Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

9. Apāyimhavaggo

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အပါယိမှ အနစ္စမှာ** တိ ဣဒံ၊ အပါယိမှ အနစ္စမှ အစရှိသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ကောသမ္ဗီ ဥပနိဿာယ၊ ဘုရားရှင်သည် ကောသမ္ဘီမြို့ ကို အမှီပြု၍။ ဃောသိတာရာမေ ဝိဟရန္တော၊ ဃောသိတာရုံကျောင်းတော်၌ နေတော်မူစဉ်။ သာဂတတ္ထေရံ အာရဗ္ဘ ကထေသိ၊ သာဂတမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူပြီ။
ဟိ ဘဂဝတိ၊ ချဲ့အံ့ ဘုရားရှင်သည်။ သာဝတ္ထိယံ ဝဿံ ဝသိတွာ၊ သာဝတ္ထိမြို့၌ ဝါလပတ်လုံး နေတော်မူ၍။ စာရိကာဂမနေနဒေသစာရီ၊ ကြွချီတော်မူသောအားဖြင့်။ ဘဒ္ဒဝတိကံ နာမ နိဂမံ သမ္ပတ္တေ၊ ဘဒ္ဒဝတိကာ မည်သော နိဂုံးသို့ ကောင်းစွာ ဆိုက်ရောက်သော်။ ဂေါပါလကာ ပခုပါလကာ၊ နွားကျောင်းသားတို့သည်လည်းကောင်း သိုး, ဆိတ် ကျောင်းသူတို့သည် လည်းကောင်း။ ကဿကာ ပထာဝိနော စ၊ လယ်သမားတို့သည်လည်းကောင်း ခရီးသွားတို့သည်လည်းကောင်း။ သတ္ထာရံ ဒိသွာ ဝန္ဒိတွာ၊ ဘုရားရှင်ကို တွေ့မြင်၍ ရှိခိုး၍။ “ဘန္တေ ဘဂဝါ၊ အရှင်ဘုရား ရှင်တော်ဘုရားသည်။ အမ္ဗတိတ္ထံ မာအဂမာသိ၊ သရက်ပင်ဆိပ်သို့ ကြွတော်မမူပါလင့်။ အမွတိဏ္ဏေ ဇဋိလဿ အဿမေ၊ သရက်ပင်ဆိပ်၌ ရသေ့၏ သင်္ခမ်းကျောင်း၌။ အမ္ဗတိတ္ထကော နာမ နာဂေါ၊ သရက်ပင်ဆိပ်၌ နေသော နဂါးသည်။ အာသီဝိသော ယောရဝိသော၊ လျင်မြန်သော အဆိပ်ရှိပါ၏ ပြင်းထန်သော အဆိပ်ရှိပါ၏။ သော ဘဂဝန္တံ၊ ထိုသရက်ပင်ဆိပ်နဂါးသည် ရှင်တော်ဘုရားကို။ ဝိဟေဌေယျာတိ ဝါရယိံသု၊ ညှဉ်းဆဲရာ၏”ဟု တွေး၍ တားမြစ်ကြပြီ။
ဘဂဝါပိ တေသံ ကထံ၊ ဘုရားရှင်သည် လည်း ထိုနွားကျောင်းသားစသူတို့၏ လျှောက်ထားသော စကားကို။ အသုဏန္တော ဝိယ၊ ကြားတော်မမူဘိသကဲ့သို့။ တေသု ယာဝ တတိယံ၊ ထိုနွားကျောင်းသား စသူတို့သည် သုံးကြိမ်တိုင်အောင်။ ဝါရယမာနေသုပိ အဂမာသိယေဝ၊ တားမြစ် ကုန်သော်လည်း ကြွမြဲကြွတော်မူသည်သာတည်း။
ဘဂဝါ တတြ ဘဒ္ဒဝတိကာယ၊ ရှင်တော်ဘုရားသည် ထိုဘဒ္ဒဝတိကာနိဂုံး၏။ အဝိဒူရေ အညတရသ္မိံ၊ မနီးမဝေးဖြစ်သော တစ်ခုသော။ ဝနသဏ္ဍေ ဝိဟရတိ၊ တောအုပ်၌ နေတော်မူ၏။
