**ဥစ္ဆ င်္ဂေ ဒေဝမေ ပုတ္တော** တိဣဒံ၊ ဥစ္ဆင်္ဂေဒေဝ မေပုတ္တောစသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည်ဇေတဝန်ကျောင်းတော်၌နေတော်မူစဉ်။
အညတရံ ဇာနပဒိတ္ထိံ၊ တစ်ယောက်သောဇနပုဒ်နေမိန်းမကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိဧကသ္မိံ သမယေ၊ ချဲ့ဦးအံ့ တစ်ပါးသောအခါ၌။
ကောသလရဋ္ဌေ တယော ဇနာ၊ ကောသလတိုင်း၌ သုံးယောက်ကုန်သော လူတို့သည်။
အညတရသ္မိံ အဋဝိမုခေ ကသန္တိ၊ တစ်ခုသော တောအုပ်ဝ၌ ထွန်ယက်ကုန်၏။
တသ္မိံ အန္တောအဋဝိယံ စောရာ၊ ထိုအခါ၌တောအုပ်တွင်း၌ ခိုးသားတို့သည်။
မနဿဝိလုမ္ပိတွာ ပလာယိံသု၊ လူတို့ကို လုယက်၍ ထွက်ပြေးကုန်ပြီ။
မနုဿတေစောရေ၊ လူတို့သည်ထိုခိုးသားတို့ကို။
ပရိယေသိတွာ အပဿန္တာ၊ ရှာ၍မတွေ့ကုန်သော်။
တံဌာနံ အာဂမ္မ၊ ထိုနေရာသို့လာ၍။
"တုမှေ အဋဝိယံ ပိလုမ္ပိတွာ၊ သင်တို့သည် တောထဲ၌ လုယက်၍။
ဣဒါနိကဿကာ ဝိယ ဟောထာတိ၊ ယခုအခါ၌ လယ်သမားတို့ကဲ့သို့ ဖြစ်ကုန်၏"ဟုပြော၍။
"ဣမေ တေစောရာတိ၊ ဤသူတို့ကားထိုလုယက်သည့်ခိုးသူတို့တည်း"ဟု။
ဣတိ ဗန္ဓိတွာ အာနေတွာ၊ ဤသို့ပြောဖမ်း၍ ဆောင်ယူ၍။
ကောသလရညော အဒံသု၊ ကောသလမင်းအား ဆက်ကုန်ပြီ။
အထဧကာ ဣတ္ထှီ အာဂန္တွာ၊ ထိုအခါတစ်ယောက်သော မိန််းမသည် လာ၍။
"မေ အစ္ဆာဒနံ ဒေထ၊ ငါ့အား အဝတ်ကိုပေးကြပါ။
မေ အစ္ဆာဒနံ ဒေထာတိ၊ ငါ့အားအဝတ်ကိုပေးကြပါ"ဟု။
ပရိဒေဝန္တီ ပုနပ္ပုနံ၊ ငိုကျွေးလျက်အဖန်ဖန်။
ရာဇနိဝေသနံ ပရိယာတိ၊ မင်းအိမ်တော်ကိုလှည့်ပတ်၏။
ရာဇာတဿာ သဒ္ဒံ သုတွာ၊ ကောသလမင်းသည် ထိုမိန်းမ၏ အသံကို ကြားရ၍။
"ဂစ္ဆထ၊ သွားကြ။
ဣမိဿာ အစ္ဆာဒနံ၊ ဤမိန်းမအား အဝတ်ကို။
ဒေထာတိ အာဟ၊ ပေးလိုက်ကြ"ဟုပြောပြီ။
မနုဿာ သာဋကံ ဂဟေတွာ အဒံသု၊ လူတို့သည်အဝတ်ကိုယူ၍ပေးကြပြီ။
သာာတံ ဒိသွာ၊ ထိုမိန်းမသည် ထိုအဝတ်ကိုမြင်၍။
