**အတိတ္တမ္မ ရမဏကန္** တိ ဣဒံ၊ အတိက္ကမ္မ ရမဏကံ စသော ဤတရားဒေသနာ တော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်း တော်၌ နေတော်မူစဉ်။
ဧကံ ဒုဗ္ဗစဘိက္ခုံ၊ တစ်ပါးသော ခက်ခဲစွာ ပြောဆိုရသော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ပန ဣမဿ ဇာတကဿ ဝတ္ထု၊ ထူးခြားသည်ကား ဤမိတ္တဝိန္ဒကဇာတ်၏ အတိတ်ဝတ္ထု ကြောင်းသည်။
ကဿပသမ္မာသမ္ဗုဒ္ဓကာလိကံ၊ ကဿပဘုရားရှင်လက်ထက် တော်၌ ဖြစ်၏။
တံ ဒသကနိပါတေ၊ ထိုအတိတ်ဝတ္ထုကြောင်းသည် ဒသကနိပါတ် ၌။
မဟာမိတ္တ၀ိန္ဒကဇာတက၊ မဟာပိတ္တ၀ိန္ဒကဇာတ်၌။
ဘာပိ ဘဝိဿတိ၊ ထင်စွာ ဖြစ်လတံ့။
တဒါ ပန ဗောဓိသတ္တော၊ ထိုအခါ၌ကား ဘုရားလောင်းသည်။
ရမဏကံ သဒါမဉ္စ ဒူဘကံ၊ ဖလ်ပြာသာဒ်ကိုလည်းကောင်း ငွေ ပြာသာဒ်ကိုလည်းကောင်း, ပတ္တမြားပြာသာဒ်ကိုလည်းကောင်း။
သော အတိက္ကမ္မ၊ ထိုသင်သည် ကျော်လွန်ခဲ့ပြီး၍။
ယသ္မာ ဇီဝံ န မောက္ခသိ၊ အကြင် သင်တုံးစက်မှ အသက်ရှင်လျက် မလွတ်မြောက်နိုင်။
ပါသာဏမာသီနော အာသိ၊ ထိုသင်တုံးစက် သက်ဝင်အပ်, လွှမ်းမိုးအပ်သည် ဖြစ်ပြီ။
တံ ပါသာဏံ အာသီနော၊ ထိုသင်တုံးစက်သို့ ကပ်ရောက်တည်သည်။
အသိ၊ ဖြစ်ပြီ။
တတ္ထ၊ ထိုဂါထာ၌။
**ရမဏက** န္တိ၊ ရမဏကံ ဟူသည်ကား။
တသ္မိံ ကာလေ၊ ထိုအခါက။
ဖလိကဿ နာမံ၊ ဖလ်၏ နာမည်တည်း။
ဖလိကပါသာဒဉ္စ၊ ဖလ်ပြာသာဒ်ကိုလည်း။
အတိက္ကန္တော၊ ကျော်လွန်ခဲ့သည်။
အသီတိ ဒီပေတိဖြစ်၏ဟု ပြ၏။
**သဒါ မတ္တဉ္ဇာ** တိ၊ သဒါ မတ္တဉ္စ ဟူသည်ကား။
ရဇတဿ နာမံ၊ ငွေ၏ နာမည်တည်း။
ရဇက၀ါသာဒဉ္စ၊ ငွေပြာသာဒ်ကိုလည်း။
အတိက္ကန္တော၊ ကျော်လွန်ခဲ့သည်။
အသီတိ ဒီပေတိ၊ ဖြစ်၏ဟု ပြ၏။
**ဒူဘက** န္တိ၊ ဒူဘကံ ဟူသည်ကား။
မဏိနော နာမံ၊ ပတ္တမြား၏ နာမည်တည်း။
မဏိပါသာဒဉ္စ၊ ပတ္တမြားပြာသာဒ်ကိုလည်း။
အတိက္ကန္တော၊ ကျော်လွန်ခဲ့သည်။
အသီတိ ဒီပေတိ၊ ဖြစ်၏ဟု ပြ၏။
**သွာသီ** တိ၊ သွာသိ ဟူသည်ကား။
သော တွံ အသိ၊ ထိုသင်သည် ဖြစ်၏။
**ပါသာဏမာသီနော** တိ၊ ပါသာဏမာသီနော ဟူသော ပါဌ်၌။
ခုရစင်္ကြံ နာမ၊ သင်တုံးစက်မည်သည်။
ပါသာဏမယံ ဝါ၊ ကျောက်ဖြင့် ပြီးသည်သော် လည်းကောင်း။
ရဇတမယံ ဝါ၊ ငွေဖြင့်ပြီးသည်သော်လည်းကောင်း။
မဏိမယံ ဝါ၊ ပတ္တမြားဖြင့်ပြီးသည်သော်လည်းကောင်း။