တေန ခေါ ပန သမယေန ဗုဒ္ဓပဋ္ဌာကော၊ ထိုအခါက ဘုရားအလုပ်ကျွေးဖြစ်သော။ ပေါထုဇ္ဇနိကာယ ဣဒ္ဓိယာ သမန္နာဂတော၊ ပုထုဇဉ် တို့၏ ဥစ္စာဖြစ်သော တန်ခိုးနှင့်ပြည့်စုံသော။ သာဂတော နာမ ထေရော၊ သာဂတ မည်သော ထေရ်သည်။ တံ အဿမံ ဥပသင်္ကမိတွာ၊ ထိုရသေ့ကျောင်း သင်္ခမ်းသို့ ချဉ်းကပ်၍။ တဿ နာဂရာဇဿ ဝသနဌာနေ၊ ထိုနဂါးမင်း၏ နေရာဌာန၌။ တိဏသန္တာရကံ ပညာပေတွာ၊ မြက်အခင်းကို ခင်းပြီး၍။ ပလ္လင်္ကေန နိသီဒိ၊ တင်ပလ္လင်ခွေဖြင့် ထိုင်နေပြီ။
နာဂေါ မက္ခံ၊ နဂါးသည် ကျေးဇူးဖျက်သည့် ဒေါသကို။ အသဟမာနော မူမာယိ၊ မအောင့်နိုင်၍ အခိုးပြုပြီ။ ထေရောပိ မာယိ၊ သာဂတ ထေရ်သည်လည်း အခိုးကိုပြုပြီ။
နာဂေါ ပဇ္္ဇလိ နဂါးသည် အလျှံလွှတ်ပြီ။ ထေရောပိ ပဇ္ဇလိ၊ သာဂတထေရ်သည်လည်း အလျှံလွှတ်ပြီ။
နာဂဿ တေဇော၊ နဂါး၏ တန်ခိုး သည်။ ထေရံ န ဗာဓတိ၊ သာဂတထေရ်ကို မနှိပ်စက်နိုင်။ ထေရဿ တေဇော၊ သာဂတထေရ်၏ တန်ခိုးသည်။ နာဂံ ဗာဓတိ၊ နဂါးကို နှိပ်စက်နိုင်၏။
ဧဝံ သော ခဏေန၊ ဤသို့ ထိုသာဂတထေရ်သည် တစ်ခဏချင်းဖြင့်။ တံ နာဂရာဇာနံ ဒမေတွာ၊ ထိုနဂါးမင်းကို ဆုံးမ၍။ သရဏေသု စ သီလေသု စ ပတိဋ္ဌာပေတွာ၊ ကိုးကွယ်ရာ ရတနာသုံးပါးတို့၌လည်းကောင်း ငါးပါးသီလတို့၌လည်းကောင်း တည်စေ၍။ သတ္ထု သန္တိကံ အဂမာသိ၊ ဘုရားရှင်၏ အထံသို့ သွားပြီ။
သတ္ထာ ဘဒ္ဒဝတိကာယံ၊ ဘုရားရှင်သည် ဘဒ္ဒဝတိကာနိဂုံး၌။ ယထာဘိရန္တ ဝိဟရိတွာ၊ အလိုရှိတော်မူရှေ့ နေတော်မူ၍။ ကောသမ္ဘီံ အဂမာသိ၊ ကောသမ္ဘီ မြို့သို့ ကြွတော်မူပြီ။
သာဂတတ္ထေရေန နာဂဿ ဒမိတဘာဝေါ၊ သာဂတထေရ် သည် နဂါးကို ဆုံးမအပ်ခဲ့ကြောင်းသည်။ သကလဇနပဒံ ပတ္ထရိ၊ ဇနပုဒ် တစ်ခုလုံး ကို ပျံ့နှံ့သွားပြီ။
ကောသမ္ဗနဂရဝါသိနော၊ ကောသမ္ဘီမြို့နေ လူတို့သည်။ သတ္ထုပစ္စုဂ္ဂမနံ ကတွာ၊ ဘုရားရှင်အား ခရီးဦးကြိုဆိုမှုကို ပြုကြ၍။ သတ္ထာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုး၍။ သာဂတတ္ထေရဿ သန္တိကံ ဂန္တွာ၊ သာဂတထေရ်၏ အထံသို့ သွား၍။ ဝန္ဒိတွာ ဧကမန္တံ ဌိတာ၊ ရှိခိုးပြီး၍ သင့်လျှော်ရာ၌ တည်ကြလျက်။ “ဘန္တေ တုမှာကံ၊ အရှင်ဘုရား အရှင်ဘုရားတို့အား။ ယံ ဒုလ္လဘံ၊ အကြင်ပစ္စည်းသည် ရနိုင်ခဲ၏။ တံ ဝဒေယျာထ၊ ရနိုင်ခဲသည့် ထိုပစ္စည်းကို မိန့်တော်မူကြပါ။ တဒေဝ မယံ၊ ထိုရနိုင်ခဲသည့် ပစ္စည်းကိုသာ တပည့်တော်တို့သည်။ ပဋိယာဒေဿာမာတိ၊ စီရင်ကြပါကုန်အံ့”ဟု။
ဧဝမာဟံသု၊ ဤသို့ လျှောက်ကြပြီ။ ထေရော တုဏှိ အဟောသိ၊ ရှင်သာဂတထေရ်သည် ဆိတ်ဆိတ်ဖြစ်ပြီ။