"အဟံ ဧတံ အစ္ဆာဒနံ၊ ငါသည် ဤအဝတ်ကို။
နယာစာမိ၊ မတောင်းပါ။
သာမိကစ္ဆာဒနံ၊ လင်ဟူသော အဝတ်ကို။
ယာစာမီတိ အာဟ၊ တောင်း၏"ဟုပြောပြီ။
မနုဿာဂန္တွာ ရညော၊ လူတို့သည်သွား၍ ကောသလမင်းအား။
"ဧသာဣဒံ အစ္ဆာဒနံ၊ ထိုမိန်းမသည် ဤအဝတ်ကို။
န ကထေတိကိရ၊ ပြောသည်မဟုတ်ဘူးတဲ့။
သာမိကစ္ဆာဒနံ၊ လင်ဟူသောအဝတ်ကို။
ကထေတိကိရာတိ၊ ပြောတာဖြစ်၏တဲ့"ဟု။
အာရောစယိံသု၊ လျောက်ထားကုန်ပြီ။
အထနံ၊ ထိုအခါထိုမိန်းမကို။
ရာဇာပက္ကောသာပေတွာ၊ ကောသလမင်းသည် ခေါ်စေ၍။
"တွံ သာမိသစ္ဆာဒနံ၊ သင်သည် လင်ဟူသော အဝတ်ကို။
ယာစသိ ကိရာတိ ပုစ္ဆိ၊ တောင်းသတဲ့လား"ဟုမေးပြီ။
အာမဒေဝ၊ မှန်ပါ၏ အရှင်မင်းကြီး။
ဣတ္ထိယာ၊ မှန်၏ အမျိုးသမီး၏။
သာမိကော အစ္ဆာဒနံ နာမ၊ လင်သည်အဝတ်မည်၏။
ဟိသာမိကေ အသတိ၊ မှန်၏ လင်သည်မရှိသော်။
သဟဿမူလံ သာဋကံ၊ အဖိုးတစ်ထောင်ထိုက်သော အဝတ်ကို။
နိဝတ္ထာပိ ဣတ္ထီ၊ ဝတ်ထားသော်လည်း မိန်းမသည်။
နဂ္ဂါယေဝ နာမ၊ အဝတ်မစည်းသည်သာ မည်၏။
ဣမဿအတ္ထဿသာဓနတ္ထံ ပန၊ ဤအနက်အဓိပ္ပာယ်ကို ပြီးစေခြင်းအကျိုးငှာကား။
အနူဒကာ နဒီ နဂ္ဂါ၊ ရေမရှိသော မြစ်သည် အချည်းနှီးတည်း။
အရာဇကံ ရဋ္ဌံ နဂ္ဂံ၊ မင်းမရှိသော တိုင်းပြည်သည် အချည်းနှီးတည်း။
ယဿာပိ ဒသဘာတရော၊ အကြင်မိန််းမအားလည်း ဆယ်ယောက်ကုန်သော မောင်တို့သည်။
(သန္တိ၊ ရှိကုန်၏)။
ဝိဓဝါ သာဣတ္ထီပိ နဂ္ဂါ၊ လင်မရှိသောထိုမိန််းမသည်လည်း အဝတ်မစည်းအချည်းနှီးသာတည်း။
ဣတိ ဣဒံ သုတ္တံ အာဟရိတဗ္ဗံ၊ ဤသုတ်ကိုဆောင်ယူပြအပ်၏။
ရာဇာ တဿာ ပသန္နော၊ ကောသလမင်းသည်ထိုမိန််းမအားစိတ်ကြည်၍။
"ဣမေ တယော ဇနာ၊ ဤသုံးယောက်ကုန်သောသူတို့သည်။
တေကေ၊ သင်၏ ဘယ်သူတို့သည်။
ဟောန္တီ တိ ပုစ္ဆိ၊ ဖြစ်ကြသနည်း"ဟုမေးပြီ။
ဒေဝ ဧကော၊ အရှင်မင်းကြီး.. တစ်ယောက်သည်ကား။
မေသာမိကော၊ ကျွန်တော်မ၏ လင်ပါတည်း။
ဧကော ဘာတာ၊ တစ်ယောက်တည်းသည်ကား မောင်ပါတည်း။
