**ယော အလီနေန စိတ္တေနာ** တိ ဣဒံ၊ ယောအလီနေန စိတ္တေန စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝေနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဧကံ ဩဿဋ္ဌ ဝီရိယံ ဘိက္ခုံ၊ တစ်ပါးသောာစွန့်လွှတ်အပ်သောာ ဝီရိယရှိသော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တံ ဘိက္ခုံ၊ မှန်၏ ထိုရဟန််းကို။
သတ္ထာ အာမန္တေတွာ၊ ဘုရားရှင်သည် ခေါ်တော်မူ၍။
"ဘိက္ခုံ တွံ၊ ရဟန်းသင်သည်။
ဩဿဋ္ဌဝီရိယော အသိ ကိရ၊ စွန့်လွှတ်အပ်သော ဝီရိယရှိသည် ဖြစ်သတဲ့။
ဣတိ သစ္စံ၊ ဤသို့ကြားရ သည်ကားမှန််သလော"။
ဣတိ ပုစ္ဆိတွာ၊ ဤသိို့မေးတော်မူ၍။
သစ္စံ ဘဂဝါတိ ဝုတ္ထေ၊ မှန်ပါ၏ ရှင်တော်ဘုရားဟု လျှောက်အပ်သော်။
"ဘိက္ခု ပုဗ္ဗေ ပဏ္ဍိတာ၊ ရဟန်းရှေးက ပညာရှိတို့သည်။
ဝီရိယံ ကာတုံ ယုတ္တဋ္ဌာနေ၊ ဝီရိယကိုပြုခြင်းငှာ သင့်လျော်သောနေရာ၌။
ဝီရိယံ ကတွာ၊ ဝီရိယကိုပြု၍။
ရဇ္ဇသမ္ပတ္တိံ ပါပုဏိံသူတိ ဝတွာ၊ မင်းအဖြစ်စည်းစိမ်ကို ရဖူး ရောက်ဖူးကြကုန်ပြီ" ဟုမိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကိုဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောာအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော တဿ ရညော၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏။
အဂ္ဂမဟေသိသာ ကုစ္ဆိသ္မိံ နိဗ္ဗတ္တိ၊ မိဖုရားကြီး၏ ဝမ်း၌ ဖြစ်ပြီ။
တဿ နာမဂ္ဂဟဏဒိဝသေ၊ ထိုဘုရားလောင်း၏ နာမည်ယူရာ မှည့်ရာနေ့၌။
အဋ္ဌသတေ ဗြာဟ္မဏေ၊ တစ်ရာ့ရှစ်ယောက်ကုန်သောပုဏ္ဏားတို့ကို။
သဗ္ဗကာမေဟိ သန္တပ္ပေတွာ၊ လိုလားဖွယ်ပစ္စည်းအားလုံးတို့ဖြင့် ကောင်းစွာရောင့်ရဲစေ၍။
လက္ခဏာနိ ပုစ္ဆိံသု၊ လက္ခဏာတို့ကိုမေးကုန်ပြီ။
လက္ခဏကုသလာ ဗြာဟ္မဏာ၊ လက္ခဏာနားလည်ကုန်သော ပုဏ္ဏားတို့သည်။
လက္ခဏသမ္ပတ္တိံ ဒိသွာ၊ လက္ခဏာနှင့်ပြည့်စုံမှုကို မြင်၍။
"မဟာရာဇ ကုမာရောပုညသမ္ပန္နော၊ အိုမင်းမြတ် မင်းသားသည် ဘုန်းကံပြည့်စုံ၏။
တုမှာကံ အစ္စယေန၊ အရှင်မင်းကြီးတို့၏ လွန်တော်မူရာအခါ၌။
ရဇ္ဇံ ပါပုဏိဿတိ၊ မင်းအဖြစ်သို့ရောက်ပါလိမ့်လတံံ။
ပဥ္စာဝုဓကမ္မေ ပညာတော ပါကဋော၊ လက်နက်ငါးပါးအမှု၌ အသိများသော ထင်ရှားသော။
ဇမ္ဗုဒီပေ အဂ္ဂပုရိသော၊ ဇမ္ဗုဒိပ်ကျွန်း၌ ယောက်ျားမြတ်သည်။
ဘဝိဿတီတီ ဗျာကရိံသု၊ ဖြစ်ပါလိမ့်မည်" ဟုဖြေကြားကုန််ပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
