Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[86] 6. Sīlavīmaṃsakajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**သီလံ ကိရေ၀ ကလျာဏ** န္တိ ဣဒံ၊ သီလံ ကိရေဝ ကလျာဏံ အစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ သီလဝီမံသကံ၊ ဗြာဟ္မဏံတစ်ယောက်သော သီလကို စုံစမ်းသော ပုဏ္ဏားကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တိသရဏံ ဂတော၊ ရတနာသုံးပါးကို ဆည်းကပ် သော။ အခဏ္ဍပဉ္စသီလာ၊ မကျိုးသော ငါးပါးသီလရှိသော။ တိဏ္ဏ ဝေဒါနံ ပါရဂူ၊ သုံးပုံကုန်သော ဝေဒကျမ်းတို့ကို တစ်ဘက်ကမ်းရောက် တတ်မြောက် သော။
သော၊ ထိုပုဏ္ဏားသည်။ ကောသလရာဇာနံ နိဿာယ၊ ကောသလမင်းကို အမှီပြု၍။ ဇီဝတိ ကိရ၊ အသက်မွေးသတဲ့။ ရာဇာ၊ ကောသလမင်းသည်။ အယံ သီလဝါတိ၊ ဤပုဏ္ဏားကား သီလရှိ၏ဟု။ တဿ၊ ထိုပုဏ္ဏားအား။ အတိရေက သမ္မာနံ ကရောတိ၊ လွန်စွာမြတ်နိုးမှုကို ပြု၏။
သော၊ ထိုပုဏ္ဏားသည်။ “အယံရာဇာ မယှံ၊ ဤကောသလမင်းသည် ငါ့အား။ အညေဟိ ဗြာဟ္မဏေဟိ၊ အခြား ကုန်သော ပုဏ္ဏားတို့ထက်။ အတိရေကသမ္မာနံ ကရောတိ၊ လွန်စွာမြတ်နိုးမှုကို ပြု၏။ အတိဝိယ မံ၊ အလွန်လျှင် ငါ့ကို။ ဂရုံ ကတွာ ပဿတိ၊ အလေးဂရုကို ပြ၍ ကြည့်ရှု၏။ ကိံ နု ခေါ ဧသော၊ ဘယ်လိုလဲ ဤကောသလမင်းသည်။ ငါ၏။ ဇာတိဂေါတ္တကုလပူဒေသသိပ္ပသမ္ပတ္တိံ နိဿာယ၊ ဇာတ်အနွယ်, ရည်ညွှန်း အပ်သော အမျိုး, အတတ်ပညာပြည့်စုံမှုကို မှီ၍။ ဣမံ သမ္မာနံ ကရောတိ၊ ဤမြတ်နိုးမှုကို ပြုသလော။ ဥဒါဟု သီလသမ္ပတ္တိ၊ သို့မဟုတ်သီလပြည့်စုံမှုကို။ (နိဿာယ ဣမံ သမ္မာနံ ကရောတိ၊ မှီ၍ ဤမြတ်နိုးမှုကို ပြုသလော)။ တာဝ ဝီမံသိဿာမီတိ စိန္တေသိ၊ စုံစမ်းဦးမည်”ဟု ကြံပြီ။