ဧကောပုတ္တောတိ၊ တစ်ယောက်သည်ကားသားပါတည်းဟုလျှောက်ပြီ။
ရာဇာ၊ ကောသလမင်းသည်။
"အဟံ တေ တုဋ္ဌော၊ ငါသည်နင့်အားသဘောကျ၏။
ဣမေသု တီသု၊ ဤသုံးယောက်တို့တွင်။
ဧကံ ဒေမိ၊ တစ်ယောက်ကိုပေး၏။
ကတရံ၊ အဘယ်သူကို။
ဣစ္ဆသီတိ ပုစ္ဆိ၊ လိုချင်သနည်း"ဟုမေးပြီ။
သာ၊ ထိုမိန်းမသည်။
ဒေဝ အဟံ ဇီဝမာနာ၊ အရှင်မင်းကြီးကျွန်တော်မိန်းမသည် အသက်ရှင်သော်။
ဧကံ သာမိကံ လဘိဿာမိ၊ တစ်ယောက်သောလင်ကိုရပါလတံ့။
ပုတ္တမ္ပိလဘိဿာမိယေဝ၊ သားကိုလညည်းရလိမ့်မည်သာတည်း။
မေမာတာပိတူနံ ပန မတတ္ထာ၊ ကျွန်တော်မျိုးမ၏ မိဘတို့၏ကားသေပြီးကြသည့်အဖြစ်ကြောင့်။
ဘာတာဝ ဒုလ္လဘော၊ မောင်ကိုသာ ရခဲပါ၏။
ဘာတရံမေ၊ မောင်ကိုကျွန်တော်မျိုးမအား။
ဒေဟိ ဒေဝါတိ၊ ပေးတော်မူပါအရှင်မင်းမြတ်"ဟုလျှောက်ပြီ။
ရာဇာတုဿိတွာ၊ ကောသလမင်းသည် သဘောကျ၍။
တယောပိ ဝိဿဇ္ဇေသိ၊ သုံးယောက်လုံးတို့ကိုလည်းလွှတ်ပေးပြီ။
ဧဝံ ဧကိကံ တံနိဿာယ၊ ဤသို့တစ်ယောက်တည်းသော ထိုမိန််းမကိုမှီ၍။
တေတယောဇနာ၊ ထိုသုံးယောက်ကုန်သောလူတို့သည်။
ဒုက္ခတောမုတ္တာ၊ ဆင်းရဲမှလွတ်ကြပြီ။
တံကာရဏံ ဘိက္ခုသံဃေ၊ ထိုအကြောင်းသည်ရဟန်းအပေါင်း၌။
ပါကဋံ ဇာတံ၊ ထင်ရှားသည်ဖြစ်ပြီ။
အထ ဧကဒိဝသံဘိက္ခူ၊ ထိုအခါတစ်နေ့သ၌ ရဟန်းတို့သည်။
ဓမ္မသဘာယံ သန္နိပတိတာ၊ တရားသဘင်၌ စုဝေးကြ၍။
"အာဝုသော ဧကံ နတ္ထိံနိ ဿာယ၊ ငါ့ရှင်ကို တစ်ယောက်သော မိန်းမကိုမှီ၍။
တယောဇနာ ဒုက္ခတော မုတ္တာတိ၊ သုံးယောက်ကုန်သော လူတို့သည် ဒုက္ခမှ လွတ်ကြပြီ"ဟု။
တဿာ ဂုဏကထာယ နိသီဒိံသု၊ ထိုမိန််းမ၏ဂုဏ်နှင့်စပ်သော စကားဖြင့် ထိုင်နေကြပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။
"ဘိက္ခေဝေ ဧတရဟိ၊ ရဟန်းတို့ယခုအခါ၌။
ကာယ ကတာယ သန္နိသိန္နာ၊ ဘယ်စကားဖြင့်ကောင်းစွာထိုင်နေကြသည်။