ဟောတိ၊ ဖြစ်၏။
တံ ပန ပါသာဏ မယမေဝ၊ မိတ္တဝိန္ဒက ကြုံရသည့် ထိုသင်တုံးစက်သည်ကား ကျောက်ဖြင့်ပြီးသည် သာတည်း။
သော စ တေန၊ ထိုသင့်ကိုလည်း ထိုကျောက်သင်တုံးစက်သည်။
အာသီနော အဘိနိဝိဋ္ဌော အဇ္ဈောတ္ထဋော၊ သက်ဝင်အပ်ပြီ, လွှမ်းမိုးအပ်ပြီ။
ပါသာဏေန တသ္မာ အာသီနတ္တာ၊ ကျောက်သားသင်တုံးစက်သည် ထိုသို့ သက်ဝင်လွှမ်းမိုးအပ်သည့်အဖြစ်ကြောင့်။
ပါသာဏာသီနောတိ ဝတ္တဗွေ၊ ပါသာဏာသီနောဟု ဆိုသင့်လျက်။
ဗျဉ္ဇနသန္ဓဝသေန၊ ဗျဉ္ဇနသန္ဓေအစွမ်းဖြင့်။
မကာရံ အာဒါယ၊ မအက္ခရာကို ယူ၍။
ပါသာဏမာသီနောတိ၊ ဝုတ္တံပါသာဏ မာသီနောဟု ဘုရားလောင်းဆိုအပ်ပြီ။
ဝါ၊ တစ်နည်းကား။
ပါသာဏံ၊ ကျောက်သားသင်တုံးစက်သို့။
အာသီနော၊ ကပ်ရောက်တည်သည်။
(အသိ၊ ဖြစ်၏)။
တံ ခုရစက္ကံ၊ ထိုသင်တုံးစက်သို့။
အာသဇ္ဇ ပါပုဏိတွာ၊ ကပ်၍ ရောက်၍။
ဌိတော၊ တည်သည်။
ဣတိ အတ္တော၊ ဤကား ပါသာဏမာသီနော၏ အနက် တည်း။
**ယသ္မာ ဇီဝံ န မောက္ခသီ** တိ၊ ယသ္မာ ဇီဝံ န မောက္ခသိဟူသည်ကား။
တေ ပါပံ၊ သင်၏ မကောင်းမှုသည်။
ယာဝ န ခီယတိ၊ အကြင်မျှလောက် မကုန် သေး။
တာဝ ဇီဝန္တောယေဝ၊ ထိုမကောင်းမှု မကုန်သေးသမျှ အသက်ရှင်လျက် သာ။
ယသ္မာ ခုရစက္ကာ န မုစ္စိဿသိ၊ အကြင်သင်တုံးစက်မှ မလွတ်နိုင်တည်း။
တံ အာသီနော အသိ၊ ထိုသင်တုံးစက်သို့ ကပ်ရောက် တည်သည် ဖြစ်၏။
ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဣမံ ဂါထံ ဝတွာ ဗောဓိသတ္တော၊ ဤဂါထာကို ရွတ်ဆိုပြီး၍ ဘုရားလောင်း နတ်သားသည်။
အတ္တနော ဝသနဋ္ဌာနံယေဝ ဂတော၊ မိမိ၏ နေရာ နတ်ပြည်ဌာန သို့သာ သွားပြီ။
မိတ္တဝိန္ဒကောပိ ခုရစက္ကံ ဥက္ခိပိတွာ၊ မိတ္တဝိန္ဒကသည်လည်း သင်တုံး စက်ကို ရွက်၍။
မဟာဒုက္ခံ အနုဘဝမာနော၊ ကြီးစွာသောဒုက္ခကို ခံစားလျက်။
ပါပကမ္မေ ပရိတ္ထီဏေ၊ မကောင်းမှုကံသည် ကုန်ခန်းသော်။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ မိတ္တဝိန္ဒကာ၊ ထိုအခါက မိတ္တ၀ိန္ဒကသည်။
ဒုဗ္ဗစဘိက္ခု အဟောသိ၊ ခက်ခဲစွာဆုံးမရသော ရဟန်းသည် ဖြစ်လာပြီ။
ဒေဝရာဇာ ပန၊ နတ်မင်းသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
မိတ္တဝိန္ဒကဇာတကဝဏ္ဏနာ ဒုတိယာ၊ နှစ်ခုမြောက်ဖြစ်သော မိတ္တဝိန္ဒကဇာတ်အဖွင့်တည်း။