ဆဗ္ဗဂ္ဂိယာ ပန၊ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည်ကား။ “အာဝုသော ပဗ္ဗဇိတာနံ နာမ၊ ဒါယကာတို့ ရဟန်းတို့အား မည်သည်။ ကာပေါတိကာ သုရာ၊ ခိုခြေအဆင်းရှိသော သေရည်သည်။ ဒုလ္လဘာ စေဝ မနာပါ စရ၊ လည်းရခဲ၏ နှစ်လည်းနှစ်သက်၏။
တုမှေ ထေရဿ၊ သင်တို့သည် သာဂတထေရ်အား။ သစေ ပသန္နာ၊ အကယ်၍ ကြည်ညိုကြအံ့။ သစေ ကာပေါတိကံ သုရံ၊ ခိုခြေအဆင်းရှိသော သေရည်ကို။ ပဋိယာဒေထာတိ အာဟံသု၊ စီရင်ကြ”ဟု ပြောကုန်ပြီ။
တေ သာဓူတိ သမ္ပဋိစ္ဆိတွာ၊ ထိုလူတို့သည် ကောင်းပါပြီဟု ဝန်ခံ၍။ သတ္ထာရံ၊ ဘုရားရှင်ကို။ သွာတနာယ နိမန္တေတွာ၊ နက်ဖန်ကုသိုလ်ဖြစ်ရန်အကျိုးငှာ ပင့်ဖိတ်၍။ နဂရံ ပဝသိတွာ၊ မြို့သို့ ဝင်၍။ အတ္တနော အတ္တနော ဂေဟေ၊ မိမိ၏ မိမိ၏ အိမ်၌။ “ထေရဿ ဒဿာမာတိ၊ ရှင်သာဂတထေရ်အား လှူကြမည်”ဟု တွေး၍။ ပသန္န ကာပေါတိကံ သုရံ၊ ကြည်လင်စွာသော ခိုခြေအဆင်းရှိသော သေရည်ကို။ ပဋိယာဒေတွာ၊ စီရင်၍။ ထေရံ နိမန္တေတွာ၊ သာဂတထေရ်ကို ပင့်ဖိတ်၍။ ဃရေ ဃရေ၊ အိမ်တိုင်း အိမ်တိုင်းက။ ပသန္န သုရံ အဒံသု၊ ကြည်လင်စွာသော သေရည်ကို လှူကြပြီ။
ပိပိတွာ၊ သာဂတထေရ်သည် သောက်ပြီး၍။ သုရာမဒမတ္တော၊ သေရည် ယစ်မူးခြင်းဖြင့် မူးယစ်သည်ဖြစ်၍။ နဂရတော နိက္ခမန္တော၊ ကောသမ္ဗီမြို့ထဲမှ ထွက်သော်။ ဒွါရန္တရေ ပတိတွာ၊ တံခါးကြား၌ လဲကျ၍။ ဝိလပမာနော နိပဇ္ဇိ၊ ယောင်ရမ်းမြည်တမ်းလျက် အိပ်ပြီ။
သတ္ထာ ကတဘတ္တကိစ္စော၊ ဘုရားရှင်သည် ပြုအပ်ပြီးသော ဆွမ်းကိစ္စရှိ၍။ နဂရာ နိက္ခမန္တော၊ မြို့ထဲမှ ထွက်တော်မူသော်။ ထေရံ တေနာကာရေန၊ သာဂတ ထေရ်ကို ထိုမူးရစ်သောအခြင်းရာအားဖြင့်။ နိပန္နံ ဒိသွာ၊ အိပ်နေသည်ကိုတွေ့တော်မူ၍။ “ဘိက္ခဝေ သာဂတံ ဂဏှထ ဣတိ၊ ရဟန်းတို့ သာဂတကို ယူခဲ့ကြ”ဟု မိန့်၍။ ဂါဟာပေတွာ၊ ယူစေ၍။ အာရာမံ အဂမာသိ၊ ဃောသိတာရုံ ကျောင်းတော်သို့ ကြွတော်မူပြီ။
ဘိက္ခု ထေရဿ သီသံ၊ ရဟန်းတို့သည် သာဂတ ထေရ်၏ ဦးခေါင်းကို။ တထာဂတဿ ပါဒမူလေ ကတွာ၊ ဘုရားရှင်၏ ခြေတော် ရင်း၌ ပြု၍။ တံ နိပဇ္ဇာပေသုံ၊ ထိုသာဂတထေရ်ကို အိပ်စေကုန်ပြီ။ သော ပရိဝတ္တိတွာ ပါဒေ၊ ထိုသာဂတထေရ်သည် ချာချာလှည့်၍ ခြေထောက်တို့ကို။ တထာဂတာဘိမုခေ ကတွာ နိပဇ္ဇိ၊ ဘုရားရှင်သို့ ရှေ့ရှုသည်တို့ကို ပြု၍ အိပ်ပြီ။
