**ဇီဝ ကဉ္စ မတံ ဒိသွာ** တိ ဣဒံ၊ ဇီဝကဉ္စ မတံ ဒိသွာအစရှိသော ဤတရား ဒေသနာတော်ကို။
သက္ကာ ဇေတ၀နေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။
နာမသိဒ္ဓိကံ ဧကံ ဘိက္ခုံ၊ နာမည်အယူသည်းသော တစ်ပါးသော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဧကော ကုလပုတ္တော၊ တစ်ယောက်သော အမျိုးသားသည်။
နာမေန နာမ ကိရ၊ နာမည်အားဖြင့် ပါပကမည်သတဲ့။
သော သာသနေ၊ ထိုပါပကသည် သာသနာတော်အား။
ဥရံ ဒတွာ၊ ရင်ကို ပေး၍။
ပဗ္ဗဇိတော ဘိက္ခူဟိ၊ ရဟန်းပြု သော် ရဟန်းတို့က။
“ဧဟိ အာဝုသော ပါပက၊ လာလော့ ငါ့ရှင် ပါပက။
တိဋ္ဌ အာဝုသော ပါပကာတိ၊ ရပ်လော့ ငါ့ရှင်ပါပကစသည်ဖြင့်။
ဝုစ္စမာနော၊ အပြောခံရ သော်။
“လောကေ ပါပကံ နာမ၊ လောက၌ ပါပကမည်သည်ကို။
လာမကံ ကာဠကဏ္ဏိဘူတံ ဝုစ္စတိ၊ ယုတ်မာသူကို ကျက်သရေမဲ့သည်ဖြစ်၍ ဖြစ်သူကို ဆိုအပ်၏။
အညံ မင်္ဂလပဋိသံယုတ္တံ၊ အခြားသော ကျက်သရေ မင်္ဂလာနှင့်ယှဉ်စပ် သော။
နာမံ အာဟရာပေဿာမီတိ၊ ဘွဲ့ကို ဆောင်စေမည် ပေးစေမည်”ဟု။
စိန္တေသိ၊ တွေးပြီ။
သော၊ ထိုဦးပါပကသည်။
အာစရိယုပဇ္ဈာယေ ဥပသင်္ကမိတွာ၊ ဆရာ,ဥပဇ္ဈာယ်ဆရာတို့သို့ ချဉ်းကပ်၍။
“ဘန္တေ မယှံ နာမံ၊ အို. . အရှင်ဘုရားတို့ တပည့်တော်၏ ဘွဲ့ သည်။
အဝမင်္ဂလံ၊ မင်္ဂလာမရှိပါ။
မေ အညံ နာမံ၊ တပည့် တော်အား အခြားသော ဘွဲ့ကို။
ကရောထာတိ အာဟ၊ ပြုတော်မူကြပါပေးတော် မူကြပါ”ဟု လျှောက်ပြီ။
အထ နံ တေ၊ ထိုအခါ ထိုဦးပါပကကို ထိုဆရာ,ဥပဇ္ဈာယ် တို့သည်။
“အာဝုသော နာမံ နာမ၊ အို. . ငါ့ရှင် ရဟန်းဘွဲ့မည်သည်။
ပဏ္ဏတ္တိမတ္တံ၊ ပညတ်မျှသာတည်း။
နာမေန၊ ဘွဲ့အမည်ကြောင့်။
ကာစိ အတ္ထသိဒ္ဓိ နာမ၊ တစ်စုံ တစ်ခုသော အကျိုးပြီးစီးမှုမည်သည်။
နတ္ထိ၊ မရှိ။
အတ္တနော နာမေနေဝ၊ မိမိ၏ ပင်ကိုယ်ဘွဲ့အမည်ဖြင့်ပင်။
သန္တုဋ္ဌော ဟောဟီတိ၊ တင်းတိမ်ရောင့်ရဲသည် ကျေနပ် သည် ဖြစ်လော့”ဟု။
ဧဝံ အာဟံသု၊ ဤသို့ ပြောကြပြီ။
သော ပုနပ္ပုနံ ယာစိယေဝ၊ ထိုဦးပါပကသည် ထပ်ခါထပ်ခါ ဘွဲ့မည်သစ်ကို တောင်းသည်သာတည်း။
