Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[98] 8. Kūṭavāṇijajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**သာဓု ခေါ ပဏ္ဍိတော နာမာ** တိ ဣဒံ၊ သာဓု ခေါ ပဏ္ဍိတော နာမ အစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ ကူဋဝါဏိဇံ အာရဗ္ဘ ကထေသိ၊ တစ်ယောက်သော ကောက်ကျစ်သော ကုန်သည်ကို အကြောင်းပြု၍ ဟောတော် မူပြီ။
ဟိ သာဝတ္ထိယံ၊ ချဲ့ပြောရသော် သာဝတ္ထိမြို့၌။ ဒွေ ဇနာ ဧကတော၊ နှစ်ယောက်ကုန်သော လူတို့သည် တစ်ပေါင်းတည်း။ ဝဏိဇ္ဇံ ကရောန္တာ၊ ကုန်သွယ် မှုကို ပြုလိုကုန်ရကား။ ဘဏ္ဍ သကဋေန အာဒါယ၊ ပစ္စည်းကို လှည်းဖြင့် တင်ယူ၍။ ဇနပဒံ ဂန္တွာ၊ တောရွာဇနပုဒ်သို့ သွားကြ၍။ လဒ္ဓလာဘာ ပစ္စာဂမိံသု၊ ရအပ်သော အမြတ်အစွန်းလာဘ်ရှိကုန်သည်ဖြစ်၍ ပြန်လာကြပြီ။
တေသု ကူဋဝါဏိဇော၊ ထိုနှစ်ယောက်တို့တွင် ကောက်ကျစ်သော ကုန်သည်သည်။ “အယံ ဗဟူ ဒီဝသေ၊ ဤလူသည် များစွာကုန်သော ရက်တို့ပတ်လုံး။ ဒုမ္ဘောဇနေန၊ အစားအသောက် မကောင်းခြင်းဖြင့်လည်းကောင်း။ ဒုက္ခသေယျာယ ကိလန္တော၊ ဆင်းရဲစွာ အိပ်ရခြင်း ဖြင့်လည်းကောင်း ပင်ပန်းခဲ့၏။ ဣဒါနိ အတ္တနော ဃရေ၊ ယခုအခါ မိမိ၏ အိမ်၌။ နာနဂ္ဂရသေဟိ ယာဝဒတ္ထံ၊ အထူးထူးမြတ်သော အရသာတို့ဖြင့် အလိုရှိတိုင်း။ သုဘောဇနံ ဘုဉ္ဇိကွာ၊ ကောင်းသော ဘောဇဉ်ကို စားသောက်ပြီး၍။ အဇိရကေန မရိဿတိ၊ အစာမကြေသဖြင့် သေလတ္တံ့။
အထ အဟံ၊ ထိုသေရာအခါ၌ ငါသည်။ ဣမံ ဘဏ္ဍံ၊ ဤပစ္စည်းကို။ တယော ကောဋ္ဌာသေ ကတွာ၊ သုံးခုကုန်သော အစုအပုံတို့ကို ပြု၍။ ဧကံ တဿ၊ တစ်စုတစ်ပုံကို ထိုသေသော ကုန်သည်၏။ ဒါရ ကာနံ ဒဿာမိ၊ ကလေးငယ်တို့အား ပေးမည်။ ဒွေ ကောဋ္ဌာသေ၊ နှစ်ခုကုန်သော အစုအပုံတို့ကို။ အတ္တနာ ဂဟေဿာမီတိ၊ ကိုယ်တိုင်ယူမည်”ဟု။ စိန္တေသိ၊ တွေးပြီ။
သော၊ ထိုကောက်ကျစ်သော ကုန်သည်သည်။ “အဇ္ဇ ဘာဇေဿာမ၊ ယနေ့ ဝေကြမည်။ သွေ ဘာဇေဿာမာတိ၊ နက်ဖန် ဝေကြမည်”ဟုပြော၍။ ဘဏ္ဍံ ဘာဇေတုံ န ဣစ္ဆိ၊ ပါလာသော ပစ္စည်းကို ဝေခြင်းငှာ အလိုမရှိပြီ။