သတ္ထာ ဘိက္ခု၊ ဘုရားရှင်သည် ရဟန်းတို့ကို။ ဘိက္ခဝေ ပုဗ္ဗေ၊ ရဟန်းတို့ ရှေးက။ သာဂတဿ မယိ ယံ ဂါရဝံ၊ သာဂတ၏ ငါဘုရား၌ အကြင်ဂါရဝတရားသည်။ (အတ္ထိ၊ ရှိ၏)။ တံ ဣဒါနိ၊ ထိုဂါရဝတရားသည် ယခုအခါ၌။ အတ္ထိ က နု ခေါတိ ပဋိပုစ္ဆိ၊ ရှိသေး၏လော”ဟု မေးတော်မူပြီ။
နတ္ထိ ဘန္တေတိ၊ မရှိတော့ပါ အရှင် ဘုရားဟုလျှောက်ထားကြပြီ။
ဘိက္ခဝေ အမွတိတ္ထကံ နာဂရာဇာနံ၊ ရဟန်းတို့ သရက်ပင်ဆိပ်၌ နေသော နဂါးမင်းကို။ ကော ဒမေတီတိ၊ အဘယ်ရဟန်းသည် ဆုံးမသနည်းဟု မေးတော်မူပြီ။
သာဂတော ဘန္တေတိ၊ ရှင်သာဂတပါ အရှင် ဘုရားဟု လျှောက်ထားကြပြီ။
ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ ယခုအခါ။ သာဂတော ဥဒကဒေဍ္ဍူ ဘကမ္မိ၊ သာဂတသည် ရေမြွေကိုသော်မှလည်း။ ဒမေတုံ သတ္တုဏေယျ ကိံ ပန ဣတိ၊ ဆုံးမခြင်းငှာ စွမ်းနိုင်ပါမည်လောဟုမေးတော်မူပြီ။
ဘန္တေ ဧတံ နောဟိ၊ အရှင်ဘုရား ထိုရေမြွေကိုသော်မှလည်းဆုံးမနိုင်ခြင်းသည် မဖြစ်သင့်တော့ပါ။
ဘိက္ခေဝေ၊ ရဟန်းတို့။ ယံ ပိတွာ၊ အကြင်အရည်ကို သောက်၍။ ဧဝံ ဝိသညီ ဟောတိ၊ ဤသို့ ကင်းသော သညာရှိသည် ဖြစ်၏။ ဧဝရူပံ (တံ)၊ ဤသို့ သဘောရှိသော (ထိုအရည်ကို)။ ပါတုံယုတ္တံ အပိ နု ခေါတိ၊ သောက်ခြင်းငှာ သင့်ပါမည်လောဟု မေးတော်မူပြီ။
အယုတ္တံ ဘန္တေတိ၊ မသင့်ပါ အရှင်ဘုရားဟု လျှောက်ကြပြီ။
အထ ခေါ ဘဂဝါ၊ ထိုအခါ ဘုရားရှင်သည်။ ထေရံ ဂရဟိတွာ၊ သာဂတထေရ်ကို ကဲ့ရဲ့တော်မူ၍။ ဘိက္ခူ အာမန္တေတွာ၊ ရဟန်းတို့ကို ခေါ်တော် မူ၍။ “သုရာမေရယပါနေ ပါစိတ္တိယန္တိ၊ သေရည်အရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏”ဟု။ သိက္ခာပဒံ ပညာပေတွာ၊ သိက္ခာပုဒ်ကို ပညတ်တော် မူ၍။ အာသနာ ဥဋ္ဌာယ၊ နေရာမှ ထတော်မူ၍။ ဂန္ဓကုဋိံ ပါဝိသိ၊ ဂန္ဓကုဋီသို့ ဝင်တော်မူပြီ။
ဓမ္မသဘာယံ သန္နိပတိတာ ဘိက္ခု၊ တရားသဘင်၌ ကောင်းစွာ ကျရောက်စုဝေး ကုန်သော ရဟန်းတို့သည်။ “အာဝုသော ဧတံ သုရာပါနံ နာမ၊ ငါ့ရှင့်တို့ ဤ သေအရက်သောက်ခြင်းမည်သည်။ ယာဝ မဟာဒေါသံ စ၊ အလွန်လည်း အပြစ်မည်သော။ ပညာသမ္ပန္နံ နာမ၊ သို့ကလောက် ပညာနှင့်ပြည့်စုံသည် ကြီးပါပေ၏။ တာဝ၊ မည်သော။ ဣဒ္ဓိမန္တံ သာဂတံ၊ တန်ခိုးကြီးသော သာဂတထေရ်ကို။ ယထာ၊ အကြင်သို့ပြုသော်။ သတ္ထု ဂုဏမတ္တမ္ပိ၊ ဘုရားရှင်၏ ဂုဏ်တော်မျှကိုလည်း။ န ဇာနာတိ၊ မသိ။ တလာ အကာသီတိ၊ ထိုကဲ့သို့ ဘုရားရှင်ကို မသိအောင်ပင် ပြုပါပေ၏”ဟု။ သုရာပါနဿ အဝဏ္ဏ ကထယိံသု၊ သေအရက်သောက်ခြင်း၏ အပြစ်ကို ပြောကြကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ယခုအခါ၌။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ် မည်သော စကားဖြင့် ကောင်းစွာ စုဝေးကြကုန်သည်။ အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကုန် သနည်း”ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကား ဖြင့်ပါ”ဟု လျှောက်အပ်သော်။ “ဘိက္ခဝေ ဣဒါနေဝ၊ ရဟန်းတို့ ယခုအခါသာ။ သုရံ ပိဝိတွာ၊ သေရည်ကို သောက်၍။ ပဗ္ဗဇိတာ ဝိသညိနော န ဟောန္တိ၊ ရသေ့ ရဟန်းရှင်သာမဏေတို့သည် ကင်းသော သညာရှိကုန်သည် ဖြစ်ကြသည်မဟုတ် သေး။ ပုဗ္ဗေပိ၊ ရှေးကလည်း။ အဟေသုံယေဝါတိ ဝတွာ၊ ဖြစ်ခဲ့ကြဖူးသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ကာသိရဋ္ဌ ဥဒိစ္စဗြာဟ္မဏကုလေ၊ ကာသိတိုင်း၌ မြင့်မြတ် သော ပုဏ္ဏားမျိုး၌။ နိဗ္ဗတ္တိတွာ ဝယပ္ပတ္တော၊ ဖြစ်၍ အရွယ်ရောက်သော်။ ဣသိ ပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။ အဘိညာ စ သမာပတ္တိ ယော စ ဥပ္ပါဒေတွာ၊ အဘိညာဉ်တို့ကိုလည်းကောင်း သမာပတ်တို့ကိုလည်း ကောင်း ဖြစ်စေ၍။ ဈာနကီဠံ ကီဠန္တော၊ ကစားအပ်သော ဈာန်ကို ကစားလျက်။ ပဉ္စဟိ အန္တေဝါသိကသတေဟိ၊ တပည့်ငါးရာတို့သည်။ ပရိဝုတော၊ ခြံရံအပ်လျက်။ ဟိမဝန္တပဒေသေ ဝသတိ၊ ဟိမဝန္တာအရပ်၌ နေ၏။
အထ နံထိုအခါ ထိုဘုရား လောင်းကို။ ပဿာနသမယေ သမ္ပတ္တေ အန္တေဝါသိကာ၊ မိုးအခါသည် ရောက်သော် တပည့်တို့သည်။ အာစရိယ မနုဿပထံ ဂန္တွာ၊ ဆရာ လူတို့ခရီးသို့ သွား၍။ လောဏမ္ဗလံ သေဝိတွာ၊ ဆား,ချဉ်ကို မှီဝဲသုံးဆောင်၍။ အာဂစ္ဆာမ ဣတိ အာဟံသု၊ ပြန်လာကြပါမည်”ဟု လျှောက်ထားကုန်ပြီ။
အာဝုသော အဟံ၊ ဝသိဿာမိ= ဤဟိမဝန္တာ၌ပင် နေအံ့။ တုမှေ ပန၊ တပည့်တို့ ငါသည်။ ဣဓေဝ ဝသိဿာမိဂန္တွာ၊ သင်တို့သည်ကား သွားကြ၍။ သရီရံ သန္တပ္ပတ္တာ၊ ခန္ဓာကိုယ်ကို ကောင်းစွာ ရောင့်ရဲစေ၍။ ဝဿံ ဝီတိနာမေတွာ၊ မိုးကာလကို ကုန်လွန်စေ၍။ အာဂစ္ဆထာတိ၊ လာခဲ့ကြဟု ပြောပြီ။
တေ သာမူတိ၊ ထိုတပည့်တို့သည် ကောင်းပါပြီဟု။ အာစရိယံ ဝန္ဒိတွာ၊ ဆရာကို ရှိခိုး၍။ ဗာရာဏသိ ဂန္တွာ၊ ဗာရာဏသီမြို့သို့ သွား၍။ ရာဇု ယျာနေ ဝသိတွာ၊ မင်းဥယျာဉ်တော်၌ နေ၍။ ပုနဒိဝသေ ဗဟိဒွါရဂါမေယေဝ၊ နောက်နေ့၌ မြို့တံခါးပြင်ဘက်ရွာ၌သာ။ ဘိက္ခာယ စရိတွာ၊ ဆွမ်းအကျိုးငှာ လှည့်လည်၍။ သုဟိတာ ဟုတွာ၊ တင်းတိမ် အားရ ဝကုန်သည် ဖြစ်၍။ ပုန ဒိဝသေ နဂရံ ပဝိသိံ သု၊ နောက်နေ့၌ မြို့ထဲသို့ ဝင်ကြပြီ။
