**နာလံ ကဗဠံ ပဒါတဝေ**တိ ဣဒံ၊ နာလံ ကဗဠံ ပဒါတဝေ စသော ဤတရားဒေသနာကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဧကံ ဥပါသကဉ္စ မဟလ္လကတ္ထေရဉ္စ၊ တစ်ယောက်သော ဥပါသကာကိုလည်းကောင်း, မထေရ်ကြီးကိုလည်းကောင်း။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိယံ ဒွေသဟာယကာ ကိရ၊ သာဝတ္ထိမြို့က သူငယ်ချင်း နှစ်ယောက်တို့တဲ့။
တေသု ဧကော ပဗ္ဗဇိတွာ၊ ထိုသူငယ်ချင်းနှစ်ယောက်တို့တွင် တစ်ယောက်သည် ရှင်ရဟန်းပြု၍။
ဒေဝသိကံ ဣတရဿ၊ နေ့တိုင်း သည့်ပြင်တစ်ယောက်၏။
ဃရံ ဂစ္ဆတိ၊ အိမ်သို့ ကြွသွား၏။
သော တဿ၊ ထိုဥပါသကာ သူငယ်ချင်းသည် ထိုရဟန်းသူငယ်ချင်းအား။
ဘိက္ခံ ဒတွာ၊ ဆွမ်းစသည်ကို ပေးလှူ၍။
သယမ္ပိ ဘုဉ္ဇိတွာ၊ ကိုယ်တိုင်လည်း စား၍။
တေနေဝ သဒ္ဓိံ၊ ထိုရဟန်းသူငယ်ချင်းနှင့်သာ အတူတကွ။
ဝိဟာရံ ဂန္တွာ၊ ကျောင်းသို့ လိုက်သွား၍။
ယာဝ သူရိယတ္ထင်္ဂမနာ၊ နေဝင်သည်တိုင်အောင်။
အာလာပသလ္လာပေန နိသီဒိတွာ၊ အာလာပ, သလ္လာပစကားဖြင့် ထိုင်နေ၍။
နဂရံ ပဝိသတိ၊ မြို့သို့ ဝင်၏။
ဣတရောပိ နံ ယာဝ နဂရဒွါရာ၊ သည့်ပြင် ရဟန်းသူငယ်ချင်းသည်လည်း ထိုဥပါသကာသူငယ်ချင်းကို သာဝတ္ထိမြို့တံခါးတိုင်အောင်။
အနုဂန္တွာ နိဝတ္တ၊ လိုက်ပို့၍ ဆုတ်နစ်ပြီ (ပြန်လည်ပြီ)။
တေသံ သော ဝိဿာသော၊ ထိုရဟန်း, ဥပါသကာ သူငယ်ချင်းတို့၏ ထိုချစ်ကျွမ်းဝင်ခြင်းသည်။
ဘိက္ခူနံ အန္တရေ၊ ရဟန်းတို့၏ အတွင်း၌။
ပါကဋော ဇာတော၊ ထင်ရှားသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ ဘိက္ခူ၊ ထိုအခါ တစ်နေ့၌ ရဟန်းတို့သည်။
တေသံ ဝိဿာသကထံ ကထေန္တာ၊ ထိုရဟန်း ဥပါသကာသူငယ်ချင်းတို့၏ ချစ်ကျွမ်းဝင်မှုနှင့် ဆက်စပ်သောစကားကို ပြောကုန်လျက်။
ဓမ္မသဘာယံ နိသီဒိံသု၊ တရားသဘင်၌ ထိုင်နေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။
"ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ ယခု။
