**ယေ ကုက္ကုရာ**တိ ဣဒံ၊ ယေ ကုက္ကုရာ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဉာတတ္ထစရိယံ အာရဗ္ဘ ကထေသိ၊ ဆွေမျိုးကောင်းကျိုး ကျင့်မှုကို အကြောင်းပြု၍ ဟောတော်မူပြီ။
သာ ဒွါဒသကနိပါတေ၊ ထိုဆွေမျိုးကောင်းကျိုး ကျင့်မှုသည် ဒွါဒသကနိပါတ်၌။
ဘဒ္ဒသာလဇာတကေ အာဝိ ဘဝိဿတိ၊ ဘဒ္ဒသာလဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။
ဣဒံ ဝတ္ထုံ ပတိဋ္ဌပေတွာ ပန၊ ဤဉာတတ္ထစရိယာအကြောင်းအရာကို ထားခဲ့ပြီး၍ကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်ပြီဆိုကြပါစို့။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော တထာရူပံ ကမ္မံ ပဋိစ္စ၊ ဘုရားလောင်းသည် ထိုသို့ခွေးဖြစ်စေတတ်သော သဘောရှိသော အကုသိုလ်ကံကို စွဲ၍။
ကုက္ကုရယောနိယံ နိဗ္ဗတ္တိတွာ၊ ခွေးမျိုး၌ ဖြစ်၍။
အနေကသတကုက္ကုရပရိဝုတော မဟာသုသာနေ ဝသတိ၊ ရာပေါင်းများစွာသော ခွေးခြံရံအပ်လျက် သုသာန်ကြီး၌ နေ၏။
အထ ဧကဒိဝသံ ရာဇာ၊ ထိုအခါ တစ်နေ့၌ ဗြဟ္မဒတ်မင်းသည်။
သေတသိန္ဓဝယုတ္တံ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတံ၊ သိန္ဓောမြင်းဖြူကအပ်သော တန်ဆာအားလုံးဖြင့် တန်ဆာဆင်အပ်သော။
ရထံ အာရုယှ ဥယျာနံ ဂန္တွာ၊ ရထားစီး၍ ဥယျာဉ်တော်သို့ သွား၍။
တတ္ထ ဒိဝသဘာဂံ ကီဠိတွာ၊ ထိုဥယျာဉ်တော်၌ နေ့အဖို့ပတ်လုံး ကစား၍။
သူရိယေ အတ္ထင်္ဂတေ နဂရံ ပါဝိသိ၊ နေသည် ဝင်သော် မြို့သို့ ဝင်ပြီ။
တဿ တံ ရထဝရတ္တံ၊ ထိုမြင်းရထား၏ ထိုရထားသရေကြိုးကို။
ယထာနဒ္ဓမေဝ ရာဇင်္ဂဏေ ဌပယိံသု၊ ဖွဲ့ချည်အပ်တိုင်းပင် မင်းရပ်ပြင်၌ ထားကုန်ပြီ။
ရတ္တိဘာဂေ ဒေဝေ ဝဿန္တေ၊ ညအဖို့၌ မိုးသည် ရွာသော်။
သော တိန္တော၊ ထိုရထားသည် မိုးစိုပြီ။
ဥပရိပါသာဒတော ကောလေယျကသုနခါ ဩတရိတွာ၊ နန်းပြာသာဒ်ပေါ်မှ နန်းတွင်းမွေးထား ခွေးအများတို့သည် ဆင်း၍။
တဿ စမ္မဉ္စ နဒ္ဓိဉ္စ ခါဒိံသု၊ ထိုရထား၏ ကွပ်ထားသောသားရေကိုလည်းကောင်း, သားရေလွန်ကြိုးကိုလည်းကောင်း စားကုန်ပြီ။
ပုနဒိဝသေ ရညော၊ နောက်နေ့၌ ဗြဟ္မဒတ်မင်းအား။
"ဒေဝ နိဒ္ဓမနမုခေန၊ အရှင်မင်းမြတ် ရေထုတ်ပြွန်ပေါက်ဖြင့်။
သုနခါ ပဝိသိတွာ၊ ခွေးတို့သည် နန်းတွင်းဝင်ကြ၍။
ရထဿ စမ္မဉ္စ၊ ရထားတော်၏ ကွပ်ထားသော သားရေကိုလည်းကောင်း။
နဒ္ဓိဉ္စ ခါဒိံသူတိ အာရောစေသုံ၊ သားရေလွန်ကြိုးကို၎င်း စားကုန်ပြီ"ဟု လျှောက်ကုန်ပြီ။
ရာဇာ သုနခါနံ ကုဇ္ဈိတွာ၊ ဗြဟ္မဒတ်မင်းသည် ခွေးတို့အား စိတ်ဆိုး၍။