အထ၊ ထိုအခါ ထိုကောက်ကျစ်သော ကုန်သည်ကို။ ပဏ္ဍိတဝါဏိဇော အကာမကံ၊ ပညာရှိကုန်သည်သည် သူ့အလိုမပါပဲ။ နိပီဠေတွာ ဘာဇာပေတွာ၊ ဖိနှိပ်၍ ဝေဖန် စေ၍။ ဝိဟာရံ ဂန္တွာ၊ ကျောင်းတော်သို့ သွား၍။ သတ္ထာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုးပြီး၍။ ကတပဋိသန္တာရော၊ ပြုအပ်ပြီးသော ပျူငှာလောကဝတ်ရှိ၍။ “တေ အတိပပဉ္စော ကတော၊ သင်ဥပါသကာသည် အလွန်ကြာမြင့်မှုကို ပြုအပ်ပြီ။ ဣဓ အာဂန္တွာပိ၊ ဤမြို့သို့ ပြန်လာပြီး၍လည်း။ စိရေန ဗုဒ္ဓု ပဋ္ဌာနံ၊ ကြာမြင့်မှ ငါဘုရားဆည်းကပ်ခြင်းငှာ။ အာဂတော အသီတိ ဝုတ္တေ၊ လာသည် ဖြစ်၏”ဟု မိန့်တော်မူအပ်သော်။ တံ ပဝတ္တိံ ဘဂဝတော၊ ထိုအဖြစ်ကို မြတ်စွာဘုရားအား။ အာရောစေသိ၊ လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ဥပါသက သော၊ အို. . ဥပါသကာ ထိုကုန်သည်သည်။ ဣဒါနေဝ ကူဋဝါဏိဇော န၊ ယခုအခါ၌ သာ ကောက်ကျစ်သော ကုန်သည်ဖြစ်သည် မဟုတ်သေး။ ပုဗ္ဗေပိ ကုဋဝါဏိဇော ယေဝ၊ ရှေးကလည်း ကောက်ကျစ်သော ကုန်သည်သည်သာတည်း။
ဣဒါနိ ပန တံ၊ ယခုအခါ၌ကား သင့်ကို။ ဝဉ္စေတုကာမော ဇာတော၊ လှည့်ပတ်လိုသည် ဖြစ်ပြီ။ ပုဗ္ဗေ ပဏ္ဍိတေပိ၊ ရှေးက ပညာရှိတို့ကိုလည်း။ ဝတုံ ဥဿတီတိ ဝတွာ၊ လှည့်ပတ်ခြင်းငှာ အားထုတ်ပြီ”ဟု မိန့်တော်မူ၍။ တေန ယာစိတော၊ ထိုကုန်သည် သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဗာရာဏသိယံ၊ ဗာရာဏသီမြို့၌။ ဝါဏိဇကုလေ နိဗ္ဗတ္တိ၊ ကုန်သည်မျိုး၌ ဖြစ်ပြီ။ နာမဂ္ဂဟဏဒိဝသေ စ၊ နာမည်ယူရာ နေ့၌ကား။ အ အသ နာမံ၊ ထိုဘုရားလောင်း၏ အမည်ကို။ ပဏ္ဍိတောတိ အကံသု၊ ပညာရှိဟု မှည့်ကြ ပြီ။
သော ဝယပ္ပတ္တော၊ ထိုဘုရားလောင်းသည် အရွယ်ရောက်သော်။ အညေနဝါဏိဇေန သဒ္ဓိံ၊ အခြားသော ကုန်သည်တစ်ယောက်နှင့် အတူ။ ဧကတော ဟုတွာ၊ တစ်ပေါင်းတည်း ဖြစ်၍။ ဝဏိဇ္ဇံ ကရောတိ၊ ကုန်ကူးမှုကို ပြု၏။ တဿ နာမံ၊ ထိုတွဲဖက်ကုန်သည်၏ နာမည်သည်ကား။ အတိပဏ္ဍိတောတိ အဟောသိ၊ အလွန်ပညာရှိသူဟု ဖြစ်ပြီ။
တေ ဗာရာဏသိတော၊ ထိုကုန်သည်နှစ်ယောက် တို့သည် ဗာရာဏသီမြို့မှ။ ပဉ္စဟိ သကဋသတေဟိ၊ လှည်းငါးရာတို့ဖြင့်။ ဘဏ္ဍံ အာဒါယ၊ ပစ္စည်းကို တင်ယူ၍။ ဇနပဒံ ဂန္တွာ၊ တောရွာဇနပုဒ်သို့ သွားကြ၍။ ဝဏိဇ္ဇံ ကတွာ၊ ကုန်ရောင်းမှုကို ပြု၍။ လဒ္ဓလာဘာ ပုန၊ ရအပ်သော အမြတ်အစွန်း လာဘ်ရှိကုန်၍ တစ်ဖန်။ ဗာရာဏသိ အာဂမိံသု၊ ဗာရာဏသီမြို့သို့ လာကြပြီ။