ကာယ ကထာယ သန္နိသိန္နာ၊ ဘယ်စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုစ္ဆိ၊ ဖြစ်ကြသနည်းဟု မေးပြီ။
ဣမာယ နာမ ဘန္တေတိ ကထယိံသု၊ ဤမည်သော, စကားဖြင့်ပါ ရှင်တော်ဘုရားဟု ဖြေကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ ဣဒါနေဝ၊ အိုရဟန်းတို့ ယခုမှသာ။
ဣမေ န ဝိဿာသိကာ၊ ဤရဟန်းနှင့် ဥပါသကာတို့သည် ချစ်ကျွမ်းဝင်ကြသည် မဟုတ်ကုန်။
ပုဗ္ဗေပိ ဝိဿာသိကာယေဝ၊ ရှေးကလည်း ချစ်ကျွမ်းဝင်ကုန်သည်သာ။
အဟေသုန္တိ ဝတွာ၊ ဖြစ်ဖူးကုန်ပြီ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
တဿ အမစ္စော အဟောသိ၊ ထိုဗြဟ္မဒတ်မင်း၏ အမတ်သည် ဖြစ်ပြီ။
တဒါ ဧကော ကုက္ကုရော၊ ထိုအခါက တစ်ကောင်သော ခွေးသည်။
မင်္ဂလဟတ္ထိသာလံ ဂန္တွာ၊ မင်္ဂလာဆင်တော်တင်းကုပ်သို့ သွား၍။
မင်္ဂလဟတ္ထိဿ ဘုဉ္ဇနဋ္ဌာနေ၊ မင်္ဂလာဆင်တော်၏ စားရာဌာန၌။
ပတိတာနိ ဘတ္တသိတ္ထာနိ ခါဒတိ၊ ကျကုန်သော ထမင်းလုံးတို့ကို စား၏။
သော တေနေဝ ဘောဇနေန သံဝဒ္ဓမာနော၊ ထိုခွေးသည် ထိုဆင်တော်ကျသော ဘောဇဉ်ဖြင့်သာ ကြီးပြင်းသော်။
မင်္ဂလဟတ္ထိဿ ဝိဿာသိကော ဇာတော၊ မင်္ဂလာဆင်တော်နှင့် အကျွမ်းဝင်သည် ဖြစ်ပြီ။
ဟတ္ထိဿေဝ သန္တိကေ ဘုဉ္ဇတိ၊ ဆင်တော်၏သာ အထံ၌ စား၏။
ဥဘောပိ ဝိနာ၊ ဆင်တော်နှင့် ခွေးနှစ်ကောင်တို့သည်လည်း ကင်းကွာ၍။
ဝတ္တိတုံ န သက္ကောန္တိ၊ ဖြစ်ခြင်းငှာ မတတ်နိုင်ကုန်။
သော ဟတ္ထီ နံ၊ ထိုဆင်တော်သည် ထိုခွေးကို။
သောဏ္ဍာယ ဂဟေတွာ၊ နှာမောင်းဖြင့် ယူ၍။
အပရာပရံ ကရောန္တော ကီဠတိ၊ ထိုမှ ဤမှ ပြုလျက် ကစား၏။
ဥက္ခိပိတွာ ကုမ္ဘေ ပတိဋ္ဌာပေတိ၊ ချီမ၍ ဦးကင်းပေါ်၌ တည်စေ၏, ထား၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
ဧကော ဂါမိကမနုဿော၊ တစ်ယောက်သော တောရွာသားသည်။
ဟတ္ထိဂေါပကဿ မူလံ ဒတွာ၊ ဆင်ထိန်းအား တန်ဖိုးကို ပေး၍။
တံ ကုက္ကုရံ အာဒါယ၊ ထိုခွေးကို ယူ၍။
အတ္တနော ဂါမံ အဂမာသိ၊ မိမိ၏ ရွာသို့ သွားပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