ဒိဋ္ဌဒိဋ္ဌဋ္ဌာနေ သုနခေ၊ တွေ့ရာ တွေ့ရာဌာန၌ ခွေးတို့ကို။
ဃာတေထာတိ အာဟ၊ သတ်ကြလော့ဟု ပြောပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
သုနခါနံ မဟာဗျသနံ ဥဒပါဒိ၊ ခွေးတို့၏ ကြီးစွာသော သေကြေပျက်စီးခြင်းသည် ဖြစ်ပြီ။
တေ ဒိဋ္ဌိဒိဋ္ဌဋ္ဌာနေ၊ ထိုခွေးတို့သည် တွေ့ရာတွေ့ရာ ဌာန၌။
ဃာတိယမာနာ ပလာယိတွာ၊ အသတ်ခံရကုန်သော် ပြေးကြ၍။
သုသာနံ ဂန္တွာ၊ သုသာန်ကို သွားကြ၍။
ဗောဓိသတ္တဿ သန္တိကံ အဂမံသု၊ ဘုရားလောင်း၏ အထံသို့ သွားကုန်ပြီ။
"ဗဟူ တုမှေ သန္နိပတိတာ၊ များစွာကုန်သော သင်တို့သည် ကောင်းစွာ ကျရောက်စုဝေးကုန်၏။
ကာရဏံ ကိံ နု ခေါတိ၊ အကြောင်းကား အဘယ်နည်း"ဟု။
ဗောဓိသတ္တော ပုစ္ဆိ၊ ဘုရားလောင်းခွေးမင်းသည် မေးပြီ။
တေ၊ ထိုခွေးတို့သည်။
"အန္တေပုရေ ရထဿ၊ နန်းတွင်း၌ ရထားတော်၏။
စမ္မဉ္စ နဒ္ဓိ စ၊ အကွပ်သားရေကိုလည်းကောင်း, သားရေလွန်ကြိုးကိုလည်းကောင်း။
သုနခေဟိ ခါဒိတာ ကိရာတိ၊ ခွေးတို့သည် စားအပ်ကုန်ပြီတဲ့ဟု။
ကုဒ္ဓေါ ရာဇာ၊ စိတ်ဆိုးသော ဗြဟ္မဒတ်မင်းသည်။
သုနခဝဓံ အာဏာပေသိ၊ ခွေးသတ်မှုကို စေခိုင်းပြီ။
ဗဟူ သုနခါ ဝိနဿန္တိ၊ များစွာကုန်သော ခွေးတို့သည် သေကြေပျက်စီးကုန်၏။
မဟာဘယံ ဥပ္ပန္နန္တိ အာဟံသု၊ ဘေးကြီးသည် ဖြစ်နေပါပြီ"ဟု ပြောကြပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းခွေးမင်းသည်။
"အာရက္ခဋ္ဌာနေ ဗဟိသုနခါနံ၊ အစောင့်အရှောက်ရှိရာ ဌာန၌ နန်းပြင်က ခွေးတို့၏။
ဩကာသော နတ္ထိ၊ အခွင့်အလမ်းသည် မရှိ။
တံ အန္တောရာဇနိဝေသနေ ကောလေယျကသုနခါနမေဝ၊ ထိုအမှုသည် နန်းတွင်းမွေးထားသော ခွေးတို့၏သာ။
ကမ္မံ ဘဝိဿတိ၊ အမှုသည် ဖြစ်လတ္တံ့။
ဣဒါနိ ပန စောရာနံ၊ ယခုတော့ကား ပြုလုပ်သူသူခိုးတို့မှာ။
ကိဉ္စိဘယံ နတ္ထိ၊ ဘာဘေးမျှသည် မရှိ။
အစောရာ မရဏံ လဘန္တိ၊ မခိုးသူတို့သည် သေမှုကို ရကုန်၏။
အယံ စောရေ၊ ငါသည် သူခိုးခွေးတို့ကို။
ရညော ဒဿေတွာ၊ ဗြဟ္မဒတ်မင်းအား ပြ၍။
ဉာတိသင်္ဃဿ ဇီဝိတဒါနံ၊ ဆွေမျိုးခွေးအပေါင်းအား အသက်အလှူကို။
ယန္နူန ဒဒေယျန္တိ စိန္တေသိ၊ လှူရမူကောင်းလေစွ"ဟု ကြံပြီ။
သော ဉာတကေ သမဿာသေတွာ၊ ထိုဘုရားလောင်း ခွေးမင်းသည် ဆွေမျိုးခွေးတို့ကို သက်သာရာ ရစေ၍။
"တုမှေ မာ ဘာယိတ္ထ၊ သင်တို့သည် မကြောက်ကြလင့်။
အဟံ ဝေါ၊ ငါသည် သင်တို့အတွက်။
အဘယံ အာဟရိဿာမိ၊ ဘေးမဲ့ကို ဆောင်ယူခဲ့မည်။
ရာဇာနံ ယာဝ ပဿာမိ၊ ဗြဟ္မဒတ်မင်းကို အကြင်မျှလောက် ငါတွေ့မြင်၏။
