Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[148] 8. Siṅgālajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**နာဟံ ပုနံ န စ ပုနန္တိ ** ဣဒံ၊ နာဟံ ပုနံ န စ ပုနံအစရှိသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ ကိလေသနိဂ္ဂဟံ အာရဗ္ဘ ကထေသိ၊ ကိလေသာ နှိမ်နင်းမှုကို အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိယံ ပဉ္စသတမတ္တာ သဟာ ယကာ၊ သာဝတ္ထိမြို့က ငါးမျှရှိကုန်သော သူငယ်ချင်းဖြစ်ကုန်သော။ မဟာပိဘဝါသေဋ္ဌိပုတ္တာ၊ ပစ္စည်းများစွာရှိကုန်သော သူဌေးသားတို့သည်။ သတ္ထု ဓမ္မဒေသန သုတွာ၊ ဘုရားရှင်၏ တရားဒေသနာကို ကြားနာရ၍။ သာသနေ ဥရံ ဒတွာ၊ သာသနာတော်အား ရင်ကို ပေး၍။ ပဗ္ဗဇိတွာ၊ ရှင်ရဟန်းပြုကြပြီး၍။ အန္တော ကောဋိသန္တာရေ၊ ရွှေခွက်အစွန်းချင်းထိအောင်ခင်းအပ်သည့်အတွင်းဖြစ်သော။ ဇေတဝနေ ဝိဟရိံသု ကိရ၊ ဇေတဝန်ကျောင်းတော်၌ နေကြကုန်ပြီတဲ့။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ အဍ္ဎရတ္တသမယေ၊ သန်းခေါင်အခါ၌။ တေသံ ကိလေသနိဿိတော၊ ထိုရဟန်းတို့မှာ ကိလေသာကို မှီသော။ သင်္ကပ္ပေါ ဥပ္ပဇ္ဇိ၊ အတွေးအကြံသည် ဖြစ်ပြီ။
တေ ဥက္ကဏ္ဏိတွာ၊ ထိုရဟန်းတို့သည် ငြီးငွေ့ ကြ၍။ အတ္တနာ ဇဟိတက်လေသေ၊ မိမိသည် ပယ်စွန့်အပ်ပြီးကိလေသာတို့ကို။ ပုန ဂဏှိတုံ၊ တစ်ဖန် ပြန်ယူခြင်းငှာ။ စိတ္တံ ဥပ္ပါဒယိသု၊ စိတ်ကို ဖြစ်စေကြပြီ။
အ သတ္ထာ၊ ထိုအခါ ဘုရားရှင်သည်။ အဍ္ဎရတ္တသမနန္တရေ၊ သန်းခေါင်အခါ၏ အခြားမဲ့၌။ သဗ္ဗညုတညာဏဒဏ္ဍဒိပကံ ဥဒ္ဒိပိတွာ၊ သဗ္ဗညုတဉာဏ် တည်းဟူသော မီးတိုင်ကို စိုက်ထူ၍။ “ကတရာယ ရတိယာ၊ အဘယ်မည်သော ပျော်မွေ့ခြင်းဖြင့်။ ဇေတဝနေ ဘိက္ခူ၊ ဇေတဝန်ကျောင်းတော်က ရဟန်းတို့သည်။ ဝိဟရန္တိ နု ခေါ ဣတိ၊ နေကြသနည်း”ဟု။ ဘိက္ခူနံ အဇ္ဈာသယံ၊ ရဟန်းတို့၏ ဆန္ဒကို။ ဩလောကေန္တော၊ ကြည့်တော်မူသော်။ တေသံ ဘိက္ခူနံ အဗ္ဗန္တရေ၊ ထိုရဟန်းတို့၏ ကိုယ်တွင်း၌။ ကာမရာဂသင်္ကပ္ပဿ၊ ကာမရာဂအကြံ၏။ ဥပ္ပန္နဘာဝံ အညာသိ၊ ဖြစ်ပေါ်နေကြောင်းကို သိတော်မူပြီ။
သတ္ထာ နာမ၊ ရှင်တော်ဘုရားမည်သည်။ ဧကပုတ္တိကာ၊ သားတစ်ယောက်တည်းသာရှိသော။ ဣတ္ထီ၊ အမျိုးသမီးသည်။ အတ္တနော ပုတ္တံ၊ မိမိ၏ သားကို။ ရက္ခတိ ဝိယ စ၊ စောင့်ရှောက်သကဲ့သို့လည်းကောင်း။ ဧကစက္ခုကော ပုရိသော၊ မျက်စိ တစ်ဖက်သာကောင်းသော အမျိုးသားသည်။ စက္ခုံ ဝိယ စ၊ ကောင်းသော မျက်စိကို စောင့်ရှောက်သကဲ့သို့လည်းကောင်း။ (ဧဝံ၊ ဤအတူ)။ အတ္တနော သာဝကေ ရက္ခတိ၊ မိမိ၏ တပည့်သားတို့ကို စောင့်ရှောက်၏။