သော ဧကဒိဝသံ၊ ထိုပုဏ္ဏားသည် တစ်နေ့၌။ ရာဇပဋ္ဌာနံ ဂန္တွာ၊ မင်းခစားခြင်းငှာ သွား၍။ ဃရံ အာဂစ္ဆန္တော၊ အိမ်သို့ ပြန်လာသော်။ ဧကဿ ဟေရညိကဿ၊ တစ်ယောက်သော ပန်းထိမ်သည်၏။ ဖလကတော အနာပုဏ္ဏိတွာ၊ ပျဉ်ပြားပေါ်မှ မပန်ကြားမူ၍။ ဧကံ ကဟာပဏံ၊ တစ်ကျပ်ကို။ ဂဟေတွာ အဂမာသိ၊ ယူ၍ သွားပြီ။ ဟေရညိကော၊ ပန်းထိမ်သည် သည်။ ဗြာဟ္မဏေ ဂရုဘာဝေန၊ ပုဏ္ဏား၌ အလေးဂရုပြုသည့် အဖြစ်ကြောင့်။ ကိဉ္စိ အဝတွာ နိသီဒိ၊ ဘာကိုမျှ မပြောမူ၍ ထိုင်နေပြီ။
ပုနဒိဝသေ၊ နောက်နေ့၌။ ဒွေ ကဟာပဏေ ဂဏှိ၊ ငွေနှစ်ကျပ်တို့ကို ယူပြီ။ ဟေရညိကော တထေဝ အဓိဝါသေသိ၊ ပန်းထိမ်သည်သည် ထိုရှေးနေ့အတူသာ သည်းခံပြီ။
တတိယ ဒိဝသေ ကဟာပဏမုဋ္ဌိံ အဂ္ဂဟေသိ၊ တတိယနေ့၌ကား ဒင်္ဂါးတစ်ဆုပ်ကို ယူပြီ။ အထ နံ ဟေရညိကော၊ ထိုအခါ ထိုပုဏ္ဏားကို ပန်းထိမ်သည်သည်။ “ရာဇကုဋုမ္ဗံ ဝိလုမ္ပန္တဿာ တေ၊ ဘုရင့်ပစ္စည်းကို လုယက်သော သင်၏။ တတိယော အဇ္ဇ ဒိဝသောတိ၊ ယနေ့ကား တတိယမြောက်သော နေ့တည်း”ဟု ပြော၍။ “ရာဇကုမ္ပ ဝိလုမ္မကစောရော၊ ဘုရင့်ပစ္စည်းလုယက်သော ခိုးသားကို။ မေ ဂဟိတောတိ၊ ငါသည် ဖမ်းယူအပ်ပြီ”ဟု။ တိတ္တံ ဝိဝရိ၊ သုံးကြိမ် သုံးခါ အော်ပြီ။
အထ နံ မနုဿာ၊ ထိုအခါ ထိုပုဏ္ဏားကို လူတို့သည်။ ဣတော စိတော စ အာဂန္တွာ၊ ထိုမှ ဤမှလည်း လာကြ၍။ “တွံ သီလဝါ ဝိယ၊ သင်သည် သီလရှိသူကဲ့သို့။ စိရံ ဒါနိ ဝိစရီတိ၊ ကြာမြင့်စွာ ယခု လှည့်လည်ပြီ”ဟု ပြော၍။ ဒွေ တယော ပဟာရေ ဒတွာ၊ နှစ်ချက်သုံးချက်ကုန်သော ရိုက်ပုတ်မှုတို့ကို ပေး၍။ ဗဇ္ဇိတွာ ရညော ဒသေသုံ၊ ဖမ်း၍ မင်းအား ပြကြပြီ။
ရာဇာ ဝိပ္ပဋိသာရီ ဟုတွာ၊ ကောသလမင်းသည် နှလုံးမသာယာသည် ဖြစ်၍။ “ဗြာဟ္မဏ ကသ္မာ၊ အိုပုဏ္ဏား အဘယ့်ကြောင့်။ ဧဝရူပံ ဒုဿီလကမ္မံ၊ ဤသို့ သဘောရှိသော သီလမရှိသူ၏ အမှုကို။ ကရောသီတိ ဝတွာ၊ ပြုရဘိသနည်း”ဟု မိန့်၍။ “ဂစ္ဆထ တဿ၊ သွားကြ ထိုပုဏ္ဏားအား။ ရာဇာဏံ ကရောထာတိ အာဟ၊ မင်းအာဏာကို ပြုကြ”ဟု ပြောပြီ။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ “မဟာရာဇ အဟံ၊ အရှင်မင်းမြတ် ကျွန်တော်မျိုးကား။ န စောရောတိ အာဟ၊ သူခိုးမဟုတ်ပါ”ဟု ပြောပြီ။