ဗြာဟ္မဏာနံ ဝစနံ သုတွာ၊ ပုဏ္ဏားတို့၏ စကားကိုကြား၍။
ကုမာရဿ နာမံ ဂဏှန္တော၊ သားတော်မင်းသား၏ နာမည်ကိုယူသော်မှည်သော်။
ပဥ္စာဝုဓကုမာရောတိ နာမံ အကာသိ၊ ပဥ္စာဝုဓ မင်းသာားဟု နာမည်ကို ပြုပြီမှည့်ပြီ။
အထ ဝိညုတံ ပတွာ၊ ထိုအခါ နားလည်သူအဖြစ်သို့ ရောက်၍။
သောဠသဝဿဒ္ဒေသေ ဌိတံနံ၊ တစ်တယ့်ခြောက်နှစ်အရွယ်၌ တည်သောထိုပဥ္စာဝုဓမင်းသားကို။
ရာဇာ အာမန္တေတွာ၊ ခမည်းတော်မင်းတရားသည် ခေါ်၍။
"တာတိပွပံ ဥဂ္ဂဏှာဟီတိ အာဟ၊ သားတော်အတတ််ပညာကို သင်ယူချေလော့" ဟု မိန့်ပြီ။
ကဿ သန္တိကေ၊ မည်သူ၏ထံ၌။
ဥဂ္ဂဏှာမှိ ဒေဝါတိ၊ သင်ယူရပါမည်နည်း မင်းကြီးဟု လျှောက်ပြီ။
"ဂစ္ဆ တာတ၊ သွားချေသားတော်။
ဂန္ဓာရရဋ္ဌေ တက္ကသိလနဂရေ၊ ဂန္ဓာရတိုင်း၌ တက္ကသိုလ်မြို့၌။
ဒိသာပါမောက္ခဿ အာစရိယဿ၊ ဒိသာပါမောက္ခဖြစ်သော ဆရာ၏။
သန္တိကေ ဥဂ္ဂဏှ၊ အထံ၌ သင်ယူလော့။
ဣဒဥ္စအာစရိယဘာဂံ၊ ဆရာ၏ ဤအဖို့ကိုလည်း(ဤဆရာခကိုလည်း)။
အဿဒဇ္ဇေယျာသီတိ၊ ထိုဆရာအား ပေးလော့" ဟုမှာ၍။
သဟဿံ ဒတွာ ဥယျောဇေသိ၊ တစ်ထောင်ကို ပေး၍ လွှတ်လိုက်ပြီ။
သော တတ္ထ ဂန္တွာ၊ ထိုပဥ္စာဝုဓမင်းသားသည် ထိုတက္ကသိုလ်မြို့သို့ သွား၍။
သိပ္ပံ သိက္ခိတွာ၊ အတတ်ပညာကိုသင်ယူပြီး၍။
အာစရိယေန ဒိန္နံ ပဥ္စာဝုဓံ ဂဟေတွာ၊ ဆရာသည် ပေးအပ်သောာ လက်နက်ငါးမျိုးကို ယူ၍။
အာစရိယံ ဝန္ဒိတွာ၊ ဆရာကိုရှိခိုး၍။
တက္ကသိလနဂရတော နိက္ခမိတွာ၊ တက္ကသိုလ်မြို့မှ ထွက်ခဲ့၍။
သန္နဒ္ဓပဥ္စာဝုဓော ဗာရာဏသိမဂ္ဂံ ပဋိပဇ္ဇိ၊ လွယ်အပ်သော လက်နက်ငါးမျိုးရှိလျက် ဗာရာဏသီလမ်းခရီးသို့ သွားပြီ။
သော အန္တရာမဂ္ဂေ၊ ထိုပဥ္စာဝုဓမင်းသားသည် လမ်းခရီးအကြား၌။
သိလေသလောမယက္ခေန နာမ အဓိဋ္ဌိတံ၊ စေးကပ်သော အမွေးရှိသည်မည်သော ဘီလူးသည်(ကပ်စေးနှဲဘီလူးသည်) စိုးအုပ်တည်ရှိသော။
ဧကံအဋဝိံ ပါပုဏိ၊ တစ်ခုသောတောအုပ်သို့ရောက်ပြီ။
အထနံ၊ ထိုအခါ ထိုပဉ္စာဝုဓမင်းသားကို။
အဋဝိမုခေ မနုဿာဒိသွာ၊ တောအုပ်ဝ၌ လူတို့သည်မြင်၍။
"ဘောမာဏဝ ဣမံ အဋဝိံ၊ အမောင်လုလင် ဤတောအုပ်သို့။
မာပဝိသ၊ မဝင်လင့်။
သိလေသလောမယက္ခော နာမ၊ စေးကပ်သော အမွေးရှိသော ဘီလူးမည်သည်(ကပ်စေးနှဲဘီလူးသည်)။
ဧတ္ထ အတ္ထိ၊ ဤတော၌ ရှိ၏။
သောာ ဒိဋ္ဌဒိဋ္ဌေ မနုဿေ၊ ထိုကပ်စီးနှဲဘီလူးသည် မြင်မြင်သမျှကုန်သော လူတို့ကို။
ဇီဝိတက္ခယံ ပါပေတီတိ ဝါရယိံသု၊ အသက်ကုန်ခြင်းသို့ရောက်စေ၏" ဟုတားမြစ်ကုန်ပြီ။
ဗောဓိသတ္တော အတ္တာနံ တက္ကေန္တော၊ ဘုရားလောင်းသည် မိမိကိုယ်ကို တွေးတောအားကိုးလျက်။
အသမ္ဘီတကေသရသီဟော ဝိယ၊ ပတုန်လှုပ်သော ကေသရာဇာခြင်္သေ့ကဲ့သို့။
အဋဝိံ ပါဝိသိယေဝ၊ တောအုပ်သို့ဝင်သည်သာတည်း။
တသ္မိံ အဋဝိမဇ္ဈံ သမ္ပတ္တေ၊ ထိုပဥ္စာဝုဓမင်းသားသည် တောအုပ်အလယ်သို့ရောက်သော်။
သော ယက္ခော တာလမတ္တော ဟုတွာ၊ ထိုကပ်စေးနှဲဘီလူးသည် ထန်းပင်မျှရှိိသည်ဖြစ်၍။
ကူဋာဂါရမတ္တံ သီသံ၊ အိမ်ထွဋ်လောက်ရှိသော ဦးခေါင်းကိုလည်းကောင်း။
ပတ္တပမာဏာနိ အက္ခီနိ၊ သပိတ်လောက်ရှိကုန်သော မျက်စိတို့ကိုလည်းကောင်း။
ကဒလိမကုဠမတ္တာ ဒွေ ဒါဌာ စ မာပေတွာ၊ ငှက်ပျောဖူးမျှရှိကုန်သော နှစ်ချောင်းကုန််သော အစွယ်တို့ကိုလည်းကောင်း ဖန်ဆင်း၍။
သေတမုခေါ ကဗရကုစ္ဆိ၊ ဖြူဖွေးသောမျက်နှာရှိသည် ပြောက်ကျားသော ဝမ်းဗိုက်ရှိသည်။
နီလဟတ္ထပါဒေါ ဟုတွာ၊ ညိုမဲသောလက်ခြေရှိသည်ဖြစ်၍။
ဗောဓိသတ္တဿ အတ္တနံ ဒဿေတွာ၊ ဘုရားလောင်းအား မိမိကိုယ်ကိုပြ၍။
"ကဟံ ယာသိ၊ ဘယ်သို့သွားအံံနည်း။
တိဋ္ဌ၊ ရပ်။
မေ ဘက္ခော၊ ငါ၏အစာသည်။
အသိ" ဣတိိ အာဟ၊ ဖြစ်၏" ဟုပြောပြီ။
အထနံ ဗောဓိသတ္တော၊ ထိုအခါ ထိုကပ်စေးနှဲဘီလူးကို ဘုရားလောင်းသည်။
"ယက္ခ အဟံ အတ္တာနံ တက္ကေတွာ၊ အို ဘီလူး ငါသည် မိမိကိုယ််ကို ကြံစည်အားကိုး၍။
ဣဓ ပဝိဋ္ဌော၊ ဤတောအုပ်သို့ဝင်ခဲ့ပြီ။
တွ့ အပ္ပမတ္တော ဟုတွာ၊ သင်သည် မမေ့မလျော့သည်ဖြစ်၍။
မံ ဥပဂစ္ဆေယျာသိ၊ ငါသို့ကပ်လော့။
ဟိ ဝိသပီတေန သရေန၊ မှန်၏အဆိပ်လူးသော မြားဖြင့်။
တံ ဝိဇ္ဈိတွာ၊ သင့်ကိုပစ်ဖောက်၍။
ဧတ္ထေဝ ပါတေဿာမီတိိ သန္တဇ္ဇေတွာ၊ ဤနေရာ၌ပင် လဲကျစေအံ့" ဟုခြိမ်းခြောက်၍။
ဟလာဟလဝိသပီတံ သရံ၊ လောလော လတ်လတ်သေစေတတ်သော အဆိပ်ဖြင့်လူးသော မြားကို။
သန္နယှိတွာ မုဥ္စိ၊ ဖွဲ့၍(တင်၍) ပစ်လွှတ်ပြီ။
သော ယက္ခဿ၊ ထိုမြားသည် ဘီလူး၏။
လောမေသုယေဝ အလ္လီယိ၊ အမွေးတို့၌သာ ကပ်ငြိပြီ။
တကော အညံ တတော အညံ၊ ထို့နောက်မှ အခြားမြား ထို့နောက်မှအခြားမြား။
ဣတိ ဧဝံ၊ ဤကဲ့သို့။
ပညာသ သရေ မုဥ္စိ၊ ငါးဆယ်သောမြားတို့ကို ပစ်လွှတ်ပြီ။
သဗ္ဗေ တဿ၊ မြားအားလုံးတို့သည် ထိုဘီလူး၏။
လောမေသုယေဝ အလ္လီယိံသု၊ အမွေးတို့၌သာ ကပ်ငြိကုန်ပြီ။
ယက္ခော၊ ဘီလူးသည်။
သဗ္ဗေပိ တေ သရေ ဖောဋေတွာ၊ အားလုံးလည်း ဖြစ်ကုန်သော ထိုမြားတို့ကို ခါချ၍။
အတ္တနော ပါဒမူလေယေဝ ပါတေတွာ၊ မိမိ၏ ခြေရင်း၌သာကျစေ၍။
ဗောဓိသတ္တံ ဥပသင်္ကမိ၊ ဘုရားလောင်းသို့ချဉ်းကပ်ပြီ။