သော ဟတ္ထီ ကုက္ကုရံ အပဿန္တော၊ ထိုဆင်တော်သည် ခွေးကို မတွေ့ရ၍။
နေဝ ခါဒတိ န ပိဝတိ န နှာယတိ၊ မစားမသောက် ရေမချိုး။
တမတ္ထံ ရညော အာရောစေသုံ၊ ထိုအကြောင်းကို ဗြဟ္မဒတ်မင်းအား လျှောက်ထားကုန်ပြီ။
ရာဇာ ဗောဓိသတ္တံ၊ ဗြဟ္မဒတ်မင်းသည် ဘုရားလောင်းအမတ်ကို။
ဂစ္ဆ ပဏ္ဍိတ၊ သွားပါချေ အို အမတ်ပညာရှိ။
ကိံ ကာရဏာ ဟတ္ထီ၊ ဘာ့ကြောင့် ဆင်တော်သည်။
ဧဝံ ကရောတီတိ၊ ဤသို့ မစားမသောက် ရေမချိုးမှုပြု၏ဟု။
ဇာနာဟိတိ ပဟိဏိ၊ သိအောင်ပြုခဲ့ပါ"ဟု ပြောဆိုစေလွှတ်ပြီ။
ဗောဓိသတ္တော ဟတ္ထိသာလံ ဂန္တွာ၊ ဘုရားလောင်းသည် ဆင်တင်းကုပ်သို့ သွား၍။
ဟတ္ထိဿ ဒုမ္မနဘာဝံ ဉတွာ၊ ဆင်တော်၏ စိတ်မကောင်းကြောင်းကို (စိတ်ဆင်းရဲနေသည့်အဖြစ်ကို) သိ၍။
"ဣမဿ သရီရေ၊ ဤဆင်တော်၏ ခန္ဓာကိုယ်၌။
ရောဂေါ န ပညာယတိ၊ အနာရောဂါသည် မထင်ရှား။
ပန အဿ၊ စင်စစ်သော်ကား ထိုဆင်တော်၏။
ကေနစိ သဒ္ဓိံ၊ တစ်စုံတစ်ယောက်နှင့် အတူတကွ။
မိတ္တသန္ထဝေန ဘဝိတဗ္ဗံ၊ မိတ်ဖွဲ့ခြင်းသည် ဖြစ်ရာ၏။
တံ အပဿန္တော၊ ထိုမိတ်ဖွဲ့ထားသူကို မတွေ့မြင်ရ၍။
ဧသော၊ ဤဆင်တော်သည်။
သောကာဘိဘူတော မညေတိ၊ သောကနှိပ်စက်ခံရသည် ထင်၏"ဟု တွေးပြီး၍။
"ဣမဿ ကေနစိ သဒ္ဓိံ၊ ဤဆင်တော်၏ တစ်စုံတစ်ယောက်နှင့် အတူ။
ဝိဿာသော အတ္ထိ နု ခေါတိ၊ ချစ်ကျွမ်းဝင်မှုသည် ရှိသလော"ဟု။
ဟတ္ထိဂေါပကေ ပုစ္ဆိ၊ ဆင်ထိန်းတို့ကို မေးပြီ။
အာမ အတ္ထိ သာမိ၊ မှန်လှပါ ရှိပါ၏ အရှင်အမတ်ကြီး။
ဧကေန သုနခေန သဒ္ဓိံ၊ တစ်ကောင်သော ခွေးနှင့်တကွ။
မေတ္တီ ဗလဝါတိ၊ ချစ်ခင်မှုသည် အားကြီးပါ၏ဟု လျှောက်ကြပြီ။
သော ဧတရဟိ ကဟံတိ၊ ထိုခွေးသည် ယခု ဘယ်မှာလဲဟု မေးပြီ။
ဧကေန မနုဿေန နီတောတိ၊ တစ်ယောက်သော ရွာသားသူသည် ဆောင်ယူအပ်ပါပြီဟု လျှောက်ကြပြီ။
ပန အဿ၊ စင်စစ် ထိုဆောင်ယူသူ၏။
နိဝါသနဋ္ဌာနံ ဇာနာထာတိ၊ နေရာဌာနကို သိကြသလားဟု မေးပြီ။
န ဇာနာမ သာမီတိ၊ မသိကြပါ အရှင်ဟု ဖြေကြပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းအမတ်သည်။
