**အဋ္ဌက္ခုရံ ခရာဒိယေ**တိ ဣဒံ၊ အဋ္ဌက္ခုရံ ခရာဒိယေ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အညတရံ ဒုဗ္ဗစဘိက္ခုံ၊ မထင်မရှား တစ်ပါးသော ပြောရခက်သောရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဒုဗ္ဗစော သော ဘိက္ခု၊ ပြောရခက်သော ထိုရဟန်းသည်။
ဩဝါဒံ န ဂဏှာတိ ကိရ၊ ဆုံးမသည်ကို မနာယူဘူးတဲ့။
အထ နံ သတ္ထာ၊ ထိုအခါ ထိုပြောရခက်သောရဟန်းကို ဘုရားရှင်သည်။
"ဘိက္ခု ဒုဗ္ဗစော တွံ၊ အိုရဟန်း ပြောရခက်သောသင်သည်။
ဩဝါဒံ န ဂဏှာသိ ကိရ၊ အဆုံးအမကို မနာယူဘူးတဲ့။
ဣတိ သစ္စံတိ၊ ဤသို့ကြားရသည်ကား မှန်သလားဟု မေးပြီ။
သစ္စံ ဘဂဝါတိ၊ မှန်ပါသည်ဘုရားဟု လျှောက်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ပုဗ္ဗေပိ တွံ၊ ရှေးကလည်း သင်ရဟန်းသည်။
ဒုဗ္ဗစတာယ၊ ပြောရခက်သည်၏ အဖြစ်ကြောင့်။
ပဏ္ဍိတာနံ ဩဝါဒံ အဂ္ဂဟေတွာ၊ ပညာရှိတို့၏ အဆုံးအမကို မနာယူ၍။
ပါသေန ဗဒ္ဓေါ၊ ကျော့ကွင်းသည် ဖွဲ့ချည်အပ်၍။
ဇီဝိတက္ခယံ ပတ္တောတိ ဝတွာ၊ အသက်ကုန်ခြင်းသို့ ရောက်ဖူးပြီဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော မိဂေါ ဟုတွာ၊ ဘုရားလောင်းသည် သမင်သည် ဖြစ်၍။
မိဂဂဏပရိဝုတော အရညေ ဝသတိ၊ သမင်အပေါင်းခြံရံအပ်လျက် တော၌ နေ၏။
အထ အဿ ဘဂိနိမိဂီ၊ ထိုအခါ ထိုဘုရားလောင်း၏ နှမ သမင်မသည်။
ပုတ္တကံ ဒဿေတွာ၊ သားငယ်ကို ပြ၍။
ဘာတိက အယံ၊ အိုမောင်ကြီး ဤသမင်ငယ်သည်ကား။
တေ ဘာဂိနေယျော၊ သင်မောင်ကြီး၏ တူတည်း။
ဧတံ မိဂမာယံ၊ ဤတူသမင်ကို သမင်တို့၏ လှည့်ပတ်မှုအတတ်ကို။
ဥဂ္ဂဏှာပေဟီတိ ပဋိစ္ဆာပေသိ၊ သင်ယူစေပါလော့ဟု (သင်ပေးပါလော့ဟု) တာဝန်ခံစေပြီ (အပ်နှံပြီ)။
သော တံ ဘာဂိနေယျံ၊ ထိုဘုရားလောင်းသမင်မင်းသည် ထိုတူသမင်ကို။
အသုကဝေလာယ နာမ အာဂန္တွာ၊ ဤမည်သော အချိန်၌ လာ၍။
ဥဂ္ဂဏှာဟီတိ အာဟ၊ သင်ယူလော့ဟု ပြောပြီ။
သော ဝုတ္တဝေလာယ နာဂစ္ဆတိ၊ ထိုတူသမင်သည် မှာထားသောအချိန်၌ မလာ။
စ၊ ဆက်ပြောရသော်။
ဧကဒိဝသံ ယထာ၊ တစ်ရက်ပတ်လုံးကဲ့သို့။
ဧဝံ သတ္တဒိဝသေ၊ ထို့အတူ ခုနစ်ရက်တို့ပတ်လုံး။