တာဝ၊ ထိုမင်းနှင့် ငါတွေ့သည့်တိုင်အောင်။
ဣဓေဝ ဟောထာတိ၊ ဤမှာသာ ဖြစ်ကြပါ"ဟု မှာထား၍။
ပါရမိယော အာဝဇ္ဇေတွာ၊ ပါရမီတော်တို့ကို ဆင်ခြင်၍။
မေတ္တာဘာဝနံ ပုရေစာရိကံ ကတွာ၊ မေတ္တာပွားမှုကို ရှေ့သွားကိုပြု၍။
"မယှံ ဥပရိ၊ ငါ၏ အပေါ်၌။
လေဍ္ဍုံ ဝါ မုဂ္ဂရံ ဝါ၊ ခဲကိုလည်းကောင်း, ဆောက်ပုတ်ကိုလည်းကောင်း။
ကောစိ ခိပိတုံ မာ ဥဿဟိ၊ မည်သူသည်မျှ ပစ်ပေါက်ခြင်းငှာ မစွမ်းနိုင်ပါစေသတည်း။
"ဣတိ အဓိဋ္ဌာယ ဧကကောဝ၊ ဤသို့ဓိဋ္ဌာန်၍ တစ်ကောင်တည်းသာ။
အန္တောနဂရံ ပါဝိသိ၊ ဗာရာဏသီမြို့တွင်းသို့ ဝင်သွားပြီ။
အထ နံ ဒိသွာ၊ မြို့ထဲဝင်သွားရာ ထိုအခါ၌ ထိုဘုရားလောင်းခွေးမင်းကို မြင်၍။
ဧကသတ္တောပိ ကုဇ္ဈိတွာ၊ သတ္တဝါတစ်ယောက် တစ်ကောင်သည်သော်မှလည်း စိတ်ဆိုး၍။
ဩလောကေန္တော နာမ နာဟောသိ၊ ကြည့်သည် မည်သည် မဖြစ်ပြီ။
ရာဇာပိ သုနခဝဓံ အာဏာပေတွာ၊ ဗြဟ္မဒတ်မင်းသည်လည်း ခွေးသတ်မှုကို အမိန့်ပေးပြီး၍။
သယံ ဝိနိစ္ဆယေ၊ ကိုယ်တိုင် တရားဆုံးဖြတ်ရာရုံး၌။
နိသိန္နော ဟောတိ၊ ထိုင်နေသည် ဖြစ်၏။
ဗောဓိသတ္တော တတ္ထေဝ ဂန္တွာ၊ ဘုရားလောင်းခွေးမင်းသည် ထိုတရားဆုံးဖြတ်ရာရုံးသို့သာ သွား၍။
ပက္ခန္ဒိတွာ ရညော အာသနဿ၊ ပြေးတည့်၍ ဗြဟ္မဒတ်မင်း၏ ထိုင်နေရာ၏။
ဟေဋ္ဌာ ပါဝိသိ၊ အောက်သို့ ဝင်သွားပြီ။
အထ နံ ရာဇပုရိသာ၊ ဝင်သွားရာ ထိုအခါ၌ ထိုဘုရားလောင်း ခွေးမင်းကို မင်းချင်းယောကျ်ားတို့သည်။
နီဟရိတုံ အာရဒ္ဓါ၊ နေရာတော်အောက်မှ ထုတ်ခြင်းငှာ အားထုတ်ကုန်ပြီ။
ပန ရာဇာ ဝါရေသိ၊ သို့သော်လည်း ဗြာဟ္မဒတ်ဘုရင်သည် တားမြစ်ပြီ။
သော ထောကံ ဝိဿမိတွာ၊ ထိုဘုရားလောင်းခွေးမင်းသည် အတန်ငယ် အပန်းဖြေ၍။
ဟေဋ္ဌာသနာ နိက္ခမိတွာ၊ နေရာတော်အောက်မှ ထွက်ခဲ့၍။
ရာဇာနံ ဝန္ဒိတွာ၊ ဗြာဟ္မဒတ်မင်းကို ရှိခိုး၍။
"ဒေဝ တုမှေ ကုက္ကုရေ၊ အိုအရှင်မင်းကြီး အရှင်မင်းကြီးတို့သည် ခွေးတို့ကို။
မာရာပေထာတိ ပုစ္ဆိ၊ အသတ်ခိုင်းတော်မူကြပါသလောဟု မေးပြီ။
အာမ အဟံ မာရာပေမိ ဣတိ၊ အေး ငါသည် အသတ်ခိုင်း၏ဟု ဖြေပြီ။
နေသံ အပရာဓော၊ ထိုခွေးတို့၏ အပြစ်ကား။
ကော နရိန္ဒာတိ၊ ဘာပါနည်း အရှင်မင်းကြီးဟု မေးပြီ။
မေ ရထဿ၊ ငါ၏ စီးတော်ရထား၏။
ပရိဝါရစမ္မဉ္စ နဒ္ဓိဉ္စ ခါဒိံသူတိ၊ အကွပ်သားရေကိုလည်းကောင်း, သားရေကြိုးကိုလည်းကောင်း စားကြပြီဟု ဖြေပြီ။
ယေ ခါဒိံသု၊ အကြင်ခွေးတို့သည် စားကြပြီ။
တေ ဇာနာထာတိ၊ စားကြသော ထိုခွေးတို့ကို သိတော်မူကြပါသလားဟု မေးပြီ။