အတ္ထနုဟိ ပုစ္ဆိတွာ၊ ဖြစ်ကြသနည်း"ဟုမေးတော်မူ၍။
"ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သောစကားဖြင့်ပါ"ဟုလျှောက်အပ်သော်။
"ဘိက္ခဝေ ဧသာဣတ္ထီ၊ ရဟန်းတို့ဤမိန်းမသည်။
ဣဒါနေဝ တေ တယောဇနေ၊ ယခုအခါ၌သာထိုသုံးယောက်ကုန်သောလူတို့ကို။
ဒုက္ခာန မောစေတိ၊ ဆင်းရဲမှ လွတ်စေသည်မဟုတ်။
ပုဗ္ဗေပိ၊ ရှေးကလည်း။
မောစေသိ ယေဝါတိဝတွာ၊ လွတ်စေဖူးသည်သာ"ဟုမိန့်တော်မူ၍။
အတီတံအာဟရိ၊ အတိတ်ကိုဆောင်တော်မူ၍။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကိုပြုသော်။
တယောဇနာ အဋဝိမုခေ ကသန္တိ၊ သုံးယောက်ကုန််သော လူတို့သည် တောအုပ်ဝ၌ ထွန်ယက်ကြ၏။
ဣတိသဗ္ဗံ ပုရိမသဒိသမေဝ၊ ဤသို့စသော အလုံးစုံသည် ရှေးပစ္စုပ္ပန်ဝတ္ထုနှင့်တူသည်သာတည်း။
တဒါပန ရညာ၊ ထိုအခါ၌ကားမင်းသည်။
တီသု ဇနေသု ကံ၊ သုံးယောက်ကုန်သော လူတို့တွင် ဘယ်သူ့ကို။
ဣစ္ဆသီတိ ဝုတ္တေ၊ လိုချင်သနည်းဟုပြောအပ်သော်။
သာ၊ ထိုမိန်းမသည်။
"တယောပိဒါတုံ၊ သုံးယောက်လုံးတို့ကိုလည်း ပေးခြင်းငှာ။
နသက္ကောထ ဒေဝါတိအာဟ၊ စွမ်းနိုင်တော်မမူကြသလား မင်းတရား"ဟုလျှောက်ထားပြီ။
အာမန သက္ကောမီတိ၊ အေးမစွမ််းနိုင်ဟုမိန့်ပြီ။
တယောဒါတုံ၊ သုံးယောက်တို့ကိုပေးခြင်းငှာ။
သစေ နသက္ကောထ၊ အကယ်၍ မစွမ်းနိုင်ကုန်အံ့။
မေ ဘာတရံ ဒေထာတိ၊ ကျွန်တော်မအားမောင်ကိုပေးတော်မူကြပါဟုလျှောက်ပြီ။
"ပုတ္တံ ဝါသာမိကံ ဝါဂဏှ၊ သားကိုသော်လည်းကောင်း လင်ကိုသော်လည်းကောင်း ယူလော့။
တေ ဘာတရာကိံ၊ သင့်အားမောင်ဖြင့်ဘာအကျိုးရှိအံ့နည်း။
ဣတိ စဝုတ္တာ၊ ဤသို့လည်းပြောအပ်သော်။
ဒေဝ ဧတေ နာမသုလဘာ၊ မင်းမြတ်ဤသား,လင်တို့မည်သည်ကိုရလွယ်ကုန်၏။
ဘာတာပနဒဒလ္လဘော၊ မောင်သည်ကားရဖို့ခက်၏"။
ဣတိ ဝတွာ၊ ဤသို့လျှော်ထား၍။
ဒေဝမေ ပုတ္တော၊ မင်းမြတ်..ကျွန်တော်အား သားကို။
ဥစ္ဆင်္ဂေ၊ ရင်ခွင်၌။
(သုလဘော၊ ရလွယ်၏)။