ဗောဓိသတ္တော ပုနပိ တံ တဇ္ဇေတွာ၊ ဘုရာလောင်းသည် တစ်ဖန်လည်း ထိုကပ်စေးနှဲဘီလူးကို ခြိမ်းခြောက်၍။
ခဂ္ဂံ ကဍ္ဎတွာ ပဟရိ၊ သံလျက်ကို ဆွဲထုတ်၍ ခုတ်ပြီ။
တေတ္တိံ သင်္ဂုလာယတော ခဂ္ဂေါ၊ (၃၂) လက်သစ်ရှည်သော သန်လျက်သည်။
လောမေသုယေဝ အလ္လီယိ၊ အမွေးတို့၌သာ ကပ်ငြိပြီ။
အထနံ ကဏယေန ပဟရိ၊ ထို့နောက် ထိုကပ်စေးနှဲဘီလူးကို ခက်ရင်းဖြင့် ထိုးပြီ။
သောပိ လောမေသုယေဝ အလ္လီယိ၊ ထိုခက်ရင်းသည်လည်း အမွေးတို့၌သာ ကပ်ငြိပြီ။
တဿ အလ္လီနဘာဝံ ဉတွာ၊ ထိုခက်ရင်း၏ ကပ်ငြိကြောင်းကို သိ၍။
မုဂ္ဂရေန ပဟရိ၊ ဆောက်ပုတ်ဖြင့်ရိုက်ပြီ။
သောပိ လောမေသုယေဝ အလ္လီယိ၊ ထိုဆောက်ပုတ်သည်လည်း အမွေးတို့၌သာ ကပ်ငြိပြီ။
တဿ အလ္လီနဘာဝံ ဉ တွာ၊ ထိုဆောက်ပုတ်၏ ကပ်ငြိကြောင်းကို သိ၍။
ကုန္တေန ပဟရ၊ လှံဖြင့်ထိိုးပြီ။
သောပိလောမေသုယေဝ အလ္လီယိ၊ ထိုလှံသည်လည်း အမွေးတို့၌သာ ကပ်ငြိပြီ။
တဿအလ္လီနဘာဝံ ဉတွာ၊ ထိုလှံ၏ ကပ်ငြိကြောင်းကို သိ၍။
"ဘော ယက္ခတေအဟံ၊ ဟယ်..ဘီလူး သင်သည် ငါ့ကို။
ပဥ္စာဝုဓကုမာရော နာမာတိ န သုတ ပုဗ္ဗော၊ ပဉ္စာဝုဓမင်းသားမည်၏ဟု မကြားဖူးဘူးလော။
တယာ အဓိဋ္ဌိတံ အဋဝိံ၊ သင်သည်အုပ်စိုးတည်နေအပ်သော တောအုပ်သို့။
ပဝိသန္တော အဟံ၊ ဝင်ခဲ့သောငါသည်။
ဓနုအာဒီနိ တက္ကေတွာန ပဝိဋ္ဌော၊ လေးစသည်တို့ကို ကြံစည်အားကိုး၍ ဝင်ခဲ့သည်မဟုတ်။
ပန အတ္တာနံယေဝ၊ စင်စစ်ကား မိမိကိုယ်ကိုသာ။
တက္ကေတွာ ပဝိဋ္ဌော၊ ကြံစည်အားကိုး၍ ဝင်ခဲ့၏။
အဇ္ဇတံပေါထေတွာ၊ ယနေ့ သင့်ကိုပုတ်ခတ်၍။
စုဏ္ဏဝိစုဏ္ဏံ ကရိဿာမီတိ ဥန္နာဒေန္တော၊ မှုန့်မှုန့် ညက်ညက် ပြုအံံ"ဟုဟစ်အော်လျက်။
အတ္တာနံ တက္ကေတွာ၊ မိမိကိုယ်ကို ကြံစည်အားကိုး၍။
ဒက္ခိဏ ဟတ္ထေန ယက္ခံ ပဟရိ၊ ညာလက်ဖြင့် ဘီလူးကို ရိုက်ပြီ။
ဟတ္ထော လောမေသုယေဝ အလ္လီယိ၊ ညာလက်သည် အမွေးတို့၌သာ ကပ်ငြိပြီ။
ဝါမဟတ္ထေန ပဟရိ၊ ဘယ်လက်ဖြင့် ရိုက်ပြီ။
သော ပိ အလ္လီယိ၊ ထိုဘယ်လက်သည်လည်း ကပ်ငြိပြီ။
ဒဏ္ခိဏပါဒေန ပဟရိ၊ ညာခြေဖြင့် ကန်ပြီ။
သောပိ အလ္လီယိ၊ ထိုညာခြေသည်လည်း ကပ်ငြိပြီ။
ဝါမပ်ဒေန ပဟရိ၊ ဘယ်ခြေဖြင့် ကန်ပြန်ပြီ။
သောပိ အလ္လီယိ၊ ထိုဘယ်ခြေသည်လည်း ကပ်ငြိပြန််ပြီ။
"သီသေန တံ ပေါထေတွာ၊ ဦးခေါင်းဖြင့် သင့်ကိုတိုက်၍။
စုဏ္ဏဝိစုဏ္ဏံ ကရိဿာမီတိ၊ မှုန့်မှုန့်ညက်ညက် ပြုအံံ" ဟုပြော၍။
သီသေန ပဟရိ၊ ဦးခေါင်းဖြင့်တိုက်ပြီ။
တမ္ပိ လောမေသုယေဝ အလ္လီယိ၊ ထိုဦးခေါင်းသည်လည်း အမွေးတို့၌သာ ကပ်ငြိပြီ။