ရညော သန္တိကံ ဂန္တွာ၊ ဗြဟ္မဒတ်မင်း၏ အထံတော်သို့ သွား၍။
"ဟတ္ထိဿ ကောစိ အာဗာဓော၊ ဆင်တော်မှာ တစ်စုံတစ်ခုသော အနာရောဂါသည်။
နတ္ထိ ဒေဝ၊ မရှိပါ အရှင်မင်းကြီး။
ပန အဿ၊ စင်စစ်သော်ကား ထိုဆင်တော်မှာ။
ဧကေန သုနခေန သဒ္ဓိံ၊ ခွေးတစ်ကောင်နှင့် တကွ။
ဗလဝဝိဿာသော၊ အားကြီးသော ချစ်ကျွမ်းဝင်မှုသည်။ (ဟောတိ= ဖြစ်နေပါ၏)။
တံ အပဿန္တော၊ ထိုချစ်ကျွမ်းဝင်လှသော ခွေးကို မတွေ့မြင်ရ၍။
န ဘုဉ္ဇတိ မညေတိ ဝတွာ၊ မစားသည် ထင်ပါ၏"ဟု လျှောက်ထားပြီး၍။
ဣမံ ဂါထံ၊ ဤဂါထာကို။
အာဟ၊ ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၂၇။ အဘိဏှဒဿနာ၊ မပြတ်တွေ့မြင်ရခြင်းကြောင့်။
နာဂေါ ကုက္ကုရေ၊ ဆင်တော်သည် ခွေး၌။
(ယေန၊ အကြင့်ကြောင့်)။
သ္နေဟံ အကာသိ၊ ချစ်ခင်မှုကို ပြုပြီ။
(တေန၊ ထိုသို့ ချစ်ခင်လှသောကြောင့်)။
ကဗဠံ ပဒါတဝေ နာလံ၊ အစဆုံး ကျွေးသည့် ထမင်းလုပ်ကို ယူစားခြင်းငှာ မစွမ်းနိုင်ဟုလည်းကောင်း။
ပိဏ္ဍံ န စ၊ ခူးဆွကျွေးသည့် ထမင်းကို ယူစားဖို့ မစွမ်းနိုင်ဟုလည်းကောင်း။
ကုသေ န၊ ကျွေးသည့် မြက်တို့ကို ယူစားဖို့ မစွမ်းနိုင်ဟုလည်းကောင်း။
ဃံသိတုံ န၊ ရေချိုးသောအခါ ကိုယ်ကိုပွတ်တိုက်ခြင်းငှာ မစွမ်းနိုင်ဟုလည်းကောင်း။
မညာမိ၊ ဘုရားကျွန်တော်မျိုး ထင်ပါ၏။
တတ္ထ၊ ထိုဂါထာ၌။
**နာလန္တိ** န သမတ္ထော၊ နာလံဟူသည်ကား မစွမ်းနိုင်တည်း။
**ကဗဠန္တိ** ဘောဇနကာလေ၊ ကဗဠံ ဟူသည်ကား ကျွေးရာကာလ၌။
ပဌမမေဝ ဒိန္နံ ကဋုကကဗဠံ၊ အစဆုံးသာလျှင် ပေးအပ်ကျွေးအပ်သော ခါးစပ်သော, ထမင်းလုတ်ကိုတည်း။
**ပဒါတဝေတိ** ပ အာ ဒါတဝေ၊ ပဒါတဝေဟူသော ပုဒ်ကို ပ+အာ+ဒါတဝေဟု ပုဒ်ဖြတ်။
သန္ဓိဝသေန အာကာရလောပေါ ဝေဒိတဗ္ဗော၊ လောပသန္ဓိအစွမ်းဖြင့် အာ,အက္ခရာကျေမှုကို သိရမည်။
ဂဟေတုံ ဣတိ အတ္ထော၊ ယူစားခြင်းငှာ, ဤကား ပဒါတဝေ၏ အနက်တည်း။
**န စ ပိဏ္ဍန္တိ** ဝဍ္ဎေတွာ ဒီယမာနံ၊ န စ ပိဏ္ဍံ ဟူသည်ကား ပွားစေ၍ (ခူးဆွ၍) ပေးအပ်ကျွေးအပ်သော။
ဘတ္တပိဏ္ဍမ္ပိ ဂဟေတုံ နာလံ၊ ထမင်းခဲကိုလည်း ယူစားခြင်းငှာ မစွမ်းနိုင်တည်း။