ပထေ ဓာဝန္တိယာ၊ လမ်းပေါ်၌ ပြေးသွားသော ကျွန်တော်မအား။
ပတိ၊ လင်ကို။
(သုလဘော၊ ရလွယ်၏)။
ယတော သောဒရိယံ အာနယေ၊ အကြင်နေရာမှ တစ်အူတုံဆင်း မောင်အရင်းကို ဆောင်ယူရာ၏။
တဉ္စဒေသံ နပဿာမိ၊ ထိုအရပ်ကိုကား မတွေ့ရတော့ပါ။
တတ္ထ၊ ထိုဂါထာ၌။
**ဥစ္ဆင်္ဂေ ဒေဝ မေပုတ္တော** တိ၊ ဥစ္ဆင်္ဂေဒေဝမေပုတ္တော ဟူသည်ကား။
ဒေဝ မယှံ ပုတ္တော၊ အရှင်မင်းမြတ်ကျွန်တော်မအား သားကို။
ဥစ္ဆင်္ဂေယေဝ၊ ရင်ခွင်၌ပင်။
(သုလဘော၊ လွယ်ကူစွာရအပ်၏)။
ဟိ အရညံ ပဝိသိတွာ၊ ထင်ရှားအောင် ပြရသော် တောသို့ဝင်၍။
ဥစ္ဆင်္ဂေကတွာ၊ ရင်ခွင်ကိုပြု၍။
ဍာကံ ဥစ္စိနိတွာ၊ ဟင်းရွက်ကို ခူး၍။
တတ္ထ ပက္ခိပန္တိယာ၊ ထိုရင်ခွင်၌ ထည့်သောမိန်းမသည်။
ဥစ္တင်္ဂေဍာကံ နာမ၊ ရင်ခွင်၌ ဟင်းရွက်မည်သည်ကို။
သုလဘံဟောတိ ယထာ၊ လွယ်ကူစွာ ရအပ်သည်ဖြစ်သကဲ့သို့။
ဧဝံ ဣတ္ထိယာ ပုတ္တောပိ၊ ဤအတူမိန်းမသည် သားကိုလည်း။
ဥစ္ဆင်္ဂေဍာကသဒိသောဝ၊ ရင်ခွင်၌ ဟင်းရွက်အတူသာ။
သုလဘော၊ လွယ်ကူစွာ ရအပ်၏တည်း။
တေန၊ ထို့ကြောင့်။
ဥစ္ဆင်္ဂေဒေဝမေပုတ္တောတိ၊ ဥစ္ဆင်္ဂေဒေဝ မေပုတ္တောဟူ၍။
ဝုတ္တံ၊ အမျိုးသမီးသည် ဆိုအပ်ပြီ။
**ပထေ ဓာဝန္တိယာ ပတီ** တိ၊ ပထေ ဓာဝန္တိယာပတိဟူသည်ကား။
မဂ္ဂံ အာရုယှ၊ လမ်းပေါ်သို့သွားနေသော မိန်းမသည်လည်း။
ဟိပတိနာမသုလဘော၊ အကြင်ကြောင့် လင်မည်သည်ကိုလွယ်ကူစွာ ရအပ်၏။
ဒိဋ္ဌဒိဋ္ဌောယေဝ ဟောတိ၊ တွေ့တိုင်းတွေ့တိုင်း ယောက်ျားသည်ပင် လင်ဖြစ်၏။
တေန၊ ထို့ကြောင့်။
"ပထေ ဓာဝန္တိယာ ပတီတိ၊ ပထေ ဓာဝန္တိယာ ပတိဟူ၍။
ဝုတ္တံ၊ မိန််းမသည် ဆိုအပ်ပြီတည်း။
**တဉ္စဒေသံ နပဿာမိ ယတော သောဒရိယ'မာနယေ** တိ၊ တဉ္စဒေသံ နပဿာမိ ယတောသောဒရိယ'မာနယေဟူသည်ကား။
ယသ္မာပနမေ၊ အကြင်ကြောင့်ကား ကျွန်တော်မျိုးမ၏။
မာတာပိတရော နတ္ထိ၊ မိဘတို့သည်မရှိကြပြီ။
တသ္မာ ဣဒါနိ၊ ထို့ကြောင့်ယခုအခါ၌။