န ဇာနာမာတိ၊ မသိပါကုန်ဟု ဖြေပြီ။
ဣမေ နာမ စမ္မခါဒကစောရာတိ၊ ဤခွေးတို့မည်သည် သားရေစားသည့် သူခိုးခွေးတို့တည်းဟု။
တထတော အဇာနိတွာ၊ အမှန်အားဖြင့် မသိမူ၍။
ဒိဋ္ဌဒိဋ္ဌဋ္ဌာနေယေဝ မာရာပနံ၊ တွေ့ရာ တွေ့ရာ အရပ်တိုင်း၌ပင် အသတ်ခိုင်းခြင်းသည်။
န ယုတ္တံ ဒေဝါတိ၊ မသင့်ပါ အရှင်မင်းကြီးဟု ပြောပြီ။
ရထစမ္မဿ ကုက္ကုရေဟိ ခါဒိတတ္တာ၊ စီးတော်ရထားသားရေကို ခွေးတို့သည် စားအပ်သည့် အဖြစ်ကြောင့်။
ဒိဋ္ဌဒိဋ္ဌေ သဗ္ဗေဝ မာရေထာတိ၊ မြင်တိုင်း မြင်တိုင်းကုန်သော ခွေးအားလုံးတို့ကိုပင် သတ်ကြလေဟု။
သုနခဝဓံ အာဏာပေသိန္တိ၊ ခွေးသတ်မှုကို ငါအာဏာပေးပြီဟု။
ဝေါ မနုဿာ၊ အရှင်မင်းကြီးတို့၏ အမှုထမ်းလူတို့သည်။
သဗ္ဗေဝ ကုက္ကုရေ မာရေန္တိ ကိံ ပန၊ အားလုံးကုန်သော ခွေးတို့ကိုပင် သတ်ကြပါသလော။
ဥဒါဟု မရဏံ၊ ဒီလိုမဟုတ်ဘဲ သေမှုအသတ်ခံရမှုကို။
အလဘန္တာပိ အတ္ထီတိ၊ မရကြသော ခွေးတို့သည်လည်း ရှိကြပါသလောဟု မေးပြီ။
အတ္ထိ၊ ရှိကြ၏။
အမှာကံ ဃရေ ကောလေယျကာ၊ ငါတို့၏ နန်းတော်၌ မွေးသည့် ခွေးတို့သည်။
မရဏံ န လဘန္တီတိ၊ သေမှု အသတ်ခံရမှုကို မရကြဟု ဖြေပြီ။
မဟာရာဇ ဣဒါနေဝ တုမှေ၊ အို အရှင်မင်းကြီး ယခုပင် အရှင်မင်းကြီးတို့သည်။
ရထစမ္မဿ ကုက္ကုရေဟိ ခါဒိတတ္တာ၊ စီးတော်ရထားသားရေကို ခွေးတို့သည် စားအပ်သည့် အဖြစ်ကြောင့်။
ဒိဋ္ဌဒိဋ္ဌေ သဗ္ဗေဝ မာရေထာတိ၊ တွေ့တိုင်း တွေ့တိုင်းကုန်သော ခွေးအားလုံးတို့ကိုပင် သတ်ကြလေဟု။
သုနခဝဓံ အာဏာပေသိန္တိ၊ ခွေးသတ်မှုကို အာဏာပေးခဲ့ပြီဟု။
အဝေါစုတ္ထ၊ မိန့်ခဲ့ကုန်၏။
ဣဒါနိ ပန၊ ယခုကျပြန်တော့။
အမှာကံ ဃရေ ကောလေယျကာ၊ ငါတို့၏ နန်းတော်က မွေးထားသောခွေးတို့သည်။
မရဏံ န လဘန္တီတိ ဝဒေထ၊ သေမှု အသတ်ခံရမှုကို မရကြဟု မိန့်တော်မူကုန်၏။
နနု ဧဝံ သန္တေ၊ စင်စစ် ဤသို့ ဖြစ်သော်။
တုမှေ ဆန္ဒါဒိဝသေန၊ သင်မင်းကြီးတို့သည် ချစ်ခြင်းစသည်တို့ အစွမ်းဖြင့်။
အဂတိဂမနံ ဂစ္ဆထ၊ အဂတိလိုက်ခြင်းသို့ ရောက်ကြသည် မဟုတ်ပါလော။
အဂတိဂမနဉ္စ နာမ န ယုတ္တံ၊ အဂတိလိုက်ခြင်း မည်သည်လည်း မသင့်လျော်။
န စ ရာဇဓမ္မော၊ မင်းကျင့်တရားလည်း မဟုတ်။
ရညာ နာမ ကာရဏဂဝေသကေန၊ မင်းမည်သည် အကြောင်းမှန်ရှာတတ်သူသည်။
တုလာသဒိသေန ဘဝိတုံ ဝဋ္ဋတိ၊ ချိန်ခွင်တူစွာ, မှန်ကန်သူသည် ဖြစ်ခြင်းငှာသင့်၏။
ဣဒါနိ စ ကောလေယျကာ၊ ယခု၌ကား နန်းတော်မွေး ခွေးတို့သည်။
မရဏံ န လဘန္တိ၊ သေမှု အသတ်ခံရမှုကို မရကြကုန်။