တ အယံ နာမသိဒ္ဓိကဘာဝေါ၊ ထိုဦးပါပက၏ ဤနာမည်အယူသည်းကြောင်းသည်။
ဘိက္ခုသင်္ဃေ ပါကဋာ ဇာဟော၊ ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
ဓမ္မသဘာယံ သန္နိသိန္နာ ဘိက္ခူ၊ တရားသဘင်၌ ကောင်းစွာထိုင်နေကြကုန်သော ရဟန်းတို့သည်။
“အာဝုသော အသုကော ဘိက္ခု၊ အို. . ငါ့ရှင်တို့ ထိုမည်သော ရဟန်းသည်။
နာမသိဒ္ဓိကော၊ နာမည်အယူသည်း ၍။
မင်္ဂလံ နာမံ၊ ကျက်သရေမင်္ဂလာရှိသော ဘွဲ့နာမည်ကို။
အာဟရာပေတိ ကိရာတိ၊ ဆောင်စေသတဲ့ ပေးစေသတဲ့”ဟု။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
အထ သတ္ထာ ဓမ္မသဘံ အာဂန္တွာ၊ ထိုအခါ ဘုရားရှင်သည် တရား သဘင်သို့ ကြွလာတော်မူ၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ၌။
ကာယ ကထာယ၊ အဘယ်မည်သော စကားဖြင့်။
သန္နိသိန္နာ အတ္ထနုတိ ပုစ္ဆိတွာ၊ ကောင်းစွာ ထိုင်နေကြသည် ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။
“ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်ထားအပ်သော်။
“ဘိက္ခဝေ သော၊ ရဟန်းတို့ ထိုဦးပါပကသည်။
ဣဒါနေဝ န၊ ယခုအခါ၌ သာ မဟုတ်သေး။
ပုဗ္ဗေပိ၊ ရှေးကလည်း။
နာမသိဒ္ဓိကောယေဝါတိ ဝတွာ၊ အမည်အယူသည်းသည်သာဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ တက္ကသိလာယံ၊ လွန်လေပြီးသောအခါ တက္ကသိုလ်မြို့၌။
ဗောဓိ သတ္တော ဒိသာပါမောက္ခော အာစရိယော ဟုတွာ၊ ဘုရားလောင်းသည် အရပ် မျက်နှာအကြီးမှူးဖြစ်သော ဆရာသည် ဖြစ်၍။
ပဉ္စ မာဏဝကသတာနိ၊ ငါးရာ သော လုလင်တို့ကို။
မန္တေ ဝါစေသိ၊ ဝေဒကျမ်းတို့ကို ရွတ်ဖတ်စေပြီ သင်ပြပေးပြီ။
တဿ ဧကော မာဏဝေါ၊ ထိုဘုရားလောင်း၏ တစ်ယောက်သော ပညာသင် လုလင်သည်။
နာမေန ပါပကော နာမ၊ နာမည်အားဖြင့် ငယုတ်မာမည်၏။
သော၊ ထိုမောင်ပါပကသည်။
“ဧဟိ ပါပက၊ လာ ပါပက။
ယာဟိ ပါပကာတိ၊ သွား ပါပကစသည်ဖြင့်”။
ဝုစ္စမာနော၊ အပြောခံရသော်။
“မယှံ နာမံ အဝမင်္ဂလံ၊ ငါ၏ နာမည်သည် ကျက်သရေမင်္ဂလာမရှိ။