သတ္တောဝါဒေ အတိက္ကန္တော သော၊ အဆုံးအမခုနစ်ချက်တို့ကို ကျူးကျော်သော ထိုတူသမင်သည်။
မိဂမာယံ အနုဂ္ဂဏှိတွာဝ ဝိစရန္တော၊ သမင်တို့၏လှည့်ပတ်တတ်သော အတတ်ကို မသင်မူ၍သာ လှည့်လည်သော်။
ပါသော ဗဇ္ဈိ၊ ကျော့ကွင်း၌ မိပြီ။
အဿ မာတာပိ၊ ထိုသမင်၏မိခင်သမင်မသည်လည်း။
ဘာတရံ ဥပသင်္ကမိတွာ၊ မောင်သို့ ကပ်၍။
ဘာတိက တေ ဘာဂိနေယျော၊ အိုမောင်ကြီး သင်မောင်ကြီး၏ တူသမင်ကို။
မိဂမာယံ ဥဂ္ဂဏှာပိတော ကိံ၊ သမင်တို့၏ လှည့်ပတ်တတ်သော အတတ်ကို သင်ပေးအပ်ပြီလော။
ဣတိ ပုစ္ဆိ၊ ဤသို့မေးပြီ။
ဗောဓိသတ္တော စ၊ ဘုရားလောင်းသည် ဖြေဆိုပုံကား။
အနောဝါဒကဿ တဿ မာ စိန္တယိ၊ ဆုံးမ, မရသော ထိုသင့်သားအတွက် တွေးမနေနှင့်။
တေ ပုတ္တေန၊ သင်နှမ၏ သားဖြစ်သူ သမင်သည်။
မိဂမာယာ ဥဂ္ဂဟိတာတိ ဝတွာ၊ သမင်တို့၏ လှည့်ပတ်တတ်သော အတတ်ကို မသင်ယူအပ်ဟု ပြောပြီး၍။
ဣဒါနိပိ တံ၊ ယခုအခါလည်း ထိုတူ သမင်ကို။
အနောဝဒိတုကာမောဝ ဟုတွာ၊ မဆုံးမလိုသည်သာ ဖြစ်၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား--
၁၅။ "ခရာဒိယေ၊ အိုနှမ ခရာဒိယ။
အဋ္ဌက္ခုရံ ဝင်္ကာတိဝင်္ကိနံ၊ ခွါရှစ်ခု ရှိသော အရင်းကောက်, အဖျားပိုကောင်းသော ချိုရှိသော။
သတ္တဟိ ကာလာတိက္ကန္တံ နံ မိဂံ၊ ခုနှစ်ကြိမ် ခုနှစ်ခါတို့ဖြင့် အဆုံးအမကို ဖောက်ဖျက် ကျူးလွန်သော ထိုနင့်သား သမင်ကို။
ဩဝဒိတုံ န ဿဟေတိ၊ ဆုံးမခြင်းငှာ မစွမ်းနှိင် ဟူသော။
တတ္ထ အဋ္ဌက္ခုရန္တ၊ ထိုဂါထာ၌ အဋ္ဌက္ခုရံ ဟူသည်ကား။
ဧကေကသ္မိံ ပါဒေ၊ တစ်ချောင်းတစ်ချောင်းသော ခြေထောက်၌။
ဒွိန္နံ ဒွိန္နံ ဝသေန အဋ္ဌက္ခုရံ၊ နှစ်လုံးနှစ်လုံးကုန်သော ခွာတို့၏ အစွမ်းအားဖြင့် ခွါရှစ်ခုရှိသော သမင်တည်း။
ခရာဒိယေတိ တံ၊ ခရာဒိယေဟူ၍ ထိုနှစ်မကို။
နာမေန အာလပတိ၊ နာမည်ဖြင့် ခေါ်ဝေါ်၏။
မိဂန္တိ သဗ္ဗသင်္ဂါဟိကဝစနံ၊ မိဂံဟူသော သဒ္ဒါသည် သားကောင်အားလုံးသိမ်းကျုံးယူတတ်သော သဒ္ဒါတည်း။
ဝင်္ကာတိဝင်္ကိနန္တိ၊ ဝင်္ကာတိဝင်္ကိနံဟူသော ပုဒ်၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ အနက်ကို ဤဆိုမည့်နည်းဖြင့်သိရမည်)။