အထ ကသ္မာ၊ ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့်။ ရာဇကုဋုမ္မိကဿ ဖလကတော၊ မင်းခန့်သူကြွယ် ပန်းထိမ်သည်၏ ပျဉ်ချပ်ပေါ်မှ။ ကဟာပဏေ ဂဏှီတိ၊ အသပြာတို့ကို ယူရသနည်း”ဟု မေးပြီ။
“တယိ မမ၊ အရှင်မင်းကြီးသည် ကျွန်တော်မျိုးအား။ အတိသမ္မာနံ ကရောန္တေ၊ အလွန်မြတ်နိုးမှုကို ပြုသော်။ “က ခေါ ရာဇာ၊ ဘယ်လိုလဲ မင်းတရားသည်။ မမ ဇာတိအာဒီနိ နိဿာယ၊ ငါ၏ ဇာတ်စသည်တို့ကို အမှီပြု၍။ အတိသမ္မာနံ ကရောတိ၊ အလွန်မြတ်နိုးမှုကို ပြုသလော။ ဥဒါဟု သီလံ၊ သို့မဟုတ် သီလကို။ နိဿာယာတိ၊ မှီ၍လော'ဟု။ ဝီမံသနတ္ထာယ၊ စုံစမ်းခြင်းအကျိုးငှာ။ ဧတံ မယာ ကတံ၊ ထိုအသာယူမှုကို ကျွန်တော်မျိုးသည် ပြုအပ်ပါပြီ။ ဣဒါနိ ပန မယာ၊ ယခုအခါ၌ကား ကျွန်တော် မျိုးသည်။ ဧကံသေန ဉာတံ၊ ဧကန်အားဖြင့် သိအပ်ပါပြီ။
သီလမေဝ နိဿာယ၊ သီလကိုသာ အမှီပြု၍။ တယာ မမ၊ အသင်မင်းကြီးသည် ကျွန်တော်မျိုးအား။ သမ္မာနော ကတော ယထာ၊ မြတ်နိုးမှုကို ပြုအပ်သကဲ့သို့။ (တထာ၊ ထို့အတူ)။ ဇာတိအာဒီနိ၊ ဇာတ်စသည်တို့ကို။ (နိဿာယတယာ၊ မှီ၍ အရှင်မင်းကြီးသည်။ မမ သမ္မာနော၊ ကျွန်တော်မျိုးအား မြတ်နိုးခြင်းကို)။ န၊ ပြုအပ်သည်မဟုတ်။
တထာ ဟိ မေ၊ ထို့ကြောင့်ပင် ကျွန်တော်မျိုးအား။ ဣဒါနိ ရာဇာဏံ ကာရေသိ၊ ယခုအခါ မင်းအာဏာကို ပြုစေပြီ။ သွာဟံ ဣမိနာ ကာရဏေန၊ ထိုကျွန်တော်မျိုးသည် ဤအကြောင်းကြောင့်။ ဣမသ္မိံ လောကေ၊ ဤလောက၌။ သီလမေဝ ဥတ္တမံ၊ ကိုယ်ကျင့်သီလသည်သာ မြတ်၏။ သီလံ ပမုခန္တိ၊ ကိုယ်ကျင့်သီလသည် အကြီး အမှူးဖြစ်၏'ဟု။ သန္နိဋ္ဌာနံ ဂတော၊ ဆုံးဖြတ်ချက်ချခြင်းသို့ ရောက်ပြီ။
အဟံ၊ ကျွန်တော်မျိုးသည်။ ဣမဿ သီလဿ၊ ဤသီလအား။ အနုစ္ဆဝိကံ ကရောန္တော ပန၊ သင့်လျော်သည်ကို ပြုသော်ကား။ ဂေဟေ ဌိတော၊ အိမ်၌ တည်လျက်။ ကိလေသေ ပရိဘုဉ္ဇန္တော၊ ကိလေသာတို့ကို ခံစားလျက်။ ကာတုံ န သက္ခိဿာမိ၊ ပြုခြင်းငှာ မစွမ်းနိုင်လတံ့။ အဇ္ဇေဝ ဇေတဝနံ ဂန္တွာ၊ ယနေ့ပင် ဇေတဝန်ကျောင်း တော်သို့ သွား၍။ သတ္ထု သန္တိကေ ပဗ္ဗဇိဿာမိ၊ ရှင်တော်ဘုရား၏ အထံတော်၌ ရှင်ရဟန်းပြုပါအံ့။ မေ ပဗ္ဗဇ္ဇံ၊ ကျွန်တော်မျိုးအား ရှင်ရဟန်းပြုခွင့်ကို။ ဒေထ ဒေဝါတိ မေ ဝတွာ၊ ပေးတော်မူကြပါ အရှင်မင်းကြီး”ဟု လျှောက်ထား၍။ ရာဇာနံ အနုဇာနာ ပေတွာ၊ ကောသလမင်းကို ခွင့်ပြုစေ၍။ ဇေတဝနာဘိမုခေါ ပါယာသိ၊ ဇေတဝန်ကျောင်းတော်သို့ ရှေးရှုသွားပြီ။
အလ၊ ထိုအခါ။ ဉာတိသုဟဇ္ဇဗန္ဓဝါ သန္နိပတိတွာ၊ ဆွေမျိုးစိတ်ကောင်းရှိသူ မိတ်ဆွေတို့သည် ကောင်းစွာကျရောက် စုဝေးကြ၍။ နံ နိဝါရေတုံ အသက္ကောန္တာ နိဝတ္တိံ သု၊ ထိုပုဏ္ဏားကို တားမြစ်ခြင်းငှာ မတတ်နိုင်ကြရကား နောက်ပြန်လှည့် ကုန်ပြီ။
သော သတ္ထု သန္တိကံ၊ ထိုပုဏ္ဏားသည် ဘုရားရှင်၏ အထံဟော်သို့။ ဂန္တွာ ပဗ္ဗဇ္ဇံ ယာစိတွာ၊ သွား၍ ရှင်ရဟန်းအဖြစ်ကို တောင်းပန်၍။ ပဗ္ဗဇ္ဇဏ္ဏ ဥပသမ္ပဒဉ္ဇ လဘိတွာ၊ ရှင်အဖြစ်ကိုလည်းကောင်း ရဟန်းအဖြစ်ကိုလည်းကောင်း ရ၍။ အဝိဿဋ္ဌကမ္မဋ္ဌာနာ၊ မစွန့်လွှတ်အပ်သော ကမ္မဋ္ဌာန်းရှိ၍။ ဝိပဿနံ ဝတွာ၊ ဝိပဿနာကို ပွားစေ၍။ အရဟတ္တံ ပတွာ၊ ရဟန္တာအဖြစ်သို့ ရောက်၍။ သတ္ထာရံ ဥပသင်္ကမိတွာ၊ ဘုရားရှင်သို့ ချဉ်းကပ်၍။ “ဘန္တေ မယှံ ပဗ္ဗဇ္ဇာ၊ ရှင်တော်ဘုရား တပည့်တော်၏ ရှင်ရဟန်းအဖြစ်သည်။ မတ္ထကံ ပတ္တာတိ၊ အထွတ်အထိပ်သို့ ရောက်ပါပြီ”ဟု။ အညံ ဗျာကာသိ၊ အရဟတ္တဖိုလ်ကို လျှောက်ထားပြီ။
တဿ တံ အညဗျာကရဏံ၊ ထိုရဟန်း၏ ထိုအရဟတ္တဖိုလ် လျှောက်ထားခြင်းသည်။ ဘိက္ခုသံဃေ ပါကဋံ ဇာတံ၊ ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ဓမ္မသဘာယံ သန္နိပတိတာ ဘိက္ခူ၊ တရားသဘင်၌ ကောင်းစွာ ကျရောက်စုဝေးကုန်သော ရဟန်းတို့သည်။ “အာဝုသော ရညော၊ ငါ့ရှင်တို့ ကောသလမင်း၏။ အသုကော နာမ ဥပဋ္ဌာကဗြာဟ္မဏော၊ ထိုမည်သော အလုပ် အကျွေးပုဏ္ဏားသည်။ အတ္တနော သီလံ ဝီမံသိတွာ၊ မိမိ၏ သီလကို စုံစမ်း၍။ ရာဇာနံ အာပုတ္တိတွာ၊ ကောသလမင်းကို ပန်ကြား၍။ ပဗ္ဗဇိတွာ၊ ရှင်ရဟန်းပြု၍။ အရဟတ္တေ ပတိဋ္ဌိတောတိ၊ ရဟန္တာအဖြစ်၌ တည်ပြီ”ဟု။ တဿ ဂုဏံ၊ ထိုရဟန်း ၏ ဂုဏ်ကို။ ကတယမာနာ နိသီဒိံသု၊ ပြောကုန်လျက် ထိုင်နေကြပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ ဘယ်မည်သော စကားဖြင့် ကောင်းစွထိုင်နေကြသည်။ အတ္ထ နူတိ ပုစ္ဆိကွာ၊ ဖြစ်ကြသနည်းဟု မေးတော်မူ၍။ ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်အပ်သော်။ “ဘိက္ခဝေ ဣဒါနိ အယမေဝ ဗြဟ္မဏော၊ ရဟန်းတို့ ယခုအခါ ဤပုဏ္ဏားသည်သာ။ အတ္တနော သီလံ၊ မိမိ၏ သီလကို။ ဝီမံသိတွာ ပဗ္ဗဇိတွာ၊ စူးစမ်း၍ ရှင်ရဟန်းပြု၍။ အတ္တနော ပတိဋ္ဌံ န အကာသိ၊ မိမိ၏ မှီရာကို ပြုသည် မဟုတ်သေး။ ပုဗ္ဗေ ပဏ္ဍိတာပိ၊ ရှေးက ပညာရှိတို့သည်လည်း။ အတ္တနော သီလံ၊ မိမိ၏ သီလကို။ ဝီမံသိတွာ ပဗ္ဗဇိတွာ၊ စူးစမ်း၍ ရသေ့ရဟန်းပြု၍။ အတ္တနော ပတိဋ္ဌံ၊ မိမိမှီရာကို။ ကရိသူတိ ဝတွာ၊ ပြုဖူးကုန်ပြီ”ဟု မိန့်တော်မူ၍။ တေဟိ ယာစိတော၊ ထိုရဟန်း တို့သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော တဿ၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏။ ဒါနာဓိမုတ္တော သီလဇ္ဈာသယော၊ အလွန် လွတ်လွတ်ကျွတ်ကျွတ် လှူခြင်းရှိသော ကိုယ်ကျင့်ကောင်းရန် ဆန္ဒရှိသော။ အခဏ္ဍပဉ္စသီလော၊ မကျိုးသော ငါးပါးသီလရှိသော။ ပုရောဟိတော အဟောသိ၊ ပုရောဟိတ်သည် ဖြစ်ပြီ။
ရာဇာ သေသဗြဟ္မဏေဟိ အတိရေကံ၊ ဗြဟ္မဒတ်မင်း သည် ကြွင်းကျန်သော ပုဏ္ဏားတို့ထက် ပိုလွန်စွာ။ တဿ သမ္မာနံ ကရောတိ၊ ထိုဘုရားလောင်းအား မြတ်နိုးခြင်းကို ပြု၏။ ဣတိ သဗ္ဗ ပုရိမသဒိသမေဝ၊ ဤသို့ စသော အလုံးစုံသည် ရှေးပစ္စုပ္ပန်ဝတ္ထုနှင့် တူသည်သာတည်း။
ဗောဓိသတ္တေ ဗန္ဓိတွာ၊ ဘုရားလောင်းကို ဖွဲ့ချည်၍။ ရညော သန္တိကံ နီယမာနေ ပန၊ မင်း၏ ထံသို့ ဆောင်ယူအပ်သော်ကား။ အဟိတုဏ္ဍိကာ အန္တရဝီထိယံ၊ အလမ္ပါယ်သမား တို့သည် မြို့တွင်းလမ်း၌။ သပ္ပံ ကီဠာပေန္တာ၊ မြွေကို ကစားစေကုန်လျက်။ နင်္ဂဋ္ဌေဂ ဏှန္တိ၊ မြီးထူး၌ ကိုင်ကုန်၏။ ဂီဝါယ ဂဏှန္တိ၊ လည်ပင်း၌ ကိုင်ကုန်၏။ ဂလေ ဝေဌေန္တိ၊ လည်၌ ရစ်ပတ်ကုန်၏။