**န ကုသေ**တိ ခါဒနတ္ထာယ ဒိန္နာနိ၊ န ကုသေ ဟူသည်ကား စားဖို့ ပေးအပ်ကျွေးအပ်ကုန်သော။
တိဏာနိပိ ဂဟေတုံ နာလံ၊ မြက်တို့ကိုလည်း ယူစားခြင်းငှာ မစွမ်းနိုင်တည်း။
**န ဃံသိတုန္တိ** နှာပိယမာနော၊ နဃံသိတုံ ဟူသည်ကား ရေချိုးပေးအပ်သော်။
သရီရမ္ပိ ဃံသိတုံ နာလံ၊ ခန္ဓာကိုယ်ကိုလည်း ပွတ်တိုက်ခြင်းငှာ မစွမ်းနိုင်တည်း။
ဧဝံ ယံ ယံ သော ဟတ္ထီ၊ ဤသို့ အကြင်အကြင်အမှုကို ထိုဆင်တော်သည်။
ကာတုံ န သမတ္ထော၊ ပြုခြင်းငှာ မစွမ်းနိုင်။
တံ တံ သဗ္ဗံ ရညော အာရောစေတွာ၊ ထိုထိုအလုံးစုံကို ဗြဟ္မဒတ်မင်းအား လျှောက်ထားပြီး၍။
တဿ အသမတ္ထဘာဝေ၊ ထိုအမှုကို ပြုဖို့မစွမ်းနိုင်သည့် အဖြစ်၌။
အတ္တနာ သလ္လက္ခိတကာရဏံ အာရောစေန္တော၊ မိမိသည် မှတ်ထင်သောအကြောင်းကို လျှောက်ထားလိုရကား။
မညာမီတိ အာဒိံ အာဟ၊ မညာမိ ဤသို့ စသည်ကို လျှောက်ထားပြီ။
ရာဇာ တဿ ဝစနံ သုတွာ၊ ဗြဟ္မဒတ်မင်းသည် ထိုဘုရားလောင်း အမတ်၏ စကားကို ကြားရ၍။
"ဣဒါနိ ကိံ ကာတဗ္ဗံ ပဏ္ဍိတာတိ ပုစ္ဆိ၊ ယခု ဘာကို လုပ်သင့်သနည်း ပညာရှိ"ဟု မေးပြီ။
"အမှာကံ မင်္ဂလဟတ္ထိဿ၊ ငါတို့၏ မင်္ဂလာဆင်တော်၏။
သဟာယံ သုနခံ၊ သူငယ်ချင်းဖြစ်သော ခွေးကို။
ဧကော မနုဿော ဂဟေတွာ၊ လူတစ်ယောက်သည် ယူ၍။
ဂတော ကိရ၊ သွားသတဲ့။
ယဿ ဃရေ၊ အကြင်သူ၏ အိမ်၌။
တံ သုနခံ ပဿန္တိ၊ ထိုခွေးကို တွေ့မြင်ကုန်၏။
တဿ အယံ နာမ ဒဏ္ဍောတိ၊ ထိုသူအား ဤမည်သော ဒဏ်တည်းဟု။
ဘေရိံ စရာပေထ ဒေဝါတိ၊ စည်ကို လှည့်လည်တီးခတ်စေတော်မူပါလော့ အရှင်မင်းကြီး"ဟု လျှောက်ပြီ။
ရာဇာ တထာ ကာရေသိ၊ ဗြဟ္မဒတ်မင်းသည် ထိုလျှောက်သည့်အတိုင်း ပြုစေပြီ။
တံ ပဝတ္တိံ သုတွာ၊ ထိုအဖြစ်ကို ကြားရ၍။
သော ပုရိသော သုနခံ ဝိဿဇ္ဇေသိ၊ ထိုရွာသားယောကျ်ားသည် ဆင်တော်၏မိတ်ဆွေခွေးကို လွှတ်လိုက်ပြီ။
သုနခေါ ဝေဂေန အာဂန္တွာ၊ ခွေးသည် အရှိန်အဟုန်ဖြင့် လာ၍။