သော ပဉ္စောဍ္ဍိတော၊ ထိုပဥ္စာဝုမင်းသားသည် လက်ခြေ ခေါင်းငါးခုလုံးဖမ်းမိလျက်။
ပဥ္စသု ဌာနေသု ဗဒ္ဓေါ၊ ငါးဌာနတို့၌ ဖွဲ့မိလျက်။
ဩလမ္ပန္တောပိ၊ တွဲရရွဲဖြစ်နေသော်လည်း။
နိဗ္ဘယော နိဿရဇ္ဇောဝ အဟောသိ၊ အကြောက်မရှိိသည် အလန့်မရှိသည်သာ ဖြစ်ပြီ။
ယက္ခော၊ ကပ်စေးနှဲဘီလူးသည်။
"အယံ ဧကော၊ ဤလုလင်ကား တစ်ယောက်သော။
ပုရိသသီဟော ပုရိသာဇာနီယော၊ ယောက်ျားမြတ်တည်း ယောက်ျားအာဇာနည်တည်း။
န ပုရိသမတ္တောဝ၊ ယောက်ျားမည်ကာမတ္တသာ မဟုတ်။
မာဒိသေန ယက္ခေန၊ ငါကဲ့သို့သော ဘီလူးသည်။
ဂဟိတဿ အဿ၊ အဖမ်းခံရသော ဤယောက်ျား၏။
သန္တာသမတ္တမိတ ဘဝိဿတိနာမ၊ ထိတ်လန့်ခြင်းသော်မျှလည်း မဖြစ်တုံဘိ၏။
ဣမံ မဂ္ဂံ ဟနန္တေန မယာ၊ ဤလမ်းခရီးကို ဖျက်ဆီးနေသောငါသည်။
ဧဝရူပေါ ဧကောပိ ပုရိသော၊ ဤသို့သဘောရှိသော တစ်ယောက်သော်မျှလည်းဖြစ်သော ယောက်ျားကို။
န ဒိဋ္ဌပုဗ္ဗော၊ ရှေးက မတွေ့ဖူးပေ။
ကသ္မာ ဧသော၊ အဘယ်ကြောင့် ဤယောက်ျားသည်။
န ဘာယတိနု ခေါတိ စိန္တေသိ၊ မကြောက်သနည်း" ဟု ကြံစည်ပြီ။
သော တံခါဒိတုံ အဝိသဟန္တော၊ ထိုကပ်စေးနှဲဘီလူးသညည် ထိုဘုရားလောင်းကို စားခြင်းငှာ မဝံံရကား။
"မာဏဝ ကသ္မာ တွံ၊ လုလင် အဘယ်ကြောင့်သင်သည်။
မရဏဘယံ န ဘာယသိ နုခေါတိ ပုစ္ဆိ၊ သေဘေးကို မကြောက်သနည်း" ဟုမေးပြီ။
ယက္ခ ကိံ ကာရဏာ ဘာယိဿာမိ၊ ဟယ်..ဘီလူး ဘာ့ကြောင့်ကြောက်ရအံံ့နည်း။
ဟိ ဧကသ္မိံ အတ္တဘာဝေ၊ မှန််၏တစ်ခုသော ဘဝ၌။
ဧကံ မရဏံ နိယတမေဝ၊ တစ်ကြိမ်သော သေရခြင်းသည် ကိန်းသေသာတည်း။
အပိ စ မယှံ ကုစ္ဆိမှိိ၊ စင်စစ်သော်ကားငါ၏ ဝမ်းထဲ့၌။
ဝဇိရာဝုဓံ အတ္ထိ၊ ဝရဇိန််လက်နက်သည်ရှိ၏။
သစေ မံ ခါဒဿသိ၊ အကယ်၍ငါ့ကို သင်စားအံံ့။
တံ အာဝုဓံ ဇီရာပေတုံ န သက္ခိဿသိ၊ ထိုဝရဇိန်လက်နက်ကို အစာကြေစေခြင်းငှာ မစွမ်းနိုင်လတံ့။
တံတေ အန္တာနိ၊ ထိုဝရဇိန်လက်နက်သည် သင်၏အူတို့ကို။
ခဏ္ဍာခဏ္ဍိကံ ဆိန္ဒိတွာ၊ အပိုင်းငယ်အပိုင်းကြီးဖြတ်၍။
ဇီဝိတက္ခယံ ပါပေဿတိ၊ အသက်ကုန််ခြင်းသို့ ရောက်စေလတံ့။
ဣတိ ဥဘောပိ နဿိဿာမ၊ ဤသို့လျှင် ငါတို့နှစ်ယောက်လုံးတို့သည်လည်း ပျက်စီးရကုန်အံ့။
ဣမိနာ ကာရဏေန၊ ဤအကြောင်းကြောင့်။
အဟံ န ဘာယာမီတိ၊ ငါသည်မကြောက်ဟုပြောပြီ။
ဣဒံ ဗောဓိသတ္တော၊ ဤဝရဇိန်လက်နက်ဟူသော စကားကိုဘုရားလောင်းသည်။
အတ္တနော အဗ္ဘန္တရေ၊ မိမိ၏ ကိုယ်တွင်း၌။
ဉာဏာဝုဓံ သန္ဓာယ ကထေသိ ကိရ၊ ဉာဏ်လက်နက်ကို ရည်ရွယ်၍ ပြောပြီတဲ့။