ဗောဓိသတ္တော တေ ဒိသွာ၊ ဘုရားလောင်းသည် ထိုအလမ္ပါယ်သမားတို့ကို မြင်၍။ “တာတာ ဧဝံ သပ္ပံ၊ ချစ်သားတို့ ဤကဲ့သို့ မြွေကို. နင်္ဂဋ္ဌေဂဏှထ၊ မြီးထူး၌ မကိုင်ကြလင့်။ ဂီဝါယ မာ ဂဏှလ၊ လည်ပင်း၌ မကိုင်ကြလင့်။ ဂလေ မာ ဝေဌေထ၊ လည်၌ မရစ်ပတ်ကြလင့်။
ဟိ အယံ ဝေါ၊ မှန်၏ ဤမြွေသည် သင်တို့ကို။ ခုံသိတွာ ဇီဝိတက္ခယံ၊ ကိုက်၍ အသက် ကုန်ခြင်း သို့။ ပါပေယျာတိ အာဟ၊ ရောက်စေရာ၏”ဟု ပြောဆိုပြီ။
အဟိတုဏ္ဍိကာ၊ အလမ္ပါယ်သမားတို့သည်။ “ဗြာဟ္မဏ အယံ သပ္ပေါ၊ ပုဏ္ဏား ဤမြွေသည်။ သီလဝါ အာစာရသမ္ပန္တော၊ သီလရှိ၏ အကျင့်ကောင်း၏။ တာဒိသော ဒုဿီလော ဟောတိ၊ သင်ကဲ့သို့ ရှူအပ်သော သီလမရှိသူသည် မဖြစ်။ တွံ ပန၊ သင်သည်ကား။ အတ္တနော ဒုဿီလတာယ၊ မိမိ၏ သီလမရှိသည့် အဖြစ်ကြောင့်။ အနာစာရေန၊ အကျင့်မကောင်းသဖြင့်။ ရာဇကုဋုမ္ဗပလုမ္ပကစောရောတိ၊ ဘုရင့်ပစ္စည်း လုယက် သော ခိုးသားဟူ၍။ ဗဇ္ဇိတွာ နိယသီတိ၊ ဖွဲ့ချည်၍ ဆောင်ယူခံရ၏”ဟု။ အာဟံသု၊ ပြောကြပြီ။
သော၊ ထိုဘုရားလောင်းသည်။ “သပ္ပါပိ အရံသန္တာ၊ မြွေတို့သည်သော်မှလည်း မကိုက်ကြသော်။ အဝိဟေဌေန္တာ၊ မညှင်းဆဲကြသော်။ သီလဝန္တောတိ နာမံ၊ သီလရှိ၏ဟူသော အမည်ကို။ တာဝ လဘန္တိ၊ ရကြကုန်သေး၏။ မနုဿဘူတာ ပန ကိမင်္ဂ၊ လူဖြစ်၍ ဖြစ်သူတို့သည်ကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း။
သီလမေဝ ဣမသ္မိံ လောကေ ဥတ္တမံ၊ သီလသည်သာ ဤလောက၌ အမြတ်ဆုံး တည်း။ တတော ဥတ္တရိတရံ၊ ထိုသီလထက် သာ၍ မြတ်သောအရာသည်။ နတ္ထိ ဣတိ စိန္တေသိ၊ မရှိ”ဟု ကြံပြီ။
အထ နံ နေတွာ၊ ထိုအခါ ထိုဘုရားလောင်းကို ဆောင်ယူ၍။ ရညော ဒဿေသုံ၊ မင်းကြီးအား ပြကုန်ပြီ။
ဣဒံ က တာတာတိ၊ ဤကား ဘာလဲ ချစ်သားတို့ဟု။ ရာဇာ ပုစ္ဆိ၊ မင်းသည် မေးပြီ။
ရာဇကုဋုမ္ဗ ဝိလုမ္ပကော စောရော ဒေဝါတိ၊ ဘုရင့်ပစ္စည်းလုယက်သော ခိုးသားတည်း အရှင် မင်းကြီးဟု လျှောက်ကြပြီ။ တေန ဟိ အဿ၊ ထိုသို့ဖြစ်လျှင် ထိုပုဏ္ဏားအား။
