ဝိဿသေ အဝိဿတ္ထုတိ ဣဒံ၊ န ဝိဿသေ အဝိဿစ္ဆေ စသော ဤတရားဒေသနာတော်ကို။
သတ္တာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဝိဿာသ ဘောဇနံ အာရဗ္ဗ ကထေသိ၊ အကျွမ်းဝင်၍လှူသောဘောဇဉ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
တသ္မိံ သမယေ ယေဘုယျေန ဘိက္ခူ၊ ထိုအခါက များသောအားဖြင့် ရဟန်းတို့သည်။
“မာတရာ နော ဒိန္န၊ မယ်တော်သည် ငါတို့အား ပေးလှူအပ်ပြီ။
နော ပိတရာ ဒိန္န၊ ငါတို့၏ ခမည်းတော်သည် လှူအပ်ပြီ။
ဘာတရာ၊ ညီ,အကိုသည် လည်းကောင်း။
ဘဂိနိယာ၊ အမ,နှမသည်လည်းကောင်း။
စူဠမာတရာ၊ ဒေါ်လေး သည်လည်းကောင်း။
စူဠပိတရာ၊ ဘထွေးသည်လည်းကောင်း။
မာတုလေန၊ ဦးကြီးသည်လည်းကောင်း။
မာတုလာနိယာ ဒိန္န၊ ဦးကြီးမယားသည်လည်းကောင်း ပေးလှူအပ်ပြီ။
အမှာကံ ဂိဟိကာလေပိ၊ ငါတို့၏ လူဖြစ်စဉ်အခါ၌လည်းကောင်း။
ဘိက္ခုကာလေပိ၊ ရဟန်းဖြစ်စဉ်အခါ၌လည်းကောင်း။
ဧတေ ဒါတုံ၊ ဤမိဘ စသူတို့သည် ပေးလှူခြင်းငှာ။
ယုတ္တရူပါဝါတိ၊ သင့်လျော်သော သဘောရှိသူတို့ ပင်တည်း”ဟု။
ဉာတီဟိ ဒိန္နေ၊ ဆွေမျိုးသားချင်းတို့က ပေးလှူအပ်ကုန်သော။
စတ္တာရော ပစ္စယေ၊ လေးပါးကုန်သော ပစ္စည်းတို့ကို။
ဝိဿတ္ထာ ဟုတွာ၊ အကျွမ်း ဝင်ကြသည် ဖြစ်၍။
အပစ္စဝေက္ခိတွာ ပရိဘုဉ္ဇန္တိ ကိရ၊ ပစ္စဝေက္ခဏာ မဆင်ခြင်မူ ၍ သုံးဆောင်ကြသတဲ့။
သတ္ထာ တံ ကာရဏံ ဉတွာ၊ ဘုရားရှင်သည် ထို အကြောင်းကို သိတော်မူ၍။
“ဘိက္ခူနံ ဓမ္မဒေသနံ၊ ရဟန်းတို့အား တရားဒေသနာ ကို။
မယာ ကာတုံ ဝဋ္ဋတီတိ၊ ငါဘုရားသည် ပြုခြင်းငှာ သင့်၏”ဟု။
ဘိက္ခူ သန္တိ ပါတာပေတွာ၊ ရဟန်းတို့ကို ကောင်းစွာကျရောက်စုဝေးစေ၍။
“ဘိက္ခဝေ ဘိက္ခုနာ နာမ၊ အို.. ရဟန်းတို့ ရဟန်းမည်သည်။
ဉာတီဟိပိ အညာတီဟိပိ၊ ဆွေမျိုးတို့သည် လည်းကောင်း ဆွေမျိုးမဟုတ်သူတို့သည်လည်းကောင်း။
ဒိန္နကေ စတ္တာရော ပစ္စယေ၊ ပေးလှူအပ်ကုန်သော လေးပါးကုန်သော ပစ္စည်းတို့ကို။
ပစ္စဝေက္ခိတွာဝ၊ ပစ္စဝေက္ခဏာဆင်ခြင်၍သာ။
ပရိဘောဂေါ ကာတဗ္ဗော၊ သုံးဆောင်မှုကို ပြုအပ် ပြုသင့်၏။