ဒုဗ္ဗလသုနခါဝ လဘန္တိ၊ အားနည်းသည့် မျက်နှာမွဲခွေးတို့သည်သာ အသတ်ခံရကုန်၏။
ဧဝံ သန္တေ အယံ၊ ဤသို့ဖြစ််သော် ဤခွေးသတ်မှုသည်။
န သဗ္ဗသုနခဃစ္စာ၊ ခွေးအားလုံးသတ်မှု မဟုတ်။
ဧသော ဒုဗ္ဗလဃာတိကာ နာမ ဣတိ၊ ဤခွေးသတ်မှုသည် အားနည်းသည့် ခွေးမျက်နှာမွဲတို့ကို ရွေးသတ်ခြင်းမည်၏ဟု ပြောပြီ။
စ ပန ဧဝံ ဝတွာ မဟာသတ္တော၊ ဆက်၍အထူး ပြောရသော် ဤသို့ပြောပြီး၍ ဘုရားလောင်းခွေးမင်းသည်။
မဓုရဿရံ နိစ္ဆာရေတွာ၊ သာယာစွာသော အသံကို မြွက်ဆို၍။
မဟာရာဇ ယံ၊ အိုမင်းမြတ် အကြင် ခွေးသတ်မှုကို။
တုမှေ ကရောထ၊ သင်မင်းကြီးတို့သည် ပြုလုပ်ကုန်၏။
အယံ န ဓမ္မောတိ၊ ဤခွေးသတ်မှုသည် တရားနည်းလမ်းမကျဟု။
ရညော ဓမ္မံ ဒေသေန္တော၊ ဗြဟ္မဒတ်မင်းအား တရားကို ဟောလိုရကား။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဆိုပြီ။
၂၂။ ယေ ကုက္ကုရာ ရာဇကုလမှိ ဝဒ္ဓါ၊ အကြင်ခွေးတို့သည် မင်းနန်းတော်၌ ကြီးပွားကုန်၏။
ကောလေယျကာ ဝဏ္ဏဗလူပပန္နာ၊ နန်းတော်၌ မွေးဖွားကြီးပြင်းကုန်၏ အဆင်းအားနှင့် ပြည့်စုံကုန်၏ (လှပ၍ အားရှိကုန်၏)။
တေ ဣမေ န ဝဇ္ဈာ၊ ထိုဆိုခဲ့ပြီးသည့် ဤနန်းတော်မွေးခွေးတို့ကို မသတ်အပ်ကုန်။
မယံ ဝဇ္ဈာ မသ္မ၊ ငါတို့သည်သာ အသတ်ခံရကုန်သည် ဖြစ်ကုန်၏။
အယံ န သဃစ္စာ၊ မင်းတရား၏ ဤခွေးသတ်မှုသည် ခွေးအားလုံးသတ်မှု မဟုတ်။
အယံ ဒုဗ္ဗလဃာတိကာ၊ မင်းတရား၏ ဤခွေးသတ်မှုသည် အားနည်းသည့် မျက်နှာမွဲခွေးတို့ကိုသာ ရွေးသတ်မှုတည်း။
တတ္ထ **ယေ ကုက္ကုရာ**တိ ယေ သုနခါ၊ ထိုဂါထာ၌ ယေ ကုက္ကုရာ ဟူသည်ကား အကြင်ခွေးတို့သည်တည်း။
ဟိ၊ ဥပမာအားဖြင့် ထင်ရှားအောင် ပြရသော်။
ဓာရုဏှောပိ ပဿာဝေါ၊ ပေါက်စ, ပါစဖြစ်၍ ပူနွေးသောအလျင် ရှိသော်လည်း ကျင်ငယ်ကို (နွားကျင်ငယ်ကို)။
ပူတိမုတ္တန္တိ ဝုစ္စတိ ယထာ၊ ပုတ်သောကျင်ငယ်ဟူ၍ ခေါ်အပ်သကဲ့သို့လည်းကောင်း။
တဒဟုဇာတောပိ သိင်္ဂါလော၊ ယနေ့ဖွားစပင် ဖြစ်သော်လည်း မြေခွေး, တောခွေးကို။
ဇရသိင်္ဂါလောတိ ဝုစ္စတိ ယထာ၊ တောခွေးအိုဟု ခေါ်အပ်သကဲ့သို့လည်းကောင်း။
ကောမလာပိ ဂလောစိလတာ၊ နုနယ်သော်လည်း ဆင်သမနွယ်ကို။
ပူတိလတာတိ ဝုစ္စတိ ယထာ၊ နွယ်ပုတ်ဟု ခေါ်ဆိုအပ်သကဲ့သို့လည်းကောင်း။
သုဝဏ္ဏဝဏ္ဏောပိ ကာယော၊ ရွှေအဆင်းကဲ့သို့ အဆင်းရှိပါသော်လည်း ကိုယ်ကို။
ပူတိကာယောတိ ဝုစ္စတိ ယထာ၊ ခန္ဓာကိုယ်ပုပ်ဟု ခေါ်အပ်သကဲ့သို့ ၎င်း။
ဧဝမေဝံ၊ ဤအတူ ဤအတူ။
ဝဿသတိကောပိ သုနခေါ၊ အသက်တစ်ရာပင် ရှိပါသော်လည်း ခွေးကို။