ယတောအဟံ၊ အကြင်အမိဝမ်းအရပ်မှ ကျွန်တော်မျိုးမသည်။
သမာနေဥဒရေ ဇာတဿ၊ တူသောဝမ်းခေါင်း၌ ဖြစ်သည့်အဖြစ်ကြောင့်။
သဥဒရိယသင်္ခါတံ ဘာတရံ အာနေယျံ၊ တစ်အူတုံဆင်းဟုဆိုအပ်သောမောင်ကို ဆောင်ယူရာ၏။
မာတု ကုစ္ဆိသင်္ခါတံ အညံ၊ အမိဝမ်းဟုဆိုအပ်သောအခြားသော။
တံဒေသံန ပဿာမိ၊ ထိုအရပ်ကိုမမြင်ပါ။
တသ္မာဘာတရံယေဝ၊ ထို့ကြောင့် မောင်ကိုသာ။
မေဒေထ၊ ကျွန်တော်မျိုးမအား ပေးတော်မူကြပါတည်း။
ဣတိ၊ ဤကားဂါထာဖွင့်အပြီးတည်း။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
"သစ္စံ ဧသာ ဝဒတီတိ၊ အမှန်ကိုဤမိန်းမသည် ပြော၏"ဟု။
တုဋ္ဌစိတ္တော၊ နှစ်သက်သော စိတ်ရှိ၍။
တယောပိ ဇနေ ဗန္ဓနာဂါရတော၊ သုံးယောက်လည်းဖြစ်ကုန််သော လူတို့ကို ထောင်အိမ််မှ။
အာနေတွာအဒါသိ၊ ဆောင်ယူ၍ပေးပြီ။
သာတယောပိ တေ၊ ထိုမိန်းမသည် သုံးယောက်လည်းဖြစ်ကုန််သော ထိုလင်,သား,မောင်တို့ကို။
ဂဟေတွာ ဂတာ၊ ခေါ်ယူ၍ သွားပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။
"ဘိက္ခဝေ ဣဒါနေဝန၊ ရဟန်းတို့ယခု အခါ၌သာမဟုတ်သေး။
ပုဗ္ဗေပိဧသာ၊ ရှေးကလည်း ဤမိန်းမသည်။
ဣမေ တယောဇနေ၊ ဤသုံးယောက်ကုန်သော လင်,သား,မောင်တို့ကို။
ဒုက္ခတောမောစေသိယေဝါတိ၊ ဒုက္ခမှလွတ်စေဖူးသည်သာ"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကိုဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကိုစပ်တော်မူ၍။
"အတီတေ စတ္တာရောဝ၊ လွန်လေပြီးသောအခါက လေးယောက်တို့သည်ပင်။
ဧတရဟိ စတ္တာရော၊ ယခုအခါ လေးယောက်တို့တည်း။
ရာဇာပန အဟမေဝအဟောသိန္တိ၊ ဗြဟ္မဒတ်မင်းသည် ကားငါဘုရားသည်သာဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကိုပေါင်းတော်မူပြီ။
**ဥစ္ဆင်္ဂဇာတကဝဏ္ဏနာ သတ္တမာ၊ ခုနစ်ခုမြောက်ဖြစ်သော ဥစ္ဆင်္ဂဇာတ်အဖွင့်တည်း။