တံ သုတွာယက္ခော၊ ထိုစကားကိုကြားရ၍ ဘီလူးသည်။
"အယံ မာဏဝေါ သစ္စမေဝသဏတိ၊ ဤလုလင်သည် အမှန်ကိုသာပြောဆို၏။
ဣမဿ ပုရိသသီဟဿ သရီရတော၊ ဤယောက်ျားမြတ်၏ ကိုယ်မှ။
မုဂ္ဂဗီဇမတ္တမ္ပိ မံသခဏ္ဍံ၊ ပဲနောက်စေ့မျှ ရှိသည်လည်းဖြစ်သော အသားပိုင်းကို။
မယှံ ကုစ္ဆိ၊ ငါ၏ ဝမ်းသည်။
ဇီရေတုံန သက္ခိဿတိ၊ ကြေစေခြင်းငှာ မစွမ်းနိုင်လတံံ့။
နံ ဝိဿဇ္ဇေဿာမီတိ စိန္တေသိ၊ ထိုလုလင်ကိုလွှတ်အံ့" ဟုကြံပြီ။
ဣတိ၊ ဤသို့ကြံပြီး၍။
မရဏဘယတဇ္ဇိတော ဗောဓိသတ္တံ ဝိဿဇ္ဇေတွာ၊ သေဘေးခြိမ်းခြောက်အပ်ရကား ဘုရားလောင်းကို လွှတ်၍။
"မာဏဝ တွံ ပုရိသသီဟော၊ အမောင်လုလင် သင်ကား ယောက်ျားမြတ််တည်း။
တေ မံသံံ၊ သင်၏ အသာားကို။
အဟံန ခါဒိဿာမိ၊ ငါသည် မစားအံ့။
တွံ အဇ္ဇ၊ သင်လုလင်သည် ယနေ့။
ရာဟုမုခါ မုတ္တစန္ဒေါ ဝိယ၊ ရာဟုခံတွင်းမှ လွတ်သောလကဲ့သို့။
မမ ဟတ္ထတော မုစ္စိတွာ၊ ငါ၏လက်မှလွတ်၍။
ဉာတိသုဟဇ္ဇမဏ္ဍလံ တောသေန္တော၊ ဆွေမျိုးမိတ်ဆွေ အပေါင်းကို နှစ်သက်စေလျက်။
ယာဟီတိ အာဟ၊ သွားလော့" ဟုပြောပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါထိုကပ်စေးနှဲဘီလူးကို ဘုရားလောင်းသည်။
"ယက္ခ အဟံ၊ ဘီလူး ငါသည်။
တာဝ ဂစ္ဆိဿာမိ၊ သွားတော့မည်။
တွံ ပန ပုဗ္ဗေပိ၊ သင်သည်ကားရှေးကလည်း။
အကုသလံ ကတွာ၊ အကုသိုလ်ကို ပြု၍။
လုဒ္ဒေါ လောဟိတပါဏိ၊ ကြမ်းတမ်းသော လက်၌သွေးရှိသော။
ပရရုဟိရမံသက္ခော၊ သူများ၏ အသွေးအသားကိုစားသော။
ယက္ခော ဟုတွာ နိဗ္ဗတ္တော၊ ဘီလူးသည် ဖြစ်၍ဖြစ်ပြီ။
ဣဓာပိ ဌတွာ၊ ဤတောအုပ်၌လည်း တည်၍။
အကုသလမေဝ သစေ ကရိဿသိ၊ အကုသိုလ်ကိုသာ အကယ်၍ ဆက်ပြုအံ့။
အန္ဓကာရာ အန္ဓကာရမေဝ၊ အမှောင်မှအမှောင်သို့သာ။
ဂမိဿသိ၊ သွားရလိမ့်မည်။
မံဒိဋ္ဌကာလတော ပဋ္ဌာယပန၊ ငါ့ကိုတွေ့ရာကာလမှ စ၍ကား။
တယာ အကုသလံ၊ သင်သည် အကုသိုလ်ကို။
ကာတုံန သက္ကာ၊ ပြုခြင်းငှာမတတ်ကောင်း(မသင့်)။
ပါဏာတိပါတကမ္မံ နာမ နိရယေ၊ သူ့သက်သတ်မှုမည်သည် ငရဲ၌လည်းကောင်း။
တိရစ္ဆာနယောနိယံ ပေတ္တိဝိသယေ၊ တိရစ္ဆာန်မျိုး၌လည်းကောင်း ပြိတ္တာဘုံ၌ လည်းကောင်း။
အသုရကာယေ စ နိဗ္ဗတ္တေတိ၊ အသုရကာယ်ဘုံ၌လည်းကောင်းဖြစ်စေတတ်၏။
မနုဿေသု နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ၊ လူ့ဘဝတို့၌ ဖြစ်ရာဖြစ်ရာဌာန၌။
အပ္ပါယုကသံဝတ္တနိကံ ဟောဟီတိ၊ အသက်တိုမှုဖြစ်စေတတ်သည် ဖြစ်၏" ဟု။
ဧဝမာဒိနာ နယေန၊ ဤသို့အစရှိသော နည်းဖြင့်။