ရာဇာဏံ ကရောထာတိ၊ မင်းအာဏာကို ပြုကြဟု ပြောပြီ။
ဗြာဟ္မဏော၊ ဘုရားလောင်းပုဏ္ဏားသည်။ “မဟာရာဇ အဟံ၊ မင်းမြတ် ကျွန်တော်မျိုးသည်။ န စောရော တိ အာဟ၊ ခိုးသူမဟုတ်ပါ”ဟု လျှောက်ပြီ။
“အလ ကသ္မာ၊ ထိုသို့ ဖြစ်လျှင် အဘယ့်ကြောင့်။ ကဟာပဏေ အဂ္ဂဟေသိ၊ အသပြာတို့ကို ယူသ နည်း”။ ဣတိ စ ဝုတ္တေ၊ ဤသို့လည်း မေးအပ်သော်။ ပုရိမနယေနေ၀ သဗ္ဗံ အာရောစေန္တော၊ ရှေးနည်းဖြင့်ပင် အလုံးစုံကို ပြောကြားပြီး၍။ “သွာဟံ ဣမိနာ ကာရဏေန၊ ထိုကျွန်တော်မျိုးသည် ဤအကြောင်းကြောင့်။ ဣမသ္မိံ လောကေ သီလမေဝ ဥတ္တမံ၊ ဤလောက၌ သီလသည်သာ အမြတ်ဆုံးတည်း။ သီလံ ပါမောက္ခန္တိ၊ သီလသည်သာ ပဓာနတည်းဟု။ သန္နိဋ္ဌာနံ ဂတောတိ ဝတွာ၊ သန္နိဋ္ဌာန်ချခြင်းသို့ ရောက်ပြီ”ဟု ပြော၍။ “ဣဒံ တာဝ တိဋ္ဌတု၊ ဤအကြောင်းအရာသည် တည်ပါစေဦး ရှိပါစေဦး။ အာသီဝိသောပိ အဍံသန္တော၊ မြွေသည် သော်မှလည်း မကိုက်သော်။ အဝိဟေဌေန္တော၊ မညှင်းဆဲသော်။ သီလဝါတိ ဝတ္တဗ္ဗတံ၊ သီလရှိ၏ဟု ခေါ်ဆိုထိုက်သူ့အဖြစ်ကို။ တာဝ လဘတိ၊ ရတုံသေး၏။
ဣမိနာပိ ကာရဏေန၊ ဤအကြောင်းကြောင့်လည်း။ သီလမေဝ ဥတ္တမံ၊ သီလ သည်သာ အမြတ်ဆုံးတည်း။ သီလံ ပဝရ၊ သီလသည်သာ အသာဆုံးတည်း”ဟု။ ဝဏ္ဏန္တော၊ သီလကို ချီမွမ်းလိုရကား။
သီလံ ဧဝ ကလျာဏံ၊ ကိရသီလသည်သာ ကောင်းသတဲ့။ သီလံ လောကေ အနုတ္တရံ ကိရ၊ သီလသည်သာ လောက၌ အမြတ်ဆုံးတဲ့။
ပဿ၊ ကြည့်ပါလော့။ ဃောရဝိသော နာဂေါ၊ ပြင်းသော အဆိပ်ရှိသော မြွေနဂါးကို။ သီလဝါတိ န ဟညတိ၊ သီလရှိ၏ဟု မသတ်အပ်။
တတ္ထ၊ ထိုဂါထာ၌။ ** သီလံ ကိရေဝါ** တိသီလံ၊ ကိရေဝ ဟူသည်ကား။ ကာယ ဝါစာစိတ္တေဟိ အဝီတိက္ကမသင်္ခါတံ အာစာရသီလမေဝ၊ ကိုယ်, နှုတ်, စိတ်တို့ဖြင့် မလွန်ကျူးခြင်းဟု ဆိုအပ်သော ကိုယ်ကျင့်သီလသည်သာတည်း။
အနုဿဝ ဝသေန၊ တစ်ဆင့်ကြား၏ အစွမ်းဖြင့်။ **ကိရာ** တိ ဝဒတိ၊ ကိရဟု ဘုရားလောင်း ဆို၏။