မနုဿာ သန္ဒိယာယမာနာ၊ လူတို့သည် လွန်စွာချစ်မြတ်နိုးကြလျက်။ ဘိက္ခံ အဒံသု၊ ဆွမ်းကို လောင်းလှူကုန်ပြီ။
ကတိပါဟစ္စယေန စ ရညာပိ၊ နှစ်ရက်သုံးရက် လွန်သဖြင့်လည်း မင်းအားလည်း။ “ဒေဝ ဟိမဝန္တတော၊ အရှင်မင်းမြတ် ဟိမဝန္တာမှ။ ဃောရတပါ၊ ပြင်းထန်သော အကျင့်ရှိကုန်သော။ ပရမဓိတိန္ဒြိယာ၊ လွန်စွာတည်ကြည်သော ဣန္ဒြေရှိကုန်သော။ သီလဝန္တော၊ အကျင့်သီလကောင်းကုန်သော။ ပဉ္စသတာ ဣသယော အာဂန္တွာ၊ ငါးရာကုန်သော ရသေ့တို့သည် ကြွလာကြ၍။ ဥယျာနေ ဝသန္တီတိ အာရောစေသုံ၊ ဥယျာဉ်တော်၌ နေကြကုန်၏”ဟု လျှောက်ထားကုန်ပြီ။
ရာဇာ၊ ဗာရာဏသီမင်း သည်။ တေသံ ဂုဏေ သုတွာ၊ ထိုရသေ့တို့၏ ဂုဏ်တို့ကို ကြားရ၍။ ဥယျာနံ ဂန္တွာ ဝန္ဒိတွာ၊ ဥယျာဉ်တော်သို့ သွားပြီး၍ ရှိခိုး၍။ ကတပဋိသန္တာရော၊ ပြုအပ်ပြီး သော ပျူငှာလောကဝတ်ရှိသည်ဖြစ်၍။ ဝဿာနံ စတုမာသံ၊ မိုးကာလတို့၏ လေးလပတ်လုံး။ တစ္ဆေ၀ ဝသနဋ္ဌာယ၊ ထိုဥယျာဉ်တော်၌ပင် နေခြင်းအကျိုးငှာ။ ပဋိညံ ဂဟေတွာ နိမန္တေသိ၊ ဝန်ခံမှုကို ယူ၍ ပင့်ဖိတ်ပြီ။ တေ တတော ပဋ္ဌာယ၊ ထိုရသေ့တို့သည် ထိုအခါမှ စ၍။ ရာဇဂေဟေယေဝ ဘုဉ္ဇိတွာ၊ မင်းနန်းတော်၌သာ ဆွမ်းစား၍။ ဥယျာနေ ဝသန္တိ၊ ဥယျာဉ်တော်၌ နေကြကုန်၏။
အထ ဧကဒိဝသံ နဂရေ၊ ထိုအခါ တစ်နေ့၌ မြို့၌။ သုရာနက္ခတ္တံ နာမ အဟောသိ၊ သေသောက်နက္ခတ်ပွဲမည်သည် ဖြစ်ပြီ။
ရာဇာ၊ ဗာရာဏသီ မင်းသည်။ “ပဗ္ဗဇိတာနံ သုရာ ဒုလ္လဘာတိ၊ ရသေ့ရဟန်းတို့အား သေအရက်သည်ရခဲ၏”ဟု တွေး၍။ ဟုံ ဥတ္တမသုရံ ဒါပေသိ၊ များစွာသော အကောင်းစားသေရည်ကို ပေးလှူစေပြီ။
တာပသာ သုရံ ပိဝိတွာ၊ ရသေ့တို့သည် သေရည်ကို သောက်၍။ ဥယျာနံ ဂန္တွာ၊ ဥယျာဉ်တော်သို့သွား၍။ သုရာမဒမတ္တာ ဟုတွာ၊ သေရည်မှူးခြင်းဖြင့်မူးကုန်သည် ဖြစ်၍။ ဧကစ္စ ဥဋ္ဌာယ နစ္စိံ သု၊ အချို့ရသေ့တို့သည် ထ၍ ကကြပြီ။ ဧကစ္စေ ဂါယိံသု၊ အချို့ ရသေ့တို့သည် သီဆိုကုန်ပြီ။ နစ္စိ တွာ ဂါယိတွာ၊ ကကြပြီး၍ သီဆိုကြပြီး၍။ ခါရိကာဒီနိ အဝတ္ထရိတွာ နိဒ္ဒါယိတွာ၊ ထမ်းပိုးစသည်တို့ကို ဖိ၍ အိပ်ကြ၍။ သုရာမဒေ ဆိန္နေ ပဗုဇ္ဈိတွာ၊ သေရည်မူးသည် ပြတ်ပြေသော် နိုးကြ၍။ အတ္တနော တံ ဝိပ္ပကာရံ ဒိသွာ၊ မိမိတို့၏ ထိုဖောက်ပြန်မှုကို တွေ့မြင်၍။ “အမှေဟိ ပဗ္ဗဇိတသာရူပ္ပံ၊ ငါတို့သည် ရသေ့ရဟန်းတို့အား