ပုဗ္ဗဏှာဒီသု၊ နံနက်ခင်းစသည်တို့တွင်။ ယသ္မိံ ယသ္မိံ သမယေ၊ အကြင်အကြင်အခါ၌။ တေသံ ကိလေသာ ဥပ္ပဇ္ဇန္တိ၊ ထိုတပည့်တို့မှာ ကိလေသာတို့သည် ဖြစ်ပေါ် ကုန်၏။ တေသံ၊ ထိုတပည့်တို့၏ ထိုကိလေသာတို့ကို။ တတော ပရံ၊ ထိုဖြစ်သည်မှ ။ တေ ကိလေသေ၊ နောက်၌လွန်စွာ။ ဝဍ္ဎိတုံ အဒတွာ၊ ပွားခြင်းငှာ(ပွားခွင့်ကို) မပေးမူ၍။ တသ္မိံတသ္မိံယေဝ သမယေ နိဂ္ဂဏှာတိ၊ ထိုထိုဖြစ်ရာအခါ၌ပင် နှိမ်နင်းတော်မူ၏။
တေန အဿ၊ ထိုသို့နှိမ်နင်းတော်မူခြင်းကြောင့် ထိုရှင်တော်ဘုရားမှာ။ "အယံ၊ ရဟန်းငါးရာတို့ ဤကိလေသာဖြစ်ခြင်းသည်။ စက္ကဝတ္တိရညော အန္တောနဂရေ ယေဝ၊ စကြာဝတေးမင်း၏ စံရာနန်းမြို့ အတွင်း၌ပင်။ စောရာနံ ဥပ္ပန္နကာလော ဝိယ ဝတ္တတိ၊ ခိုးသားတို့၏ ဖြစ်ပေါ်ရာအခါကဲ့သို့ ဖြစ်၏။ ဣဒါနေဝ တေသံ၊ ယခုအခါ၌ပင် ထိုရဟန်းတို့အား။ ဓမ္မဒေသနံ ကတွာ၊ တရားဟောမှုကို ပြု၍။ တေ ကိလေသေ နိဂ္ဂဏှိတွာ၊ ထိုကိလေသာတို့ကို နှိမ်နင်းပြီး၍။ အရဟတ္တံ ဒဿာမီတိ၊ အရဟတ္တဖိုလ်ကို ပေးမည်”ဟု။ ဧတံ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။
သော သုရဘိဂန္ဓကုဋိတော နိက္ခမိတွာ၊ ထိုဘုရားရှင်သည် ကောင်းသော နံ့သာတို့ ထုံအပ်သော ဂန္ဓကုဋီမှ ထွက်တော်မူ၍။ မဓုရဿရေန၊ သာယာ ချိုမြိန်သော အသံဖြင့်။ အာယသ္မန္တံ ဓမ္မဘဏ္ဍာဂါရိကံ၊ သက်တော်ရှည်ဖြစ်သော တရားဘဏ္ဍာစိုးဖြစ်သော။ အာနန္ဒတ္ထရံ၊ အာနန္ဒာထေရ်ကို။ “အာနန္ဒာတိ အာမန္တေသိ၊ အာနန္ဒာ”ဟု ခေါ်တော်မူပြီ။
ထေရော “ကိံ ဘန္တေတိ၊ ရှင်အာနန္ဒာ ထေရ်သည် ဘာပါလဲ ရှင်တော်ဘုရား”ဟု။ အာဂန္တွာ ဝန္ဒိတွာ အဋ္ဌာသိ၊ လာ၍ ဝပ်ချ၍ တည်ပြီ။
“အာနန္ဒ ယတ္တကာ ဘိက္ခူ၊ အို. . အာနန္ဒာ အကြင်မျှရှိကုန်သော ရဟန်းတို့သည်။ အန္တောကောဋိသန္တာရေ ဝိဟရန္တိ၊ ရွှေခွက်စွန်းချင်းထိအောင် ခင်းအပ်သည့်ကျောင်းတော်တွင်း၌ နေကြကုန်၏။ (တတ္တကေ)သဗ္ဗေဝ၊ (ထိုမျှ ရှိကုန်သော) ရဟန်းအားလုံးတို့ကိုပင်။ ဂန္ဓကုဋိပရိဝေဏေ၊ ဂန္ဓကုဋီတိုက်ခန်း၌။ သန္နိပါတေဟီတိ၊ ကောင်းစွာကျရောက်စုဝေးစေလောဟု မိန့်ပြီ။
“အဟံ ပဉ္စသတေ၊ ငါဘုရားသည် ငါးရာကုန်သော။ တေ ယေဝ ဘိက္ခူ၊ ထိုရဟန်းတို့ကိုသာ။ ပက္ကောသာပေဿာမိ၊ အကယ်၍ ခေါ်စေအံ့။ ‘ နော အဗ္ဘန္တရေ၊ ငါတို့၏ ကိုယ် တွင်း၌။ ကိလေသာနံ ဥပ္ပန္နဘာပေါ၊ ကိလေသာတို့၏ ဖြစ်နေကြောင်းကို။
သတ္ထာရာ ဉာတောတိ၊ ဘုရားရှင်သည် သိတော်မူအပ်ပြီ'ဟု။ သံဝိဂ္ဂမာနသာ၊ ထိတ်လန့်သော စိတ်ရှိကြ၍။ ဓမ္မဒေသနံ သမ္ပဋိစ္ဆိတုံ၊ ဟောကြားအပ်သော တရားကို ကောင်းစွာခံယူခြင်းငှာ။ နာသက္ခိဿန္တိတိ၊ စွမ်းနိုင်ကြလိမ့်မည် မဟုတ်”ဟု။ အဿ ဧဝံ အဟောသိ ကိရ၊ ထိုမြတ်စွာဘုရားမှာ ဤသို့သော အကြံသည် ဖြစ်ပြီတဲ့။