အထ နေသံ၊ ထိုအခါ ထိုကုန်သည်နှစ်ယောက်တို့၏။ ဘဏ္ဍဘာဇနကာလေ အတိပဏ္ဍိတော၊ ပစ္စည်းဝေဖန်ရာအခါ၌ အလွန်ပညာရှိမည်သူသည်။ မယာ ဒွေ ကောဋ္ဌာသာ၊ ငါသည် နှစ်စုတို့ကို။ လဒ္ဓဗ္ဗာတိ အာဟ၊ ရထိုက်ကုန်၏”ဟု ပြောပြီ။
ကိံ ကာရဏာတိ၊ ဘာ့ကြောင့်နည်းဟု မေးပြီ။
တွံ ပဏ္ဍိတော၊ သင်ကား ပညာရှိသူမည်၏။ အဟံ အတိပဏ္ဍိတော၊ ငါကား အလွန်ပညာရှိသူမည်၏။
ပဏ္ဍိတော ဧကံ၊ ပညာရှိမည်သူသည် တစ်စုကို။ လဒ္ဓုံ အရဟတိ၊ ရခြင်းငှာ ထိုက်တန်၏။ အတိပဏ္ဍိတော၊ အလွန်ပညာရှိသူမည်သော ငါကား။ ဒွေ၊ နှစ်စုတို့ကို။ (လဒ္ဓုံ အရဟတိ) ဣတိ၊ (ရခြင်းငှာ ထိုက်တန်၏)ဟု ပြောပြီ။
ဒွိန္နံ အမှာကံ၊ နှစ်ယောက်ကုန်သော ငါတို့၏။ ဘဏ္ဍမူလကမ္ပိ၊ အရင်းအနှီးပစ္စည်းသည် လည်းကောင်း။ ဂေါဏာဒယောပိ၊ ကုန်ရောင်းသွားသည့်နွားစသည်တို့သည် လည်းကောင်း။ သမသမာယေဝ နနု၊ ထပ်တူထပ်မျှတို့သာ မဟုတ်ပါလော။ တွံ ကသ္မာ၊ သင်သည် ဘာ့ကြောင့်။ ဒွေ ကောဋ္ဌာသေ၊ နှစ်စုတို့ကို။ လဒ္ဓုံ အရာသီတိ၊ ရခြင်းငှာ ထိုက်တန်သနည်းဟုမေးပြီ။
အတိပဏ္ဍိတဘာဝေနာတိ၊ အလွန်ပညာရှိ သူမည်တည်းဟုပြောပြီ။
ဧဝံ တေ၊ ဤကဲ့သို့ ထို ကုန်သည်နှစ်ယောက် တို့သည်။ ကထံ ဝဍ္ဎေကွာ၊ စကားကို ပွားစေကြ၍(စကားများကြ၍)။ ကလယံ အကံသု၊ ငြင်းခုံမှုကို ပြုကုန်ပြီ။
တတော အတိပဏ္ဍိတော၊ ထိုနောင်မှ အလွန်ပညာရှိသူမည်သော ကုန်သည် သည်။ “ဧကော ဥပါယော၊ တစ်ခုသော နည်းလမ်းသည်။ အတ္ထိ ဣတိ စိန္တေတွာ၊ ရှိ၏"ဟု တွေး၍။ အတ္တနော ပိတရံ၊ မိမိ၏ ဖခင်ကို။ ဧကသ္မိံ သူသိရရုက္ခေ ပဝေသေတွာ၊ တစ်ပင်သော အခေါင်းရှိသစ်ပင်၌ ဝင်နေစေ၍။ “တွံ အမှေသုအာဂတေသု၊ သင်ဖခင်သည် ကျွန်တော်တို့နှစ်ယောက်သည် လာကြသော်။ အတိပဏ္ဍိတော ဒွေ ကောဋ္ဌာသေ၊ ပညာရှိသူမည်သော ကုန်သည်သည် နှစ်စုတို့ကို။ လဒ္ဓုံ အရဟတီတိ၊ ရခြင်းငှာ ထိုက်တန်၏ဟု။ ဝဒေယျာသီတိ ဝ၊ ပြောဆိုပါလော့”ဟု ပြော၍။ ဗောဓိသတ္တံ ဥပသင်္ကမိတွာ၊ ဘုရားလောင်းသို့ ချဉ်းကပ်၍။ “သမ္မ မယှံ၊ အို. . မိတ်ဆွေ ငါ့အား။ ဒိန္နံ ကောဋ္ဌာသာနံ၊ နှစ်စုတို့ကို။ ယုတ္တဘာဝံ ဝါ အယုတ္တဘာဝံ ဝါ၊ ရရန်သင့်လျော်ကြောင်းကိုလည်းကောင်း ရရန် မသင့်လျော်ကြောင်းကိုလည်းကောင်း။ ဧသာ ရုက္ခဒေဝတာ ဇာနာတိ၊ အို... ရုက္ခစိုး နတ်မင်းကြီးသည် သိ၏။ ဧဟိ တံ၊ လာပါ ထိုရုက္ခစိုးနတ်မင်းကြီး ကို။ ပုစ္ဆဿာမာတိ၊ မေးကြမည်”ဟုပြော၍။ တံ တတ္ထ နေတွာ၊ ထိုဘုရားလောင်းကို ထိုရုက္ခစိုးနတ် ရှိရာသို့ ခေါ်ဆောင်၍။ “အယျေ ရုက္ခဒေဝတေ၊ အို. . အရှင်ရုက္ခစိုးနတ်မင်း။ အမှာကံ အဋ္ဋံ၊ ကျွန်တော်တို့၏ အငြင်းအခုံတရားကို။ ပစ္ဆိန္ဒာတိ အာဟ၊ ဆုံးဖြတ် ပေးပါ”ဟု ပြောပြီ။
အထ အဿ ပိတာ၊ ထိုအခါ ထိုကောက်ကျစ်သော ကုန်သည် ၏ ဖခင်သည်။ သရံ ပရိဝတ္တေတွာ၊ အသံကို ပြောင်းလဲ၍။ တေန ဟိ ကထေထာ တိ အာဟ၊ ထိုသို့ဖြစ်လျှင် ပြောကြဟု ဆိုပြီ။
အယျေ အယံ ပဏ္ဍိတော၊ အိုအရှင် ရုက္ခစိုးနတ်မင်း ဤသူကား ပညာရှိမည်သူပါတည်း။ အဟံ အတိပဏ္ဍိတော့၊ ကျွန်တော်ကား အလွန်ပညာရှိမည်သူပါတည်း။
အမှေဟိ ဧကတော၊ ကျွန်တော် တို့သည် တစ်ပေါင်းတည်း။ ဝေါဟာရော ကတော၊ ကုန်သွယ်မှုကို ပြုအပ်ပါပြီ။ တတ္ထ ကေန၊ ထိုကုန်သွယ်ရသည့်ပစ္စည်း၌ မည်သူသည်။ ကိံ လဒ္ဓဗ္ဗန္တိ၊ အဘယ်မျှကို ရထိုက်ပါသနည်းဟုမေးပြီ။
ပဏ္ဍိတေန၊ ပဏ္ဍိတမည်သူသည်။ ဧကော ကောဋ္ဌာ သော၊ တစ်စုတစ်ပုံကိုလည်းကောင်း။ အတိပဏ္ဍိတေန ပန၊ အတိပဏ္ဍိတမည်သူ သည်ကား။ ဒွေ ကောဋ္ဌာသာ၊ နှစ်စုတို့ကိုလည်းကောင်း။ လဒ္ဓဗွာတိ၊ ရထိုက်ကုန် ၏ဟုပြောပြီ။
ဗောဓိသတ္တော ဧဝံ ဝိနိစ္ဆိတံ၊ ဘုရားလောင်းသည် ဤကဲ့သို့ ဆုံးဖြတ် အပ်သော။ အဋ္ဋံ သုတွာ၊ အဆုံးအဖြတ်တရားကို ကြားရ၍။ “ဣဒါနိ ဒေဝတာ ဘာဝံ ဝါ၊ ယခုအခါ နတ်ဟုတ်ကြောင်းကိုလည်းကောင်း။ အဒေဝတာဘာဝံ ဝါ၊ နတ်မဟုတ်ကြောင်းကိုလည်းကောင်း။ ဇာနိဿာမီတိ၊ သိရမည်”ဟု ပြော၍။ ပလာလံ အာဟရိတွာ၊ ကောက်ရိုးကို ဆောင်ယူ၍။ သုသိရံ ပူရေဟွာ၊ သစ်ခေါင်း ကို ပြည့်စေ၍။ အဂ္ဂိံ အဒါသိ၊ မီးကို ပေးပြီ (မီးရှို့ပြီ)။ အတိပဏ္ဍိတဿ ပိတာ၊ အလွန်ပညာရှိမည်သူ၏ ဖခင်သည်။ ဇာလာယ ဖုဌကာလေ၊ မီးလျှံ၏ အထိခံရရာအခါ၌။ အဍ္ဎဇ္ဈာမေန သရီရေန၊ တစ်ဝက်လောင်ထားသော ခန္ဓာကိုယ်ဖြင့်။ ဥပရိ အာရုယှ၊ အပေါ်သို့ တက်၍။ သာခံ ဂဟေတွာ ဩလမ္ဗန္တော၊ ကိုင်းကို ကိုင်၍ တွဲရရွဲခိုလျက်။ ဘူမိယံ ပတိတွာ၊ မြေပေါ်သို့ ကျပြီး၍။