အညံ နာမံ၊ တစ်ခြားသော နာမည်ကို။
အာဟရာ ပေဿာမီတိ စိန္တေသိ၊ ဆောင်ယူစေမည် ပေးခိုင်းမည်”ဟု တွေးပြီ။
သော အာစရိယံ ဥပသင်္ကမိတွာ၊ ထိုမောင်ပါပကသည် ဘုရားလောင်းဆရာသို့ ချဉ်းကပ်၍။
“အာစရိယ မယှံ နာမံ၊ အို. . ဆရာကြီး ကျွန်တော်၏ နာမည်သည်။
အဝမင်္ဂလံ၊ ကျက်သရေမင်္ဂလာမရှိပါ။
အညံ နာမံ၊ အခြားသော နာမည်ကို။
မေ ကရောထာတိ အာဟ၊ ကျွန်တော့်အား ပြုတော်မူကြပါ ပေးတော်မူကြပါ”ဟု ပြောပြီ။
အထ နံ အာစရိယော၊ ထိုအခါ ထိုမောင်ပါပကကို ဘုရားလောင်း ဆရာကြီးသည်။
“ဂစ္ဆ တာတ၊ သွားပါချေ ချစ်သား။
ဇနပဒစာရိကံ စရိတွာ၊ ဇန ပုဒ် ဒေသစာရီကို လှည့်လည်၍။
အတ္တနော အဘိရုစိတံ၊ မိမိသည် ကြိုက်နှစ် သက်အပ်သော။
ဧကံ မင်္ဂလနာမံ၊ တစ်ခုသော ကျက်သရေမင်္ဂလာရှိသော နာမည် ကို။
ဂဟေတွာ ဧဟိ၊ ရှာယူ၍ လာခဲ့ပါ။
အာဂတဿ တေ၊ ပြန်လာသော သင်၏။
နာမံ ပရိဝတ္တေတွာ၊ နာမည်ကို ပြောင်းလဲ၍။
အညံ နာမံ ကရိဿာမီတိ၊ အခြားသော နာမည်ကို ပြုမည်ပေးမည်”ဟု။
အဝေါစ၊ ပြောဆိုပြီ။
သော သာဓူတိ၊ ထိုမောင်ပါပကသည် ကောင်းပါပြီဟုပြော၍။
ပါထေယျံ ဂဟေတွာ၊ ခရီးကို ယူ၍။
နိက္ခန္တော၊ ထွက်သော်။
ဂါမေန ဂါမံ စရန္တော၊ တစ်ရွာမှ တစ်ရွာသို့ သွား သော်။
ဧကံ နဂရံ ပါပုဏိ၊ တစ်ခုသော မြို့သို့ ရောက်သွားပြီ။
တတ္ထ စ၊ ထိုမြို့၌ လည်း။
နာမေန ဇီဝကော နာမ၊ နာမည်အားဖြင့် မောင်သက်ရှည်မည်သော။
ကော ပုရိသော၊ တစ်ယောက်သော ယောက်ျားသည်။
ကာလကတော၊ ကွယ်လွန်ပြီ။
သော တံ၊ ထိုမောင်ပါပကသည် ထိုမောင်သက်ရှည်ကို။
ဉာတိဇနေန အာဠာဟနံ၊ ဆွေးမျိုးအပေါင်းသည် သင်းချိုင်းသို့။
နီယမာနံ ဒိသွာ၊ ဆောင်ယူနေအပ်သည်ကို တွေ့ရ၍။
“ဧသော ပုရိသော၊ သင်းချိုင်းဆောင် ယူအပ်သော ဤယောက်ျားသည် ကား။
ကိံ နာမကောတိ ပုစ္ဆိ၊ ဘယ်အမည်ရှိသနည်း”ဟု မေးပြီ။
ဧသော ဇီဝကော နာမ ဣတိ၊ သင်းချိုင်းဆောင်ယူအပ်သော ဤယောက်ျားသည်ကား မောင်သက်ရှည် မည်၏ဟု ဖြေကြပြီ။
ဇီဝကောပိ မရတီတိ၊ မောင်သက်ရှည်သည်လည်း သေသလား ဟုမေးပြီ။