တသ္မာ၊ ထို့ကြောင့်။ သဗ္ဗေ သန္နိပါတေဟီတိ၊ ရဟန်း အားလုံးတို့ကို ကောင်းစွာကျရောက်စုဝေးစေလော”ဟု။ အာဟ၊ မိန့်တော်မူပြီ။
ထေရော၊ ရှင်အာနန္ဒာထေရ်သည်။ သာဓု ဘန္တေတိ၊ ကောင်းပါပြီ ရှင်တော် ဘုရားဟု။ အဝါပုရဏံ အာဒါယ၊ သော, သံကောက်ကို ယူ၍။ ပရိဝေဏေန ပရိဝေဏံ အာဟိဏ္ဍိတွာ၊ ပရိဝုဏ်တစ်ခုမှ ပရိဝုဏ်တစ်ခုသို့ လှည့်လည်တော်မူ၍. သဗ္ဗေ ဘိက္ခူ၊ အားလုံးကုန်သော ရဟန်းတို့ကို။ ဂန္ဓကုဋိပရိဝေဏေ၊ ဂန္ဓကုဋီ တိုက်ခန်း၌။ သန္နိပါတေတွာ၊ ကောင်းစွာကျရောက်စုဝေးစေ၍။ ဗုဒ္ဓါသန ပညာပေသိ၊ ဘုရားရှင်ဖို့ နေရာတော်ကို ခင်းထားပြီ။
သတ္ထာ ပလ္လကိံ အာဘုဇိတွာ၊ ဘုရားရှင်သည် တင်ပလ္လင်ကို ခွေတော်မူ၍။ ကာယံ ဥဇုံ ပဏိဓာယ၊ အထက်ပိုင်းကိုယ်တော်ကို ဖြောင့်ဖြောင့် ထား၍။ သိလာပထဝိယံ ပတိဋ္ဌဟမာနော၊ ကျောက်သားမြေပေါ်၌ တည်ရှိနေသော။ သိနေရု ဝိယ၊ မြင်မိုရ်တောင်ကဲ့သို့။ ပညတ္တေ ဗုဒ္ဓါသနေ၊ ခင်းထားအပ်သော ဘုရားတို့ နေရာ၌။ အာဝေဠာဝေဠာ၊ အသွယ်အသွယ်ဖြစ်ကုန်သော။ ယမက ယမကာ၊ အစုံအစုံဖြစ်ကုန်သော။ ဆဗ္ဗဏ္ဏဃနဗုဒ္ဓရသ္မိ ယော၊ အဆင်းခြောက်မျိုး ရှိကုန်သော, လုံးလုံးခဲခဲဘုရားရောင်ခြည်တော်တို့ကို။ ဝိဿဇ္ဇေန္တော နိသီဒိ၊ လွှတ်တော်မူလျက် ထိုင်နေတော်မူပြီ။
တာပိ ရသ္မိယော၊ ထိုရောင်ခြည်တော် ခြောက်ပါးတို့သည်လည်း။ ပါတိမတ္တာ ဆတ္တမတ္တာ၊ ခွက်မျှရှိကုန်၍ ထီးမျှရှိကုန်၍။ ကူဋာဂါရကုစ္ဆိမတ္တာ၊ တောင်ထွဋ်ဝမ်းမျှရှိကုန်၍။ ဆိဇ္ဇိတွာ ဆိဇ္ဇိတွာ၊ ပြတ်ကျ၍ ပြတ်ကျ၍။ ဂဂနတလေ ဝိဇ္ဇလတာ ဝိယ၊ ကောင်းကင်ပြင်၌ လျှပ်စက်နွယ်တို့ ကဲ့သို့။ သဉ္စရိံ သု၊ ကောင်းစွာလှည့်လည်ကုန်ပြီ။ အဏ္ဏဝကုစ္ဆိံ ခေါဘေတွာ၊ ပင်လယ်ဝမ်းကို ခြောက်ခြားစေ၍။ ဗာလသူရိယုဂ္ဂမနကာလော ဝိယ အဟောသိ၊ နေလုလင်ထွက်ပေါ် ရာအခါကဲ့သို့ ဖြစ်ပြီ။
ဘိက္ခုသံယောပိ၊ ရဟန်းအပေါင်းသည် လည်း။ သတ္ထာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ဝပ်ချ၍။ ဂရုစိတ္တံ ပစ္စုပဋ္ဌပေတွာ၊ အလေးဂရုပြုသော စိတ်ထားကို ရှေးရှုဖြစ်စေ၍။ ရတ္တကမ္ဗလသာဏိယာ ပရိက္ခိပန္တော ဝိယ၊ ကမ္ဗလာနီ တင်းတိမ်ဖြင့် ကာရံထားဘိသကဲ့သို့။ ပရိဝါရေနိသီဒိ၊ ဝိုင်းရံ၍ ထိုင်နေပြီ။