ဟိ အပစ္စဝေက္ခိတွာ၊ မှန်၏ ပစ္စဝေက္ခဏာမဆင်ခြင်မူ၍။
ပရိဘောဂံ ကတွာ၊ သုံးဆောင်မှုကို ပြု၍။
ကာလံ ကုရုမာနော ဘိက္ခု၊ သေခြင်းကို ပြုသော ရဟန်းသည်။
ယက္ခပေတအတ္တဘာဝတော န မုစ္စတိ၊ ဘီလူးဘဝ ပြိတ္တာဘဝမှ မလွတ်။
ဧသော အပစ္စဝေက္ခိတပရိဘောဂေါ နာမ၊ ဤပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးဆောင်မှုမည်သည်။
ဝိသပရိဘောဂသဒိသော၊ အဆိပ်သုံးဆောင်မှုနှင့်တူ၏။
ဟိ ဝိသံ၊ မှန်၏ အဆိပ်သည်။
ဝိဿာသိကေန ဒိန္နကမ္ပိ၊ အကျွမ်းဝင်သူက ပေးအပ်သော်လည်းကောင်း။
အဝိဿာသိကေန ဒိန္နကမ္ပိ၊ အကျွမ်းမဝင်သူက ပေးအပ်သော်လည်းကောင်း။
မာရေတိယေဝ၊ သေစေတတ်သည်သာတည်း။
ပုဗ္ဗေပိ ဝိဿာသေန၊ ရှေးကလည်း အကျွမ်းဝင်သူသည်။
ဒိန္နံ ပိသံ ပရိဘုဉ္ဇိတွာ၊ ပေးအပ်သော အဆိပ်ကို သုံးဆောင်၍။
ဇီဝိတက္ခယံ ပတ္တာတိ ဝတွာ၊ အသက်ကုန် ခြင်းသို့ ရောက်ကြပြီ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင် တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
မဟာဝိဘဝေါ သေဋ္ဌိ အဟောသိ၊ များစွာသော ပစ္စည်းရှိသော သူဌေးသည် ဖြစ်ပြီ။
တဿ ဧကော ဂေါပါလကော၊ ထိုဘုရားလောင်း၏ တစ်ယောက်သော နွားကျောင်းသားသည်။
ကိဋ္ဌသမ္ဗာဓသမယေ၊ ကောက်ပဲသီးနှံ တို့ဖြင့် နွားကျောင်းဖို့ ကျဉ်းမြောင်းရာအခါ၌။
ဂါဝေါ ဂဟေတွာ၊ နွားတို့ကို ယူ၍။
အရညံ ပဝိသိတွာ၊ တောထဲသို့ ဝင်၍။
တတ္ထ ဂေါသာလံ ကတွာ၊ ထိုတောထဲ၌ နွားတင်းကုတ်ကို ဆောက်လုပ်၍။
ရက္ခန္တော ဝသတိ၊ စောင့်ရှောက်လျှက် နေ၏။
သေဋ္ဌိနော စ ကာလေနကာလံ၊ သူဌေးအတွက်လည်း သင့်လျော်ရာအခါအခါ ၌။
ဂေါရသံ ဟရတိ၊ ဂေါရသငါးမျိုးကို ဆောင်ယူခဲ့၏။
အထ အဿ ဂေါသာ လာယ၊ ထိုအခါ ထိုနွားကျောင်းသား၏ နွားတင်းကုတ်၏။
အဝိဒူရေ သီဟော၊ မနီးမဝေး၌ ခြင်္သေ့သည်။
နိဝါသံ ဂဏှိ၊ နေရာကို ယူပြီ။
သီဟသန္တာသေန မိလာတာနံ၊ ခြင်္သေ့လန့်သဖြင့် ညှိုးနွမ်းကုန်သော။
ဂါဝီနံ ခီရံ၊ နွားမတို့၏ နို့ရည် သည်။
မန္ဒံ အဟောသိ၊ အထွက်နည်းသည် ဖြစ်ပြီ။
အထ နံ၊ ထိုအခါ ထိုနွားကျောင်းသားကို။
ဧကဒိဝသံ သပ္ပိံ၊ တစ်နေ့၌ ထောပတ်ကို။
