရိယကျိုး မမျှော်ကိုးဘဲ ပျင်းရိငြီးငွေ့မနေရာ။
အဟံ အတ္တာနံ ပဿာမိ၊ ငါသည် မိမိကိုယ်ကို လက်တွေ့မြင်ရ၏။ ယထာ ဣစ္ဆိံ၊ အကြင်အခြင်းရာအားဖြင့် ဖြစ်မှုလိုလားခဲ့ပြီ။ တထာ အဟု၊ ထိုလိုလားသောအခြင်းရာဖြင့်ဖြစ်လာပြီ။
တတ္ထ၊ ထိုဂါထာ‌၌။ **အာသီသေထေဝါ**တိ၊ အာသီသေထေဝ ဟူသည်ကား။ ဧဝံ အဟံ ဝီရိယံ အာရဗ္ဘန္တော၊ ဤသို့ ငါသည် ဝီရိယကို အားထုတ်သော်။ ဣမမှာ ဒုက္ခာ မုစ္စိဿာမီတိ၊ ဤဒုက္ခမှ လွတ်လတံ့ဟု တွေး၍။ အတ္တနော ဝီရိယဗလေန၊ မိမိ၏ ဝီရိယစွမ်းအားဖြင့်။ အာသံ ကရောထေဝ၊ ကောင်းကျိုးမျှော်ကိုးမှုကို ပြုရမည်သာတည်း။
**န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော**တိ၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော ဟူသည်ကား။ ပဏ္ဍိတော ဥပါယကုသလော၊ ပညာရှိသော နည်းလမ်းနားလည်သူသည်။ ယုတ္တဋ္ဌာနေ ဝီရိယံ ကရောန္တော၊ သင့်လျော်ရာ၌ ဝီရိယကို ပြုလျက်။ "ဣမဿ ဝီရိယဿ ဖလံ၊ ဤဝီရိယ၏ အကျိုးကို။ အဟံ န လဘိဿာမီတိ၊ ငါသည် ရလိမ့်မည်မဟုတ်"ဟု တွေး၍။ န ဥက္ကဏ္ဌေယျ၊ မငြီးငွေ့ရာ။ အာသစ္ဆေဒံ န ကရေယျ၊ မျှော်လင့်ချက်ကင်းပြတ်မှုကို မပြုရာ။ ဣတိ အတ္ထော၊ ဤကား န ဥက္က‌ဏ္ဌေယျ၏ အနက်တည်း။
**ပဿမိ ဝေါဟံ အတ္တာန**န္တိ ဧတ္ထ၊ ပဿာမိ ဝေါဟံ အတ္တာနံ ဟူသော ဤပါဌ်၌။ ဝေါတိ နိပါတမတ္တံ၊ ဝေါဟူသည်ကား နိပါတ်မျှသာတည်း။ အဟံ အဇ္ဇ အတ္တာနံ ပဿာမိ၊ ငါသည် ယနေ့ မိမိကိုယ်ကို တွေ့မြင်နေရ၏။
**ယထာ ဣစ္ဆိံ တထာ အဟူ**တိ၊ ယထာ ဣစ္ဆိံ တထာ အဟု ဟူသည်ကား။ ဟိ အဟံ အာဝါ‌‌ဋေ နိခါတော၊ မှန််၏ ငါသည် တွင်း၌ မြှုပ်ခံထားရသော်။ တမှာ ဒုက္ခာ မုစ္စိတွာ၊ ထိုမြှုပ်ခံရသည့်ဒုက္ခမှ လွတ်၍။ အတ္တနော ရဇ္ဇသမ္ပတ္တိံ၊ မိမိ၏ မင်းအဖြစ် မင်းစည်းစိမ်ကို။ ပုန ဣစ္ဆိံ၊ တစ်ဖန် အလိုရှိပြီ။ သော အဟံ ဣမံ သမ္ပတ္တိံ၊ ထိုငါသည် ဤမင်းစည်းစိမ်ကို။ ပတ္တံ အတ္တာနံ ပဿာမိ၊ ပြန်ရသော မိမိကိုယ်ကို တွေ့မြင်နေရ၏။
အဟံ ပုဗ္ဗေ၊ ငါသည် ရှေးက။ ယထေဝ ဣစ္ဆိံ၊ အကြင်အခြင်းရာအားဖြင့်သာ အလိုရှိခဲ့ပြီ။ တထေဝ မေ အတ္တာ ဇာတော ဣတိ၊ ထိုအလိုရှိသော အနေအားဖြင့်သာ ငါ၏ ကိုယ်သည် ဖြစ်နေပြီ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ ဘုရားအလောင်းသည်။ "ဘော သီလသမ္ပန္နာနံ ဝီရိယဖလံ နာမ၊ အို အချင်းတို့ သီလပြည့်စုံသူ၏ ဝီရိယအကျိုးမည်သည်။ အဟော ဝတ သမိဇ္ဈတီတိ၊ အံ့ဩဖွယ်ကောင်းအောင် ပြည့်စုံပါပေ၏"ဟု။ ဣမာယ ဂါထာယ ဥဒါနံ ဥဒါနေတွာ၊ ဤဂါထာဖြင့် ဥဒါန်းကို ကျူးရင့်၏။ ယာဝဇီဝံ ပုညာနိ ကတွာ၊ အသက်ရှိသမျှ ကာလပတ်လုံး ကုသိုလ်တို့ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာပိ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည်လည်း ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေသိ၊ သစ္စာလေးပါးတို့ကို ထင်ရှားပြတော်မူပြီ။ သစ္စပရိယောသာနေ၊ သစ္စာလေးပါး ပြပြီးအဆုံး၌။ ဩဿဋ္ဌဝီရိယော ဘိက္ခု၊ စွန့်လွှတ်အပ်ခဲ့ပြီးသော ဝီရိယရှိသော ရဟန်းသည်။ အရဟတ္တေ ပတိဋ္ဌာသိ၊ အရဟတ္တဖိုလ်၌ တည်ပြီ။
သတ္ထာ အနုသန္ဓိံ ဃ‌ဋေတွာ၊ ဘုရားရှင်သည် အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ ပဒုဋ္ဌာမစ္စော၊ ထိုအခါက ပြစ်မှားသော အမတ်သည်။ ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။ အမစ္စသဟဿံ ဗုဒ္ဓပရိသာ၊ အမတ်တစ်ထောင်ကား ဘုရားပရိသတ်တို့တည်း။ သီလဝမဟာရာဇာ ပန အဟမေဝ အဟောသိန္တိ၊ မဟာသီလဝမင်းကြီးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
မဟာသီလဝဇာတကဝဏ္ဏနာ ပဌမာ၊ မဟာသီလဝဇာတ်အဖွင့်သည် ပဌမတည်း။