သတ္ထာ ဗြဟ္မဿရံ နိစ္ဆာရေန္တော၊ ဘုရားရှင်သည် မြင့်မြတ်သော အသံကို ထွက်စေတော်မူလျက်။ ဘိက္ခူ အာမန္တေတွာ၊ ရဟန်းတို့ ကို ခေါ်တော်မူ၍။ “ဘိက္ခဝေ ဘိက္ခုနာ နာမ၊ အို. . ရဟန်းတို့ ရဟန်းမည်သည်။ ကာမဝိတတ္တံ ဗျာပါဒဝိတက္ကံ၊ ကာမကြံမှုလည်းကောင်း ဖျက်ဆီးဖို့ကြံမှု လည်းကောင်း။ ဝိဟိံသာပိတက္ကန္တိ ဣတိ၊ ညှဉ်းဆဲဖို့ကြံမှုလည်းကောင်းဟု။ ဣမေ တယော အကုသလဝိတက္ကေ၊ ဤသုံးပါးကုန်သော အပြစ်ရှိ, အကြံတို့ကို။ ဝိတက္ကေတုံ န ဝဋ္ဋ တိ၊ ကြံစည်ခြင်းငှာ မသင့်။
ဟိ အန္တော ဥပ္ပန္နကိလေသော၊ မှန်၏ ကိုယ်တွင်းဖြစ်ပေါ်လာသော ကိလေသာကို။ ပရိတ္တကောတိ၊ အနည်း ငယ်ဟု။ အဝမညိတုံ န ဝဋ္ဋ တိ၊ မထီမဲ့မြင် ပြုခြင်းငှာ မသင့်။ ကိလေသော နာမ ပစ္စာမိတ္တသဒိသော၊ ကိလေသာမည်သည် ရန်သူနှင့်တူ၏။
ပစ္စာမိတ္တော စ၊ ရန်သူဟူသည်လည်း။ ခုဒ္ဒကော နာမ နတ္ထိ၊ ငယ်သည်မည်သည် မရှိ။ ဩကာသံ လဘိတွာ၊ အခွင့်ကို ရသော်။ ဝိနာသမေဝ ပါပေတိ၊ ပျက်စီးခြင်းသို့သာ ရောက် စေ၏။ ဧဝမေဝ အပ္ပမတ္တကောပိ၊ ဤသို့သာလျှင် အနည်းငယ်မျှလည်းဖြစ်သော။ ကိလေသော ဥပ္ပဇ္ဇိတွာ၊ ကိလေသာသည် ဖြစ်ပြီး၍။ ဝဍ္ဎိတုံ လဘန္တော၊ ကြီးပွား ခွင့်ကို ရသော်။ မဟာဝိနာသံ ပါပေတိ၊ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေ တတ်၏။
ဧသော ကိလေသော နာမ၊ ဤကိလေသာမည်သည်။ ဟလာဟလ ဝိသူပမော၊ လက်တလောသေစေတတ်သော အဆိပ်လျှင် ဥပမာရှိ၏။ ဥပ္ပါဋိတစ္ဆဝိဂဏ္ဍသဒိသော၊ ခွါထုတ်အပ်သော အရေရှိသော အမာနှင့်တူ၏။ အာသီဝိသပဋိဘာဂေါ၊ အဆိပ်တက်မြန်သောမြွေနှင့်တူ၏။ အသနိအဂ္ဂိ သဒိသော၊ မိုးကြိုးလောင်မီးနှင့်တူ၏။ အလ္လိယိတုံ န ယုတ္တော၊ ငြိကပ်ခြင်းငှာ မသင့်။ အာသင်္ကေိတဗ္ဗော၊ သံသယထားထိုက်၏။
ဥပ္ပစ္စုပ္ပန္နက္ခဏေယေဝ၊ ဖြစ်ရာ ဖြစ်ရာအချိန်မှာပင်။ ပဋိသင်္ခါနဗလေန၊ ဆင်ခြင်မှုစွမ်းအားဖြင့်လည်းကောင်း။ ဘာဝနာဗလေန၊ ဘာဝနာစွမ်းအားဖြင့်လည်းကောင်း။ ယထာ၊ အကြင်သို့ ပယ်ဖျောက်သော်။ မုဟုတ္တမ္ပိ၊ တစ်မုဟုတ်သော်မှလည်း။ ဟဒယေ အဋ္ဌတွာ၊ စိတ်နှလုံး၌ မတည်မူ၍။ ပဒုမိနိပတ္တာ၊ ပဒုမ္မာကြာရွက်မှ။ ဥဒကဗိန္ဒု ဝိယ၊ ရေပေါက်ကဲ့သို့။ ဝိဝဋ္ဋ တိ၊ လျော့ကျ၏။ ဧဝံ၊ ဤသို့လျော့ကျအောင်။ ပဇဟိတဗ္ဗော၊ ပယ်စွန့်ထိုက်၏။
ပေါရာဏကပဏ္ဍိတာပဲ၊ ရှေးပညာရှိတို့သည် လည်း။ ကိလေသံ အပ္ပမတ္တကမ္ပိ၊ ကိလေသာကို အနည်းငယ်မျှပင်ဖြစ်သော်လည်း။ ဂရဟိတွာ၊ ကဲ့ရဲ့ကြ၍။ ယထာ၊ အကြင်ကဲ့သို့ နှိမ်နင်းသော်။ ပုန အန္တရေ၊ တစ်ဖန် ကိုယ်တွင်း၌။ နုပ္ပဇ္ဇတိ၊ မဖြစ်။ ဧဝံ၊ ဤကဲ့သို့ တစ်ဖန်ကိုယ်တွင်း၌ မဖြစ်အောင်။ နိဂ္ဂဏှိံ သူတိ ဝတာ၊ နှိမ်နင်းကြဖူးပြီ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ သိင်္ဂါလယောနိယံ၊ မြေခွေးမျိုး၌။ ပဋိသန္ဓေိံ ဂဟေတွာ၊ ပဋိသန္ဓေကို ယူ၍။ အရညေ နဒီတီရေ၊ တောထဲက မြစ်ကမ်းနား၌။ နိဝါသံ ကပွေသိ၊ နေထိုင်မှုကို ပြုပြီ။