အာဒါယ အာဂတံ၊ ယူ၍ လာသည်ကို။
“သမ္မ ဂေါပါလက က နုခေါ၊ အို. . မိတ်ဆွေ နွားကျောင်းသား အဘယ့်ကြောင့်ကား။
သမ္ပိ မန္တန္တိ၊ ထောပတ်သည် နည်းရပါ သနည်း”ဟု။
သေဋ္ဌိ ပုစ္ဆိ၊ သူဌေးက မေးပြီ။
သော တံ ကာရဏံ အာစိက္ခိ၊ ထိုနွား ကျောင်းသားသည် ထိုအကြောင်းကို ပြောကြားပြီ။
သမ္မ တဿ သီဟဿ၊ အို. . မိတ်ဆွေ ထိုခြင်္သေ့အား။
ကတ္ထစိ ပဋိဗန္ဓော၊ ကစ်စုံတစ်ရာ၌ ဖွဲ့ရှက်စွဲလမ်းမှုသည်။
အတ္ထိ ပန ဣတိ၊ ရှိပါသလောဟုမေးပြီ။
သာမိ အဿ၊ အို. . အရှင်သူဌေးမင်း ထိုခြင်္သေ့၏။
ဧကာယ မိဂမာတုကာယ သဒ္ဓိံ၊ တစ်ကောင်သော ဆတ်မနှင့် အတူ။
သံသဂ္ဂေါ အတ္ထိ ဣတိ၊ ရောယှက်မှုသည် ရှိ၏ဟုပြောပြီ။
တံ ဂါဟာပေတုံ၊ ထိုဆတ်မကို ဖမ်းယူစေခြင်းငှာ။
သက္ကာ ပန ဣတိ၊ စွမ်းနိုင်ပါအံ့လောဟုမေးပြီ။
သက္ကာ သာမီတိ၊ စွမ်းနိုင်ပါ၏ အရှင်သူဌေးမင်းဟုပြောပြီ။
“တေန ဟိ တံ ဂဟေတွာ၊ ထိုသို့ဖြစ်လျှင် ထိုဆတ်မကို ဖမ်းယူ၍။
နလာဋတော ပဋ္ဌာယ၊ နဖူးမှ စ၍။
တဿ သရီရေ လောမာနိ၊ ထိုဆတ်မ၏ ကိုယ်က အမွှေးတို့ကို။
ဝိသေန ပုနပ္ပုနံ၊ အဆိပ်ဖြင့် ထပ်ခါထပ်ခါ။
ရဇိတွာ သုက္ခာပေတွာ၊ ဆိုး၍ ခြောက်စေ၍။
ဒွေတယော ဒိဝသေ အတိက္ကာမေတွာ၊ နှစ်ရက်သုံးရက်တို့ကို ကျော်လွန်စေ၍။
တံ မိဂမာတုကံ ဝိဿဇ္ဇေဟိ၊ ထိုဆတ်မကို လွှတ်လော့။
သော တဿာ သိနေ ဟေန၊ ထိုခြင်္သေ့သည် ထိုဆတ်မကို ချစ်သဖြင့်။
သရီရံ လေဟိတွာ၊ ကိုယ်ကိုလျက်၍။
ဇီဝိတက္ခယံ ပါပုဏိဿတိ၊ အသက်ကုန်ခြင်းသို့ ရောက်လိမ့်မည်။
အဿ၊ ထိုအခါ ထိုခြင်္သေ့၏။
စမ္မနခဒါဌာ စေဝ ဝသဉ္စ၊ အရေ, ခြေသည် လက်သည်း, အစွယ်တို့ကိုလည်းကောင်း အဆီကိုလည်းကောင်း။
မံသဉ္စ ဂဟေတွာ၊ အသားကိုလည်းကောင်း ယူ၍။
အာဂစ္ဆေယျာသီတိ၊ လာလော့”ဟုပြော၍။
ဟလာဟလဝိသံ ဒတွာ၊ လတ်တလောသေစေတတ်သော အဆိပ်ကို ပေး၍။
ဥယျောဇေသိ၊ လွှတ်လိုက်ပြီ။
သော ဂေါပါလကော၊ ထိုနွားကျောင်းသားသည်။
ဇာလံ ခိပိတွာ၊ ပိုက်ကို ပစ်၍။
ဥပါယေန၊ နည်းလမ်းဖြင့်။
တံ မိဂမာတုကံ ဂဏှိတွာ၊ ထိုဆတ်မကို ဖမ်းယူ၍။
တထာ အကာသိ၊ ထိုသူဌေးပြောသည့်အတိုင်း ပြုပြီ။