ကုက္ကုရောတိ ဝုစ္စတိ၊ စက်ဆုပ်ဖွယ်ရှိသော အကောင်ဟူ၍ ခေါ်အပ်၏။
တသ္မာ မဟလ္လကာ ကာယဗလူပပန္နာပိ တေ၊ ထို့ကြောင့် ကြီးကုန်သော်လည်း ကာယဗလနှင့် ပြည့်စုံကုန်သော်လည်း ထိုခွေးတို့ကို။
ကုက္ကုရာတွေဝ ဝုတ္တာ၊ စက်ဆုပ်ဖွယ်ရှိသော အကောင်တို့ ဟူ၍သာ ဘုရားလောင်းခွေးမင်း ပြောအပ်ကုန်ပြီတည်း။
**ဝဒ္ဓါတိ ဝဒ္ဓိတာ**၊ ဝဒ္ဓါဟူသည်ကား ကြီးကုန်၏။
ကောလေယျကာတိ၊ ကောလေယျကာ ဟူသည်ကား။
ရာဇကုလေ ဇာတာ၊ မင်းမျိုးမင်းအိမ်၌ ပေါက်ဖွားကုန်သော။
သံဘူတာ သံဝဍ္ဎာ၊ ကောင်းစွာ ဖြစ်ကုန်သော ကောင်းစွာကြီးပြင်းကုန်သော ခွေးတို့သည်တည်း။
**ဝဏ္ဏဗလူပပန္နာ**တိ၊ ဝဏ္ဏဗလူပပန္နာဟူသည်ကား။
သရီရဝဏ္ဏေန စေဝ ကာယဗလေန စ သမ္ပန္နာ၊ ကိုယ်အဆင်းနှင့်လည်းကောင်း ကာယဗလနှင့်လည်းကောင်း ပြည့်စုံကုန်သော ခွေးတို့သည်တည်း။
**တေ မေ န ဝဇ္ဈာတိ**၊ တေ မေ န ဝဇ္ဈာဟူသည်ကား။
သဿာမိကာ သာရက္ခာ၊ ပိုင်ရှင်မင်း ရှိကုန်သော မင်းအစောင့်အရှောက်အခွင့်ထူးကုန်သော။
တေ ဣမေ န ဝဇ္ဈာ၊ ထိုဆိုခဲ့ပြီး ဤခွေးတို့သည် အသတ်မခံရကုန်တည်း။
**မယမသ္မဝဇ္ဈာ**တိ၊ မယမသ္မ ဝဇ္ဈာဟူသည်ကား။
အဿာမိကာ အနာရက္ခာ မယံ၊ ပိုင်ရှင်မရှိကုန်သော စောင့်ရှောက်မှု အခွင့်ထူးမရကုန်သော ငါတို့သည်။
ဝဇ္ဈာ နာမ ဇာတာ၊ သတ်ထိုက်သူတို့ မည်ကုန်သည် ဖြစ်ကုန်၏တည်း။
**နာယံ သဃစ္စာ**တိ၊ နာယံ သဃစ္စာ ဟူသည်ကား။
ဧဝံ သန္တေ အယံ၊ ဤသို့ဖြစ်သော် ဤခွေးသတ်မှုသည်။
အဝိသေသေန သဃစ္စာ နာမ န ဟောတိ၊ အထူးမဟုတ် သာမညအားဖြင့် ခွေးအားလုံးသတ်မှုမည်သည် မဖြစ်တည်း။
**ဒုဗ္ဗလဃာတိကာယန္တိ၊ ဒုဗ္ဗလဃာတိကာယံ ဟူသည်ကား။
အယံ ပန ဒုဗ္ဗလာနံယေဝ ဃာတနတော၊ ဤခွေးသတ်မှုသည်ကား အားနည်းသူခွေးတို့ကိုသာ သတ်ခြင်းကြောင့်။
ဒုဗ္ဗလဃာတိကာ နာမ ဟောတိ၊ အားနည်းသူခွေးတို့ကို သတ်ခြင်းမည်သည် ဖြစ်၏တည်း။
(ဤဖြစ်၏တည်းကဲ့သို့ 'တည်း'များသည် နိဿယရေးသူ မိမိ အယူအဆအရ ဒုဗ္ဗလဃာတိကာယံဟူသည်ကား ကဲ့သို့ သံဝဏ္ဏေတဗ္ဗနောက်က "ဟူသည်ကား"၏ စပ်ရာတို့တည်း)။
ရာဇူဟိ နာမ စောရာ နိဂ္ဂဏှိတဗ္ဗာ၊ မင်းတို့မည်သည် ခိုးဆိုးသူတို့ကို နှိမ်ထိုက်ကုန်၏။
အစောရာ နော၊ မခိုးမဆိုးသူတို့ကို မနှိမ်ထိုက်ကုန်။
ဣဓ ပန၊ ဤမှာ ဖြစ်နေပုံကတော့။
စောရာနံ ကိဉ္စိဘယံ နတ္ထိ၊ ခိုးဆိုးသူတို့အား မည်သည့်ဘေးရန်သည်မျှ မရှိ။
အစောရာ မရဏံ လဘန္တိ၊ မခိုးမဆိုးသူတို့သည် သေမှု, အသတ်ခံရမှုကို ရကြကုန်၏။
ဣမသ္မိံ လောကေ၊ ဤလောက၌။
အဟော အယုတ္တံ ဝတ္တတိ၊ အော် လန့်လောက်စရာ မလျော်မှုသည် ဖြစ်နေ၏။