အထ ဧကော ဇရဟတ္ထီ၊ ထိုအခါ တစ်ကောင်သော ဆင်အိုကြီးသည်။ ဂင်္ဂါတီရေ ကာလံ အကာသိ၊ ဂင်္ဂါမြစ်ကမ်းနား၌ သေမှုကို ပြုပြီ။
သိင်္ဂါလော၊ ဘုရားလောင်းမြေခွေးသည်။ ဂေါစရပ္ပသုတော၊ အစာအတွက် လှည့်လည်သော်။ တံ မတဟတ္ထိသရီရံ ဒိသွာ၊ ထိုဆင်သေကောင်ကို တွေ့ရ၍။ “မေ မဟာ၊ ငါအတွက် ကြီးစွာသော။ ဂေါစရော ဥပ္ပန္နောတိ၊ အစာသည် ဖြစ်ပြီ”ဟု တွေး၍။ ဂန္တွာ တံ၊ သွားပြီး၍ ထိုဆင်သေကောင်ကို။ သောဏေ သိ၊ နှာမောင်း၌ ကိုက်ပြီ။ နင်္ဂလီသာယ၊ ထွန်တုံးထွန်သန်ကို။ ဒဋ္ဌကာလော ဝိယ အဟောသိ၊ ကိုက်ရာအခါကဲ့သို့ ဖြစ်သွားပြီ။
သော၊ ထိုမြေခွေးသည်။ “ဧတ္ထ၊ ဤနေရာ၌။ ခါဒိတဗ္ဗယုတ္တကံ၊ ကိုက်စားသင့်သည်နှင့်ယှဉ်သော အရာဝတ္ထုသည်။ နတ္ထိတိ၊ မရှိ”ဟု။ ဒန္တေသု ဍံသိ၊ အစွယ်တို့၌ ကိုက်ပြန်ပြီ။ ထမ္ဘေ ဒဋ္ဌကာလော ဝိယ၊ တိုင်၌ ကိုက်ရာအခါကဲ့သို့။ အဟောသိ၊ ဖြစ်သွားပြီ။
ကဏ္ဏေ ဍံ သိ၊ နားရွက်၌ ကိုက်ပြီ။ သုပ္ပကောဋိယံ၊ စကောအစွန်း၌။ ဒဋ္ဌကာလော ဝိယ အဟောသိ၊ ကိုက်ရာ အခါကဲ့သို့ ဖြစ်ပြန်ပြီ။
ဥဒရေ ဍံသိ၊ ဝမ်းဗိုက်၌ ကိုက်ပြီ။ ကုသူလေ ဒဋ္ဌကာလော ပိယ၊ စပါးကြည်၌ ကိုက်ရာ အခါကဲ့သို့။ အဟောသိ၊ ဖြစ်ပြီ။
ပါဒေ ဍံသိ၊ ခြေ၌ ကိုက်ပြီ။ ဥဒုက္ခလေ ဒဋ္ဌကာလော ဝိယ၊ ဆုံ၌ ကိုက်ရာ အခါကဲ့သို့။ အဟောသိ၊ ဖြစ်ပြီ။
နဂုံဋ္ဌေဍံ သိ၊ မြီးထူး၌ ကိုက်ပြီ။ မုသလေ ဒဋ္ဌကာလော ဝိယ၊ ကျီပွေ့၌ ကိုက်ရာအခါကဲ့သို့။ အဟောသိ၊ ဖြစ်ပြီ။
သော၊ ထိုမြေခွေးသည်။ ဧတ္ထာပိ၊ ဤမြီးထူး၌လည်း။ ခါဒိတဗ္ဗယုတ္တကံ၊ ကိုက်စားသင့်သည်နှင့်ယှဉ်သော အရာဝတ္ထုသည်။ နတ္ထိ ဣတိ၊ မရှိဟု။ သဗ္ဗတ္ထ၊ ကိုက်ရာဌာန အားလုံး၌။ အဿာဒံ အလဘန္တော၊ သာယာဖွယ်ကို မရ၍။ ဝစ္စမဂ္ဂေ ဍံသိ၊ ဝစ္စမဂ်၌ ကိုက်ပြီ။ မုဒုပူဝေ ဒဋ္ဌကာလော ဝိယ၊ နူးညံ့သောရုံ၌ ကိုက်ရာကာလကဲ့သို့။ အ ဟောသိ၊ ဖြစ်ပြီ။
သော၊ ထိုမြေခွေးသည်။ “ဣဒါနိ ဣမသ္မိံ သရီရေ၊ ယခုအခါ ဤဆင်သေကောင်၌။ မုဒုခါဒိတဗ္ဗယုတ္တကဌာနံ၊ နူးညံ့သော ကိုက်စားသင့်နှင့်ယှဉ်သော နေရာကို။ မေ လန္တိ၊ ငါသည် ရအပ်ပြီ”ဟုတွေး၍။ တတော ပဋ္ဌာယ၊ ထိုနေရာမှ စ၍။ ခါဒန္တော၊ ကိုက်စားလျက်။ အန္တောကုစ္ဆိယံ ပဝိသိတွာ၊ ဆင်သေကောင်ဝမ်းတွင်းသို့ ဝင်၍။ ဝက္ကဟဒယာဒီနိ ခါဒိတွာ၊ အညှို့နှလုံးသားစသည်တို့ကို ကိုက်စားပြီး၍။ ပိပါသိတကာလေ၊ ရေငတ်ရာအခါ၌။ လောဟိတံ ပိဝိတွာ၊ သွေးကို သောက်၍။ နိပဇ္ဇိတုကာမကာလေ၊ အိပ်လိုရာအခါ၌။ ဥဒရံ ပတ္တရိတွာ၊ ဆင်သေကောင် ရင်ဘတ်ကို ဖြန့်ခင်း၍။ နိပဇ္ဇတိ၊ အိပ်၏။