ပဉ္စန္နံ ဒုဿီလျကမ္မာနံ အာဒီနဝံ၊ ငါးမျိုးကုန်သော သီလမဲ့မှုတို့၏ အပြစ်ကိုလည်းကောင်း။
ပဥ္စန္နံ သီလာနံ အာနိသံသဉ္စ၊ ငါးပါးကုန်သော သီလတို့၏ အကျိုးကိုလည်းကောင်း။
ကထေထွာ၊ ဟောပြော၍။
နာနာကာရဏေဟိ ယက္ခံ တဇ္ဇေတွာ၊ အမျိုးမျိုးသော အကြောင်းတို့ဖြင့်ဘီလူးကို ခြိမ်းခြောက်၍။
ဓမ္မံ ဒေသေတွာ ဒမေတွာ၊ တရားကိုဟော၍ ဆုံးမ၍။
နိဗ္ဗိသေဝနံ ကတွာ၊ အကုသိုလ်ကို အထူးမှီဝဲခြင်းမရှိသည်ကိုပြု၍။
ပဉ္စသု သီလေသု ပတိဋ္ဌာပေတွာ၊ ငါးပါးကုန်သော သီလတို့၌ တည်စေ၍။
နံတဿာယေဝ အဋဝိယာ၊ ထိုကပ်စေးနှဲဘီလူးကို ထိုတောအုပ်၌ပင်။
ဗလိ ပဋိဂ္ဂါဟကံ ဒေဝတံ ကတွာ၊ ဗလိနတ်စာပူဇော်မှုခံယူတတ်သောနတ်ကိုပြု၍။
အပ္ပမာဒေန ဩဝဒိတွာ၊ အပ္ပမာဒတရားဖြင့် ဆုံးမ၍။
အဋဝိတော နိက္ခမိတွာ၊ တောအုပ်မှ ထွက်ခွာ၍။
အဋဝိမုခေ မနုဿာနံ အာစိက္ခိတွာ၊ တောအုပ်ဝက လူတို့အား ပြောကြား၍။
သန္နဒ္ဓပဉ္စာဝုဓော ဗာရာဏသိံ ဂန္တွာ၊ ကောင်းစွာဖွဲ့ယှက်အပ်သော လက်နက်ငါးမျိုးရှိသည်ဖြစ်၍ ဗာရာဏသီမြို့သို့သွား၍။
မာတာ ပိတရောဒိသွာ၊ မယ်တော်ခမည်းတော်တို့ကို ဖူးမြင်၍။
အပရဘာဂေ ရဇ္ဇေပတိဋ္ဌာယ၊ နောင်အခါ၌ မင်းအဖြစ်၌တည်၍။
ဓမ္မေန ရဇ္ဇံ ကာရေန္တော၊ တရားသဖြင့်မင်းအဖြစ်ကိုပြုလျက်။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာလားပြီ။
သတ္ထာပိ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည်လည်း ဤတရားဒေသနာကိုဆောင်တော်မူ၍။
အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားသည်ဖြစ်တော်မူ၍။
ယော နရော အလီနေန စိတ္တေန၊ အကြင်လူသည် နောက်မတွန့်သော စိတ််ထားဖြင့်။
အလီနေမနသော၊ နောက်မတွန့်သော စိတ်ထားလိုလားချက်ရှိသည်သာဖြစ်၍။
ယောဂက္ခေမဿ ပတ္တိယာ၊ ယောဂလေးဖြာကုန်ရာနိဗ္ဗာန်သို့ရောက်ခြင်းငှာ။
ကုသလံ ဓမ္မံ ဘာဝေတိ၊ ကုသိုလ်ဖြစ်သောတရားကို ပွားများ၏။
(သော၊ ကုသိုလ်ပွားများ ထိုလူသားသည်)
သဗ္ဗသံယောဇနယက္ခယံ၊ သံယောဇဉ်အားလုံးကုန််ရာအရဟတ္တဖိုလ်သို့။
အနုပုဗ္ဗေန ပါပုဏေ၊ အစဉ်အားဖြင့်ရောက်ရ၏။
တတြာ အယံ ပိဏ္ဍတ္ထော၊ ထိုဂါထာ၌ ဤကားအပေါင်းအနက်တည်း။
(ပဏ္ဍတ္ထောကော၊ အပေါင်းနက်ဟူသည် အဘယ်နည်း)။
ယော ပုရိသောာ အလီနေန၊ အကြင်ယောက်ျားသည် မတွန့်သော။
အသံကုဋိတေန စိတ္တေန၊ နောက်မဆုတ်သော စိတ်ထားဖြင့်။
ပကတိယာပိ အလီနမနော၊ ပင်ကိုအားဖြင့်လည်း မတွန့်သော စိတ်ရှိသည်။
အလီနဇ္ဈာသယောဝ ဟုတွာ၊ နောက်မဆုတ်သော လိုလားချက်ရှိသည်သာဖြစ်၍။