ဇီဝကောပိ မရတိ၊ မောင်သက်ရှည်သည်လည်း သေ၏။
အဇီဝကောပိ မရတိ၊ မောင်သက်ရှည်မဟုတ်သူသည်လည်း သေ၏။
နာမံ နာမ ပဏ္ဏတ္တိမတ္တံ၊ နာမည်မည်သည် ပညတ်မျှသာတည်း။
တွံ ဗာလော မညေတိ၊ သင်ကား လူအထင်၏ ဟုပြောကြပြီ။
သော တံ ကထံ သုတွာ၊ ထိုမောင်ပါပကသည် ထိုပြော စကားကို ကြားရ၍။
နာမေ မဇ္ဈတ္တော ဟုတွာ၊ နာမည်၌ အယူမသည်း လျစ်လျူ ရှုသည် ဖြစ်၍။
အန္တောနဂရံ ပါဝိသိ၊ မြို့တွင်းသို့ ဝင်သွားပြီ။
အထ ဘတိံ အဒဒမာနံ၊ ထိုအခါ လုပ်ခကို မပေးသော။
ဧကံ ဒါသိံ၊ တစ်ယောက်သော ကျွန်မကို ။
သာမိကာ၊ ကျွန်ပိုင်ရှင်တို့သည်။
ဒွါရေ နိသီဒါပေတွာ၊ တံခါးနား၌ ထိုင်နေစေ၍။
ရဇ္ဇုယာ ပဟရန္တိ၊ ကြိုးဖြင့် ရိုက်ကြကုန်၏။
တဿာ နာမီ စ၊ ထိုကျွန်မ၏ နာမည်သည်လည်း။
ဓနပါလီတိ ဟောတိ၊ သူဌေးမဟု ဖြစ်၏။
သော အန္တရဝီထိယာ ဂစ္ဆန္တော၊ ထိုမောင်ပါပက္ခသည် မြို့တွင်းလမ်းခရီးဖြင့် သွားသော်။
တံ ပေါတိယမာနံ ဒိသွာ၊ ထိုကျွန်မကို အရိုက်ခံနေရသည်ကို တွေ့၍။
ကသွာ ဣမံ၊ အဘယ့်ကြောင့် ဤကျွန်မကို ။
ပေါလေထာတိ ပုစ္ဆိ၊ ရိုက်နေကြပါသနည်း”ဟု မေးပြီ။
ဘတိံ ဒါတုံ၊ လုပ်ခကို ပေးခြင်းငှာ။
န သက္ကောတီတိ၊ မစွမ်းနိုင်ဟု ပြောကြပြီ။
“အဿာ နာမံ၊ ထိုကျွန်မ၏ နာမည်ကား။
ကိံ ပန ဣတိ၊ ဘာပါလဲ”ဟု မေးပြီ။
ဓနပါလီ နာမာတိ၊ သူဌေးမမည်၏ဟုဖြေကြပြီ။
နာမေန ဓနပါလီ သမာနာပိ၊ နာမည်အားဖြင့် သူဌေးမသည် ဖြစ်ပါသော်လည်း။
ဘတိမတ္တံ ဒါတုံ၊ လုပ်ခမျှကို ပေးခြင်းငှာ။
န သက္ကောတီတိ၊ မစွမ်းနိုင်ရှာဟု ပြောပြီ။
ဓနပါလိယောပိ အဓနပါလိ ယောပိ၊ သူဌေးမ,မည်သူတို့သည်လည်းကောင်း သူဌေးမ,မမည်သူတို့သည် လည်းကောင်း။
ဒုဂ္ဂတာ ဟောန္တိ၊ ဆင်းရဲကြသည် ဖြစ်ကုန်၏။
နာမံ နာမ ပဏ္ဏတ္တိ မတ္တံ၊ နာမည်မည်သည် ပညတ်မျှသာတည်း။
တွံ ဗာလော မညေတိ၊ သင်ကား လူအ,ထင်၏ဟုပြောကြပြီ။
သော နာမေ၊ ထိုမောင်ပါပကသည် နာမည်၌။
မဇ္ဈတ္တ တရော ဟုတွာ၊ အထူးလျစ်လျူရှုသူသည် ဖြစ်၍။
နဂရာ နိက္ခမ္မ၊ မြို့မှ ထွက်ခဲ့၍။
မဂ္ဂံ ပဋိပန္နော၊ လမ်းသို့ သွားသော်။