အထ အဿ၊ ထိုအခါ ထိုမြေခွေးမှာ။
“ဣဒံ ဟတ္ထိသရီရံ၊ ဤဆင်သေကောင် သည်။ နိဝါသသုခတာယ၊ နေဖို့ရာ ချမ်းသာသည့်၏ အဖြစ်ကြောင့်။ မယုံ ဂေဟသဒိသံ၊ ငါ့အတွက် အိမ်နှင့်တူ၏။ ခါဒိတုကာမတာယ သတိ၊ စားလိုသည့် အဖြစ်သည် ရှိခဲ့သော်။ ပဟူတမံသံ၊ များစွာသော အသားရှိ၏။ ဣဒါနိ မေ၊ ယခုအခါ ငါ့မှာ။ အညတ္ထ ကမ္မံ၊ အခြားနေရာ၌ ပြုလုပ်ဖွယ်ကိစ္စသည်။ ကိ ဣတိ၊ ဘယ်မှာရှိတော့မည်နည်း”ဟု။ ဧတံ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။ သော အညတ္ထ အဂန္တွာ၊ ထိုဘုရားလောင်းမြေခွေးသည် အခြားသို့ မသွားမူ၍။ ဟတ္ထိကုစ္ဆိယံယေဝ၊ ဆင်ဝမ်းခေါင်း၌သာ။ မံသံ ခါဒိတွာ ဝသတိ၊ အသားကို စား၍ နေ၏။
ကာလေ ဂစ္ဆန္တ ဂစ္ဆန္တေ၊ အချိန်သည် ကုန်သွားသော် ကုန်သွားသော်။ နိဒါယေ၊ နွေကာလ၌။ ဝါတသမ္ဖဿန စေဝ၊ လေနှင့်တွေ့ထိမှုကြောင့် လည်းကောင်း။ သူရိယရသို့သန္တာပေန စ၊ နေရောင်အပူကြောင့်လည်းကောင်း။ တံ ကုဏပံ သုဿိတွာ၊ ထိုဆင်သေကောင်သည် ခြောက်သွေ့၍။ ဝလိယော ဂဏှိ၊ အတွန့်အနှံ့တို့ကို ယူပြီ။ သိင်္ဂါလဿ၊ မြေခွေး၏။ ပဝိဋ္ဌဒွါရံ ပိဟိတံ၊ ဝင်ပေါက်သည် ပိတ်သွားပြီ။ အန္တောကုစ္ဆိယံ၊ ဆင်သေကောင်ဝမ်းအတွင်း၌။ အန္ဓကာရော အဟောသိ၊ အမှောင်သည် ဖြစ်ပြီ။
သိင်္ဂါလဿ၊ မြေခွေးအတွက်။ လောကန္တရိကနိဝါသော ဝိယ ဇာတော၊ လောကန္တရိက်ငရဲနေရသကဲ့သို့ ဖြစ်ပြီ။
ကုဏပေ သုဿန္တေ၊ ဆင်သေကောင်ပုတ် ခြောက်သွေ့သေ၏။ မံသမ္ပိ သုဿိ၊ အသားသည်လည်း ခြောက်သွေ့ပြီ။ လေဟိတမ္ပိ ပစ္ဆိဇ္ဇိ၊ အသွေးသည်လည်း ခြောက်သွေ့ပြတ်စဲပြီ။
သော နိက္ခါရံ၊ ထိုမြေခွေးသည် ထွက်ပေါက်ကို။ အလဘန္တော၊ မရသည်။ ဘယပတ္တော ဟုတွာ၊ ဘေးသို့ရောက်သည် ဖြစ်၍။ သန္တာဝန္တော၊ ဆင်သေကောင်ဝမ်းထဲပြေးသွားလျက်။ ဣတော စိတောစ ပဟရိတွာ၊ ဤမှ ဤမှလည်း ထိခိုက်တိုးဝှေ့၍။ နိက္ခမနဒ္ဓါရုံ ပရိယေသမာနော ဝိစရတိ၊ ထွက်ပေါက်ကို ရှာလျက် လှည့်လည်၏။
ဧဝံ တသ္မိံ၊ ဤကဲ့သို့ထိုမြေခွေးသည်။ ဥက္ကလိယံ ပိပိဏ္ဍိ ဝိယ၊ ဖိုခနောက်ပေါ်၌ မုံ့မှုံ လုံးကဲ့သို့။ အန္တောကုစ္ဆိယံ ပစ္စမာနေ၊ ဆင်သေကောင်ဝမ်းဗိုက်တွင်း၌ ကျက်အပ်သော် ။ ကတိပါဟစ္စယေန၊ နှစ်ရက်သုံးရက်လွန်သဖြင့်။ မဟာမေဃော ပါဝဿိ၊ ကြီးစွာသောမိုးသည် ရွာသွန်းပြီ။
အထ နံ ကုဏပံ တေမေတွာ၊ ထိုအခါ ထိုဆင်သေကောင်ကို စိုစွတ်စေ၍။ ဥဋ္ဌာယ၊ ထကြွရောင်ရမ်း၍။ ပကတိ သဏ္ဌာနေန အဋ္ဌာသိ၊ ပင်ကိုသဏ္ဌာန်ဖြင့် တည်ပြီ။
ဝစ္စမဂ္ဂေါ ဝိဝဋော ဟုတွာ၊ ဝစ္စမဂ်သည် ပွင့်လင်းသည် ဖြစ်၍။ တာရကာ ဝိယ ပညာသိ၊ ကြယ်တာရာကဲ့သို့ ထင်ရှားပြီ။