ဟတ္ထိဿ သန္တိကမေဝ အဂမာသိ၊ ဆင်တော်၏ အထံသို့သာ တန်းသွားပြီ။
ဟတ္ထီ တံ၊ ဆင်တော်သည် ထိုခွေးကို။
သောဏ္ဍာယ ဂဟေတွာ၊ နှာမောင်းဖြင့် ပွေ့ယူ၍။
ကုမ္ဘေ ဌပေတွာ၊ ဦးကင်းပေါ်၌ ထား၍။
ရောဒိတွာ ပရိဒေဝိတွာ၊ ငို၍ မြည်တမ်း၍။
ကုမ္ဘာ ဩတာရေတွာ၊ ဦးကင်းမှ ဆင်းစေ၍။
တေန ဘုတ္တေ၊ ထိုခွေးသည် စားအပ်ပြီးသော်။
ပစ္ဆာ အတ္တနာပိ ဘုဉ္ဇိ၊ နောက်မှ မိမိသည်လည်း စားပြီ။
"တိရစ္ဆာနဂတဿ၊ တိရစ္ဆာန်၏။
အာသယံ ဇာနာတီတိ၊ အလိုဆန္ဒကို သိပါပေ၏ဟု ချီးမွမ်း၍။
ရာဇာ ဗောဓိသတ္တဿ၊ ဘုရင်မင်းသည် ဘုရားလောင်းအမတ်အား။
မဟန္တံ ယသံ အဒါသိ၊ စည်းစိမ်အခြံအရံများစွာကို ပေးပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ ဣမေ၊ ရဟန်းတို့ ဤရဟန်းနှင့် ဥပါသကာတို့သည်။
ဣဒါနေဝ န ဝိဿာသိကာ၊ ယခုမှသာ ချစ်ကျွမ်းဝင်ကြသည် မဟုတ်။
ပုဗ္ဗေပိ ဝိဿာသိကာယေဝါတိ၊ ရှေးဘဝကလည်း ချစ်ကျွမ်းဝင်ကြသည်သာဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
စတုသစ္စကထာယ ဝိနိဝဋ္ဋေတွာ၊ သစ္စာလေးပါးတရားစကားကို လည်စေ, ဖြစ်စေ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
စတုသစ္စကထာယ ဣဒံ ဝိနိဝဋ္ဋနံ နာမ၊ သစ္စာလေးပါးတရားစကားကို ဤလည်စေခြင်း, ဖြစ်စေခြင်းမည်သည်။
သဗ္ဗဇာတကေသုပိ အတ္ထိယေဝ၊ ဇာတ်အားလုံးတို့၌လည်း ရှိသည်သာ။
ပန မယံ ယတ္ထ၊ ထိုသို့ရှိသော်လည်း ငါအဋ္ဌကထာဆရာတို့သည် အကြင်ဇာတ်၌။
အဿ အာနိသံသော ပညာယတိ၊ ထိုလည်စေခြင်း, ဖြစ်စေခြင်း၏ အကျိုးအာနိသင်သည် ထင်ရှား၏။
တတ္ထေဝ ဒဿယိဿာမ၊ ထိုဇာတ်၌သာ ပြကုန်အံ့။
တဒါ သုနခေါ၊ ထိုရှေးအခါက ခွေးသည်။
ဥပါသကော အဟောသိ၊ ဥပါသကာသည် ဖြစ်လာပြီ။
ဟတ္ထီ မဟလ္လကတ္ထေရော၊ ဆင်တော်ကား မထေရ်ကြီးတည်း။
ရာဇာ အာနန္ဒော၊ ဗြဟ္မဒတ်မင်းကား အာနန္ဒာတည်း။
အမစ္စပဏ္ဍိတော ပန အဟမေဝ အဟောသိန္တိ၊ ပညာရှိအမတ်သည်ကား ငါဘုရားသည်သာ ဖြစ်ပြီဟု ဇာတ်ပေါင်းတော်မူပြီ။
**အဘိဏှဇာတကဝဏ္ဏနာ သတ္တမာ**၊ **ခုနစ်ခုမြောက် ဖြစ်သော အဘိဏှဇာတ်အဖွင့်တည်း။**