အန္တရာမဂ္ဂေ၊ လမ်းအကြား၌။
မဂ္ဂမူဠှပုရိသံ ဒိသွာ၊ လမ်းတွေဝေနေသော ယောက်ျားကို (မျက်စိလည်သော ယောက်ျားကို) တွေ့ရ၍။
“အမ္ဘော ကိံ ကရောန္တော၊ အို.. အမောင် ဘာကို ပြုလုပ်လျက်။
" ဝိစရသီတိ ပုစ္ဆိ၊ လှည့်လည်နေသနည်း”ဟု မေးပြီ။
သာမိ၊ အိုအရှင်။
မဂ္ဂမူဠှော အမှိ ဣတိ၊ လမ်း၌ တွေဝေနေသည် (မျက်စိလည်နေသည်) ဖြစ်၏ဟုပြောပြီ။
တေ နာမံ ပန၊ သင်၏ နာမည်သည်ကား။
ကိံ ဣတိ၊ ဘာပါလဲဟု မေးပြီ။
ပန္ထ ကော နာမာတိ၊ မောင်လမ်းမည်ပါ၏ဟု ဖြေပြီ။
ပန္တကောပိ မဂ္ဂမူဠှော၊ မောင်လမ်း သည်လည်း လမ်း၌ တွေဝေသည် (မျက်စိလည်သည်)။
ဟောတီတိ၊ ဖြစ်ရသလား ဟု ပြောပြီ။
ပန္တကောပိ အပန္တကောပိ၊ မောင်လမ်းသည်လည်းကောင်း မောင်လမ်း, မဟုတ်သူသည်လည်းကောင်း။
မဂ္ဂမူဠှောဟောတိ၊ လမ်းတွေဝေသည် (မျက်စိ လည်သည်) ဖြစ်၏။
နာမံ နာမ ပဏ္ဏတ္တိမတ္တံ၊ နာမည်မည်သည် ပညတ်မျှသာ တည်း။
တွံ ပန ဗာလော မညေတိ၊ သင်သည်ကား လူအ, ထင်၏ဟုပြောပြီ။
သော နာမေ၊ ထိုမောင်ပါပကသည် နာမည်၌။
အတိမဇ္ဈတ္တော ဟုတွာ၊ အလွန်ဂရု မစိုက်တော့သည် ဖြစ်၍။
ဗောဓိသတ္တဿ သန္တိကံ ဂန္တွာ၊ ဘုရားလောင်းဆရာကြီး ၏ အထံသို့ သွား၍။
တာတ နာမံ ရောစေတွာ၊ အို. . ချစ်သား နာမည်ကို နှစ်သက်ပြီး၍။
အာဂတော အသိကိံ၊ လာသည် ဖြစ်ပြီလော။
” ဣတိ ပုတ္တေ၊ ဤသို့ မေးအပ်သော်။ “
အာစရိယ၊ အို. . ဆရာကြီး။
ဇီကာပိ နာမ၊ မောင်သက် ရှည်မည်သူတို့သည်လည်းကောင်း။
အဇီကာပိ မရန္တိ၊ မောင်သက်ရှည်မမည်သူ တို့သည်လည်းကောင်း သေကြကုန်၏။
ဓနပါလိယောပိအမနပါလိယောပိ၊ သူဌေးမမည်သူတို့သည်လည်းကောင်း သူဌေးမနမမည်သူတို့သည်လည်းကောင်း။
ဒုဂ္ဂတာ ဟောန္တိ၊ ဆင်းရဲကုန်သည် ဖြစ်ကြ၏။
ပန္တကာပိ အပန္တကာပိ၊ ငလမ်းမည် သူတို့သည်လည်းကောင်း ငလမ်းမဟုတ်သူတို့သည်လည်းကောင်း။
မဂ္ဂဠှာ ဟောန္တိ၊ လမ်း၌တွေဝေကြကုန်သည် (မျက်စိလည်ကြကုန်သည်) ဖြစ်ကြ၏။
နာမံ နာမ ပဏ္ဏတ္တိမတ္တံ၊ နာမည်မည်သည် ပညတ်မျှသာတည်း။
နာမေန သိဒ္ဓိ နတ္ထိ၊ နာမည်ဖြင့် ကောင်းကျိုးဆိုးကျိုးပြီးစီးခြင်းသည် မရှိ။