သီဟော တံ ဒိသွာဝ၊ ခြင်္သေ့သည် ထိုဆတ်မကို မြင်၍သာလျှင်။
ဗလဝသိနေဟေန၊ အားကြီး စွာသော ချစ်ခြင်းဖြင့်။
တဿာ သရီရံ လေဟိတွာ၊ ထိုဆတ်မ၏ ကိုယ်ကို လျက်၍။
ဇီဝိတက္ခယံ ပါ၊ အသက်ကုန်ခြင်းသို့ ရောက်ပြီ။
ဂေါပါလကောပိ၊ နွားကျောင်း သားသည်လည်း။
စမ္ပာဒီနိ ဂဟေတွာ၊ ခြင်္သေ့ရေစသည်တို့ကို ယူ၍။
ဗောဓိ သတ္တဿ သန္တိကံ အဂမာသိ၊ ဘုရားလောင်း၏ အထံသို့ သွားပြီ။
ဗောဓိသတ္တော တံ ကာရဏံ ဉတွာ၊ ဘုရားလောင်းသည် ဆတ်မလျက်၍ ထိုခြင်္သေ့သေကြောင်း ကို သိရ၍။
“ပရေသု သိနေဟော နာမ၊ အခြားသူတို့၌ တဏှာချစ်မည်သည်ကို။
န ကာတဗ္ဗော၊ မပြုသင့်မပြုထိုက်။
ဧဝံ ဗလသမ္ပန္နော၊ ဤသို့ ခွန်အားနှင့်ပြည့်စုံ သော။
မိဂရာဇာ သီဟောပိ၊ သားကောင်တို့မင်းဖြစ်သော ခြင်္သေ့သည်သော်မှ လည်း။
ကိလေသဝသေန သံသဂ္ဂံ နိဿာယ၊ ကိလေသာအစွမ်းဖြင့် ရောနှောမှုကို မှီ၍။
မိဂမာတုကာယ သရီရံ၊ ဆတ်မ၏ ကိုယ်ကို။
လေဟန္တော ဝိသပရိဘောဂံ ကတွာ၊ လျက်၍ အဆိပ်သုံးဆောင်မှုကို ပြု၍။
ဇီဝိတက္ခယံ ပတ္တောတိ ဝတွာ၊ အသက်ကုန်ခြင်းသို့ ရောက်ရပြီ”ဟု ပြောကြား၍။
သမ္ပတ္တပရိသာယ၊ ရောက်လာ သော ပရိသတ်အား။
ဓမ္မံ ဒေသန္တော၊ တရားကို ဟောလိုရကား။
အဝိဿတ္ထေ န ဝိဿသေ၊ အကျွမ်းမဝင်သေးသူ၌ တဏှာဖြင့် အကျွမ်း မဝင်ရာ။
ဝိဿတ္တေပိ န ဝိဿသေ၊ အကျွမ်းဝင်ပြီးသူ၌လည်း တဏှာဖြင့် အကျွမ်းမဝင်ရာ။
ပိဿာသာ ဘယံ အနွေတိ၊ တဏှာဖြင့် အကျွမ်းဝင်သူထံမှ ဘေးသည် ရောက်လာတတ်၏။
(ကိမိ၀၊ အဘယ်ကဲ့နည်းဟူမူ)။
မိဂမာတု မိဂမာတုကာယ၊ ဆတ်မအထံမှ။
သီဟံ၊ ခြင်္သေ့သို့။
(ဘယံ အနွေတိ ဣဝ၊ ဘေးသည် ရောက်လာသကဲ့သို့တည်း)။
တတြ အယံ သင်္ခေပတ္ထော၊ ထိုဂါထာ၌ ဤဆိုလတံ့သည်ကား အကျဉ်းချုပ် အနက်တည်း။
(သော ကော၊ ထိုအကျဉ်းချုပ်အနက်ဟူသည် အဘယ်နည်း)။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ သဘယော၊ ရှေးက ဘေးရှိစေကာမူ။
အတ္တနိ အဝိဿတ္ထော အဟောသိ၊ မိမိ၌ အကျွမ်းမဝင်သေးသည် ဖြစ်ပြီ။
တသ္မိံ **အပိဿတ္ထေ**၊ ထိုအကျွမ်း မဝင်သေးသူ၌လည်းကောင်း။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ နိဗ္ဗယောပိ၊ ရှေးကဘေး မရှိသော်လည်း။