အနဝဇ္ဇဋ္ဌေန ကုသလံ၊ အပြစ်မရှိသော အနက်သဘောကြောင့် ကုသိုလ်ဖြစ်သော။
သတ္တတိံသ ဗောဓိပက္ခိယဘေဒံ ဓမ္မံ၊ သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယအပြားရှိသော တရားကို။
ဘာဝေတိ ဝဍ္ဎေတိ၊ ဖြစ်စေ၏ တိုးပွားစေ၏။
ဝိသာလေန စိတ္တေန၊ ပြန့်ပြူးသော စိတ်ထားဖြင့်။
စတူဟိ ယောဂေတိ၊ လေးပါးကုန်သောယောဂတို့ဖြင့်။
ခေမဿနိဗ္ဗာနဿ ပတ္တိယာ၊ ဘေးကုန်ရာဖြစ်သော နိဗ္ဗာန်သို့ရောက်ခြင်းငှာ။
ဝိပဿနံ အနုယုဉ္ဇတိ၊ ဝိပဿနာကို အဖန်ဖန်အားထုတ်၏။
ဧဝံ သဗ္ဗသင်္ခါရေသု၊ ဤသို့သင်္ခါရအားလုံးတို့၌။
"အနစ္စံ ဒုက္ခံ အနတ္တာတိ၊ မမြဲပါတကား ကြောက်စရာပါတကား အစိုးမရပါတကား"ဟု။
တိလက္ခဏံ အာရောပေတွာ၊ လက္ခဏာယာဉ်သုံးပါးသို့တင်၍။
တရုဏဝိပဿနတော ပဋ္ဌာယ၊ နုသော ဝိပဿနာမှစ၍။
ဥပ္ပန္န ဗောဓိပက္ခိယဓမ္မေ၊ ဖြစ်ပေါ်ကုန်သော မဂ်ဉာဏ်အဖွဲ့သား ဗောဓိပက္ခိယ တရားတို့ကို။
ဘာတေန္တော သော၊ ဖြစ်စေ တိုးပွားစေသော ထိုယောက်ျားသည်။
အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။
ဧကသံယောဇနမ္ပိ အနဝသေသေတွာ၊ တစ်ခုသောသံယောဇဉ်ကိုသော်မှလည်း မကြွင်းကျန်စေမူ၍။
သဗ္ဗသံယောဇနက္ခယကရဿစတုတ္ထမဂ္ဂဿ၊ သံယောဇဉ်အားလုံးကုန်ဆုံးမှုပြုတတ်သော အရဟတ္တမဂ်၏။
ပရိယောသာနေ ဥပ္ပန္နတ္တာ၊ အဆုံး၌ ဖြစ်သည်၏ အဖြစ်ကြောင့်။
သဗ္ဗသံယောဇနက္ခယောတိ သင်္ချံ ဂတံ၊ သံယောဇဉ်အားလုံးကုန်ဆုံးရာဟု ခေါ်ခြင်းသို့ ရောက်သော။
အရဟတ္တံ ပါပုဏေယျ၊ အရဟတ္တဖိုလ်သို့ ရောက်ရာ၏။
ဣတိ၊ ဤသည်ပင်တည်း။
ဧဝံ သတ္ထာ အရဟတ္တေန၊ ဤသို့ ဘုရားရှင်သည် အရဟတ္တဖိုလ်ဖြင့်။
ဓမ္မဒေသနာယ ကူဋံ ဂဟေတွာ၊ တရားဒေသနာ၏ အထွဋ်ကို ယူတော်မူ၍။
မတ္ထကေ စတ္တာရိ သစ္စာနိ ပကာသေသိ၊ ဒေသနာထိပ်ဆုံး၌ လေးပါးကုန််သော သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ သော ဘိက္ခု၊ သစ္စာလေးပါး ပြပြီး အဆုံး၌ ထိုရဟန်းသည်။
အရဟတ္တံ ပါပုဏိ၊ ရဟန္တာအဖြစ်သို့ရောက်ပြီ။
သတ္ထာ အနုသန္ဓိံ ဃဋေတွာ၊ ဘုရားရှင်သည် အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ယက္ခော၊ ထိုအခါက ကပ်စေးနှဲဘီလူးသည်။
အင်္ဂုလိမာလော အဟောသိ၊ အင်္ဂုလိမာလသည် ဖြစ်လာပြီ။
ပဉ္စာဝုဓကုမာရော ပန အဟမေဝ အဟော သိန္တိ၊ ပဉ္စာဝုဓမင်းသားသည်ကား ငါဘုရားသည်သာဖြစ်လာပြီ" ဟု။
ဇာတကံသမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ပဉ္စာဝုဓဇာတကဝဏ္ဏနာ ပဉ္စမာ၊ ပဉ္စာဝုဓဇာတ်အဖွင့်သည် ပဉ္စမတည်း။