ကမ္မေနေဝ သိဒ္ဓိ၊ အလုပ်ဖြင့်သာ ကောင်းကျိုးဆိုးကျိုးပြီး၏။
မယှံ အညေန နာမေန၊ ကျွန်တော့်အား အခြားသော နာမည်ဖြင့်။
အလံ၊ အလိုမရှိပြီ။
တဒေဝ နာမံ၊ ထိုမူရင်းပါပကနာမည်သည်ပင်။
မေ ဟောတူတိ အာဟ၊ ကျွန်တော့်အား ဖြစ်ပါစေ”ဟု ပြောပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
တေန ဒိဋ္ဌဉ္စ၊ ထိုမောင်ပါပကသည် တွေ့မြင်အပ်သည်ကို လည်းကောင်း။
ကတဉ္စ သံသန္ဒေတွာ၊ ပြုလုပ်အပ်သည်ကိုလည်းကောင်း ရောနှော ၍။
ဇီဝကံ မတံ ဒိသွာ စ၊ မောင်သက်ရှည်ကို သေနေသည်ကို တွေ့ရ၍ လည်းကောင်း။
ဓနပါလိံ ဒုဂ္ဂတံ ဒိသွာ စ၊ သူဌေးမ,မည်သူကို ဆင်းရဲနေသည် ကို တွေ့ရ၍လည်းကောင်း။
ပန္ထကံ ဝနေ မဠှံ ဒိသွာ စ၊ မောင်လမ်းကို တော၌ မျက်စိလည်နေသည်ကို တွေ့ရ၍လည်းကောင်း။
ပါပကော ပုန အာဂတော၊ ငယုတ်မာမည်သူသည် တဖန်နေရင်းသို့ ပြန်လာပြီ။
တတ္ထ၊ ထိုဂါထာ၌။
**ပုနရာဂတော** တိ၊ ပုနရာဂတော ဟူသည်ကား။
တီကိ ဣမာနိ ကာရဏာနိ၊ သုံးမျိုးကုန်သော ဤအကြောင်းအရာတို့ကို။
ဒိသွာ ပုန အာဂတော၊ တွေ့မြင်ခဲ့၍ ကဖန်နေရင်းဌာန ပြန်လာပြီတည်း။
ရကာရော သန္ဓိဝသေန ဂုတ္တော၊ ရအက္ခရာကို အာဂမသဒ္ဓိအစွမ်းဖြင့် ဘုရားလောင်းဆိုအပ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ဆောင်တော်မူ၍။
“ဘိက္ခဝေ ဣဒါနေဝ န၊ အို.. . ရဟန်းတို့ ယခုအခါ၌ သာ မဟုတ်သေး။
ပုဗ္ဗေပိ ဧသော၊ ရှေးကလည်း ဤရဟန်းသည်။
နာမသိဒ္ဓိကော ယေဝါတိဝတွာ၊ နာမည်အယူအဆရှိသည်သာတည်း”ဟု မိန့်တော်မူ၍။
"တဒါနာမသိဒ္ဓိကော၊ ထိုအခါက အမည်အယူအဆရှိသော ကျောင်းသားငယုတ်မာ သည်။
ဣဒါနိပိ နာမသိဒ္ဓိကောယေဝ၊ ယခုအခါ၌လည်း နာမည်အယူအဆရှိ သော ဦးပါပကသာတည်း။
အာစရိယပရိသာ ဗုဒ္ဓပရိသာ၊ ဆရာ၏ပရိသတ်ကား ငါဘုရား၏ပရိသတ်တည်း။
အာစရိယော ပန အဟမေဝ အဟောသိန္တိ၊ ဆရာ သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
နာမသိဒ္ဓိဇာတကဝဏ္ဏနာ သတ္တမာ၊ ခုနစ်ခုမြောက်ဖြစ်သော နာမသိဒ္ဓိဇာတ်အဖွင့်တည်း။