အဟော အဓမ္မော ဝတ္တတိ၊ အော်လန့်လောက်စရာ မတရားမှုသည် ဖြစ်နေ၏။
ဣတိ၊ ဤကား ဂါထာ၏ ဆိုလိုချက် အပြည့်အစုံတည်း။
ရာဇာ ဗောဓိသတ္တဿ ဝစနံ သုတွာ၊ ဗြဟ္မဒတ်မင်းသည် ဘုရားလောင်းခွေးမင်း၏ စကားကို ကြားရ၍။
"ပဏ္ဍိတ တွံ အသုကေဟိ နာမ၊ အိုပညာရှိခွေးမင်း သင်ပညာရှိ ခွေးမင်းသည် ထိုခွေးတို့မည်သည်။
ရထစမ္မံ ခါဒိတံ၊ ရထားအကွပ်သားရေကို စားအပ်သည်ကို။
ဇာနာသိ ဣတိ အာဟ၊ သိပါသလား"ဟု မေးပြီ။
အာမ ဇာနာမီတိ၊ အေး သိ၏ဟု ဖြေပြီ။
ကေဟိ ခါဒိတန္တိ၊ ဘယ်ခွေးတို့သည် စားအပ်သနည်းဟု မေးပြီ။
တုမှာကံ ဂေဟေ၊ အရှင်မင်းကြီးတို့၏ နန်းတော်၌။
ဝသနကေဟိ ကောလေယျကသုနခေဟီတိ၊ နေကုန်သော မင်းအိမ်ခွေး ခွေးတို့သည်တည်းဟု ဖြေပြီ။
တေဟိ ခါဒိတဘာဝေါ၊ ထိုမင်းအိမ်မွေး ခွေးတို့စားအပ်သည့် အကြောင်းကို။
ကထံ ဇာနိတဗ္ဗောတိ၊ ဘယ်လို သိနိုင်သလဲဟု မေးပြီ။
အဟံ တေဟိ၊ ငါသည် ထိုမင်းအိမ်မွေး ခွေးတို့သည်။
ခါဒိတဘာဝံ ဒဿေသာမီတိ၊ စားအပ်သည့်အကြောင်းကို ပြအံ့ဟု ပြောပြီ။
ဒဿေဟိ ပဏ္ဍိတာတိ၊ ပြပါ ပညာရှိဟု ပြောပြီ။
တုမှာကံ ဃရေ၊ သင်မင်းကြီးတို့၏ နန်းတော်၌။
ကောလေယျကသုနခေ အာဟရာပေတွာ၊ နန်းတော်မွေးခွေးတို့ကို ဆောင်ယူစေ၍။
ထောကံ တက္ကဉ္စ ဒဗ္ဗတိဏာနိ စ၊ အနည်းငယ်သော ရက်တက်ရည်ကိုလည်းကောင်း နေဇာမြက်တို့ကိုလည်းကောင်း။
အာဟရာပေထာတိ၊ ဆောင်ယူခိုင်းတော်မူကြပါဟု ပြောပြီ။
ရာဇာ တထာ အကာသိ၊ ဗြဟ္မဒတ်မင်းကြီးသည် ထိုဘုရားလောင်းဆိုတိုင်း ပြုပြီ။
အထ နံ မဟာသတ္တော၊ ထိုအခါ ထိုဗြဟ္မဒတ်မင်းကြီးကို ဘုရားလောင်းခွေးမင်းသည်။
ဣမာနိ တိဏာနိ တက္ကေန မဒ္ဒါပေတွာ၊ ဤနေဇာမြက်တို့ကို ရက်တက်ရည်ဖြင့် နယ်စေ၍။
ဧတေ သုနခေ ပါယေထာတိ အာဟ၊ ဤနန်းတော်မွေး ခွေးတို့ကို သောက်စေတော်မူပါ တိုက်ပါ"ဟု ပြောပြီ။
ရာဇာ တထာ ကတွာ ပါယာပေသိ၊ ဗြဟ္မဒတ်မင်းသည် ထိုဘုရားလောင်းပြောတိုင်း နယ်စေ၍ သောက်စေပြီ, တိုက်ပြီ။
ပီတာ ပီတာ သုနခါ၊ သောက်ပြီး သောက်ပြီးကုန်သော နန်းတော်မွေးခွေးတို့သည်။
စမ္မေဟိ သဒ္ဓိံ ဝမိံသု၊ သားရေတို့နှင့်အတူ ဆန်ကုန်ပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
သဗ္ဗညုဗုဒ္ဓဿ ဗျာကရဏံ ဝိယာတိ တုဋ္ဌော၊ သဗ္ဗညုဘုရားရှင်၏ ဖြေဆိုခြင်းကဲ့သို့ဟု နှစ်သက်လှ၍။
ဗောဓိသတ္တဿ သေတစ္ဆတ္တေန၊ ဘုရားလောင်း ခွေးမင်းအား ထီးဖြူတော်ဖြင့်။
ပူဇံ အကာသိ၊ ပူဇော်မှုကို ပြုပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းခွေးမင်းသည်။