**ကလျာဏန္တိ** သုန္ဒရတရံ၊ ကလျာဏံဟူသည်ကား သာ၍ ကောင်း၏တည်း။
**အနုတ္တရန္တိ** ဇေဋ္ဌကံ သဗ္ဗဂုဏဒါယကံ၊ အနုတ္တရံ ဟူသည်ကား အကြီးဆုံး အသာ ဆုံးတည်း အားလုံးသော ဂုဏ်ကို ပေးတတ်၏ တည်း။
အတ္တနာ ဒိဋ္ဌကာရဏံ၊ မိမိသည် တွေ့မြင်အပ်သော အကြောင်းအရာကို။ အဘိမုခံ ကရောန္တော၊ ရှေးရှု တည့်တည့်ကို ပြုလိုရကား။ **ပဿာ** တိ ကထေတိ၊ ကြည့်ပါဟု ဘုရားလောင်း ပြော၏။
**သီလဝါတိ န ဟညတီ** တိ၊ သီလဝါတိ န ဟညတိ ဟူသည်ကား။ ယောရဝိသော သမာနောပိ၊ ပြင်းသော အဆိပ်ရှိသည် ဖြစ်ပါသော်လည်း။ အဍံ သနအဝိဟေဌနမတ္တကေန၊ မကိုက်ခြင်း, မညှဉ်းဆဲခြင်းမျှဖြင့်။ သီလဝါတိ ပသံသံ လဘတိ၊ သီလရှိ၏ဟု ချီးမွမ်းခံရမှုကို ရ၏။ န ဟညတိ န ဝိဟညတိ၊ အသတ်မခံရ အညှဉ်းဆဲမခံရ ။ ဣတိ၊ ဤကား အနက်တည်း။
ဣမိနာပိ ကာရ ဏေန၊ ဤအကြောင်းကြောင့်လည်း။ သီလမေ၀ ဥတ္တမံ၊ သီလသည်သာ အမြတ် ဆုံးတည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ဧဝံ ဗောဓိသတ္တော ဣမာယ ဂါထာယ၊ ဤသို့ ဘုရားလောင်းသည် ဤဂါထာ ဖြင့်။ ရညော ဓမ္မံ ဒေသေတွာ၊ မင်းအား တရားကို ဟော၍။ ကာမေ ပဟာ ယ၊ ကာမတို့ကို ပယ်စွန့်၍။ ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက် ၍။ ဟိမဝန္တံ ပဝိသိတွာ၊ ဟိမဝန္တာသို့ ဝင်၍။ ပဉ္စာဘိညာ အဋ္ဌ သမာပတ္တိယော နိဗ္ဗတ္တေတွာ၊ အဘိညာဉ်ငါးပါးတို့ကိုလည်းကောင်း သမာပတ်ရှစ်ပါးတို့ကို လည်းကောင်း ဖြစ်စေ၍။ ဗြဟ္မလောကပရာယဏော အဟောသိ၊ ဗြဟ္မာ့ပြည်လျှင် လဲလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ ရာဇာ၊ ထိုအခါက ဗြဟ္မဒတ်မင်းသည်။ အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။ ရာဇပရိသာ ဗုဒ္ဓပရိသာ၊ မင်း၏ ပရိသတ် ကား ဘုရား၏ ပရိသတ်တည်း။ ပုရောဟိတော ပန၊ ပုရောဟိတ်သည်ကား။ အယမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာ နေသိ၊ ဇာတ်ကိုပေါင်းတော်မူပြီ။
သီလဝီမံသကဇာတကဝဏ္ဏနာ ဆဋ္ဌာ၊ ခြောက်ခုမြောက်ဖြစ်သောသီလဝီမံသကဇာတ်အဖွင့်တည်း။