မူလေ ဝင်္ကာနိ၊ အရင်း၌ ကောက်ကုန်၏။
အဂ္ဂေ အတိဝင်္ကာနိ၊ အဖျား၌ ပိုကောက်ကုန်၏။
ဣတိ ဝင်္ကာတိဝင်္ကာနိ၊ ထိုကြောင့် ဝင်္ကာတိဝင်္ကမည်ကုန်၏။
အဿ တာဒိသာနိ၊ ထိုသမင်မှာ ထိုအရင်းကောက်, အဖျားပိုကောက်သောအားဖြင့် ရှုစားအပ်ကုန်သော။
သိင်္ဂါနိ အတ္ထိ၊ ချိုတို့သည် ရှိကုန်၏။
ဣတိ ဝင်္ကာတိဝင်္ကီ၊ ထို့ကြောင့် ဝင်္ကာတိဝင်္ကီမည်၏။
တံ ဝင်္ကာတိဝင်္ကိနံ၊ အရင်းကောက်, အဖျားပိုကောက်သည့် ချိုရှိသော ထိုသမင်ကို။
**သတ္တဟိ ကာလာတိက္ကန္တန္တိ**၊ သတ္တဟိ ကာလာတိက္ကန္တံ ဟူသည်ကား။
သတ္တဟိ ဩဝါဒကာလေဟိ၊ ခုနစ်ကြိမ်ကုန်သော ဆုံးမရာကာလတို့ဖြင့်။
ဩဝါဒံ အတိက္ကန္တံ၊ အဆုံးအမကို လွန်ကျူးဖောက်ဖျက်သော။
**န နံ ဩဝဒိတုဿဟေ**တိ၊ န နံ ဩဝဒိတုဿဟေ ဟူသည်ကား။
ဧတံ ဒုဗ္ဗစမိဂံ အဟံ၊ ထိုပြောရခက်သော သမင်ကို ငါသည်။
ဩဝဒိတုံ န ဥဿဟာမိ၊ ဆုံးမခြင်းငှာ မစွမ်းနိုင်။
မေ ဧတဿ ဩဝါဒတ္ထာယ၊ ငါမောင်ကြီး ထိုတူသမင်ကို ဆုံးမခြင်းငှာ။
စိတ္တမ္ပိ န ဥပ္ပဇ္ဇတီတိ ဒဿေတိ၊ စိတ်သည်ပင် မဖြစ်တော့ဟု ဖော်ပြ၏။
အထ ပါသေ ဗဒ္ဓံ၊ ထိုအခါ ကျော့ကွင်း၌ မိနေသော။
နံ ဒုဗ္ဗစမိဂံ လုဒ္ဒေါ မာရေတွာ၊ ထိုပြောရခက်သောသမင်ကို မုဆိုးသည် သတ်၍။
မံသံ အာဒါယ ပက္ကာမိ၊ အသားကို ယူ၍ ဖဲသွားပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။
ဘိက္ခု တွံ ဣဒါနေဝ န ဒုဗ္ဗစော၊ အိုရဟန်း သင်သည် ယခုအခါ၌သာ ပြောရခက်သည် မဟုတ်သေး။
ပုဗ္ဗေပိ ဒုဗ္ဗစော ယေဝါတိ၊ ရှေးကလည်း အပြောရခက်သည်သာဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ဘာဂိနေယျော မိဂေါ၊ ထိုအခါက တူဖြစ်သောသမင်သည်။
ဒုဗ္ဗစဘိက္ခု အဟောသိ၊ ပြောရခက်သော ရဟန်းသည် ဖြစ်လာပြီ။
ဘဂိနီ ဥပ္ပလဝဏ္ဏာ၊ နှမသမင်မကား ဥပ္ပလဝဏ်ထေရီမတည်း။
ဩဝါဒမိဂေါ ပန၊ ဩဝါဒပေးသည့် သမင်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ခရာဒိယဇာတကဝဏ္ဏနာ ပဉ္စမာ**၊ **ငါးခုမြောက် ဖြစ်သော ခရာဒိယဇာတ်အဖွင့်တည်း။**