'ဓမ္မံ စရ မဟာရာဇ, မာတာပိတူသု ခတ္တိယာ' တိအာဒီဟိ၊ ဓမ္မံ စရ မဟာရာဇ, မာတာပိတူသု ခတ္တိယာ' ဤသို့ အစရှိကုန်သော။
တေသကုဏဇာတကေ အာဂတာဟိ၊ တေသကုဏဇာတ်၌ လာကုန်သော။
ဒသဟိ ဓမ္မစရိယဂါထာဟိ၊ ဆယ်ခုကုန်သော ကျင့်ဖွယ် တရားဂါထာတို့ဖြင့်။
ရညော ဓမ္မံ ဒေသေတွာ၊ ဗြဟ္မဒတ်မင်းအား တရားကို ဟော၍။
မဟာရာဇ ဣတော ပဋ္ဌာယ၊ မင်းမြတ် ဤနေ့မှ စ၍။
အပ္ပမတ္တော ဟောဟီတိ၊ မမေ့လျော့သည် ဖြစ်လော့ဟု။
ရာဇာနံ ပဉ္စသု သီလေသု ပတိဋ္ဌာပေတွာ၊ ဗြဟ္မဒတ်မင်းကို ငါးပါးသီလတို့၌ တည်စေ၍။
သေတစ္ဆတ္တံ ရညောဝ ပဋိအဒါသိ၊ ထီးဖြူတော်ကို ဗြဟ္မဒတ်မင်းအားသာ ပြန်ပေးပြီ။
ရာဇာ မဟာသတ္တဿ၊ ဗြဟ္မဒတ်မင်းသည် ဘုရားလောင်းခွေးမင်း၏။
ဓမ္မကထံ သုတွာ၊ တရားစကားကို ကြားနာရ၍။
သဗ္ဗသတ္တာနံ အဘယံ ဒတွာ၊ သတ္တဝါအားလုံးတို့အား ဘေးမဲ့ကို ပေး၍။
ဗောဓိသတ္တံ အာဒိံ ကတွာ၊ ဘုရားလောင်း ခွေးမင်းကို အစကို ပြု၍။
အတ္တနော ဘောဇနသဒိသမေဝ နိစ္စဘတ္တံ၊ မိမိဖို့ ဘောဇဉ်နှင့်တူသည်သာ ဖြစ်သော နိစ္စဘတ်ထမင်းကို။
သဗ္ဗသုနခါနံ ပဋ္ဌပေတွာ၊ ခွေးအားလုံးတို့အတွက် ဖြစ်စေ၍ တည်ထား၍။
ဗောဓိသတ္တဿ ဩဝါဒေ ဌိတော၊ ဘုရားလောင်း၏ဩဝါဒ၌ တည်လျက်။
ယာဝတာယုကံ ဒါနာဒီနိ ပုညာနိ၊ အသက်ရှည်သမျှကာလပတ်လုံး ဒါနအစရှိကုန်သော ကောင်းမှုတို့ကို။
ကတွာ ကာလံ ကတွာ၊ ပြု၍ သေခြင်းကို ပြု၍။
ဒေဝလောကေ ဥပ္ပဇ္ဇိ၊ နတ်ပြည်၌ ဖြစ်ပြီ။
ကုက္ကုရော ဝါဒေါ ဒသဝဿသဟဿာနိ ပဝတ္တိ၊ ဘုရားလောင်း ခွေးမင်း ဩဝါဒသည် နှစ်ပေါင်းတစ်သောင်းတို့ တိုင်တိုင်ဖြစ်ပြီ။
ဗောဓိသတ္တောပိ ယာဝတာယုကံ ဌတွာ၊ ဘုရားလောင်းသည်လည်း အသက်ရှည်သမျှ ကာလပတ်လုံး တည်၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ တထာဂတော၊ ရဟန်းတို့ ငါဘုရားသည်။
ဣဒါနေဝ ဉာတကာနံ၊ ယခုအခါ၌သာ ဆွေမျိုးတို့၏။
အတ္ထံ န စရတိ၊ ကောင်းကျိုးစီးပွားကို ကျင့်သည်မဟုတ်သေး။
ပုဗ္ဗေပိ စရိယေဝါတိ၊ ရှေးကလည်း ကျင့်ခဲ့သည်သာ"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ရာဇာ၊ ထိုအခါက ဗြဟ္မဒတ်မင်းသည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
အဝသေသာ ပရိသာ ဗုဒ္ဓပရိသာ၊ ကြွင်းကျန်ကုန်သော ပရိသတ်တို့ကား ငါဘုရားပရိသတ်တို့တည်း။
ကုက္ကုရပဏ္ဍိတော ပန၊ ပညာရှိခွေးမင်းသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ကုက္ကုရဇာတကဝဏ္ဏနာ ဒုတိယာ**၊ **နှစ်ခုမြောက် ဖြစ်သော ကုက္ကုရဇာတ်အဖွင့်တည်း။**