လျောက်ပတ်သည်ကို။ န ကတန္တိ၊ မပြုအပ်မိ”ဟု။ ရောဒိတွာ ပရိဒေဝိတွာ၊ ငိုကြွေးကြ၍ မြည်တမ်းကြ၍“။ မယံ အာစရိယေန၊ ငါတို့သည် ဆရာနှင့်။ ဝိနာဘူတတ္တာ၊ ကင်းသည် ဖြစ်၍ ဖြစ်ကုန်သည့် အဖြစ်ကြောင့်။ ဧဝရူပံ ပါပကမ္မံ၊ ဤသို့သဘောရှိသော မကောင်း မှုကို။ ကရိမှာတိ၊ ပြုမိကြပြီ”ဟု တွေး၍။ တင်္ခဏညေဝ ဥယျာနံ ပဟာယ၊ ထိုခဏ၌ ပင် ဥယျာဉ်တော်ကို ပယ်စွန့်၍။ ဟိမဝန္တ ဂန္တာ၊ ဟိမဝန္တာသို့ သွား၍။ ပဋိသာမိတ ပရိက္ခာရာ၊ သိမ်းဆည်းအပ်ပြီးသော ပရိက္ခရာရှိကြ၍။ အာစရိယံ ဝန္ဒိတွာ နိသီဒိတွာ၊ ဆရာကို ရှိခိုး၍ထိုင်နေကြ၍။ “တာတာ ကိ နု ခေါ၊ ချစ်သားတို့ အသို့နည်း။ မနုဿပထေ ဘိက္ခာယ၊ လူတို့လမ်းခရီး၌ ဆွမ်းဖြင့်။ အကိလမမာနာ သုခံ ဝသိတ္ထ၊ မပင်ပန်းကြဘဲ ချမ်းသာစွာ နေရပါကုန်၏လော။ သမဂ္ဂဝါသဉ္စ ဝသိတ္ထာတိ၊ ညီညွတ်စွာနေရမှုကိုလည်း နေကြရပါ၏လော”ဟု။ ပုစ္ဆိတာ၊ အမေးခံရသော တပည့်တို့သည်။ “အာစရိယ သုခံ ဝသိမှ၊ ဆရာ ချမ်းသာစွာ နေခဲ့ရပါကုန်၏။ အပိ စ ခေါ ပန မယံ၊ သို့သော်လည်း တပည့်တော်တို့သည်။ အပါတဗ္ဗယုတ္တကံ ပိဝိတွာ၊ မသောက်သင့်သည်နှင့် ယှဉ်စပ်သည်ကို သောက်မိ၍။ ဝိသညီဘူတာ၊ ကင်းသော သတ္တိရှိသည်ဖြစ်၍ ဖြစ်ကြ၍။ သတိံ ပစ္စုပဋ္ဌာပေတုံ၊ သတိကို ရှေ့ရှုအနီး တည်စေခြင်းငှာ။ အသက္ကောန္တာ၊ မစွမ်းနိုင်ကြရကား။ နစ္စမှ စေဝ ဂါယိမှ စာတိ၊ ကလည်း ကမိခဲ့ပါကုန်ပြီ, သီဆိုလည်း သီဆိုမိခဲ့ပါကုန်ပြီ”ဟု။ ဧတမတ္ထံ အာရောစေန္တာ၊ ဤအနက်အဓိပ္ပါယ်ကို လျှောက်ထားကြလိုရကား။
အပါယိမှ အနစ္စမှ၊ သောက်လည်း သောက်မိခဲ့ကြပါပြီ ကလည်း ကမိခဲ့ ကြပါပြီ။ အဂါယိမှ ရုဒိမှ စ၊ သီဆိုလည်း သီဆိုမိခဲ့ကြပါပြီ, ငိုလည်း ငိုခဲ့ကြ ရပါပြီ။
ဝိသဋီကရဏီ ပိတွာ၊ ကင်းသော သညာရှိသည်ကို ပြုတတ်သော သေကို သောက်ပြီး၍။ ဝါနရာ နာဟုမှ ဒိဋ္ဌာ၊ မျောက်တို့သည် မဖြစ်ကြ၍ ဆရာတပည့်တွေ့မြင်ကြရသည်မှာ တော်ပါသေးသည်ဘုရား။
တတ္ထ၊ ထိုဂါထာ၌။ **အပါယိမှာ** တိ သုရံ ပိပိမှ၊ အပါယ်မှ ဟူသည်ကား သေကို သောက်လည်း သောက်မိခဲ့ကြပါပြီတည်း။