သိင်္ဂါလော တံ ဆိဒ္ဒံ ဒိသွာ၊ မြေခွေးသည် ထိုအပေါက်ကို တွေ့ရ၍။ မေ ဇီဝိတံ လန္တိ၊ ငါသည် အသက်ကို ရအပ်ပြီ”ဟု။ ယာဝ ဟတ္ထိသီသာ ပဋိက္ကမိတွာ၊ ဆင်သေကောင်, ဦးခေါင်းတိုင်အောင် နောက်ပြန်ဆုတ်၍။ ဝေဂေန ပက္ခန္ဒိတွာ၊ အဟုန်ဖြင့် ပြေးသွား၍။ ဝစ္စမဂ္ဂံ သီသေန၊ ဝစ္စမဂ်ကို ဦးခေါင်းဖြင့်။ ပဟရိတွာ နိက္ခမိ၊ ထိခိုက်တိုးဝှေ့၍ ထွက်သွားပြီ။
တဿ သဉ္စန္နသရီရတ္တာ၊ ထိုမြေခွေး၏ ကောင်းစွာ ဖုံးလွမ်းအပ်သော ကိုယ်ရှိသည့်အဖြစ်ကြောင့်။ သဗ္ဗလောမာနိ၊ အမွေးအားလုံးတို့သည်။ ဝစ္စမဂ္ဂေ အလီယိံသု၊ ဆင်သေဝစ္စမဂ်၌ ငြိကပ်ကျန်ရစ်ကုန်ပြီ။
သော၊ ထိုဘုရားလောင်းမြေခွေးသည်။ တာလက္ခန္ဓ သဒိသေန၊ ထန်းလုံးနှင့်တူသော။ နိလောမေန သရီရေန၊ အမွှေးမရှိသော ကိုယ်ဖြင့်။ ဥစိတ္တော၊ ထိတ်လန့်သော စိတ်ရှိ၍။ မုဟုတ္တံ ဓာဝိတွာ၊ တစ်မုဟုတ်မျှ ပြေးသွားပြီး၍။ နိဝတ္တိတွာ နိသိန္နော၊ နောက်ပြန်ဆုတ်၍ ဝပ်လျက်။ သရီရံ ဩလောကေတွာ၊ မိမိကိုယ်ကို ကြည့်၍။ “မယံ ဣဒံ ဒုက္ခံ၊ ငါ၏ ဤဒုက္ခတို့။ အညေန န ကတံ၊ အခြားသူသည် ပြုအပ်သည် မဟုတ်။ ပန လောဘဟေတု၊ စင်စစ်သော်ကား လောဘအကြောင်းရင်းကြောင့်။ လောဘကာရဏာ၊ လောဘ ဟူသော အကြောင်းကြောင့်။ လောဘံ နိဿာယ၊ လောဘကို မှီ၍။ မယာ ဧတံ ကတံ၊ ငါသည် ဤဒုက္ခကို ပြုအပ်ပြီ။ ဣဒါနိ ဣတော ပဋ္ဌာယ၊ ယခုအခါ ဤမှ စ၍။ လောဘ၀သိကော ဘဝိဿာမိ၊ လောဘအလိုသို့ လိုက်သူသည် မဖြစ်တော့အံ့။ ဟတ္ထိသရီရံ နာမ၊ ဆင့်ကိုယ်မည်သည်သို့။ ပုန န ပဝိသိဿာမီတိ၊ တစ်ဖန်မဝင်တော့အံ့”ဟု။ သံဝိဂ္ဂဟဒယော ဟုတွာ၊ ထိတ်လန့် သော စိတ်နှလုံးရှိသည် ဖြစ်၍။
တထာ ဟိ ဘယတဇ္ဇီတော၊ ထိုသို့သာလျှင် သေဘေးခြိမ်းခြောက်အပ် ရကား။ အဟံ၊ ငါသည်။ ပုန၊ တစ်ဖန်။ ဟတ္ထိဗောန္ဒိံ န ပဝေက္ခာမိ၊ ဆင် ကိုယ်တွင်းသို့ မဝင်တော့အံ့။ ပုန စ န ပဝေက္ခာမိ၊ တစ်ဖန်လည်း မဝင် တော့အံ့။ အပုနပ္ပုနံ စာပိ န ပဝေက္ခာမိ၊ နောက်တစ်ဖန် နောက်တစ်ဖန် လည်း မဝင်တော့အံ့။
တတ္ထ၊ ထိုဂါထာ၌။ ** န စာပိ အပုနပ္ပုနန္တိ**၊ န စာပိ အပုနပ္ပုနံဟူသော ပါဌ်၌။ အ,ကာရော နိပါတမတ္တော၊ အ,အက္ခရာသည် အနက်မရှိနိပါတ်မျှသာတည်း။
အယံ ပန သကလာယပိ၊ ဤဆိုလတံသည်ကား အလုံးစုံလည်းဖြစ်သော။ ဧတိဿာ ဂါထာယ အတ္တော၊ ဤဂါထာ၏ အနက်တည်း။ (ကော၊ အနက်ဟူသည် အဘယ်နည်း)။ အဟံ ဟိ ဣတော ပုန၊ ငါသည်ကား ဤအခါမှ နောက်တစ်ဖန် လည်းကောင်း။ တတော စ ပုန၊ ထိုအခါမှလည်း နောက်တစ်ဖန်လည်းကောင်း။ ဣတိ ဝုတ္တဝါရတော၊ ဤကဲ့သို့ ပြောသင့်သော အလှည့်အကြိမ်မှ။ ပုန၊ နောက်တစ်ဖန်လည်းကောင်း။ တတောပိ စ ပုနပ္ပုနံ၊ ထိုဆိုခဲ့ပြီး အလှည့်မှလည်း နောက်တစ်ဖန်နောက်တစ်ဖန်လည်းကောင်း။ ဝါရဏသရီရသင်္ခါတံ၊ ဆင်ကိုယ်ဟု ဆိုအပ်သော။ **ဟတ္ထိဗောန္ဒိံ န ပဝေက္ခာမိ**၊ ဆင်ကိုယ်တွင်းသို့ မဝင်တော့အံ့။