အတ္တနိ ဝိဿာသိကောယေဝ၊ မိမိ၌ အကျွမ်းဝင်သည်သာတည်း။
တသ္မိံ *ဝိဿတ္ထေပိ**၊ ထိုအကျွမ်းဝင်ပြီးသူ၌ လည်းကောင်း။
**န ပိဿသေ**၊ တဏှာဖြင့် အကျွမ်းမဝင်ရာ။
ဝိဿာသံ နေဝ ကရေယျ၊ တဏှာဖြင့် အကျွမ်းဝင်မှုကို မပြုရာ။
ကိံ ကာရဏာ၊ ဘာ့ကြောင့်နည်း။
**ဝိဿာသာ ဘယံ အနွေတိ**၊ တဏှာဖြင့် အကျွမ်း ဝင်လူအထံမှ ဘေးသည် ရောက်လာတတ်သောကြောင့်တည်း။
ဟိ မိတ္တေဟိ အမိတ္တေဟိ၊ မှန်၏ မိတ်ဆွေဟုတ်သူ၌လည်းကောင်း မိတ်ဆွေမဟုတ်သူ၌ လည်းကောင်း။
ယော ဝိဿာသော၊ အကြင်တဏှာဖြင့် အကျွမ်းဝင်ခြင်းသည်။
(အတ္ထိ၊ ရှိ၏)။
တတော ဘယမေဝ အာဂစ္ဆတိ၊ တဏှာဖြင့် ထိုအကျွမ်းဝင်ခြင်းမှ ဘေးရန်သည်သာ ရောက်လာ၏။
ကထံ၊ ဘယ်ကဲ့သို့နည်းဟူမူကား။
**မိဂမာတုကာ သီဟံ ဣဝ**၊ ဆတ်မအထံမှ ခြင်္သေ့ထံကဲ့သို့တည်း။
မိတ္တသန္တဝဝသေန၊ မိတ်ဆွေဖွဲ့ သည်၏ အစွမ်းဖြင့်။
ကတဝိဿာသာယ၊ ပြုအပ်ပြီးသော တဏှာအကျွမ်း ဝင်ခြင်းရှိသော။
မိဂမာတုကာယ သန္တိကာ၊ ဆတ်မ၏ အထံမှ။
သီဟဿ ဘယံ အနွေတိ ယထာ၊ ခြင်္သေ့အား ဘေးသည် ရောက်လာသကဲ့သို့။
ဥပဒံ သမ္ပတ္တံ၊ ရောက်လာ၏။
ဣတိ အတ္တော၊ ဤကား စတုတ္ထပါဒအနက်တည်း။
ဝါ ပိဿာသ ဝသေန၊ တစ်နည်းကား တဏှာအကျွမ်းဝင်သည့်အစွမ်းအားဖြင့်။
သီဟံ၊ ခြင်္သေ့သို့။
မိဂမာတုကာ၊ ဆတ်မသည်။
အနွေတာ ဥပဂတာ ယထာ၊ ကပ်ရောက်သကဲ့သို့ တည်း။
ဣတိပိ အတ္ထော၊ ဤသည်လည်း စတုတ္ထပါဒ၏ အနက်ပင်တည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။
သမ္ပတ္တပရိသာယ တောဒေသေတွာ၊ ရောက်လာသော ပရိသတ်အား တရားကို ဟောကြား၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ၊ ကံအားလျှော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ မဟာသေဋ္ဌိ၊ ထိုအခါက သူဌေးကြီးသည်။
အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ” ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဝိဿာသဘောဇနဇာတကဝဏ္ဏနာ တတိယာ၊ သုံးခုမြောက်ဖြစ်သော ဝိဿာသဘောဇနဇာတ်အဖွင့်တည်း။