**အနစ္ဆိမှာ** တိ တံ ပိဝိတွာ၊ အနစ္စမှ ဟူသည်ကား ထိုသေကိုသောက်ပြီး၍။ ဟတ္ထပါဒေ လာဠေန္တာ၊ လက်ခြေတို့ကို တင့်တယ် စံပယ်စေကုန်လျက်။ နစ္စမှ၊ ကလည်း ကမိခဲ့ကြပါပြီတည်း။
**အဂါယိမှာ** တိ မုခံ ဝိဝရိတွာ၊ အဂါယိမှ ဟူသည်ကား ခံတွင်းကို ဖွင့်၍။ အာယတကေန သရေန၊ ရှည်စွာသော အသံဖြင့်။ ဂါယိမှ၊ သီဆိုလည်း သီဆိုမိခဲ့ကြပါပြီတည်း။
**ရုဒိမှ စာ** တိ ပုန ဝိပ္ပဋိသာရိနော၊ ရုဒိမှ စ ဟူသည်ကား တစ်ဖန် ဖောက်ဖောက် ပြန်ပြန် အဖန်ဖန်အမှတ်ရကြ၍။ “ဧဝရူပံ နာမ၊ ဤသို့သဘောရှိသော မလျော် သော အမှုမည်သည်ကို။ အမှေဟိ ကတန္တိ၊ ငါတို့သည် ပြုအပ်ခဲ့မိပြီ”ဟု။ ရောဒိမှ စ၊ ငိုလည်းငိုခဲ့ကြရပါပြီ။
**ဝိသညီကရဏိံ ပိတ္ထာ၊ ဒိဋ္ဌာ နာဟုမှ ဝါနရာ** တိ၊ ဝိသညီကရဏိ ပိတွာ ဒိဋ္ဌာ နာဟုမှ ဝါနရ ဟူသည်ကား။ သညာဝိနာသနတော ဝိသညီကရဏိံ၊ အမှတ်သညာကို ဖျက်ဆီးတတ်သောကြောင့် ကင်းသော သညာ ရှိသည်ကို ပြုတတ်သော။ ဧဝရူပံ သုရံ ပိတွာ၊ ဤသို့ သဘောရှိသော သေရည်ကို သောက်၍။ “ဝါနရာ ယံ နာဟုမှ၊ မျောက်တို့သည် အကြင်မဖြစ်ခဲ့ကြပြီ။ ဧတဒေဝ သာဓု၊ ထိုမျောက်မဖြစ်ခြင်းသည်ပင် ကောင်းမြတ် ပါသေး, တော်ပါသေး၏”တည်း။ ဣတိ၊ ဤကား ဂါထာအဖွင့် အပြီးတည်း။
ဧဝံ တေ၊ ဤသို့ ထိုတပည့်ရသေ့ တို့သည်။ အတ္တနော အဂုဏံ ကထေသုံ၊ မိမိတို့၏ အပြစ်ကို လျှောက်ထားကြပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “ဂရုသံဝါသရဟိတာနံ နာမ၊ အလေးဂရု ပြုရမည့်သူနှင့် အတူနေမှုကင်းကွာကြသော သူတို့အား မည်သည်။ ဧဝရူပံ ဟောတိ ယေဝါတိ၊ ဤသို့သဘောရှိသော မလျော်မှုသည် ဖြစ်တတ်သည်သာ”ဟု။ တေတာပသေ ဂရဟိတွာ၊ ထိုတပည့်ရသေ့တို့ကို ကဲ့ရဲ့ပြီး၍။ “ပုန ဧဝရူပံ၊ တစ်ဖ ဤသို့ သဘောရှိသော မလျော်မှုကို။ မာ ကရိတ္ထာတိ၊ မပြုကြလင့်”ဟု။ တေသံ ဩဝါဒံ ဒတွာ၊ ထိုတပည့်တို့အား ဩဝါဒကို ပေး၍။ အပရိဟီနာနော၊ မလျော့ သော ဈာန်ရှိသည်ဖြစ်၍။ ဗြဟ္မလောကပရာယဏော အဟောသိ၊ ဗြဟ္မာ့ပြည်လျှင် လဲလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသန အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဟိ ဣတော ပဋ္ဌာယ၊ အမှာစကားချပ် ညှပ်လိုက်ဦးအံ့ ဤဇာတ်မှ စ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓိံ ဃဋေတွာဟူသော။ ဣဒမ္ပိ န ဝက္ခာမ၊ ဤစကားကိုလည်း မဆိုကုန်တော့အံ့။
တဒါ ဣသိဂဏော၊ ထိုအခါက ရသေ့အပေါင်းသည်။ ဗုဒ္ဓပရိသာ အဟောသိ၊ ဘုရားပရိသတ်သည် ဖြစ်လာပြီ။ ဂဏသတ္ထာ ပန၊ ဂိုဏ်းဆရာသည်ကား။ အဟမေဝ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။ ဣတိ၊ ဤကား အပြီးတည်း။
သုရာပါနဇာတကဝဏ္ဏနာ ပဌမာ၊ ရှေးဦးစွာသောသုရာပါနဇာတ်အဖွင့်တည်း။