ကိံ ကာရဏာ၊ ဘာ့ကြောင့်နည်း။
**တထာ ဟိ ဘယတဇ္ဇိတော**၊ ထို့ကြောင့်သာလျှင် သေဘေးခြိမ်းခြောက်အပ်သည်ဖြစ်၍။ အဟံ၊ ငါမြေခွေးကို။ ဣမသ္မိံညေဝ ပဝေသနေ၊ ဆင်သေကောင်ဝမ်းထဲသို့ဤဝင်ခြင်း၌ပင်။ ဘယတဇ္ဇိ တော၊ သေဘေး ခြိမ်းခြောက်ခံရ၍။ တထာ မရဏဘယေန၊ ထိုသေဘေးသည်ပင်။ သန္တာသံ သံဝေဂံ၊ ထိတ်လန့်ခြင်းသို့။ အာပါဒိတော၊ ရောက်စေအပ်ပြီ။ ဣတိ၊ ဤသည်ပင် တည်း။
စ ပန ဧဝံ ဝတွာ၊ ဆက်၍အထူး ပြောရသော် ဤသို့ ပြောပြီး၍။ ပလာယိတွာ၊ ထိုနေရာမှပင် ထွက်ပြေး၍။ ပုန တံ ဝါ၊ တစ်ဖန် ထိုဆင်သေ ကောင်ကို သော်လည်းကောင်း။ အညံ ဝါ ဟတ္ထိသရီရံ၊ အခြားသော ဆင်ကိုယ်ကို သော်လည်းကောင်း။ နိဝတ္တိတွာပိ၊ ဆုတ်နစ်၍သော်မှလည်း။ န ဩလောကေသိ၊ မကြည့်ပြီ။
တတော ပဋ္ဌာယ၊ ထိုအခါမှ စ၍။ လောဘဝသိကော န အဟောသိ၊ လောဘအလိုသို့ လိုက်သူသည် မဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။ “ဘိက္ခဝေ အန္တော၊ အို. . ရဟန်းတို့ ကိုယ်တွင်း၌။ ဥပ္ပန္နကိလေသဿ နာမ၊ ဖြစ်ပေါ်လာသော ကိလေသာမည်သည်ကို။ ဝဍ္ဎိ တုံ အဒတွာ၊ ဟိုးပွားခြင်းကြီးပွားခြင်းငှာ အခွင့်အလမ်း မပေးမူ၍။ တတ္ထ တစ္ဆေ၊ ထိုထိုဖြစ်သည့်နေရာ ဖြစ်သည့်အခါ၌ပင်။ နံ နိဂ္ဂဏှိတုံ၊ ထိုဖြစ်ပေါ်လာသည့် ကိလေသာကို နှိမ်နင်းခြင်းငှာ။ ဝဋ္ဋ တီတိ ဝတွာ၊ သင့်၏”ဟု မိန့်တော်မူ၍။ သစ္စာနိ ပကာသေတွာ၊ သစ္စာတို့ကို ပြတော်မူ၍။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
သစ္စပရိယောသာနေ၊ သစ္စာပြပြီးအဆုံး၌။ ပဉ္စသတာပိ တေ ဘိက္ခူ၊ ငါးရာလုံးလည်းဖြစ်ကုန်သော ထိုရဟန်းတို့သည်။ အရဟတ္တေ ပတိဋ္ဌတိံသု၊ အရဟတ္တဖိုလ်၌ တည်ကုန်ပြီ။ အဝသေသေသု ကေစိ၊ ကြွင်းကျန်သော ရဟန်းတို့တွင် အချို့ ရဟန်းတို့သည်။ သောတာပန္နာ၊ သောတာပန်တို့သည် လည်းကောင်း။ ကေစိ သကဒါဂါမိနော၊ အချို့ရဟန်းတို့သည် သကဒါဂါမ်တို့သည် လည်းကောင်း။ ကေစိ အနာဂါမိနော အဟေသုံ၊ အချို့ရဟန်းတို့သည် အနာဂါမ် တို့သည်လည်းကောင်း ဖြစ်ကုန်ပြီ။
တဒါ သိင်္ဂါလော၊ ထိုရှေးအခါက မြေခွေးသည် ကား။ အဟမေဝ အဟောသိ ဣတိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ ဤသို့ ဇာတ်ပေါင်းတော်မူပြီ။
သိင်္ဂါလဇာတကပဏ္ဏနာ အဋ္ဌမာ၊ သိင်္ဂါလဇာတ်အဖွင့်သည်အဋ္ဌမတည်း။