ပဏ္ဍိတော နာမ သာဓု ခေါ၊ ပညာရှိမည်သူသည်ကား ကောင်းသည်သာ တည်း။ အတိပဏ္ဍိတော န တွေ၊ အလွန်ပညာရှိမည်သူသည်ကား မကောင်းသည်သာတည်း။
အတိပဏ္ဍိတေန ပုတ္တေန၊ အလွန်ပညာရှိမည် သော သားကြောင့်။ မနံ ဥပကူဠိတော အမှိ၊ အနည်းငယ် မီးလောင်ခံရသည် ဖြစ်၏။
တတ္ထ၊ ထိုဂါထာ၌။ **သာဓု ခေါ ပဏ္ဍိတော နာမာ** တိ၊ သာဓု ခေါ ပဏ္ဍိတော နာမဟူသည်ကား။ ဣမသ္မိံ လောကေ၊ ဤလောက၌။ ပဏ္ဍိစ္စေန သမန္နာဂတော၊ ပညာရှိဖြစ်ကြောင်းဉာဏ်နှင့် ပြည့်စုံသော။ ကာရဏာ ကာရဏညူ ပုဂ္ဂလော၊ အကြောင်းဟုတ်မဟုတ်သိသော ပုဂ္ဂိုလ်သည်။ သာဓု သောဘနော၊ ကောင်းမြတ် တင့်တယ်၏တည်း။
**အတိပဏ္ဍိတော** တိ၊ အတိပဏ္ဍိတောဟူသည်ကား။ နာမ မတ္တေန အတိပဏ္ဍိတော၊ နာမည်မျှဖြင့် အလွန်ပညာရှိသည်မည်သော။ ကုဋ ပုရိသော န တွေဝ ဝရံ၊ ကောက်ကျစ်သော ယောက်ျားသည်ကား မမြတ်သည်သာ တည်း။
**မနမှိ ဥပကူဠိတော** တိ၊ မနမှိ ဥပကူဠိတောဟူသည်ကား။ ထောကေန ဈာမော အမှိ၊ အနည်းငယ် မီးလောင်ခံရသည် ဖြစ်၏။ အဍ္ဎဇ္ဈာမကောဝ၊ တစ်ဝက် မီးလောင်ပြီးမှသာ။ မုတ္တော ဣတိ အတ္ထော၊ လွတ်မြောက်ရ၏ ဤကား စတုတ္ထ ပါဒအနက်တည်း။
တေ ဥဘောပိ မဇ္ဈေ ဘိန္ဒိတွာ၊ ထိုကုန်သည် နှစ်ယောက်တို့ သည်လည်း အလယ်၌ ခွဲခြမ်း၍။ သမညေဝ ကောဋ္ဌာသံ ဂဏှိတွာ၊ သွား အတူအမျှသာ ဖြစ်သော အဖို့အစုကို ရယူကြ၍။ ယထာကမ္မံ ဂတာ၊ ကံအားလျော်စွာ လားကြကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ပုဗ္ဗေပိ ဧသော၊ ရှေးကလည်း ဤကောက်ကျစ်သော ကုန်သည်သည်။ ကူဋဝါဏိဇောယေဝါတိ၊ ကောက်ကျစ်သော ကုန်သည်သည် သာ”ဟု။ ဣမံ အတီတံ အာဟရိတွာ၊ ဤအတိတ်ဝတ္ထုကြောင်းကို ဆောင်ပြတော် မူ၍။
“တဒါ ကူဋဝါဏိဇော၊ ထိုရှေးအခါက ကောက်ကျစ်သော ကုန်သည်သည်။ ပစ္စုပ္ပန္နေပိ ကူဋဝါဏိဇောယေဝ၊ ယခုပစ္စုပ္ပန်၌လည်း ကောက်ကျစ်သော ကုန်သည် ပင်တည်း။ ပဏ္ဍိတဝါဏိဇော ပန၊ ပညာရှိမည်သူကုန်သည်သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ကုဋဝါဏိဇဇာတကဝဏ္ဏနာ အဋ္ဌမာ၊ ရှစ်ခုမြောက်ဖြစ်သောကူဋဝါဏိဇဇာတ်အဖွင့်တည်း။